← Chapters

လောင်ကျွမ်းခြင်း။နောင်တမရှိသော အနီရောင်

Vol. 11 Ch. 163

လောင်ကျွမ်းခြင်း။နောင်တမရှိသော အနီရောင်

Vol. 11 Ch. 163

ဒြပ်စင်နှလုံးသားသည် မြေဒြပ်စင်ဘုရင်၏ အမြုတေဖြစ်ပြီး လူသားနှလုံးသားနှင့် ဆင်တူသည်။ဒြပ်စင်နှလုံးသား ကွဲကြေသွားသည်နှင့် အစွမ်းထက် မြေဒြပ်စင်ဘုရင် များပင် ၇ရက်အတွက် သေဆုံးကြရသည်။

မူလက မြေဒြပ်စင်ဘုရင်တွင် စွမ်းအားအကုန်နီးပါး ဆုံးရှုံးနေသည့်အတွက် ထိုကဲ့သို့ မလုပ်နိုင်ခဲ့ပေ။အသက်ဓာတ်ရေစင် ၄ခုကို ချန်လွေ့ သိမ်းယူခဲ့သည့်အတွက်ကြောင့် မြေဒြပ်စင်ဘုရင်အပေါ် ဂလော်ဖင်း၏ ဖိနှိပ်မှုများသည် ကြီးကြီးမားမား လျော့ကျသွားခဲ့သည်။

ထာ့ခ်အား ဂလော်ဖင်း ညှစ်ခြေလိုက်ခြင်းသည် မြေဒြပ်စင်ဘုရင်၏ စိတ်ဆန္ဒကို လှုံ့ဆော်ပေးနိုင်ခဲ့သည်။အသက်ဓာတ်ရေစင်ကို ဂလော်ဖင်း မရရှိစေရန်၊မိမိကိုယ်မိမိ ပြန်လည်ထိန်းချုပ်နိုင်ရန်နှင့် အခြားမြေဒြပ်စင်ကောင်များ အသိစိတ်ပြန်လည် ဝင်လာစေရန်အတွက် မြေဒြပ်စင်ဘုရင်သည် မိမိ၏ အသိစိတ် တစ်စိတ်တစ်ပိုင်းကို အတင်းပြန်ရယူခဲ့သည်။ထို့နောက် လက်ကျန်အားအင်များကို အသုံးပြုကာ ပြင်းပြင်းထန်ထန် ဖောက်ခွဲပစ်လိုက်သည်။နောက်ဆုံး၌ ဒြပ်စင်နှလုံးသား ကွဲကြေသွားတော့သည်။

ထို့ကြောင့် ဂလော်ဖင်း၏စွမ်းအားများ ထိုးကျသွားပြီး အသက်ဓာတ်ရေစင်ကို ယခုရရှိနိုင်ခဲ့လျှင်ပင် ၇ရက်သာ အသက်ရှင်ရတော့မည် ဖြစ်သည်။

“ သောက် မြေဒြပ်စင်ကောင်။ ”

ထိုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မထင်မှတ်ထားသည့်အတွက် ဂလော်ဖင်း ကျယ်ကျယ် လောင်လောင် ဟိန်းဟောက်လိုက်သည်။သလင်းကျောက်များကို ဖယ်ရှားရင်း ထွက်ပြေးရန်ကြိုးစားနေသည့် ချန်လွေ့နှင့် အခြားသူများကိုကြည့်ရင်း ဂလော်ဖင်း ‌နှာမှုတ်လိုက်သည်။ပိုင်နက်အစွမ်းသည် ရုတ်တရက်ပင် အဆဒါဇင်ကျော် တိုးမြင့်သွားသည်။ အလျင်အမြန် ပျံ့နှံ့နေသည့် သလင်းကျောက်များလည်း လူတိုင်းကို အစိုင်အခဲဖြစ်သွားစေပြီး လည်ပင်းအထိ ရောက်ရှိလာကာ ခေါင်းများသာ ကျန်တော့သည်။

ထိုသို့ပြုလုပ်ပြီးနောက် ဂလော်ဖင်း၏ မျက်လုံးထဲရှိ အဝါရောင်အလင်းများ အရောင်မှိန်သွားသည်။သူ၏အစွမ်း အနိမ့်ဆုံးအထိကျမသွားခင်၌ ချန်လွေ့တို့ကို ထိန်းချုပ်ရန်အတွက် ပိုက်နက်အစွမ်းကို ဖောက်ခွဲလိုက်ဟန်တူသည်။

“ အခု ငါ့ရဲ့အစွမ်းတွေ ကုန်ဆုံးလုနီးပါးပဲ။ဒါပေမဲ့ ကံမကောင်းတာကတော့ မင်းတို့တစ်ယောက်မှ ဒီပိုင်နက်ထဲကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ ”

ဂလော်ဖင်း နှာမှုတ်လိုက်သည်။

“ ဒီ နတ်ဘုရားဝါးမျို ပိုက်နက်ကို ကန့်သတ်ပိုင်နက်လို့လည်း ခေါ်တယ်။မင်းတို့ရဲ့ လက်ရှိအဆင့်ကို မကျော်ဖြတ်နိုင်သရွေ့ ဒီကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ ”

“ မင်းရဲ့အဖော်တွေ တစ်ယောက်ပြီးတစ်ယောက် သေသွားတာကို ကိုယ်တိုင် မြင်တွေ့စေရမယ်။ ”

ဂလော်ဖင်းသည် လက်ချောင်းကို ခက်ခက်ခဲခဲနှင့် မလိုက်သည်။ဒြပ်စင်နှလုံးသားကို ကွဲကြေအောင် ပြုလုပ်ခဲ့သည့် မြေဒြပ်စင်ဘုရင်၏ စိတ်ဆန္ဒလည်း အနိမ့်ဆုံးအထိ ရောက်ရှိနေပြီဖြစ်သည်။ထို့ကြောင့် ဂလော်ဖင်းသည် ခန္ဓာကိုယ်ကို အတင်းလှုပ်ရှား၍ရသွားသည်။ဤသည်မှာ နှစ်၄၀၀အတွင်း ပထမဆုံး အကြိမ်ဖြစ်သည်။သို့သော်လည်း အသက်ဆက်ရှန်ရန် ၇ရက်သာ ကျန်တော့သည်။

ဂလော်ဖင်း လှည့်ပတ်ကြည့်ပြီး လက်မြှောက်ကာ မြေဒြပ်စင်ကောင် ဒါ့ခ်ကို လက်ညှိုးထိုးသည်။ဒါ့ခ်၏မျက်လုံးများ တုန်လှုပ်သွားသည်။ထို့နောက် ပေါက်ကွဲသံ ထွက်ပေါ်လာကာ တစ်စစီဖြစ်သွားသောဒါ့ခ်လည်း ထာ့ခ် ခြေလှမ်းအတိုင်း လိုက်သွားတော့သည်။

မျက်စိတ်တစ်မှိတ်အတွင်းမှာပင် ဂလော်ဖင်းသည် လူငါး‌ယောက်ကို သတ်ပစ်ခဲ့သည်။ ထို့နောက် ချန်လွေ့နှင့် သိပ်မဝေးသည့် လူဆာကို လက်ညှိုးထိုးသည်။

“ မလုပ်ပါနဲ့။ ”

မိမိ၏ ဇနီးထံသို့ ဂလော်ဖင်း၏ မရဏလက်ညှိုးထိုးတော့မည့်အချိန်၌ တင်မ် မနေနိုင်တော့ဘဲ အော်လိုက်မိသည်။သို့သော်လည်း သူသည် လက်ရှိတွင် အမြင့်ဆင့် နတ်ဆိုး အလတ်ပိုင်းသာ ဖြစ်သည်။ထို့ကြောင့် လက်ရှိအဆင့်ကို ချိုးဖောက်ရန် မဖြစ်နိုင်ပေ။

ဂလောင်ဖင်း ရက်ရက်စက်စက် ရယ်မောလိုက်သည်။တင်အား တမ်းတမ်းတတ မကြည့်နိုင်ခင်မှာပင် လူဆာ၏ခန္ဓာကိုယ် ပေါက်ကွဲသွားသည်။ကြေမွသွားသော သလင်းကျောက်များသည် နေရာအနှံ့သို့ ပျံ့နှံ့သွားပြီး တင်မ်၏မျက်လုံးများအား အမုန်းတရားများဖြင့် ပြည့်နှက်သွားစေသည်။

ဂလော်ဖင်း နောက်ထပ် လက်ညှိုးထိုးလိုက်သည့်သူမှာ လူဆာဘေးတွင်ရှိ‌သော လိုင်ဆာဖြစ်သည်။

“ သူ့ကို ဘာမှမလုပ်ပါနဲ့။သူ့ဗိုက်ထဲမှာ ကလေးရှိနေသေးတယ်။ ”

တင်မ်၏အသံ တုန်ခါနေသည်။လိုင်ဆာသည် သူ၏နောက်ဆုံးဇနီး ဖြစ်ပြီး ကိုယ်ဝန်ဆောင်နေတုန်းပင် ဖြစ်သည်။

“ ရှီး.... ”

မယ်ဒူဆာဘုရင်မထံမှ ဒေါသထွက်နေသာ ရှူးရှူးရှဲရှဲအသံတစ်သံ ထွက်လာသည်။ မယ်ဒူဆာဘုရင်မ၏မျက်လုံးများ အရောင်တောက်သွားသည်။“ နတ်ဘုရားဝါးမျို မျက်နှာဖုံး ”သည် မယ်ဒူဆာဘုရင်မ၏ မျက်လုံးကိုကြည့်ပြီး လှောင်ပြုံးပြုံးလိုက်သည်။

“ မင်းရဲ့ ကျောက်ဖြစ်စွမ်းရည်က အဆင့်တူ မဟာနတ်ဆိုးဘုရင် အချင်းချင်းတိုက်ခိုက်ရင် အသုံးဝင်နိုင်လောက်တယ်။ဒါပေမဲ့လည်း နတ်ဆိုးအရှင်သခင်ကိုတော့ ဘာမှမဖြစ် စေနိုင်ဘူး။ပြီးတော့လည်း ငါ့ခန္ဓာကိုယ်က မြေဒြပ်စင်ကောင် ဖြစ်နေတယ်လေ။မင်းက ဒီလောက်စိုးရိမ်နေမှတော့ မင်းကို အရင်သေခွင့်ပေးလိုက်မယ်။ ”

ဂလော်ဖင်းသည် မယ်ဒူဆာဘုရင်မကို လက်ညှိုးထိုးလိုက်သည်။မယ်ဒူဆာဘုရင်မ၏ ခန္ဓာကိုယ် အနည်းငယ် တုန်ခါသွားပြီး ခဏမျှ ခုခံနေသော်လည်း နောက်ဆုံး၌ မခုခံနိုင်တော့ဘဲ ပေါက်ကွဲထွက်သွား‌တော့သည်။

သံသယကြီးတော့ မယ်ဒူဆာဘုရင်မကို ချန်လွေ့လုံးဝ သဘောမကျခဲ့သော်လည်း သူလုပ်သမျှအရာအားလုံးသည် မျိုးနွယ်စုအတွက်သာဖြစ်သည်။မယ်ဒူဆာဘုရင်မသည် မိတ်ဆွေကောင်းတစ်ယောက် ဖြစ်ချင်မှဖြစ်ပေလိမ့်မည်။သို့သော်လည်း ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်သည်မှာ အသေအချာပင် ဖြစ်သည်။

မယ်ဒူဆာဘုရင်မကို သတ်ပစ်ပြီးနောက် ဂလော်ဖင်း၏ လက်ညှိုးသည် လိုင်ဆာထံ ရောက်ရှိလာသည်။

“ ဂလော်ဖင်း။ခင်ဗျားက တကယ့်ကို ရွံစရာကောင်းတဲ့ အမှိုက်ပဲ။တော်လိုက်တော့။ ”

ချန်လွေ့ အလွန်အမင်း ဒေါသထွက်နေသည်။ချန်လွေ့သည် ခန္ဓာကိုယ်ထဲမှ ကြယ်စွမ်းအားများကို စုစည်းပြီး မိုင်ဇာအခြေအနေမှ အဆင့်တက်ကာ ကန့်သတ် ပိုင်နက်မှ လွတ်မြောက်ရန် ကြိုးစားလိုက်သည်။ ငါသေမယ်ဆိုရင်တောင် ဂလော်ဖင်းကို ရအောင်သတ်ပစ်မယ်။

သို့သော်လည်း အဆင့်ကြီးတစ်ခုသည် တက်ချင်သည့်အချိန်တိုင်း တက်၍မရနိုင်ပေ။ အထူးသဖြင့် အနိမ့်လွှာမှ အလတ်လွှာသို့ အဆင့်တက်ရန် ပို၍ခက်ခဲလှသည်။ ချန်လွေ့သည် မိုင်ဇာအခြေအနေ၏ အထွတ်အထိပ်အထိ ရောက်ရှိနေပြီဖြစ်သည်။ ချန်လွေ့၏ သုံးဖက်မြင်ခန္ဓာကိုယ်ထဲမှ ကြယ်မှုန်၆ခုသည် အလွန်လျင်မြန်စွာ ရွေ့လျားနေပြီး အလင်းရောင်သည် အဆုံးစွန်ထိလောင်ကျွမ်းသွားသည်။သို့သော်လည်း မျက်နှာပြင်ကို အမည်းရောင်ဖျော့ဖျော့ အလွှာတစ်ခု ဖုံးအုပ်ထားပြီး အ‌လင်းရောင်ကို တင်းတင်းကြပ်ကြပ် ဖိနှိပ်ထားသည်။ချန်လွေ့အဆင့်တက်ရန် ခြေတစ်လှမ်း လိုနေသေးသည်။

ထူးဆန်းစွာပင် ထိုအမည်းရောင်သည် ဂလော်ဖင်း၏ စွမ်းအားမှ ဗဟိုပြုလာခြင်း မဟုတ်ပေ။

“ မင်းက ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ။မင်းကိုငါ နောက်ဆုံးမှ သတ်ပစ်မလို့ လုပ်ထားတာ။ ”

ချန်လွေ့၏ ဒေါသသံကိုကြားပြီးနောက် ဂလော်ဖင်း၏ လက်ညှိုးသည် လိုင်ဆာထံမှ ချန်လွေ့ဆီသို့ ရောက်ရှိသွားသည်။

“ မင်းက လူသားလို့ ခုနကပြောခဲ့တယ် မဟုတ်လား။နတ်ဆိုးဘုံမှာ ဒီလောက် အားနည်းတဲ့ လူသားတစ်ယောက် ရှိနေမယ်လို့ ငါလုံးဝ မထင်ထားခဲ့မိဘူး။ ”

ဂလော်ဖင်း၏ ထူးထူးဆန်းဆန်းလေသံကိုကြားမိသွားပြီး ချန်လွေ့ မေးလိုက်သည်။

“ နတ်ဆိုးဘုံမှာ တခြားအစွမ်းထက်တဲ့ လူသားတွေ ရှိတာလား။ ”

“ ဒါပေါ့။ ”

ဂလော်ဖင်း လှောင်ပြုံးပြုံးလိုက်သည်။

“ မင်းသေပြီးရင် မင်းရဲ့အလောင်းကို ငါပြောပြလိုက်မယ်။မင်းက နတ်ဆိုးဘုံကိုလာတဲ့ ဧည့်သည်တစ်ယောက်ဆိုတော့ ဂလော်ဖင်းဘယ်ဇီဘတ်ဆိုတဲ့ငါက မင်းကို တစ်မိနစ် အသက်ဆက်ရှင်ဖို့ အထူးအခွင့်အရေး ပေးလိုက်မယ်။ဒီအခွင့်အရေးကို ကောင်းကောင်းအသုံးချပြီးတော့ မင်းရဲ့ မိန်းမကို နှုတ်ဆက်စကားပြောလိုက်။ ”

သေရေးရှင်ရေး အခြေအနေ ဖြစ်နေပြီဖြစ်ကြောင်း ချန်လွေ့သိသည်။ချန်လွေ့ အကျယ်ကြီးအော်ဟစ်လိုက်ကာ အသက်စွန့်ပြီး စွမ်းအားများကို ဖောက်ခွဲပစ်လိုက်သည်။ ခန္ဓာကိုယ်ထဲရှိ ကြယ်မှုန်များ၏ အလင်းများ ရုတ်တရက် အရောင်တောက်သွားသည်။ ထိုအလင်းရောင်သည် အကန့်အသတ်အထိ ရောက်ရှိသွားသည်။ဖိအားမခံနိုင်တော့သည့် အတွက် ပေါက်ကွဲထွက်သွားသော ကြယ်မှုန်များလည်း ရှိနေသည်။သို့သော်လည်း အဆုံးစွန်အထိ တောက်ပနေသော အလင်းရောင်သည် ခန္ဓာကိုယ်မှ အမည်းရောင် “ အကျဉ်းချ ” အလွှာကို မဖောက်ထွက်နိုင်သေးပေ။

အဆင့်တက်ခြင်း ကျရှုံးသွားရုံသာမက ကြီးမားလှသော တန်ပြန်မှုကြောင့် ချန်လွေ့သည် အတွင်းဒဏ်ရာ ကြီးကြီးမားမား ရရှိသွားသည်။သုံးဖက်မြင် ခန္ဓာကိုယ်ထဲရှိ ကြယ်အလင်းရောင်လည်း မှိန်ကျသွားကာ ၎င်း၏လှုပ်ရှားမှုများပင် ရပ်တန့်သွားသည်။ အတွင်းအင်္ဂါများမှ ပြင်းထန်လှသော နာကျင်မှုများကို ခံစားနေရပြီး ကြီးမားလှသော တန်ပြန်မှုကြောင့် ချန်လွေ့သည် စကားပြောရန်နှင့် လှုပ်ရှားရန်ပင် အားအင် မရှိတော့ချေ။ ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားသည့် သလင်းကျောက်များသာမရှိလျှင် ချန်လွေ့သည် မြေပြင်ပေါ်သို့ လဲကျနေလောက်ပြီ ဖြစ်သည်။

အဆင့်တက်ရန်ကြိုးစားခြင်း လုံးဝကျရှုံးခဲ့လေသည်။

ချန်လွေ့၏အခြေအနေကို ဂလော်ဖင်း သတိထားမိသွားပြီး ခေါင်းခါသည်။

“ တကယ့်ကို စိတ်ပျက်စရာကောင်းတဲ့ လူသားပဲ။နောက်တစ်ခါ တစ်စစီမယ့်လူက မင်းပဲဖြစ်တော့မယ် ထင်တယ်။ ”

ဂလော်ဖင်း ထိုသို့ပြောလိုက်သော်လည်း အနည်းငယ် တုံ့ဆိုင်းနေသည်။သူသည် ချန်လွေ့နှင့်တစ်ခုခုလုပ်စရာ ရှိနေဟန်တူသည်။

ထိုအချိန်၌ ချန်လွေ့သည် ခန္ဓာကိုယ် လောင်ကျွမ်းနေသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။၎င်းသည် သူ၏အစွမ်းကြောင့်မဟုတ်ဘဲ သူ၏လက်မောင်းထဲမှ အသီနာကြောင့်ဖြစ်သည်။အသီနာ၏ အနီရောင်မျက်လုံးများသည် မီးတောက်နီများ နှင့်အတူ လောင်ကျွမ်းနေပြီး ခေါင်းပေါ်၌ ရှည်လျားသော ဂျိုကွေးတစ်ချောင်း ထွက်လာသည်။ထိုဂျိုသည် ယခင်ကနှင့်မတူဘဲ ပို၍ရှည်လျားကာ ပို၍ ကွေးကောက် နေသည်။ သလင်းကျောက်အောက်ရှိ အသီနာ၏ ဂျုံကဲ့သို့အသားအ‌ရေသည် အနီရောင်ပြောင်းသွားပြီး ယခင်ကမရှိဖူးသည့် ပုံစံကွက်တစ်ခု ယဲ့ယဲ့လေး ဖြစ်လာသည်။ အသီနာ၏ ခရမ်းရောင် ဆံပင်များလည်း အနီရောင်ပြောင်းသွားသည်။

အသီနာ ဖြေးဖြေးချင်း ခေါင်းမော့လိုက်သည်။ထိုအချိန်တွင် သူ၏မျက်လုံးထဲ၌ ဂလော်ဖင်း ရှိမနေပေ။ချန်လွေ့သာရှိသည်။

“ ချန်လွေ့။နင်ငါ့ကို သဘောကျလား။ ”

ထိုအချိန်၌ ချန်လွေ့စကားမပြောနိုင်ပေ။ချန်လွေ့ အားတင်းပြီး ခေါင်းညိတ်ရန် ကြိုးစားသည်။သို့သော်လည်း အချည်းနှီးသာ ဖြစ်သည်။

“ နင်ငါ့ကို သဘောကျတယ်ဆိုတာ သိပါတယ်။ဒါပေမဲ့ နင်တကယ်ချစ်တာက မင်းသမီးရှီရာပဲ။သူကနင့်ကို အမှောင်ဆန္ဒတောင် ပေးခဲ့သေးတယ်။ ”

အသီနာသည် ချန်လွေ့အား စူးစိုက်ကြည့်သည်။သူ၏မျက်လုံးထဲ၌ ကြောက်မက်ဖွယ်ရာ မီးတောက် တောက်လောင်နေသော်လည်း ပြင်းထန်သော ချစ်ခြင်းမေတ္တာကိုသာ ချန်လွေ့မြင်ရသည်။

“ အခု ငါအသွင်ပြောင်းထားတာက ရုပ်ဆိုးမနေဘူးလား။နင်ကလူသားဆိုတော့ ငါ့ကိုကြောက်ရင်ကြောက်မယ်။မုန်းရင်မုန်းမှာပဲ။ငါက မင်းသမီးရှီရာနဲ့ မယှဉ်နိုင်ဘူးဆိုတာ သိပါတယ်....”

အသီနာ၏ မီးတောက်နေသော မျက်လုံးများမှ မျက်ရည်တစ်စက် ကျဆင်းလာသည်။ သို့သော်လည်း ရုတ်တရက် အသီနာ ရယ်လိုက်သည်။

“ ဒါပေမဲ့ ငါနင့်ကို ချစ်နေတုန်းပဲ။သဘောကျရုံပဲမဟုတ်ဘူး။ချစ်လည်းချစ်တယ်။ ”

ချန်လွေ့၏မျက်လုံးများ ချက်ချင်း ပူလောင်သွားသည်။အသီနာ အထင်လွဲနေခဲ့သော မိန်းမမှာ ရှီရာဖြစ်နေခဲ့ခြင်း ဖြစ်သည်။ချန်လွေ့ တစ်ခုခုပြောချင်ခဲ့သည်။သို့သော်လည်း အဆင့်တက်ခြင်း မအောင်မြင်ခဲ့ခြင်းမှ ပြင်းထန်လှသော တန်ပြန်မှုကြောင့် ချန်လွေ့သည် စကားတစ်လုံးမျှ မပြောနိုင်ခဲ့ပေ။

အသီနာ၏ ခန္ဓာကိုယ်ပေါ်မှ သလင်းကျောက်များ တစ်ခုပြီးတစ်ခု ကွဲအက်သွားသည်။ အသီနာ၏ ရဲရဲတောက်နှုတ်ခမ်းသည် ချန်လွေ့၏နှုတ်ခမ်းနှင့် ပထမဆုံးအကြိမ်အဖြစ် တမင်ထိတွေ့သွားသည်။

“ နင်ပြောခဲ့တဲ့ ဇာတ်လမ်းလိုမျိုးပဲပေါ့။နောက်ဘဝ ပြန်ဆုံကြမယ်။ဘယ်လိုပဲဖြစ်ဖြစ် ငါ့ကိုမမေ့လိုက်နဲ့။ ”

မင်းထင်သလိုမျိုး မဟုတ်ဘူး။

ခေါင်းမာတဲ့ ငတုံးမလေး။

အသီနာ။မသွားနဲ့။

ချန်လွေ့သည် စိတ်ထဲမှ အသားကုန် အော်ဟစ်‌နေသော်လည်း ပါးစပ်ထဲမှ မည်သည့် စကားလုံးမျှ ထွက်မလာပေ။

ရဲရဲတောက်နှုတ်ခမ်းတစ်စုံသည် ချန်လွေ့ထံမှ ခွဲခွာသွားသည်။အသီနာသည် ချန်လွေ့အား နက်နက်ရှိုင်းရှိုင်းကြည့်ပြီး ချန်လွေ့၏နောက်ဆုံးပုံစံကို ဝိညာဉ်ထဲ၌ မှတ်ထားခဲ့သည်။ ထို့နောက် ပြန်လှည့်မကြည့်တော့ပေ။အသီနာ၏ခန္ဓာကိုယ်တွင် မီးတောက်များ လောင်ကျွမ်း နေပြီး ဂလော်ဖင်း၏ထိန်းချုပ်မှုခံထားရသော မြေဒြပ်စင်ဘုရင်အရှေ့၌ ရုတ်တရက် ပေါ်ထွက်လာသည်။ထို့နောက် အစောင့်အရှောက်ဓားဖြင့် ဝှီးခနဲ ပိုင်းဖြတ်လိုက်သည်။

“ နတ်ဘုရားဝါးမျို မျက်နှာဖုံး ” မှ အရောင်ဖျော့ဖျော့ ထွက်လာသည်။အသီနာ၏ဓားကို ရုတ်တရက် ထွက်ပေါ်လာသော သလင်းကျောက်နံရံ အလွှာတစ်ခုက တားဆီးလိုက်သည်။ ရိုက်ခတ်မှုကြောင့် အသီနာတစ်ကိုယ်လုံး တုန်ခါပြီး နောက်သို့ လွင့်စင်သွားသည်။အသီနာ၏လက် အက်ကွဲသွားပြီး သွေးများစီးကျလာကာ ဓားကိုပင် ကောင်းကောင်း မကိုင်နိုင်တော့ပေ။သို့‌သော်လည်း အကြိမ်များစွာ လွင့်စင်သွားသည့်တိုင် အသီနာ အံကြိတ်ရင်း ထပ်ကာထပ်ကာ တိုက်ခိုက်နေလေသည်။

“ မထင်ထားခဲ့ဘူး......”

ဂလော်ဖင်း ခေါင်းခါသည်။

“ ဒီကောင်မလေး အဆင့်တက်သွားမယ်လို့ လုံးဝ မထင်ခဲ့ဘူး။ငါ့ရဲ့အစွမ်းက ကြီးကြီးမားမား လျော့ကျသွားပေမဲ့လည်း မင်းလို နတ်ဆိုးဘုရင်အဆင့်တစ်ယောက်က ယှဉ်နိုင်မှာ မဟုတ်ဘူး။သေပေတော့။ ”

အသီနာထံသို့ အစွမ်းထက်သော ဖျက်ဆီးခြင်းအားတစ်ခု ပြေးဝင်သွားသည်။ အသီနာ၏ခန္ဓာကိုယ်ပေါ်မှ မီးတောက်သည် ထူးထူးဆန်းဆန်း အရောင်ဖြစ်သွားသည်။ ဂလော်ဖင်း ထုတ်လွှတ်လိုက်သော စွမ်းအားသည် ထိုမီးတောက်ကို မငြိမ်း‌စေနိုင်ခဲ့ပေ။ ထို့နောက် အသီနာလက်ထဲ၌ ဓားမြောင်တစ်လက် မည်သည့်နေရာကမှန်းမသိ ပေါ်ထွက် လာသည်။သူ၏သွေးများသည် လက်ကောက်ဝတ်နှစ်ဖက်စလုံးမှ စီးကျနေသည်။ သို့သော်လည်း ၎င်းတို့သည် မီးတောက်ကြောင့် အငွေ့မပျံ၊မပျောက်ကွယ် သွားဘဲ မီးတောက်နှင့်အတူ ပေါင်းစည်းကာ လောင်ကျွမ်းသွားသည်။

မီးတောက်၏အလင်းရောင်သည် ထူးထူးခြားခြား တောက်ပနေသည်။ခန်းမတစ်ခုလုံး ရဲရဲတောက်အပူဖြင့် ပြည့်နှက်သွားသည်။ဂလော်ဖင်း၏ “ နတ်ဘုရားဝါးမျို မျက်နှာဖုံး ”၏ မျက်လုံးများပင် အနီရောင် ဖြစ်သွားသည်။

၎င်းသည် အသီနာ၏ အသက်ဓာတ်ကို လုံးဝကျွမ်းလောင်စေသည့် မီးတောက်ဖြစ်သည်။ ၎င်းသည် စကြဝဠာထဲမှ ဥက္ကာပျံကဲ့သို့ပင် ဖြစ်သည်။ခဏသာ ဖြစ်သော်လည်း အဆင်သင့် ဂုဏ်သည် တစ်သက်လုံးအတွက် လုံလောက်သည်။

“ အသက်ဓာတ် တောက်ပခြင်းဂုဏ်က လှပပေမဲ့လည်း ထာဝရအမှောင်ထုကို ပယ်ဖျက်ဖို့ အတွက်တော့ အားနည်းလွန်းနေသေးတယ်။ ”

ဂလော်ဖင်းသည် လှုပ်ရှားရန် အသည်းအသန်ကြိုးပမ်းနေသော ချန်လွေ့ကို ကြည့်လိုက်သည်။

“ အသုံးမကျတဲ့ကောင်။မင်းအတွက် မင်းရဲ့မိန်းမ အသက်ဓာတ် မီးမြှိုက်နေတာကိုပဲ ကြည့်နေလိုက်တော့။ ”

အသီနာ၏လက်ထဲမှ အစောင့်အရှောက်ဓားလည်း သွေးများစွန်းထင်းနေပြီး အသက်ဓာတ် မီးတောက်ဖြင့် လွှမ်းခြုံခံထားရသည်။ဂလော်ဖင်း ဖြည်းဖြည်းချင်း လက်မြှောက်လိုက်ရာ အသီနာ၏ခန္ဓာကိုယ် တုန်ခါသွားပြီး ဖိအားနှစ်ဆတိုးသွားသည်ဟု အသီနာ ခံစားလိုက်ရသည်။ သူ၏အသက်ဓာတ်မီးတောက်သည် လေပြင်းတိုက်ခတ်ခံရသကဲ့သို့ပင် ကွယ်ပျောက်လုနီးပါး ဖြစ်သွားခဲ့သည်။

အသီနာ အော်ဟစ်လိုက်ပြီး ခန္ဓာကိုယ်ပေါ်မှ မီးတောက်များ ထပ်မံတောက်လောင်လာသည်။ အစောင့်အရှောက်ဓားသည် လက်ထဲမှ ဂလော်ဖင်းထံသို့ လှည့်ထွက်သွားသည်။ထိုပစ်ချက်သည် အသီနာ၏ အသက်ဓာတ်စွမ်းအင် အားလုံးကို ကုန်ဆုံးသွားစေသည်။ထို့ကြောင့် အသီနာသည် ရုတ်တရက် ဖိအားဒဏ်မခံနိုင်တော့ပေ။ သူ နောက်သို့လွင့်သွားပြီး တိုင်လုံးကြီးနှင့်တိုက်မိကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ မီးတောက်လည်း ဖြည်းဖြည်းချင်း မှိန်ကျသွားတော့သည်။

ဂလော်ဖင်းသည် ရွေ့လျားရန် အခက်တွေ့နေသည်။ပျံသန်းလာနေသော ထိုဓားမြောင်ကို ဂလော်ဖင်း မရှောင်နိုင်ပေ။သူ စိတ်စေလိုက်ရာ သလင်းကျောက်နံရံ ထွက်ပေါ်လာပြီး ဓားမြောင်ရှေ့မှ ကာထားလိုက်သည်။ထို့သော်လည်း ထိုဓားမြောင်သည် ရုတ်တရက် တုန်ခါသွားပြီး သလင်းကျောက်နံရံအား လေသဖွယ် ဖြတ်သန်းသွားသည်။

“ လေဟာနယ်ကို ဖြတ်သန်းသွားနိုင်တဲ့ စွမ်းအားလား။မဖြစ်နိုင်တာ။ ”

ချွမ်းခနဲအသံမြည်ပြီး အစောင့်အရှောက်ဓားသည် မြေဒြပ်စင်ဘုရင်၏ မျက်နှာပေါ်ရှိ မျက်နှာဖုံးကို ထိသွားသည်။

“ နတ်ဘုရားဝါးမျို မျက်နှာဖုံး ” လည်း ကွာကျပြီး နောက်ဆုံး၌ မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။

All Chapters