← Chapters

စိတ်ထဲရှိသည့်အတိုင်းပြောသော ပြိဿ

Vol. 11 Ch. 154

စိတ်ထဲရှိသည့်အတိုင်းပြောသော ပြိဿ

Vol. 11 Ch. 154

“ မိတ်ဆွေတို့။အခု အသက်ဓာတ်ရေစင်ကို သလင်းကျောက်တွေ ဝါးမျိုလိုက်မှာကို စိုးရိမ်စရာ မလိုတော့ဘူး။ ”

ချန်လွေ့ ပြောသည်။

“ တစ်နေ့ကို အသက်ဓာတ်ရေစင် ဇလုံး၁၀၀လောက် ထုတ်ပေးနိုင်တယ်။အဲဒါဆိုရင် လုံလောက်လား။ ”

“ ဇလုံး၁၀၀တောင်လား။အဲလောက်အများကြီး မလိုပါဘူး။အဲဒါ အရမ်းကို အံ့ဩစရာကောင်းတာပဲ။ ”

ဒယ်လောင်သည် ပျော်ရွှင်မှုကို မဖုံးကွယ်ထားနိုင်တော့ပေ။

“ မိတ်ဆွေ။မင်းဘယ်လို လုပ်လိုက်လဲ။ ”

“ ဒါက ထူးခြားတဲ့ ပါရမီတစ်မျိုးပါ။မြေအောက်လောကရဲ့ အခြေအနေ လုံးဝပြန်တည်ငြိမ် သွားရင် အသက်ဓာတ်ရေစင်ကို မူလနေရာအတိုင်း ကျုပ်ပြန်ထားနိုင်တယ်။ ”

ချန်လွေ့ လိမ်နေခြင်း မဟုတ်ပေ။ချန်လွေ့သည် သစ်ပင်များကို စမ်းကြည့်ခဲ့သည်။ အမှန်တကယ်ပင် ပြန်စိုက်ပျိုး၍ရသည်။အရှိန်အဝါနှစ်ဆသာ ပိုပေးရသည်။‌ရွှေ့ပြောင်း စိုက်ပျိုးမည့်မြေနေရာသည် အပင်ကြီးထွားရန်အတွက် လိုအပ်ချက်နှင့်သာ ကိုက်ညီရန် လိုအပ်သည်။သို့မဟုတ်ပါက အပင်သေဆုံးသွားမည်ဖြစ်ပြီး အသက်ဓာတ်ရေစင်လည်း ထိုနည်းလည်းကောင်းပင် ဖြစ်သည်။

“ မင်းရဲ့ပါရမီက တကယ့်ကို မယုံနိုင်စရာပဲ။ ”

တော်ရီနှင့် အခြားပြိဿများ စိတ်လှုပ်ရှားသွားကြပြီး ပျော်ရွှင်သွားကြသည်။ဤမိတ်ဆွေ အသစ်ကြောင့် ပြိဿမျိုးနွယ်တို့၏ ကံကြမ္မာထပ်ပြီး ပြောင်းလဲသွားပြန်သည်။

ဒယ်လောင် ရောက်ရှိလာပြီး တည်ကြည်လေးနက်စွာ ပြောသည်။

“ မိတ်ဆွေ။ဆော်ရွန်မျက်လုံးကို မင်းရသည်ဖြစ်စေ မရသည်ဖြစ်စေ၊ ငါတို့ မြေအောက် ပြိဿမျိုးနွယ်က မင်းနဲ့ရင်းနှီးမှုကို ထာဝရ မှတ်မိနေမှာပါ။ ”

ချန်လွေ့ အနည်းငယ် မလုံမလဲဖြစ်သွားသည်။အကြောင်းရင်းမှာ သူ၏ရည်ရွယ်ချက်မှာ အဓိကအားဖြင့် သူအသက်ဆက်ရှင်ရန် အတွက်သာ ဖြစ်သောကြောင့် ဖြစ်သည်။

“ ယုံကြည်ပေးတဲ့အတွက် ကျေးဇူးပါပဲ။မိတ်ဆွေ။အခုတော့ ကျုပ် ကိစ္စတစ်ခုကို ပြောချင်တယ်။အဲဒါက ကျုပ်တို့ရဲ့ အသက်ဆက်ရှင်ရေးနဲ့ သက်ဆိုင်နေတယ်။ ”

ချန်လွေ့၏ မျက်လုံးများသည် အဝေးရှိ မြေဒြပ်စင်ကောင်အပေါ် ရောက်ရှိသွားသည်။

မြေဒြပ်စင်ကောင် ဒ့ါခ်သည် အဝေး၌ နေနေပြီး မဆင်မခြင မလုပ်ရဲပေ။အကြောင်းရင်းမှာ ၎င်းအရှေ့ရှိ ပြိဿအများစုသည် ၎င်းကိုအလွယ်တကူ သတ်ပစ်နိုင်သည့် ကြောက်မက်ဖွယ်ရာ တည်ရှိမှုများ ဖြစ်နေခြင်းကြောင့် ဖြစ်သည်။

ဒြပ်စင်ကောင်များနှင့် ဆက်သွယ်ပြောဆိုနိုင်သည့် နတ်ဆိုးချန်လွေ့သည် ပြဿများနှင့် ဆွေးနွေးညှိနှိုင်းနေသည်။ခဏအကြာတွင် သူသည် ရင်ဘတ်ကိုပုတ်ရင်း ကျယ်လောင်စွာ ပြောခဲ့သည်။ထို့နောက် ရေကန်ရှေ့တွင် ဆောင့်ကြောင့် ထိုင်လိုက်သည်။သူ အလုပ်ကြိုးစားနေဟန်တူသည်။

ခဏအကြာတွင် ချန်လွေ့သည် ပြိဿများနှင့်အတူ ရောက်လာသည်ကို ဒါ့ခ် မြင်လိုက်ရသည်။

“ ဒါ့ခ်။ဒါက ပြိဿအကြီးအကဲ ဒယ်လောင်။သူ့ကို အရိုအသေပေးလိုက်ဦး။ ”

ဒါ့ခ်သည် ထိုဧရာမ ပြိဿကို ကြောက်နေသည်မှာ အတော်ကြာပြီဖြစ်သည့်အတွက် ချက်ချင်းပင် လက်ကို ကြက်ခြေခတ်ကာ ခေါင်းငုံ့လိုက်သည်။

ဒယ်လောင်သည် ပထမဆုံးအကြိမ်အဖြစ် မြေဒြပ်စင်ကောင်ထံမှ လောကဝတ်ကို လက်ခံလိုက်ရသည်။ဒယ်လောင် အံ့ဩသွားဟန်တူသည်။

“ ချန်လွေ့။မင်းပြောတာမှန်တယ်။ဒီမြေဒြပ်စင်ကောင်က တကယ်ပဲ တခြား မြေဒြပ်စင်ကောင်တွေနဲ့ မတူဘူး။ ”

ချန်လွေ့ ခေါင်းညိတ်လိုက်သည်။

“ ဒါက ရန်သူရဲ့ထောင်ခြောက်ဖြစ်မယ်လို့ ကျုပ် သံသယရှိခဲ့တယ်။အဲဒါကြောင့် ဆိုးယုတ်တဲ့စွမ်းအားတွေကို စုပ်ယူနိုင်တဲ့ ကျုပ်ရဲ့ပါရမီအစွမ်းကို သုံးကြည့်ခဲ့တယ်။ ဒီအစွမ်းက ဖုတ်ကောင်ဖြစ်တော့မယ့် ပြိဿအလောင်းကို ငြိမ်းငြိမ်းချမ်းချမ်း အနားယူစေနိုင်ခဲ့တယ်။ဒါပေမဲ့လည်း ဒီမြေဒြပ်စင်ကောင်မှာတော့ နတ်ဆိုးယင်ကောင်တွေရဲ့ ဆိုးယုတ်တဲ့ စွမ်းအားကို မခံစားခဲ့ရဘူး။ ”

အသက်ဓာတ်ရေစင် ကိစ္စပြီးနောက်တွင် ချန်လွေ့အပေါ် ပြိဿတို့၏ ယုံကြည်မှုသည် အတိုင်းအတာတစ်ခုအထိ တိုးတက်သွားသည်။ချန်လွေ့၏ “ သွေးမျိုးဆက် ပါရမီ ” အစွမ်းကို မျက်မြင်တွေ့ခဲ့ရပြီးပြီဖြစ်သည့်အတွက် သူတို့လုံးဝယုံကြည်သွားခဲ့ကြသည်။

တော်ရီ ဦးစွာပြောသည်။

“ အကြီးအကဲ။ချန်လွေ့ပြောတာက ဖြစ်နိုင်ချေရှိတယ်လို့ ထင်တယ်။ ”

ဘေးဖက်မှ ပြိဿများလည်း သဘောတူကြသည်။ချန်လွေ့ပြောသည့်အတိုင်း မြေဒြပ်စင် သူပုန်အဖွဲ့နှင့်ပူးပေါင်းလျှင် စွမ်းအား ပိုတိုးလာရုံသာမက မြေဒြပ်စင်ကောင်များ၏ သတင်းအချက်အလက်များကိုလည်း ပိုမိုသိရှိရနိုင်သည်။ရန်သူများကို ကိုင်တွယ်ရန် အတွက် ပိုကောင်းသည့်နည်းလမ်းများကို ရှာတွေ့ကောင်း ရှာတွေ့နိုင်ပေသည်။

အားလုံး သဘောတူကြသည့်အတွက် ချန်လွေ့ ပျော်သွားကာ ပြောလိုက်သည်။

“ စိတ်ချရစေဖို့အတွက် ကျုပ် ဒီမြေဒြပ်စင်ကောင်နောက်ကိုလိုက်ပြီးတော့ သူတို့ရဲ့ ယာယီနေအိမ်မှာ သူတို့ရဲ့ခေါင်းဆောင် ထာ့ခ်နဲ့ သွားတွေ့မယ်။ ”

“ မရဘူး။ ”

ပြိဿအကြီးအကဲ ချက်ချင်း ငြင်းပယ်လိုက်သည်။

“ မင်းဆီမှာ အခု အသက်ဓာတ်ရေစင် ရှိနေတယ်။ဒါက ငါတို့ရဲ့ မျိုးနွယ်တစ်ခုလုံးအတွက် အရေးကြီးတယ်။အဲဒါကြောင့် မင်း လွယ်လွယ်နဲ့ မစွန့်စားသင့်ဘူး။ ”

ကျန်ရှိသည့် ပြိဿများကလည်း စိတ်ပိုင်းဖြတ်ထားသည့် အမူအရာများ ပြသကြသည်။ ချန်လွေ့သည် မိမိကိုယ်ကို ချုပ်နှောင်ခံရပြီး အဓိကကာကွယ်ခံရမည့်သူ ဖြစ်လာမည်ဟု မထင်ထားခဲ့ပေ။ချန်လွေ့ ခဏစဉ်းစားပြီး မြေဒြပ်စင်ကောင်ကို ပြောသည်။

“ ဒါ့ခ်။ပထဝီဘုံကနေထွက်ပြေးလာတဲ့ မြေဒြပ်စင်ကောင်တွေနဲ့ ‌ပူးပေါင်းဖို့အတွက် ပြိဿအကြီးအကဲကို ငါပြောပြီးပြီ။စိတ်ရင်းကို ပြသဖို့အတွက် မင်းကိုငါအခု ပြန်လွှတ်လိုက်မယ်။ဒါပေမဲ့လည်း မင်းတို့တွေလည်း စိတ်ရင်းကို ပြန်ပြရမယ်။ပြိဿ သားရဲတွင်းဆီကို မင်းတို့ခေါင်းဆောင် တစ်ယောက်တည်းလာဖို့ မျှော်လင့်ပါတယ်။ငါတို့ရဲ့ အပြန်အလှန် ကူညီဖို့အတွက် အခြေခံလိုအပ်ချက်က နှစ်ဦးနှစ်ဖက် ယုံကြည်ဖို့ပဲ။ ”

လွှတ်ပေးမည်ဟု ချန်လွေ့ပြောသည်ကို ကြားသည့်အခါ ဒါ့ခ်သည် လက်ကို ကြက်ခြေခတ်ပြီး ဦးညွှတ်လိုက်သည်။

“ ချန်လွေ့။မင်းက တကယ့်ကို ယုံကြည်ရတဲ့သူပဲ။ငါတို့ရဲ့ခေါင်းဆောင်က မှန်ကန်တာကို ရွေးချယ်လိမ့်မယ်လို့ ယုံကြည်တယ်။ ”

ချန်လွေ့ ခေါင်းညိတ်ပြီး ပြိဿများကို စကားအနည်းငယ် ပြောလိုက်သည်။ယခု တစ်ခေါက်တွင် ဒယ်လောင် ငြင်းစရာမရှိခဲ့ပေ။သူသည် ပြိဿတစ်ယောက်ကိုပြောကာ ဒါ့ခ်အား သားရဲတွင်းအပြင်သို့ လိုက်ပို့ခိုင်းသည်။

ချန်လွေ့သည် တစ်ခါပြီးတစ်ခါ တိုက်ခိုက်နေခဲ့ရပြီး ခုနတုန်းကလည်း ဆိုးယုတ်သည့် မျက်လုံးနှင့် တိုက်ခိုက်ခဲ့ရသည်။ယခုတွင် အသက်ဓာတ်ရေစင်နှင့် မြေဒြပ်စင်ကောင် ကိစ္စတို့ ပြီးစီးသွားလေပြီ။ချန်လွေ့ အတော်လေး ပင်ပန်းနေပြီ ဖြစ်သည်။ဒယ်လောင်နှင့် ပြိဿများကို စကားအနည်းငယ်ပြောပြီးနောက် ချန်လွေ့သည် ဂူထဲသို့ ပြန်သွားသည်။

ထိုအချိန်၌ ဒိုဒိုသည် စားပြီးခါစသာ ရှိသေးပြီး ထပ်စားချင်နေသေးသည်။ ချန်လွေ့ ပြန်လာသည်ကိုမြင်လိုက်ရာ ဒိုဒိုသည် အလျင်အမြန်ပင် သခင်ဖြစ်သူကို မြှောက်ပင့် ပြောဆိုလိုက်သည်။သူ၏ရည်ရွယ်ချက်မှာ သခင်ဖြစ်သူထံမှ စားစရာ ရရှိရန် ဖြစ်သည်။

သိသမျှ ဂုဏ်ရည်ပြနာမဝိသေသန အားလုံးကို စွတ်ပြောနေသည့် ချွဲကျိကောင်ကို ကြည့်ရင်း ချန်လွေ့ မပြုံးဘဲ မနေနိုင်တော့ပေ။ထို့နောက်ချန်လွေ့သည် သိုလှောင်ခန်း ထဲမှ ခူးဆွတ်ထားသည့် ထင်ယောင်ထင်မှားသစ်သီးများကိုထုတ်ကာ ဒိုဒိုအား ပေးလိုက်သည်။

ထင်ယောင်ထင်မှားသစ်သီးသည် မိစ္ဆာသစ်သီးနှင့် မယှဉ်နိုင်သော်လည်း အတော်လေး ရှားပါးလှသည်။၎င်းသည် ပြင်းထန်သည့် ပုံရိပ်ယောင်များကို ထုတ်လုပ်နိုင်ပြီး ‌တန်ဖိုးကြီးသည့် အဂ္ဂိရတ်နှင့်ဆေးရည် ကုန်ကြမ်းတစ်ခု ဖြစ်သည်။ချန်လွေ့သည် ၎င်းကို အိမ်မွေးတိရစ္ဆာန် စားစရာအနေဖြင့် သုံးသည်ကို သူတို့သိသွားကြလျှင် ရင်ကွဲနာကျပြီး ချန်လွေ့အား ဖြုန်းတီးသည့်အတွက် ဆူပူကြိမ်းမောင်းပေလိမ့်မည်။

သို့သော်လည်း ချန်လွေ့ ဂရုမစိုက်ပေ။အကြောင်းရင်းမှာ ကြယ်စင်စုဥယျာဉ်၏ မှော်ဆန်မှုကြောင့် ထင်ယောင်ထင်မှားသစ်သီး၏ သိုလှောင်ခန်းသည် ပို၍ပို၍ ကြီးလာခြင်းကြောင့် ဖြစ်သည်။ဒိုဒိုသည် ရံဖန်ရံခါ အပျင်းထူသော်လည်း သူ၏အစေခံ ဖြစ်နေသေးသည်။ထို့ပြင် ဒိုဒိုသည် ၎င်း၏သခင်မအား ကာကွယ်သည့်တာဝန်ကို ကောင်းကောင်း ကျေပွန်ခဲ့သည့်အတွက် ဆုချထိုက်ပေသည်။

ဒါနဲ့ သခင်မဆိုတဲ့ အသုံးကတော့......အမှန်တကယ် ဖြစ်လာဖို့ သိပ်မကြာလောက် တော့ပါဘူးလေ။

ဒိုဒိုသည် ချွဲကျိကောင်များကြားတွင် အလွန်ထူးခြားနေလေပြီ။၎င်းတွင် ထူးခြားသော ဝါးမျိုခြင်းအစွမ်းရှိသော်လည်း ချွဲကျိကောင်၏ အပြုအမူ ကျန်ရှိနေသေးသည်။ အပင်အခြေခံသည့် စားစရာများသည် ‌ဆာ-ဒိုဒို၏ တော်ဝင်စား‌သောက်အညွှန်းတွင် ထိပ်ဆုံးဖြစ်ပြီး သခင်ဖြစ်သူ၏ အကင်မှာ ဒုတိယ ဖြစ်သည်။ယခုတွင် အရသာရှိလှသည့် ထင်ယောင်ထင်မှား သစ်သီးများကို မြင်လိုက်သည့်အခါ ၎င်းသည် ဆွဲဆောင်မှုကို မတောင့်ခံနိုင်တော့ဘဲ သွားရည်ကျနေရင်း သစ်သီးကို ယူလိုက်တော့သည်။

ချွဲကျိကောင်သည် အလိုက်သိစွာပင် ဂူထဲမှ ထွက်သွားပြီး တံခါးစောင့် တာဝန်ယူ လိုက်သည်။အမှန်တကယ်မှာ ဒိုဒိုသည် စားစရာကို တစ်ယောက်တည်း သုံးဆောင်ချင်၍ ဖြစ်သည်။

ချန်လွေ့ တဲအိမ်ကိုကြည့်ပြီး အသံတိတ်ညစိမ့်မြေရှိ အခြားတဲအိမ်တစ်ခုကို ရုတ်တရက် သတိရမိသွားသည်။ထို့နောက် ချန်လွေ့ ခေါင်း‌ခါပြီး တဲအိမ်ရှေ့သို့ လမ်းလျှောက်သွား လိုက်သည်။သို့သော် အထဲမဝင်ခဲ့ပေ။

အိပ်ပျော်အိတ်ကို အသီနာအား ပေးထားသည့်အတွက် ချန်လွေ့သည် သိုလှောင်ခန်းထဲမှ အခင်းထူထူ ထုတ်ရတော့သည်။ချန်လွေ့သည် နံရံကိုမှီရင်း တဖြည်းဖြည်းနှင့် မျက်လုံးမှိတ်လိုက်တော့သည်။

မြေအောက်လောက‌တွင် နေရောင်ရော လရောင်ပါ မရှိချေ။ထို့ကြောင့် နေ့နှင့်ည ပြောင်းလဲမှုကို ခံစားရရန် မဖြစ်နိုင်ပေ။အချိန်အတိုင်း ပြောင်းလဲတတ်သည့် ကျောက်တုံးကို ကြည့်၍သာ အချိန်ကို မှန်းဆ၍ရနိုင်ပေသည်။

တဲအိမ်ထဲရှိ ရှည်လျားသော မျက်တောင်များ အနည်းငယ် လှုပ်ရှားသွားကာ အနီရောင်မျက်လုံးများ ဖြည်းဖြည်းချင်း ပွင့်လာသည်။အချိန်မည်မျှကြာသည်အထိ အိပ်ပျော်သွားကြောင်း အသီနာ မသိပေ။ထိုအိပ်စက်ခြင်းသည် အလွန်ချိုမြိန်ပြီး ရွက်စိမ်းတောအုပ်ရှိ သစ်သားအိမ်ကလေး အတွင်း နေ့ရက်များကဲ့သို့ပင် ဖြစ်သည်။ ရွက်စိမ်တောအုပ်မှ ထိုလူထွက်သွားပြီးနောက် ပို၍သက်တောင့်သာရှိသည့် ရှီလန်တောင်ရှိ နေအိမ်များ၌ ပြန်လာသည့်တိုင် အသီနာသည် အေးအေးချမ်းချမ်း မအိပ်စက်ရခဲ့ပေ။

ဒါနဲ့ အဲဒီလူက ဒီအိပ်ပျော်အိတ်ကို သုံးတဲ့ပုံပဲ။ပထမဆုံး အိပ်ကြည့်တုန်းကတော့ ငါဘာမှ မခံစားခဲ့ရဘူး။ဒါပေမဲ့ အခုနမ်းရှိုက်ကြည့်လိုက်တော့ သူ့ရဲ့အငွေ့အသက်တွေ ရှိနေသေး သလိုပဲ။တော်တော်လေးနွေးတယ်။မနေ့တုန်းက သူ့ပုခုံးပေါ် မှီနေရတဲ့ခံစားချက်လိုမျိုးပဲ။

မနေ့တုန်းက ကျောက်ပြားပေါ်မှာ......အဲဒီမကောင်းတဲ့ကောင်က တကယ်ပဲ......

၁၉နှစ်လုံး ထိန်းသိမ်းထားတဲ့ င့ါရဲ့ ပထမဆုံးအနမ်းက ဇဝေဇဝါနဲ့ပဲ ခိုးယူခံလိုက်ရတယ်။

ဒါပေမဲ့လည်း သူငါ့ကို နမ်းတဲ့ခံစားချက်က.......

အသီနာသည် ပါးပြင်များ ပူနွေးလာသကဲ့သို့ ခံစားရပြီး မျက်နှာကို အမြန်အုပ် ထားလိုက်သည်။

အဲလစ်ပြောသည့်အတိုင်းဆိုလျှင် ယောက်ျားနှင့်မိန်းမ နမ်းခြင်းသည် ပထမအဆင့်သာ ဖြစ်သည်။အတော်များများ ကျန်နေသေးပုံရသည်။‌ဥပမာ အင်္ကျီချွတ်တာမျိုး...... အသီနာ၏ စိတ်ထဲ၌ ရူးကြောင်ကြောင် အတွေးများ ပြည့်နှက်သွားတော့သည်။ မျက်နှာပေါ်မှ အပူသည် ခန္ဓာကိုယ်တစ်ခုလုံးထဲသို့ ပျံ့နှံ့သွားသည်ဟု ခံစားလိုက်ရသည်။ ထို့ကြောင့် အသီနာသည် အိပ်ပျော်အိတ်ထဲမှ အလျင်အမြန် ထလိုက်သည်။

အပြင်ဘက်တွင် တစ်ယောက်ယောက် ရှိနေကြောင်း ခံစားလိုက်ရပြီး ဓားကိုကိုင်ကာ တဲလိုက်ကာကို မလိုက်သည်။ထို့နောက် ချန်လွေ့သည် နံရံကိုမှီကာ အိပ်မောကျ နေကြောင်း တွေ့လိုက်ရသည်။အသီနာလည်း လိုက်ကာကို အသာလေး ပြန်ချလိုက်သည်။အသီနာ ထရန်ပြင်လိုက်စဉ် ယခင်တိုက်ပွဲအတွင်း၌ ပျက်စီးသွားခဲ့သည့် အဝတ်အစားနှင့် ချပ်ကာများကို ရုတ်တရက် မြင်လိုက်သည်။ထို့ကြောင့် အသီနာသည် သိုလှောင်လက်စွပ်ထဲမှ အင်္ကျီတစ်ထည် အမြန်ထုတ်ပြီး လဲလိုက်သည်။

အဝတ်အစားလဲပြီးနောက် အသီနာသည် ဓားအပါအဝင် ရှိသမျှအရာအားလုံးကို သိုလှောင်လက်စွပ်ထဲ ထည့်လိုက်သည်။ထို့နောက် တဲအိမ်ထဲမှ အသာလေး ထွက်လာသည်။ဂူပေါက်ဝသို့ ရောက်သောအခါ ဒိုဒိုသည် တံခါးဘေး၌ ဖောက်ထွင်းမြင်ရသည့် ရေအိုင်အဖြစ် ပြောင်းလဲ‌နေသည်ကို တွေ့လိုက်ရသည်။၎င်းသည် အိပ်မောကျနေပုံရသည်။

အသီနာသည် ချန်လွေ့ဘေးရှိ နံရံသို့လာပြီး ဖြည်းဖြည်းချင်း ထိုင်ကာ ချန်လွေ့၏ မျက်နှာကို သေသေချာချာ ကြည့်သည်။ ဒီလူက ဘယ်နေရာမှလည်း ထူးထူးခြားခြား မချောပါဘူး။ဒါပေမဲ့လည်း သူက တခြားယောက်ျားလေးတွေထက် ပိုပြီးကြည့်ကောင်းတယ်လို့ ငါအမြဲတမ်း ခံစားရတယ်။အခုတော့ သူအိပ်မောကျနေပြီ။အမှောင်လမြို့ကနေ အပြေးလာရတယ်။အဓိကတွင်းထဲ အမြန်ပြေးလာတယ်။ပြီးတော့ တရစပ် တိုက်ခိုက်ရတယ်။ ထွက်ပြေးရတယ်။ဒီလိုနဲ့ သူပင်ပန်းနွမ်းနယ်နေမယ်လို့ ငါထင်တယ်။

ဖျက်ဆီးခံထားရတဲ့ အစီအရင်ကို ဖြတ်သန်းပြီးရင် ပြန်တက်လို့ မရတော့တာကို သူသိတယ်။ဒါပေမဲ့ သူက ငါ့ကိုရှာဖို့အတွက် မတုံ့မတိုင်းဘဲ ခုန်ဆင်းလိုက်တယ်။ ဒီငတုံးတော့...

ဒီတစ်ခေါက်ပဲမဟုတ်ဘူး။အရင်တစ်ခေါက် မိုးသစ်တောမည်းမှာရောပဲ.....

ဒီလူက တစ်ခါတစ်လေ တော်တော်လေး ဉာဏ်များတယ်။တစ်ခါတစ်လေတော့ တော်တော် ရင်ထဲထိလောက်အောင် တုံးအတယ်။

အသီနာသည် ချန်လွေ့၏ မျက်နှာအနားကပ်လိုက်သည်။သူ၏ ပတ္တမြားကဲ့သို့ မျက်လုံးများသည် ထိန်းချုပ်၍မရတော့ အချစ်စိတ်များနှင့် အရောင်လက်နေသည်။ ချန်လွေ့၏ အသက်ရှူသံ အရှည်ကြီးနှင့် မိမိ၏တဒိဒိတ်ရင်ခုန်သံကိုပင် အသီနာ ကြားနေရသည်။

အသီနာ၏ လှုပ်ရှားမှုများ နောက်ဆုံး၌ ရပ်တန့်သွားသည်။အသီနာ တုံ့ဆိုင်းနေစဉ် ချန်လွေ့သည် နှုတ်ခမ်းကိုစူပြီး နှုတ်ဆက်ရန် အသင့်ဖြစ်နေသည်ကို ရုတ်တရက် မြင်လိုက်ရသည်။အသီနာ၏မျက်နှာ ချက်ချင်းနီမြန်းသွားသည်။ ဒီမသာကောင်က တကယ်ကြီး အိပ်ဟန်ဆောင်နေတာပဲ။

အသီနာ အတော်လေး ရှက်သွားသည်။ခုနက သူသည် ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ခဲ့ပေ။အချိန်မီ ရပ်တန့်နိုင်ခဲ့၍ တော်သေးသည်။သို့သော်လည်း ချန်လွေ့ သတိထားမိသွားမည်ဟု အသီနာ မထင်ထားမိခဲ့ပေ။

အသီနာ၏ခန္ဓာကိုယ် အနောက်သို့ အမြန်ရွေ့လိုက်သော်လည်း ထိုစိတ်ရှုပ်စရာလူက ပွေ့ဖက်လိုက်သည်။အသီနာ ကြောက်လန့်တကြား ပြန်တွန်းသည့်အခါ သူတို့ နှစ်ယောက်လုံး အခင်းထူထူပေါ် ကျသွားသည်။အသီနာ ရုန်းကန်သော်လည်း သူ၏နှုတ်ခမ်းကို တားဆီးလိုက်သည့်အခါ အားအင်ကုန်ခမ်းသွားပြန်သည်။

ယခုတစ်ခေါက်တွင် နှုတ်ခမ်းသာမက လျှာကိုပါ သိမ်းပိုက်ခံလိုက်ရသည်။အတွင်းကျကျ နှုတ်ခမ်းချင်း ထိတွေ့မှုသည် အသီနာအား အနည်းငယ် ကြက်သီးထသွားစေသည်။ ထိုကဲ့သို့ နမ်းသည့်မြင်ကွင်းမျိုးကို အသီနာ မြင်တွေ့ခဲ့ဖူးသည်။သို့သော် ကိုယ်တိုင် ခံစားကြည့်ရသည့်အခါ ဝိညာဉ်များ ပေါင်းစည်းသွားသကဲ့သို့ ဖော်ပြ၍မရသည့် ခံစားချက်မျိုး ခံစားရလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ချန်လွေ့ကို ဖိထားသည့် အသီနာ တဖြည်းဖြည်းနှင့် နမ်းရှိုက်ခြင်းနည်းစနစ် အချို့ကို ဆရာမပါဘဲ ကျွမ်းကျင်သွားပြီး နှုတ်ခမ်းချင်းတိုက်ပွဲ ပိုမိုပြင်းထန်လာတော့သည်။ ချန်လွေ့သည် မိမိ၏ ရင်ဘတ်အပေါ်ဖိထားသည့် စနေနှစ်ခိုင်၏ ဖွံ့ဖြိုးမှုကို ခံစားနေရပြီး သဘာဝအလျောက် တုံ့ပြန်မှုကို မထိန်းနိုင်တော့ပေ။

အသီနာလည်း ချန်လွေ့၏အောက်ပိုင်းရှိ ထူးထူးခြားခြား တောင့်တင်းနေမှုကို သတိထားမိသွားပြီး ရုတ်တရက် နိုးထသွားသည်။အသီနာ ရှက်သွေးဖြာနေရင်း ချန်လွေ့ပေါ်မှ ခုန်ထလိုက်သည်။

“ တောင်းပန်ပါတယ်။အသီနာ။ငါ....”

စိတ်ပျက်စရာ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကို ချန်လွေ့ တိတ်တဆိတ် မုန်းတီးသွားခဲ့သည်။ချန်လွေ့ အမြန်ထပြီး အသီနာ၏လက်ကို ညင်သာစွာ ကိုင်ထားလိုက်သည်။

“ မင်းကို အဖော်ပြုပေးမယ်။ပြီးတော့ ခဏလောက် စကားပြောကြရအောင်။ ဟုတ်ပြီလား။ ”

“ အင်း... ”

အသီနာ ခေါင်းငုံ့ထားသည်။သူ၏နှလုံးသားသည် ဗုံကဲ့သို့ တုန်ခါနေပြီး မျက်နှာမှာလည်း သွေးထွက်လုမတတ် နီမြန်းနေသည်။အသီနာ အများကြီး မသိသော်လည်း ချန်လွေ့၏ ခုနက ထူးဆန်းမှုအကြောင်းကို သိသည်။ထိုအဆင့်အထိ အသီနာ အသင့်မဖြစ်သေးပေ။

ချန်လွေ့သည် အသီနာ၏ လက်ကိုကိုင်ပြီး အတူတူ ထိုင်လိုက်ပြန်သည်။ ယခုတစ်ခေါက်တွင် ချန်လွေ့သည် ဣန္ဒြေရနေသည်။အသီနာကိုသာ ဖက်ထားပြီး အသီနာ၏ခေါင်းကို သူ၏ပုခုံးပေါ် တင်ထားသည်။ထိုကဲ့သို့ သက်တောင့်သက်သာရှိသည့် အနေအထားသည် အသီနာ၏ တင်းကြပ်နေသာ စိတ်အာရုံများကို ပြေလျော့စေခဲ့သည်။

“ မင်းရဲ့ ဝတ်ရုံက ကြည့်ကောင်းသားပဲ။ ”

၎င်းသည်‘ ဒီနေ့ည လက ဝိုင်းနေတာပဲ ’ကဲ့သို့သော အဓိပ္ပာယ်မရှိသည့် စကား‌ သေးသေးလေးပင် ဖြစ်သည်။အကြောင်းရင်းမှာ ကိုးရိုးကားရား အခြေအနေကို ပြေလျော့စေရန်အတွက် ပြောစရာကောင်းကောင်းတစ်ခုကို ချန်လွေ့ စဉ်းစား၍မရသောကြောင့် ဖြစ်သည်။

သို့သော်လည်း ၎င်းသည် အသီနာအတွက် အတော်လေး ကောင်းမွန်သည်။ငါ့ရဲ့ချပ်ကာကို မဝတ်မိတာ မှန်သွားတာပဲ။ချပ်ကာ မရှိသည့်အတွက် သူ၏ရင်သားမှ ထိုလူကို ပေးစွမ်းသည့် စိတ်လှုပ်ရှားမှု အဆတိုးသွားကြောင်း အသီနာ မသိပေ။

“ ဒီဝတ်စုံကို ရင်းနှီးနေသလိုပဲ..... ”

ချန်လွေ့ ပြန်စဉ်းစားသည်။

“ ဒါက ငါ ပထမဆုံးအကြိမ် သားရဲထိန်းကျောင်း သင်တုန်းက မင်းဝတ်ထားတဲ့ဝတ်စုံပဲ။ ”

“ အင်း... ”

အသီနာ အနည်းငယ် ပျော်သွားသည်။ရုတ်တရက် သူတစ်ခုခုကို တွေးမိသွားပြီး မျက်နှာနီသွားပြန်သည်။အသီနာ ရေရွတ်လိုက်သည်။

“ လူယုတ်မာ.... ”

ထို“ လူယုတ်မာ ” ဆိုသည့် သကားလုံးသည် ချန်လွေ့ကို ပြန်သတိရသွားစေသည်။ အရင်တစ်ခေါက် ကောင်းကင်ပေါ်မှာ သူ့ရဲ့ ရင်သားနဲ့ငါ ပထမဆုံးအကြိမ် “ ထိတွေ့ ” ခဲ့တာပဲ။ဟာ့...အဲဒါက တော်တော်ဆိုးတာပဲ။ဒါပေမဲ့ အထိအတွေ့ကတော့ တကယ်ပဲ.....

အခြေအနေ ကိုးရိုးကားရား ပြန်ဖြစ်နေကြောင်း ခံစားရလိုက်ပြီး ချန်လွေ့ အမြန် စကားလမ်းကြောင်းလွှဲလိုက်သည်။

“ အသီနာ။မင်း အမှောင်လမြို့ဆီလာတာ ၃နှစ်ရှိပြီဆိုတော့အိမ်ကို သတိရလား။ ”

“ ငါ့အမေက ငါငယ်ငယ်လေးတုန်းက ဆုံးပါးသွားခဲ့တာ။အဖေကတော့ စစ်တပ်ထဲမှာ။ ငါငယ်ငယ်ကတည်းက အဖေနဲ့အတူ နေရာတွေအများကြီးသွားရတယ်။ အတည်တကျ အိမ်ဆိုတာ မရှိဘူး။ငါတို့ အကြာဆုံးနေတာကတော့ မှော်ဆရာခံတပ်မှာပေါ့။အဖေ့ကို မတွေ့ရတာ ၃နှစ်ကျော်ပြီ‌ဆိုတော့ နည်းနည်းတော့ သတိရတယ်။ဒါပေမဲ့လည်း အခုတော့ ငါသူ့ကို ထပ်တွေ့ရတော့မယ် မထင်ဘူး။ ”

ချန်လွေ့သည် အသီနာ၏ ခရမ်းရောင်ဆံနွယ်များအား အသာလေး ပွတ်သပ်လိုက်သည်။

“ အသီနာ။ကိုယ့်ကို ယုံလိုက်ပါ။ငါတို့တွေ ဒီနေရာကနေ သေချာပေါက် ထွက်သွားနိုင်မယ်။အဲဒီအချိန်ကျရင် မင်းရဲ့အဖေကို ငါနဲ့တူတူ သွားတွေ့မယ်။ ”

“ နင်...ဘာသွားလုပ်မလို့လဲ။ ”

အဖြေကိုသိနေသော်လည်း အသီနာသည် သံသယနှင့် မေးလိုက်သေးသည်။သူ၏မျက်နှာ အနည်းငယ် ပူလောင်သွားပြန်သည်။

“ အရေးကြီးတာတစ်ခုခု သူ့ကို သင်ပြပေးမလို့ပေါ့။သူ့သမီးကို သူ့ဆီကနေဘယ်လို ပြန်ပေးဆွဲ....အို့။ ”

နောက်ဆုံးစကားလုံးမှာ အသီနာ၏ လက်သီးချက်ကြောင့်ပင် ဖြစ်သည်။

“ ဒါက အိမ်တွင်းအကြမ်းဖက်မှုပဲ...... ”

“ ဟမ့်။မကောင်းတဲ့ကောင်။ ”

အသီနာသည် ချန်လွေ့၏ခါးကို ဆွဲဆိတ်လိုက်ပြန်သည်။

“ နင်ရော လူသားလောကကို သတိမရဘူးလား။ ”

“ ငါ...အဆင်ပြေပါတယ်။ ”

“ ဘာလို့လဲ။ ”

“ ဘာလို့လဲဆိုတော့...ငါ့ကို တိတ်တိတ်လေး ခိုးနမ်းမယ့် မိန်းကလေး မရှိလို့လေ.... အား။အဲဒီနေရာကို ဒီအတိုင်းကြီး မရိုက်နဲ့လေ။ ”

ထိုအချိန်တွင် ချဉ်းကပ်လာသော ခြေသံများက သူတို့ပရောပရည် လုပ်နေသည်ကို တားဆီးလိုက်သည်။သူတို့နှစ်ယောက်လုံး မတ်တပ်ရပ်လိုက်ကြသည်။

ထို့နောက် တံခါးတွင် ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။၎င်းမှာ တော်ရီပင် ဖြစ်သည်။

အဝတ်အစား ဖရိုဖရဲဖြစ်နေသည့် အသီနာနှင့် ချန်လွေ့ကိုမြင်ပြီး တော်ရီ အံ့အားသင့်စွာ ပြောလိုက်သည်။

“ တောင်းပန်ပါတယ်။မိတ်ဆွေ။မင်းတို့ မိတ်လိုက်နေတာကို ငါမနှောင့်ယှက်မိလိုက်ဘူးလို့ မျှော်လင့်ပါတယ်။ ”

ထိုစကားကိုကြားလိုက်ရာ ချန်လွေ့ တံတွေးသီးပြီး သေလုမတတ် ဖြစ်သွားသည်။ အသီနာ၌ [ သရုပ်ခွဲမျက်လုံး ] မရှိ၍ တော်ပေသေးသည်။အသီနာသည် တော်ရီ၏ ဟိန်းသံ၏ အဓိပ္ပာယ်ကို နားမလည်ပေ။

ပြိဿ မိတ်ဆွေ။ခင်ဗျားရဲ့ ပွင့်လင်းမှုကိုတော့ ကျုပ်ပြောစရာစကား မရှိတော့ဘူး။

All Chapters