မျက်နှာဖုံး။မြေဒြပ်စင်ဘုရင်၏ လျို့ဝှက်ချက်
Vol. 11 Ch. 155
“ အာ.....ဘာမှမဖြစ်ပါဘူး။ ”
ခဏကြာပြီးမှသာ ချန်လွေ့ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
“ တော်ရီ။ကိစ္စတစ်ခုခု ရှိလို့လား။ ”
တော်ရီ ပြန်ဖြေသည်။
“ ခုနကထွက်သွားတဲ့ ဒြပ်စင်ကောင်က သူတို့ခေါင်းဆောင်ကို ခေါ်လာပြီ။အကြီးအကဲ ဒယ်လောင်က မင်းကို လာခဲ့ဖို့ ပြောလိုက်တယ်။ ”
ချန်လွေ့ မေးလိုက်သည်။
“ မြေဒြပ်စင်ကောင် ဘယ်နှစ်ယောက် လာတာလဲ။ ”
“ အဲဒီနှစ်ယောက်တည်းပါ။ ”
ချန်လွေ့ ခေါင်းညိတ်သည်။ အခြေအနေ ကောင်းနေတဲ့ပုံပဲ။မဟုတ်ရင် မြေဒြပ်စင် သူပုန်ခေါင်းဆောင်က ရန်သူရဲ့အသိုက်ထဲကို တစ်ယောက်တည်းလာမှာ မဟုတ်ဘူး။
ချန်လွေ့ သွားတော့မည်ကို မြင်လိုက်ရာ အသီနာ မေးလိုက်သည်။
“ ဘာဖြစ်တာလဲ။ ”
မြေဒြပ်စင်ကောင်အကြောင်းကို အသီနာအား ချန်လွေ့ ပြန်ပြောပြသည်။ထို့နောက် အသီနာ ပြောလိုက်သည်။
“ အတူတူသွားရအောင်။အိပ်ပြီးသွားတော့ ငါ့ရဲ့အားအင်တွေ ပြန်ပြည့်လုနီးပါး ဖြစ်သွားပြီ။ ”
ယခုတစ်ခေါက်တွင် မည်သည့်အန္တရာယ်မှ မရှိနိုင်တော့ကြောင်း ချန်လွေ့တွေးမိ သွားသည်။ထို့ကြောင့် သဘောတူလိုက်ပြီး သူတို့သုံးယောက်သည် ဂူထဲမှ အတူတူ ထွက်လာခဲ့ကြသည်။
ဒါ့ခ်သည် စိမ်းပြာရောင် မြေဒြပ်စင်ကောင် တစ်ယောက်ကို ခေါ်လာသည်။၎င်းသည် မယ်ဒူဆာဘုရင်မနှင့် ပြိဿအကြီးအကဲ တို့နှင့်တိုက်ခိုက်ခဲ့သော မြေဒြပ်စင်ကောင် နှစ်ယောက်နှင့် ဆင်တူသည်။၎င်းသည် ဒါ့ခ်ပြောသည့် မြေဒြပ်စင်ဘုရင်၏ လက်ရွေးစင်သုံးယောက်ထဲမှ တစ်ယောက်ဖြစ်သော ခေါင်းဆောင်ထာ့ခ်ပင် ဖြစ်ပေမည်။
ချန်လွေ့ ချဉ်းကပ်လာသည်။[ သရုပ်ခွဲမျက်လုံး ]၌ ဖော်ပြသည့် စွမ်းအားအကဲဖြတ်မှုသည် အမှန်တကယ်ပင် “ မဆုံးဖြတ်နိုင် ” ဖြစ်နေသည်။
ထာ့ခ်၏ ခန္ဓာကိုယ်သည် ဒါ့ခ်ထက် အရွယ်အစားငယ်ပြီး ပြိဿတို့ထက်လည်း အရပ်ပုသည်။၎င်း၏ခန္ဓာကိုယ်သည် လူသားပုံစံနှင့် ဆင်တူသည်။၎င်း၏မျက်လုံးများသည် ဒါ့ခ်ကဲ့သို့ပင် အဖြူရောင်အလင်းများ လင်းလက်နေသည်။“ ဗီဇပြောင်း ” သွားပြီးနောက် ဖြစ်သည့် အဝါရောင်အလင်းများ မဟုတ်နေပေ။
ပြိဿများသည် မြေဒြပ်စင်ကောင်များနှင့် ဆက်သွယ်စကားမပြောနိုင်သည့်အတွက် မြေဒြပ်စင်ကောင်များ နှစ်ယောက်တည်း လာသော်လည်း ဒယ်လောင်နှင့် ပြိဿတို့ သတိထားနေကြသည်။စိမ်းပြာရောင် မြေဒြပ်စင်ကောင်သည် ပြိဿအကြီးအကဲနှင့် ယှဉ်ပြိုင်နိုင်သည့် စွမ်းအားရှိသောကြောင့် ပတ်ဝန်းကျင်ပြိဿများအားလုံး သတိထားနေကြသည်။
စိမ်းပြာရောင် မြေဒြပ်စင်ကောင်သည် ချန်လွေ့ကို မြင်သွားပြီး စတင်နှုတ်ဆက် လိုက်သည်။
“ မင်္ဂလာပါ။ငါ့နာမည်က ထာ့ခ်ပါ။ဒါ့ခ်ကို လွှတ်ပေးတဲ့အတွက် ကျေးဇူးပါပဲ။ ”
[ သရုပ်ခွဲမျက်လုံး ]၏ အသိစိတ်လဲလှယ်မှုကို ဧရိယာနှင့် ယူနစ်အဖြစ် ပိုင်းခြားနိုင်သည်။ ချန်လွေ့သည် ပြိဿများကို အထင်မလွဲစေချင်သည့်အတွက် အနီးအနားရှိ ပြိဿများ နားလည်စေရန် [ သရုပ်ခွဲမျက်လုံး ]၏ ဧရိယာကို ဖြန့်ကျက်ခဲ့သည်။
“ မင်္ဂလာပါ။ငါက ပြိဿတွေရဲ့ မိတ်ဆွေ ချန်လွေ့ပါ။ခေါင်းဆောင်ထာ့ခ် ဒီကိုလာတာက စိတ်ရင်းနဲ့လား။ဒါမှမဟုတ် ရန်လိုစိတ်နဲ့လား။ ”
“ မင်းမှာ မြေဒြပ်စင်ကောင်တွေနဲ့ ဆက်သွယ်စကားပြောနိုင်တဲ့ မှော်စွမ်းအား တကယ်ရှိတာပဲ။ ”
ထာ့ခ်သည် ချန်လွေ့အား ခေါင်းညိတ်ပြရင်း ပြောသည်။ချန်လွေ့၏ အားနည်းမှုကို ထာ့ခ် အထင်မသေးပေ။
“ ငါဒီကို ဒါ့ခ်နဲ့ပဲ လာခဲ့တာ။ဒါက ငါ့ရဲ့စိတ်ရင်းကို သက်သေပြနိုင်တယ်။ပြီးတော့လည်း ငါ့မှာ တခြား သံသယတစ်ခု ရှိတယ်။ ”
အခြားသူများသည် ထာ့ခ်၏စကားကို နားမလည်ကြပေ။ထို့ကြောင့် ချန်လွေ့သည် နားထောင်ပြီးနောက် အသီနာနှင့် ပြိဿတို့အား ဘာသာပြန်ပေးရသည်။
“ ပထဝီဘုံရဲ့ မြေဒြပ်စင်ဘုရင်က ငါတို့မြေဒြပ်စင်ကောင်တွေအတွက် အမြဲတမ်း အမြင့်ဆုံးအုပ်စိုးသူပဲ။ဗီဇပြောင်းတာ လက်မခံချင်တဲ့သူတွေကို ထွက်ပြေးဖို့ ငါဦးဆောင်ခဲ့ပေမဲ့ ငါတို့ရဲ့ အရှင်မင်းကြီးကို ရန်မပြုချင်ဘူး။ပြီးတော့လည်း ငါတို့ရဲ့ ရဲဘော်ရဲဘက်တွေကို ကိုယ့်လက်နှင့်ကိုယ် မသတ်ပစ်ချင်ဘူး။ဒီလိုဆိုရင် မယ်ဒူဆာတွေနဲ့ ပြိဿတွေက မပြည့်စုံတဲ့ မြေဒြပ်စင်ကောင်တွေကို လက်ခံချင်မယ် မထင်ဘူး။ ဒါပေမဲ့လည်း မြေဒြပ်စင်ကောင်တွေရဲ့ ရင်းနှီးမှုကို ပြသတဲ့အနေနဲ့ ငါစိတ်ရင်းနဲ့ ငါလာခဲ့တာ။ငါ မင်းတို့ရဲ့ ရန်သူ မဖြစ်ချင်ဘူး။ ”
ချန်လွေ့၏ ဘာသာပြန်ကို နားထောင်ပြီးနောက် ပြိဿအကြီးအကဲ တိတ်ဆိတ် သွားသည်။သူ လက်ဝှေ့ရမ်းလိုက်ပြီး ပြိဿများကို နောက်ဆုတ်ခိုင်းလိုက်သည်။ လက်ခံချင်သည်ဖြစ်စေ လက်မခံချင်သည်ဖြစ်စေ၊ ထာ့ခ်၏စိတ်ရင်းသည် လက်ခံထိုက်ပေသည်။ပြိဿများအား အားနည်းပြီး ကြောက်လန့်တတ်သည့် ပုံစံမျိုးပေါက်စေသည့် အမူအရာမျိုး ပြုလုပ်ရန် မလိုအပ်ပေ။
ထာ့ခ်သည် မာနကြီးပြီး မဆင်မခြင် လုပ်တတ်သူ မဟုတ်ကြောင်း ချန်လွေ့ ပြောနိုင်သည်။ထို့ကြောင့် ချန်လွေ့ ပြန်ပြောသည်။
“ ထာ့ခ်။ပွင့်ပွင့်လင်းလင်း ပြောပြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ကျုပ် ခင်ဗျားကို မေးခွန်းတစ်ခုမေးချင်တယ်။ပထဝီဘုံကနေ မင်းတို့အဖော်တွေနဲ့ မထွက်သွားရခင်တုန်းက ဒီလိုမျိုးပဲ အခြားသတ္တဝါတွေကို မြေဒြပ်စင်ကောင်တွေက သတ်ပစ်ကြလား။ ”
ထာ့ခ် ခေါင်းခါသည်။
“ ငါတို့ ဒြပ်စင်ကောင်တွေမှာလည်း ကိုယ်ပိုင်စည်းမျဉ်းတွေ ရှိတယ်။ငါတို့ရဲ့ ပိုင်နက်ကို မကျူးကျော်ရင် တခြားသက်ရှိတွေကို ငါတို့ မနှောင့်ယှက်ဘူး။မတိုက်ခိုက်ဘူး။ ”
“ အခုကျတော့ရော။ ”
ချန်လွေ့၏စကားကြောင့် ထာ့ခ် ခေါင်းငုံ့သွားသည်။ချန်လွေ့သည် ထာ့ခ်ကို ရှင်းပြရန် အချိန်မပေးဘဲ ဆက်ပြောသည်။
“ ခုခံနေတဲ့ မယ်ဒူဆာနဲ့ ပြိဿတွေကလွဲရင် တခြားမြေအောက် သတ္တဝါတွေအားလုံးကို ဗီဇပြောင်း မြေဒြပ်စင်ကောင်တွေက သတ်ပစ်လိုက်ကြပြီ။ပြီးတော့လည်း မင်းလို မြေဒြပ်စင်ကောင်တောင် မလုံခြုံဘူး။ဗီဇပြောင်းတာကို လက်မခံလို့ မြေဒြပ်စင်ကောင် တော်တော်များများ ရက်ရက်စက်စက်နဲ့ အသတ်ခံကြရတယ်လို့ ဒါ့ခ်ပြောတာ ကြားခဲ့တယ်။အဲဒီအချိန် မြေဒြပ်စင်ကောင်တွေရဲ့ စည်းမျဉ်းဆိုတာတွေက ဘယ်ရောက်နေတာလဲ။ ”
ထာ့ခ်၏ခေါင်း ပိုငုံ့သွားပြီး ချန်လွေ့ ဆက်ပြောသည်။
“ မယ်ဒူဆာ၊ပြိဿတွေနဲ့ ပူးပေါင်းတာက မင်းတို့ရဲ့ ရဲဘော်ရဲဘက် မြေဒြပ်စင်ကောင် တွေကို သတ်ပစ်ဖို့ပဲ မဟုတ်ဘူး။မင်းတို့ အသက်ဆက်ရှင်ဖို့ အတွက်လည်း ဟုတ်တယ်။ မင်းတို့အချင်းချင်း မသတ်ရင်တောင် ပြိဿနဲ့မယ်ဒူဆာတို့ သုတ်သင်ခံလိုက်ရရင် ကျန်ခဲ့မှာက မပြည့်စုံတဲ့ မင်းတို့ မြေဒြပ်စင်ကောင်တွေပဲ။ကိုယ့်လူတွေကို ပြန်သတ်ဖို့ ကနေ လွတ်မြောက်နိုင်မယ်လို့ ထင်လား။ ”
အားလုံးသည် အချင်းချင်း အမှီပြုနေကြပေသည်။
ထာ့ခ် ခဏစဉ်းစားပြီး ရုတ်တရက် ခေါင်းမော့ကာ ခိုင်ခိုင်မာမာ ပြောသည်။
“ ငါတို့ရဲ့ဘုရင်က အထူးအကြောင်းတစ်ခုခုကြောင့် စိတ်ရှုပ်ထွေးနေခဲ့တာ။သူ့ရဲ့ အစွမ်းထက်တဲ့ ခွန်အားနဲ့ဆိုရင် သူ့စိတ်ထဲက ရှုပ်ထွေးမှုကို ဖြေရှင်းနိုင်ပြီးတော့ မူလအခြေအနေအတိုင်း ပြန်ဖြစ်သွားမယ်လို့ ငါယုံကြည်တယ်။ ”
ချန်လွေ့၏ နှလုံးသား လှုပ်ရှားသွားပြီး မေးလိုက်သည်။
“ ငါလည်းဒါကို သိချင်နေခဲ့တာ။မြေဒြပ်စင်ဘုရင်က ဘာလို့ဒီလောက် ပြောင်းလဲသွား ရတာလဲ။မင်းပြောတဲ့ စိတ်ရှုပ်ထွေးမှုဆိုတာက ဘာလဲ။မင်းသိထားတာကို ပြောပြပါ။ဒါက ငါတို့အသက်ဆက်ရှင်ဖို့ပဲ မဟုတ်ဘူး။မြေဒြပ်စင်ဘုရင်အတွက်လည်း ဟုတ်တယ်။ ပြီးတော့လည်း ဘာကြောင့်မှန်းမသိဘဲနဲ့ မင်းတို့ရဲ့ ရဲဘော်ရဲဘက်တွေကို ကိုယ့်လက်နဲ့ကိုယ် မသတ်ချင်ဘူး မဟုတ်လား။ ”
နောက်ဆုံးစကားကို ကြားပြီးနောက် ထာ့ခ်၏မျက်လုံးထဲရှိ အဖြူရောင်အလင်း တောက်ပသွားသည်။ခဏမျှ စဉ်းစားချင့်ချိန်ပြီးနောက် ထာ့ခ် ပြောလိုက်သည်။
“ ဒီကိစ္စက ဟိုးအရင်ကတည်းကနေ စတင်ခဲ့တာ။လွန်ခဲ့တဲ့ နှစ်၄၀၀လောက်က ထင်တယ်။ ”
အချိန်အတော်ကြာသည်အထိ မြေအောက်လောကသည် မျှခြေအနေအထား၌ ရှိနေခဲ့သည်။လွန်ခဲ့သော နှစ်ထောင်ချီခန့်က အပေါ်ဘက်နေရာလပ်ကို အပြည့်အဝ တူးဖော်နိုင်ခဲ့သည်။သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် သတ္တဝါအများစုသည် မြေအောက်မှ မထွက်သွားချင်ကြပေ။အထူးသဖြင့် မျိုးပွားရန်နှင့် အသက်ဆက်ရှင်ရန် အတွက် အသက်ဓာတ်ရေစင်ကို မှီခိုနေကြရသူများ ဖြစ်သည်။အစွမ်းထက်ဆုံး အင်အားစုဖြစ်သည့် မြေဒြပ်စင်ကောင်များအတွက် သူတို့၏ မွေးဖွားခါစ မြေဒြပ်စင် ဘုရင်သည် ချိပ်ပိတ်ကို အလွယ်တကူ ချိုးဖျက်နိုင်သော်လည်း မြေဒြပ်စင်ကောင် များသည် ကိုယ်ပိုင်စည်းမျဉ်းများ ရှိကြသည်။ကျန်ရှိသည့် အဖွဲ့အစည်းများကို သူတို့ အလွယ်တကူ ဝင်ရောက်မစွက်ဖက်ပေ။ထို့ကြောင့် ချိပ်ပိတ်ကို မချိုးဖျက်ဘဲ ပထဝီဘုံထဲ၌သာ ငြိမ်းငြိမ်းချမ်းချမ်းနှင့် သက်တောင့်သက်သာ နေနေခဲ့ကြသည်။
သို့သော်လည် တစ်နေ့တွင် ရုတ်တရက် ပြောင်းလဲမှုတစ်ခု ဖြစ်သွားခဲ့သည်။ထူးဆန်းသော အပြင်လူတစ်ယောက်သည် အစွမ်းထက်ချိပ်ပိတ်ကို ချိုးဖောက်ပြီးနောက် လမ်းတစ်လျှောက်ရှိ သတ္တဝါများကို သတ်ပစ်ခဲ့သည်။မူလက ၎င်းသည် ပထဝီဘုံနှင့် ဘာမှမဆိုင်ပေ။သို့သော်လည်း ထိုအပြင်လူသည် မြေဒြပ်စင်ကောင်များကိုသာ သတ်ပစ်ခဲ့သည်။မြေဒြပ်စင်ကောင်းများ၏ စည်းမျဉ်းသည် အခြားသူများ မနှောင့်ယှက်ပါက သူတို့လည်း နှောင့်ယှက်မည်မဟုတ်ပေ။ထို့ကြောင့် မြေဒြပ်စင်ဘုရင် လျစ်လျူရှု၍ မရတော့ပေ။မြေဒြပ်စင်ကောင်များကို သတ်ပစ်ရဲသည့် ရန်သူကို ကိုယ်တိုင် သတ်ပစ်ရန် သွားတော့သည်။
ရန်သူ၏အစွမ်းသည် စိတ်ကူးနိုင်သည်ထက် ကျော်လွန်နေသည်။မြေဒြပ်စင်ဘုရင်၏ စွမ်းအားဖြင့်ပင် ရန်သူကို တစ်ချက်တည်း ပွဲမသိမ်းနိုင်ပေ။ကြောက်မက်ဖွယ်ရာ တိုက်ပွဲသည် မြေဒြပ်စင်ကောင်များ နေထိုင်ရာ ပထဝီဘုံ၌ ဖြစ်ပျက်ခဲ့ပြီး တစ်ရက်နှင့်တစ်ည ကြာမြင့်ခဲ့သည်။နောက်ဆုံး၌ မြေဒြပ်စင်ဘုရင်သည် ပထမဘုံရှိ အခွင့်သာမှုနှင့်အတူ အနိုင်ရခဲ့ပြီး ရန်သူကို အဆုံးသတ်နိုင်ခဲ့သည်။
မြေဒြပ်စင်ဘုရင် ပြောသည့်အတိုင်းဆိုလျှင် ရန်သူ၏စွမ်းအားသည် လွန်စွာ ကြောက်မက်ဖွယ်ကောင်းလှသည်။ထို့သော်လည်း ထိုရန်သူသည် တိုက်ပွဲမစခင်က ဒဏ်ရာအပြင်းအထန် ရထားခဲ့သည်။သို့မဟုတ်ပါက ပထဝီဘုံ၌ပင် မြေဒြပ်စင်ဘုရင်သည် ထိုရန်သူကို ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။
ချန်လွေ့ ထိတ်လန့်သွားသည်။
မြေဒြပ်စင်ကောင်တွေက မြေထဲမှာ တိုက်ခိုက်ရေးစွမ်းအား အကောင်းဆုံးပဲ။မြေဒြပ်စင် ဘုရင်လည်း ဒီလိုပဲ။ဒဏ်ရာအပြင်းအထန် ရနေတာတောင်မှ မြေဒြပ်စင်ဘုရင်ကို ဒီလိုအတိုင်းအတာအထိ တိုက်ခိုက်နိုင်တယ်ဆိုတော့ အဲဒီရန်သူကနတ်ဆိုးအရှင်သခင် အဆင့်လောက် ရှိရမယ်။ဒီလိုအစွမ်းထက်တဲ့သူက မြေအောက်လောကကို တစ်နည်းနည်းနဲ့ ရောက်လာပြီးတော့ ဘာလို့ မြေအောက်သတ္တဝါတွေကိုသတ်၊ ဘာလို့ မြေဒြပ်စင်ကောင်တွေနဲ့ ပြဿနာဖြစ်ရတာလဲ။
ထာ့ခ် ဆက်ပြောသည်။ရန်သူကို နှိမ်နင်းလိုက်နိုင်သော်လည်း အဖြစ်အပျက်သည် အဆုံးမသတ်သွားသေးပေ။ဘုရင် သုတ်သင်လိုက်သည့် ရန်သူသည် ထူးဆန်းသော စွမ်းအားများ ထုတ်လွှတ်နေသည့် အရာတစ်ခုကို ချန်ရစ်ခဲ့သည်။၎င်းသည် ပြင်းထန်သည့် အဟန့်အတားကို ဖြစ်စေသည်။မြေဒြပ်စင်ဘုရင်သည် ၎င်းကို ပထဝီဘုံရှိ ဘုရင့်ခန်းမဆောင်ထဲ၌ ကိုယ်တိုင် ဖိနှိပ်ထားရသည်။
အဲဒါက အဓိကသော့ချက် ဖြစ်နိုင်တယ်။
ချန်လွေ့ အလျင်အမြန် တွေးတောလိုက်သည်။ချန်လွေ့ ဘာသာပြန်ခြင်းကို ရပ်တန့်ပြီး စကားဖြတ်ပြောလိုက်သည်။
“ အဲဒါက ဘာလဲ။ ”
“ မျက်နှာဖုံးတစ်ခုပဲ။တော်တော်လေး ကြောက်စရာကောင်းတယ်။အဲဒီမျက်နှာဖုံးက နည်းနည်းတော့ မပြည့်မစုံ ဖြစ်နေတယ်။ဒါပေမဲ့ အဲဒီမှာ ထူးခြားတဲ့ စွမ်းအားတွေ ရှိတယ်။အနားကပ်လိုက်ရင် ဝိညာဉ်ကို ဆွဲယူနေသလို ခံစားရတယ်။ ”
မျက်နှာဖုံးအကြောင်းကို အသီနာနှင့် ပြိဿတို့အား ချန်လွေ့ ဘာသာပြန်ပေးပြီးသည့်အခါ ပြိဿများ နားမလည်ပေ။သို့သော်လည်း အသီနာ စဉ်းစားနေပုံရသည်။
“ အစပိုင်းမှာတော့ ဘုရင်က လက်ထဲမှာပဲ မျက်နှာဖုံးကို ကိုင်ထားပြီးတော့ စွမ်းအားနဲ့ ဖိနှိပ်ထားတယ်။ ”
ထာ့ခ်၏မျက်နှာသည် အမူအရာ အမျိုးမျိုး မပြနိုင်သော်လည်း သူ၏အသံထဲ၌ ကြောက်လန့်မှုအနည်းငယ် ရှိနေသည်။
“ ဒါပေမဲ့ တစ်နေ့ကျတော့ ဘာ့ကြောင့်မှန်းမသိ ဘုရင်ကြီးက မျက်နှာဖုံးကို ဝတ်ထားခဲ့တယ်။ ”
မျက်နှာဖုံးနဲ့ ဘုရင်ကြီးသည် တဖြည်းဖြည်းနှင့် ထူးဆန်းလာခဲ့သည်။ဘုရင့်ခန်းမဆောင်၌ တစ်နေ့လုံး မလှုပ်မရှားဘဲ နေနေသည်။အစပိုင်းတွင် သူသည် လက်ရွေးစင် မြေဒြပ်စင်ကောင် သုံးယောက်နှင့် စကားအနည်းငယ် ပြောသေးသည်။ထို့နောက် လုံးဝ တိတ်ဆိတ်သွားခဲ့သည်။မည်သူ့ကိုမှ အထဲပေးမဝင်တော့သည့် မြေဒြပ်စင်ဘုရင်သည် ထူးထူးခြားခြား ပြောင်းလဲမှုများ ဖြစ်ပျက်နေခဲ့သည်။မြေဒြပ်စင်ကောင်များက ၎င်းကို ခံစားမိနေသည်။
ဤသို့ဖြင့် နှစ်၁၀၀ကြာပြီးသည့်အခါ ပထဝီဘုံထဲ၌ ထူးဆန်းသော ပျံတတ်သည့် သတ္တဝါများ ပေါ်ထွက်လာခဲ့သည်။၎င်းတို့သည် ယင်ကောင်နှင့်တူပြီး မြေအောက် လောက၌ တစ်ခါမှ မပေါ်ထွက်လာခဲ့ဖူးပေ။အစပိုင်း၌ မြေဒြပ်စင်ကောင်များက ၎င်းကို ဂရုမစိုက်ခဲ့ပေ။သို့သော်လည်း ထိုယင်ကောင်များ တဖြည်းဖြည်း များပြားလာသည်။ အမြဲတမ်း တိတ်ဆိတ်နေသည့် ဘုရင်ကြီးသည် အမိန့်တစ်ခု ထုတ်ပြန်ခဲ့သည်။ဘယ်သူမှ အဲဒီယင်ကောင်တွေကို ထိခိုက်အောင် မလုပ်ရ ဟူ၍ဖြစ်သည်။
နတ်ဆိုးယင်ကောင်များ ပေါ်ထွက်လာခြင်းသည် ပို၍ပို၍ထူးဆန်းသော အရာများကို ဖြစ်ပျက်စေခဲ့သည်။အသိသာဆုံးမှာ အမြဲတမ်း ပြန်ပြည့်နေသည့် အသက်ဓာတ်ရေစင် တဖြည်းဖြည်း ခမ်းခြောက်လာခြင်းပင် ဖြစ်သည်။နှစ်ပေါင်းများစွာ ကြာပြီးသည့်အခါ တိတ်ဆိတ်နေသည့် ဘုရင်ကြီးသည် အမိန့်တစ်ခု ထုတ်လိုက်ပြန်သည်။ပထဝီဘုံ အနီးအနားက မြေအောက် သတ္တဝါတွေကို သတ်ပစ်လိုက် ဟူ၍ဖြစ်သည်။ ထိုသတ္တဝါများသည် ပထဝီဘုံကို မကျူးကျော်ခဲ့ကြပေ။ထို့ကြောင့် မြေဒြပ်စင်ကောင် များသည် သူတို့၏ ကိုယ်ပိုင်စည်းမျဉ်းကို ဖောက်ဖျက်သည့် ထိုအမိန့်ကို နားမလည်နိုင် ဖြစ်နေခဲ့သည်။သို့သော်လည်း သူတို့သည် ဘုရင်ကြီး၏ဆန္ဒအတိုင်း သစ္စာရှိရှိ ဆောင်ရွက်ခဲ့သည်။
ထူးဆန်းစွာပင် သတ္တဝါများအား သုတ်သင်လိုက်ပြီးနောက် နတ်ဆိုးယင်ကောင် အရေအတွက် သိသိသာသာ များပြားလာသည်။
ထိုအချိန်မှစ၍ မြေဒြပ်စင်ဘုရင်သည် ပို၍ပို၍ ထူးဆန်းလာသည်။နှစ်နှင့်ချီ၍ သူစကားပြောခဲသည်။စကားပြောလျှင်လည်း သတ်ရန် အမိန့်ပေးခြင်းပင် ဖြစ်သည်။နတ်ဆိုးယင်ကောင်တို့၏အရေအတွက် သိသိသာသာ တိုးလာသည်။ မြေဒြပ်စင်ကောင်များလည်း သံသယဖြစ်လာကြသည်။လက်ရွေးစင် သုံးယောက်ဖြစ်သည့် ထာ့ခ်၊ထော့ခ်နှင့် ဆော့ခ်တို့သည် ဘုရင့်ခန်းမဆောင်ထဲသို့ ဝင်ရန် အကြိမ်ကြိမ် ကြိုးစားကြည့်ခဲ့သည်။သို့သော်လည်း မည်သည့်တုံ့ပြန်မှုကိုမှ မရပေ။အပြစ်တင်သံကိုလည်း မကြားရပေ။
အချိန်တစ်ခုကြာပြီးသည့်အခါ မြေဒြပ်စင်ဘုရင် စကားပြောလာပြန်သည်။ အစွမ်းထက်သော လျို့ဝှက်ချက်တစ်ခုကို သူရရှိခဲ့ကြောင်း နှင့် ထိုလျို့ဝှက်ချက်ကို လေ့လာနေခဲ့ကြောင့် ဘုရင်ကြီး ပြောခဲ့သည်။အောင်မြင်မည်ဆိုလျှင် မြေဒြပ်စင်ကောင်များကို ပိုမိုအစွမ်းထက်စေနိုင်သည့် ဗီဇပြောင်းလဲခြင်းကို ထိန်းချုပ်နိုင်လိမ့်မည်။သို့သော်လည်း မြေဒြပ်စင်ကောင်သည် ဗီဇပြောင်းလဲခြင်းကို မခုခံဘဲ လက်ခံရန်လိုအပ်သည်။သစ္စာအရှိဆုံး လက်ရွေးစင် မြေဒြပ်စင်ကောင် ထော့ခ်သည် လျို့ဝှက်နည်းလမ်းကို စတင်လက်ခံလိုက်ပြီး သူ၏အစွမ်း အမှန်တကယ်ပင် တိုးတက်သွားသည်။သို့သော်လည်း ထူးဆန်းစွာပင် ထော့ခ်သည် ယခင်မှတ်ဉာဏ်များ ပျောက်ဆုံးသွားဟန်တူပြီး ထာ့ခ်နှင့် ဆော့ခ်ကိုပင် မမှတ်မိတော့ဘဲ သူ၏ငယ်သားများအားလုံးကို ဗီဇပြောင်းလဲခြင်း လက်ခံခိုင်းလိုက်သည်။
ဗီဇပြောင်း မြေဒြပ်စင်ကောင်များလည်း မှတ်ဉာဏ်ပျောက်ဆုံးသွားကြသည်။သူတို့သည် ဘုရင်၏အမိန့်ကို ပို၍နာခံလာကြသည်။သူတို့သည် မြေအောက်သတ္တဝါများကို စတင်သတ်ဖြတ်လာပြီး အရေအတွက်အများဆုံး ပိစိမှင်စာများကိုပင် သုတ်သင်ခဲ့သည်။
ထာ့ခ်နှင့် ဆော့ခ်တို့သည် ဗီဇပြောင်းလဲခြင်းကို မသင်္ကာဖြစ်လာသည်။သူတို့သည် ထိုမျက်နှာဖုံးအပေါ်တွင် သံသယကြီးကြီးမားမာ ထားခဲ့သည်။ဆော့ခ်သည် ဘုရင့်ခန်းမဆောင်ထဲသို့ အမှန်တရားကို ရှာဖွေရန် တိတ်တဆိတ် သွားခဲ့သည်။ သို့သော်လည်း ဘုရင်က သူ့ကို မတော်တဆ ရှာတွေ့သွားသည်။ဘုရင့်ခန်းမဆောင်ထဲမှ ထွက်လာသည့်အခါ ဆော့ခ်သည် ထော့ခ်ကဲ့သို့ပင် ဖြစ်သွားသည်။ဗီဇပြောင်း မြေဒြပ်စင်ကောင်များသည် အဖော်များကိုပင် အလွတ်မပေးခဲ့ပေ။မြေဒြပ်စင် သူပုန်အများအပြား အသတ်ခံလိုက်ရသည်။ထို့ကြောင့် ဘုရင်သည် မျက်နှာဖုံး၏ သက်ရောက်မှုကို ခံနေရကြောင်း ထာ့ခ် အတည်ပြုနိုင်ခဲ့ပြီး ဗီဇပြောင်းလဲခြင်းကို လက်မခံသည့် မြေဒြပ်စင်ကောင်များနှင့်အတူ ပထဝီဘုံမှ ထွက်ပြေးသွားကြတော့သည်။ သူသည် မြေဒြပ်စင်ဘုရင် နိုးထပြီး ပုံမှန်အတိုင်း ပြန်ဖြစ်မည့်နေ့ကို စောင့်မျှော်နေခဲ့သည်။
ထာ့ခ်၏စကားကို ကြားပြီးနောက် ချန်လွေ့၏ စိတ်ထဲရှိ သံသယများ တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားသည်။ယခင်က အဓိကနေရာများသည် ရေးရေးလေး ချိတ်ဆက်လာသည်။အမှန်တရား ပေါ်လာတော့မည် ဖြစ်သည်။
မြေဒြပ်စင်ဘုရင်၏ မူမမှန်ပြောင်းလဲမှုသည် ထိုမျက်နှာဖုံးနှင့် ဆက်နွယ်ရပေမည်။ နတ်ဆိုးယင်ကောင်များ ပေါ်ထွက်လာခြင်းသည်လည်း ထိုကဲ့သို့ပင် ဖြစ်သည်။ရန်သူ ပျက်စီးသွားသည်နှင့်အတူ သူတို့၏အရေအတွက် တိုးလာသည်။သူတို့သည် အခြားသူများ၏ အသက်နှင့်အသားကိုစား၍ အစွမ်းတိုးလာနိုင်ပုံရသည်။ ဤအခြင်းအရာသည် အခြားသတ္တဝါများအား မည်သည့်အတွက်ကြောင့် တိုက်ခိုက်ရခြင်းကို ရှင်းပြပေးနိုင်သည်။
မြေဒြပ်စင်ကောင်များ၏ ဗီဇပြောင်းလဲခြင်းသည် မရိုးရှင်းနိုင်ပေ။၎င်းသည် မြေဒြပ်စင်ဘုရင်များအတွက် သံသယရှိသည့် လက်အောက်ခံများကို ထိန်းချုပ်သည့် အထူးနည်းလမ်းတစ်ခု ဖြစ်နိုင်သည်။ပုံမှန်ဆိုလျှင် မြေဒြပ်စင်ဘုရင်၏ နတ်ဆိုးအရှင်သခင် အစွမ်းဖြင့် သံသယများကို ဖိနှိပ်ရန်၊မြေအောက်သတ္တဝါများကို ဖျက်ဆီးရန် မခက်ခဲလှပေ။ထို့ကြောင့် အရေးကြီးသည့် မေးခွန်းတစ်ခု ပေါ်ပေါက်လာရသည်။
မြေဒြပ်စင်ဘုရင်က အကြောင်းတစ်ခုခုကြောင့် စွမ်းအားမထုတ်နိုင်ဘူး။ဘုရင့် ခန်းမဆောင်ထဲကနေတောင် မထွက်နိုင်ဘူး။
နတ်ဆိုးယင်ကောင်တွေရဲ့ အရေအတွက်က တော်တော်လေးများနေပြီ။ဒါဆိုရင် မြေဒြပ်စင်ဘုရင်က နတ်ဆိုးယင်ကောင်နဲ့ မြေဒြပ်စင်ကောင်တွေကို ထိန်းချုပ်ပြီးတော့ မြေအောက်သတ္တဝါတွေကို ဆက်ပြီး တိုက်ခိုက်ခိုင်းတဲ့ ရည်ရွယ်ချက်ကဘာလဲ။ မြေအောက်လောကကို စုစည်းဖို့လား။
ချန်လွေ့၏စိတ်ထဲ၌ ယူဆချက်အမျိုးမျိုး၊ သံသယအမျိုးမျိုးဖြင့် ချက်ချင်း ပြည့်နှက် သွားသည်။ထာ့ခ်၏စကားကို ဘာသာပြန်ပေးပြီးနောက် အသီနာ သတိထား၍ မေးလိုက်သည်။
“ ချန်လွေ့။အဲဒီ နတ်ဆိုးယင်ကောင်တွေရဲ့ နာမည်တွေက သွေးဆာသော နတ်ဆိုး ယင်ကောင်၊ယိုယွင်းနတ်ဆိုးယင်ကောင်နဲ့ တွင်းတူးနတ်ဆိုးယင်ကောင်ဆိုတာ သေချာလား။ ”
အဓိကတွင်းထဲသို့ ရောက်ကတည်းက အသီနာ တိုက်ခိုက်နေခဲ့ရသည်။ရပ်တန့်ရန် အချိန်မရှိသလောက်ပင် ဖြစ်သည်။မယ်ဒူဆာတို့၏ အသိုက်အမြုံမှ ကျောက်ပြားပေါ်သို့ တယ်လီပို့ခုန်ပြီးနောက်တွင် သူတို့နှစ်ဦးသည် နီးနီးကပ်ကပ် မြူးတူးခဲ့ကြသည်။ ထို့ကြောင့် ထိုကိစ္စကို ဆွေးနွေးခွင့် မရခဲ့ကြပေ။
ချန်လွေ့ ဘာသာပြန်နေသည့်အခါ အသီနာသည် ထိုအသေးစိတ်များကို အာရုံစိုက်ထား ခဲ့သည်။သူ၏မျက်လုံးများ လှုပ်ရှားနေပြီး တစ်ခုခုကို တွေးတောနေပုံရသည်။
“ သေချာတယ်။ ”
ချန်လွေ့ ခေါင်းညိတ်သည်။သူ၏ [ သရုပ်ခွဲမျက်လုံး ] ထံမှ ဖော်ပြသည့် အချက်အလက်များသည် မမှားနိုင်ပေ။
အဖြေကို ရပြီးနောက် အသီနာ လွှတ်ခနဲပြောလိုက်သည်။
“ အဲဒီမျက်နှာဖုံးက ဘာလဲဆိုတာကို ငါသိပြီ။လွန်ခဲ့တဲ့ နှစ်၄၀၀တုန်းက လူကိုရောပဲ။ ”
“ ဘယ်သူလဲ။ ”
“ အဲဒီမျက်နှာဖုံးက နတ်ဆိုးဘုံရှိ အဆောင်ပစ္စည်း(၇)ခုထဲက တစ်ခုဖြစ်တဲ့ နတ်ဘုရား ဝါးမျို မျက်နှာဖုံးပဲ။အဲဒီလူက လွန်ခဲ့တဲ့ နှစ်၄၀၀တုန်းက ဂလော်ဖင်း ဘယ်ဇီဘတ်ပဲ။ ”