← Chapters

ဒီနစ်နာမှုက အလွန်ကြီးမားသည်

Vol. 14 Ch. 206

ဒီနစ်နာမှုက အလွန်ကြီးမားသည်

Vol. 14 Ch. 206

ရှစ်ချင်းလျို့က သူမရဲ့အတွေးတွေကို မမြင်ဘဲနေမည်လား။

သူမတို့ရဲ့ အဆင့်အတန်းက အလွန်ကွာခြားလှသည်။

အရူးကသာ တော်ဝင်ကြင်ယာတော်ကို ဆန့်ကျင်လိမ့်မည်။

အခု သူမက တော်ဝင်ကြင်ယာတော်ကို မလေးမစားလုပ်ခဲ့ကာ အကယ်၍ သူမမှာ သဘာဝကျသည့် အကြောင်းပြချက်တွေရှိရင်တောင် သဘာဝမကျသည့် အကြောင်းပြချက်တွေ ဖြစ်လာလိမ့်မည်။

တတိယတော်ဝင်ကြင်ယာတော်က အခွင့်အရေးကို ဖမ်းဆုပ်ကာ သူမကို ကိုင်တွယ်နိုင်ခြေ များသည်။

ရှစ်ချင်းလျို့က ပြုံးပြီး ဖိတ်ခေါ်ကြိုဆိုဟန်ပြခဲ့လေသည်။ "ကောင်းပါပြီ။ ဒါဆိုရင်လည်း စိတ်ကြိုက် အကုန်သာ ဝယ်ပါ။"

သူမက တီးတိုးရေရွတ်လိုက်လေသည်။ နင်က အာဏာသုံးပြီး သူများတွေကို အနိုင်ကျင့်နေတာ နင့်ယောက္ခထီး သိလား။

သူမက အဆင့်အတန်းကို လက်ကိုင်ပြုပြီး ဆင်ခြေရှာကာ သူမကို ပြဿနာလာမရှာစေချင်တာကြောင့် အခု တစ်ထစ်လျော့ပေးလိုက်တာ ဖြစ်သည်။

ပညာရှိက သူ့ရှေ့မှာ အရှုံးမခံပေ။

သို့သော်လည်း ဒီကိစ္စအပေါ် သူမရဲ့ ဒေါသကို ထိန်းချုပ်ထားမည် မဟုတ်ပေ။

သူမက လျင်မြန်စွာ အရှုံးကို ဝန်ခံလာလိမ့်မည်ဟု ဖူဝန်ကျန်း မထင်မိခဲ့ပေ။

သူမက အနည်းငယ် နောင်တရနေသည်။ သူက ဘာလို့ ဆန့်ကျင်တာတွေ၊ စကားများတာတွေ မလုပ်ရတာလဲ။

မဟုတ်ရင် ထိုအချက်တွေကြောင့် သူမရဲ့ အစေခံမလေးတွေဖြင့် ထိုမိန်းကလေးကို သင်ခန်းစာ ပေးခိုင်းလို့ ရသည်။

အခုတော့ သူမက ထိုသို့ ပြန်ဖြေလာမှတော့ သူမကို ဒီအတိုင်း ဝင်ရိုက်လို့ မကောင်းပေ။

သူမရဲ့ မျက်နှာထက်မှာ မောက်မာဟန်တွေ ရှိနေသည်။ "အနည်းဆုံးတော့ ကိုယ့်အဆင့်ကိုယ်တော့ သိသားပဲ။"

သူမက ရှစ်ချင်းလျို့ကို ထပ်ကြည့်ပြီး အထင်သေးစွာ ပြောခဲ့သည်။ "ဒီနေရာက နင့်လို တောကြိုအုံကြားကလူ လာသင့်တဲ့နေရာ မဟုတ်ဘူး။"

ရှစ်ချင်းလျို့က ခြောက်ကပ်စွာ ရယ်ခဲ့လေသည်။ "ကျွန်မလို တောကြိုအုံကြားကလူက ကောင်းကင်ဘုံက ချီးမြှင့်တဲ့ အထွက်နှုန်းမြင့်မျိုးစေ့ကို လာဆက်သတာပါ၊ ရှင်သဘောမကျရင် နောက်ကျရင် အဲ့အစေ့တွေကို မစားနဲ့။"

ဖူဝန်ကျန်းက ရွံရှာအထင်သေးစွာ ပြောခဲ့သည်။ "နင့်ရဲ့ အသုံးမကျတဲ့ အဲ့ဒီအစေ့တွေကို ဘယ်သူက စားချင်နေလို့လဲ။"

သူမက ဆိုင်ရှင်ကို ညွှန်ကြားခဲ့သည်။ "နောက်တစ်ခါ ဒီလိုတောကြိုအုံကြားကလူလာရင် ဘာမှ မရောင်းနဲ့။"

ဆိုင်ရှင်သည် တတိယမင်းသားရဲ့ ကြင်ယာတော်က ရိုင်းစိုင်းကာ အလွန်အမင်း အထက်စီးဆန်မှုကို တော်တော်လေး စိတ်ကုန်နေပြီ ဖြစ်သည်။

သို့ပေမယ့် သူမကို သူ မဆန့်ကျင်ရဲပေ။

သူက အားတင်းကာ ပြောလိုက်သည်။ "ဟုတ်ကဲ့။"

ရှစ်ချင်းလျို့ကလည်း ဒီဆိုင်ကို ထပ်လာဝယ်ဖို့ စိတ်ကူးမရှိတော့ပေ။

သူမက ဖူဝန်ကျန်းကို အဓိပ္ပာယ်လေးနက်စွာ ကြည့်ခဲ့သည်။ "ရှင်ပျော်မယ်ဆိုရင် အခု စိတ်ကြိုက်သာ ဝယ်ပါ။"

ဒီနေ့ ဖြစ်ခဲ့သမျှကို သူမ နောင်တမရဖို့သာ ရှစ်ချင်းလျို့ မျှော်လင့်သည်။

ရှစ်ချင်းလျို့ အရှုံးပေးသွားသည်ဟု ဖူဝန်ကျန်းက တွေးလိုက်လေသည်။ "ဒါပေါ့။ ငါ ပျော်တယ်လေ။"

ရှစ်ချင်းလျို့က ပြုံးခဲ့သည်။ "ဒါဆိုလည်း တောကြိုအုံကြားက ကျွန်မ ဒီမှာ မနေတော့ပါဘူး၊ နှောင့်နှေးစေမိတာ တောင်းပန်ပါတယ်။"

ထိုသို့ပြောပြီးသည်နှင့် သူမက လှည့်ထွက်ခဲ့လေသည်။

ရန်ဖြစ်ချင်နေသည့် ဖူဝန်ကျန်းက ဂွမ်းစိုင်ကို ထိုးလိုက်ရသလိုပင် ခံစားခဲ့ရသည်။

သူမရဲ့ အစေခံမလေးဖြင့် ထိုခွေးမကို ပါးတကယ်ရိုက်ခိုင်းစေချင်ခဲ့တာဖြစ်သည်။

ရုတ်တရက်ကြီး သူမက ပစ္စည်းတွေဝယ်ဖို့ စိတ်မပါတော့ပေ။

သူမက ပစ္စည်းတွေကို တတိယမင်းသားရဲ့ နန်းဆောင်ကို ပို့ပေးဖို့ ဆိုင်ရှင်ကိုပြောပြီး ပြန်သွားခဲ့သည်။

ထိုမိန်းမပျက်ကို ကြည့်နေသည့် လျန့်ရှောက်ဟန်ရဲ့ နူးညံ့သည့်အကြည့်ကို ပြန်တွေးမိတော့ သူမ စိတ်မသက်မသာ ဖြစ်သွားခဲ့သည်။

ထို့ကြောင့် သူမရဲ့ အစေခံမလေးကို ညွှန်ကြားခဲ့လေသည်။ "အခု လူတချို့ သွားရှာလိုက်၊ အဲ့ကောင်မကို ကိုယ်တုံးလုံးနဲ့ လမ်းပေါ်ပစ်ထားလိုက်။"

သူမက တောသူတစ်ယောက်သာ ဖြစ်သည်။

သူမကို မပျော်မရွှင်အောင်လုပ်ခဲ့မှတော့ ထိုမိန်းမကို ငိုအောင်လုပ်ရမည့် နည်းမျိုးစုံ သူမမှာ ရှိသည်။

အကယ်၍ လမ်းပေါ်မှာ ကိုယ်တုံးလုံးဖြစ်နေသည့် သူမကို လူတွေမြင်သွားပါက စာသင်သားဆိုသည့် ထိုမိန်းမပျက်ရဲ့ ယောက်ျားက သူမကို ကွာရှင်းလိမ့်မည်။

လျန့်ရှောက်ဟန်လည်း သူမကို စိတ်ဝင်စားတော့မည် မဟုတ်ပေ။

ဒုတိယမင်းသားကို သွေးဆောင်သည့် အမျိုးသမီးကို အစေခံမလေး ကိုင်တွယ်ဖြေရှင်းရတာ သူမအတွက် ပထမဆုံးအကြိမ် မဟုတ်ပေ။ "ဟုတ်ကဲ့။"

တတိယမင်းသားရဲ့ ကြင်ယာတော်ကြောင့် ရှစ်ချင်းလျို့က စျေးဝယ်ထွက်ဖို့ စိတ်မပါတော့ပေ။

သူမက အိမ်ပြန်ဖို့သာ စီစဥ်လိုက်လေသည်။

လမ်းခဏလောက်လျှောက်ပြီးနောက် ရန်ပွဲတစ်ခုက သူမရဲ့ လမ်းအရှေ့မှာ ပိတ်နေလေသည်။

ရှစ်ချင်းလျို့က ပွဲမကြည့်ချင်တာကြောင့် တခြားလမ်းရှိသေးလားဟု ဘေးပတ်ဝန်းကျင်ကို မေးလိုက်ကာ ဘေးကလမ်းကြားလေးရှိကြောင်း သိလိုက်ရလေသည်။

သူက ဖြတ်သွားဖြတ်လာတွေကို ကျေးဇူးတင်လိုက်ပြီး သူမက ဘေးကလမ်းကြားလေးထဲ ဝင်သွားခဲ့လေသည်။

ထိုလမ်းကိုသွားသည့် လူတွေက အများကြီး မရှိပေ။

ရုတ်တရက်ကြီး သူမ အရှေ့မှာ လမ်းသရဲတွေ ထွက်လာခဲ့လေသည်။

သူတို့ထဲကတစ်ယောက်က ရှစ်ချင်းလျို့ကိုကြည့်ပြီး ပြုံးကာပြောခဲ့သည်။ "မင်းက တော်တော်လှသားပဲ၊ ငါတို့နဲ့ အတူတူ ပျော်ကြမလား။"

ရှစ်ချင်းလျို့က သူတို့ကို ခက်ထန်စွာ ကြည့်ခဲ့သည်။

သူမက တိုက်ရိုက်မေးလိုက်သည်။ "နင်တို့ကို ဘယ်သူလွှတ်လိုက်တာလဲ။"

သူမကလည်း သူတို့သုံးယောက်ကို စစ်ဆေးဖို့လုပ်ခဲ့သည်။

သူတို့သုံးယောက်က ကြက်သေသေသွားကာ ရှစ်ချင်းလျို့ ထိုသို့ မေးလိမ့်မည် သို့မဟုတ် သူမ ခန့်မှန်းမိပြီးသားဖြစ်လိမ့်မည်ဟု မထင်မိခဲ့ကြပေ။

စောနက စကားပြောခဲ့သည့်လူက မျက်ခုံးပင့်ခဲ့သည်။ "ဘာတွေပြောနေတာလဲ၊ ငါတို့ကို ဘယ်သူက လွှတ်ရမှာလဲ၊ ငါတို့က ဒီကိုလာရင်း မင်းနဲ့ တွေ့တာ၊ ဘယ်လိုလဲ ငါတို့နဲ့လိုက်ပြီး အတူတူ ပျော်ကြမလား။"

သူက ခြိမ်းခြောက်ခဲ့သည်။ "ငါတို့အားသုံးရင်တော့ မင်းနာသွားမှာစိုးရတယ်နော်။"

ရှစ်ချင်းလျို့က လေကုန်ခံချင်မနေပေ။ "ဒါဆိုလည်း အားသုံးလိုက်လေ။"

သူတို့သုံးယောက်က ကြက်သေသေသွားခဲ့သည်။ "ဒီလို တောင်းဆိုမှုမျိုး ပထမဆုံး ကြားဖူးတာပဲ၊ ကောင်းပြီလေ။ မင်းရဲ့ဆန္ဒကိုဖြည့်ပေးရတာပေါ့။"

သူတို့က ပြောပြီးသည်နှင့် ရှစ်ချင်းလျို့ကို ဆွဲဖို့ပြင်ခဲ့လေသည်။

ခဏကြာပြီးနောက် သူတို့သုံးယောက်က မြေပေါ်လဲနေကာ ဗိုက်ကိုကိုင်ရင်း လူးလိမ့်နေလေသည်။

ရှစ်ချင်းလျို့က ဦးဆောင်လာသည့်လူရဲ့ မျက်နှာကို တက်နင်းခဲ့သည်။

ရှစ်ချင်းလျို့သည် သူမရဲ့ အင်္ကျီလက်ထဲ လက်နှိုက်လိုက်ပြီး လက်ပြန်ထုတ်လိုက်သည့်အချိန်မှာတော့ ဓားငယ်လေး ပါလာခဲ့လေသည်။

ဒါဟာ သူမ လက်တွေ့လုပ်သည့်အခါ သုံးသည့် ပစ္စည်း ဖြစ်ပြီး လျှို့ဝှက်ဆန်းကြယ်သည့် နေရာလွတ်လေးမှာ ပစ်ထားလိုက်တာ ဖြစ်သည်။

ဓားငယ်လေးက သူမရဲ့လက်ထဲမှာလှည့်နေကာ လူတိုင်းကို မျက်စိကျိန်းစေသည်။

ထိုလူသုံးယောက်က အလွန်ကြောက်နေကာ တံတွေးပင် မျိုချမိလိုက်သည်။

ဒီမိန်းမက နည်းနည်းကြောက်ဖို့ကောင်းသားပဲ။

သူမက မိန်းမငယ်လေးမို့ ကိုင်တွယ်ရလွယ်မည်ဟုထင်ခဲ့ကာ တိုက်ရေးခိုက်ရေး တော်လိမ့်မည်ဟု မထင်မိခဲ့ပေ။

ရိုက်ချက်အနည်းငယ်ဖြင့် သူတို့ကို မြေပေါ်မှောက်အောင်လုပ်နိုင်ခဲ့သည်။

ဓားကိုင်တာလည်း အလွန်ချောမွေ့နေကာ သူမက တောသူနှင့် မတူပေ။

အပေါ်ယံကြည့်ပါက သူမက အနိုင်ကျင့်သူဖြစ်ပြီး သူတို့က အနိုင်ကျင့်ခံရသူတွေနှင့် တူနေသည်။

ရှစ်ချင်းလျို့က ဓားငယ်လေးကို သူမရဲ့ ခြေထောက်အောက်က လူရဲ့ လည်ပင်းပေါ် တင်ခဲ့သည်။

"ငါ့ဓားက သံကိုတော့ မဖြတ်နိုင်ပေမယ့် လူတစ်ယောက်ရဲ့ လည်ပင်းကိုတော့ အေးအေးဆေးဆေး လှီးပစ်လို့ ရတယ်။"

သူမက ထိုလူကို ပြုံးပြီး ကြည့်ကာ မေးခဲ့သည်။ "စမ်းကြည့်ချင်လား။"

အနင်းခံထားရသူက သေးပင်ထွက်ကျမတတ် ဖြစ်နေသည်။ "မစမ်းကြည့်ချင်ပါဘူး။"

ဒီအမျိုးသမီးက သိပ်ကြောက်ဖို့ကောင်းတာပဲ။

ဘုရားရေ… သူ အိမ်ပြန်ချင်လှပြီ။

"အာ… မစမ်းကြည့်ချင်ဘူးလား။"

ရှစ်ချင်းလျို့က ဝမ်းနည်းဟန်လေး ဖော်ပြခဲ့လေသည်။

သူမက ဓားကို ထိုလူရဲ့ အရေပြားပေါ် တင်ခဲ့သည်။ "ဒါဆိုရင် နင်တို့ကို သူများခိုင်းလိုက်တာလား။"

ထိုလူက သူ့လည်ပင်းက အေးစက်စက်အရာကြောင့် ငိုချင်နေပြီဖြစ်သည်။ "ပြောပါ့မယ်၊ ပြောပါ့မယ်၊ လူတစ်ယောက်က ကျွန်တော်တို့ကို ငွေဆယ်ပြားပေးပြီး မင်းကို လမ်းကြားထဲ ပိတ်ခိုင်းတာပါ၊ ပြီးရင် မင်းကို ကိုယ်တုံးလုံးနဲ့ လမ်းပေါ် ပစ်ခဲ့ဖို့ ပြောပါတယ်၊ ကျွန်တော်တို့ မှားပါတယ်၊ ကျွန်တော်တို့ ထပ်မလုပ်တော့ပါဘူး၊ ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ။" သူက သက်ညှာပေးဖို့ ထပ်တောင်းပန်ခဲ့သည်။

ရှစ်ချင်းလျို့က မေးခဲ့သည်။ "အဲ့လူက ဘယ်သူလဲ။"

ထိုလူက ပြန်ဖြေခဲ့သည်။ "မသိပါဘူး၊ သူက မိန်းကလေးတစ်ယောက် ဆိုတာကိုပဲ သိတာပါ။"

ရှစ်ချင်းလျို့က ဓားဖြင့် လည်ပင်းကို ခပ်ဖွဖွ ဖြတ်လိုက်လေသည်။ "ဟမ်။"

ထိုလူက လည်ပင်းက နာကျင်မှုကို ခံစားလိုက်ရပြီး သွေးစီးကျလာခဲ့လေသည်။

ထိုလူက အမြန်ပြောခဲ့သည်။ "ဟုတ်သား… သူက အစေခံထင်တယ်၊ မျိုးရိုးမြင့်အစေခံလို ဝတ်စားထားတာ၊ မင်းက တောသူပဲလို့ပြောခဲ့သေးတယ်၊ ကိစ္စတွေပြီးရင် ငါတို့ကို မြန်မြန်ပြေးဖို့လည်း ပြောခဲ့တယ်၊ ဒီကိစ္စကို ဘယ်သူမှ အစမဖော်အောင်လို့လေ။"

သူတို့က ဒီဝန်းကျင်မှာ လူရမ်းကားတွေ ဖြစ်သည်။

ငွေဆယ်ပြားအကြောင်းကြားတော့ သူတို့ တပ်မက်မိခဲ့သည်။

သို့ပေမယ့် ဤသို့သော အမျိုးသမီးဖြင့် ကြုံတွေ့ရလိမ့်မည်ဟု သူ မထင်မိခဲ့ကာ အလွန်နောင်တရနေပြီဖြစ်သည်။

ရှစ်ချင်းလျို့က အလွန်မှတ်ဉာဏ်ကောင်းသည်။ "အဲ့မိန်းမက အဝါရောင်ဝတ်စုံဝတ်ထားပြီး နှုတ်ခမ်းအောက်မှာ မှည့်ပါတဲ့လူလား။"

ထိုလူက ခေါင်းငြိမ့်ပြခဲ့သည်။ "ဟုတ်တယ်၊ ဟုတ်တယ်။"

ထိုအမျိုးသမီးရဲ့ နှုတ်ခမ်းဘေးအောက်မှာ မှည့်အကြီးကြီးပါသည်။

သူမက အလွန်ရုပ်ဆိုးကြောင်း တွေးမိသဖြင့် ရှစ်ချင်းလျို့က မှတ်မိနေတာဖြစ်သည်။

ရှစ်ချင်းလျို့က စစ်သူကြီးစံအိမ်က လူငှားခဲ့တာဟု မူလက ထင်မိခဲ့သည်။

သို့ပေမယ့်သူတို့ရဲ့ဗျူဟာက ဒီလောက် ဖြစ်ကတတ်ဆန်း မဖြစ်နိုင်ဘူးဟုခံစားမိလိုက်သည်။

သို့သော်လည်း လူရမ်းကားတွေဆီကနေ ကြိုးကိုင်သူကို သိရဖို့ကလွယ်သည်။

သို့ပေမယ့် မျိုးရိုးမြင့်အစေခံလို ဝတ်စားထားသည်ဟု ကြားတော့ သူမက ကောချွန်းရုဟု ထင်မိခဲ့သည်။

ထိုအမျိုးသမီးက သူ့လှုပ်ရှားမှုတွေကို အလွန်သတိထားကာ ဤလောက် ကြီးသည့် သက်သေချန်ထားမည် မဟုတ်ပေ။

ထို့ကြောင့် စောနကမှ သူမနှင့် အချေအတင်ဖြစ်လာသည့် တတိယမင်းသားရဲ့ ကြင်ယာတော်ကို တွေးမိလိုက်လေသည်။

လုပ်ကိုင်ရာမှာ သူမရဲ့ မောက်မာသည့်ပုံစံအရ ဒီလိုကိစ္စကိုခိုင်းဖို့ဆိုရင် သူမရဲ့ အစေခံကိုသာ စေလွှတ်နိုင်သည်။

သူမရဲ့ အဆင့်အတန်းကို မှီကိုးကာ သူမရဲ့ လုပ်ရပ်ကို ရှာတွေ့သွားလည်း သူမက ဂရုစိုက်မည် မဟုတ်ပေ။

အကယ်၍ တစ်ခုခုဖြစ်ခဲ့ပါက တတိယမင်းသား သို့မဟုတ် သူမ မိဘတွေက အရှုပ်တွေကို ရှင်းပေးလိမ့်မည်။ ထို့ကြောင့် သူမက ကိစ္စတွေကို ကိုင်တွယ်ရာ၌ စောင့်စည်းမှု မရှိပေ။

လူရမ်းကားတွေကို ဖိအားပေးလိုက်တာ မှန်သွားတာပဲ။

သိပ်တော်တယ်။

မူလကတော့ ဒီနေ့ သူမကို နစ်နာအောင် လုပ်ခဲ့တဲ့အတွက် နည်းနည်းလေး ပြန်ပေးဆပ်ခိုင်းဖို့ စီစဥ်ထားခဲ့သည်။

သို့ပေမယ့် အခု မရတော့ပေ။

ဒီနစ်နာမှုက အလွန်ကြီးမားသည်။

All Chapters