ဖြည့်စွက်စာတွေ စားထားတော့
Vol. 116 Ch. 1726
" ကျုပ် ဘယ်သူ့ကို အပြစ်ပြုမိလို့... ဘာဖြစ်လို့လဲ... "
လင်းရီလည်း ရှုပ်ထွေးသွားခဲ့၏။ ဘာတွေဖြစ်နေလဲဆိုတာကို သူ နားမလည်နေပေ။
“ အခုတင်ပဲ အထက်က ငါ့ဆီ ဖုန်းဆက်လာတယ် … သူတို့ မင်းကို မြို့ပြစီမံရေးရုံးဆီ ရွေ့ပြောင်းစေချင်တယ်ဆိုပဲ …”
“ မြို့ပြစီမံရေးရုံး ဟုတ်လား … ဆိုတော့ … ကျွန်တော်က မြို့ပြ မန်နေဂျာကြီး ဖြစ်လာတော့မှာပေါ့ …”
“ ဆိုပါတော့ …. ရာထူးနိမ့်ပြီး အကျိုးများတဲ့ နေရာပါပဲ …”
“ ဘယ်သူ ဖုန်းဆက်လာတာ …”
“ မင်း ဒါတွေ မေးပြီး ဘာလုပ်မှာ … ကောင်လေး … စိတ်အေးအေးထားစမ်း … ဘာရူးမိုက်တာမှ လျှောက်မလုပ်စမ်းနဲ့ ….”
လင်းရီ ပြုံးလိုက်သည်။ “ စိတ်ချပါ ခေါင်းဆောင် .. ကျွန်တော့်ကိုယ် ကျွန်တော် သိပါတယ် … ဒီတိုင်းပဲ ပြောလိုက်ပါ ….”
“ သူ့နာမည်က ကျန်းလင် …”
“ ကောင်းပြီ… ကျွန်တော် နားလည်ပြီ… ကျေးဇူးတင်ပါတယ် ခေါင်းဆောင် ….”
ကျေးဇူးတင်စကားပြောပြီးသည့်နောက် လင်းရီ ဖုန်းချလိုက်သည်။
ဝမ်ရင်းသည် သူမ ပါးစပ်ထဲရှိ အစာအား ထုတ်ပြီးနောက် လင်းရီအား မော့ကြည့်လာခဲ့၏။
“ နင့်ဘက်ခြမ်းက တစ်ခုခု ဖြစ်နေလို့လား ….”
“ အသေးအမွှား ပြဿနာလေးပါပဲ .. ဒါပေမယ့် ကျွန်တော် ကိုင်တွယ်နိုင်ပါတယ် …”
“ ဒါဆိုလည်း မလှုပ်နဲ့ … အစ်မ ကိုယ့်ဘာကိုယ်ပဲ လုပ်မယ်….”
ပြောပြီးနောက် ဝမ်ရင်းသည် လင်းရီအား ဘေးတစ်နေရာသို့ ခေါ်ဆေင်သွားကာ သူမ၏ စကတ်အား မ၍ စတင်ဝါးမျိုတော့၏။
လင်းရီ သူမ၏ တင်ပါးအား ခပ်သာသာ ရိုက်လိုက်ပြီး “ အသံတိုးဦး … ကျွန်တော် ဖုန်းခေါ်ရဦးမယ်….”
“ အွန်း … နားလည်ပြီ…”
လင်းရီ ဖုန်းထုတ်၍ ချိန်ပင်းချန်ထံ ဆက်သွယ်လိုက်သည်။
“ ဥက္ကဌလင်း ….”
“ ခေါင်းဆောင်ချိန် … ကျုပ် လူတစ်ယောက် အကြောင်း မေးချင်လို့ပါ …” လင်းရီ မေးမြန်းလိုက်ပြီး “ ခင်များ ကျန်းလင်ဆိုတဲ့လူကို သိလား …”
“ သိတယ် … သူက ဌာန ဒါရိုက်တာလေ…” ချိန်ပင်းချန် ပြောလိုက်ပြီး “ မင်းတို့နှစ်ယောက်က အချင်းချင်း သိကြလို့လား ….”
“ ကျုပ်ကတော့ သူ့ကို မသိပါဘူး … ဒါပေမယ့် ကျုပ်ရဲ့ အထက်လူကြီးဆီ တိုက်ရိုက် ဖုန်းခေါ်ပြီး ကျုပ်ကို အောက်မှာ ရှိတဲ့ မြို့ပြစီမံရေး ရုံးကို လွှဲပြောင်းဖို့ ပြောလာလို့ ….”
“ ဟမ် … အဲ့လို ကိစ္စမျိုးတွေ ရှိသေးတာလား ….”
အကုန်လုံးက စနစ် တစ်ခုတည်း၏ အစိတ်အပိုင်းများ ဖြစ်သဖြင့် ချိန်ပင်းချန်သည် ဤရွေ့ပြောင်းမှုက မည်သည်ကို ဆိုလိုနေမှန်း နားလည်သည်။
“ ကောင်းပြီ … မင်း ဒီကိစ္စ ဘာမှ လုပ်စရာ မလိုပါဘူး … ငါ့ကြည့်ပြီး ကိုင်တွယ်လိုက်မယ်…” ချိန်ပင်းချန် လေးနက်စွာ ပြောလိုက်၏။
“ ဒီကောင်တွေက တဖြည်းဖြည်းနဲ့ အတင့်ရဲလာနေတာပဲ ….”
“ မဟုတ်သေးဘူး မဟုတ်သေးဘူး … အခု မကိုင်တွယ်သေးနဲ့ဦး …” လင်းရီ ပြောလိုက်ပြီး “ သူ့ကို ရက်နည်းနည်းလောက် ထပ်နေခိုင်းထားလိုက်ဦး … ဒီမှာ တခြား ကိစ္စတွေ ရှိသေးတယ် …. ကျုပ်ဘာကျုပ် အရင် ကိုင်တွယ်လိုက်မယ်….”
“ ကောင်းပြီလေ… ဒါဆိုလည်း မင်းဘက်က အသိပေးလာမှာကို စောင့်နေမယ်… လိုအပ်ရင် ဖုန်းသာ ခေါ်လိုက်ကွာ …”
“ ကောင်းပြီ… ကျေးဇူးပါ ခေါင်းဆောင်ချိန် ….”
“ ကိုယ့်အချင်းချင်းတွေကို ဒီစကားတွေ မလိုပါဘူးကွာ … မင်း လိုအပ်ရင် အချိန်မရွေး ဖုန်းခေါ်လိုက် …”
အစိုးရ ကိစ္စ ဆွေးနွေးပြီးနောက် လင်းရီ ဖုန်းချလိုက်သည်။ သူ၏ မျက်လုံးတို့က ဆက်တိုက်ဆိုသလို ရွေ့လျားနေပြီး လက်ရှိ အခြေအနေ သဲလွန်စတို့အား စုစည်း နေလျက် ရှိသည်။
လူတစ်ယောက်အား ယခုလို သာမန်လျှံကာ ရွေ့ပြောင်းမိန့် ထုတ်ဖို့ဆိုသည်က မလွယ်ကူချေ။ ထိုသို့ ဩဇာလွှမ်းမိုးနိုင်သည့် လူတို့ကလည်း သိပ်များများစားစား မရှိလှပေ။
မကြာသေးခင်က သူသွားခဲ့သည့် နေရာများကို ခြုံငုံစစ်ထုတ်ကြည့်လိုက်မည်ဆိုပါက ကျောက်ဖုန်းဟွာမှ လွဲ၍ အခြား မည်သူကမျှ ထိုသို့ လုပ်မည့်လူ မရှိချေ။
ထိုအကြောင်း တွေးမိတော့ လင်းရီ ပြုံးလိုက်ပြီး လျိုကွမ်းရှန်ထံ ဖုန်းပြန်ခေါ်လိုက်၏။
“ ခေါင်းဆောင် … ကျွန်တော့်ဖိုင်ကို မြို့ပြ စီမံရေးရုံးဆီ လွှဲလိုက်ပါ …”
“ ဟင်း ….”
ဖုန်းတစ်ဖက်ခြမ်းတွင် လျိုကွမ်းရှန်၏ သက်ပြင်းချသံမှာ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့ပြီး သူ၏ သွင်ပြင်က ရင်းနှီးသည့် တစ်စုံတစ်ယောက်၏ နာရေးသတင်းကို ကြားလိုက်ရသည်နှင့်ပင် ဆင်တူနေသည်။
“ လောလောဆယ်တော့ ဘာမှ မလုပ်သေးနဲ့ဦး … ပြန်ရွေ့ပြောင်းနိုင်မယ့် အခွင့်အရေး ရှိသေးလား ငါကြည့်လိုက်ဦးမယ်… “
“ ခေါင်းဆောင် ကျွန်တော့်ကို စိတ်ပူပေးဖို့ မလိုပါဘူး … ကျွန်တော်က ဘာနေရာမှာပဲ ဖြစ်ဖြစ်ရတယ် … ခေါင်းဆောင်လည်း အိမ်မှာ လုပ်စရာတွေ အများကြီးမလား … ကျွန်တော်ကို စိတ်ပူမနေနဲ့ ….. တော်ကြာ ဆံပင်တွေ ဖြူသွားခါမှ လိမ်းဆေး ဝယ်ပေးနေရဦးမယ်…” လင်းရီ အပြုံးလေးဖြင့် ပြောလိုက်သည်။
“ မင်း … လစ်စမ်း …” လျိုကွမ်းရှန် ဆူငေါက်လိုက်ပြီး “ ဘာတွေ ဖြစ်နေလဲ ငါမသိဘူး ဆိုပေမယ့် နည်းလမ်းတော့ စဉ်းစားထားပေးမယ် …”
“ ဟုတ်ကဲ့ … ကျေးဇူးတင်ပါတယ် ခေါင်းဆောင် ….”
ရိုးရှင်းစွာ စကားပြောဆိုပြီးနောက် လင်းရီ ဖုန်းချလိုက်သည်။
သူ့ရင်ထဲ အနည်းငယ် ခံစားသွားခဲ့ရ၏။
လူ့အသိုင်းအဝိုင်းကြီး၌ ဖျင်ချချင်စရာ ကောင်းသည့် လူတော်တော်များများ ရှိပါသော်လည်း လူကောင်းတို့ကလည်း ကျန်နေပါသေးသည်။
လျိုကွမ်းရှန်၏ ဖုန်းကို ချပြီးသည့်နောက် လင်းရီသည် ဝမ်ရင်းအပေါ်၌ စတင် အားထုတ်ကြိုးပမ်းတော့၏။ သို့သော် မိနစ် အနည်းငယ်ကြာပြီးသည့်နောက် လီရှန်းဟွေ့၏ ဖုန်းက ဝင်လာသည်။
“ ဘာတွေ ဖြစ်နေတာလဲ လင်းရီ … မင်းက ဘာလို့ မြို့ပြစီမံရေးရုံးဆီ လွှဲပြောင်းခံရမှာ …”
“ ကျုပ်လည်း မသိဘူး …. ကျုပ်အထင်တော့ ကျုပ် တစ်ယောက်ယောက်ကို အပြစ်ပြုမိလို့ ဖြစ်မယ် ….”
“ ငါချီး ….”
လီရှန်းဟွေ့ ကျိန်ဆဲမိသွားခဲ့၏။ သိသာစွာဖြင့် ဤအကြောင်းအား လျိုကွမ်းရှန်ထံမှ သိခဲ့ရခြင်း ဖြစ်ပေမည်။ မဟုတ်ပါက ယခုလိုတွေ ပြုမူနေမှာ မဟုတ်ချေ။
“ ခေါင်းဆောင်ပြောတာတော့ သူ မင်းကို မနက်ဖြန် အစီရင်ခံစေချင်တယ်ဆိုပဲ ….” လီရှန်းဟွေ့ ပြောလိုက်ပြီး “ ဒါပေမယ့် မင်း အစီရင်ခံပြီးတာနဲ့ ချက်ချင်း ပြန်လာခဲ့ … ဘယ်သူ့ကိုမှ ထွက်ခွင့် တင်နေစရာ မလိုဘူး … ငါ့မှာ အစွမ်းအစ သိပ်အများကြီး မရှိဘူးဆိုပေမယ့် အနည်းဆုံးတော့ မင်းကို ကာကွယ်ပေးနိုင်သေးတယ်…”
“ ကောင်းပြီလေ… ဘယ်လိုတွေ ဖြစ်လာမလဲဆိုတာ ကြည့်ရင်း မီးစင်ကြည့်ကတာပေါ့ ….”
“ စုန့်တဲယွမ် အမှုမှာလည်း တိုးတက်မှု တစ်ချို့တော့ ရှိတယ်…” လီရှန်းဟွေ့ ပြောလိုက်ပြီး “ တူကျွမ့်ရဲ့ အိမ်မှာ ငါတို့ ဝမ်ကျားရဲ့ လက်ဗွေကို တကယ်ကြီး ရှာတွေ့ထားတယ် … ဒါပေမယ့် ဂက်စ်ပိုက်နဲ့ တံခါးဘုခေါင်းမှာတော့ ဘာလက်ဗွေရာမှ မတွေ့ရဘူး … သူ့ လက်ဗွေရာက အရင် အိမ်ကို လာလည်တုန်းကနဲ့ တူတယ်… ဒါပေမယ့် ဘာလက်ဗွေရာမှ မတွေ့ရတာကလည်း သံသယ ဝင်ဖို့ အကောင်းဆုံးပဲ …”
“ သာမန်ပါပဲ … ဂက်စ်ပိုက်လိုင်းက လူကွယ်ရာမှာဆိုတော့ တော်ရုံဆို ဘယ်သူကသွားပြီး ကိုင်နေမှာ မို့လို့ …” လင်းရီ ပြောလိုက်ပြီး “ ဒါပေမယ့် လက်ဗွေရာ မကျန်ခဲ့တာ တစ်ဖက်က လက်အိတ်စွပ်ထားတာကြောင့်လည်း ဖြစ်နိုင်တယ်….”
“ ငါတို့လည်း အဲ့လို တွေးမိတာပဲ … လူသတ်သမားက တော်တော်လေး ကျွမ်းကျင်တဲ့လူ ဖြစ်ရမယ်….”
“ ဆိုတော့ ခင်များပြောတဲ့ တိုးတက်မှု အသစ်ဆိုတာက ….. “
“ ကျန်းဟောက်ရဲ့ မိဘတွေက တူကျွမ့်ရဲ့ ရပ်ကွက်ထဲမှာ အိမ်တစ်လုံး ရှိတယ်…. သူ့ အောက် တည့်တည့်လေးမှာပဲ … ဒါပေမယ့် လူမနေတော့တာ ကြာပြီ …”
“ ဟမ် … သူ့ မိဘတွေအိမ် … ဟုတ်လား ….”
“ အေးပါဆို … ဒီကိစ္စရှာတွေ့သွားတုန်းက ငါတို့လည်း တော်တော်လေး အံ့ဩသွားခဲ့တာပဲ … တအားကြီး တိုက်ဆိုင်လွန်းနေတယ်….”
“ ဒါဆိုရင်တော့ ကျုပ်တို့မှာ အဖြေတော့ ရှိလာပြီ …” လင်းရီ ပြောလိုက်ပြီး “ သူ့ မိဘတွေအိမ်ကို စစ်ကြည့်ပြီး ဝမ်ကျားရဲ့ လက်ဗွေ ရှိမရှိ စစ်ကြည့်လိုက်တော့ …”
“ ပြောထားပြီးပြီ… မနက်ဖြန်ဆို သိရတော့မှာ …” လီရှန်းဟွေ့ ပြောလိုက်ပြီး “ နောက်ပိုင်းကျရင် သေချာ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဦးမှာဆိုတော့ မင်း မနက်ဖြန် အစီရင်ခံပြီးတာနဲ့ စခန်းကို ပြန်လာခဲ့လိုက် … ဘာမှသိပ်ပြီး ခေါင်းထဲ ထည့်မနေနဲ့ ….”
“ အိုကေ ….”
လီရှန်းဟွေ့နှင့် စကားပြောပြီးသည့်နောက် လင်းရီဖုန်းချပြီး ပြန်အလုပ်လုပ်တော့သည်။
နောက်တစ်နာရီ ကြာပြီးသည့်နောက် ကျေနပ်နှစ်သက်ဖို့ ကောင်းသည့် တိုက်ပွဲသည်လည်း ပြီးဆုံးသွားခဲ့လေသည်။
ဝမ်ရင်း သူမ၏ စားပွဲသို့ ပြန်သွားရင်း ခမ်းခြောက်သွားသည့်နှယ် ခံစားနေရ၏။
“ ငါ့ခြေထောက်တွေတော့ လမ်းတောင် မလျှောက်နိုင်တော့ဘူးထင်တယ် … ဒီတစ်ရက်ရက်တော့ ခုတင်လို သုံးလို့ရမယ့် ဆိုဖာတစ်လုံးလောက် ဝယ်ထားဦးမှပါ …”
“ အစ်မရင်းရဲ့ သက်လုံကို တိုးတက်အောင် လုပ်ဖို့ တကယ်လိုနေပြီပဲ …”
“ အင်း … ဒီရက်ပိုင်း အလုပ်များနေတာကြောင့်လေ… gym လည်း မသွားဖြစ်တော့ဘူး … မဟုတ်ရင် ဒီလိုမျိုး ဖြစ်မှာ မဟုတ်ဘူး …” ဝမ်ရင်း ကြေကွဲစွာ ပြောလိုက်မိ၏။
“ အစ်မရင်း ဒီထက် ပိုပြီး လေ့ကျင့်ဖို့လည်း လိုသေးတယ်… ထိုင်ထနဲ့ ယောဂ … ဒါတွေက မရှိမဖြစ်ပဲ …”
“ ဟေ့ … ဒီက သိပါတယ်နော်….” ဝမ်ရင်း ကလူကျီစယ်သည့် မျက်ဝန်းတို့ဖြင့် လင်းရီအား ကြည့်၍ “ အဓိက ပြဿနာက ဒီနေရာ တအား ကျဉ်းနေလို့ … အစ်မ စိတ်ရှိလက်ရှိတောင် အစွမ်းမပြလိုက်ရဘူး … မဟုတ်ရင် နင်က ငါ့ပြိုင်ဘက် ဖြစ်နိုင်မယ်ထင်လား …”
“ ဒီလိုတွေ ပြောပြီး နောက်ဆုံး အရှုံးပေးပြီး တောင်းပန်နေရတာက ဘယ်သူလဲ … “ လင်းရီ အပြုံးတစ်ပွင့်ဖြင့် ပြန်ပြောလိုက်၏။
“ အဲ့တာ နင်က ဥက္ကဌကျီကို မသိမ်းပိုက်ရသေးတာကြောင့်လေ… အစ်မ တစ်ယောက်တည်း နင့်ကို ကိုင်တွယ်နေရတာ တကယ် ပင်ပန်းရတယ်….” ဝမ်ရင်း သူမ၏ ခေါင်းလေးအား မော့၍ ဂုဏ်ယူစွာ ပြန်ချေပလိုက်၏။
“ ဒီအတိုင်း ဆက်သွားနေလို့ကတော့ နောက် နှစ်တွေ ကြာလာရင် နင်လည်း သက်လုံကျလာပြီ … အဲ့ခါကျရင် နင်က ဒီအစ်မကြီးရဲ့ ပြိုင်ဘက် ဖြစ်တော့မှာ မဟုတ်ဘူး …”
လင်းရီ တွေးကြည့်လိုက်၏။ ထို့နောက် ရုတ်ချည်းဆိုသလို ကျောချမ်းသွားခဲ့သည်။
နောက်နှစ်အနည်းငယ်ဆိုပါက ကျီချင်းရန်နှင့် ကျန် သုံးယောက်သည် ဖြုံလောက်သည့် အရွယ်သို့ ရောက်ရှိလာမည် ဖြစ်ပြီး သူ တကယ်ပဲ လေးယောက်လုံးအား ကျေနပ်သည်အထိ စွမ်းဆောင်ပေးနိုင်မည်လားဆိုတာ အမှန်ပင် သိချင်လာခဲ့မိတော့၏။
ထို့ပြင် ရန်စီကလည်း အပြင်တွင် အစာအား ရရင် ရသလို အတင်းလုစားနေသည်။
တွေးကြည့်ရုံနှင့်တင် အမှန် ကြောက်စရာ ကောင်းလှ၏။
“ ဘယ်လိုလဲ … နင် ကြောက်သွားပြီလား …”
ဝမ်ရင်း ထေ့ငေါ့လိုက်ပြီး အံဆွဲထဲမှ အနက်ရောင် ဓာတ်ဘူးတစ်လုံးအား ထုတ်လာခဲ့၏။ ၎င်း၏ ပုံစံက အတော်လေး ထူးတော့ ထူးခြားသည်။
“ အဲ့တာ ဘာကြီးလဲ …”
“ ဓာတ်ဘူးခွက် …”
ပြောရင်းဖြင့် ဝမ်ရင်းသည် ဂိုဂျီ ဘယ်ရီသီး တစ်ထုပ်ပေး၍ “ နင့်ကို ဒီနှစ်ခု ပေးမယ်… ခုကစပြီး ဖြည့်စွက်စာတွေ စားထားပေးတာ အကောင်းဆုံးပဲ … အစ်မတို့နှစ်ယောက်ကြားမှာ ၅၂၈ မေတ္တာတွေ ရှိမလာစေချင်ဘူး …”