← Chapters

ကိုယ်လုပ်နေတာကို သိတော့ ကောင်းတာပေါ့

Vol. 15 Ch. 212

ကိုယ်လုပ်နေတာကို သိတော့ ကောင်းတာပေါ့

Vol. 15 Ch. 212

ဘုရင်ကြီးက ထိုကိစ္စကို လူလွှတ်ကာ စုံစမ်းခိုင်းပြီးနောက် နန်းတွင်းအခြွေအရံတွေဖြင့် လုပ်ငန်းစီမံဌာနဝန်ကြီးကို နန်းတော်ကို ဆင့်ခေါ်ခိုင်းခဲ့သည်။

ထိုသတင်းဟာလည်း ပြန့်သွားခဲ့သည်။

လူတိုင်းက အနည်းငယ် ရှုပ်ထွေးသွားခဲ့သည်။ ရှစ်ချင်းလျို့တို့ လင်မယား နန်းတော်ကပြန်သွားပြီးသည်နှင့် ဘုရင်ကြီးက လုပ်ငန်းစီမံဌာနဝန်ကြီးကို ဘာကြောင့် ဆင့်ခေါ်ရသနည်း။

လုပ်ငန်းစီမံဌာနဝန်ကြီးဟာလည်း အနည်းငယ် ရှုပ်ထွေးနေခဲ့သည်။

သို့ပေမယ့် ဘုရင်ကြီး ပေးသည့်စာရွက်တချို့က စာတွေကို ဖတ်ရှုပြီးနောက် သူက စိတ်လှုပ်ရှားဟန် ဖော်ပြခဲ့သည်။

"အရှင်မင်းကြီး ဒီသံသန့်စင်တဲ့နည်းလမ်းသာ အောင်မြင်ခဲ့ရင် ပိုက်ဆံတွေ အများကြီးကို ခြွေတာနိုင်မှာပါ ဘုရား။"

မကြာမီက လုပ်ငန်းစီမံဌာနက ငွေအလွန်လိုနေသော်လည်း ဘဏ္ဍာရေးဌာနဝန်ကြီးက အလွန်ကပ်စေးနည်းကာ ထုတ်မပေးခဲ့ပေ။

အခု သူ့လက်ထဲမှာ ဒီအရာရှိနေမှတော့ ဘဏ္ဍာရေးဝန်ကြီးဆီကနေ ပြောင်ပြောင်တင်းတင်း ပိုက်ဆံတောင်းလို့ရပြီဖြစ်သည်။

သံမဏိသန့်စင်ထုတ်လုပ်သည့်နည်းလမ်းသာ အောင်မြင်ခဲ့ပါက လုပ်ငန်းစီမံဌာနကို များစွာ အကျိုးရှိစေလိမ့်မည်။

ဘုရင်ကြီးက ခေါင်းငြိမ့်ပြခဲ့သည်။ "လူအင်အား ဘယ်လောက်ပဲ သုံးရသုံးရ၊ ငွေကြေးဘယ်လောက်ကုန်ကုန်၊ သံသန့်စင်တဲ့နည်းကို တတ်နိုင်သမျှ မြန်မြန် အောင်မြင်အောင်လုပ်။"

ဝန်ကြီးက ပြုံးကာ ပြောခဲ့သည်။ "အမိန့်တော်အတိုင်းပါ ဘုရား။"

ထို့နောက် သူကမေးလိုက်လေသည်။ "အရှင်မင်းကြီး ဒီသံမဏိသန့်စင်ထုတ်လုပ်နည်းက ယုံကြည်စိတ်ချရပါရဲ့လား ဘုရား။"

ဒုက္ခများစွာကျော်ဖြတ်ပြီး ပြုလုပ်ခဲ့ပြီးမှ ထုတ်လုပ်မှု မအောင်မြင်ခဲ့ပါက ဘဏ္ဍာရေးဝန်ကြီးက သူ့ကို လှောင်ပြောင်မည်ကို သူစိုးရိမ်သည်။

ဘုရင်ကြီးက အမှန်အတိုင်း ပြောခဲ့သည်။ "ဒီနည်းလမ်းက ကိုယ်တော်တို့ကို မျိုးစေ့ကောင်း ချန်ပေးခဲ့တဲ့ ဘုန်းတော်ကြီး ချန်ပေးခဲ့တာပဲ၊ ဘိလပ်မြေ ထုတ်လုပ်နည်းကလည်း သူပဲ ချန်ပေးခဲ့တာလေ။"

လုပ်ငန်းစီမံဌာနက ဝန်ကြီးက ချက်ချင်း နားလည်သွားခဲ့သည်။ "ဒါဆိုရင်တော့ ပြဿနာ မရှိပါဘူး ဘုရား။"

ဘိလပ်မြေကို ထုတ်လုပ်နည်းတွေအတိုင်း လုပ်ငန်းစီမံဌာနက ဖန်တီးခဲ့ကာ အခုဆိုရင် တော်တော် အသုံးဝင်နေပြီဖြစ်သည်။

ဒါဆို ဒီနေ့ ရှစ်ချင်းလျို့ နန်းတော်ကိုလာတာ ဒီထုတ်လုပ်နည်း ဆက်သဖို့လား။

သူက ခဏလောက် တွေးပြီး ပြောခဲ့သည်။ "အရှင်မင်းကြီး ဒီကိစ္စကို ကျွန်တော်မျိုးတို့ လျှို့ဝှက်ထားကြမှာလား။"

ဘုရင်ကြီးက လက်ခါယမ်းပြခဲ့သည်။ "မလိုဘူး၊ မောင်မင်း အပြင်ရောက်လို့ သူများက မေးလာရင် အမှန်အတိုင်းပဲ ပြန်ဖြေလိုက်။"

သူကထပ်ပြောခဲ့သည်။ "ဥပမာအားဖြင့် သံမဏိသန့်စင်ထုတ်လုပ်နည်းကို လာဆက်သတဲ့လူက ဘုန်းတော်ကြီးရဲ့ တပည့် ရှစ်ချင်းလျို့ဆိုတဲ့အချက်ကို အဓိကအားဖြင့် ဖုံးကွယ်စရာ မလိုဘူး။"

လုပ်ငန်းစီမံဌာနက ဝန်ကြီးက ပြုံးကာ ခေါင်းငြိမ့်ပြခဲ့သည်။ "မှန်လှပါ အရှင်မင်းကြီး။"

ဘုရင်ကြီးက ရှစ်ချင်းလျို့ကို အလွန်အလေးထားဟန် ရသေးသည်။

အကယ်၍ သူသာ အပြင်မှာ ထိုသို့ပြောလိုက်ပါက တစ်ဖက်လူကို အဟန့်တစ်ခုဖြစ်အောင် ဖန်တီးပေးနိုင်သည်။

လုပ်ငန်းစီမံဌာနဝန်ကြီးက ထုတ်လုပ်နည်းစာရွက်ကို ယူပြီး လျှင်မြန်စွာပင် နန်းတော်ထဲကထွက်သွားခဲ့သည်။

သူက အိမ်မပြန်ဘဲ လုပ်ငန်းစီမံဌာနကို တန်းသွားခဲ့သည်။

အခု သူက အနည်းငယ် စိတ်မရှည်ဖြစ်နေကာ သန့်စင်ထားသည့် သံမဏိတွေကို မွမ်းမံချင်နေပြီဖြစ်သည်။

အသွားလမ်းတစ်လျှောက်မှာ သူ့ကို မေးမြန်းသည့် လုပ်ဖော်ကိုင်ဖက်တွေ ဝန်ကြီးတွေနှင့် ဆုံခဲ့လေသည်။

လုပ်ငန်းစီမံဌာနက ဝန်ကြီးက တုံ့ဆိုင်းခြင်းမရှိဘဲ ရှစ်ချင်းလျို့က သံမဏိသန့်စင်ထုတ်လုပ်နည်းကို ဆက်သခဲ့သည့်အကြောင်း ပြောပြခဲ့သည်။

ဘုရင်ကြီးက ထိုသတင်းက ပြန့်စေချင်နေတာ သူသိသည်။

ထို့နောက် သတင်းစုံသည့် မြို့တော်က မိသားစုတွေက ထိုကိစ္စကို သိသွားခဲ့ကြသည်။

ရှစ်ချင်းလျို့ နန်းတော်ကိုသွားရသည့်အကြောင်းမှာ သံမဏိသန့်စင်ထုတ်လုပ်နည်းအတွက်ဖြစ်ကြောင်း သိသွားကြလေသည်။

လူအများစုက သူမကို ရင်ထဲကနေ ချီးကျူးခဲ့ကြသည်။ သူတို့တွေက တကယ်ပဲ ဒီတောသူမလေးကို အထင်သေးမိခဲ့သည်။

ဆက်သခဲ့သည့် မျိုးစေ့အကြောင်းက ပြောနေစရာကို မလိုပေ။

သူမက သံမဏိသန့်စင်ထုတ်လုပ်နည်းအသစ်ကို ထပ်မံ ဆက်သခဲ့ကာ ထိုကောင်းမှုကို အကျိုးပြုကာ တိုင်တန်းခဲ့လေသည်။

သူမက အလွန်ထူးချွန်ပြောင်မြောက်သည်။

မှားယွင်းချက် တစ်စုံတစ်ရာ မရှိခဲ့ပါက တတိယမင်းသားရဲ့ ကြင်ယာတော်၏ ကိစ္စက လွယ်ကူမည် မဟုတ်ပေ။

ရှစ်ချင်းလျို့နှင့် ရှီရုံက နန်းတော်က ပြန်ပြီးနောက် သူတို့ရဲ့ စံအိမ် အသီးသီးကို ပြန်သွားခဲ့ကြသည်။

ရှောင်ဟန်ကျန့်က ပြန်မရောက်သေးတာကြောင့် သူမက ဆရာဟုန်ကို အရင်သွားတွေ့ခဲ့သည်။

ဆရာဟုန်က စိုးရိမ်စွာ မေးခဲ့သည်။ "ဒီနေ့ ထိတ်လန့်သွားခဲ့မှာပဲ၊ အဆင်ပြေရဲ့လား။"

ရှစ်ချင်းလျို့က ပြုံးကာ ပြန်ဖြေခဲ့သည်။ "အဆင်ပြေပါတယ်ရှင့်။"

ထို့နောက် သူမက နန်းတော်ကိုသွားကာ လုပ်ခဲ့သည့်အကြောင်းတွေကို အရင်ပြောပြလိုက်ပြီး ဘုရင်ကြီးကလည်း တရားမျှတမှု ရှာပေးဖို့ ကတိပေးခဲ့ကြောင်းကို ပြောပြလိုက်သည်။

ဆရာဟုန်က အလွန်အံ့သြသွားခဲ့သည်။

ထို့နောက် သူက အားပါးတရ ပြုံးခဲ့သည်။ "မင်းကောင်းကောင်းလုပ်နိုင်ခဲ့တယ်၊ တတိယမင်းသားရဲ့ ကြင်ယာတော်ကိစ္စကို အရှင်မင်းကြီးရှေ့မှာ မထုတ်ပြောခဲ့တဲ့အထိ ဉာဏ်ကောင်းလွန်းတယ်။"

သူက ခဏလောက်တွေးပြီး ပြောခဲ့သည်။ "အရှင်မင်းကြီးက သူ့ကို အပြစ်ပေးနိုင်ပေမယ့် မင်းကို အန္တရာယ်ပြုလို့ အပြစ်ပေးပါတယ်လို့တော့ ထုတ်ပြောမှာ မဟုတ်ဘူး၊ ဒါက တော်ဝင်မိသားစုကို သိက္ခာကျဖွယ်ကိစ္စပဲလေ၊ မင်းက မျိုးစေ့ဆက်သခဲ့တာတောင် တော်ဝင်မိသားစုက ချွေးမက မင်းကိုအန္တရာယ်ပြုပါတယ်ဆိုတဲ့ သတင်းပျံ့သွားရင် တော်ဝင်မိသားစုကို ငြိစွန်းပြီး ဒုက္ခရောက်စေလိမ့်မယ်။"

ထို့နောက် သူက အဓိပ္ပာယ်ပါပါ ပြောခဲ့သည်။ "တစ်စုံတစ်ယောက် ပြဿနာရှာမှာကိုတော့ ကြောက်နေတုန်းပဲ။"

နယ်စပ်ရှိ ကျင်းမင်းသားနှင့် ပတ်သက်၍ ပြောနေတာဖြစ်ကြောင်း ရှစ်ချင်းလျို့ သိသည်။ သူမက ပြုံးကာ ပြောခဲ့သည်။ "ဆရာမှန်ပါတယ်၊ တကယ်တော့ ကျွန်မက တတိယမင်းသားရဲ့ ကြင်ယာတော်ကို သင်ခန်းစာပေးပြီး ကျွန်မက အနိုင်ကျင့်ဖို့ မလွယ်ဘူးဆိုတာ လူတိုင်းကို သိစေချင်ခဲ့တာ၊ နောက်ဆုံးတော့လည်း သုံးခဲ့တဲ့နာမည်ကို ဂရုမစိုက်တော့ဘူး။"

ထို့ကြောင့်ပဲ အစကနေ အဆုံးအထိ ဘုရင်ကြီးရဲ့ရှေ့မှာ တတိယမင်းသားရဲ့ ကြင်ယာတော်၏ နာမည်ကို ထုတ်မပြောခဲ့တာ ဖြစ်သည်။

သူမက မင်းစိုးရာဇာ မိသားစုတွေကို ပြသခဲ့တာ ဖြစ်သည်။

သူမရဲ့ ပန်းတိုင်ကို အောင်မြင်မှုရသရွေ့ အဆင်ပြေသည်။

သူ့တပည့်ရဲ့ ဇနီးက ဉာဏ်ကောင်းရုံသာမက ဆုံးဖြတ်ချက်တွေကိုလည်း မှန်ကန်စွာ ချမှတ်နိုင်ကြောင်း ဆရာဟုန်က သိသွားခဲ့သည်။

"ဖြစ်ပျက်နေတာတွေကိုသိတော့ ကောင်းတာပေါ့၊ ကျင်းယွီက စိစစ်ရေးအရာရှိကြီးဝူကို သွားတွေ့တယ် သိပ်မကြာခင် ပြန်လာပါလိမ့်မယ်။"

သူမ ခင်ပွန်းက သူမ ဒေါသဖြေဖို့အတွက် သူ့ခွန်အားကိုသုံးကာ ကူညီပေးနေတာဖြစ်ကြောင်း ရှစ်ချင်းလျို့က ချက်ချင်း နားလည်သွားခဲ့သည်။

သူမက ပြုံးကာ ခေါင်းငြိမ့်ပြခဲ့သည်။ "ဟုတ်ကဲ့။"

ဆရာဟုန်ကို စကားအနည်းငယ်ပြောပြီးနောက် ရှစ်ချင်းလျို့က သူမရဲ့ အဆောင်ကို ပြန်သွားခဲ့သည်။

အိပ်ချင်နေတာကြောင့် သူမက တစ်ရေးအိပ်ခဲ့သည်။

သူမက မိန်းမောနေကာ တစ်စုံတစ်ယောက်က သူမရဲ့ မျက်နှာကို ထိတွေ့သလို ခံစားနေရလေသည်။

သူမ မျက်လုံးဖွင့်ကြည့်လိုက်တော့ သူမခင်ပွန်းက နူးညံ့စွာ ကြည့်နေတာကို တွေ့လိုက်လေသည်။

"ပြန်လာပြီလား။"

သူမက ထပ်မေးခဲ့သည်။ "အဆင်ပြေရဲ့လား။"

ရှောင်ဟန်ကျန့်က ရှစ်ချင်းလျို့ကို ဆွဲထူပြီး ရင်ခွင်ထဲ ပွေ့ဖက်ထားခဲ့သည်။ "အဆင်ပြေတယ်၊ ဒီနေ့ တော်ဝင်စိစစ်ရေးအရာရှိကြီးဝူရဲ့ ရောဂါကို သက်သာအောင် လုပ်ပေးခဲ့တယ်၊ နောက်ရက်အနည်းငယ်နေရင် အပ်စိုက်ကုထုံးလုပ်ဖို့ သူ့အိမ်ကိုသွားပြီး သူ သောက်ဖို့ ဆေးအညွှန်းကိုလည်း ပေးရမယ်၊ သူ့အဖျားက ဒီဆောင်းတွင်းတော့ ထပ်မဖြစ်တော့ဘူး။"

ရှစ်ချင်းလျို့က လက်မြှောက်ပြီး သူ့ပါးကို တို့ထိကာ ချီးကျူးခဲ့သည်။ "ကျန့်ကောက အံ့ဖွယ်ပါပဲ။"

"မိန်းမရဲ့ ချီးကျူးပေးမှုအတွက် ကျေးဇူးတင်ပါတယ်ဗျာ။"

သူမကိုပွေ့ဖက်ထားရမှပဲ ရှောင်ဟန်ကျန့်က စိတ်အေးသွားခဲ့သည်။ "ဒီနေ့နန်းတော်ကိုသွားတာ သံမဏိသန့်စင်ထုတ်လုပ်နည်း သွားဆက်သတာလား။"

သူ့ဇနီးလက်ထဲမှာရှိသည့် ထုတ်လုပ်နည်းကို သူသိသည်။ မူလက သူတို့ အတူတူ မော့ချင်းလင်ကို ပေးဖို့ ပြင်ထားခဲ့တာ ဖြစ်သည်။

သူ့ဇနီးကို သူ ကောင်းကောင်း သိတာကြောင့် ထို့သို့ မေးခဲ့တာ ဖြစ်သည်။

"ဟုတ်တယ် အဲ့မိန်းမက ကျွန်မကို ကြံစည်ရဲမှတော့ သူ့ကိုလည်း ပြန်ပေးဆပ်ရအောင် လုပ်မှာပေါ့။"

ရှစ်ချင်းလျို့က သူ့ဘာသာသူ အထင်ကြီးသည့်ပုံစံ ပြသခဲ့လေသည်။ "သူက သူများကို ဘယ်လိုအနိုင်ကျင့်ရမလဲသိမှတော့ ကျွန်မတို့က လုပ်ပြရတာပေါ့။"

ရှောင်ဟန်ကျန့်က သူမကိုနမ်းခဲ့သည်။ "ဒါပေါ့၊ ကိုယ့်မိန်းမက ဘယ်သူမလို့လဲ၊ ဘယ်သူမှ အနိုင်ကျင့်လို့ မရဘူး။"

ရှစ်ချင်းလျို့က တခစ်ခစ်ရယ်ခဲ့သည်။ "ရှင်ကလည်း ကျွန်မကို အနိုင်ကျင့်ခွင့်မပေးဘူးလေ။"

ရှောင်ဟန်ကျန့်က ပြုံးခဲ့သည်။ "ဒါပေါ့ဗျာ၊ ဟုတ်သား ဒီနေ့ ရှီလွေ့က နန်းတော်ထဲဝင်ပြီး မယ်တော်ကြီးကို သွားတွေ့ခဲ့တယ်၊ လျန်ယို့ရှောင်ကလည်း လူတွေ အများကြီး လွှတ်ပြီး ဖူဝန်ကျန်း လုပ်ခဲ့တဲ့ မကောင်းတဲ့ လုပ်ရပ်တွေကို ဖော်ထုတ်ခိုင်းပြီး သူ့ဆိုင်တွေကို ဖိနှိပ်ထားတယ်၊ ဖေးယွီကျယ်က သူ့စာသင်သား သူငယ်ချင်းတွေကိုရှာပြီး သူတို့ အနိုင်ကျင့်ခံခဲ့ရတော့မလို ဖြစ်ခဲ့တဲ့ အကြောင်း ပြောခဲ့တယ်၊ စာသင်သားတွေက အဲ့အကြောင်းကို သရော်စာတွေ အများကြီး ရေးပြီး ဖြန့်ခဲ့တယ်၊ မနက်ဖြန်ဆိုရင်တော့ မြို့တော်မှာ ပွဲကြီးပွဲကောင်း ဖြစ်ပြီ။"

ဒါတွေဟာ ရှောင်ဟန်ကျန့် မမျှော်လင့်ထားသည့် အရာတွေ ဖြစ်သည်။

သူ့ဇနီးလေးအတွက်ကြောင့် ရှီလွေ့နှင့် ကျန်လူတွေက တတိယမင်းသားရဲ့ ကြင်ယာတော်ကို ဆန့်ကျင်လိမ့်မည်ဟု မထင်မိခဲ့ပေ။

သူ့ဇနီးလေးက ထိုအပျော်အပါးမက်သည့် အထက်တန်းလွှာ သခင်လေးတွေနှင့် မိတ်ဆွေဖွဲ့လိုက်တာ တန်သွားခဲ့သည်။

ရှစ်ချင်းလျို့ကလည်း အလွန်အံ့သြနေခဲ့သည်။ "သူတို့က ကျွန်မကို တကယ် ထောက်ပံ့ပေးတာပဲ၊ သူတို့က တကယ့် သူငယ်ချင်းကောင်းတွေပဲ။" သူမရဲ့ ရင်ထဲမှာ နွေးထွေးမှုလေး ခံစားလိုက်ရလေသည်။

ထို့နောက် သူမက စိုးရိမ်စွာ မေးခဲ့လေသည်။ "ဒီလိုကြီး လုပ်လိုက်တော့ သူတို့အိမ်က လူကြီးတွေကို ဒေါသမထွက်စေဘူးလား။"

ရှောင်ဟန်ကျန့်က သူမရဲ့ ပါးကို ပွတ်ခဲ့သည်။ "ဟင့်အင်း၊ သူတို့အိမ်က လူကြီးတွေက စိတ်သဘောထား မသေးသိမ်ပါဘူး၊ ဒါ့အပြင် သူတို့က မိသားစုကို ကိုယ်စားပြုခဲ့တာ မဟုတ်ဘူးလေ၊ မင်းကို သူငယ်ချင်း တစ်ယောက်အနေနဲ့ ရပ်တည်ပေးခဲ့တာ၊ လူကြီးတွေက မမြင်ချင်ယောင်ဆောင်နေလိမ့်မယ်။"

သေချာပေါက်ကို မိသားစုရဲ့ ထောက်ခံမှု မပါ ပါက သူတို့အဖမ်းခံရတာကြာနေလောက်ပြီဖြစ်သည်။

ထို့ကြောင့် လျန်မိသားစု၊ ရှီမိသားစုနှင့် ဖေးမိသားစုက သူတို့ကို ကြည်ဖြူတာ ဖြစ်သည်။ ထိုအကူအညီကို သူလက်ခံခဲ့သည်။

ထိုအခါမှ ရှစ်ချင်းလျို့က စိတ်အေးသွားခဲ့သည်။ "ထင်တဲ့အတိုင်း ဒီလိုတွေလုပ်ဖို့ ရှင်က အသင့်တော်ဆုံးပဲ၊ ရှေ့လျှောက် ကျွန်မက လယ်ကို ပိုကောင်းမွန်အောင် စိုက်ပါ့မယ်"

တော်ဝင်ခုံရုံးက ကိစ္စတွေကို ကိုင်တွယ်ဆော့ကစားဖို့ သူမက မသင့်လျော်ပေ။

ရှောင်ဟန်ကျန့်က ပြုံးခဲ့သည်။ "ကောင်းပြီ။ ကိုယ့်ကို လွှဲထားလိုက်၊ မင်းက ပန်းပွင့်လေးလို လှနေဖို့ပဲ တာဝန်ယူ၊ နေ့တိုင်း ပျော်ပျော်ရွှင်ရွှင်နေ။"

ရှစ်ချင်းလျို့က မျက်လုံးများ မှေးကျဥ်းသွားသည်အထိ ပြုံးခဲ့သည်။ "ရှင့်ကို ပန်းလေးလို လှပအောင် သေချာလုပ်ပေးမယ်။"

သူမရဲ့ ပျိုးထောင်မှုအောက်မှာ သူမ၏ ခင်ပွန်းသည်က ပိုပိုလှလာခဲ့သည်။

ရှောင်ဟန်ကျန့်က ရယ်ရမလား ငိုရမလား မသိဖြစ်သွားခဲ့သည်။ "ဒါဆိုလည်း အတူတူလုပ်ကြတာပေါ့။"

ယောက်ျားလေးတစ်ယောက်အနေနဲ့ သူက ဘာကြောင့် ပန်းလေးလို လှဖို့ လိုအပ်တာလဲ။

သို့ပေမယ့် သူ့ဇနီးလေး ပျော်ဖို့က အဓိကကျသည်။

All Chapters