← Chapters

ဒေါသ။နိဗ္ဗာန်မီးတောက်

Vol. 11 Ch. 164

ဒေါသ။နိဗ္ဗာန်မီးတောက်

Vol. 11 Ch. 164

“ နတ်ဘုရားဝါးမျို မျက်နှာဖုံး ” ပြုတ်ကျသွားသောအခါ အသီနာ မြေပြင်ပေါ်သို့ လဲကျသွားပြီး ခန္ဓာကိုယ်ပေါ်မှ အသက်ဓာတ်မီးတောက်လည်း လုံးဝပျောက်ကွယ် သွားတော့သည်။အသီနာသည် နတ်ဆိုးအသွင်မှ လူသားအသွင်သို့ ပြန်လည် ပြောင်းသွားကာ မျက်လုံးမှအကြည့်မှာလည်း တဖြည်းဖြည်း ရပ်တန့်နေလေသည်။

ချန်လွေ့သည် ရှေ့မှမြင်ကွင်းကို မယုံနိုင်ပေ။သူ၏စိတ်ထဲမှ အဖိုးတန်ဆုံးအရာတစ်ခု ကွဲကြေသွားသကဲ့သို့ပင် နှလုံးသားတစ်ခုလုံး ကျိုးပဲ့သွားတော့သည်။တုန်ယင်နေသော ပါးစပ်မှ အသီနာ၏နာမည်အား အသားကုန်အော်ခေါ်နေသော်လည်း အသံလုံးဝ မထွက်ခဲ့ပေ။

နောက်ဆုံး၌ မြေဒြပ်စင်ဘုရင်၏မျက်နှာ ပေါ်လာသည်။၎င်း၏မျက်နှာသည် အတော်လေး အနုစိတ်လှသည်။သို့သော်လည်း ဒြပ်စင်နှလုံးသား ကွဲကြေသွားမှုကြောင့် ၎င်း၏ မျက်လုံးထဲရှိ အဖြူရောင်အလင်းမှာလည်း ပျောက်ကွယ်လုနီးပါးအထိ မှေးမှိန်သွား လေသည်။မြေဒြပ်စင်ဘုရင်သည် အင်အားအကုန် ကုန်ဆုံးသွားပုံရပြီး မြေပြင်ပေါ်သို့ ဖြည်းဖြည်းချင်း လဲကျသွားတော့သည်။

သို့ရာတွင် မြေဒြပ်စင်ဘုရင်ထံမှ ကွာကျသွားသော “ နတ်ဘုရားဝါးမျို မျက်နှာဖုံး ” သည် တဖြည်းဖြည်းနှင့် လေထဲ၌ ပေါလောပေါ်လာသည်။ကန့်သတ်ပိုင်နက်၏စွမ်းအား တစ်စိတ်တစ်ပိုင်းသာ အားနည်းသွားခဲ့သည်။ထို့ကြောင့် အခြားသူများသည် ချည်နှောင်ခံရခြင်းမှ မလွတ်မြောက်နိုင်သေးပေ။

အသက်ဓာတ်မီးတောက် ပါဝင်သောဓားသည် “ နတ်ဘုရားဝါးမျို မျက်နှာဖုံး ” ကိုသာ ချွတ်နိုင်ခဲ့ပြီး ဂလော်ဖင်းကို မသတ်ပစ်နိုင်ခဲ့ပေ။

လက်ခံသူထံမှ မျက်နှာဖုံးကို ပြင်ပအားတစ်ခုဖြင့် အတင်းချွတ်လိုက်သည့်အတွက် ဂလော်ဖင်း၏ ဝိညာဉ်ကို သိသိသာသာ ထိခိုက်သွားစေသော်လည်း မဖျောက်ဖျက် နိုင်ခဲ့ပေ။

“ နတ်ဘုရားဝါးမျို မျက်နှာဖုံး ”သည် အစွမ်းထက်သော အငွေ့အသက် ထုတ်လွှတ်နေသည်။ လက်ခံသူ မရှိတော့သော်လည်း နတ်ဆိုးအရှင်သခင်တစ်ယောက်၏ အသိစိတ်နှင့် အဆောင်ပစ္စည်း၏စွမ်းအားသည် ကြောက်မက်ဖွယ်ကောင်းလှပေသည်။

“ စိတ်ရှုပ်စရာ ကောင်မပဲ။သူ့မှာ ဒီလိုစွမ်းရည်ရှိမယ်လို့ မထင်ထားခဲ့ဘူး။ ”

မျက်နှာဖုံးနောက်မှ ဂလော်ဖင်း၏ အံကြိတ်သံ ထွက်ပေါ်လာသည်။

“ မြေဒြပ်စင်ကောင်တွေလိုမျိုးပဲ ပြိဿနဲ့မယ်ဒူဆာတို့ရဲ့ ခန္ဓာကိုယ်အမျိုးအစားက လက်ခံသူဖြစ်ဖို့ မသင့်တော်ဘူး။ငါသူတို့ရဲ့ နေရင်တောင် သူတို့ရဲ့အစွမ်းတွေကို ထပ်ပြီး တိုးမြှင့်နိုင်မှာ မဟုတ်ဘူး။ပြီးတော့လည်း နတ်ဆိုးဘုရင်အဆင့်အောက် လူတွေက ‌အဆောင်ပစ္စည်းရဲ့စွမ်းအားကို မခံနိုင်ကြဘူး။အစကတော့ အဲဒီလူသားက လက်ခံသူဖြစ်ဖို့ အသင့်တော်ဆုံးပဲ။သူကလည်း အဆင့်တက်ခါနီးနေပြီ။ကံမကောင်းတာကတော့ အဆင့်တက်သွားတာက ဒီငတုံးမဖြစ်နေတယ်။သူ့ရဲ့ လေဟာနယ်ကို ဖြတ်သန်းသွားတဲ့ ပါရမီကတော့ မဆိုးပါဘူး။ဒါပေမဲ့ သူကမိန်းမ ဖြစ်နေတယ်။ပြီးတော့လည်း သူက မဟာနတ်ဆိုးဆိုတော့ အဆင့်တက်ဖို့ကလည်း ပိုပြီးခက်ခဲတယ်..... ”

မြေဒြပ်စင်ဘုရင်၏ခန္ဓာကိုယ်ကို ဂလော်ဖင်းသိမ်းပိုက်ခဲ့ရခြင်းမှာလည်း မရသည့်အဆုံး ဖြစ်၍ပင်ဖြစ်သည်။မြေဒြပ်စင်ဘုရင်၏ အသိစိတ်ကို လုံးဝအနိုင်ယူနိုင်သွားလျှင်လည်း ဂလော်ဖင်း၏ အသိစိတ်သည် မြေဒြပ်စင်ခန္ဓာကိုယ် အစွမ်းကို အမှန်တကယ် အသုံးချနိုင်မည် မဟုတ်ပေ။ပြိဿနှင့် မယ်ဒူဆာတို့လည်း ထိုနည်းလည်းကောင်းပင် ဖြစ်သည်။ထို့ပြင် သူတို့၏ အထက်ကန့်သတ်ချက်မှာ မဟာနတ်ဆိုးဘုရင် ဖြစ်သည်။ လက်ခံသူအသစ်ကို ရှာမတွေ့သေးသရွေ့ သူသည် မဟာနတ်ဆိုးဘုရင်အဆင့်၌ တစ်သက်လုံး ရပ်တန့်နေမည်ဖြစ်သည်။ထို့ကြောင့် ၎င်းတို့သည် နတ်ဆိုး အရှင်သခင်အဆင့်ဖြစ်သော မြေဒြပ်စင်ဘုရင်ထက်ပို၍ မထိုက်တန်ကြပေ။

ဒြပ်စင်နှလုံးသားကို မြေဒြပ်စင်ဘုရင်ဖျက်စီးပြီးနောက် လက်ခံသူ အမြန်ဆုံး ပြောင်းရတော့မည်ကို ဂလော်ဖင်းသိသည်။သို့မဟုတ်ပါက သူအသက်ဆက်ရှင်ရန် ရက်ပိုင်းသာ ကျန်တော့မည် ဖြစ်သည်။လက်ရှိအချိန်၌ အ‌သင့်တော်ဆုံး လက်ခံသူမှာ လူသားပင် ဖြစ်သည်။ထို့ကြောင့် ဂလော်ဖင်းသည် ကန့်သတ်ပိုင်နက်အား ယာယီ အသုံးချပြီး နတ်ဆိုးဘုရင်အဆင့်သို့ အဆင့်တက်ခါနီးနေပြီဖြစ်သော ချန်လွေ့ကို လှုံ့ဆော်လိုက်သည်။ထို့နောက်တွင် ဂလော်ဖင်းသည် ချန်လွေ့ကို ဝင်ပူးပြီး လက်ခံသူပြုလုပ်မည် ဖြစ်သည်။

ထိုအကြံသည် မဆိုးလှ‌ပေ။သို့သော်လည်း ဂလော်ဖင်း၏ တွက်ချက်မှု မှားယွင်း သွားခဲ့သည်။ချန်လွေ့သည် အဆင့်တက်ခြင်း ကျရှုံးသွားခဲ့ပြီး အသီနာသည် အမြင့်ဆင့်နတ်ဆိုး အကန့်အသတ်များကို ချိုးဖောက်ကာ နတ်ဆိုးဘုရင်အဆင့်သို့ ရောက်ရှိသွားခဲ့လေသည်။

“ နတ်ဘုရားဝါးမျို မျက်နှာဖုံး ”၏ အသံသည် တုံ့ဆိုင်းနေပုံရသည်။

“ ဒီကောင်မလေးက သေတော့မယ်။ပြီးတော့လည်း ဒီလိုသန့်စင်တဲ့ ဝိညာဉ်ပုံစံနဲ့ ငါအကြာကြီး နေလို့မရဘူး။မိန်းမတစ်ယောက်ကိုပဲ ငါ့ရဲ့လက်ခံသူအဖြစ် တကယ် ရွေးချယ်လိုက်ရမှာလား။ဒါက တော်တော် စိတ်ရှုပ်စရာကောင်းတာပဲ။ ”

ချန်လွေ့၏နှလုံးသားထဲမှ ဒေါသသည် အစွမ်းကုန် လောင်ကျွမ်းနေသည်။သူသည် ဂလော်ဖင်းကို မုန်းတီးရုံသာမက သူ့ကိုယ်သူလည်း မုန်းတီးနေသည်။

သူ၏အားနည်းချက်များကို မုန်း‌တီးသည်။သူချစ်ရသော မိန်းကလေးသည် သူ့အတွက် အသက်ဓာတ် လောင်ကျွမ်းနေခြင်းကို စကားတစ်လုံးမျှ မပြောနိုင်ဘဲ ကြည့်နေ‌ရသော သူ၏မပြည့်ဝမှုကိုလည်း မုန်းတီးသည်။ယခုတွင် အသီနာအား “ နတ်ဘုရားဝါးမျို မျက်နှာဖုံး ” ဝင်ပူးပြီး ရုပ်သေးရုပ်ဖြစ်လာမည်ကိုလည်း ချန်လွေ့ ကြည့်နေရဦးမည် ဖြစ်သည်။

ထိုဒေါသသည် မကျေနပ်ချက်များ၊ဒေါသများနှင့် အရာအားလုံးကို လွှမ်းမိုးသွားသည်။ ချန်လွေ့၏ အသိစိတ်တစ်လုံးကို ဒေါသကျွမ်းလောင်သွားသည့်အခါ ခံစားချက်များ ပျောက်ဆုံးသွားပြီး အဆင့်တက်ခြင်း ကျရှုံးမှုကြောင့် ဖြစ်ခဲ့ရသည့် ပြင်းထန်သော နာကျင်မှုများသည် ဦးနှောက်ထဲ ရောက်မလာတော့သကဲ့သို့ ဖြစ်သွားသည်။အနီးအနားရှိ မည်သည့်အရာကိုမျှ မမြင်နိုင် မကြားနိုင်တော့သည့် အခြေအနေအထိ ရောက်ရှိသွားသည်။

သူ၏ဝိညာဉ်ထဲ၌ အသီနာ၏ စကားသံများသာ ပဲ့တင်ထပ်နေလေသည်။

ဒါပေမဲ့ ငါနင့်ကို ချစ်တယ်။

သဘောကျရုံပဲမဟုတ်ဘူး။ချစ်တယ်။

သုံးဖက်မြင် လူသားခန္ဓာထဲရှိ မှိန်ပျပျ ကြယ်မှုန်များ တလက်လက် တောက်ပလာပြန်ပြီး ကသုတ်ကရက် စီးဆင်းလာတော့သည်။တောက်ပမှုသည် အတော်လေး ထူးခြားလှသည်။ ခုနက အသီနာ၏ မီးတောက်ကဲ့သို့ပင် ဖြစ်သည်။ကြယ်မှုန်များသည် အကန့်အသတ်သို့ ရောက်ရှိသွားပြီး တဖြည်းဖြည်း ပေါက်ကွဲလာတော့သည်။သို့သော်လည်း ပျက်စီး နေသည်မှာ အသက်ဓာတ်ဖြစ်စေ၊စွမ်းအားဖြစ်စေ ချန်လွေ့ တုံ့ဆိုင်းမနေတော့ပေ။

ငါ အသီနာကို ပေးမသေနိုင်ဘူး။ငါတကယ် သူ့ကိုမကယ်နိုင်ရင် ငါ့ကိုယ်ငါလည်း လုံးဝအဆုံးသတ်ပစ်မယ်။

ဖျက်ဆီးမှုပဲဖြစ်ဖြစ် လောင်ကျွမ်းတာပဲဖြစ်ဖြစ် ငါလိုနေတာက အလင်းရောင်တစ်ခုပဲ။ ငါဆက်ပြီး မတိုက်ခိုက်နိုင်ပါစေ။ငါ့ရဲ့ နောက်ဆုံးအခိုက်အတန့်ပဲ ဖြစ်ရင်ဖြစ်ပါစေ။

မြောက်မြားလှစွာသော ကြယ်မှုန်များ၏ ပေါက်ကွဲဖျက်ဆီးမှုများအောက်တွင် အဆင့်တက်ခြင်းကို တားဆီးနေသည့် အမည်းရောင်အားတစ်ခုသည် မီးတောက် တစ်မျိုးကဲ့သို့ တုန်လှုပ်လာတော့သည်။

အသီနာကို ဝင်ပူးရန် ပြင်ဆင်နေစဉ် ချန်လွေ့၏စွမ်းအားများ ထူးခြားနေ‌သည်ကို ဂလော်ဖင်း ခံစားမိလိုက်သည်။ချန်လွေ့၏ မျက်လုံးတစ်ခုလုံး အနက်ရောင်အဖြစ် ပြောင်းလဲသွားသည်ကို သူမြင်လိုက်သည်။ထိုအနက်ရောင်အတွင်းတွင် နီဖျော့ဖျော့ မျက်ဆံရှိနေပြီး အမှန်တကယ်ပင် ထူးခြားလှသည်။သူ၏ အငွေ့အသက်သည် ထူးထူးခြားခြား တက်ကြွလွန်းနေပြီး နေရာတစ်ခုလုံးကို တုန်ခါလာစေသည်။

ဂလော်ဖင်း ချက်ချင်း ရပ်တန့်လိုက်သည်။သူအလွန် ပျော်သွားသည်။ နောက်ဆုံးတော့ ငါ့ရဲ့အားထုတ်မှုတွေ အလကား မဖြစ်သွားဘူး။အသင့်တော်ဆုံးလက်ခံသူ ပေါ်ထွက်လာပြီ။

ချန်လွေ့၏ အသိစိတ်ထဲတွင် ကြယ်မှုန်များအားလုံး ပေါက်ကွဲသွားရုံသာမက ကြယ်စင်စု နတ်ဘုရားကျောင်း ပြင်ပရှိ အာကာသသည်လည်း ထူးထူးဆန်းဆန်း ပြောင်းလဲမှုများ ဖြစ်ပျက်နေသည်။

အာကာသထဲတွင် ရဲရဲတောက် တိမ်တိုက်များသည် အားတစ်ခုခုကြောင့် အဆက်မပြတ် ဖျစ်ညှစ်ခံနေရသကဲ့သို့ ဖြစ်နေသည်။လွင့်မျောနေသော အမှုန်များသည် တိမ်တိုက်နီ တစ်ဝိုက်၌ အလျင်အမြန် လှည့်ပတ်နေပြီး အပူချိန် ပို၍ပို၍ မြင့်တက်လာသည်။နီရဲရဲ တိမ်တိုက်အတွင်း၌ စက်လုံးပုံသဏ္ဍာန် အရာတစ်ခု ပေါ်ထွက်လာသည်။

ဖိအားအကန့်အသတ်အထိ ရောက်ရှိသွားသည့်အခါ ဗဟိုချက် ပေါက်ကွဲပြီး ပြိုလဲသွားတော့သည်။ဗဟိုချက်မှ ဧရာမ လေမဏ္ဍိုင်ကြီး ထောင်တက်လာပြီး အာကာသ တစ်ခုလုံးကို ဖောက်ထွင်းသွားသည်။အနီးအနားတစ်ဝိုက်ရှိ လွင့်မျောနေသော အရာများလည်း ထိုကဲ့သို့ပြင်းထန်လှသော အားအတွင်း၌ ရူးရူးမိုက်မိုက် ရွေ့လျား နေကြပြီး အချင်းချင်း တိုက်မိကုန်ကြသည်။

လေမဏ္ဍိုင် ထွက်လာသောအချိန်တွင် ချန်လွေ့၏ဦးနှောက်ထဲ၌ ဖောင်းခနဲ အသံမြည်သွားသည်။အားကုန်စွန့်စားပြီးနောက်ဆုံး၌ ကြယ်မှုန်များ၏ ဖျက်ဆီးပွင့်ထွက်မှု များသည် မျက်နှာပြင်ကို ဖောက်ထွက်သွားတော့သည်။အမည်းရောင်အားကို ဖောက်ထွက်ခံလိုက်ရသော်လည်း ပျောက်ကွယ်မသွားသေးဘဲ ပေါက်ကွဲဖျက်ဆီးမှု အားနှင့် ပေါင်းစပ်ကာ အမှန်တကယ် ကျွမ်းလောင်တော့သည်။

‌

ဂလော်ဖင်း၏မျက်လုံးထဲ၌ ထိုအငွေ့အသက်သည် အခြားခံစားချက်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။၎င်းသည် တစ်စုံတစ်ခု ပြန်လည်မွေးဖွားလာသကဲ့သို့ပင် ဖြစ်သည်။ထို့နောက် ချန်လွေ့၏ခန္ဓာကိုယ်အား မီးတောက်တစ်ခု လောင်ကျွမ်း နေသည်ကို သူမြင်သည်။ထိုမီးတောက်သည် အနက်ရောင်ဖြစ်သည်။၎င်းမှ ထူးဆန်းသော စွမ်းအင်များ ထုတ်လွှတ်နေပြီး ပိုင်နက်အစွမ်းကြောင့် ဖြစ်တည်လာသော သလင်းကျောက်များကို အရည်ပျော်သွားစေသည်။

မီးတောက်နက်၏ အငွေ့အသက်သည် ဂလော်ဖင်း၏ဝိညာဉ်ကို လှုပ်ခါသွားစေသည်။ အန္တရာယ်ကို ခံစားမိလိုက်ပြီး သူလွှတ်ခနဲပြောလိုက်သည်။

“ ဒါ နိဗ္ဗာန်မီးတောက်ပဲ။သူက အက်စ်မိုဒက်စ် တော်ဝင်မိသားစုဝင်လား။ ”

“ မဟုတ်ဘူး။သူ့မှာ နိဗ္ဗာန်လည်း မရှိသလို “ကာမ”တော်ဝင်မိသားစုရဲ့ ခန္ဓာကိုယ်လည်း မရှိဘူး။ပြီးတော့လည်း နိဗ္ဗာန်မီးတောက်ကို ဒီလိုမျိုးသုံးလို့ရတယ်လို့ ငါတစ်ခါမှ မကြားဖူးဘူး။ ”

ဂလော်ဖင်းသည် ထိုထင်မြက်ချက်ကို ပယ်ချလိုက်သည်။

“ ဒါပေမဲ့ ဒါက နိဗ္ဗာန်မီး‌တောက်ဆိုတာ သေချာတယ်။ထူးဆန်းတာပဲ။ ”

ချန်လွေ့၏မျက်လုံးများ မူလအရောင် ပြန်ပြောင်းသွားသည်။နောက်ဆုံး ရဲရဲတောက် အနီရောင် သူ၏မျက်လုံးနက်နက်ထဲ ဆုတ်ခွာပြီးသွားသည့်အခါ ခန္ဓာကိုယ်ပေါ်မှ သလင်းကျောက်များအားလုံး ကွဲကြေသွားသည်။သို့သော်လည်း မီးတောက်နက်သည် လောင်ကျွမ်းနေဆဲပင် ဖြစ်သည်။

ဒါက နတ်ဆိုးဘုရင်အဆင့် အလတ်ပိုင်းဆိုတာ သေချာတယ်။လူသားဘုံဌာနက သတ်မှတ်ချက်နဲ့ဆိုရင် ဆရာသခင်အဆင့် အလွှာပေါ့။

“ နတ်ဘုရားဝါးမျို မျက်နှာဖုံး ”၏ မျက်လုံးများမှ အံ့အားသင့်သော အ‌လင်းရောင်များ တောက်ပနေသည်။ဒီလူသားရဲ့အစွမ်းက တော်တော်လေး ထူးခြားတယ်။သူအဆင့် တက်တဲ့အဟုန်က ဝိညာဉ်ဝါးမျို ပိုင်နက်ကိုတောင် သက်ရောက်နိုင်တယ်။အရေးကြီးဆုံး ကတော့ လူသားတွေမှာ သာမန်နတ်ဆိုးတွေလိုမျိုး အထက်ကန့်သတ်ချက် မရှိတာပဲ။ သူ့ခန္ဓာကိုယ်ကို ငါသိမ်းယူပြီးတော့ သူ့ဝိညာဉ်ကို လုံးဝ ဝါးမျိုလိုက်မယ်။ပြီးတော့ ငါ့ရဲ့ နတ်ဆိုးအရှင်သခင်အဆင့် အသိစိတ်နဲ့စုဆောင်းထားတဲ့ အဆောင်ပစ္စည်းရဲ့စွမ်းအားနဲ့ ပေါင်းလိုက်မယ်ဆိုရင် ငါ့ရဲ့အစွမ်းတွေကို အမြန်ဆုံး တိုးတက်အောင်လုပ်နိုင်မှာပဲ။ အစွမ်းထက်ဆုံး ထိပ်သီးအဆင့်ထိတောင် ပြန်ရောက်နိုင်တယ်။ ”

ဤလူသားသည် မြေဒြပ်စင်ဘုရင် မဟုတ်ပေ။ထို့ကြောင့် သူ၏နတ်ဆိုးအရှင်သခင် စိတ်ဝိညာဉ်ကို ခုခံနိုင်မယ့်စွမ်းရည် ရှိလိမ့်မည်ဟု ဂလောင်ဖင်း မထင်ခဲ့ပေ။ချန်လွေ့၏ အသိစိတ်ကို လုံးဝ ဝါးမျိုရန်အတွက် အားအနည်းငယ်သာ အသုံးပြုရပေလိမ့်မည်။

“ နတ်ဘုရားဝါးမျို မျက်နှာဖုံး ” ကျယ်ကျယ်လောင်လောင် ရယ်မောပြီး ချန်လွေ့ထံသို့ အရှိန်ဖြင့် ရွေ့သွားသည်။

ချန်လွေ့ ချက်ချင်း ပျောက်ကွယ်သွားပြီး အသီနာ၏ဘေး၌ ပြန်လည် ပြန်ပေါ်လာသည်။ ထို့နောက် ထိုင်ချပြီး အသီနာအား တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်သည်။

“ သေချာမှတ်ထား။မင်းက ငါအချစ်ရဆုံး မိန်းကလေးပဲ။ငါ့အသက် ပေးဆပ်ရမယ် ဆိုရင်တောင် မင်းကိုပေးမသေနိုင်ဘူး။ ”

ထိုစကား၏အစွမ်းကြောင့်လား၊မီးတောက်နက်မှ ထူးဆန်းသော အစွမ်းများကြောင့်လား မသေချာပေ။ အသီနာ၏ တန့်နေသောမျက်လုံးများ ရုတ်တရက် တုန်လှုပ်သွားသည်။

“ လူသားတွေလည်း...တယ်လီပို့ ခုန်နိုင်တာလား။စိတ်ဝင်စားစရာပဲ။ဒါပေမဲ့ မင်းအဆင့်တက်တာ ခြေတစ်လှမ်းနောက်ကျသွားတယ်။အဲဒီကောင်မလေးကို ငါ့ရဲ့ လက်ခံသူအဖြစ် ငါမရွေးချယ်ခဲ့ဘူး။အဲဒါကြောင့် သူ့ကိုအခု မကယ်နိုင်တော့ဘူး။ ”

ဂလော်ဖင်းသည် ချန်လွေ့၏ နောက်ဆုံး စိတ်ပိုင်းဆိုင်ရာ အကာအရံကို ချေဖျက်ချင်ခဲ့သည်။ထို့ကြောင့် တိုက်ခိုက်ရန် အလျင်မလိုနေပေ။

ချန်လွေ့သည် ဂလော်ဖင်း၏စကားများကို လျစ်လျူရှုထားလိုက်သည်။ထို့နောက် သူ၏ လက်ထဲ၌ ဆေးရည်မည်းနှစ်ပုလင်း ပေါ်ထွက်လာပြီး အသီနာကို သေသေချာချာ တိုက်သည်။ထိုဆေးရည်သည် လွန်စွာထူးခြားလှပြီး အသီနာ၏ ပါးစပ်နှင့် ထိသွားသောအချိန်၌ပင် အလိုအလျောက် စုပ်ယူခံလိုက်ရသည်။

“ မင်းရဲ့လူကို ယုံကြည်လိုက်ပါ။အေးအေးဆေးဆေး အိပ်လိုက်တော့။နိုးလာတဲ့အခါ အားလုံးအဆင်ပြေသွားလိမ့်မယ်။ ”

ချန်လွေ့ ခါးကိုင်းပြီး အသီနာ၏နဖူးကို နမ်းလိုက်သည်။အသီနာ၏မျက်လုံးများ ငြိမ်သက်သွားပြီး ဖြည်းဖြည်းချင်း ပိတ်သွားသည်။အေးစက်ပြီး ဖျော့တော့နေသော မျက်နှာသည်လည်း တဖြည်းဖြည်း အနီရောင်သမ်းလာသည်။အားအင်ကုန်ခမ်းမှုကြောင့် ဆုံးရှုံးသွားခဲ့သော သူ၏အသက်ဓာတ်များ ဖြည်းဖြည်းချင်းပြန်လည်ဖြည့်တင်းလာသည်။ အသီနာ၏ အသက်အန္တရာယ် မစိုးရိမ်ရတော့ပေ။နောက်ဆုံး၌ ချန်လွေ့ရင်ထဲရှိ အလုံးကြီး ကျသွားတော့သည်။

အသီနာသည် ချန်လွေ့အတွက် အကန့်အသတ်ကို ချိုးဖောက်ခဲ့ပြီး ချန်လွေ့လည်း အသီနာအတွက် ကိုယ့်ကိုယ်ကို ဖိအားပေးနိုင်ခဲ့သည်။အလီယို့သ် အခြေအနေရှိ လဲလှယ်ဌာနသည် ချန်လွေ့ကို စိတ်မပျက်စေခဲ့ဘဲ ပြန်လည်ရှင်သန်ခြင်းဆေးရည်နှင့် အသက်ရှည်ခြင်းဆေးရည်တို့ ပေါ်ထွက်လာသည်။တစ်ပုလင်းလျှင် အရှိန်အဝါ ၁၀သိန်း ကျသင့်ပြီး နှစ်ပုလင်းစလုံးကို အသီနာအား ချန်လွေ့တိုက်ခဲ့သည်။

အခြားအရာများကိုကြည့်ရင် ချန်လွေ့ အချိန်မရပေ။အသီနာနှင့် ကျန်ရှိသည့် သူများအတွက် အတူတူသေရသည့်တိုင် ဂလော်ဖင်းအား ချန်လွေ့ အဆုံးသတ်ရမည် ဖြစ်သည်။

“ မဖြစ်နိုင်ဘူး။သူ့ရဲ့အသက်ဓာတ် ကျွမ်းလောင်သွားတာ သေချာတယ်။ ”

ဂလော်ဖင်း၏ လှောင်ရယ်သံ ရုတ်ချည်း ရပ်တန့်သွားသည်။ခုနက ဆေးရည်နှစ်ပုလင်း၏ အရောင်ကို ပြန်သတိရသွားပြီးနောက် ဂလော်ဖင်း တအံ့တဩ ပြောလိုက်သည်။

“ မဟာဆရာသခင်ရဲ့ အမြင့်ဆုံး စွမ်းဆောင်ရည်ကိုဖော်ပြတဲ့ ပြန်လည်ရှင်သန်ခြင်း ဆေးရည်နဲ့ အသက်ရှည်ခြင်း ဆေးရည်တွေများလား။ဟုတ်တယ်။အဲဒါတွေပဲ ဖြစ်မယ်။ ”

“ နိဗ္ဗာန်စွမ်းအား။တယ်လီပို့ခုန်တာ။ပြန်လည်ရှင်သန်ခြင်းဆေးရည်။အသက်ရှည်ခြင်း ဆေးရည်....။သိပ်ကောင်းတယ်။နတ်ဆိုးဘုရားသခင်က ဘယ်ဇီဘတ် တော်ဝင်မိသားစုကို နောက်တစ်ကြိမ် ကောင်းချီးပေးလိုက်တာထင်တယ်။ ”

ချန်လွေ့ထံသို့ အရှိန်မြန်စွာ ရွေ့လျားလာနေသော နတ်ဘုရားဝါးမျို မျက်နှာဖုံးထံမှ အားရကျေနပ်သော ရယ်သံတစ်သံ ထွက်လာလေသည်။

ချန်လွေ့၏မျက်လုံးများသည် ဒေါသကြောင့် အရောင်တောက်သွားသည်။သူ၏ပုံရိပ်သည် မယုံကြည်နိုင်စရာ ကောင်းလောက်အောင် ပျောက်ကွယ်သွားပြီး မျက်နှာဖုံးနောက်ဘက်၌ ပြန်ပေါ်လာသည်။သူ၏လက်ဝါး၌ အရောင်ဖျော့ဖျော့တောက်နေပြီး နတ်ဘုရားဝါးမျို မျက်နှာဖုံးအား ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်။

ချွင်ခနဲ အသံမြည်သွားပြီး ဂလော်ဖင်း နာကျင်သွားကာ ညည်းညူလိုက်သည်။သို့သော် မျက်နှာဖုံးသည် တည်ငြိမ်နေဆဲပင်ဖြစ်သည်။ချန်လွေ့သည်ကား ပြင်းထန်သော ဒဏ်ကြောင့် နောက်သို့ လွင့်စင်သွားရပြီး လက်ကောက်ဝတ်၌ ပြင်းပြင်းထန်ထန် နာကျင်သွားသည်။ချန်လွေ့၏ အရိုးများ ကျိုးကြေသွားခြင်း ဖြစ်သည်။ရန်သူကို [ အရှိန်အဝါဓားသွား ] ဖြင့် တိုက်ခိုက်ပြီး တန်ပြန်မှုကြောင့် လက်ကောက်ဝတ် ကျိုးကြေသွားသည်မှာ ယခုသည် ပထမဆုံးအကြိမ် ဖြစ်သည်။

“ ဒါက ငါ့ရဲ့ဝိညာဉ်ကို တကယ်ထိခိုက်စေတာပဲ။ ”

နာကျင်စွာ ညည်းညူပြီးနောက် ဂလော်ဖင်း‌ ဒေါသမထွက်ဘဲ ပျော်ရွှင်သွားသည်။

“ ပြီးပြည့်စုံတဲ့စွမ်းအား။ပြီးပြည့်စုံတဲ့ အစွမ်း။မင်းရဲ့ခန္ဓာကိုယ်ကို ငါသေချာပေါက် အရယူပစ်မယ်။ ”

ချန်လွေ့ မြေပေါ်သို့ရောက်သည့်အခါ နတ်ဘုရားဝါးမျို မျက်နှာဖုံးသည် သူ၏မျက်လုံး အရှေ့သို့ ရောက်နှင့်နေပြီး ပြင်းထန်သော စိတ်ဖိအား ထုတ်လွှတ်နေသည်။ချန်လွေ့သည် အလီယို့သ် အခြေအနေသို့ အဆင့်တက်သွားပြီး အမှောင်ဆန္ဒကို ပိုင်ဆိုင်ထားသော်လည်း နတ်ဆိုးအရှင်သခင် တစ်ယောက်ထံမှ ထိုကဲ့သို့ တိုက်ရိုက် စိတ်ဖိအားသည် ချန်လွေ့၏ လက်ရှိအဆင့်ဖြင့် ခုခံနိုင်သည့်အရာ မဟုတ်ပေ။ထို့ကြောင့် ချန်လွေ့ ချက်ချင်း မလှုပ်ရှားနိုင်ခဲ့ပေ။

ဂလော်ဖင်း ချဉ်းကပ်လာနေသည်။ရုတ်တရက် အားတစ်မျိုးမျိုးဖြင့် တားဆီးခံရ သကဲ့သို့ပင် နတ်ဘုရားဝါးမျို မျက်နှာဖုံး ရပ်တန့်သွားပုံရသည်။ချန်လွေ့၏ခန္ဓာကိုယ်ကို ဝိုင်းဝန်းပြီး ဖောက်ထွင်းမြင်ရသော အပြာဖျော့ရောင် သလင်းကျောက် ဒိုင်းကာတစ်ခုက ကာကွယ်ပေးထားခြင်းဖြစ်သည်။

နတ်ဘုရားဝါးမျို မျက်နှာဖုံး၏ မျက်လုံးထဲရှိ အဝါရောင်အလင်းများ စူးရှစွာ တောက်ပလာသည်။အပြာရောင် သလင်းကျောက် ဒိုင်းကာသည်လည်း နှစ်စက္ကန့်သာခံပြီး နောက်ဆုံး၌ ပျောက်ကွယ်သွားတော့သည်။

ချန်လွေ့၏ခန္ဓာကိုယ်ပေါ်၌ မီးတောက်နက်သည် ဝီးခနဲ တောက်လောင်လာပြန်သည်။ ဝိညာဉ်ဝါးမျို ပိုက်နက်တစ်ခုလုံး အနည်းငယ် တုန်ခါလာသည်။ချုပ်နှောင်ခံထား ရသူများပင် အင်အား အနည်းငယ် ပြန်ပြည့်လာသည်။

ထိုမီးတောက်နက်၏ စွမ်းအားသည် အလွန်ထူးခြားလှသည်။နတ်ဘုရားဝါးမျို မျက်နှာဖုံး၏ အမြန်နှုန်း နှေးကွေးသွားသည်။သို့သော်လည်း ရှေ့ဆက်သွားနေတုန်းပင် ဖြစ်သည်။ဂလော်ဖင်း၏အသံ ထွက်ပေါ်လာသည်။

“ ဒါက တကယ့်ကို အက်စ်မိုဒက်စ် တော်ဝင်မိသားစုရဲ့ နိဗ္ဗာန်သွေးပဲ။ငါ့ရဲ့ဝိညာဉ် ကတောင် အဲဒီစိတ်ရှုပ်စရာ လောင်ကျွမ်းမှုအားကို ခံစားရတယ်။မင်းရဲ့စွမ်းအားက နတ်ဆိုးအရှင်သခင် အဆင့်အထိ ရောက်သွားမယ်ဆိုရင်တော့ ဒီမီးတောက် တစ်ခုတည်းနဲ့တင် ငါ့ဝိညာဉ်ကို ဖျက်ဆီးပစ်လို့ရတယ်။မင်းက နတ်ဆိုးဧကရာဇ်ပဲ ဖြစ်မယ်ဆိုရင်တော့ မင်းရဲ့ခန္ဓာကိုယ်ကို ငါသိမ်းပိုက်နိုင်မှာ မဟုတ်ဘူး။ကံမကောင်း တာကတော့ မင်းက နတ်ဆိုးဘုရင်အဆင့်ပဲ ရှိသေးတယ်။အားနည်းလိုက်တဲ့ကောင်။ မင်းမှာ ဘာလို့ ကာမ တော်ဝင်မိသားစုရဲ့ စွမ်းအား ရှိနေလဲဆိုတာ ငါမသိပေမဲ့လည်း မင်းရဲ့ ထူးဆန်းတဲ့ စွမ်းရည်တွေအားလုံးကို မကြာခင် ငါပိုင်တော့မယ်။ ”

ဂလော်ဖင်း ဖြည်းဖြည်းချင်း ချဉ်းကပ်လာသည်။သို့သော်လည်း ချန်လွေ့သည် ၎င်းကို မျှော်လင့်ထားပုံရသည်။စိုးရိမ်မနေသလို ထွက်ပြေးရန်လည်း မကြိုးစားပေ။ချန်လွေ့ မတ်တပ်ရပ်နေရင်း ဒဏ္ဍာရီထဲရှိ အဆောင်ပစ္စည်း၇မျိုးထဲမှ တစ်မျိုးဖြစ်သော “ နတ်ဘုရားဝါးမျို မျက်နှာဖုံး ”ကို အေးစက်စက် စိုက်ကြည့်နေလိုက်သည်။

နောက်ဆုံး၌ ချန်လွေ့၏မျက်နှာကို “ နတ်ဘုရားဝါးမျို-မျက်နှာဖုံး ” ဖုံးအုပ်သွားသည်။

“ ငါလုပ်နိုင်ခဲ့ပြီ။ ”

မျက်နှာဖုံးထဲရှိ ဂလော်ဖင်း၏ရယ်သံသည် ပြိဿမျိုးနွယ်တစ်ခုလုံးကို ဖြတ်သန်းပြီး ပဲ့တင်ထပ်သွားလေသည်။

အနီးအနားမှ ပြိဿအကြီးအကဲနှင့် အသိမလစ်သေးသော တင်တို့ ထိတ်လန့် သွားကြသည်။ထိုအချိန်၌ ရယ်သံသည် ရုတ်တရက်ပင် ရပ်တန့်သွားသည်။

ချန်လွေ့၏ခန္ဓာကိုယ် လှုပ်ရှားမှုမရှိပေ။စကားလည်းတစ်လုံးမှ မပြောဘဲ မတ်မတ် ရပ်နေလေသည်။တစ်ခုခုလွဲနေသကဲ့သို့ပင် ဖြစ်သည်။

အမှန်တကယ်ပင် ထူးခြား‌လှ‌သည်။ဂလော်ဖင်းသည် ချန်လွေ့၏အသိစိတ်ကို သိမ်းပိုက်ရန် ကြိုးစားနေသည်။သို့သော်လည်း ရုတ်တရက်ပင် ပတ်ဝန်းကျင် မြင်ကွင်းများ ပျက်ယွင်းသွားပြီး အခြားနေရာတစ်ခုဆီသို့ ချက်ချင်းရောက်ရှိသွားသကဲ့သို့ ဂလော်ဖင်း ခံစားလိုက်ရသည်။

အဝေးတစ်နေရာတွင် ကြီးမားသော အနီရောင်အလုံးကြီး လောင်ကျွမ်းနေသည်။ အလင်းရောင်သည် အတော်လေး စူးရှပြင်းထန်လှသည်။၎င်းသည် ဖြည်းဖြည်းချင်း လည်ပတ်နေပြီး မီးတောက်များသည် ကမ္ဘာကြီးကို ဖျက်ဆီးနိုင်လောက်အောင် ရဲရဲတောက် ပူပြင်းနေလေသည်။

အာကာသထဲတွင် အရောင်အမျိုးမျိုး အရွယ်အစားအမျိုးမျိုးရှိသော အလုံးများလည်း ရှိနေပြီး လည်ပတ်နေကြသည်။၎င်းတို့သည် ကိုယ်တိုင် လည်ပတ်နေရုံသာမက နီရဲရဲအလုံးကိုလည်း အထူးလမ်းစဉ်တစ်မျိုးဖြင့် လှည့်ပတ်နေကာ ငြိမ်သက် လှပသော မြင်ကွင်းမျိုးကို ဖြစ်ပေါ်စေသည်။

ဒါက ဘယ်လိုနေရာပါလိမ့်။

မြေဒြပ်စင်ဘုရင် ဖျက်ဆီးခဲ့သော မိမိ၏ခန္ဓာကိုယ်သည် မူလအတိုင်း ပြန်ဖြစ်နေပြီး လေထဲ၌ မျောလွင့်နေသည်ဟု ဂလော်ဖင်း ခံစားနေရသည်။သို့သော်လည်း ၎င်းသည် သူ၏ ခန္ဓာကိုယ် အစစ်အမှန် မဟုတ်နိုင်ပေ။အသိစိတ်သာ ဖြစ်ပေမည်။

ထို့နောက် သူ၏အရှေ့တွင် ချန်လွေ့၏ခန္ဓာကိုယ် ပေါ်ထွင်လာပြီး လေထဲ၌ မျောလွင့်နေသည်ကို ဂလော်ဖင်း မြင်လိုက်ရသည်။

ထိုနေရာကို ချန်လွေ့သိသည်။ဂလော်ဖင်း၏ နတ်ဆိုးအရှင်သခင်အဆင့် စိတ်ဝိညာဉ်ကို ကနဦးအလီယော့သ်အခြေအနေဖြင့် ဖျက်ဆီးနိုင်မည်မဟုတ်ကြောင်း ချန်လွေ့ သိသည်။ ချန်လွေ့သည် နတ်မိစ္ဆာမျက်လုံးနှင့် ရင်ဆိုင်ခဲ့ရဖူးသည်။ထိုအချိန်က စူပါစနစ်သည် နတ်ဆိုးအရှင်သခင် ဘရော့ခ်၏ အစွမ်းအထက်ဆုံး ပါရမီကို တန်ပြန်တိုက်ခိုက် နိုင်ခဲ့သည်။ ယခုတွင် ချန်လွေ့သည် ကြယ်အဆင့် ထပ်ပြီး ဆင့်ကဲပြောင်းလဲသွားရာ စွမ်းအားပို၍ တိုးလာမည်ဖြစ်သည်။

ထို့ကြောင့် ချန်လွေ့၏ အသိစိတ်ထဲမှ စူပါစနစ်သည် ဂလော်ဖင်းအား ချေမှုန်းရန်အတွက် အကြီးမားဆုံး ဝှက်ဖဲဖြစ်သလို နောက်ဆုံး ဝှက်ဖဲလည်းဖြစ်ပေသည်။

All Chapters