ဘယ်လောက်လုပ်နိုင်မလဲဆိုတာ ကြည့်တာပေါ့
Vol. 14 Ch. 209
ထိုအချိန်မှာပဲ ဖူဝန်ကျန်းဟာလည်း သတင်းရရှိခဲ့လေသည်။
ရှစ်ချင်းလျို့က ကိုယ်ဗလာဖြင့် လမ်းပေါ်မှာ စွန့်ပစ်ခြင်းမခံရသည့်အပြင် သူမက လူရမ်းကားတွေကိုပင် ကိုယ်တိုင်ဝန်ခံဖို့ ခိုင်းစေခဲ့သေးသည်။
ဖူဝန်ကျန်းက အလွန်ဒေါသထွက်သွားခဲ့သည်။
သို့ပေမယ့် သူမက စိတ်ထဲမထားပေ။
အကယ်၍ အလုပ်မဖြစ်ခဲ့ရင် သူမရဲ့ အစေခံမလေးကို ကိုင်တွယ်ခိုင်းပြီး သူမကို မရှင်းထုတ်ခင်မှာ ထင်ပေါ်ကျော်ကြားမှု ပျောက်ကွယ်သွားအောင် စောင့်မည်။
ထိုအချိန်မှာပဲ ရှစ်ချင်းလျို့နှင့် ရှီရုံ နန်းတော်ထဲကို ဝင်သွားကြောင်း ကြားလိုက်တော့ သူမ အနည်းငယ် စိတ်ရှုပ်ထွေးသွားခဲ့သည်။
သို့ပေမယ့် ချွေးမဖြစ်သည့်သူမကို တောသူမတစ်ယောက်အတွက်ကြောင့် ဘုရင်ကြီးက သူမကို အပြစ်မပေးဘူးဟု သူမ ထင်သည်။
ထိုသို့မဟုတ်ပါက တော်ဝင်မိသားစုပါ အရှက်ကွဲရပေမည် မဟုတ်ပါလား။
သို့ပေမယ့် သူမက လူရမ်းကားတွေကို လာဘ်ထိုးခဲ့သည့် အစေခံမလေးနှင့် သူမ မိသားစုဝင်တွေကိုခေါ်ပြီး သူမကို ထောက်ပံ့ပေးဖို့ အတင်းအကြပ် ဆိုခဲ့လေသည်။
အကယ်၍ ဘုရင်ကြီးသာ အပြစ်ပေးမည်ဆိုပါက အစေခံမလေးကို ထိုးကျွေးမည်။
ဘာပဲဖြစ်ဖြစ် သူမ မသိခဲ့တာက အမှန်ဖြစ်သည်။
ဘုရင်ကြီးက ဒီကိစ္စကို ထပ်ပြီး ဖော်ထုတ်တော့မှာ မဟုတ်ပေ။
ဖူမိသားစုက ထိုသတင်းကိုကြားပြီးနောက် စိတ်ထဲမထားခဲ့ပေ။
ဘုရင်ကြီးက သူ့ဂုဏ်သတင်းကို ပိုပြီး စိုးရိမ်သည်။
ဒီကိစ္စအတွက်ကြောင့်တော့ သူ့ချွေးမကို အပြစ်ပေးဖို့အထိ လုပ်မည် မဟုတ်ပေ။
ရှစ်ချင်းလျို့က သူမကိုယ်သူမ သိပ်အထင်ကြီးနေတာ ဖြစ်လိမ့်မည်။
နန်းတော်မှာတောင် သွားတိုင်တန်းဖို့ လုပ်ခဲ့သေးသည်။
သူတို့သမီး ပြုလုပ်ခဲ့သည့်အရာက အနည်းငယ် အထက်စီးဆန်သော်လည်း ရှစ်ချင်းလျို့က ပိုရှုပ်ထွေးအောင် လုပ်နေတာ ဖြစ်သည်။
အရင်တုန်းက တစ်ခါမှ ထိုသို့ဖြစ်ခဲ့ဖူးခြင်း မရှိပေ။
သို့သော် သူတို့ကြားမှာ တင်းမာမှုတွေရှိလာမှတော့ ထိုသို့ဖြစ်လာအောင် ထိုင်စောင့်မနေနိုင်ပေ။
သူတို့က ရှောင်ဟန်ကျန့်ကို ဖိနှိပ်ထားဖို့ လိုအပ်သည်။ ထိုအခါမှ အလွန်သိသာအောင် လုပ်ဖို့ အခွင့်အရေး မရှိမှာ ဖြစ်သည်။
ထိုကိစ္စကို တတိယမင်းသားလည်း သိသွားခဲ့ပြီး သူက ဖူဝန်ကျန်းကို အနည်းငယ် စိတ်ပျက်သွားခဲ့သည်။
ရှစ်ချင်းလျို့က သူမကို ရန်စခဲ့ခြင်း မရှိပါဘဲနဲ့ ဘာကြောင့် ရှစ်ချင်းလျို့ကို ကိုယ်ဗလာဖြင့် လမ်းပေါ်စွန့်ပစ်ချင်ရသနည်း။
သူ့မျက်လုံးတွေက မည်းမှောင်သွားခဲ့သည်။
ထပ်ပြီးတော့ ဒုတိယအစ်ကိုတော်ကြောင့်ပဲလား။
ရှီမိသားစုတွင်ဖြစ်သည်။
ယနေ့က အရာရှိတွေအတွက် ပိတ်ရက် ဖြစ်သည်။
ရှီရှင်းဟန်နှင့် ကျန်လူတွေက ရှီသခင်ကြီးနှင့်အတူ မာကျောက်ကစားနေကြသည်။
မကြာသေးမီက ရှီသခင်ကြီးက သူ့မိတ်ဆွေတွေဖြင့် မာကျောက်ကစားရင်း ရှုံးကာ ပိုက်ဆံတွေ အများကြီး ရှုံးခဲ့လေသည်။
ထို့ကြောင့် ဒီနေ့တော့ သူ့သားတွေကို ခေါ်ဆော့တာ ဖြစ်သည်။
သိပ်မကြာခင်မှာပဲ ရှစ်ချင်းလျို့ လုပ်ခဲ့သည့်ကိစ္စကို လူတစ်ယောက်က လာတင်ပြခဲ့သည်။
ရှစ်သခင်ကြီးရဲ့ ဘေးမှာ ထိုင်နေသည့် ရှီလွေ့က အစက ကြက်သေသေသွားပြီးမှ နောက်တော့ အကြံများစွာ ထွက်ခဲ့လေသည်။
တင်ပြချက်ကိုကြားပြီးနောက် သူ့မျက်နှာက ဒေါသတွေ ပြည့်နှက်နေခဲ့သည်။
"ဖူဝန်ကျန်းက သူ့ဘာသာသူ သိပ်အရေးပါတယ် မှတ်နေတာပဲ၊ ချင်းလျို့ကိုတောင် အနိုင်ကျင့်ရဲလိုက်သေးတယ်။"
သူက တော်ဝင်မင်းသမီးရဲ့ ဆံပင်ကိုတောင် မီးရှို့ရဲခဲ့ကာ လူတိုင်းက သူ့ကို အလိုလိုက်ခဲ့သည်။
သေချာပေါက်ကို သူက တတိယမင်းသားရဲ့ ကြင်ယာတော်ကို မကြောက်ပေ။
သူက တတိယမင်းသားကို အလွယ်လေး ကိုင်တွယ်နိုင်ကာ သူသာ ဆန္ဒရှိပါက ကြိုက်သလောက် လုပ်ဆောင်နိုင်သည်။
ဘာပဲဖြစ်ဖြစ် သူ့ကို သိပ်အလိုလိုက်သည့် သူ့အဒေါ်ကြီး ရှိသည်။
သူက မတ်တပ်ထရပ်ကာ ပြောလိုက်သည်။ "နန်းတော်ထဲဝင်ပြီး အဒေါ်ကြီးကို သွားတွေ့မယ်။"
ယောက်ျား၊ မိန်းမဖြစ်တည်မှုကြောင့် သူက ဖူဝန်ကျန်းကို တိုက်ရိုက် ပြဿနာ သွားရှာလို့ မရပေ။
သို့ပေမယ့် နန်းတော်ထဲဝင်ကာ အဒေါ်ကြီးဆီ သွားတိုင်တန်းပြီး ဖူဝန်ကျန်းကို အပြစ်ပေးခိုင်းလို့ ရသည်။
ရှီလွေ့က ကတိုက်ကရိုက်သွားဖို့ ပြင်နေတာတွေ့တော့ ရှီရှင်းဟန်က မျက်နှာကြီး မည်းမှောင်သွားခဲ့သည်။ "ရပ်စမ်း၊ ဖူဝန်ကျန်းကို မင်း ဘယ်လိုတွေ ခေါ်ဝေါ်သုံးစွဲနေတာလဲ၊ သူက တတိယမင်းသားရဲ့ ကြက်ယာတော်ကွ။"
ရှီလွေ့က အထင်သေးစွာ ပြောခဲ့သည်။ "အဲ့လိုခေါ်ဝေါ်တော့ ဘာဖြစ်လဲ။"
ရှီရှင်းဟန်က သက်ပြင်းချလိုက်သည်။ သူ့လက်တွေ ယားနေပြီ ဖြစ်သည်။
သူက ကူကယ်ရာမဲ့စွာ ပြောခဲ့သည်။ "အပြင်မှာ မလေးမစားမလုပ်နဲ့ သူများတွေမြင်အောင် မလုပ်နဲ့။"
တတိယမင်းသားရဲ့ ကြင်ယာတော် ထိုသို့လုပ်ခဲ့တာကို သူလည်း အလွန်ရွံရှာအထင်သေးမိသည်။
"သူ သိပ်လွန်တယ်လို့ အဖေလည်း ထင်တယ်မလား။"
ရှီလွေ့က ထပ်ပြောခဲ့သည်။ "ဒါဆို ဘာဖြစ်လို့ ကျွန်တော် နန်းတော်ထဲ မဝင်အောင် တားနေတာလဲ။"
ရှီရှင်းဟန်က လက်မြှောက်ပြီး မျက်ခုံးပင့်ခဲ့သည်။ "နန်းတော်ထဲမသွားဖို့ တားနေတာ မဟုတ်ဘူး၊ မင်းသွားဖို့ အချိန်မကျသေးဘူး၊ ရှစ်ချင်းလျို့က မြို့တော်တရားသူကြီးမင်းဆီ တိုင်ကြားခဲ့မှတော့ သူ့မှာ နောက်ထပ် အစီအစဥ်ရှိမှာပဲ၊ ခဏလောက် စောင့်ကြည့်နေလိုက်ဦး။"
ထိုအခါမှ ရှီလွေ့က ပြန်ထိုင်ခဲ့သည်။ "ဟုတ်တယ်၊ ချင်းလျို့က သိပ်ဉာဏ်ကောင်းတာ၊ သူက သဘောထားကြီးတဲ့လူလည်း မဟုတ်ဘူး၊ ဒီကိစ္စကို ဒီတိုင်း လွှတ်ပေးမှာ မဟုတ်ဘူး။"
ရှီရှင်းဟန်က သက်ပြင်းချခဲ့သည်။ မင်းက သူငယ်ချင်းကို ချီးကျူးနေတာလား စော်ကားပြောဆိုနေတာလား။
သူက မျက်ခုံးပင့်ကာ ပြောခဲ့သည်။ "မင်းလည်း သဘောထားကြီးတဲ့လူ မဟုတ်ပါဘူး၊ ဒါပေမဲ့ သူ့လိုလူနဲ့ ပေါင်းသင်းနေတုန်းပဲမလား။"
ရှီလွေ့က ဂုဏ်ယူစွာ ပြုံးပြီး ပြောခဲ့သည်။ "ကျွန်တော်တို့က သဘောထားမကြီးဘူး၊ ကျွန်တော်တို့က လူတွေကို ခန့်မှန်းတဲ့နေရာမှာ တော်တယ် ဟုတ်ပြီလား၊ ကိုယ့်သူငယ်ချင်းကိုယ်တော့ ကောင်းကောင်း ဆက်ဆံတယ်။"
သူက ခဏလောက် တွေးပြီးနောက် မတ်တပ်ထရပ်ခဲ့သည်။ "မဟုတ်ဘူး။ ကျွန်တော် နန်းတော်ကို သွားရမယ်။"
ရှီရှင်းဟန်ရဲ့ မျက်နှာက မည်းမှောင်နေသည်။ "မင်း ငါပြောတာကို နားမလည်ဘူးလား။"
ရှီလွေ့က ဘောက်ဆတ်ဆတ် ပြန်ပြောလာခဲ့သည်။ "ကျွန်တော့် သူငယ်ချင်းက အနိုင်ကျင့်ခံခဲ့ရတာလေ၊ သွားမကူညီသင့်ဘူးလား။"
ရှီရှင်းဟန်က ခေါင်းကိုက်လာခဲ့သည်။ "မကူညီခိုင်းတာ မဟုတ်ဘူး၊ အခြေအနေကို စောင့်ကြည့်ခိုင်းတာကွ။"
ရှီလွေ့က ပြုံးခဲ့သည်။ "လုပ်စမ်းပါ၊ အဖေက ချင်းလျို့ ဘာလုပ်မလဲဆိုတာ စောင့်ကြည့်ပြီး ကျွန်တော်တို့ မိသားစုနဲ့ ဘယ်လောက်ထိုက်တန်လဲဆိုတာကို ဆုံးဖြတ်ချင်တာ မဟုတ်လား၊ ကျွန်တော်ကတော့ ဒါတွေ မစဥ်းစားဘူး၊ သူက ကျွန်တော့် သူငယ်ချင်း၊ သူအနိုင်ကျင့်ခံရတာက ကျွန်တော် အနိုင်ကျင့်ခံရတာပဲ။"
သူက နှာမှုတ်ခဲ့သည်။ "ဒါကြောင့် သူ့ဘက်က ရပ်တည်မယ်၊ အဲ့လောက်ထိ ရိုးရှင်းတယ်။"
သူ့သားရဲ့ စကားကြောင့် ရှီရှင်းဟန်က ကြက်သေသေသွားခဲ့သည်။
သူ့သားက သူ့အတွေးတွေကို ဖော်ထုတ်ခဲ့တာကြောင့်လည်း သူ အနည်းငယ် ရှက်မိခဲ့သည်။
တော်ဝင်ခုံရုံးတစ်ခုလုံး နှစ်ပေါင်းများစွာ ကောက်ကျစ်ကြံစည်မှုတွေ ဗျူဟာတွေ များလာခဲ့တာကြောင့် သူက အရာရာတိုင်းကို ပိုသတိထားတတ်ခဲ့သည်။
သူ့ မသိစိတ်က ပထမဆုံးတွေးမိသည့်အရာ အကျိုးအမြတ်နှင့် အရှုံးသာ ဖြစ်သည်။
ထိုအချိန်မှာပဲ ရှီသခင်ကြီးက ပြောခဲ့လေသည်။ "သွားလိုက်၊ ဒါပေမဲ့ မင်းရဲ့ အဒေါ်ကြီးကို ဒေါသ မထွက်သွားစေနဲ့နော်။"
ရှီလွေ့က တခစ်ခစ်ရယ်ခဲ့သည်။ "အဖိုးက အကောင်းဆုံးပဲ၊ အဒေါ်ကြီးကို ဘာဖြစ်လို့ ဒေါသထွက်စေရမှာလဲ၊ သူ့ကို ပျော်အောင်လုပ်ဖို့ အခွင့်အရေးတောင် သိပ်မရှိခဲ့ဘူး၊ သွားပြီနော်။" ထို့နောက် သူက ချက်ချင်း ထွက်သွားခဲ့သည်။
ရှီသခင်ကြီးက သူ့ရဲ့အကြီးဆုံးသားကို ရှုပ်ထွေးသည့် အမူအရာဖြင့် ကြည့်ကာ မေးခဲ့သည်။ "သူက သူ့သူငယ်ချင်းရဲ့ ဖြူစင်မှုကို ကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ကူညီပေးချင်နေတာပါ၊ လွှတ်ထားပေးလိုက်။"
သူက အဓိပ္ပာယ် ပါပါပြောခဲ့သည်။ "လိုအပ်တဲ့အချိန် ကူညီပေးတဲ့ လက်တစ်စုံနဲ့ အကျိုးလိုလို့ ညောင်ရေလောင်းတဲ့ လက်တစ်စုံက မတူဘူး။"
ရှောင်ဟန်ကျန့်နှင့် ရှစ်ချင်းလျို့က သူ့မြေးရဲ့ သူငယ်ချင်းဖြစ်တာကြောင့် တော်ဝင်ခုံရုံးမှာ စီမံသလို လုပ်စရာ မလိုပေ။
ရှီရှင်းဟန်က ခဏလောက် တွေးပြီးနောက် ရယ်ခဲ့သည်။ "အဖေပြောတာ မှန်တယ်၊ ကျွန်တော် မှားသွားပါတယ်။"
ဒုတိယအကြိမ် ထပ်တွေးလိုက်တော့ သူ့သားအငယ်ဆုံးလေးက ကောင်းမွန်သည့်အရာကို လုပ်ခဲ့တာ ဖြစ်သည်။
လျန်မိသားစုတွင်ဖြစ်သည်။
လျန်ယို့ရှောင်က လျန်သခင်ကြီးနှင့် မာကျောက်ကစားနေသည်။
လျန်သခင်ကြီးက မကြာမီက မာကျာက်ကစားခြင်းကို စွဲလမ်းခဲ့သည်။
သူအပြင်သွားမကစားသည့် ရက်တွေဆိုပါက သူ့သားနှင့်မြေးကို ခေါ်ကာ အဖော်ပြုခိုင်းပြီး ကစားသည်။
ထိုကိစ္စကို လူတစ်ယောက်ရဲ့ တင်ပြခြင်းကို ကြားခဲ့ရလေသည်။
လျန်ယို့ရှောင်က ကစားပြီးနောက် ပြောခဲ့သည်။ "အဖိုး ကျွန်တော် လုပ်စရာလေး ရှိသေးတယ်။"
လျန်မင်ချန်က မာကျောက် မကစားပေ။ သူက သဘောမကျပေ။
သို့ပေမယ့် သူက လျန်သခင်ကြီးကို တမင်သက်သက် အဖော်လာပြုပေးတာ ဖြစ်သည်။ သူက လက်ဖက်ရည်သောက်ပြီး ဘေးကနေ ထိုင်ကြည့်နေခဲ့သည်။
သူက မျက်မှောင်ကြုတ်သွားခဲ့သည်။ "မင်းက ဘာလုပ်ချင်လို့လဲ။"
လျန်ယို့ရှောင်က အမှန်အတိုင်း ပြန်ဖြေခဲ့သည်။ "ပြဿနာ သွားရှာမလို့ပေ၊ တတိယမင်းသားရဲ့ ကြင်ယာတော်က သူ့ဘာသာသူ သိပ်အထင်ကြီးနေတာလေ။"
ရှီလွေ့နှင့် သူက ညီအစ်ကိုလိုဖြစ်လာပြီးကတည်းက ကိစ္စရပ် တော်တော်များများမှာ အတွေးတူလာကြသည်။
လျန်မင်ချန်ရဲ့ မျက်နှာက ချက်ချင်းမည်းမှောင်သွားခဲ့သည်။ "ဘာပြောတယ်၊ မင်းရဲ့ လေးစားထိုက်တဲ့ အရည်အချင်းက ဘယ်မှာလဲ။"
တော်ဝင်ကြင်ယာတော်ရဲ့ လုပ်ရပ်က တော်တော်လေး လွန်သော်လည်း သူ့သားက သိပ်ရဲတင်းနေသည်။
လျန်ယို့ရှောင်က ပြုံးခဲ့သည်။ "အိမ်မှာပြောတာပဲကို၊ ဘာကြောက်စရာရှိလို့လဲ၊ အဖေက အခုဆိုရင် ပိုပိုပြီး ကြောက်တတ်လာတာပဲ။"
လျန်မင်ချန်က သက်ပြင်းချလိုက်သည်။ သူ့သားကို တကယ်ရိုက်ချင်နေပြီဖြစ်သည်။
မည်းမှောင်သည့် မျက်နှာထားဖြင့် သူက မေးခဲ့သည်။ "မင်းက ဘာလုပ်နိုင်မှာလဲ၊ တတိယမင်းသားရဲ့ နန်းဆောင်ကိုသွားပြီး အရူးလို ရန်သွားဖြစ်မလို့တော့ မပြောနဲ့နော်။"
လျန်ယို့ရှောင်က မျက်ခုံးပင့်ခဲ့သည်။ "ကျွန်တော် အဲ့လောက် မတုံးပါဘူး၊ သူက ကျွန်တော့်သူငယ်ချင်းကို အနိုင်ကျင့်ဖို့ ဒီလောက်အထိ ရက်စက်ရဲမှတော့ သူ့ကိုလည်း တန်းတူညီမျှ ခံစားခိုင်းရမှာပေါ့၊ မြို့တော်မှာ သူပိုင်တဲ့ ဆိုင်တွေကို ပြဿနာတက်အောင် ဖန်တီးပြီး မြို့တော်မှာ သူ့ဂုဏ်သတင်း ပျက်စီးသွားအောင် လုပ်ရမယ်။"
ဖူဝန်ကျန်း သုံးခဲ့သည့် ကောက်ကျစ်သည့် နည်းလမ်းတွေကို သုံးလို့ မရပေ။
ဟိုးတုန်းက ဖူမိသားစုက ဖူဝန်ကျန်းကို သိပ်အလိုလိုက်တာကြောင့် သူမကို ဘယ်သူမှ ပြဿနာ မရှာရဲခဲ့ပေ။
သူက ဖူမိသားစုနှင့် တတိယမင်းသားကို မကြောက်ပေ။
ထိုအမျိုးသမီးက ရှစ်ချင်းလျို့ရဲ့ ဂုဏ်သတင်းကို ဖျက်စီးချင်နေမှတော့ သူက အရင်လှုပ်ရှားပေးရမည်။
လျန်မင်ချန်က သူ့ကို လက်ညိုးထိုးခဲ့သည်။ "မသိတတ်တဲ့သား၊ မင်း ဘာလုပ်နိုင်မလဲဆိုတာ ကြည့်တာပေါ့၊ ဘာပဲဖြစ်ဖြစ် တတိယမင်းသားရဲ့ ကြင်ယာတော်က တော်ဝင်မိသားစုရဲ့ ချွေးမပဲ၊ သူ့ဂုဏ်သိက္ခာကို ဖျက်စီးတာက တော်ဝင်မိသားစုရဲ့ ဂုဏ်သိက္ခာကို ဖျက်စီးတာနဲ့ အတူတူပဲမလား။"