← Chapters

 အရေးတကြီး။ရွေ့လျားနေသော မြေနန်းတော်  

Vol. 11 Ch. 161

 အရေးတကြီး။ရွေ့လျားနေသော မြေနန်းတော်  

Vol. 11 Ch. 161

မသေနိုင်သည့် ရန်သူကိုရင်ဆိုင်နေရင်း ဆော့ခ်နှင့်ထာ့ခ်တို့၏ စွမ်းအားတစ်ဝက် ကုန်ခမ်းသွားသည်။ချန်လွေ့၏စကားကို ကြာပြီးနောက် သူတို့သည် မတုံ့ဆိုင်းဘဲ အပြင်းထန်ဆုံး တိုက်ခိုက်လိုက်သည်။ပြင်းထန်လှသည့် ပူးပေါင်းတိုက်ခိုက်မှုကြောင့် စိတ်ဝိညာဉ်ဝါးမျို နတ်ဆိုးယင်ကောင် ကွဲကြေသွားပြန်သည်။

နတ်ဆိုးယင်ကောင် သလင်းကျောက်များအဖြစ် ကွဲကြေသွားသည့်အခိုက်တွင် ဒိုဒို၏ ပါးစပ် ရုတ်တရက် ကျယ်သွားသည်။ချန်လွေ့၏ အမိန့်အတိုင်း ဒိုဒိုသည် [ E ] အဆင့်နှင့် [ F ] အဆင့်ရှိ အပိုင်းအစများကို ဝါးမျိုလိုက်သည်။အပိုင်းအစများ ပြန်လည်ပေါင်းစည်း သွား‌သောအခါ ဒိုဒို မဝါးမျိုတော့ပေ။

စိတ်ဝိညာဉ်ဝါးမျို နတ်ဆိုးယင်ကောင်သည် မူလပုံစံအတိုင်း ပြန်ဖြစ်သွားကြသည်။ သို့သော်လည်း ၎င်း၏ခန္ဓာကိုယ်အရွယ်အစားသည် တစ်ဆခန့် သေးငယ်နေပြီး စွမ်းအားများမှာလည်း သိသိသာသာ အားနည်းနေသည်။ထိုနည်းလမ်းသည် အတော်လေး အလုပ်ဖြစ်ပုံရသည်။ထာ့ခ်နှင့် ဆော့ခ်တို့ တက်ကြွသွားသည်။

ထိုနည်းလမ်းဖြင့် အဆက်မပြတ် တိုက်ခိုက်ပြီးနောက်တွင် နတ်ဆိုးယင်ကောင်၏ စွမ်းအားများ အားနည်းသထက် အားနည်းလာသည်။ထင်ထားသည့်အတိုင်းပင် ၎င်းသည် အသက်ဓာတ်ရေစင်မှ အဝေးသို့သွား၍မရပေ။၎င်း၏ခန္ဓာကိုယ် ဝါးမျိုခံနေရခြင်းကိုသာ ကြည့်နေရလေသည်။၎င်း၏စွမ်းအားသည်လည်း မဟာနတ်ဆိုးဘုရင်အဆင့်မှ တဖြည်းဖြည်း နိမ့်ကျသွားပြီး အမြင့်ဆင့်နတ်ဆိုးသို့ရောက်သောအခါ ဒိုဒိုသည် ၎င်းကိုလုံးဝ ဝါးမျိုလိုက်တော့သည်။

ဒိုဒို၏ ပိတ်ထားသော ပါးစပ်အတွင်းမှ လက်မခံနိုင်သည့်အော်သံတစ်ခု ထွက်လာသည်။ ချွဲကျိကောင်၏ ခါးသက်သက် မျက်နှာနှင့် ကြက်သွန်နီခေါင်းမှ ထွက်လာသည့် ပေါက်ကွဲမှု အနည်းငယ်ကို မြင်ပြီး ချန်လွေ့ စိုးရိမ်စွာ မေးသည်။

“ ထူးထူးဆန်းဆန်း ခံစားရလား။ ”

ချွဲကျိကောင် လေတက်သွားသည်။၎င်း၏အဖြေသည် ချန်လွေ့ကို ပြောစရာစကား မဲ့သွားစေသည်။

“ အရသာမကောင်းဘူး။ ”

စိတ်ဝိညာဉ်ဝါးမျို နတ်ဆိုးယင်ကောင်အား သုတ်သင်ပြီးနောက် ချိုင့်အလယ်မှ ရေများ ထွက်လာကာ နှစ်မီတာအကွာအဝေးအထိ ပျံ့နှံ့သွားပြီးမှ ရပ်တန့်သွားသည်။၎င်းသည် အနီးအနားရှိမြေကြီးထဲမှ တလက်လက်တောက်ပနေသော သလင်းကျောက် အရောင်များ၏ သက်ရောက်မှုကို ခံနေရဟန်တူသည်။ထိုအလင်းရောင်များသည် သလင်းကျောက်များအဖြစ် စုစည်းသွားပြီး တဖြည်းဖြည်း ကျယ်ပြန့်လာသည်။ အသက်ဓာတ်ရေစင်မှာတော့ တဖြည်းဖြည်း လျော့နည်းသွားသည်။အသက်ဓာတ်ရေစင် တစ်ခုလုံးကို လွှမ်းမိုးသွားသည်နှင့် ထိုဒုက္ခပေးသော စိတ်ဝိညာဉ်ဝါးမျို နတ်ဆိုး ယင်ကောင် ပြန်လည်မွေးဖွားလာနိုင်လေသည်။

သို့သော်လည်း ချန်လွေ့သည် သလင်းကျောက်များကို အချိန်မပေးခဲ့ပေ။အသက်ဓာတ် ရေစင် မခမ်းခြောက်သွားခင်မှာပင် ချန်လွေ့လက်ထဲမှ ထူးဆန်းသော မြူနှင်းများ ထွက်လာပြီး ရေအိုင်ကိုဖုံးလွှမ်းသွားကာ နဂါးငွေ့တန်း ဥယျာဉ်ထဲ ထည့်သိမ်းထားလိုက်သည်။ သလင်းကျောက်များလည်း စွမ်းအင်ကုန်ဆုံးသွားသကဲ့သို့ ဖြစ်သွားပြီး ဆက်လက်အရောင်မတောက်တော့ဘဲ တဖြည်းဖြည်း အရောင်မှိန်သွား၏။

တတိယမြောက် အသက်ဓာတ်ရေစင်အား အရယူပြီးသွားလေပြီ။ 

အသက်ဓာတ်ရေစင်အား နဂါးငွေ့တန်းဥယျာဉ်ထဲ သိမ်းထားလိုက်သည့်အခါ ပထဝီဘုံ ဗဟိုမှ သတ်ဖြတ်ချင်စိတ်နှင့် ဒေါသအပြည့်ဖြစ်နေသော ကျယ်လောင်လှသည့် အသံတစ်သံ ထွက်လာသည်။မြေအောက်လောကရှိမျက်နှာကျက်မီ လျော့ရဲနေသော ကျောက်စက်ပန်းဆွဲများသည် ထိုအသံကြောင့် တုန်ခါသွားပြီး တစ်ခုပြီးတစ်ခု ပြုတ်ကျလာတော့သည်။

မြေကြီးထဲ၌ အဆက်မပြတ်ဖြစ်ပေါ်နေသော ပြင်းထန်သည့် တုန်ခါမှုကဲ့သို့ပင် ဖြစ်နေသည်။အနီးအနားရှိ ထိန်းချုပ်ခံ မြေဒြပ်စင်ကောင်များသည် ထိုဟိန်းဟောက်သံကို ဂရုမစိုက်ကြဘဲ လမ်းလျှောက်နေသော အလောင်းများကဲ့သို့ပင် ရှေ့ဆက်သွား နေကြသည်။ မြေနန်းတော်တစ်ခုလုံးသည် အမှန်တကယ်ပင် ရွေ့လျားနေလေသည်။

ပိစိမှင်စာတို့၏ အသက်ဓာတ်ရေစင်သည် ပမာဏအနည်းငယ်သာ‌ဖြစ်သော်လည်း နဂါးငွေ့တန်းဥယျာဉ်ထဲ ရောက်သွားသည့်အခါ အခြားရေစင်နှစ်ခုနှင့် အရွယ်အစား အတူတူဖြစ်သွားသည်။နဂါးငွေ့တန်းဥယျာဉ်သည် အသက်ဓာတ်ရေစင်အား အမြင့်ဆုံး သိုလှောင်မှုအထိ ပြန်ရောက်စေနိုင်သော မှော်ဆန်ဆန် အစွမ်းရှိပုံရသည်။

“ ချန်လွေ့။မင်းက တကယ့်ကို မှော်ဆန်တဲ့ကောင်ပဲ။မင်းလုပ်တာတော်တယ်။ ”

ပိစိမှင်စာတို့၏ အသိုက်အမြုံမှ ထွက်လာပြီးနောက် ဆော့ခ်သည် ချန်လွေ့၏ စွမ်းရည်များကို ချီးကျုးလိုက်ပြီး ထာ့ခ်ကမူ ခေါင်းညိတ်လိုက်သည်။ချန်လွေ့၏ ဗျူဟာကြောင့်ဟာမဟုတ်လျှင် သူတို့နှစ်ယောက်သည် မသေနိုင်သည့် ဧရာမ နတ်ဆိုးယင်ကောင်ကို သေချာပေါက် အနိုင်ယူနိုင်မည်မဟုတ်ပေ။ယခုတွင် သူတို့သည် အသက်ဓာတ်ရေစင်ကိုပင် အောင်အောင်မြင်မြင် ယူဆောင်နိုင်သွားခဲ့လေပြီ။ 

“ မင်းတို့နှစ်‌ယောက် တော်ကြတာပါ။ငါတစ်ယောက်တည်းဆိုရင် ဒီလိုမျိုးလုပ်နိုင်မှာ မဟုတ်ဘူး။ ”

ချန်လွေ့၏ [ သရုပ်ခွဲမျက်လုံး ]၌ ဖော်ပြခဲ့သော “ကိုယ်ပွား” ဆိုသည့်စကားလုံး၏ အဓိပ္ပာယ်ကို စဉ်းစားနေသည်။ချန်လွေ့သည် မိမိကိုယ်ကို နှိမ့်ချနေခြင်း ဖြစ်သည်။ ထို့နောက် သူ၏ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွားသည်။ 

“ မိတ်တွေတို့။ငါ့မှာ ရူးကြောင်ကြောင် အကြံတစ်ခုရှိတယ်။မင်းတို့ ငါနဲ့တူတူ အရဲစွန့်ချင်လား မသိဘူး။ ”

ထာ့ခ်နှင့် ဆော့ခ်တို့ လှည့်ကြည့်ရာ ချန်လွေ့၏ခန္ဓာကိုယ်သည် တစ်နည်းတစ်ဖုံ ပြောင်းလဲသွားပြီး ဒြပ်စင်ကောင်အတိုင်း ဖြစ်သွားသည်။လက်ရွေးစင် မြေဒြပ်စင်ကောင် နှစ်ယောက် အံ့အားသင့်သွားကြသည်။

“ အိုး။ဟုတ်သားပဲ။အသေးစိတ်တစ်ခု ထပ်ဖြည့်ဖို့ ကျန်သေးတယ်။ ”

မြေဒြပ်စင်ကောင်၏ မျက်လုံးအဖြူရောင်သည် ဝါဖျော့ဖျော့အရောင်ပြောင်းသွားကာ “ ဗီဇပြောင်းမျိုးနွယ် ” ဖြစ်သွားသည်။

ဆော့ခ်နှင့် ထာ့ခ်တို့သည် မတုံးကြပေ။သူတို့နှစ်ယောက်သည် ‌တစ်ယောက်စီ၏ မျက်လုံးထဲမှ စိတ်ပိုင်းဖြတ်မှုများကို မြင်တွေ့လိုက်ရသည်။

ပြိဿ သားရဲတွင်း၌ အသီနာသည် လက်ထဲမှ ဓားမြောင်အား ညင်သာစွာ ပွတ်သပ်နေသည်။ထိုဓားသည် အလွန်သေးငယ်လှပြီး ဟိုက်ဒြာသားရေဓားအိမ်ဖြင့် ရစ်ပတ်ထားသည်။၎င်းသည် လက်ရာမမြောက်လှသော်လည်း အသီနာ၏စိတ်ထဲတွင်မူ နတ်ဆိုးဘုံတစ်ခုလုံးရှိ အကောင်းဆုံး ဓားတစ်လက်ပင်ဖြစ်သည်။၎င်းမှာ ကြယ်နက်သံဖြင့် ပြုလုပ်ထားခြင်းကြောင့်မဟုတ်ဘဲ ချန်လွေ့ကိုယ်တိုင် သွန်းလုပ်ထားကာ အစောင့်အရှောက် ဓားတစ်လက်အနေဖြင့် ပေးအပ်ခဲ့၍ဖြစ်သည်။အသီနာအတွက် ထိုဓားမြောင်သည် ထူးထူးခြားခြား အရေးပါလှပေသည်။

ထိုအရေးပါမှုကို ချန်လွေ့အား အသီနာမပြောပြခဲ့ပေ။သို့သော်လည်း ယခုတွင်တော့ အသီနာသည် အနည်းငယ် နောင်တရချင်သကဲ့သို့ ဖြစ်လာသည်။ချန်လွေ့ ထွက်သွားခြင်းကြောင့်ပေလား မသိပေ။အသီနာသည် ရင်ထဲ၌ တထိတ်ထိတ်ဖြစ်နေပြီး ချန်လွေ့အား ဖွင့်ပြောရန် အခွင့်အရေး ထပ်မရှိတော့ဟု ခံစားနေရလေသည်။

အသီနာ အားနှင့်မာန်နှင့် ခေါင်းခါလိုက်ပြီး စိတ်တထင့်ထင့် ခံစားချက်ကို ဖယ်ရှားလိုက်သည်။ထို့နောက် လိုင်ဆာထံမှ ရေတစ်ခွက်ယူကာ ပြုံးပြရင်း ခေါင်းညိတ်သည်။

လိုင်ရာလည်း လောကဝတ်အတိုင်း ခေါင်းပြန်ညိတ်ပြသည်။မယ်ဒူဆာမျိုးနွယ်ကို ကယ်တင်ခဲ့သည့် ချန်လွေ့နှင့် အသီနာတို့၏ ရင်းရင်းနှီးနှီး ဆက်ဆံရေးကို လိုင်ဆာ သိနှင့်နေပြီးဖြစ်သည်။ရန်လိုခြင်းမရှိတော့ဘဲ ပို၍ရင်းနှီးသွားပုံပေါ်သည်။

လိုင်ဆာ၏ ဖောင်းတင်းနေသော ဝမ်းဗိုက်ကိုကြည့်ရင်း “ အနာဂတ်မိသားစု တိုးချဲ့ရေးအစီအစဉ် ” အကြောင်းပြောသည့် လူတစ်ယောက်အား အသီနာ တွေးမိသွားကာ ထူးထူးခြားခြား ရှက်သွေးဖြာသွား၏။

ထိုအချိန်၌ ချန်လွေ့သည် အခြေအနေကို တအံ့တဩနှင့်ကြည့်နေသည်။လက်ရွေးစင် မြေဒြပ်စင်ကောင် နှစ်ယောက်လည်း ထိုကဲ့သို့ပင် ဖြစ်သည်။

မူလက ချန်လွေ့သည် နောက်ဆုံး အသက်ဓာတ်ရေစင်ကို အရယူရန်အတွက် ပထဝီဘုံထဲ ခိုးဝင်မည့် အလွန်အန္တရာယ်များသော အစီအစဉ်တစ်ခုကို အကြံပြုခဲ့သည်။

သို့သော်လည်း သူတို့သုံးယောက် တစ်နေ့လုံးတစ်ညလုံး ပထဝီဘုံသို့ အပြေးသွား ပြီးနောက်တွင် မျက်နှာချင်းဆိုင်ဘက်မှ မြင်ကွင်းကြောင့် ကြက်သေသေသွားသည်။ လမ်းတစ်လျှောက်၌ ကြီးမားသော ဖျက်ဆီးမှုလက္ခဏာများ ရှိနေသည်။မူလက သေးငယ်သည့် လမ်းကြောင်းသည် ကြီးကြီးမားမား အရာတစ်ခု ဖြတ်သွားသကဲ့သို့ပင် ပျက်စီးပြန့်ကား‌နေသည်။

လုံးဝကွဲပြားနေသည့် အိမ်ကိုမြင်ပြီးနောက် ထာ့ခ်နှင့် ဆော့ခ်တို့သည် ချန်လွေ့အား ပျက်စီးမှု အရင်းအမြစ်ဆီသို့ အမြန်ခေါ်သွားလိုက်သည်။ထူးဆန်းစွာပင် မြေဒြပ်စင်ကောင်နှင့် နတ်ဆိုးယင်ကောင်တို့၏ အရေအတွက်မှာ ထင်ထားသည်ထက် ပိုနည်းနေသည်။ပျက်စီးမှုလမ်းကြောင်း၏ စတင်မှတ်ကို တွေ့သွားသည့်အခါ လက်ရွေးစင် မြေဒြပ်စင်ကောင် နှစ်ယောက် ကြက်သေသေသွားကြတော့သည်။

ပထဝီဘုံအလယ်၌ အချင်း မီတာ၁၀၀ကျော်သော ချိုင့်နက်နက်တစ်ခု ရှိနေသည်။၎င်းသည် မြေဒြပ်စင်ဘုရင်ရှိနေသည့် မြေနန်းတော်၏ တည်နေရာ ဖြစ်ရပေမည်။ 

မြေနန်းတော် ရုတ်တရက် ပျောက်ကွယ်သွားခဲ့လေပြီ။ 

ချိုင့်နက်နက်ကိုကြည့်လျှင် ထိုနန်းတော်ကို တစ်နေရာရာမှ တူးထုတ်ထားဟန်တူသည်။ လမ်းတစ်လျှောက်ရှိ လမ်းကြောင်းကြီးကြီးမားမားနှင့် ဆက်စပ်ကြည့်လိုက်သည့်အခါ မြေနန်းတော် ရွေ့လျားနေကြောင်း သူတို့သုံးယောက် သဘောပေါက်လိုက်သည်။

ထိုဗီဇပြောင်း မြေဒြပ်စင်ကောင်များသည် မြေနန်းတော်ကို တူး‌ထုတ်ခဲ့ပြီး........

ချန်လွေ့သည် ကြောက်စရာအကောင်းဆုံးဖြစ်သော မြေနန်းတော် ရွေ့လျားမှု၏ ပန်းတိုင်ကို တွေးလိုက်မိသည်။ပိစိမှင်စာတို့၏ အသိုက်အမြုံသို့ သွားမည်ဆိုလျှင် လမ်းတစ်ဝက်၌ သူတို့ဆုံတွေ့ရပေမည်။ထို့ကြောင့် ဂလောဖင်းဦးတည်နေသော နေရာသည် တစ်နေရာသာ ကျန်ပေတော့သည်.......

နောက်ဆုံးတွင် နတ်ဆိုးယင်ကောင်များသည် တစ်ခုခုလွဲနေကြောင်း သတိထား မိသွားသည်။သူတို့သည် ဗီဇပြောင်း မြေဒြပ်စင်ကောင်အချို့ကို ဝိုင်းရံလိုက်သည်။

ထိုရန်သူတို့၏ စွမ်းအားများသည် ချန်လွေ့တို့အုပ်စုအတွက် အစွမ်းနိမ့်ပါးပြီး ထင်ထားသ‌ကဲ့သို့ အန္တရာယ်မရှိသော်လည်း ထိုအချိန်၌ ချန်လွေ့သည် အလွန်အမင်း စိုးရိမ်နေလေသည်။

ထာ့ခ်သည် ဗီဇပြောင်း မြေဒြပ်စင်ကောင် တစ်ယောက်ကို ဖမ်းဆီးလိုက်ပြီး ချန်လွေ့လည်း [ အရှိန်အဝါ ကူးပြောင်းခြင်း ]ကို အမြန်သုံးလိုက်သည်။ ထိုမြေဒြပ်စင်ကောင် အသိစိတ်ပြန်လည်လာသောအခါ ချန်လွေ့ အစိုးရိမ်ဆုံး ထင်မြက်ချက်ကို သေချာအောင် မေးသည်။မြေနန်းတော်၏ပန်းတိုင်မှာ မယ်ဒူဆာနှင့် ပြိဿ မျိုးနွယ်စုဆီသို့ပင် ဖြစ်နေသည်။ထို့ပြင် သူတို့ထွက်သွားသည်မှာ ၄‌ရက်ကျော်ရှိပြီ ဖြစ်သည်။

ပြိ‌ဿတွေ၊မယ်ဒူဆာတွေနဲ့ မြေဒြပ်စင်ကောင်တွေ အဲ့ဒီမှာရှိနေတယ်။ပြီးတော့ အသီနာရောပဲ။ 

 “ လခွမ်း။အသက်ဓာတ်ရေစင်ဆီ အရင်သွားရ‌အောင်။ပြီးရင် မြန်မြန်ပြန်မယ်။ ”

ချန်လွေ့ အသံကျယ်ကျယ် အော်‌ပြောလိုက်သည်။ထာ့ခ်နှင့် ဆော့ခ်တို့သည် ချန်လွေ့အား မြေဒြပ်စင်ကောင် အတော်များများကို အသိစိတ်ပြန်ရအောင် လုပ်စေချင်ခဲ့သည်။ သို့သော်လည်း အခြေအနေသည် အရေးတကြီးဖြစ်နေကြောင်း သူတို့သိသည်။ထို့ကြောင့် သူတို့သည် အားကုန်သုံးကာ အသက်ဓာတ်ရေစင်ဆီသို့ လမ်းကြောင်း အမြန်ဖွင့်ပေးလိုက်သည်။

ပိစိမှင်စာ အသိုက်အမြုံ၌ အတွေ့အကြုံရှိပြီးပြီ ဖြစ်သည့်အတွက် ယခုတစ်ခေါက်၌ သူတို့သည် စိတ်ဝိညာဉ်ဝါးမျို နတ်ဆိုးယင်ကောင်များကို အတော်လေး အလွယ်တကူ ဖြေရှင်းနိုင်ခဲ့သည်။သို့သော်လည်း အနီးအနားတွင် မြေဒြပ်စင်ကောင်များရှိနေသည့် အတွက် ဆော့ခ်နှင့်ထာ့ခ်တို့သည် ၎င်းတို့၏ မတော်တဆ ဒဏ်ရာမရစေရန် သတိထားနေကြရသည်။ခက်ခက်ခဲခဲ ကြိုးစားပြီးနောက် သူတို့သည် စတုတ္ထမြောက် အသက်ဓာတ်ရေစင်ကို အောင်အောင်မြင်မြင် ရယူနိုင်ခဲ့သည်။

စိတ်ဝိညာဉ်ဝါးမျို နတ်ဆိုးယင်ကောင်ကို ဝါးမျိုခဲ့သည့် ဒိုဒိုသာ ထူးထူးခြားခြား ဖြစ်နေသည်။၎င်း၏ ဖောက်ထွင်းမြင်ရသော ဦးနှောက်ထဲမှ ရံဖန်ရံခါ ပေါက်ကွဲသံများ ထွက်လာပြီး တွန့်လိမ်‌နေ၏။ထို လက္ခဏာများသည် ပိစိမှင်စာ အသိုက်အမြုံမှ ထွက်လာစဉ်ကတည်းက ရှိနေခဲ့သည်။သို့သော်လည်း ယခုတစ်ခေါက် ပို၍ ပြင်းထန်သည်။ ၎င်းသည် ထိုသလင်းကျောက်များကို ခြေဖျက်ရခြင်း၏ ဘေးထွက်ဆိုးကျိုးတစ်ခု ဖြစ်နိုင်သည်။

ဒိုဒိုသည် သက်ရှိဖြစ်၍ သိုလှောင်ခန်းထဲ သိုလှောင်၍မရပေ။ထို့ကြောင့် ချန်လွေ့သည် သိုလှောင်ခန်းထဲမှ ကျောပိုးအိတ် တစ်လုံးထုတ်ပြီး အတွင်းထဲ၌ ဒိုဒိုအား အနားယူစေသည်။ထို့နောက် ချန်လွေ့သည် ထာ့ခ်နှင့်ဆော့ခ်တို့အားခေါ်ပြီး မြေနန်းတော်လမ်းကြောင်းအတိုင်း အမြန်ပြေးသွားကြတော့သည်။

မြေနန်းတော်အတွင်း၌ ဒေါသတကြီး အော်သံတစ်သံ ထပ်ထွက်လာသည်။ ယခုတစ်ခေါက်တွင် ထိုအော်သံသည် ဒဏ်ရာရနေသော သားရဲတစ်ကောင်ကဲ့သို့ပင် စူးစူးဝါးဝါး အသံ ပါဝင်နေသည်။သယ်ဆောင်ခံနေရသည့် မြေနန်းတော် ရုတ်တရက် ရပ်တန့်သွားပြီး အောက်သို့ ကျသွားသည်။ကြီးကြီးမားမား လှုပ်ခါသွားပြီး အောက်မှမြေဒြပ်စင်ကောင်များသည် မြေကြီးထဲသို့ နင်းခြေခံလိုက်ရတော့သည်။ မြေဒြပ်စင်ကောင်များသည် မြေဒြပ်စင်ဖြင့် စွမ်းအားတိုးကြသော်လည်း ထိုကဲ့သို့ ကြောက်မက်ဖွယ်ဖိအားကို ခံနိုင်ရည်မရှိပေ။၎င်းတို့၏ခန္ဓာကိုယ်များ ပြားချပ်သွား၏။

မြေနန်းတော်ရှိ ‌ခိုင်မာလှသော မြေပြင်ပေါ်တွင် မျက်နှာဖုံးတပ်ပုဂ္ဂိုလ်တစ်ယောက်၏ အနီးအနားတစ်ဝိုက်တွင် မြောက်မြားလှစွာသော အက်ကြောင်းများ ဖြစ်ပေါ်နေသည်။ နန်းတော် တုန်ခါသွားပြီး ခေါင်မိုးပြုတ်ကျကာ ကျိုးပဲ့နေသော တိုင်လုံးကြီးများသာ ကျန်တော့သည်။ပြိုလဲကျသွားသော ကျောက်တုံးကြီးများသည် ဘေးဖက်သို့ လွင့်စင်သွားကြပြီး မြေဒြပ်စင်ကောင်များကို ထိခိုက်သွားစေသည်။

မြေဒြပ်စင်ဘုရင်သည် ၎င်းကို ဂရုမစိုက်နေပေ။မြေဒြပ်စင်ကောင်များအား ရက်ရက်စက်စက် ဆက်ဆံသည့် အာဏာရှင်တစ်ယောက်ကဲ့သို့ပင် ထိတ်ထိတ်ပျာပျာနှင့် ဟိန်းဟောက်လိုက်သည်။

ထိုအသံ ပျောက်ကွယ်သွားသည့်အခါ မြေဒြပ်စင်ကောင်များသည် မြေနန်းတော်ကို ပုံမှန်အတိုင်း ပင့်တင်ပြီး မျိုးနွယ်တူများ၏ ပြန့်ကျဲနေသော ခန္ဓာကိုယ်များကို တက်နင်းကာ ရှေ့ဆက်ကြသည်။

ချန်လွေ့သည် သက်လုံမချန်ဘဲ လက်ရွေးစင်မြေဒြပ်စင်ကောင် နှစ်ယောက်နှင့်အတူ လမ်းကြောင်းနောက်သို့ အပြေးလိုက်နေသည်။သူသည် မြေဒြပ်စင်ကောင်များ သယ်ဆောင်နေသော မြေနန်းတော်၏ အမြန်နှုန်းကို အမှီလိုက်နိုင်ရန် အဆက်မပြတ် မျှော်လင့်နေသည်။

ဆော့ခ်ပြောသည့်အတိုင်းဆိုလျှင် သူအသိစိတ်ဝင်နေသည့်အချိန်၌ ‌ဂလော်ဖင်းသည် မြေဒြပ်စင်ဘုရင်းအား လုံးဝထိန်းချုပ်နိုင်လုနီးပါး ဖြစ်နေခဲ့သည်။ဂလော်ဖင်းသည် နတ်ဆိုးအရှင်သခင် စွမ်းအားကို ထုတ်လွှတ်နိုင်သည်။ယခုတစ်ခေါက် လှုပ်ရှားမှုသည် မယ်ဒူဆာနှင့်ပြိဿတို့ကို လုံးဝသုတ်သင်ပြီး အသက်ဓာတ်ရေစင် နှစ်ခုစလုံးအား တစ်ပြိုင်နက်တည်း သိမ်းပိုက်ရန် ဖြစ်နိုင်သည်။

ဂလော်ဖင်းသည် လွတ်လွတ်လပ်လပ် လှုပ်ရှား၍မရနိုင်လောက်ပေ။သို့မဟုတ်ပါက နန်းတော်ကြီးတစ်ခုလုံးကို ထင်ထင်ရှားရှား ရွှေ့ပြောင်းရန် မလိုအပ်ပေ။စိတ်ဝိညာဉ်ဝါးမျို နတ်ဆိုးယင်ကောင် ကိုယ်ပွားတို့၏ ပျောက်ဆုံးသွားမှုသည်လည်း ဂလော်ဖင်းအပေါ် သက်ရောက်မှုတစ်စုံတစ်ရာ ရှိနိုင်သည်။လက်ရှိတွင် အရေးကြီးဆုံးမှာ အမှီလိုက်ရန်နှင့် မယ်ဒူဆာနှင့်ပြိဿတို့အား ထွက်ပြေးရန်အတွက် ကြိုတင်ပြောရန်ပင်ဖြစ်သည်။ အသက်ဓာတ်ရေစင်အားလုံးကို နဂါးငွေ့တန်းဥယျာဉ်၌ သိမ်းထားပြီးပြီ ဖြစ်သည့်အတွက် ချန်လွေ့ကိုယ်တိုင်သည် ရွှေ့ပြောင်း၍ရသော အသက်ဓာတ်ရေစင်နှင့် တူညီနေပေသည်။ ထို့ပြင် ရန်သူသည်လည်း လှုပ်ရှားရ ခက်ခဲနေသည့်အတွက် ပြောက်ကျားတိုက်ခိုက်ရန် ဖြစ်နိုင်လောက်ပေသည်။

အရေးကြီးဆုံးကတော့ အသီနာပဲ။ 

ငါ့ရဲ့ချစ်ရတဲ့ မိန်းကလေး။ 

သူ့ကို ဘာအန္တရာယ်မှ မရင်ဆိုင်စေရဘူး။ 

All Chapters