← Chapters

အထိတ်တလန့်ဖြစ်မှု။ပြန်လည်ရှင်သန်လာအံ့သော နတ်ဆိုးအရှင်သခင်

Vol. 11 Ch. 159

အထိတ်တလန့်ဖြစ်မှု။ပြန်လည်ရှင်သန်လာအံ့သော နတ်ဆိုးအရှင်သခင်

Vol. 11 Ch. 159

“ ဆော့ခ်။မင်းတကယ် နိုးလာပြီပဲ။ ”

ထာ့ခ် အလွန်ပျော်ရွှင်သွားပြီး ထရပ်သည်။ချန်လွေ့လည်း ချွေးသုတ်ပြီး မယ်ဒူဆာ ဘုရင်မနှင့် ပြိဿအကြီးအကဲတို့အား ချုပ်နှောင်မှုကို လွှတ်ခိုင်းလိုက်သည်။

ဆော့ခ်သည် ဖြည်းဖြည်းချင်းထပြီး ခေါင်းရမ်းကာ ပြောသည်။

“ တကယ်တော့ ငါက အမြဲတမ်း နိုးနေတာပါ။ဒါပေမဲ့ ငါရဲ့အသိစိတ်က ထိန်းချုပ် ခံထားရတယ်။ငါ့ခန္ဓာကိုယ်က အမိန့်တွေကို အလိုလို လုပ်ဆောင်နေတာ။တခြား မြေဒြပ်စင်ကောင်တွေလည်း ဒီလိုပဲ ဖြစ်ရမယ်။ ”

“ ဆော့ခ်။ဘုရင်ကြီး ဘာဖြစ်သွားတာလဲ။ငါ့ကိုပြောပြ။ ”

ဆော့ခ် သက်ပြင်းချလိုက်သည်။

“ အမှန်ပြောရရင် သူက ငါတို့ရဲ့ဘုရင် မဟုတ်တော့ဘူး။ ”

ထာ့ခ် ထိတ်လန့်သွားသည်။ထို့နောက် ချန်လွေ့ပြောသည့် “ ဂလော်ဖင်း ” အကြောင်း တွေးမိသွားပြီး မေးသည်။

“ ဘုရင်ကြီးရဲ့ အသိစိတ်က သိမ်းပိုက်ခံလိုက်ရတာလား။ ”

ဆော့ခ် ခေါင်းခါသည်။

“ လုံးဝတော့ မသိမ်းပိုက်ခံရသေးဘူး။ဒါပေမဲ့ သိမ်းပိုက်ခံရလုနီးပါး ဖြစ်နေပြီ။အဲဒီလူက သိပ်မကြာခင်မှာ ငါတို့ရဲ့ဘုရင်ကို လုံးဝထိန်းချုပ်သွားနိုင်လိမ့်မယ်။အဲဒီအချိန်ကျရင် မြေအောက်မှာရှိတဲ့ သတ္တဝါတွေအားလုံး အဆုံးသတ်သွားကြမှာ။ ”

ထိုအကြောင်းကိုကြားရာ ချန်လွေ့သာမက ဘာသာပြန်ကို နားထောင်နေကြသော မယ်ဒူဆာဘုရင်မနှင့် ပြိဿအကြီးအကဲတို့ပါ အလွန်အံ့အားသင့်သွားကြသည်။

ချန်လွေ့ ပင့်သက်ပြင်းပြင်းရှိုက်ပြီး မေးသည်။

“ ဆော့ခ်။မင်း သိတာတွေအကုန် ပြောပြပေးနိုင်မလား။ ”

ဆော့ခ်သည် ထိုထူးဆန်း‌သည့် နတ်ဆိုးကို ဖြတ်ခနဲ ကြည့်လိုက်သည်။ထို့နောက် လက်ကို ကြက်ခြေခတ်ပြီး ဦးညွှတ်သည်။

“ မင်းက အားနည်းပေမဲ့ မှော်ဆန်တဲ့ စွမ်းရည်တွေ အမျိုးမျိုးရှိတယ်။ငါ့ရဲ့ ကျဆုံးသွားတဲ့ စိတ်ဆန္ဒကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးပါပဲ။ ”

“ ရပါတယ်။ငါက မြေဒြပ်စင်ကောင်တွေရဲ့ မိတ်ဆွေတစ်ယောက်ပါ။ ”

ချန်လွေ့သည် ဆော့ခ်ပုံစံအတိုင်းလုပ်ကာ ဦးညွှတ်လိုက်သည်။ထို့နောက် သူမေးသည်။

“ မြေဒြပ်စင်ဘုရင်အကြောင်းကို ထာ့ခ်ပြောပြလို့သိပြီးပြီ။“ အဲဒီပုဂ္ဂိုလ် ”ရဲ့ မူလဇစ်မြစ်‌ ကိုလည်း ငါတို့သိပြီးပြီ။မင်းက အမြဲတမ်း နိုးနေတာဆိုတော့ အဲဒီအကြောင်းကို ပိုသိမှာပဲ။ အသေးစိတ် ပြောပြပေးပါ။ငါတို့တွေအခု မြေဒြပ်စင်ကောင်၊ပြိဿနဲ့ မယ်ဒူဆာ အင်အားစုတွေကို စုစည်းပြီးပြီ။အဲဒီလူကို ငါတို့တားဆီးပြီးတော့ မြေဒြပ်စင်ဘုရင်ကို အမြန်ဆုံး နိုးထအောင် လုပ်ရမယ်။ ”

“ အကောင်းဆုံး နည်းလမ်းကတော့ ဘုရင်ကြီးမျက်နှာပေါ်က မျက်နှာဖုံးကို ချွတ်ဖို့ပဲ။ ”

ဆော့ခ် ဆက်ပြီးခေါင်းခါလိုက်သည်။

“ အဲဒီတုန်းက ငါ ဗီဇပြောင်းတာကို လက်ခံတဲ့ပုံစံ ဟန်ဆောင်ပြီးတော့ အလစ် တိုက်ခိုက်ဖို့ ကြိုးစားခဲ့ဖူးတယ်။ဒါပေမဲ့ နတ်ဆိုးအရှင်သခင်ရဲ့ စိတ်စွမ်းအားကို ငါမယှဉ်နိုင်ခဲ့ဘူး။အဲဒါနဲ့ ငါဘာမှမလုပ်နိုင်သေးခင်မှာပဲ ထိန်းချုပ်ခံလိုက်ရတယ်။ပြီးတော့ ဗီဇပြောင်းတာကို ခုနကအထိ လက်ခံလိုက်ရတယ်။ ”

ထာ့ခ်သည် အမှန်တရားကို ရုတ်တရက် သဘောပေါက်သွားသည်။

“ မင်းက ဘုရင်ကြီးရဲ့ မျက်နှာဖုံးကို ချွတ်ဖို့ကြိုးစားလို့ ထိန်းချုပ်ခံလိုက်ရတာပေါ့။ ”

“ အစကတော့ ငါက ဗီဇပြောင်း လျို့ဝှက်ချက်ကို ချောင်းကြည့်မလို့ပဲ။နောက်တော့ ဘုရင်ကြီး သိသွားတယ်။ဗီဇပြောင်းတာကို လက်ခံချင်ယောင်ဆောင်တော့ မျက်နှာဖုံးကို ချွတ်ဖို့ အခွင့်အရေး ပေးလာခဲ့တယ်။ဒါပေမဲ့လည်း ငါလုံးဝကို ကျဆုံးသွားခဲ့ရတယ်။ ”

ဆော့ခ်၏အသံတွင် ကြောက်ရွံ့မှု အရိပ်အယောင် ပါဝင်နေသည်။

“ အဲဒီမျက်နှာဖုံးရဲ့စွမ်းအားက တကယ့်ကို ကြောက်မက်ဖွယ်ရာပဲ။ဘုရင်ကြီးရဲ့ အနားကိုပဲ ငါသွားခဲ့တာ။ငါ့ရဲ့ ဒြပ်စင်ဝိညာဉ်ကို အဲဒီမျက်နှာဖုံးက စုပ်ယူတော့မလို ခံစားခဲ့ရတယ်....”

ချန်လွေ့ ညည်းညူလိုက်သည်။

“ လက်ရှိအခြေအနေအရတော့ မြေဒြပ်စင်ဘုရင်က ကိုယ့်အားနဲ့ကိုယ် မျက်နှာဖုံး မချွတ်နိုင်ဘူး။ မြေပေါ်ကိုသွားမယ့် လမ်းကြောင်းကလည်း ဖျက်ဆီးခံထားရတယ်။ ငါတို့တစ်ခုခုတော့ လုပ်ရမယ်။မဟုတ်ရင်တော့ ဒီမှာနေနေပြီးတော့ သေဖို့ကိုပဲ စောင့်နေရမှာ။ ”

“ ငါတို့မြေဒြပ်စင်ကောင်တွေက သဘာဝဒြပ်စင်တွေ စုစည်းပြီးဖြစ်လာတာ။သေပြီးရင် ဒြပ်စင်တွေ ပျံ့နှံ့သွားတယ်။ဒါပေမဲ့ ဒါက ငါတို့အသက်ရှင်တဲ့နည်းလမ်းကို ပြောင်းလဲပေးလိုက်တာပါပဲ။ ”

ထာ့ခ်သည် အလွန် ဉာဏ်အလင်းရသွားပြီး သေခြင်း၊ရှင်ခြင်းကို ဂရုမစိုက်တော့ပေ။

“ ဒါပေမဲ့ ငါတို့ရဲ့ ဘုရင်ကြီးကိုတော့ အထိန်းချုပ်ခံ ရုပ်သေး မဖြစ်စေချင်ဘူး။ အဲဒါကြောင့်ပဲ ပထဝီဘုံကနေ ငါတို့မြေဒြပ်စင်ကောင်တွေကို ဦးဆောင်ပြီး ထွက်သွားခဲ့တာ။ အခုတော့ ငါတို့ပြန်ဖို့ အချိန်ရောက်ပြီ။ငါတို့ရဲ့သေဆုံးမှုက ဘုရင်ကြီးကို အသိစိတ်ပြန်ရရှိဖို့ အခွင့်အရေး ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ”

ဆော့လ်လည်း အားတက်သရော ခေါင်းညိတ်သည်။

“ အတူတူ ပြန်ကြမယ်။ ”

လက်ရွေးစင် မြေဒြပ်စင်ကောင် နှစ်ယောက်သည် သေဆုံးခြင်းကို အသုံးချပြီး ဘုရင်ကြီးအား နှိုးမည့်အကြောင်းကြားလိုက်ရာ ချန်လွေ့သည် သူတို့နှစ်ယောက်အား ခပ်မြန်မြန် တားဆီးလိုက်သည်။

“ မလိုအပ်ဘဲ မစတေးနဲ့။ဂလော်ဖင်း ဘယ်ဇီဘတ် လို့ခေါ်တဲ့ အဲဒီလူက နတ်ဆိုး အရှင်သခင်အဆင့် ပုဂ္ဂိုလ်တစ်ယောက်ပဲ။မျက်နှာဖုံးကလည်း အဆောင်ပစ္စည်းခုနစ်မျိုး ထဲက တစ်မျိုးဖြစ်တဲ့ ‘ နတ်ဘုရားဝါးမျို မျက်နှာဖုံး ’ ပဲ။အဲဒီအဆောင်ပစ္စည်းက တော်တော်လေး အစွမ်းထက်တယ်။အခုဆိုရင် မြေဒြပ်စင်ဘုရင်က လုံးဝနီးပါး ထိန်းချုပ်ခံထားရတယ်။မင်းတို့တွေ ဘုရင်ကြီးအရှေ့မှာ သေသွားရင်တောင် အဆောင်ပစ္စည်းရဲ့ စိတ်ဆန္ဒကို လှုပ်ခါနိုင်မှာ မဟုတ်ဘူး။ဆော့ခ်။သေချာစဉ်းစားပါဦး။ တခြားနည်းလမ်း မရှိတော့ဘူးလား။အိုး။ဟုတ်သားပဲ။အသက်ဓာတ်ရေစင်နဲ့ မြေဒြပ်စင်ဘုရင်ရဲ့ လက်ရှိအခြေအနေက ဘယ်လိုပတ်သက်မှု ရှိတာလဲ။ ”

ဆော့ခ် တစ်ခုခုကို သတိရသွားပြီး ခဏမျှ လေးလေးနက်နက်စဉ်းစားကာ ပြောသည်။

“ အသက်ဓာတ်ရေစင်ကို ဖျက်ဆီးပစ်နိုင်ရင် အဲဒီလူရဲ့ထိန်းချုပ်မှုကို တားဆီးနိုင်မယ်။ ဒါမှမဟုတ် ကြန့်ကြာစေနိုင်မယ်။ ”

“ မဖြစ်နိုင်ဘူး။ ”

ထိုစကားကို မယ်ဒူဆာဘုရင်မနှင့် ပြိဿအကြီးအကဲတို့ကြားသည့်အခါ တစ်ပြိုင်နက်တည်း ပြောလိုက်ကြသည်။မည်သည့်အကြောင်းကြောင့်ဖြစ်ဖြစ် အသက်ဓာတ်ရေစင် ဖျက်‌ဆီးခံရလျှင် မျိုးနွယ်နှစ်ခုစလုံး၏ မျိုးဆက်ပြန့်ပွားရေးနှင့် အသက်ရှင်‌ရေးကို အကြီးအကျယ် ထိခိုက်စေနိုင်တယ်။၎င်းသည် သေခြင်းနှင့် မည်သည်မှ မကွာခြားပေ။

ချန်လွေ့ အကြံတစ်ခုရပြီး ပြောသည်။

“ မိတ်ဆွေ ဒယ်လောင်။ပြိဿတွေရဲ့ အသက်ဓာတ်ရေစင် ဘယ်ကိုရောက်သွားလဲဆိုတာ မှတ်မိလား။ ”

ဒယ်လောင် ချက်ချင်း တုံ့ပြန်သည်။၎င်း၏ နွားမျက်လုံးထဲ၌ အံ့အားသင့်မှုများ အရောင်တောက်နေသည်။

“ မင်းပြောတာက...... ”

“ အသက်ဓာတ်ရေစင်နဲ့ အဲဒီနတ်‌ဆိုးအရှင်သခင် ပြန်လည်ရှင်ဖို့ ဘယ်လိုဆက်နွှယ်နေလဲ ဆိုတာ အဲဒီမြေဒြပ်စင်ကောင်ကို အရင်မေးကြည့်လိုက်ဦးမယ်။ ”

ဆော့ခ်သည် ချန်လွေ့မေးသည်ကို ခပ်မြန်မြန် ‌ဖြေလိုက်သည်။

“ ပထဝီဘုံနဲ့ ပိစိမှင်စာတို့ရဲ့ မူလအသက်ဓာတ်ရေစင်က မခမ်းခြောက်သွားဘူး။ ဂလော်ဖင်းရဲ့ ထူးဆန်းတဲ့စွမ်းအားတွေနဲ့ ထိန်းချုပ်ခံထားရတာ။သူ့ရဲ့ ရည်ရွယ်ချက်က အသက်ဓာတ်ရေစင်ကနေ စွမ်းအားတွေစုပ်ယူပြီးတော့ သူ့ရဲ့စိတ်ဆန္ဒကို ပိုသန်မာစေဖို့နဲ့ မြေဒြပ်စင်ဘုရင်ရဲ့ စိတ်ဆန္ဒကို ဖိနှိပ်နိုင်ဖို့ပဲ။ ”

နောက်ဆုံး၌ ချန်လွေ့ သဘောပေါက်သွားသည်။မယ်ဒူဆာနှင့်ပြိဿတို့ မဟာမိတ်ဖွဲ့ လိုက်သည်ကို သိသွားပြီးသည့်အခါ ဂလော်ဖင်းသည် ပိစိမှင်စာများကို သုတ်သင်သကဲ့သို့ နတ်ဆိုးယင်ကောင်များနှင့် မြေဒြပ်စင်ကောင်များကိုသာ မှီခို၍မရတော့ကြောင်း သဘောပေါက်လိုက်ပြီး နည်းဗျူဟာ ပြောင်းလိုက်သည်။သူသည် အသက်ဓာတ် ရေစင်ကိုသာ အာရုံစိုက်ထားသည်။သူသည် အသက်ဓာတ်ရေစင်မှ စွမ်းအားကိုစုပ်ယူရန် ထူးဆန်းသော အစွမ်းများကို အဆက်မပြတ်အသုံးပြုပြီး တစ်ချိန်တည်းမှာပင် ချိပ်ပိတ်သည်။မြေဒြပ်စင်ဘုရင်၏ စိတ်ဆန္ဒကို လုံးဝထိန်းချုပ်နိုင်သွားမည်‌ဆိုလျှင် မယ်ဒူဆာနှင့်ပြိဿတို့အား ဖျက်ဆီးခြင်းသည် အလွန်လွယ်ကူသွားမည် မဟုတ်ပါလား။

လက်ရှိတွင် အရေးကြီး‌ဆုံးမှာ အချိန်ဆွဲရန်ဖြစ်သည်။သူတို့သည် မယ်ဒူဆာတို့၏ အသက်ဓာတ်ရေစင်ကို ကြယ်စင်စု ဥယျာဉ်ထဲ အမြန်ဆုံး ပြောင်းရွှေ့ရပေမည်။အရင်ဦးစွာ သူတို့သည် မယ်ဒူဆာဘုရင်မ၏ ခွင့်ပြုချက်ကို ရယူရန် လိုအပ်သည်။

“ အရှင်မနဲ့ကျုပ် အရေးကြီးတာ ဆွေးနွေးစရာတစ်ခု ရှိတယ်။ဒီကိစ္စက မယ်ဒူဆာနဲ့ ပြိဿမျိုးနွယ်တို့ အသက်ဆက်ရှင်နိုင်ဖို့အတွက် တိုက်ရိုက်သက်ဆိုင်တယ်..... ”

မယ်ဒူဆာဘုရင်မသည် ချန်လွေ့ပြောသည်ကို နားထောင်ရင်း သူ၏ရွှေရောင်မျက်လုံး၌ ထူးထူးခြားခြား အရောက်တောက်လာသည်။ခဏကြာပြီးနောက် မယ်ဒူဆာဘုရင်မ ပြောသည်။

“ ပြိဿတွေ သတ္တုလက်နက် သွန်းလုပ်နိုင်အောင် မင်းလုပ်ပေးခဲ့တာကိုး။မင်းရဲ့ အထူးစွမ်းရည်နဲ့ ပြိဿတွေရဲ့ အသက်ဓာတ်ရေစင်ကို ထိန်းသိမ်းထားပေးလိုက်တာလား။ ဒါက တကယ့်ကို စိတ်ဝင်စားစရာ အစွမ်းတစ်မျိုးပဲ။အဲဒါကြောင်း အဲဒီနေ့တုန်းက ငါ့လက်ထဲကနေ မင်းလွတ်သွားတာကိုး။ဒါပေမဲ့ အသက်ဓာတ်ရေစင်တွေအားလုံးကို မင်းယူထားပြီးတော့ ပြန်မပေးဘူးဆိုရင် မယ်ဒူဆာနဲ့ပြိဿတွေရဲ့ အသက်သွေးကြောကို သိမ်းပိုက်လိုက်တာနဲ့တူတူပဲ။မြေဒြပ်စင်ဘုရင် အသိစိတ် ပြန်ဝင်လာရင်တော ဒီအခြေအနေက ဆက်ပြီးရှိနေဦးမှာပဲ။ ”

ဘေးမှဒယ်လောင်သည် မယ်ဒူဆာဘုရင်မ၏ သံသယများကို ချန်လွေ့အား မေးမြန်းသည်။ သူသည် မကျေမနပ်နှင့် ဒေါသတကြီး ပြောလိုက်သည်။

“ ဒီမြွေမတွေက တော်တော်သံသယ များတာပဲ။သူတို့တွေ စစ်မှန်တဲ့မိတ်ဆွေ ရနိုင်မှာ မဟုတ်ဘူး။ ”

မယ်ဒူဆာဘုရင်မ၏ ဓားကဲ့သို့ စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို ရင်ဆိုင်ရင်း ချန်လွေ့သည် ဘုရင်မ၏မျက်လုံးကို ကြောက်လန့်မှုမရှိဘဲ ကြည့်လိုက်သည်။

“ ကျုပ်ဒါကိုလုပ်နေတာက ကျုပ်နဲ့ အားလုံး အသက်ဆက်ရှင်ဖို့အတွက်ပဲ။ မယ်ဒူဆာမျိုးနွယ်လည်း အပါအဝင်ပေါ့။ခင်ဗျားမှာ ရွေးချယ်စရာမရှိဘူး။ ဘာလို့လဲဆိုတော့ ခင်ဗျားက မယ်ဒူဆာတစ်ယောက်ပဲမဟုတ်ဘူး။မယ်ဒူဆာမျိုးနွယ်ရဲ့ ဘုရင်မတစ်ယောက်လည်း ဟုတ်တယ်။ ”

၎င်းသည် လိုင်‌ဆာအား မယ်ဒူဆာဘုရင်မ ဆိုဆုံးမခဲ့သည့်အတိုင်း အတိအကျပင် ဖြစ်သည်။မယ်ဒူဆာဘုရင်မ၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။သို့သော်လည်း ပျော်ရွှင်စွာ ခေါင်းညိတ်သည်။

“ ကောင်းပြီ။ငါ့နဲ့လိုက်ခဲ့။ ”

ချန်လွေ့ အနည်းငယ် အံ့အားသင့်သွားသည်။ သူ့ကိုဖျောင်းဖျတာက အဆင်ပြေလှချည်လား။

“ ယုံကြည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။အရှင်မ။ ”

မယ်ဒူဆာဘုရင်မသည် ထူးထူးဆန်းဆန်း လှောင်ပြုံးပြုံးပြီး လျှာထုတ်လိုက်သည်။

“ မင်းကအားနည်းပေမဲ့ ရဲတင်းတယ်။ဉာဏ်များတယ်။လက်စားချေလိုစိတ် ပြင်းပြတယ်။မင်းက တင်ထက်ကိုပိုပြီးတော့ မယ်ဒူဆာတွေရဲ့ယောက်ျား ဖြစ်သင့်တာ။မယ်ဒူဆာတွေအပေါ် အသက်ဓာတ်ရေစင်ရဲ့ သက်ရောက်မှုကို မင်းသိမှာပါ။မင်း အဲဒါကို ပြန်မထားနိုင်ရင် မယ်ဒူဆာမျိုးနွယ်စုမှာ နေရမယ်။ငါတို့တွေ အပြင်ကို အဲဒီနွားခေါင်းတွေလည်း မင်းကို မိတ်ဆွေအဖြစ် ဆက်ရှိနေစေချင်မယ်လို့ ငါထင်တယ်။ ”

မယ်ဒူဆာဘုရင်မသည် ထိုဖြစ်ရပ်ကို အသုံးချပြီး အကျပ်ကိုင်လိမ့်မည်ဟု ချန်လွေ့ မထင်ထားခဲ့ဘဲ ကြက်သီးများ တဖြန်းဖြန်း ထသွားသည်။

မယ်ဒူဆာမျိုးနွယ်စုမှာ နေရမှာလား။တစ်ညတည်းနဲ့ အကြိမ်ပေါင်းမြောက်မြားစွာ မိတ်လိုက်ခံရမယ့် အပျော်ယောက်ျား ဖြစ်လာရမှာလား။ပြီးတော့ အဲဒီအကြိုက်ထူးခြားတဲ့ မိန်းမတွေနဲ့လား။

မြွေများ၏ မိတ်လိုက်ချိန်သည် အမြင့်ဆုံး ဆယ့်နှစ်နာရီအထိ ရောက်ရှိနိုင်သည်ဟု အင်တာနက်ပေါ်၌ တစ်စုံတစ်ယောက် ပြောခဲ့သည်ကို ချန်လွေ့ သတိရသွားသည်။ ၎င်းသည် မှန်မမှန် ချန်လွေ့မသိပေ။ထိုကမ္ဘာရှိ မြွေများနှင့် မြွေမိန်းမတို့၏ ခြားနားချက် ကိုလည်း ချန်လွေ့မသိပေ။သို့မဟုတ်ပါက ချန်လွေ့တွင် နဂါးခန္ဓာရှိလျှင်တောင် ကုန်ခမ်းသည် အထိ အညှစ်ခံရပေလိမ့်မည်။မည်သို့ပင်‌ဆိုစေကာမူ ရှုရှန်းကို ကြည်ညို လေးစားရုံသာ လေးစားသင့်ပေသည်။အတုမခိုးသင့်ပေ။

( ရှုရှန်းဆိုတာက မြွေဖြူမိစ္ဆာနဲ့ လက်ထပ်လိုက်တဲ့သူပါ။ )

မြွေဖြူဒဏ္ဍာရီ၏ နတ်ဆိုးဘုံဗားရှင်းတွင် တင်ဆိုသည့် ဇာတ်လိုက်တစ်‌ယောက်သာ လိုအပ်ပေသည်။

ချန်လွေ့သည် မယ်ဒူဆာဘုရင်မနှင့်အတူ အသက်ဓာတ်ရေစင်ဆီသို့ လိုက်သွားသည်။ မယ်ဒူဆာတို့၏ အသက်ဓာတ်ရေစင်သည် ပြိဿတို့ထက် နှစ်ဆကြီးတယ်။သို့သော်လည်း ဘေးပတ်ဝန်းကျင်၌ ရွှေရောင်းအလင်းစက်များဖုံးလွှမ်းနေသည်။ခြောက်သွေ့ရန်မှာ အနှေးနှင့်အမြန်ပင် ဖြစ်သည်။

ချန်လွေ့လက်ထဲ၌ မြူနှင်းအမြောက်အမြား ပေါ်ထွက်လာပြီး အသက်ဓာတ်ရေစင်ကို ဖုံးလွှမ်းသွားသည်။ခဏအကြာ၌ အသက်ဓာတ်ရေစင် ပျောက်ကွယ်သွားသည်။ အသက်ဓာတ်ရေစင်များ မစုစည်းသွားကြပေ။ကြယ်စင်စုဥယျဉ်ထဲ၌ မယ်ဒူဆာနှင့် ပြိဿတို့၏ အသက်ဓာတ်ရေစင်တို့ မပေါင်းစည်းသွားကြဘဲ သီးခြားတည်ရှိနေကြသည်။ ထူးဆန်းစွာပင် မယ်ဒူဆာတို့၏ အသက်ဓာတ်ရေစင်သည် ပြိဿတို့ထက်ကြီးသော်လည်း စုစုပေါင်းမှာ ၂၀၀/၂၀၀ ပင် ဖြစ်သည်။

မယ်ဒူဆာများအားလုံး ကြက်သေသေသွားကြသည်။အသက်ဓာတ်ရေစင်အား ရန်သူများ လုယူခြင်းကို တားဆီးရန်အတွက် ချန်လွေ့သည် အထူးအစွမ်းတစ်မျိုးအသုံးပြုပြီး ထိန်းသိမ်းထားကြောင်း မယ်ဒူဆာဘုရင်မ ချက်ချင်း ကြေညာလိုက်သည်။မယ်ဒူဆာ တစ်ယောက်ယောက်ယောက် စိတ်ထန်လာသည့်အခါ ချန်လွေ့ထံမှ အသက်ဓာတ် ရေစင်ကို တောင်း၍ရကြောင်း၊သို့မဟုတ် ချန်လွေ့နှင့်အတူ တစ်ခါတည်း မိတ်လိုက်၍ရကြောင်းလည်း ပြောသည်။

ထိုသို့ပြောပြီးသည်နှင့် မယ်ဒူဆာတို့၏ မြွေမျက်လုံးများသည် ချန်လွေ့၏ခန္ဓာကိုယ်ပေါ်သို့ ရောက်ရှိလာကြသည်။အချို့မျက်လုံးများထဲ၌ ထူးထူးဆန်းဆန်း အကြည့်များရှိနေပြီး ချန်လွေ့အား ကြက်သီးထစေသည်။ချန်လွေ့သည် အသီနာ၏လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်မိလိုက်သည်။မယ်ဒူဆာဘုရင်မ၏ စကားလုံးများသည် အလွန်ပင် အဆိပ်အတောက် ဖြစ်လှသည်။

အံ့အားသင့်ဆုံးမှာ တင်မ်ဖြစ်သည်။ချန်လွေ့ဆိုသူသည် မိမိနှင့်စွမ်းအားအဆင့် တူတူရှိသော်လည်း ချန်လွေ့တွင် အဆုံးမရှိသော “ သွေးမျိုးဆက်ပါရမီများ ” ရှိနေကာ အချို့ကိုပင် မကြားဖူးပေ။သူသည် မဟာနတ်ဆိုးမျိုးနွယ်မဟုတ်ဘဲ တော်ဝင်မိသားစု၏ မျိုးဆက် ဖြစ်နိုင်ပေသည်။ထို့ကြောင့်ပင် သူသည် အင်ပါယာ ပထမဆုံးဗိုလ်ချုပ်၏ သမီးကို အရယူနိုင်ခဲ့ခြင်း ဖြစ်ပေမည်။

မယ်ဒူဆာ အသိုက်အမြုံကိစ္စ ပြီးစီးသွားသည့်အခါ ပြိဿတို့သည် လက်နက်များ အကြောင်း အသေးစိတ်ပြန်ပြောသည်။မယ်ဒူဆာတို့ကိုပေးသော သတ္တုလက်နက် များသည် လက်ဆောင်အကြီးကြီး တစ်ခုပင် ဖြစ်သည်။သို့သော်လည်း အချိန်ကြောင့် တောခုတ်ဓားနှင့် ဒိုင်းကာတို့ မလုံလောက်ခဲ့ပေ။အထူးသဖြင့် အများဆုံးအသုံးပြုရတော့ မြှားများ မလုံလောက်ပေ။ထိုလက်နက်အများစုမှာ သာမန်သတ္တုများသာ ဖြစ်သည်။ ကြယ်နက်သံ လက်နက်များသည် ရှားပါးပြီး ခက်ခဲသည့်အတွက် နတ်ဆိုးဘုရင်အဆင့်နှင့် အထက်များကိုသာ ခွဲဝေပေးသည်။

ချန်လွေ့၊ပြိဿအကြီးအကဲ၊မယ်ဒူဆာဘုရင်မနှင့် လက်ရွေးစင် မြေဒြပ်စင်ကောင် နှစ်ယောက်တို့ သေသေချာချာ ဆွေးနွေးပြီး အလုပ်တာဝန်ခွဲဝေကြသည်။လက်ရွေးစင် မြေ‌ဒြပ်စင်ကောင် နှစ်ယောက်သည် ပိစိမှင်စာတို့၏ အပျက်အစီးများထံသို့ ချန်လွေ့ကို ခေါ်သွားပြီး အသက်ဓာတ်ရေစင်ကို ရယူမည်ဖြစ်သည်။ပြိဿများသည် အချိန်ကို အမိအရယူပြီး ချန်လွေ့သန့်စင်ထားသော သတ္တုများအား လက်နက်နှင့်ချပ်ကာများအဖြစ် ထုလုပ်မည် ဖြစ်သည်။မယ်ဒူ‌ဆာများသည်လည်း ပန်းပဲထုလုပ်ခြင်းပညာ အဆင့်တစ်ခု ရှိသည်။အထူးသဖြင့် မြားပြုလုပ်သည့် နေရာ၌ဖြစ်သည်။အလုပ်မြန်စေရန် သူတို့သည် ပြိဿတို့နှင့် အလုပ်တူတူ လုပ်နိုင်သည်။

အသက်ဓာတ်ရေစင်အကြောင်း စိတ်ပူစရာ မရှိတော့ပေ။အဓိကအင်အားစု သုံးခု ပူးပေါင်းလိုက်ကြပြီး အချိန်မရွေးဖြစ်လာနိုင်သည့် တိုက်ပွဲများကို ရင်ဆိုင်နိုင်ပြီ ဖြစ်လေသည်။

All Chapters