← Chapters

သူ့ကို သေအောင် ရိုက်သတ်

Vol. 116 Ch. 1734

သူ့ကို သေအောင် ရိုက်သတ်

Vol. 116 Ch. 1734

ဝမ်ကျား၏ စကားလုံးက လူတိုင်းအား စိတ်သက်သာရစွာ သက်ပြင်းချသွားစေခဲ့သည်။

ထိုအခိုက်အတန့်၌ သူတို့ရင်ထဲ လေးလံနေသည့် တစ်စုံတစ်ခုက တစ်မဟုတ်ချင်း ပြုတ်ကျသွားသည့်နှယ်ပင်။

“ မင်းက ဝန်ခံပြီဆိုမှတော့ ငါတို့ကို အမှန်အတိုင်းပြောလိုက်တော့ … မင်း ပိုပြီး ပြောလေ ခံယူရမယ့် ပြစ်ဒဏ်က လျော့ပေါ့လေပဲ … ကိုယ့်အကျိုးအတွက် ကောင်းကောင်းစဉ်းစား….”

“ အမှန်တရားက …. ဘာမှ ပြောစရာ သိပ်မရှိပါဘူး … ရှင်တို့အားလုံး ခန့်မှန်းထားတဲ့ အတိုင်းပါပဲ …” ဝမ်ကျား စိတ်ဝိဉာဏ်ပျောက်ဆုံးနေသည့် လေသံဖြင့် ပြောလိုက်ပြီး “ ကျွန်မ ငါးမျှားကြိုးနဲ့ ကင်မရာကို သုံးပြီး ကျွန်မရဲ့ ဝမ်းကွဲကို သတ်ခဲ့တယ်… ဒါပေမယ့် ဒါတွေ အကုန်လုံးကို ကျန်းဟောက်ကပဲ စီစဉ်တာ … ကျွန်မနဲ့ ဘာမှမဆိုင်ဘူး …”

“ မင်းရဲ့ လုပ်ရပ်တွေ ဖော်ထုတ်ခံလိုက်ရမှာကြောက်လို့ … ပြီးတော့ တူကျွမ့်ကလည်း အရေးပါတဲ့ အချက်အလက်တွေကို သိထားလို့ မင်း သူ့ကို နှုတ်ပိတ်ဖို့ ကြိုးစားခဲ့တယ်ပေါ့ ….”

“ ဟုတ်တယ်….”

“ နှုတ်ပိတ်ရတဲ့အထိ ဖြစ်ရလောက်အောင် တူကျွမ့်က ဘာတွေများ သိထားလို့လဲ …”

“ စုန့်တဲယွမ် ကမ်းပါးပေါ်က ပြုတ်မကျခင် သူ တူကျွမ့်နဲ့ ဗွီဒီယိုကော ပြောခဲ့တယ်… အဲ့မှာ ကျွန်မလည်း ရှိနေခဲ့တယ်…” ဝမ်ကျား ရှင်းပြလိုက်ပြီး “ အရင်သုံးလတုန်းက ကျွန်မတို့ သုံး ယောက် အပြင်ကို မကြာမကြာ ထွက်ဖြစ်ကြတယ်… အကြိမ်တိုင်းလည်း ကျွန်မ စုန့်တဲယွမ်ကို ကမ်းပါးကနေ ပြုတ်ကျအောင် မျှားခေါ်ခဲ့တယ်… နောက်ဆုံး ဒီတစ်ကြိမ်မှာတော့ အောင်မြင်သွားခဲ့တာပေါ့ …”

“ ဘာလို့ ဒီသုံးလမှ စလုပ်တာ … မင်းရဲ့ လုပ်ရပ်တွေ ဖော်ထုတ်ခံလိုက်ရတော့မှာမို့လား ဟုတ်လား …”

သူမ၏ ကံကြမ္မာကို လက်ခံထားပြီး ဖြစ်နေသည့် ဝမ်ကျားမှ ခေါင်းညိမ့်လိုက်၏။

“ တူကျွမ့် ကျွန်မကို ကျိုးဟိုင် ခေါ်လိုက်တာက ညီအစ်မချင်း သံယောဇဉ်ကြောင့် မဟုတ်ဘူး … သူက စုန့်တဲယွမ်အကြောင်း ကောင်းကောင်းသိပြီး သူ့ရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ဖြေလျော့ချင်လို့ပဲ ….”

“ သူက ဘာလို့ အဲ့လိုလုပ်တာ … သူက စုန့်တဲယွမ်ရဲ့ ချစ်သူ မဟုတ်ဘူးလား … အသစ်တွေ့ရင် အဟောင်းမေ့တတ်တဲ့ စုန့်တဲယွမ်ရဲ့ အကျင့်အတိုင်းဆိုရင် တကယ်လို့ မင်းရောက်လာခဲ့ရင် သူ့အပေါ် ဆက်ပြီး ဘယ်လိုလုပ် ရင်းနှီးမြုပ်နှံပေးတော့မှာ …”

လင်းရီ သိချင်စွာဖြင့် မေးမြန်းလိုက်၏။

“ ဘာလို့ဆို အဲ့ဒီ အချိန်တုန်းက တူကျွမ့်က သူ အလုပ်လုပ်နေတဲ့ ကုမ္ပဏီ သူဌေးနဲ့ တွဲနေပြီလေ… တစ်ဖက်က စုန့်တဲယွမ်ထက်လည်း ပိုချမ်းသာတယ်တယ်… ဒါပေမယ့် သူက လောဘကြီးတဲ့လူဆိုတော့ စုန့်တဲယွမ်ဆီကနေ ရနေတဲ့ အကျိုးအမြတ်ကိုလည်း လက်မလွှတ်ချင်ဘူး … ဒါကြောင့်မို့ ဒီလို လုပ်လိုက်တာပဲ …”

“ အဲ့တာအပြင်ကို စုန့်တဲယွမ်မှာက ဟိုလို . . . . . ..”

“ ရတယ် .. ပွင့်ပွင့်လင်းလင်းတာပြော.. ဒီ အခြေအနေထိ ရောက်ပြီးမှတော့ ဘာမှ ဖုံးကွယ်ထားနေစရာ မလိုတော့ဘူး …”

“ သူက ကျွန်မတို့ ညီ အစ်မနှစ်ယောက် သူ့ကို အတူတူ ပြုစုပေးတာကို လိုချင်နေတာ … ဒါပေမယ့် တူကျွမ့်က ဘယ်တော့မှ သဘောမတူဘူး … ပြီးတော့ စုန့်တဲယွမ်ဘက်ကလည်း လက်မလျော့ချင်ဘူး … ဒါကြောင့်မို့ တူကျွမ့်ကို ခုချိန်ထိ သူ့အနားမှာ ထားထားတာပဲ … လတိုင်း ပိုက်ဆံတွေ ပေးတယ်….”

ထိုစကားကြားတော့ ကူရိရန်၏ အမူအရာမှာ ထူးဆန်းသွားခဲ့၏။

အမှန်လည်း လင်းရီ ပြောသည့်အတိုင်း ဖြစ်နေသည်။

ဒီ နှာဘူးအိုကြီးကတော့ …

ကျန်သူများကတော့ ထိုအကြောင်း များများစားစား တွေးတောမနေခဲ့ကြချေ။ အဘယ်ကြောင့်ဆိုသော် လူကုံထံ အသိုင်းအဝိုင်း၌ ထိုသို့သော ကိစ္စမျိုးတို့က ဖြစ်ရိုးဖြစ်စဉ်လို ဖြစ်နေသောကြောင့်ဖြစ်၏။ သူတို့ အမှုလိုက်ရင်း ယခုထက် ဆိုးသည့် ကိစ္စများကိုပင် မျက်မြင်ကြုံတွေ့ဖူးကြပါသည်။

“ ဆိုတော့ … မင်းတို့တွေ ဒီကိစ္စ အကောင်အထည်ဖော်နေကြတာ သုံးလလောက် ရှိနေပြီပေါ့ …” လင်းရီ မေးမြန်းလိုက်၏။

“ အင်း … ဘာလို့ဆို ကျန်းဟောက်နဲ့ စုန့်တဲယွမ် နှစ်ယောက်လုံးက သူတို့တွေ ကျွန်မတို့ နှစ်ယောက်လုံးကို ဂရုစိုက်ပေးနိုင်တယ်လို့ ကတိပေးကြတယ်… ပြီးတော့ ကျန်းဟောက်က အတော်လေး ဉာဏ်ကောင်းပြီးမှ အပြင်အဆင်တွေ အားလုံးကို သူကပဲ လုပ်သွားတာ … အဲ့ဒီအချိန်တုန်းက စုန့်တဲယွမ် နည်းနည်းလေးပဲ သင်္ကာမကင်း ဖြစ်သေးတယ်.. ဒါကြောင့်မို့ အကောင့်တွေကို သိပ်မစုံစမ်းမိလိုက်ဘူး … အဲ့ဒါကြောင့်မို့ ဒီအချိန်ထိ ကြာသွားခဲ့တာပဲ ….”

“ မင်း စုန့်တဲယွမ်ကို အော့လုံတောင် ရှုခင်း ဧရိယာကနေ ပြုတ်ကျအောင် ဘယ်လိုလုပ်ခဲ့တာ ..” ကူရိရန် မေးမြန်းလိုက်သည်။

“ သူ တူကျွမ့်နဲ့ ဗွီဒီယိုကော ပြောပြီးတော့ ခေါင်းထဲ နောက်ကျိကျိ ဖြစ်လာလို့ အပြင်ထွက် လမ်းလျှောက်ချင်တယ် ပြောတယ်…” ဝမ်ကျား ခေါင်းငုံ့၍ ပြောလိုက်ပြီး “ နောက် သူ အိမ်က ထွက်သွားတော့ ကျွန်မ သူ့အနောက်ကနေ တိတ်တိတ်လေး ချောင်းလိုက်ရင်း ချောက်ကမ်းပါးအောက်ကို ထွက်လာခဲ့လိုက်တယ်…. ကျွန်မရဲ့ အပေါ်ထပ်ကို ချွတ်ပြီး အောက်အတွင်းခံကို လှန်ပြလိုက်တော့ သူ့စိတ်တွေ လှုပ်ရှားလာပြီး ကမ်းပါးကနေ ပြုတ်ကျသွားခဲ့တာပဲ …”

“ ဟူး …”

ဝမ်ကျား၏ စကားကို ကြားတော့ လူတိုင်း စိတ်သက်သာရစွာ သက်ပြင်း မှုတ်ထုတ်လိုက်ကြ၏။

ဤမျှ အချိန်ကြာအောင် စုံစမ်း စစ်ဆေးပြီးသည့်‌ နောက်ဆုံး၌ အမှု၏ ပျောက်ကွယ်နေသည့် အချက်များအားလုံးကို ဖြေရှင်းနိုင်ခဲ့လေပြီ။

လက်စသတ်တော့ သူတို့အားလုံးမှာ ရှုပ်ထွေးတဲ့ ဆက်ဆံရေးကိုယ်စီ ရှိနေခဲ့တာပဲ …

ဤသည်က ကျန်းဟောက်အပေါ် သဘောထားအမြင် အသစ် တစ်ခု တိုးပွားသွားခဲ့စေသည်။

သူက တကယ့်ကို ပုံမှန်မဟုတ်ပေ။ လက်တစ်ချောင်းပင် မြှောက်စရာ မလိုလိုက်ပဲ ဝမ်ကျားကို စိတ်ပညာ နည်းလမ်းဖြင့် ထိန်းချုပ်၍ ကွင်းဆက်လူသတ်မှုအား ကျူးလွန်ခဲ့သည်။

ဒီကောင့်ရဲ့ အိုင်ကျူက တော်တော်ကောင်းတာပဲ …

ထိုအခိုက်အတန့်တွင် လင်းရီ၏ စိတ်ထဲ၌ စာတန်း တစ်ခု ပေါ်ထွက်လာသည်။

သူ၏ မစ်ရှင် လုပ်ဆောင်ချက်မှာ (၄/၁၀ ) ဖြစ်သွားခဲ့ပြီး နောက်ထပ် အမှု တစ်ခု ဖြေရှင်းပြီး ဖြစ်ကြောင်းကို ပြသလာခဲ့သည်။

လင်းရီ တွေးကြည့်လိုက်၏။ စနစ်က စုန့်တဲယွမ်၏ အမှုကို ညွှန်းဆိုနေခြင်း ဖြစ်လောက်မည်။ အဘယ်ကြောင့်ဆိုသော် Tesla အမှုက ယခုထိ မပြီးသေးသောကြောင့် ဖြစ်၏။

တစ်နည်းဆိုရသော် စုန့်တဲယွမ်၏ အမှုသည် ယခု ဤနေရာ၌ အဆုံးသတ်သွားခဲ့ချေပြီ။

လူသတ်သမားတို့က ဝမ်ကျားနှင့် ကျန်းဟောက်တို့ ဖြစ်ကြ၏။ မဟုတ်ပါက စနစ်မစ်ရှင် ဇယား၏ ပြီးမြောက်မှု လုပ်ဆောင်ချက်က ထွက်ပေါ်လာခဲ့မှာ မဟုတ်ပေ။

“ အစ်ကိုလီ … ကျုပ် အပြင် ခဏထွက်ဦးမယ်… ကျန်းဟောက်ကို စစ်ဆေးတဲ့ ကိစ္စ ကျုပ် ဝင်မပါတော့ဘူး … ခင်များတို့ပဲ လုပ်လိုက်တော့ …”

“ အိုကေလေ….”

လီရှန်းဟွေ့ များများစားစား မပြောခဲ့ချေ။ ဝမ်ကျားက ဝန်ခံပြီး ဖြစ်သဖြင့် ကျန်သည့် ကျန်းဟောက်အား စစ်ဆေးမေးမြန်းရန်က လုပ်ရိုးလုပ်စဉ် တစ်ခုကဲ့သို့သာ ဖြစ်သွားခဲ့ချေပြီ။

ဤအမှုအား ပိတ်သိမ်းရန်က ပြဿနာ မရှိတော့သဖြင့် လင်းရီ ရှိနေခြင်း မရှိနေခြင်းက အရေးမကြီးတော့ပေ။

စစ်ကြောရေး အခန်းထဲမှ ထွက်လာခဲ့ပြီးနောက် လင်းရီသည် ကျောဆန့်၍ လီချူးဟန်၏ နေရာသို့ သွားရန် ဟန်ပြင်လိုက်သည်။

သူ ဟွာရှန်းဆေးရုံသို့ မောင်းနှင်လာခဲ့လိုက်ပြီး ရှစ်ခုမြောက် ပြင်ပလူနာ ဌာနသို့ ရောက်ရှိလာသည်။

လင်းရီကို မြင်တော့ လူတော်တော်များမှ အကျင့်အလျောက် နှုတ်ဆက်လာကြ၏။ နာ့စ်များကလည်း ယခင်အတိုင်း အခွင့်အရေးရှိသည်နှင့် သူ့အား စနောက်နေသည်။

လီချူးဟန်နှင့် ချောင်ရှင်းတို့ နှစ်ယောက်လုံးက ရုံးခန်းထဲတွင် ရှိနေခဲ့ကြ၏။ ကျန်သည့် လူများအားလုံးက ငယ်ရွယ်ပြီး သူနှင့် မျက်နှာမရင်းနှီးသည့် လူများပင်။

“ အစ်ကိုရီ … ရောက်လာပြီလား ….”

“ အေး... ဒီနေ့ အလုပ်စောဆင်းတာနဲ့ ဒီတန်းလာခဲ့လိုက်တာ ….”

လင်းရီ ဤနေရာသို့ ရောက်လာခဲ့သည်က အဓိကအားဖြင့် လီချူးဟန်၏ အခြေအနေကို စူးစမ်းချင်၍ပင်။

လီချူးဟန်က သူ့နှလုံးသားထဲတွင် အလွန်အမင်း ထူးခြားသည့် နေရာ၌ ရှိနေပြီး သူမအား မည်သို့သော ထိခိုက်နာကျင်မှုမျိုးကိုမှ မခံစားစေလိုပေ။

“ တိုက်ဆိုင်ချက်ပဲ … ညီမတို့လည်း အခု ဆင်းရတော့မှာ …” ချောင်ရှင်း အပြုံးလေးဖြင့် ပြောလိုက်၏။

“ ဒါဆိုလည်း ပစ္စည်းတွေ သိမ်းပြီး အပြင် လမ်းခဏ ထွက်လျှောက်ကြစို့ ….” လင်းရီ ပြုံးလိုက်ပြီး “ စားကောင်းတဲ့ စားသောက်ဆိုင် တစ်ဆိုင် ရှာတွေ့ထားတယ်… မင်းတို့ကို စားကြည့်လို့ရအောင် ခေါ်သွားပေးမယ်….”

“ ဒါဆို ညီမ အားမနာတော့ဘူးနော်…”

လီချူးဟန်၏ မျက်နှာသည်လည်း ပြုံးရွှင်နေသည်။ သူမက ဘာတစ်ခွန်းမျှ မပြောပါသော်လည်း သူမ၏ ပစ္စည်းများအား စတင် ထုပ်ပိုး သိမ်းဆည်းနေပြီ ဖြစ်၏။

လီချူးဟန်၏ နှလုံးသားက အင်မတန် ခိုင်မာပြတ်သားလှသည်။

အဆိုပါ ကောလဟာလများက သူမကို မည်သို့မျှ မနာကျင်နိုင်ပေ။

လင်းရီ အန္တရာယ်ကင်းနေသရွေ့တော့ သူမလည်း အဆင်ပြေပါသည်။

မကြာမီ နှစ်ယောက်သား သိမ်းဆည်းလို့ ပြီးသွားခဲ့ကြ၏။

လင်းရီ အရင်ဦးဆုံး သူတို့နှစ်ယောက်အား ခေါ်လာပြီး ရုပ်ရှင်လိုက်ပြသည်။ ထို့နောက် ဘွတ်ကင်လုပ်ထားသည့် စားသောက်ဆိုင်သို့ ခေါ်လာကာ ထမင်းစားကြသည်။ ညနေ ရှစ်နာရီကျော်တော့ နှစ်ယောက်အား သီးခြားစီခွဲ၍ အိမ်သို့ ပြန်လိုက်ပို့ပေးလိုက်လေသည်။

ထိုအတောအတွင်း လင်းရီသည် ချောင်ရှင်းအား တူကျွမ့်၏ အမှုအကြောင်း ပြောပြလိုက်ပြီး ကောင်မလေးမှာ ကျေနပ်အားရစွာဖြင့် အသံတွေ ထွက်နေခဲ့တော့၏။

ကျန်းဟောက်ကိုပင် ခေတ္တမျှ ချီးမွမ်းလိုက်ပြီး ဤဇာတ်လမ်းက စုံထောက် ဝတ္ထု တစ်ပုဒ် ရေးသားလောက်သည်အထိ လုံလောက်နေသည်ဟု ခံစားနေရလေသည်။

၎င်းအပြင် လင်းရီထံသို့ လီရှန်းဟွေ့၏ ဖုန်းဝင်လာခဲ့ပြီး ကျန်းဟောက်လည်း အပြစ်များအား ဝန်ခံပြီးဖြစ်ကာ စီရင်ချက် ချနိုင်ရန်အတွက် တရားရုံးသို့ လက်လွှဲပေးတော့မည် ဖြစ်ကြောင်း ပြောပြလာသည်။

ဤသည်များအားလုံးက သူ ထင်မှတ်ထားသည့် အတိုင်းအတာအတွင်း၌သာ ရှိ၏။

လင်းရီ ကျိုကျုံးဗီလာကို ပြန်ရောက်လာသည့် အချိန်၌ ညကိုးနာရီ ထိုးနေချေပြီ။

သူ အိမ်ထဲသို့ ဝင်လာသည်နှင့် ကျီချင်းရန်မှ အပြုံးလေးဖြင့် ကြိုဆိုနှုတ်ဆက်၏။

“ ငါ ယွမ်ယွမ် ပြောသံကြားတာ နင် Tesla ကို တိုက်ခိုက်တော့မလို့ဆို ….”

လင်းရီ ခေါင်းညိမ့်ပြီး သူမအား ပွေ့ဖက်လိုက်သည်။

“ လျှပ်စစ်ကားတွေက ကိုယ်တို့ နိုင်ငံရဲ့ အနာဂတ် လမ်းကြောင်းအသစ်ပဲ … အပြည့်အဝ ပံ့ပိုးပေးရမှာပေါ့ …. Tesla လို ကုမ္ပဏီက ဒီလာပြီး ကိုယ်တို့လမ်းကြောင်းမှာ လာပိတ်နေတာကို သေသေချာချာလေး ကိုင်တွယ်ပေးမှ ဖြစ်မှာပေါ့ … အခု အခွင့်အရေးက ရောက်လာပြီ … ဒီတော့ အဆုံးထိ တိုက်ခိုက်သွားရမှာပဲ …”

All Chapters