← Chapters

သူ့ကို နာနာ ရိုက်

Vol. 116 Ch. 1737

သူ့ကို နာနာ ရိုက်

Vol. 116 Ch. 1737

“ ဟွမ်ဟိုင် အုပ်စုကလား …” ဟော်ယွမ်ယွမ် အံ့အားသင့်သွားခဲ့သည်။

“ ငါတို့နဲ့ အရင် မြေနေရာ လုဖူးတဲ့ ဟွမ်ဟိုင် အုပ်စုကို ပြောနေတာလား …”

“ ဟုတ်တယ်… သူတို့ပဲ …” အတွင်းရေးမှူးက ပြောလာခဲ့ပြီး “ ဒါပေမယ့် တခြား ထွေထူးတော့ မလုပ်ခဲ့ပါဘူး … ဒီတိုင်း ကြေညာချက်ပဲ ထုတ်ပြန်လာတာပါ …”

“ အဲ့တာ ဟိုသောက်ရူး လီရှင်းဟွာပဲ ဖြစ်မယ်…” လင်းရီ ပြောလိုက်ပြီး “ ငါ သူ့ကို အရင်က ကျိုးဟိုင်မှာ အထိနာအောင် လုပ်ခဲ့တာဆိုတော့ အခု အခွင့်အရေး ရှိလာတော့ ဝင်ပြီး စွက်ဖက်လာမှာ ကျိန်းသေပေါက်ပဲ …”

ဟော်ယွမ်ယွမ်နှင့် ထျန်းရန်တို့ ခေတ္တမျှ တိတ်ဆိတ်သွားခဲ့ကြသည်။ ထျန်းရန်မှ

“ ဟွမ်ဟိုင်အုပ်စုက ဟောင်ကောင်မှာ အတော်လေး ဩဇာလွှမ်းမိုးမှု ရှိတယ်… သူတို့က လင်းယွင်အုပ်စုနဲ့တောင် ယှဉ်နိုင်တဲ့ ကုမ္ပဏီပဲ … တကယ်လို့ သူတို့သာ ဝင်စွက်ဖက်လာမယ်ဆိုရင် Tesla ကို အတိုင်းအတာတစ်ခုထိအောင် ကူညီပေးနိုင်မှာ သေချာတယ်…”

လင်းရီ ရယ်မောလိုက်၏။ “ သူတို့မှာ လွှမ်းမိုးမှု ရှိတယ်… ဒါပေမယ့် သူတို့ရဲ့ စိတ်ဓာတ်တွေက trend နဲ့ အမှီမလိုက်နိုင်ဘူး ….. ‘ သချင် ‘ က‌ ကျရှုံးနေပြီးသားကို ဒါတောင် နည်းလမ်းဟောင်းကြီးတွေ သုံပြီး ငါတို့ ဟွာရှက စီးပွားရေး လုပ်ငန်းရှင်တွေကို စိန်ခေါ်ချင်နေတုန်းပေါ့ … သူတို့က အခြေအနေကို မှားယွင်း တွက်ချက်မိနေကြပြီ….”

“ ဥက္ကဌလင်းက ဘာကို ပြောချင်တာလဲ မသိဘူးရှင့် ….”

“ ငါက ကုမ္ပဏီရဲ့ အရေးတွေမှာ ဝင်ပါလေ့ မရှိဘူးဆိုပေမယ့် နယ်ပယ် တော်တော်များများက အကြီးအကဲပိုင်းတွေနဲ့တော့ ထမင်းအတူစားဖူးတယ်…” လင်းရီ ရှင်းပြလိုက်ပြီး “ ဒီလူတွေက နည်းနည်းတော့ ခက်တယ် .. အမြဲတမ်း 996 အလုပ်လုပ်ဖို့လောက်ပဲ ခေါင်းထဲ ရောက်နေကြတာ … ဒါပေမယ့် သူတို့တွေမှာလည်း သူတို့ အားသာချက်နဲ့ သူတို့တော့ ရှိတယ်… စီးပွားရေး လောကဆိုတာ ကြီးသူကို ရိုသေပြီး ငယ်သူကို ချစ်ခင်ကြင်နာတတ်ကြတဲ့ လောကကြီး မဟုတ်ဘူး … ပြီးတော့ ကြိုးဝိုင်းထဲ ဝင်လာကြတဲ့ လူတွေကလည်း ဟွမ်ဟိုင် အုပ်စုလို ကုမ္ပဏီကို အရေးလုပ်ပြီး ဘယ်သူမှ မျက်နှာသာပေးနေကြမှာ မဟုတ်ဘူး ..”

“ ဆိုတော့ အခု ဒီရဲ့ ဟွမ်ဟိုင် အုပ်စုကို အာရုံထားနေစရာ မလိုဘူးပေါ့ …”

“ မလိုဘူး … “ လင်းရီ ပြောလိုက်ပြီး “ သူတို့က မိမိုက်ချင်သလို လုပ်ချင်နေရင် နှစ်ယောက်လုံးကိုပါ အတူ ပေါင်းပြီး သတ်ပေးလိုက်ကြတာပေါ့ …”

“ နားလည်ပါပြီ… “

ဒေါက် ဒေါက် ဒေါက် …

တစ်စုံတစ်ယောက် ထပ်မံပြီး တံခါးလာခေါက်ပြန်သည်။

ထျန်းရန်၏ အတွင်းရေးမှူးမှ အထဲသို့ ဝင်ရောက်လာခဲ့၏။

“ ဥက္ကဌလင်း … ဒါရိုက်တာဟော် … ဒါရိုက်တာထျန် …”

တစ်ယောက်ချင်းစီအား နှုတ်ဆက်ပြီးနောက် ထျန်းရန်၏ အတွင်းရေးမှူးမှ ပြောလိုက်၏။

“ ဒါရိုက်တာထျန်ရှင့် … Tesla ရဲ့ ဥက္ကဌက ဒါရိုက်တာနဲ့ တွေ့ချင်နေပါတယ်…”

သုံးယောက်သား တစ်ယောက်ကိုယ်တစ်ယောက် ကြည့်မိလိုက်ကြသည်။ လင်းရီ ပြုံးလိုက်ပြီး “ ဒီလူက တော်တော်လျင်သားပဲ …”

“ ကျွန်မတို့ သူ့ကို တွေ့ကြမလား …” ထျန်းရန် စကား အစ်ကြည့်လိုက်သည်။

“ ဒါပေါ့ … ဒါပေမယ့် ငါ ထပ်ပြီး ပြောမယ်… သူ့ကို နာနာ ရိုက်ပစ် … ဘာ မျက်နှာသာမှ ပေးနေစရာ အကြောင်း မရှိဘူး …”

“ အဲ့လိုဆို စိတ်သက်သာသွားပြီ…”

“ ကောင်းပြီ… မင်းတို့ကောင်တွေ Tesla ကို ဂရုစိုက်ပေးလိုက်ကြ .. ငါ အရင်သွားနှင့်ပြီ…”

“ ကျွန်မ လိုက်ပို့ပေးမယ်…”

ထျန်းရန်မှ လိုက်ပါပို့ဆောင်ရင်း နှစ်ယောက်သား အဆောက်အဦးအပြင်သို့ ရောက်ရှိလာသည်။

လင်းရီ သူ့ကားထဲဝင်၍ မောင်းထွက်သွားခဲ့၏။

Tesla အဖို့ကတော့ … လင်းရီသည် ဟော်ယွမ်ယွမ်နှင့် ထျန်းရန် နှစ်ယောက်လုံး ရှိနေသဖြင့် မည်သည့် ပြဿနာမျှ ရှိလိမ့်မည် မဟုတ်ဟု ယုံကြည်ပါသည်။

ရဲစခန်းသို့ မောင်းနေရင်းဖြင့် လင်းရီသည် ရန်စီထံသို့ ဖုန်းခေါ်လိုက်သည်။

“ အလုပ်များနေလား ….”

“ မနေ့ညက မနက်သုံးနာရီမှ အိပ်ရတယ်… ဒါပေမယ့် ထရတော့ မနက် ခြောက်နာရီ … နင့် အရေးမပါတဲ့ ကိစ္စတွေကြောင့် အခု ပန်ဒါမျက်လုံးကြီးတွေနဲ့တောင် ဖြစ်နေပြီ…” ရန်စီမှ ချစ်စဖွယ်ကောင်းစွာ မြည်တွန်တောက်တီးလိုက်သည်။

“ အလုပ်တွေ အရမ်းကြိုးစားနေတာပဲ … ကောင်းပြီလေ…. ဒီကိစ္စ ပြီးသွားတဲ့အခါကျ မင်းကို ကောင်းကောင်း ဆုချပေးမယ်…”

“ ငါ အခု ပိုက်ဆံလည်း ပြတ်မနေပါဘူးနော်… ပြီးတော့ နင် ဆုချတာလည်း လိုအပ်မနေဘူး … နင့်ရဲ့ ဘော်ဒီကိုသာ အချိန်ပေးပြီး ကောင်းကောင်းလေ့ကျင့်ထား …. အရေးကြီးတဲ့ အချိန်ရောက်တော့မှ ထထ မဖောက်စေနဲ့ ….”

“ ရဲဘော် ရန်စီ … မင်း ခုတလော လူကို စိန်လာလာခေါ်နေတာ ငါ သတိထားမိနေတယ်နော်….”

“ ဟုတ်တယ်… မကျေနပ်ဘူးလား .. ငါ့ကိုလာကိုက်လေ လာကိုက် ….”

“ ဖြစ်ချင်တော့ အခုအားနေတာနဲ့ အတော်ပဲ … မင်းဆီ လာလည်လိုက်ရမလား …”

“ အန် … မလုပ်နဲ့ မလုပ်နဲ့ ……” ရန်စီ အကြောက်အကန် ချက်ချင်း ငြင်းဆိုလိုက်ပြီး “ နင်လာရင် ငါ ဒီကျန်တဲ့ တစ်နေ့လုံး ဘာအလုပ်မှ လုပ်နိုင်မှာ မဟုတ်တော့ဘူး ….”

“ ဟမ့် … ကိုယ့်ကိုယ်ကိုတော့ သိသေးသားပဲ ….”

လင်းရီ ပြုံးလိုက်ပြီး “ အခု အလုပ်ကိစ္စပြောကြစို့ … မင်းရဲ့ အင်အားစုတွေကို သူ့အပေါ်မှာပဲ အာရုံစိုက်ထားခိုင်းလိုက် … ကောင်းကောင်းလုပ်နိုင်ရင် မင်းကို ဆုချပေးမယ်….”

“ ကျစ် … နင့်မှာ လူ့အခွင့်အရေး လေးစား လိုက်နာမှုဆိုတာ တကယ်ကို မရှိဘူးပဲ …”

နှစ်ယောက်သား ခဏကြာမျှ အီစီကလီ လုပ်ပြီးနောက် လင်းရီ ဖုန်းချလိုက်သည်။ စက္ကန့်အနည်းငယ်ကြာအောင် စဉ်းစားပြီးနောက် သူ ချိန်ပင်းချန်ထံ ဖုန်းခေါ်လိုက်လေသည်။

သို့သော် နှစ်ကြိမ်တိုင် ဖုန်းခေါ်နေသည့်တိုင် တစ်ဖက်မှ ပြန်ဖြေမလာချေ။

လင်းရီ နှုတ်ခမ်းကိုက်မိလိုက်၏။ ကြည့်ရသည်မှာ အစည်းအဝေးခန်းထဲတွင် ရောက်နေသဖြင့် ဖုန်းမကိုင်နိုင်သည့်ဟန်ပင်။

ထို့နောက် ဝီချက်ထဲသို့ ဝင်ပြီး ကျန်းလင်အား ကိုင်တွယ်ရန် စာတိုပို့ထားလိုက်သည်။ စစ်ပွဲက စတင်နေပြီ ဖြစ်သဖြင့် သူ့အား အသက်ရှင်ချန်ရစ်ထားဖို့ မလိုအပ်တော့ချေ။ ဝီချက် မက်ဆေ့ချ် ပို့ပြီးနောက် လင်းရီ ရဲစခန်းရုံးခွဲသို့ မောင်းနှင်လာသည်။ လူတိုင်းက လီရှန်းဟွေ့၏ ရုံးခန်းထဲတွင် လက်ဖက်ရည် ထိုင်သောက်နေခဲ့ကြ၏။

ယခု အမှုအား ဖြေရှင်းပြီး ဖြစ်သဖြင့် လူတိုင်း၏ စိတ်အခြေအနေမှာ ကောင်းမွန်လို့နေသည်။

သို့သော် လုံးထွေးနေသည့် မီးခိုးငွေ့တို့ကတော့ ရုံးခန်းထဲသို့ ရောက်လာသည်ဟု မထင်ရစေပဲ အဘိုးကြီးများ လူစုပြီး မာကျောက်ကစားနေကြသည်ဟု ထင်ယောင်ထင်မှား ဖြစ်သွားစေခဲ့၏။

“ ငါမင်းကို အနားပေးထားတယ်မဟုတ်ဘူးလား … ဘာလို့ ဒီရောက်လာခဲ့တာ …”

“ ဘယ်လိုပဲ ပြောပြော ကျုပ်ကလည်း ပြည်သူ့ဝန်ထမ်း တစ်ယောက်ပဲလေ… အချောင်ခိုနေလို့ ဘယ်ဖြစ်မှာ … အလုပ်လုပ်ရမှာပေါ့ ….”

“ လျှာစောင်းထက်တာခြင်း ပြိုင်မယ်ဆိုရင်တော့ မင်းကို နိုင်မယ့်သူ ရှိမယ်လို့ ငါ မထင်ဘူး …” လီရှန်းဟွေ့ အပြုံးဖြင့် ပြောလိုက်သည်။ သူ လင်းရီအား ပိုကြည့်မိလေ၊ ပိုနှစ်သက်လေ ဖြစ်လာပြီး ၎င်း၏ အနာဂတ်ကလည်း တလက်လက် တောက်ပလို့နေသည်။

“ အစ်ကိုလီ … လင်းရီက မြို့ပြစီမံရေး ရုံးဆီ လွှဲပြောင်းခံထားရတာ မလား … သူ့ကို ဘယ်တော့ ပြန်ခေါ်မှာ …” ကျန်းဟွေ့မှ ပါးစပ်ထဲတွင် ဆေးလိပ် ကိုက်ရင်း မေးလိုက်သည်။

“ ငါလည်း သေချာတော့ မပြောနိုင်သေးဘူး …” လီရှန်းဟွေ့ ပြောလိုက်ပြီး “ ခေါင်းဆောင် ဘယ်လိုကိုင်တွယ်မလဲ ဆိုတဲ့ အပေါ်မှာပဲ မူတည်တယ်… ဒါပေမယ့် အခု သူ့အပေါ် သက်ရောက်မှုလည်း သိပ်မရှိပါဘူး … လစာနဲ့ အကျိုးခံစားခွင့်တွေကလည်း အတူတူပဲ … သူ့လုပ်သက်ကိုရော ထိခိုက်နေလို့လား … သူ ပြန်ပြီး ပြောင်းရွှေ့လာဖို့ဆိုတာက အချိန်တစ်ခုလောက်ပါပဲ …”

“ ကျုပ်ကတော့ အထက်က တစ်ယောက်ယောက်က လင်းရီနဲ့ ဇယားရှုပ်ဖို့ ကြံနေတယ်လို့ ခံစားနေရတယ်….”

“ သိသာနေတာပဲ မဟုတ်လို့လား …” လီရှန်းဟွေ့ ပြောလိုက်ပြီး “ ဒါရိုက်တာကျန်းပေါ့ … စောက်အဘိုးကြီးက ဘာတွေမှားနေလဲ ငါလည်း မသိတော့ဘူး …”

“ ကျုပ်ကို စိုးရိမ်မနေကြပါနဲ့ … ထွေထူးလည်း မဟုတ်တာကို …” လင်းရီ အပြုံးလေးဖြင့် ပြောလိုက်သည်။ သူ အလျင်မလိုချေ။

သူ၏ မစ်ရှင်အပေါ် ထိခိုက်မှု မရှိသ‌ရွေ့ မည်သည့်နေရာ၌ အလုပ်လုပ်ရသည်ကို စိတ်ရှိလိမ့်မည် မဟုတ်ချေ။ ထိုအခိုက်အတန့်တွင် ပြတင်းပေါက် အပြင်ဘက်မှ ကား ဘရိတ်အုပ်သံတို့ ပျံ့လွင့်လာသည်။

ကောင်းမင်ကျွင်း စပ်စုလိုစိတ်ဖြင့် ခေါင်းပြူကြည့်လိုက်ရာ သူ၏ ပုံစံမှာ လုံးဝ ရှော့ခ်ရသွားခဲ့၏။ “ သေစမ်း … အသက်တွေတော့ ရှည်ကုန်ဦးမယ်… အဲ့ဘိုးတော်က ဒီဘာလာလုပ်တာလဲဟ … “

ကောင်းမင်ကျွင်း၏ ရှော့ခ်ရနေသည့် ပုံစံကို မြင်တော့ ကျန်းဟွေ့မှ သိလိုစိတ် ပြင်းပြစွာဖြင့် မေးမြန်းလိုက်သည်။

“ ဘယ်သူရောက်လာလို့ …”

“ ကျန်းလင် …” ကောင်းမင်ကျွင်း ပြောလိုက်ပြီး “ ငါတို့ ခေါင်းဆောင်ကလည်း သူ့ဘေးမှာပဲ …”

“ မင်း တကယ်ကြီးလား … သူက ဒီကို ဘာလာလုပ်တာလဲတဲ့ ….”

“ ငါလည်း အဲ့တာ သိချင်နေတာပဲလေ…” ကောင်းမင်ကျွင်း လက်ထဲမှ စီးကရက်ကို ဖိချေလိုက်ပြီး “ အရင်ဆုံး သန့်ရှင်းရေး လုပ်လိုက်ကြစို့ … ဘာပဲဆိုဆို သူက ငါတို့ထက် ရာကြီးတဲ့လူ … ငါတို့ ရုံးခန်းကို ဒီလိုကြီး မြင်သွားရင် မကောင်းဘူး …”

အားလုံး အနည်းငယ် အလုပ်ရှုပ်သွားကြပြီး အကြမ်းဖျင်း သိမ်းဆည်းလိုက်ကြ၏။ အနည်းဆုံးတော့ ရုံးခန်းတစ်ခုဆိုသည့် ပုံစံ ပြန်ပေါက်သွားခဲ့လေသည်။

လင်းရီ နှုတ်ခမ်းကိုက်မိလိုက်သည်။

ချိန်ပေချန်ရဲ့ အစည်းအဝေးက ခုထိ မပြီးသေးဘူးလားဟ ….

ဒီလောက်ကြာနေပြီကို ခုထိ မကိုင်တွယ်ရသေးဘူးပဲ …

မကြာမီ အပြင်ဘက်မှ ခြေလှမ်းသံတို့ ထွက်ပေါလာပြီး လျိုကွမ်းရှန်နှင့် ကျန်းလင်တို့ အပြုံးကိုယ်စီဖြင့် ဘေးချင်းကပ် လျှောက်လာခဲ့ကြသည်။

ကျန်းလင်က ပိန်ပိန်ရှည်ရှည်နှင့် ဖြစ်ပြီး ထင်ရှားသည့် မေးရိုးကြီးများဖြင့် ဆံပင်ကို ဘေးတိုက်ခွဲထားသည်။ သူ့တွင် ကေဒါ တစ်ယောက်၏ အရှိန်အဝါတို့ကလည်း ရှိနေသည်။

“ စုန့်တဲယွမ်ရဲ့ အမှုက ဖြေရှင်းပြီးသွားပြီ … ဒါရိုက်တာကျန်း ဒီရောက်လာတာက မင်းတို့နဲ့ တွေ့ချင်လို့ပဲ …”

လီရှန်းဟွေ့ ပြုံးလျက် ခေါင်းညိမ့်လိုက်သည်။ “ ကျေးဇူးတင်ပါတယ် ခေါင်းဆောင် … ဒါပေမယ့် ဒီအမှုမှာ လင်းရီကပဲ ကြီးကြီးမားမား အကျိုးဆောင်ခဲ့တာပါ့ … တကယ်လို့ သူသာ ပုန်းကွယ်နေတဲ့ သဲလွန်စတွေကို ရှာမတွေ့ခဲ့ဘူးဆိုရင် ကျုပ်တို့လည်း ဒီလောက်မြန်မြန်နဲ့ ဖြေရှင်းနိုင်မှာ မဟုတ်ဘူး …”

လီရှန်းဟွေ့သည် အကျိုးရမှတ်များ အားလုံးကို လင်းရီအား ပေးလိုက်ပြီး ခေါင်းဆောင်ရှေ့တွင် အမြင်ကောင်း ရစေလိုနေသည်။

သို့သော် ကျန်းလင်မှာ ၎င်းကို နှစ်သက်သည့်ပုံ မရပေ။ ထိုအစား လင်းရီကို ခြေဆုံးခေါင်းဆုံး စေ့စေ့စပ်စပ် ကြည့်၍

“ လင်းရီဆိုတာ မင်းလား …”

“ ကျုပ်ပါပဲ …”

“ ငါမင်းကို မြို့ပြစီမံရေးရုံးမှာ နေရာချထားမပေးဘူးလား … အဲ့တာကို မင်းက ဒီဘာလာလုပ်တာတုန်း …”

“ ကျုပ်ရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေကို လာတွေ့တာလေ… မရလို့လား …”

ကျန်းလင်သည် လက်နောက်ပစ်လျက် အေးစက်စက် နှာမှုတ်လိုက်၏။

“ ခုက အလုပ်လုပ်ရမယ့် အချိန် … မင်းက တာဝန်နေရာကနေ ထွက်ခွာပြီး စည်းကမ်းတွေကို ချိုးဖောက်ခဲ့တယ်… ဒီမှာ အလုပ်ဆက်လုပ်ဖို့ မလိုတော့ဘူး … မင်းလို စည်းကမ်း မရှိတဲ့ လူတစ်ယောက်က ဒီလို နေရာမျိုးမှာ ရှိနေစရာ မလိုဘူး .. အထုပ်အပိုးတွေ ပြင်ပြီး အိမ်ပြန်တော့ …”

All Chapters