စစ်ကူနှင့် ဖမ်းဆီးခြင်း
Vol. 11 Ch. 158
မယ်ဒူဆာ အသိုက်အမြုံ၌-
မယ်ဒူဆာဘုရင်မသည် တောခုတ်ဓားနှင့် ဒိုင်းကာအဝိုင်း ကိုင်ထားပြီး စိမ်းပြာရောင် မြေဒြပ်စင်ကောင်နှစ်ယောက်၏ ဝိုင်းရံခြင်းကို ခံထားရသည်။သူသည် ထူးထူးခြားခြား အားစိုက်ထုတ်နေရသည်။
ခွန်အားသက်သက်ဖြင့်ဆိုလျှင် မယ်ဒူဆာဘုရင်မသည် ပြိဿအကြီးအကဲထက် အနည်းငယ် နိမ့်ကျသည်။သို့သော်လည်း ဘုရင်မတွင် ကျောက်ဖြစ်စေသည့်စွမ်းရည် ရှိသောကြောင့် ပြိဿအကြီးအကဲထက် တိုက်ခိုက်ရေးစွမ်းရည် ပိုမြင့်သည်။လက်ရှိ၌ ပြိုင်ဘက်သည် ကျောက်ဖြစ်ခြင်းကို လုံးဝမမှုသည့် မြေဒြပ်စင်ကောင် နှစ်ယောက် ဖြစ်နေသဖြင့် မယ်ဒူဆာဘုရင်မသည် နိုင်နိုင်နင်းနင်း မဆောင်ရွက်နိုင်တော့ပေ။
ယခုတစ်ခေါက်တွင် မြေဒြပ်စင်ကောင်များနှင့် နတ်ဆိုးယင်ကောင်များ ရုတ်တရက် တိုက်ခိုက်ကြ၍ ဖြစ်သည်။ကံကောင်းစွာပင် တင်၏ လေ့ကျင့်ရေးသည် အတော်လေး အကျိုးရှိသည်။မယ်ဒူဆာများ ကြောက်မနေပေ။သတိလက်လွတ် ဖြစ်သွားခြင်းသာ ဖြစ်သည်။ထို့ကြောင့် သူတို့သည် ပေါက်ကွဲမြှားများကို မပြင်ဆင်နိုင်တော့ဘဲ ယခင် တစ်ခေါက်ကဲ့သို့ တစ်ထီးထည်းပစ်မှတ်များကို ထိခိုက်အောင် မစွမ်းဆောင်နိုင်တော့ပေ။ ကျောက်လေး နှင့် ကျောက်မြှား စသည့် မယ်ဒူဆာတို့၏ လက်နက်များမှာ မှော်အစီအရင်ဖြင့် ထက်မြက်မှု တိုးမြှင့်လိုက်လျှင်ပင် သတ္တုလက်နက်များကဲ့သို့ မစွမ်းဆောင်နိုင်ပေ။
မယ်ဒူဆာတို့၏အခြေအနေ ပို၍ဆိုးလာသည်။သူတို့ရှုံးနိမ့်မည်မှာ အတော်လေး သေချာနေလေပြီ။မယ်ဒူဆာဘုရင်မ စိုးရိမ်လာသည်။သိပ်မကြာခင်က ပြိဿများထံမှ စစ်ကူလွှတ်ပေးရန် အချက်ပြပြီးပြီဖြစ်သော်လည်း မရောက်လာသေးသည့်အတွက် စိတ်တထင့်ထင့် ဖြစ်နေသည်။
အဲဒီသံသယဖြစ်စရာ ချန်လွေ့က မြေဒြပ်စင်ကောင်နဲ့ နတ်ဆိုးယင်ကောင်တွေရဲ့ သူလျှိုဖြစ်နေပြီးတော့ ပြိဿတွေကို မြေဒြပ်စင်ကောင်တွေနဲ့ပူးပေါင်းအောင် လှည့်စားခဲ့တာများလား။ဒီစစ်ပွဲမှာ မြေဒြပ်စင်ကောင်တွေဆီမှာ အညံ့ခံတဲ့ မြေအောက်သတ္တဝါတွေလည်း ရှိတယ်။ဒါပေမဲ့လည်း မြေဒြပ်စင်ကောင်တွေက အကျဉ်းသားတွေ၊တစ်ဘက်ပြောင်းတဲ့သူတွေကို လက်မခံဘူး။အဲဒီသတ္တဝါတွေကို မြေဒြပ်စင်ကောင်တွေက ခြွင်းချက်မရှိ သတ်ပစ်တယ်။ဒါကို ပြိဿတွေ နားမလည်စရာ အကြောင်းမရှိဘူး။
ချန်လွေ့သည် လွန်ခဲ့သော၃ရက်က စာတစ်စောင့်ပို့ခဲ့သည်။သို့သော်လည်း မယ်ဒူဆာ ဘုရင်မသည် ချန်လွေ့အား လှည့်စားရန်အခွင့်အရေးမပေးဘဲ ခပ်ရိုင်းရိုင်း စာပြန်ခဲ့သည်။ ဟုတ်တယ်။ချန်လွေ့ ပြဿနာရှာနေတာ ဖြစ်ရမယ်။သူက မြေဒြပ်စင်ကောင်တွေရဲ့ သူလျှိုမဟုတ်ရင်တောင် အရင်တစ်ခေါက်ကကိစ္စကြောင့် မယ်ဒူဆာတွေကို မကျေမနပ် ဖြစ်နေတာ ဖြစ်မယ်။ဒါက ဒါကိုအခွင့်ကောင်းယူပြီးတော့ ပြိဿတွေ လာမကူညီအောင် တားဆီးနေတာဖြစ်မယ်။
မယ်ဒူဆာဘုရင်မ အာရုံပျံ့လွင့်နေသည့်အချိန်၌ လက်ရွေးစင် မြေဒြပ်စင်ကောင်၏ မှော်လက်သီးသည် ဘုရင်မလက်ထဲရှိ သလင်းကျောက်ဒိုင်းကာကို ထိသွားသည်။ ထိုဒိုင်းကာသည် သတ္တုကဲ့သို့ပင် ကောင်းမွန်သည့် အထူးကုန်ကြမ်းများဖြင့် ပြုလုပ်ထားပေသည်။၎င်းကို အတော်လေးကြိုးစား၍ ပြုလုပ်ထားရခြင်း ဖြစ်သည်။ သို့သော်လည်း တိုက်ပွဲအမြောက်အများ တိုက်ခိုက်ပြီးနောက် ၎င်းသည် လက်သီး တစ်ချက်တည်းဖြင့် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားသည်။မယ်ဒူဆာဘုရင်မ၏လက်သည် ပြန်ကန်မှုကြောင့် ထုံကျင်သွားသည်။ဘုရင်မ ရှောင်ရန် စက္ကန့်ဝက်ခန့် နောက်ကျသွားပြီး နောက်မှလက်ရွေးစင် မြေဒြပ်စင်ကောင်၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရသည်။
မယ်ဒူဆာဘုရင်မ အလွန်နာကျင်သွားသည်။ ရှူးရှူးရှဲရှဲအသံနှင့်အတူ မယ်ဒူဆာ ဘုရင်မသည် အမြှီးကို လှုပ်ရမ်းပြီး နောက်မှအလစ်တိုက်ခိုက်သော မြေဒြပ်စင်ကောင်အား ပြင်းပြင်းထန်ထန် ရိုတ်ခတ်လိုက်သည်။သို့သော်လည်း မြေဒြပ်စင်ကောင်သည် [ သံမဏိချပ်ကာ ] ဖြင့် တိုးမြှင့်ထားသည့်အတွက် သူတို့၏ခုခံမှုသည် အထူးခိုင်မာနေပြီး နောက်သို့ အနည်းငယ်သာ ဆုတ်သွားသည်။ထိုရိုက်ချက်သည် ထိခိုက်မှု မဖြစ်စေခဲ့ပေ။ ရှေ့မှမြေဒြပ်စင်ကောင်သည် မယ်ဒူဆာဘုရင်မအား အသက်ရှူခွင့်မပေးဘဲ လက်သီး တစ်ချက် ပစ်သွင်းလိုက်သည်။မယ်ဒူဆာဘုရင်မလည်း ဘေးဘက်သို့ ရွေ့ပြီး ရှောင်တိမ်းကာ ရန်သူ၏လက်ကို အလျင်အမြန် ခုတ်ပိုင်းသည်။သို့သော်လည်း ကံမကောင်းစွာပင် သလင်းကျောက် တောခုတ်ဓားသည် တိုက်ပွဲအများအပြားကို ဖြတ်ကျော်ခဲ့ပြီးပြီ ဖြစ်သည့်အတွက် မခံနိုင်တော့ဘဲ ကျိုးကြေသွားသည်။
မယ်ဒူဆာဘုရင်မ လက်ဗလာ ဖြစ်နေပြီး ရုတ်တရက် ဘေးကျပ်နံကျပ်အခြေအနေသို့ ရောက်ရှိသွားသည်။ထိုအချိန်၌ အော်ဟစ်သံများ ရုတ်တရက် ထွက်လာသည်။ စိမ်းပြာရောင် ကျောက်လုံးတစ်လုံးသည် လေထဲပျံနေပြီး နောက်ဘက်မှ မြေဒြပ်စင်ကောင်အား ထိသွားသည်ကို မယ်ဒူဆာဘုရင်မ မြင်လိုက်ရသည်။ ထိုမြေဒြပ်စင်ကောင်သည် နောက်ဘက်သို့ ဆယ်မီတာခန့် လွင့်စင်သွားပြီး မြေပေါ်လဲကျသွားသည်။
စိမ်းပြာရောင်ကျောက်လုံး ပွင့်ထွက်ပြီး လက်ရွေးစင်မြေဒြပ်စင်ကောင်နှင့် ဆင်တူသော မြေဒြပ်စင်ကောင်တစ်ယောက် ဖြစ်လာသည်။သို့သော်လည်း ၎င်း၏လက်မောင်းတွင် အနီရောင်အဝတ်စတစ်ခု စည်းနှောင်ထား၏။မယ်ဒူဆာဘုရင်မ အံ့အားသင့်သွားသည်မှာ ထိုအနီရောင်အဝတ်စ စည်းနှောင်ထားသော မြေဒြပ်စင်ကောင်သည် သူ့ကိုမတိုက်ခိုက်ဘဲ ၎င်း၏မျိုးနွယ်တူနှင့် လုံးထွေးသတ်ပုတ်နေခြင်းပင်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ရင်းနှီးသည့် အော်ဟစ်သံတစ်သံ ကြားလိုက်ရသည်။ မယ်ဒူဆာ ဘုရင်မ စိတ်အားတက်သွားသည်။ ပြိဿတွေ။စစ်ကူတွေ နောက်ဆုံးတော့ ရောက်လာပြီ။
မယ်ဒူဆာဘုရင်မအား အံ့အားသင့်သွားစေသည်မှာ ပြိဿများအကြား၌ လက်မောင်းတွင် အနီရောင်အဝတ်စ ရှိသော မြေဒြပ်စင်ကောင်များ ရှိနေခြင်းပင် ဖြစ်သည်။ ထိုမြေဒြပ်စင်ကောင်များသည် မယ်ဒူဆာများကို မတိုက်ခိုက်ကြဘဲ မျိုးနွယ်တူများနှင့် နတ်ဆိုးယင်ကောင်များကို တိုက်ခိုက်ကြတော့သည်။
အမြင်စူးရှသော မယ်ဒူဆာဘုရင်မသည် သူကျောက်ရုပ်ဖြစ်အောင် လုပ်မိလုနီးပါး ဖြစ်သွားခဲ့သည့် “နတ်ဆိုး” ချန်လွေ့ကို မြင်လိုက်သည်။ချန်လွေ့သည် အဝိုင်းခံထားရသည့် တင်နှင့် လိုင်ဆာဆီ ပြေးသွားပြီး ဘုရင်မ၏ သမီးကို ကယ်ဆယ်ခဲ့သည်။ထို့နောက် လိုင်ဆာ၏ ရှူးရှူးရှဲရှဲ အသံသည် စစ်မြေပြင် တစ်ခုလုံးထံသို့ ပျံ့နှံ့သွားသည်။သူသည် အသံကို အဆတိုးရန်အတွက် မှော်ပစ္စည်းတစ်ခုခု အသုံးပြုလိုက်ခြင်း ဖြစ်ပေမည်။
“ မယ်ဒူဆာတွေ။လက်မောင်းမှာ အနီရောင် အဝတ်စရှိတဲ့ မြေဒြပ်စင်ကောင်တွေကို မတိုက်ခိုက်ကြနဲ့။သူတို့က မဟာမိတ်တွေ။ ”
အနီရောင်အဝတ်စနဲ့ မြေဒြပ်စင်ကောင်တွေက သံသယဖြစ်စရာကောင် ချန်လွေ့ပြောတဲ့ မဟာမိတ်တွေလား။ဒီမြေဒြပ်စင်ကောင်တွေက သူလျှိုတွေဆိုရင် မယ်ဒူဆာမျိုးနွယ်ကို ဖျက်ဆီးဖို့အတွက် ပြိဿတွေရဲ့ စစ်ကူတွေကို တားဆီးဖို့ပဲလိုတယ်။ဒီလိုအရေးကြီးတဲ့ အခိုက်အတန့်မှာ သူတို့ဘာလို့ အကူအညီပေးရတာလဲ။
အာရုံပျံ့နှံ့နေစဉ် ပြိဿအကြီးအကဲ၏ ဟစ်ကြွေးသံသည် မယ်ဒူဆာဘုရင်မ၏ နားထဲ ရုတ်တရက်ရောက်ရှိသွားသည်။၎င်း၏သန်မာသောခန္ဓာကိုယ်သည် သူ၏ဘေးသို့ ရောက်လာသည်။ဒယ်လောင်သည် လက်ရွေးစင် မြေဒြပ်စင်ကောင်အား ပုဆိန်နှင့် အလစ်တိုက်ခိုက်ချင်နေသည်။ရုတ်တရက် မီးပွင့်များ နေရာအနှံ့ပျံ့နှံ့သွားသည်။ [ သံမဏိချပ်ကာ ] နှင့် [ ကျောက်ကိုယ်ထည် ] တို့ဖြင့် တိုးမြှင့်ထားသော လက်ရွေးစင် မြေဒြပ်စင်ကောင်၏ခန္ဓာကိုယ်ပေါ်တွင် သိသာထင်ရှားသော ရှည်လျားသည့် မြောင်းတစ်ခု ပေါ်ထွက်လာသည်။လက်ရွေးစင် မြေဒြပ်စင်ကောင် နောက်ဆုတ်လိုက်ရသည်။
မယ်ဒူဆာဘုရင်မသည် ပြိဿအကြီးအကဲ လက်ထဲရှိ လက်နက်ကို သတိထားမိ လိုက်သည်။၎င်းသည် ပုံမှန်ကျောက်တူမဟုတ်ဘဲ ပြိဿတို့အနှစ်သက်ဆုံး သတ္တု တိုက်ပွဲဝင်ပုဆိန်ကြီး ဖြစ်နေသည်။
ပြိဿအကြီးအကဲတစ်ယောက်တည်းသာ မဟုတ်။ပြိဿအားလုံးနီးပါးပင် သတ္တုလက်နက်များကို ကိုင်ဆောင်ထားသည်။ပြိဿအကြီးအကဲ၏ ခန္ဓာကိုယ်ကိုလည်း အရောင်တောက်နေသော ချပ်ကာဖြင့် ဖုံးလွှမ်းထားသည်။
မယ်ဒူဆာများသည် ပန်းပဲပညာအချို့ သိရှိသော်လည်း ပြိဿများကို မယှဉ်နိုင်ပေ။ မယ်ဒူဆာဘုရင်မသည် မြေအောက်လောကရှိ လက်ရှိ ဓာတ်သတ္တုအခြေအနေကို သိသည်။ သလင်းကျောက် အညစ်အကြေးများကြောင့် ပြိဿများသည်ပင် လက်နက်များနှင့် ချပ်ကာများ ထုတ်လုပ်နိုင်လောက်သည့် သန့်စင်သော သတ္တုများကို မထုတ်လုပ်နိုင်ကြပေ။ထို့ကြောင့် မယ်ဒူဆာတို့၏ လေးနှင့်မြှားအားလုံးသည် ကျောက်အဖြစ် ပြောင်းလဲသွားကြသည်။
သတ္တုများကို ထုတ်ယူရန် ပြိဿများ နည်းလမ်းတစ်ခု ရှာတွေ့သွားလိမ့်မည်ဟု မယ်ဒူဆာဘုရင်မ လုံးဝမထင်ထားခဲ့ပေ။ သူတို့တွေက တကယ့်ကို ပန်းပဲထုလုပ်တာနဲ့ သွန်းလုပ်တဲ့နေရာမှာ ထူးချွန်ကြတဲ့ ပြိဿတွေပါပဲ။
“ အမေ။မြန်မြန်လာ။ ”
လိုင်ဆာ၏အော်သံသည်ဘုရင်မ၏ကိုညသတိပြန်လည်သွားစေသည်။မယ်ဒူဆာဘုရင်မသည် မြွေခန္ဓာကိုယ်ကို တွန်းကန်ပြီး ခုန်တက်သည်။ဘုရင်မတွင် လက်နက်မရှိတော့ သော်လည်း အထူးခွန်အား ရှိနေသေးသည်။မယ်ဒူဆာဘုရင်မသည် လမ်းတစ်လျှောက်ရှိ နတ်ဆိုးယင်ကောင်များအား လက်သီးဖြင့်ပစ်ထိုးရာ မိုးရွာသကဲ့သို့ ပြုတ်ကျလာသည်။
လိုင်ဆာနားသို့ မယ်ဒူဆာဘုရင်မ ရောက်ရှိသွားသည့်အခါ မြေပေါ်တွင်ပုံထားသည့် သတ္တုလက်နက်များနှင့်မြှားများကို မြင်လိုက်ရသည်။၎င်းသည် မယ်ဒူဆာများအတွက် ပြင်ဆင်ထားသည်မှာ အသေအချာပင် ဖြစ်သည်။မယ်ဒူဆာဘုရင်မက ရွှင်ပျသွားသည်။ ထို့နောက် ချန်လွေ့၏ပြောစကားကို ကြားလိုက်ရသည်။
“ အရှင်မ ”
မယ်ဒူဆာဘုရင်မ နောက်သို့လှည့်ကြည့်လိုက်ရာ ငွေရောင်တောက်နေသော ပစ္စည်းနှစ်ခု ပစ်ပေးလိုက်ကြောင်း တွေ့လိုက်ရသည်။၎င်းသည် အကောင်းဆုံးအရည်အသွေးရှိသော တောခုတ်ဓားတစ်လက်နှင့် ဒိုင်းကာအဝိုင်းတစ်ခု ဖြစ်သည်။၎င်းတို့မှာ အဆင့်မြှင့် ထားသည့် ကြယ်နက်သံ လက်နက်များဖြစ်ကြသည်။မယ်ဒူဆာဘုရင်မ၏ ရွှေရောင်မြွေ မျက်လုံးများ အရောင်လက်သွားပြီး ချန်လွေ့ဘက်သို့ ခုတ်ပိုင်းလိုက်သည်။
အသီနာ ထိတ်လန့်သွား၏။မယ်ဒူဆာဘုရင်မသည် အလွန်မြန်ဆန်လှသည့်အတွက် ချန်လွေ့အားကူညီရန် နောက်ကျသွားလေပြီ။ထို့နောက် ချန်လွေ့နောက်ဘက်၌ အလစ်တိုက်ခိုက်ရန် ချောင်းနေသော ယိုယွင်းနတ်ဆိုးယင်ကောင်သုံးကောင် အပိုင်းပိုင်း ဖြစ်သွားကြောင်း တွေ့လိုက်သည်။မယ်ဒူဆာဘုရင်မ၏ ရည်ရွက်ချက်ကို အသီနာ သဘောပေါက်သွားသည်။
ချန်လွေ့သည် မယ်ဒူဆာဘုရင်မကို အရိုအသေပြုလိုက်သည်။
“ အရှင်မ။ပြိဿအကြီးအကဲနဲ့အတူ လက်ရွေးစင် မြေဒြပ်စင်ကောင် တစ်ယောက်ကို ဖမ်းဆီးပေးပါ။ ”
မယ်ဒူဆာဘုရင်မသည် ချန်လွေ့အား ခဏစိုက်ကြည့်ပြီး လက်ရွေးစင် မြေဒြပ်စင်ကောင်နှင့် တိုက်ခိုက်ရန် လှည့်ထွက်သွားသည်။
ချန်လွေ့သည် စိတ်ထဲ၌ သက်ပြင်းချလိုက်သည်။ခုနက သူ့ဘက်သို့ မယ်ဒူဆာဘုရင်မ တိုက်ခိုက်လိုက်သောအခါ ချန်လွေ့သည် အမှန်တကယ် တုန်လှုပ်သွားခဲ့သည်။ဘေးဖက်မှ တင် မြင်လိုက်ပြီး ချန်လွေ့အား လက်မထောင်ပြသည်။
အသီနာသည် မဟာဓားနှင့်အတူ ကခုန်နေတော့သည်။သို့သော်လည်း အသွင်မပြောင်းပေ။ အသီနာသည် ချန်လွေ့နှင့်အတူပူးပေါင်းပြီး တင်မ်နှင့် ကိုယ်ဝန်ရှိနေသော လိုင်ဆာကို ကာကွယ်ကာ မယ်ဒူဆာများအား လက်နက်လိုက်ပေးသည်။ထိုမဟာဓားသည် အနီရောင် ဖျော့ဖျော့ အရောင်တောက်နေသည်။အနားကပ်လာသည့် နတ်ဆိုးယင်ကောင်များ တစ်ကောင်ပြီးတစ်ကောင် အပိုင်းပိုင်း ဖြစ်သွားသည်။အသီနာ၏လက်ထဲရှိ မဟာဓားသည် အလွယ်တကူ မကျိုးပဲ့နိုင်တော့ဘဲ ကြယ်နက်သံမှ ပြုလုပ်ထားသည့် မှော်အစီအရင် လက်နက်တစ်မျိုး ဖြစ်နေပြီ ဖြစ်သည်။ထိုမဟာဓားသည် အထူးအရေးပါလှသည်။ အကြောင်းရင်းမှာ ၎င်းကို ချန်လွေ့ကိုယ်တိုင် သွန်းလုပ်ထား၍ပင် ဖြစ်သည်။
ချန်လွေ့သည် ရုတ်တရက် စိတ်ကူးပေါက်ပြီး ပန်းပဲပညာကို လေ့လာခဲ့သည်ဟု မူလက အသီနာထင်ခဲ့သည်။ယခင်နေ့ရက်များသည် သူသည် ချန်လွေ့အား အဖော်ပြုပေးခဲ့သည်။ ချန်လွေ့၏ ပန်းပဲပညာ “ ပါရမီ ”သည် သူ့ကိုသာမက ပြိဿများကိုပါ ထိတ်လန့်သွားစေခဲ့သည်။ ချန်လွေ့၏လက်ထဲ၌ မဟာဓား တဖြည်းဖြည်း ပုံပေါ်လာသည့်အခါ အသီနာ ရုတ်တရက် သဘောပေါက်သွားသည်။
တောအုပ်ထဲရှိ သစ်သားအိမ်ငယ်လေးရှေ့၌ ချန်လွေ့ပြောခဲ့သည်မှာ -
“ မင်း ဓားကောင်းကောင်း လိုတယ်။နောက်ကျရင် ငါမင်းကို ဓားကောင်းကောင်း တစ်လက် သေချာပေါက် ပေးမယ်။ ”
ချန်လွေ့ကိုယ်တိုင် သွန်းလုပ်တဲ့ဓားထက် ဘာကပိုကောင်းမှာပဲ။ဘာကိုပိုပြီးတော့ တန်ဖိုးရှိပြီး အဓိပ္ပာယ်ပြည့်ဝမှာလဲ။
ချန်လွေ့တွင် မယုံကြည်နိုင်စရာ ပါရမီရှိသော်လည်း အခက်အခဲ ကြီးကြီးမားမား တွေ့ကြုံ ခံစားခဲ့ရပြီး ကြိုးစားအားထုတ်ခဲ့ရသည်။ပြီးပြည့်စုံသည့် ဓားကိုယ်ထည်တစ်ခုကို ထုလုပ်နိုင်ရန် အတွက်ပင် ချန်လွေ့သည် ပြိဿအကြီးအကဲနှင့် ဆယ်ကြိမ်ထက်မနည်း ဆွေးနွေးတိုင်ပင်ခဲ့ရပြီး နောက်ဆုံး၌ အောင်အောင်မြင်မြင် ပြုလုပ်နိုင်ခဲ့သည်။
ချန်လွေ့သည် ကိုယ်တိုင် မှော်အစီအရင် မလုပ်နိုင်ပေ။ထို့ကြောင့် ပြိဿဘုန်းတော်ကြီး တော်ရီအား သွေးဆာအစွမ်း စီရင်ပေးရန် အကူအညီတောင်းသည်။ကြယ်နက်သံ၏ ပစ္စည်းဝိသေသလက္ခဏာကြောင့် ရှားရှားပါးပါး နှစ်ထပ်မှော်အစီအရင် ဖြစ်ပျက် သွားသည်။၎င်းသည် ချန်လွေ့၏ကံကြောင့်ဖြစ်မည်ဟု အသီနာ အသေအချာ ယုံကြည်နေသည်။
“ အစောင့်အရှောက်ဓား ”ဟု အသီနာကိုယ်တိုင် အမည်ပေးထားသော ထိုဓားသည် တစ်စုံတစ်ယောက်ကို ကာကွယ်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။၎င်းသည် အနည်းငယ် ကိုးယိုးကားယားနိုင်သည်ဟု ချန်လွေ့ ခံစားရသည်။ ငါက ဖိုဆန်တဲ့ ယောက်ျားပဲ။ ငါ့ရဲ့မိန်းကလေးကို ငါကာကွယ်မှာပေါ့။ဘာလို့ပြောင်းပြန်ဖြစ်နေရတာလဲ။ ချန်လွေ့သည် အသီနာအား နာမည်ပြောင်းစေချင်ခဲ့သည်။သို့သော်လည်း အသီနာသည် အခြား ကိစ္စများအား လိုက်လျောပေးပြီး တစ်ခါတစ်ရံ အခွင့်အရေးပေးယူသော်လည်း ထိုကိစ္စနှင့်ပတ်သက်၍ လက်မလျှော့ပေ။
ချန်လွေ့ ရွေးစရာမရှိတော့ဘဲ အသီနာ သဘောအတိုင်းထားလိုက်ရသည်။ချန်လွေ့သည် ၎င်းကို အချင်းချင်းကာကွယ်ရန် ပစ္စည်းတစ်ခု အနေဖြင့်သာ သဘောထားလိုက်သည်။ ချန်လွေ့သည် အခြားလောက၌ ထိုနာမည်အတိုင်းပင် ခလုတ်ဂိမ်းတစ်ခုကိုပင် ကစားခဲ့ဖူးလေသည်။
သို့ရာတွင် ထိုဓားသည် အမှန်တကယ်ပင် ကောင်းမွန်လှသည်။အစောင့်အရှောက်ဓား၏ ဝိသေသလက္ခဏာတစ်ခုမှာ ဓားသွားအလွန်ထက်မြက်ခြင်း ဖြစ်သည်။၎င်း၏ မှော်အစီအရင်အစွမ်းသည် ခုခံမှုကို ၂၀%လျော့ကျစေပြီး တိုက်ခိုက်မှုကို ၄၀%တိုးစေသည်။
၎င်းသည် ခုခံမှုအတော်လေး နိမ့်ပါးသော်လည်း တိုက်စစ်ကို သဘောကျသည့် အသီနာအတွက် အလွန်ပင် သင့်တော်လှသည်။ခုခံမှုအတွက် သူသည် ချပ်ကာကို အားကိုး၍ရပေသည်။အသီနာသည် သားရေချပ်ကာအား ပြောင်းလဲထားခဲ့သည်။
ထိုသားရေမှာ သာမန်သားရေးမဟုတ်ဘဲ ဟိုက်ဒြာသားရေဖြစ်ပြီး ချပ်ကာပြုလုပ်ရန် အကောင်းဆုံး ကုန်ကြမ်းတစ်ခု ဖြစ်သည်။သို့သော်လည်း ပြိဿတို့၏ ချပ်ကာ ပြုလုပ်သော စွမ်းရည်သည် ပန်းပဲထုလုပ်ခြင်း စွမ်းရည်ထက် ပို၍နိမ့်ကျသည်။လက်ရာမှာ အတော်လေးကျွမ်းကျင်ရန် လိုအပ်နေသေးသော်လည်း အသီနာအဆင်ပြေအောင် လုပ်လိုက်နိုင်သည်။ထို့ပြင် ဂိုဒေါင်ထဲ၌ ဟိုက်ဒြာသားရေ နှစ်ခုသာရှိသည်။အကယ်၍ အသုံးမပြုနိုင်လျှင် ပိုကောင်းသောချပ်ကာတစ်ခု ထပ်ပြီးပြုလုပ်နိုင်ပေသည်။ မိမိ၏ကောင်မလေးနှင့် ပတ်သက်လာလျှင် ချန်လွေ့မပေးနိုင်သည့်အရာ မရှိပေ။သူတို့ နီးနီးကပ်ကပ် နေသည့်အချိန်မှလွဲ၍ ကျန်အချိန်များတွင် အသီနာသည် ချပ်ကာအပြည့်အစုံ ရှိနေရပေမည်။
စစ်ကူနှင့် အစွမ်းထက် လက်နက်အသစ်များ ရောက်ရှိလာမှုကြောင့် မယ်ဒူဆာများ စိတ်အားတက်ကြွသွားကြသည်။နတ်ဆိုးယင်ကောင်များနှင့် ဗီဇပြောင်း မြေဒြပ်စင်ကောင် တို့၏ တိုက်ခိုက်မှုများ တဖြည်းဖြည်းချင်း ဖိနှိပ်ခံလာရသည်။အားစိုက်နေရဆုံးမှာ လက်ရွေးစင် မြေဒြပ်စင်ကောင် နှစ်ယောက်ဖြစ်သော ဆော့ခ်နှင့် ထော့ခ်တို့ ဖြစ်ကြသည်။သူတို့နှစ်ယောက်၏ စွမ်းအားသည် ပြိဿအကြီးအကဲနှင့် မယ်ဒူဆာ ဘုရင်မတို့ထက် အနည်းငယ် နိမ့်ကျသည်။ယခုတွင် သူတို့နှင့် အစွမ်းတူတူဖြစ်သော ထာ့ခ်ပါ ပါလာသည့်အတွက် သုံးယောက် နှစ်ယောက် အခြေအနေသည် သူတို့အတွက် ပို၍အရေးနိမ့်လာသည်။ခန့်မှန်း၍မရသော မြေမှော်ပညာ၏ အထူးကောင်းမွန်သော ခုခံမှုကြောင့်သာ မဟုတ်လျှင် သူတို့သည် ဖျက်ဆီးခံလိုက်ရပြီ ဖြစ်သည်။
နတ်ဆိုးယင်ကောင်များနှင့် ဗီဇပြောင်း မြေဒြပ်စင်ကောင်တို့သည် အသက်ဓာတ်ရေစင်ကို ဝိုင်းရံထားကြသည်။နတ်ဆိုးဘုရင်အဆင့် သုံးလေးယောက်၏ စွမ်းအားသက်ရောက်မှုကို ခံရသော်လည်း သူတို့ နောက်မဆုတ်ကြပေ။သူတို့သည် တစ်စုံတစ်ခုကို မန်းမှုတ်နေကြ ဟန်တူသည်။ထိုမြင်ကွင်းသည် ယခင်က ပြိဿ သားရဲတွင်း၌ ဖြစ်ပျက်ခဲ့သည်နှင့် ဆင်တူနေသည်။
ချန်လွေ့သည် ထိုအဖြစ်အပျက်ကို အဝေးမှကြည့်ရင်း အထင်တစ်ခု ခေါင်းထဲ ရောက်လာသည်။ ရန်သူရဲ့ ရည်ရွယ်ချက်က အသက်ဓာတ်ရေစင်လား။မယ်ဒူဆာတွေကို သူတို့မသုတ်သင်နိုင်ခဲ့ပေမဲ့ ဆိုးယုတ်တဲ့ မျက်လုံးတွေရဲ့ “ မျိုးစေ့တွေ”ကို အသက်ဓာတ် ရေစင် ခမ်းခြောက်တဲ့အထိစွမ်းအားစုပ်ယူပြီးဆက်လက်သန်မာလာအောင် လုပ်နေကြတယ်။
နတ်ဆိုးယင်ကောင်းများသည် မနိုင်တော့ကြောင်း မြင်လာသည်။သူတို့သည် အသက်ဓာတ်ရေစင်ကို ခဏကြာဝိုင်းရံပြီးနောက် ဗီဇပြောင်း မြေဒြပ်စင်ကောင်များနှင့် အတူ ဘေးလွတ်ရာ ထွက်ပြေးတော့သည်။
ထိုအချိန်၌ ပြိဿအကြီးအကဲ ဟစ်ကြွေးလိုက်သည်။မယ်ဒူဆာဘုရင်မသည် ချန်လွေ့ပြောခဲ့သည်ကို သတိရသွားသည်။သူတို့နှစ်ယောက်ပူးပေါင်းပြီး ထွက်ပြေးရန် ကြိုးစားနေသည့် လက်ရွေးစင်မြေဒြပ်စင်ကောင်များကို တစ်ပြိုင်နက်တည်း တိုက်ခိုက်တော့သည်။လက်ရွေးစင် မြေဒြပ်စင်ကောင်များ နောက်ဆုတ်ပြီး မြေပြင်ပေါ် ပြုတ်ကျသွားသည်။မြေကြီးနှင့် ထိသွားသည့်အခါ သူတို့၏ခွန်အားအချို့ ပြန်လည်ရရှိသကဲ့သို့ပင် လက်များကို ဆက်လက်ဝှေ့ရမ်းလိုက်သည်။မြေကြီးထဲမှ ထူထဲသော မြေတံတိုင်းများ ထွက်ပေါ်လာပြီး အနီးကပ်လာသည့် အစွမ်းထက်ရန်သူများအား ကာဆီးထားလိုက်သည်။
မြေတံတိုင်းများကို ပြိဿအကြီးအကဲနှင့် မယ်ဒူဆာဘုရင်မတို့ ဖောက်ထွက်နေစဉ်တွင် လက်ရွေးစင် မြေဒြပ်စင်ကောင်သည် ထွက်ပြေးရန် ပြင်နေဆဲဖြစ်သည်။ရုတ်တရက် ပတ်ဝန်းကျင်မြေပြင် ပြောင်းလဲသွားသည်။ကြမ်းတမ်းသော ကျောက်တိုင်များ မြေပြင်မှ ပေါ်ထွက်လာပြီး ၎င်းကိုပိတ်နှောင်လိုက်သည်။၎င်းသည် မြေမှော်ပညာတစ်ခုဖြစ်သော [ ကျောက်အကျဉ်းထောင် ] ဖြစ်သည်။မြေမှော်ပညာသည် မြေဒြပ်စင်ကြောင့် ဖြစ်လာသော မြေဒြပ်စင်ကောင်များအပေါ်၌ သက်ရောက်မှုမရှိပေ။ထိုမြေဒြပ်စင်ကောင်သည် [ ကျောက်အကျဉ်းထောင် ] ကို လက်ဖြင့်ထိလိုက်ရာ အလွန်မာကြောလှသည့် ကျောက်တိုင်များသည် အမှုန့်ဖြစ်သွားပြီး မြေပြင်ပေါ် ပြိုလဲကျသွားသည်။
ထိုအချိန်၌ မြေတံတိုင်းပေါ်ရှိ အက်ကြောင်းများလည်း တဖြည်းဖြည်း ကျယ်ပြန့်လာပြီး ချက်ချင်း အပိုင်းပိုင်း အစစ ဖြစ်သွားကာ မယ်ဒူဆာဘုရင်မနှင့် ပြိဿအကြီးအကဲတို့ ပေါ်ထွက်လာသည်။လက်ရွေးစင်မြေဒြပ်စင်ကောင်လည်း မှော်အစွမ်းမသုံးနိုင်တော့ဘဲ ကျောက်လုံးအဖြစ်လိမ့်ကာ လှိမ့်ပြီးထွက်ပြေးကြည့်လိုက်သည်။
စိမ်းပြာရောင် ပုံရိပ်တစ်ခု မြေပြင်ပေါ်မှ ထွက်လာပြီး လုံးဝမပိတ်သေးသည့် ကျောက်လုံးကြီးကို လက်ချောင်းများဖြင့် တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်သည်။ နှစ်ဖက်စလုံး၏ မြေဒြပ်စင် စွမ်းအားများ အချင်းချင်း ပယ်ဖျက်ကုန်ပြီး ဗီဇပြောင်း လက်ရွေးစင် မြေဒြပ်စင်ကောင် ခဏမျှ မထွက်ပြေးနိုင်တော့ပေ။
ထိုအချိန်၌ အခြားလက်ရွေးစင် မြေဒြပ်စင်ကောင် တစ်ယောက် တစ်ယောက်တည်း ထွက်ပြေးသွားခဲ့သည်။ကျန်ရှိသည့် ရန်သူများလည်း ဒီရေကဲ့သို့ ဆုတ်ခွာသွားကြသည်။ဒယ်လောင်၏ ဟစ်ကြွေးသံကို ချန်လွေ့ ကြားလိုက်သည်။
“ ချန်လွေ့။ဒီကိုလာခဲ့တော့။ ”
ပြိဿအကြီးအကဲ အောင်မြင်သွားကြောင်း သိလိုက်ပြီး ချန်လွေ့သည် ရှေ့သို့ အမြန်သွားသည်။မြေဒြပ်စင်ကောင်၏ ခန္ဓာကိုယ်ကို ထာ့ခ် ဖက်ထားပြီး ခြေလက်များကို မယ်ဒူဆာဘုရင်မနှင့် ပြိဿအကြီးအကဲတို့ ထိန်းချုပ်ထားသည်ကို ချန်လွေ့ မြင်လိုက်ရသည်။
“ ဆော့ခ်ရဲ့ မြေဒြပ်စင်စွမ်းအားက အခုငါ့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်။ သူဘာမှော်အစွမ်းမှ မထုတ်နိုင်ဘူး။ဒါပေမဲ့ သိပ်ပြီးကြာကြာခံမှာ မဟုတ်ဘူး။ မင်းအမြန်ဆုံး လုပ်ရမယ်။ ”
ထာ့ခ်၏ အသံ အနည်းငယ် ပင်ပန်းနေသည်။
ချန်လွေ့ သေသေချာချာ ပြင်ဆင်ထားခဲ့သည်။ဒယ်လောင်၏အသံကို ကြားပြီးသည့်အခါ ချန်လွေ့သည် ဘယ်လက်တွင် အမှောင်ဆန္ဒဝတ်ကာ သက်ဆိုင်ရာ စိတ်ဝိညာဉ် ဆေးရည် တစ်ပုလင်း သောက်ထားခဲ့သည်။ထို့နောက် ချက်ချင်းပင် လက်ဆန့်တန်းကာ [ အရှိန်အဝါ ကူးပြောင်းခြင်း ] အစွမ်းကို အသက်သွင်းသည်။
ကူးပြောင်းမှု အသိပေးချက်ကို အတည်ပြုပြီးနောက် ထင်ထားသည့် အတိုင်းပင် ချန်လွေ့၏ အသိစိတ်ထဲ၌ ကြောက်မက်ဖွယ်ရာ မျက်လုံးတစ်စုံ ပေါ်ထွက်လာပြန်သည်။ ရုတ်တရက် အေးစက်ပြီး ဆိုးယုတ်သော မျက်လုံးသည် ချန်လွေ့ကို ပြိုလဲလုနီးပါး ဖြစ်သွားစေသည်။ကံကောင်းစွာပင် ချန်လွေ့သည် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားခဲ့သည်။ စူပါစနစ်၏ ကူးပြောင်းခြင်းနှင့် အမှောင်ဆန္ဒ၏ စိတ်ဝိညာဉ်ခုခံမှုနှင့်အတူ ချန်လွေ့ ဆက်လက်ကြံ့ကြံ့ခံခဲ့သည်။ဆော့ခ်အမည်ရသော လက်ရွေးစင်မြေဒြပ်စင်ကောင်၏ ဆိုးယုတ်သော မျက်လုံးများသည် အစွမ်းထက်သော်လည်း အသက်ဓာတ်ရေစင်မှာကဲ့သို့ အဆုံးမဲ့မဟုတ်ပေ။ထို့ပြင် ချန်လွေ့သည် ယခုတစ်ခေါက်တွင် ဒုတိယအကြိမ်အတွက် ပြင်ဆင်ထားသည်။ချန်လွေ့၏ ခုခံမှု အနည်းငယ်ပိုကောင်းလာပြီး စူပါစနစ်၏ စုပ်ယူမှုသည်လည်း ပို၍အစွမ်းထက်လာသည်။မိနစ်၂၀ကြာပြီးသည့်အခါ ဆော့ခ်၏ ရုန်းကန်မှု ဖြည်းဖြည်းချင်း လျော့ကျသွားပြီး မျက်လုံးထဲရှိ အဝါရောင် အလင်းလည်း စတင်မှိန်လာသည်။
[ အရှိန်အဝါ ကူးပြောင်းခြင်း ] အစွမ်းကို ဒုတိယအကြိမ် ဆယ်မိနစ်ခန့် အသက်သွင်းပြီး နောက်ဆုံး၌ ဆော့ခ်၏မျက်လုံးမှာ အဖြူရောင် ပြန်ဖြစ်သွားသည်။
“ တော်လောက်ပြီ။ထာ့ခ်။ငါ့ကို ဒီလိုဖက်ထားတာ မသက်မသာ ခံစားရတယ်။ ”
ဆော့ခ်၏ အသံဩဩ ထွက်လာသည်။