← Chapters

အစားကြူး တော်ဝင်မိသားစု။ကပ်ဘေး၏ အရင်းအမြစ်

Vol. 11 Ch. 156

အစားကြူး တော်ဝင်မိသားစု။ကပ်ဘေး၏ အရင်းအမြစ်

Vol. 11 Ch. 156

“ ဂလော်ဖင်း ဘယ်ဇီဘတ် ” ဆိုသည့် နာမည်ကို တစ်နေရာရာမှ ကြားဖူးနေသကဲ့သို့ပင် ချန်လွေ့ အနည်းငယ် ရင်းနှီးနေသည်။လွန်ခဲ့သော နှစ်၄၀၀ခန့်က အမှောင်လမြို့ကို လှုပ်ခါသွားစေသည့် အဖြစ်အပျက်ကြီးအကြောင်း ချန်လွေ့ ရုတ်တရက် သတိရလိုက်သည်။

ဘယ်ဇီဘတ်သည် နတ်ဆိုးဘုံရှိ တော်ဝင်မိသားစု ၇ခုထဲမှဖြစ်ပြီး “ အစားကြူး ” တော်ဝင်မိသားစု ဟူ၍လည်း သိကြသည်။

အမှောင်လမြို့သည် မူလက ကြယ်ကြွေတမန်အင်ပါယာရှိ အကြွယ်ဝဆုံး နယ်မြေ တစ်ခုဖြစ်ခဲ့သည်။လက်ရှိအခြေအနေနှင့် လုံးဝတစ်ခြားစီပင် ဖြစ်သည်။ထိုကဲ့သို့ နိမ့်ကျသွားခြင်း၏ အရင်းအမြစ်မှာ လွန်ခဲ့သောနှစ်၄၀၀ခန့်က ဖြစ်ခဲ့သည့် ဝရုန်းသုန်းကားအခြေအနေကြောင့် ဖြစ်သည်။

လွန်ခဲ့သော နှစ်၄၀၀အကြာ၌ ပျောက်ကွယ်သွားပြီဖြစ်သော ဘယ်ဇီဘတ် မိသားစုသည် အမှောင်လမြို့၌ ရုတ်တရက် ပေါ်ထွက်လာသည်။ ဦးဆောင်သူမှာ ဂလော်ဖင်း ဘယ်ဇီဘတ် ဖြစ်ပြီး အဆောင်ပစ္စည်း၇မျိုးထဲမှ တစ်ခုဖြစ်သည့် “နတ်ဘုရားဝါးမျို မျက်နှာဖုံး”ကို ပိုင်ဆိုင်ထားသည်။ဂလော်ဖင်းသည် အလွန်ပင် အစွမ်းထက်သည်။ ထိုစဉ်က အမှောင်လမြို့၏ အရှင်သည် နတ်ဆိုးဧကရာဇ်အဆင့် ရောက်နေပြီ ဖြစ်သော်လည်း ဂလော်ဖင်း၏ သတ်ခြင်းကို ခံခဲ့ရသည်။အမှောင်လနယ်မြေသည် ဘယ်ဇီဘတ် တော်ဝင်မိသားစု လက်အောက်ထဲ ကျရောက်သွားပြီး အနီးအနားရှိ လိပ်ပြာနီနယ်မြေနှင့် ချော်ရည်ပြာနယ်မြေများကို စတင်ကျူးကျော်တော့သည်။ ကျူးကျော်မှုများသည် မြို့တော်ဆီသို့ တည့်တည့် ဆက်သွားသည်။

ကပ်ဘေးကို ရှင်းလင်းရန်အတွက် နတ်ဆိုးဘုံ၏ အစွမ်းထက်ဆုံးဖြစ်သော သန်းခေါင်နေအရှင် လူစီဖာသည် စစ်တပ်ကို ဦးဆောင်ကာ အမှောင်လမြို့ဆီသို့ ခရီးထွက်တော့သည်။လူစီဖာသည် လမ်းတစ်လျှောက်လုံး “ ကြယ်ကြွေတမန် ဓား ” ကို ကိုင်ဆောင်ထားကာ “ နတ်ဘုရားဝါးမျို မျက်နှာဖုံး ” ကို ကိုင်ဆောင်ထားသည့် ဂလော်ဖင်း ဘယ်ဇီဘတ်နှင့် စစ်ပွဲ ဆင်နွှဲတော့သည်။တိုက်ပွဲသည် မြို့အောက်ပိုင်းမှ ရှေးဟောင်းပြိုင်ကွင်းအထိ ဆက်ဖြစ်ပြီး နောက်ဆုံး၌ ဂလော်ဖင် ရှုံးနိမ့်သွားသည်။ ဂလော်ဖင်းသည် ပျက်စီးနေသည့် အဆောင်ပစ္စည်းကို ကိုင်ရင်း လျို့ဝှက်အစွမ်းသုံးကာ ထွက်ပြေးသွားရသည်။ထို့နောက် ပျောက်ကွယ်သွားသည်။

အမှောင်လမြို့ရှိ သူပုန်များကို နှိမ်နင်းပြီးနောက်တွင် အကြောင်းအမျိုးမျိုးကြောင့် စစ်ကြောင့်ဖြစ်သော ဆုတ်ယုတ်မှုများသည် ယနေ့အချိန်အထိ ပြန်လည်မဖွံ့ဖြိုးနိုင်သေးပေ။

ယခုတွင် သန်းခေါင်နေအရှင် လက်ထဲမှ လွတ်မြောက်သွားခဲ့သော ဂလော်ဖင်း ပြန်ပေါ်ထွက်လာသည်။သူသည် အမှောင်လမြို့မှ လုံးဝမထွက်သွားခဲ့ပေ။သူသည် ရှီလန်တောင်ရှိ အဓိကတွင်းထဲဝင်ပြီး ချိပ်ပိတ်ကို ချိုးဖောက်ကာ အောက်လွှာသို့ ဝင်ရောက်ခဲ့သည်။သူသည် မြေအောက်လောကအထိ ရောက်ရှိခဲ့ပြီးနောက် မြေဒြပ်စင် ဘုရင်နှင့် ဆုံတွေ့ကာ အဆုံးသတ်ခံလိုက်ရသည်။အဆက်မပြတ် ပျက်စီးမှုများကို သယ်ဆောင်လာသည့် ထိုအဆောင်ပစ္စည်း “နတ်ဘုရားဝါးမျို မျက်နှာဖုံး ” သာ ကျန်တော့သည်။

ထို့ကြောင့်ပင် နှစ်၄၀၀ကြာအောင် ကျိုးပေါက်နေသော ချိပ်ပိတ်ထဲမှ နတ်ဆိုးသားရဲများ ထွက်လာနေပြီး ပြဿနာရှာနေခဲ့ခြင်း ဖြစ်သည်။

အံ့သြစရာတစ်ခုကို အသီနာ ပြောလိုက်သည်။

“ ချန်လွေ့။ဂလော်ဖင်းက မသေသေးဘူးလို့ ငါထင်တယ်။ ”

အသီနာ၏ ယူဆချက်မှာ ရှင်းလင်းသည်။ဘယ်ဇီဘတ်မိသားစုကို “ အစားကြူး ” တော်ဝင်မိသားစုအဖြစ်လည်း သိကြသည်။သူတို့တွင် [ ဝါးမျိုခြင်း ] ၊ [မြေမှော်ကျွမ်းကျင်မှု] နှင့် [ နတ်ဆိုးယင်ကောင် ] ဟူ‌သော သွေးမျိုးဆက် ပါရမီသုံးမျိုး ရှိသည်။

[ ဝါးမျိုခြင်း ] သည် ပစ္စည်းအမျိုးမျိုးနှင့် တိုက်ခိုက်မှုများကိုပင် ဝါးမျိုနိုင်ပြီး ခန္ဓာကိုယ်အတွက် အကျိုးရှိသော အားအဖြစ် အသွင်ပြောင်းနိုင်သည်။[ မြေမှော်ကျွမ်းကျင်မှု ] သည် လီဗျာသန် တော်ဝင်မိသားစု၏ [ ရေမှော်ပညာ ] ကဲ့သို့ပင် ဖြစ်ပြီး သွေးမျိုးဆက် စွမ်းအားများကို နိုးထခြင်းဖြင့် မည်သည့် မြေမှော်ပညာကိုမဆို အသုံးပြုနိုင်သည်။[ နတ်ဆိုးယင်ကောင် ] သည် ဘယ်ဇီဘတ် တော်ဝင်မိသားစု၏ အစွမ်းထက်ဆုံး သွေးမျိုးဆက် ပါရမီတစ်ခုဖြစ်သည်။သူတို့သည် အခြားသတ္တဝါများကို ထိန်းချုပ်နိုင်သည့် တိုက်ခိုက်နိုင်သည့် ကြောက်မက်ဖွယ်ရာ နတ်ဆိုးယင်ကောင်များကို ဖန်တီးနိုင်သည်။နတ်ဆိုးယင်ကောင်များ၏ အဆင့်နှင့်အရည်အသွေးသည် တော်ဝင်မိသားစု ကိုယ်တိုင်၏ စွမ်းအားများနှင့် အချိုးကျပေသည်။နတ်ဆိုးဘုံ သမိုင်းကြောင်း၌ ဘယ်ဇီဘတ် တော်ဝင်မိသားစုသည် အင်ပါယာတစ်ခုလုံးကို ဝါးမျိုနိုင်လောက်သည့် နတ်ဆိုးယင်ကောင် စစ်တပ်ကြီးကို ဖန်တီးခဲ့ဖူးသည်။

မြေအောက်ရှိ ထိုနတ်ဆိုးယင်ကောင်များ၏ အရည်အတွက်၊စွမ်းအား နှင့် သွေးဆာသော နတ်ဆိုးယင်ကောင် အမည်တို့ကို အခြေခံ၍ ၎င်းသည် ဘယ်လ်ဇီဘယ် တော်ဝင်မိသားစု၏ အစွမ်းထက်ဆုံး သွေးမျိုးဆက် ပါရမီဖြစ်သော [ နတ်ဆိုးယင်ကောင် ] ဖြစ်လိမ့်မည်ဟု အသီနာ ဆုံးဖြတ်နိုင်ခဲ့သည်။

အသီနာ၏ ဆုံးဖြတ်ချက်အောက်‌တွင် ချန်လွေ့၏ ယခင်အတွေးများ ဆက်လက်ဖြန့်ကျက်နေတော့သည်။အကယ်၍ ဂလော်ဖင်းသာ မသေခဲ့လျှင် နှစ်၄၀၀အထိ မြေဒြပ်စင်ဘုရင် မလှုပ်မယှက် နေနေသည်မှာ ၎င်း၏စွမ်းအားသည် ဂလော်ဖင်နှင့် ညီမျှနေပြီး အဆောင်ပစ္စည်း၏ စွမ်းအားကို အဆက်မပြတ် ဖိနှိပ်နေခြင်းကြောင့် ဖြစ်နိုင်သည်။သတ္တုရိုင်းအပြုန်းထဲရှိ “ သလင်းကျောက် ” များသည် နတ်ဆိုးယင်ကောင်တို့နှင့် သက်ဆိုင်သည့် အားတစ်ခုခု၏ လွှမ်းမိုးမှုကြောင့် ဖြစ်လာခြင်း ဖြစ်နိုင်သည်။သို့မဟုတ် နတ်ဆိုးအရှင်သခင်၏ စွမ်းအားကြောင့်လေ‌လား။

မမျှော်လင့်ဘဲနှင့် ရှီလန်တောင်၏ မိုင်းတွင်း ပြဿနာကို ‌ဖြစ်စေခဲ့သူမှာ အမှောင်လမြို့အား ကသောင်းကနင်း ဖြစ်စေခဲ့သော ဘယ်ဇီဘတ် တော်ဝင်မိသားစု၏ အရှင်ဖြစ်နေသည်။

အမှန်တရားများသည် တစ်ခုပြီးတစ်ခု ပေါ်ထွက်လာသည်။သို့သော်လည်း မေးစရာအချို့ ရှိနေသေးသည်။ သန်းခေါင်နေအရှင်ကို ရှုံးနိမ့်ပြီးတော့ ဂလော်ဖင်းက ဘာလို့ ရှီလန် တောင်ဆီကို တစ်ခါတည်း လာရတာလဲ။သူက တမင်တကာကို မြေအောက်ထဲ သွားခဲ့တာ။မြေအောက်သတ္တဝါတွေကို သတ်ဖြတ်တာက နတ်ဆိုးယင်ကောင် ဖန်တီးဖို့အပြင် တခြားဘာအကြောင်းရင်းတွေ ရှိသေးတာလဲ။

ဆိုးယုတ်မှုများ ပြည့်နှက်နေသည့် ထိုမျက်လုံးများကို တွေးမိလိုက်သည့်အခါ ချန်လွေ့ ကြက်သီးထသွားသည်။သူ၏ ခွဲခြမ်းစိတ်ဖြာမှုကို အခြားသူများအား ပြောပြလိုက်သည်။ထာ့ခ် ထိတ်လန့်သွားသည်။လွန်ခဲ့သော နှစ်၄၀၀လုံးတွင် ‌မြေဒြပ်စင်ဘုရင်သည် ရန်သူနှင့် တိုက်ခိုက်နေရသည်။ဗီဇပြောင်းလဲခြင်း ဆိုသည်မှာလည်း မြေဒြပ်စင်ကောင်များကို ထိန်းချုပ်ရန်အတွက် ကြောက်စရာရန်သူ သုံးခဲ့သော နည်းလမ်းများ ဖြစ်နေသည်။

လက်ရှိအခြေအနေကို ကြည့်ရလျှင် ဘုရင်ကြီးသည် ပို၍အားနည်းလာနေသည်။သူထပ်ပြီး တောင့်ခံနိုင်လောက်တော့မည် မဟုတ်ပေ။သူတို့သည် ဘုရင်ကြီးကို အမြန်ဆုံး ကယ်တင်ရန်အတွက် နည်းလမ်းတစ်ခု စဉ်းစားရပေမည်။သို့မဟုတ်ပါက မြေဒြပ်စင်ကောင်အားလုံး အထိန်းချုပ်ခံရလိုက်လျှင် ကပ်ဘေးကြီး ဖြစ်သွားပေလိမ့်မည်။

“ မြေဒြပ်စင်ကောင်တွေကို ကူညီပေးပါ။ ”

ထာ့ခ်သည် မူလရည်ရွယ်ချက်ကို အတင်းအကျပ် မတောင်းဆိုတော့ပေ။သူသည် လက်ကိုကြက်ခြေခတ်ပြီး ပြိဿအကြီးအကဲအား လေးလေးနက်နက် ဦးညွှတ်လိုက်သည်။

“ ခင်ဗျားတို့၏ ကျေးဇူးကိုဆပ်ဖို့ ကျုပ်တို့ မြေဒြပ်စင်ကောင်တွေ ဘာမဆိုပေးနိုင်ပါတယ်။ ”

ချန်လွေ့ ‌မျက်မှောင်ကြုတ်ပြီး ပြောသည်။

“ မိတ်ဆွေ ဒယ်လောင်။ကြည့်ရတာတော့ ကျုပ်တို့တွေ ဆက်ပြီး စောင့်နေလို့ မဖြစ်တော့ဘူး။ဒီကိစ္စကို ဖြေရှင်းဖို့ ကြိုးစားရမယ်။နတ်ဆိုးယင်ကောင်တွေနဲ့ မြေဒြပ်စင်ကောင်တွေရဲ့ အခြေအနေကို ကျုပ် လေ့လာရသလောက်ဆိုရင် ဘုရင်ကြီးက အားနည်းနေတာ အသေအချာပဲ။မြေဒြပ်စင်ဘုရင်ကိုသာ အဲဒီကြောက်မက်ဖွယ်ရာလူက လုံးဝထိန်းချုပ်နိုင်သွားရင်တော့ ကျုပ်တို့အတွက် ကမ္ဘာပျက်တဲ့နေ့ပဲ။ ”

ဒယ်လောင် ခေါင်းညိတ်ပြီး မျက်လုံးများ သုန်မှုန်သွားသည်။ဗီဇပြောင်း မြေဒြပ်စင်ကောင်များကို တန်ပြန်တိုက်ခိုက်ရန်အတွက် မြေဒြပ်စင်ကောင်များနှင့် ပူးပေါင်းမည်ဟု မူလက သူထင်ထားခဲ့သည်။ယခုတွင် သူ၏ယခင်အကြံအစည်များ မှားယွင်းနေခဲ့လေပြီ။မြေဒြပ်စင်ကောင်ဖြစ်စေ၊ဂလော်ဖင်း အမည်ရှိသူဖြစ်စေ သူတို့သည် နတ်ဆိုးအရှင်သခင်များ ဖြစ်ကြသည်။သူတို့၏စွမ်းအားများကို ပြန်လည်ရရှိသွားလျှင် ပြိဿတို့ ယှဉ်နိုင်တော့မည် မဟုတ်ပေ။

“ ဘာလုပ်ရမလဲ မသိတော့ဘူး။ချန်လွေ့။မင်းက ပြိဿတွေရဲ့ အယုံကြည်ရဆုံး မိတ်ဆွေပဲ။မင်းမှာ အကြံကောင်း‌ရှိရင် ပြောသာပြောလိုက်။ငါတို့ မင်းပြောတာကို နားထောင်မှာပါ။ ”

ဒယ်လောင်သည် မိမိအတွက်သာမဟုတ်ဘဲ ပြဿမျိုးနွယ်တစ်ခုလုံးကိုယ်စား ပြောလိုက်ခြင်း ဖြစ်သည်။

အခြားအရာများ အသာထား။မိစ္ဆာသစ်သီးနှင့် အသက်ဓာတ်ရေစင် ကိစ္စများကပင် ပြိဿမျိုးနွယ်အတွက် ထိုအမူအရာမျိုး ဖော်ပြရန် လုံလောက်နေပြီ ဖြစ်သည်။

ပြိဿတို့၏ သဘောထားကို နားလည်ပြီးနောက် ထာ့ခ်သည် အတော်လေး အားနည်းသည့် ချန်လွေ့ကို အမြင်တစ်မျိုးပြောင်းပြီး ကြည့်လိုက်သည်။သို့သော်လည်း သေရေးရှင်ရေးကာလ၌ ချန်လွေ့သည် အချိန်မဆွဲတော့ဘဲ အစီအစဉ် ဆွဲတော့သည်။ အစီအစဉ်မဆွဲဘဲ သွားမည်ဆိုလျှင် ပြိဿ၊မယ်ဒူဆာနှင့် မြေဒြပ်စင်သူပုန်အဖွဲ့ ပူးပေါင်းသည့်တိုင် မြေဒြပ်စင်ဘုရင်ကို အနိုင်ယူနိုင်မည် မဟုတ်ပေ။မြေဒြပ်စင်ဘုရင်ကို ထိန်းချုပ်နေသည့် အကြီးမားဆုံးသော့ချက်မှာ “ နတ်ဘုရားဝါးမျို မျက်နှာဖုံး ” ဖြစ်ပေမည်။ထိုမျက်နှာဖုံးကို ချွတ်နိုင်လျှင် မြေဒြပ်စင်ဘုရင်သည် ထိန်းချုပ်ခံရခြင်းမှ လွတ်မြောက်လာနိုင်သည်။သို့သော်လည်း မျက်နှာဖုံးချွတ်ရခြင်းမှာ အတော်လေး ခက်ခဲနိုင်ပေသည်။

ချန်လွေ့ အကြံတစ်ခု ရသွားသည်။၎င်းမှာ ထိန်းချုပ်ခံထားရသည့် မြေဒြပ်စင်ကောင် တစ်ယောက်နှစ်ယောက်ကို ဖမ်းဆီးကာ [ အရှိန်အဝါကူးပြောင်းခြင်း ] အစွမ်းသုံးပြီး ပုံမှန်အတိုင်း ပြန်ဖြစ်စေရန်ဖြစ်သည်။ထို့နောက်တွင် ပထဝီဘုံရှိ လက်ရှိ အခြေအနေများကို မေးမြန်းပြီး နောက်ထပ် ခြေလှမ်းများအတွက် အသေးစိတ်ပြင်ဆင်မည် ဖြစ်သည်။

ထာ့ခ် သဘောတူလိုက်ပြီး ထိန်းချုပ်ခံရခြင်းကို ပယ်ဖျက်နိုင်လျှင် လက်ရွေးစင် မြေဒြပ်စင်ကောင်များဖြစ်သည့် ထော့ခ်နှင့် ဆော့ခ်ကို အရင်ဖမ်းသင့်ပြီး အခြား မြေဒြပ်စင်ကောင်များကို ဖြည်းဖြည်းချင်း ထိန်းချုပ်မှုမှ လွတ်ပေးသင့်ကြောင့် ချန်လွေ့ကို အကြံပေးသည်။

ထာ့ခ်သည် မြေဒြပ်စင်ကောင်များအားလုံးကို ထိန်းချုပ်မှုမှ ကင်းလွတ်စေချင်နေကြောင်း ချန်လွေ့သိသည်။သို့သော်လည်း ၎င်းသည် ယခုအချိန်၌ လုံးဝယုတ္တိမရှိပေ။ လက်ရွေးစင်မြေဒြပ်စင်များအား ဖမ်းဆီးသည့်အကြံမှာ ကောင်းပေသည်။သို့သော်လည်း နှစ်ယောက်ဆိုလျှင် အုပ်စုမှ အလွယ်တကူထွက်သွားမည် မဟုတ်ပေ။သူတို့ နှစ်ယောက်ထဲမှ တစ်ယောက်ကို ဖမ်းဆီးရန်အတွက် ဒယ်လောင်၊ထာ့ခ်တို့နှင့် မလုံလောက်ပေ။မယ်ဒူဆာဘုရင်မပါ တစ်ပြိုင်နက်တည်း ပါဝင်ရပေမည်။

မယ်ဒူဆာဘုရင်မ၏ အပြုအမူပြောင်းလဲသွားခြင်းသည် ချန်လွေ့အား မပျော်မရွှင် ဖြစ်သွားစေခဲ့သော်လည်း ယခုအချိန်သည် အချင်းချင်း ကူညီရမည့်အချိန် ဖြစ်သည်။အချင်းချင်း မတိုက်ခိုက်နေသင့်ပေ။ချန်လွေ့ ခဏစဉ်းစားပြီး အခြေအနေ အသေးစိတ်ကို ရှင်းပြထားသည့် စာတစ်စောင် ရေးလိုက်သည်။ထို့နောက် ထိုစာကို မယ်ဒူဆာအသိုက်အမြုံထဲရှိ တင်အား ပေးရန် ပြိဿများကို ပြောသည်။

မြေဒြပ်စင် သူပုန်အဖွဲ့နှင့် ပူးပေါင်းရသည်မှာ ပြဿနာမရှိပေ။ထွက်မသွားခင်တွင် ထာ့ခ်သည် ဆက်သွယ်ပြောဆိုရန်အတွက် ပြိဿမျိုးနွယ်ထံ၌ ဒါ့ခ်ကို ချန်ထားခဲ့လိုက်သည်။

“ မိတ်ဆွေ ဒယ်လောင်။ကျုပ်တို့တွေ တိုက်ပွဲကြမ်းကြမ်းအတွက် ပြင်ဆင်ထားရမယ်။ဒါနဲ့ ကျုပ်ကို စဉ်းစားမရစေတာ တစ်ခုရှိတယ်။ပြိဿတွေက ဗိသုကာနဲ့ ပန်းပဲမှာ အကောင်းဆုံးပဲ။ဒီနေရာ ပတ်ဝန်းကျင်က စုတ်ပြတ်နေတဲ့အတွက် ပြိဿတွေရဲ့ ဗိသုကာပါရမီကို သုံးလို့မရနိုင်ဘူး။ဒါပေမဲ့ ဂူတည်ဆောက်ပုံတွေကတော့ ပါးနပ်ပြီးတော့ အသုံးဝင်တယ်။ကျုပ်လိုမျိုး သာမန်လူတောင် ကိုးယိုးကားယားထဲမှာ ကျွမ်းကျင်မှုကို မြင်နေရတယ်။ဒါပေမဲ့....ခင်ဗျားတို့ကဘာလို့ ကျောက်လက်နက်တွေကိုပဲ အမြဲတမ်း သုံးနေရတာလဲ။ ”

ဒယ်လောင် သက်ပြင်းချလိုက်သည်။

“ ငါတို့မှာ အစတုန်းကတော့ သံလက်နက်တွေ ရှိတယ်။ဒါပေမဲ့ နှစ်ရာနဲ့ချီ တိုက်ခိုက်ပြီးသွားတော့ အားလုံးသုံးမရတော့ဘူး။အစကတော့ ပြိဿတွေရဲ့ ပန်းပဲပါရမီနဲ့ မြေအောက် ဓာတ်သတ္တုတွေကို လက်နက်အဖြစ် ဖန်တီးလို့ရတယ်။ဒါပေမဲ့လည်း အကြောင်းတစ်ခုခုကြောင့် ဓာတ်သတ္တုတွေကို သလင်းကျောက် ပမာဏတွေအများကြီး ဖုံးလွှမ်းသွားတယ်။ဓာတ်သတ္တုတွေကို လုံးဝ သန့်စင်လို့ မရတော့ဘူး။အဲဒါကြောင့် နောက်ဆုံးမှာတော့ ကျောက်လက်နက်တွေကိုပဲ သုံးကြရတော့တာ။ ”

“ သလင်းကျောက်တွေလား။ ”

ချန်လွေ့သည် အလုပ်အကိုင်ဟောင်းကို တွေးလိုက်မိသည်။သူသည် သတ္တုရိုင်း အပြုန်းအခန်းထဲမှ သံရိုင်းအများစုကို ယူထားပြီးပြီ ဖြစ်သည်။

“ ကျုပ်ကိုပြကြည့်။ကျုပ်မှာ နည်းလမ်းတစ်ခု ရှိလောက်တယ်။ ”

ဒယ်လောင်သည် ချန်လွေ့၏ မယုံနိုင်စရာ စွမ်းရည်များကို လုံးဝယုံကြည်သွားပြီ ဖြစ်သည်။သူသည် အလျင်အမြန်ပင် သံရိုင်းများကို ပြိဿများအား သွားယူခိုင်းသည်။ ၎င်းကို ချန်လွေ့ကြည့်လိုက်သည်။၎င်းသည် အမှန်တကယ်ပင် ဝါဖျော့ဖျော့ သလင်းကျောက်များဖြင့် ဖုံးလွှမ်းခံထားရသည်။၎င်း၏‌အရောင်သည် သတ္တုရိုင်းအပြုန်းထက် ပို၍နက်သည်။ချန်လွေ့သည် အသက်ဓာတ်ရေစင်မှ ကြောက်မက်ဖွယ် မျက်လုံးများကို သတိရလိုက်ပြီး မဆင်မခြင် မလုပ်ရဲတော့ပေ။ သူ၏ဘယ်လက်တွင် “အမှောင်ဆန္ဒ” ပေါ်ထွက်လာသည်။ထို့‌နောက် စစ်မှန် စိတ်ဝိညာဉ်ဆေးရည် တစ်ပုလင်းသောက်ပြီး [ အရှိန်အဝါကူးပြောင်းခြင်း ] အစွမ်းကို အသက်သွင်းလိုက်သည်။

သို့သော်လည်း ယခုတစ်ခေါက်တွင် ဘာမှမဖြစ်ခဲ့ပေ။ထိုမျက်လုံးများ ထပ်မပေါ်ထွက်လာခဲ့ပေ။အသက်ဓာတ်ရေစင်ထဲရှိ ထိုမျိုးစေ့များသည်သာ ဂလော်ဖင်း၏ စိတ်ဆန္ဒ ပါရှိခြင်း ဖြစ်နိုင်သည်။တိုက်ခိုက်ရေး နတ်ဆိုးယင်ကောင်များနှင့် မြေဒြပ်စင်ကောင်များသည် ထိုမျိုးစေ့များ ချရန်အတွက် အတော်လေး ကြိုးစားအားထုတ်ခဲ့ရပေမည်။ချန်လွေ့၏ခေါင်းထဲ၌ ထင်မြင်ယူဆချက်တစ်ခု ရုတ်တရက် ရောက်ရှိလာသည်။

အသက်ဓာတ်ရေစင်။

ဂလော်ဖင်းရဲ့ ရည်ရွယ်ချက်က အသက်ဓာတ်ရေစင်လား။

မြေဒြပ်စင်ဘုရင် ဗီဇပြောင်းသွားတော့ ပထဝီဘုံထဲမှာရှိတဲ့ အသက်ဓာတ်ရေစင် ခမ်းခြောက်သွားတယ်။နောက်တော့ ပိစိမှင်စာတွေ သုတ်သင်ခံရပြီးတော့ သူတို့၏ အသက်ဓာတ်ရေစင်လည်း ခမ်းခြောက်သွားတယ်။အခုတော့ ပြိဿနဲ့ မယ်ဒူဆာတို့ရဲ့ အလှည့်ရောက်လာတာလား။

ချန်လွေ့၏အတွေးများကို ပြိဿတို့၏ကြွေးကြော်သံများက နှောင့်ယှက်လိုက်သည်။ လက်အောက်တွင်ရှိသော ဓာတ်သတ္တုပေါ် သလင်းကျောက်များ အမှုန့်ဖြစ်သွား‌ကြောင်း ချန်လွေ့ တွေ့လိုက်ရသည်။ယခုတစ်ခေါက်တွင် ရရှိသည့် အရှိန်အဝါများသည် ယခင်တစ်ခေါက်ထက် ဆယ်ဆခန့်ပိုများသည်။ထုတ်ယူခြင်းခက်ခဲမှုနှင့် တိုက်ခိုက်အချိုးကျခြင်း ဖြစ်နိုင်ပေသည်။အဓိတွင်း အောက်လွှာရှိ ဓာတ်သတ္တုများသည် ဂလော်ဖင်း၏ စွမ်းအားကြောင့် အနည်းငယ်သာ “ ညစ်ညမ်း ”ပြီး မြေအောက်လောကသည် “ အကြီးအကျယ် သက်ရောက်မှု ဧရိယာ ” ဖြစ်နေခြင်းကြောင့် ဖြစ်နိုင်သည်။

ချန်လွေ့၏ ပတ်သက်၍ မယုံကြည်နိုင်မှုများ ဒယ်လောင် အသားကျ‌နေပြီဖြစ်သော်လည်း ပျော်ရွှင်မှုကို ဖုံးကွယ်ရန် ခက်ခဲနေသည်။ထိုဒုက္ခပေးသည့် အညစ်အကြေးများကို ဖယ်ရှားနိုင်သည်နှင့် ပြိဿများသည် သတ္တုအလွယ်တကူ ထုတ်လုပ်နိုင်ကာ အထူးကောင်းမွန်သည့် လက်နက်များ၊ပစ္စည်းကိရိယာများကို ထုလုပ်နိုင်မည် ဖြစ်သည်။

“ မိတ်ဆွေ။မင်းက တကယ့်ကို စိတ်ဝင်စားစရာပဲ။ ”

ပြိဿအကြီအကဲသည် စိတ်ဝင်စားစရာ ကောင်းသည်ဟူသော စကားလုံးကိုသာ သုံးနေတော့သည်။ချန်လွေ့ကို ချီးမွမ်းရန်အတွက် စကားလုံးများ ထပ်မရှာနိုင်တော့၍ ဖြစ်ပေလိမ့်မည်။

ချန်လွေ့၏ [ အရှိန်အဝါ ကူးပြောင်းခြင်း ] သည် အလျင်အမြန် ပြီးစီးသွားပြီး မကြာမီတွင် ပြိဿများ ယူလာသည့် ဓာတ်သတ္တုများအားလုံး ကူးပြောင်းပြီးသွားသည်။သူ၏ အရှိန်အဝါလည်း သန်းနှင့်ချီ ထပ်တိုးသွားသည်။ပြိဿများအားလုံး ကြွေးကြော်လိုက်ကြသည်။

“ ဝတ်ထ်။စွန့်ပစ်ထားတဲ့ ပန်းပဲဖိုကို သန့်ရှင်းဖို့အတွက် တစ်ယောက်ယောက်ကို ချက်ချင်းလွှတ်လိုက်။ ”

ဒယ်လောင်သည် စိတ်လှုပ်ရှားစွာဖြင့် ကျယ်ကျယ်လောင်လောင် အမိန့်ပေးလိုက်သည်။

“ ဒီသံရိုင်းတွေနဲ့ မလုံလောက်သေးဘူး။တော်ရီ။အရင်နှစ်တွေတုန်းက ပစ်ထုတ်ထားခဲ့တဲ့ ဓာတ်သတ္တုရိုင်းတွေ နေရာဟောင်းမှာပဲ ရှိနေတုန်းလား‌ဆိုတာ တခြားသူတွေကို သွားကြည့်ခိုင်းလိုက်။ဒါမှမဟုတ်ရင်လည်း မိုင်းတွင်းတွေထဲမှာ တစ်ခါတည်း သွားရှာလို့ရတယ်။ ”

ပြိဿပြောနေသည်ကို မြေဒြပ်စင်ကောင် ဒါ့ခ် နားမလည်ပေ။ဓာတ်သတ္တုများကို ကိုင်တွယ်နေသည့် ချန်လွေ့ကို ကြည့်ပြီး သိချင်စိတ်ဖြင့် ဒါ့ခ်ပြောလိုက်သည်။

“ ချန်လွေ့။မင်းတို့ ဘာလုပ်နေတာလဲ။ ”

ပြိဿများ သံရိုင်းပိုလိုအပ်နေ‌ကြောင်းကို ဒါ့ခ်အား ချန်လွေ့ပြောလိုက်၏။ မြေဒြပ်စင်ကောင်သည် ယုံကြည်ချက်အပြည့်ဖြင့် တိုးတိုးလေး ရယ်လိုက်သည်။

“ ဓာတ်သတ္တု အကြွင်းအကျန်တွေကို ရှာတာနဲ့ပတ်သက်ရင် ငါတို့လို မြေကြီးကို ထုံးလိုကြေရေလိုနှောက် သိနေတဲ့ မြေဒြပ်စင်ကောင်တွေနဲ့ ဘယ်သူယှဉ်နိုင်မှာတဲ့လဲ။ ”

ချန်လွေ့ အလွန်ပျော်သွားပြီး ပြိဿတို့အတွက် ဘာသာပြန်ပေးလိုက်သည်။ဒယ်လောင်၏ ဝိုင်းစက်နေသော နွားမျက်လုံးများသည် ပူလောင်စွာ အရောင်တောက်နေသည်။သူသည် ကျောက်တုံးများ၊ဖုန်များ ဖုံးလွှမ်းနေသည့် မြေဒြပ်စင်ကောင်အား ရင်သားကြီးကြီး၊ တင်ကြီးကြီးနှင့် နွားခေါင်းရှိသည့် မိန်းမလှကြီးတစ်ယောက်ကို ကြည့်နေသကဲ့သို့ပင် စိုက်ကြည့်နေလိုက်သည်။

All Chapters