← Chapters

ကြယ်ထိန်း။အသစ်စက်စက် အစွမ်းများ

Vol. 12 Ch. 167

ကြယ်ထိန်း။အသစ်စက်စက် အစွမ်းများ

Vol. 12 Ch. 167

အာကာသထဲ၌ ဖြည်းဖြည်းချင်း ရွေ့လျားနေကြသော ကြယ်စုကို ပလ္လင်ပေါ်မှ ကြည့်နေရင်း ချန်လွေ့သည် ကောင်း‌ကင်ပေါ်မှ ငုံ့ကြည့်သည့် ခံစားချက်မျိုး ရလာခဲ့သည်။

ထိုကြယ်စုတွင် ကြယ်များနှင့် ဂြိုလ်များ ရှိကြသော်လည်း သက်ရှိမရှိပေ။ ဆင့်ကဲပြောင်းလဲခြင်းအဆင့် တိုးတက်လာသည်နှင့်အမျှ အရာအားလုံး ဖြည်းဖြည်းချင်း ပေါ်ထွက်လာနိုင်ပေသည်။ဤသို့ဆိုလျှင် ကြယ်စင်စု နတ်ဘုရားကျောင်းပေါ်ရှိ ချန်လွေ့သည် အသက်အားလုံး၏ အထက်တွင်ရှိသော....ဘုရားသခင် ဖြစ်နေမည်လား။

ထိုအတွေးမျိုး ချန်လွေ့ခေါင်းထဲ ရောက်ရှိလာခဲ့သည်။ပလ္လင်ရှေ့ မျက်နှာပြင် သုံးခုထဲတွင် အခြေအနေပြဇယားပေါ်ရှိ သုံးဖက်မြင် လူသားခန္ဓာကိုယ်ပေါ်၌ အလင်းလုံး အသစ်တစ်လုံး ရှိနေသည်။ထိုအလင်းလုံးသည် အပြာရောင်မီးတောက် လင်းလက်နေပြီး “ အလီယော့သ် ” ဟူသော စကားလုံးကို ရေးရေးလေး မြင်နိုင်ပေသည်။

အဖြူရောင် “ အယ်ခိတ် ” ၊ အဝါရောင် “ မိုင်ဇာ ” နှင့် အပြာရောင် “ အလီယော့ခ် ” ဟူ၍ အလင်းလုံးသုံးလုံး ရှိနေပြီ ဖြစ်သည်။သူတို့သည် မျဉ်းတစ်ဖြောင်းတည်း စီတန်းနေကြပြီး တလက်လက် တောက်ပနေကြသည်။၎င်းတို့သည် ကြည့်ကောင်းရန်အတွက် မဟုတ်ဘဲ စွမ်းအားခြားနားမှုကို ဖော်ပြရန်ဖြစ်သည်။နတ်ဆိုးဘုံ၏ သတ်မှတ်ချက်အရဆိုလျှင် ချန်လွေ့၏ အလီယော့သ် အခြေအနေမှာ နတ်ဆိုးဘုရင်အဆင့် အလတ်ပိုင်းသို့ ရောက်နေပြီ ဖြစ်သည်။

နတ်ဆိုးဘုရင်နှင့် အမြင့်ဆင့်နတ်ဆိုးကြားတွင် ကွာဟချက် ကြီးကြီးမားမား ရှိသည်။ စွမ်းအားသာမက စိတ်ဝိညာဉ်၊စွမ်းအင်နှင့် အားမာန်တို့တွင် အရည်အသွေးဆိုင်ရာ ပြောင်းလဲမှုများ ဖြစ်လာကြသည်။ ယခုတွင် အရတ်စ်အား ထပ်ပြီးရင်ဆိုင်ရလျှင် စွမ်းအားအစစ်အမှန် မသုံးဘဲ လက်တစ်ဖက်တည်းဖြင့် အနိုင်ယူနိုင်မည်ဟု ချန်လွေ့ ယုံကြည်သည်။ ထို့ကြောင့်ပင် ရိုမန်သည် ချန်လွေ့၏ စွမ်းအားအပြည့်သုံးထားသော အစွမ်းကို အလွယ်တကူ ဖြေရှင်းနိုင်ခဲ့ခြင်း ဖြစ်သည်။ ရိုမန်သည် အစွမ်းအနည်းငယ် ထုတ်သုံးခဲ့သော်လည်း ၎င်းတို့ရန် ကြွားလုံးထုတ်ရန်အတွက်သာ ဖြစ်နိုင်ပေသည်။

“အယ်ခိတ်”အခြေအနေတွင် [ ခန္ဓာသန့်စင်ခြင်း ] ၊ “မိုင်ဇာ”အခြေအနေတွင် [ စွမ်းအင်သန့်စင်ခြင်း ] ဖြစ်ပြီး ယခု “အလီယော့သ်”အခြေအနေတွင် [ စိတ်သန့်စင်ခြင်း ] ဖြစ်သည်။“အလီယော့သ်” အခြေအနေနောက်တွင် “ မယ်ဂရီဇ် ” အခြေအနေရှိသည်။ ယခုအချိန်၌ ထိုအခြေအနေကို မှန်းခြင်းသည် အလွန်မြင့်နေသေးသည်။လက်ရှိတွင် ချန်လွေ့သည် “အလီယော့သ်”အခြေအနေ၏ စွမ်းအားများကို အရင်ဦးစွာ လေ့ကျင့်ပြီး အခြေခိုင်အောင် ပြုလုပ်ရမည် ဖြစ်သည်။

ဂုဏ်ပုဒ် = ကြယ်ထိန်း။

ဆင့်ကဲပြောင်းလဲခြင်းအဆင့် = ကြယ်သုံးပွင့်။

အတွေ့အကြုံတန်ဖိုး = ၁% ။

အရှိန်အဝါတန်ဖိုး = ၁၂.၃၇ သိန်း။

စွမ်းအားအကဲဖြတ်မှု = [ C- ]

ကြယ်သုံးပွင့်သို့ ဆင့်ကဲပြောင်းလဲပြီးနောက် အရှိန်အဝါတန်ဖိုးကို တစ်သောင်းယူနစ်နှင့် ပြသပြီး အတွေ့အကြုံတန်ဖိုးသည် စာကြွင်းသို့ ရောက်ရှိသွားသည်။၎င်းသည် သူဝါးမျိုခဲ့သော ဂလော်ဖင်း၏ အသိစိတ်နှင့် သက်ဆိုင်မဆိုင် မသိပေ။ထူးဆန်းစွာပင် နတ်‌ဆိုးအရှင်သခင်အဆင့် အသိစိတ်ကို ဝါးမျိုခြင်းသည် ချန်လွေ့အား ကြယ်သုံးပွင့် ဆင့်ကဲပြောင်းလဲခြင်း မူလအဆင့်သို့သာ ရောက်ရှိသွားစေသည်။သို့သော်လည်း ကြယ်သုံးပွင့် ဆင့်ကဲပြောင်းလဲခြင်းသည် စွမ်းအားစုစည်းမှုသာမဟုတ်ဘဲ နယ်ပယ်ဆိုင်ရာ နားလည်သဘောပေါက်ခြင်းလည်း ဖြစ်သည်။[ စိတ်သန့်စင် ] ရန်အတွက် အဝေးကြီး လိုအပ်နေသေးပုံရသည်။

ဒုတိယ အလင်းမျက်နှာပြင်တွင် “အလီယော့သ်”အခြေအနေရှိ အစွမ်းအသစ်များကို ပြသထားသည်။အစွမ်းသစ်ပင်၏ အရောင်တောက်နေသော အဆင့်သည် အဆင့်လေးအထိ တိုးမြင့်သွားသည်။

[ တယ်လီပို့ခုန်ခြင်း ]

- ( အသုံးချအစွမ်း )။

- အမြန်ရွေ့လျားရန်အတွက် လေဟာနယ်ကို ကျုံ့လိုက်သည်။

- တစ်နာရီလျှင် နှစ်ကြိမ်သာ အသုံးပြုနိုင်သည်။

- အဝေးဆုံး အကွာအဝေးမှာ အသုံးပြုသူ၏ စွမ်းအားနှင့် အချိုးကျသည်။

[ ဒိုင်းကာ ]

- ( အသုံးချအစွမ်း )။

- မည်သည့်တိုက်ခိုက်မှုကိုမဆို စုပ်ယူနိုင်သည့် အကာအကွယ်ဖြစ်သည်။

- စုပ်ယူခြင်း အကန့်အသတ်သို့ ရောက်ရှိသွားသည့်အခါ အလိုအလျောက် ပျောက်ကွယ်သွားမည်။

- အသုံးပြုသူ၏ စွမ်းအား တိုးလာသည်နှင့်အမျှ ပို၍ခိုင်မာလာနိုင်သည်။

- တစ်နာရီလျှင် တစ်ကြိမ်သာ အသုံးပြု၍ရသည်။

- တစ်ခါအသုံးပြုတိုင်း အရှိန်အဝါ အပို၁၀၀ ကုန်ဆုံးမည်။

[ မီးသင့်နဂါး သတ်ဖြတ်ခြင်း ]

- ( အသုံးချအစွမ်း )

- အစွမ်းထက် အလှမ်းဝေး တိုက်ခိုက်မှုတစ်ခုဖြစ်သည်။

- တစ်ခါသုံးပြီးလျှင် ၂၄နာရီ ပင်ပန်းနွမ်းနယ်မည် ဖြစ်သည်။

- တစ်ခါအသုံးပြုတိုင်း အရှိန်အဝါ အပို၁၀၀၀ ကုန်ဆုံးမည်။

[ အသစ်ဖြစ်ပွားခြင်း ]

- (အလိုအလျောက်စွမ်းရည်)။

- ဦးနှောက်မှအပ ထိခိုက်သွားသော ခြေလက်များနှင့် ကိုယ်အင်္ဂါများ အလိုအလျောက် ပြန်ထွက်လာနိုင်သည်။

- ထပ်တိုးအစွမ်း [ နိဗ္ဗာန်မီး ]ဖြင့် သက်ရောက်မှုရှိလျှင် အသစ်ဖြစ်ပွားခြင်း၏ အမြန်နှုန်းနှင့် အာနိသင် နှစ်ဆဖြစ်လာမည် ဖြစ်သည်။

- အသစ်ဖြစ်ပွားခြင်း တစ်ယူနစ်လျှင် အရှိန်အဝါ အပို၁၀၀ ကုန်ဆုံးမည်။

ထိုအစွမ်းလေးခုထဲ၌ [ တယ်လီပို့ခုန်ခြင်း ] နှင့် [ ဒိုင်းကာ ] ကို ဂလော်ဖင်းနှင့် တိုက်ခိုက်နေစဉ်အတွင်း ချန်လွေ့ အသုံးပြုခဲ့ပြီးပြီ ဖြစ်သည်။

တယ်လီပို့ နှစ်ခေါက်ဆက်တိုက် အသုံးပြုရန်အတွက် စောင့်ဆိုင်းစရာ မလိုသောကြောင့် အတော်လေး အဆင်ပြေလှသည်။သေသေချာချာ အသုံးပြုမည်ဆိုလျှင် တကယ့်တိုက်ပွဲ၌ အဆုံးအဖြတ်ဖြစ်လာနိုင်သည်။

[ ဒိုင်းကာ ]သည် ဂလော်ဖင်းကဲ့သို့ နတ်ဆိုးအရှင်သခင်ကို မခုခံနိုင်သော်လည်း အသုံးဝင်သည်မှာ ငြင်းနိုင်စရာမရှိပေ။၎င်းသည် အရေးကြီး အခိုက်အတန့်၌ အသက်ကယ် ဝှက်ဖဲတစ်ချပ် ဖြစ်လာမည် အသေအချာပင် ဖြစ်သည်။

[ မီးသင့်နဂါးသတ်ဖြတ်ခြင်း ] သည် အရှိန်အဝါ ၁၀၀၀ ကုန်ဆုံးပြီး ၂၄နာရီ ပင်ပန်းနွမ်းနယ်‌စေသည်။ ၎င်းသည် ပြင်းထန်သည်ဟု ထင်ရသော်လည်း အစွမ်းထက်သော တိုက်ကွက်တစ်ကွက် ဖြစ်သည်မှာ အသေအချာပင် ဖြစ်သည်။ ချန်လွေ့သည် ၎င်းကို ဂလော်ဖင်းနှင့် တိုက်ခိုက်နေစဉ်အတွင်း အသုံးမပြုခဲ့ရပေ။ သို့သော်လည်း ၎င်း၏စွမ်းအားကို အထူးလေ့ကျင့်ရေး သို့မဟုတ် နောက်လာမယ့် တိုက်ပွဲများ၌ စမ်းသပ်၍ ရနိုင်ပေသည်။

နောက်ဆုံး ကိုယ်တွင်းစွမ်းရည်သာ မရှိလျှင် [ မီးသင့်နဂါးသတ်ဖြတ်ခြင်း ] သည် အစွမ်းအထက်ဆုံး အစွမ်းအသစ် ဖြစ်နိုင်ပေသည်။ နောက်ဆုံး အစွမ်းဖြစ်သော [ အသစ်ဖြစ်ပွားခြင်း ] သည် ပို၍ပင် အစွမ်းထက်လှသည်။ ၎င်းသည် ခြေလက်နှင့် အတွင်းအင်္ဂါများကို အလိုအလျောက် ပြန်ထွက်လာစေနိုင်သည်။ ဆိုလိုသည်မှာ ချန်လွေ့၏ခေါင်း မပျက်စီးသေးသရွေ့ ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံး အသစ်ပြန်ဖြစ်နိုင်ခြင်း ဖြစ်သည်။ မသေနိုင်ခြင်းနှင့် အတူတူနီးပါးပင် ဖြစ်သည်။ ထို အသစ်ဖြစ်ပွားခြင်းသည် သေချာပေါက် အချိန်ကြာပေလိမ့်မည်။ သို့မဟုတ်ပါက “ ထပ်တိုးအစွမ်း [ နိဗ္ဗာန်မီး ]ဖြင့် သက်ရောက်မှုရှိလျှင် အသစ်ဖြစ်ပွားခြင်း၏ အမြန်နှုန်းနှင့် အာနိသင် နှစ်ဆဖြစ်လာမည် ” ဟူ၍ အသိပေးချက် ဖော်ပြထားမည် မဟုတ်ပေ။

ဟုတ်သားပဲ။“ ထပ်တိုးအစွမ်း ” ဆိုတာက ဘာကို ဆိုလိုတာလဲ။‌[ နိဗ္ဗာန်မီး ] ဆိုတာက ဘာလဲ။ဂလော်ဖင်း ပြောတဲ့အတိုင်းဆို [ နိဗ္ဗာန်မီး ] က အက်စ်မိုဒက်စ် တော်ဝင်မိသားစုနဲ့ ဆက်နွှယ်နေတယ်။[ နိဗ္ဗာန်မီး ] ဆိုတာက ခရစ္စတီးနားရဲ့ နိဗ္ဗာန်သွေးကနေ ဆင်းသက်လာတာများလား။

အစပိုင်းတွင် ကြယ်ဆင့်ကဲပြောင်းလဲခြင်း အဆင့်ကြောင့် အစွမ်းသစ်ပင်၏ အလွှာလေးလွှာသာ အရောင်လင်းနေသည်။အသက်မသွင်းရသေးသော ထိပ်ပိုင်းသည် မီးခိုးရောင်ဖြစ်နေသည်။သို့သော်လည်း သစ်ပင်ထိပ်ဖျားတွင် သစ်သုံးနှစ်လုံးကဲ့သို့ စက်လုံးနှစ်လုံး ရှိနေလေသည်။အသီး သီးနေသကဲ့သို့ပင် ဖြစ်သည်။

ချန်လွေ့၏အသိစိတ်သည် ထိုသစ်သီးနှစ်လုံးကို အာရုံစိုက်လိုက်ရာ အရောင်ဖျော့ဖျော့ တောက်လာသည်။

[ နိဗ္ဗာန်သွေး ]

- ထပ်တိုးအစွမ်း။

- ရန်လိုသော ဝိညာဉ်များနှင့် တစ္ဆေများကို သန့်စင်၍ရသည်။

- တစ်နာရီလျှင် တစ်ကြိမ်သာ အသုံးပြု၍ ရသည်။

- [ မီးသင့်နဂါးသတ်ဖြတ်ခြင်း ] နှင့်ပူးပေါင်းပြီး [ မီးသင့်နဂါးဝင်ပူးခြင်း ] ဖြစ်လာကာ တိုက်ခိုက်ရေး စွမ်းရည်ကို ကြီးကြီးမားမား တိုးပွားစေနိုင်သည်။

[ ရုပ်သေးထိန်းချုပ်မှု ]

- ထပ်တိုးအစွမ်း။

- ရန်သူ၏စိတ်ကို အပြည့်အဝ ထိန်းချုပ်၍ရပြီး မပုန်ကန်နိုင်သည့် ရုပ်သေးရုပ် ဖြစ်စေနိုင်သည်။

- အများဆုံး နှစ်ယောက်ကိုသာ ထိန်းချုပ်၍ရသည်။

[ နိဗ္ဗာန်သွေး ]၏ လုပ်ဆောင်ချက်ကို ချန်လွေ့ အံ့အားသင့်သွားသည်။ ၎င်းသည် ဝိညာဉ်ကို ပစ်မှတ်ထားနိုင်ရုံသာမက ပေါင်းစပ်ပြီး အစွမ်းထက်သော ဝင်ပူးခြင်းအစွမ်း ဖြစ်လာနိုင်သည်။ ထပ်တိုးအစွမ်း ဆိုသည်မှာ စူပါစနစ် အပြင်ဘက်မှ ရရှိသော အထူးစွမ်းအားတစ်မျိုး ဖြစ်နိုင်ပေသည်။ သို့သော်လည်း နောက်အစွမ်းတစ်မျိုးဖြစ်သော [ ရုပ်သေးထိန်းချုပ်မှု ] သည် ချန်လွေ့ကို အနည်းငယ် အံ့ဩသွားစေသည်။ ဒါကဘယ်လို ထပ်တိုး အစွမ်းမျိုးပါလိမ့်။

ရန်သူကို ရုပ်သေးအဖြစ် ပြောင်းလဲတာလား။ဒါကို ဘာလို့ရင်းနှီးနေရတာလဲ။ချန်လွေ့ ချက်ချင်း တုံ့ပြန်လိုက်ပြီး အပြင်ဘက်မှ “ နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး ” ကို ကြည့်လိုက်သည်။မဟုတ်မှလွဲရော.....

နတ်ဘုရား-ဝါးမျိုမျက်နှာဖုံးတွင် ထိုကဲ့သို့ လုပ်ဆောင်ချက်မျိုး ရှိလိမ့်မည်ဟု ချန်လွေ့ လုံးဝမထင်ထားခဲ့ပေ။ ၎င်းသည် လူနှစ်ယောက်ကိုသာ ထိန်းချုပ်နိုင်သော်လည်း နတ်ဆိုးဘုံရှိ အဆောင်ပစ္စည်း၇မျိုးထဲမှ တစ်မျိုး၏စွမ်းအားသည် ဤမျှလောက် နိမ့်ကျနိုင်မည် မဟုတ်ပေ။ အက်စ်မိုဒက်စ် တော်ဝင်မိသားစုမှလွဲ၍ အရိပ်နက်ဝတ်ရုံကို အခြားသူများ အသုံးမပြုနိုင်ကြောင်း ခရစ္စတီးနား ပြောခဲ့ဖူးသည်။ ထိုအကြောင်းရင်းကြောင့်ပင် လူသားတစ်ယောက်ဖြစ်သော ချန်လွေ့သည် စူပါစနစ်မှတစ်ဆင့် “ နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး ” ၏ စွမ်းအား တစ်စိတ်တစ်ပိုင်းကို အသုံးပြုနိုင်သည်ဖြစ်ရာ ချန်လွေ့ အလွန်ကျေနပ်နေပြီ ဖြစ်သည်။

ချန်လွေ့သည် ထိုအစွမ်းများ၏ အသေးစိတ် အချက်အလက်များကို ဟိုနည်းနည်း ဒီနည်းနည်း ဖတ်ကြည့်လိုက်သည်။ထို့နောက် တတိယ အလင်းမျက်နှာပြင်ဖြစ်သော အဆောက်အအုံကို အာရုံစိုက်သည်။

လဲလှယ်ဌာန၊လေ့ကျင့်ရေးကွင်းနှင့် သိုလှောင်ဂိုဒေါင်အပြင် အဆောက်အအုံ ပုံစံငယ် အသစ်တစ်ခု ပေါ်ထွက်လာသည်။

[ သန့်စင်ခြင်းခန်းမ ]

အသက်သွင်းရန် လိုအပ်ချက် = အရှိန်အဝါ ၅၀၀၀။

လုပ်ဆောင်ချက် = ပစ္စည်းအမျိုးမျိုး၏ သန့်စင်ခြင်းနှင့် သန့်ရှင်းခြင်းအဆင့် ပိုမြင့်လေလေ အရှိန်အဝါ ပို၍ကုန်ကျလေလေဖြစ်သည်။

ချန်လွေ့သည် သန့်စင်ခြင်းခန်းမကို တည်ဆောက်ရန် ချက်ချင်းပင် ရွေးချယ်သည်။ ထိုအခန်း၏ ပုံသဏ္ဍာန်သည် ရိုးရိုးရှင်းရှင်းပင် ဖြစ်သည်။ အထဲသို့ ဝင်သွားစရာ မလိုပေ။ ဆိုင်ရာဆိုင်ရာ လုပ်ဆောင်ချက်များကို အပြင်ဘက် မျက်နှာပြင်ပေါ်မှတစ်ဆင့် ဆောင်ရွက်ပြီးစီး၍ ရသည်။

သန့်စင်ခြင်းခန်းမနှင့် သိုလှောင်ဂိုဒေါင်တို့ ချိတ်ဆက်နေကြသည်။ ချန်လွေ့သည် သိုလှောင်ခန်းထဲမှ ပစ္စည်းများကို တိုက်ရိုက်ရွေးချယ်ကာ သန့်စင်ခြင်းခန်းမထဲ ရွှေ့ပြောင်းပြီး သန့်ရှင်း၍ရသည်။ သန့်ရှင်း၍ရသော ပစ္စည်းနှင့် ပတ်သက်၍ အကန့်အသတ် ရှိပေသည်။

သန့်စင်ခြင်းအခန်း၌ သန့်ရှင်းခြင်းသည် အညစ်အကြေးများ ဖယ်ထုတ်ခြင်းပင် ဖြစ်သည်။ ချန်လွေ့သည် သိုလှောင်ဂိုဒေါင်ထဲမှ ကြယ်နက်သံရိုင်းနှင့် စမ်းကြည့်ခဲ့သည်။ သန့်ရှင်းပြီးနောက် သန့်စင်သော ကြယ်နက်သံ ရရှိလာသည်။ ချန်လွေ့သည် [ အထူးစိစစ်မှု ] ၏ အကူအညီနှင့်အတူ ပန်းပဲထုလုပ်ခြင်း အသိပညာအတော်များများ ရရှိခဲ့သည်။ သန့်စင်ခြင်းအခန်းဖြင့် သန့်ရှင်းထားသော ကြယ်နက်သံတွင် အညစ်အကြေးမရှိကြောင်းကို ချန်လွေ့ ပြောနိုင်သည်။ ၎င်းသည် ချန်လွေ့အတွက် အတော်လေး အလုပ်ရှုပ် သက်သာသွားစေပြီး နောက်ဆုံးထုတ်ကုန်မှာလည်း အပြစ်အနာအဆာ ကင်းမဲ့သည်။

သန့်စင်ခြင်းသည် အဆင့်တိုးမြှင့်ခြင်း ဖြစ်စဉ်ဖြစ်ပြီး အဆင့်ငါးဆင့် ခွဲခြားထားသည်။ သန့်ရှင်းပြီး ကြယ်နက်သံ အပေါ်သို့ ချန်လွေ့၏အသိစိတ် ထားလိုက်သည့်အခါ “ အဆင့်သန့်စင်ပြီး အကြိမ် = နှစ်ကြိမ်။ ” ဟူ၍ အသိပေးချက် ထွက်ပေါ်လာသည်။

ပထမမြောက်သန့်စင်ခြင်း၏ သက်ရောက်မှုသည် ပြိဿတို့၏ ပန်းပဲဆရာသခင် ( ဒယ်လောင်ကဲ့သို့ ) သန့်စင်ခြင်းကဲ့သို့ပင်ဖြစ်ပြီး အရှိန်အဝါ၁၀၀ ကုန်ကျသည်။ ဒုတိယမြောက်သန့်စင်ခြင်းတွင် ကြယ်နက်သံ တစ်ခုလုံး၏ အရွယ်အစား ကျုံ့သွားသည်။ သိပ်သည်းမှု ပြောင်းလဲသွားရုံသာမက အရည်အသွေးလည်း ထူးထူးဆန်းဆန်း ပြောင်းလဲသွားသည်။ ၎င်းထံမှ ယခင်က မရှိဖူးသည့် အလင်းရောင်ဖျော့ဖျော့ တောက်ပနေပြီး အရှိန်အဝါ ၁၀၀၀ ကုန်ကျသည်။

ချန်လွေ့သည် စမ်းသပ်ချက် ရလာဒ်နှင့်ပတ်သက်ပြီး အတော်လေး ကျေနပ်ပြီး မှော်မှုန်များကို စတင်သန့်စင်တော့သည်။မှော်မှုန်များသည် အရှိန်အဝါ နည်းနည်းသာ ကုန်ကျပြီး ၁၀၀ယူနစ်လျှင် အရှိန်အဝါ ၁၀သာ ကုန်ကျသည်။ ပထမအကြိမ် သန့်စင်ပြီးနောက်တွင် မှော်မှုန် ယူနစ်၁၀၀၀သည် အဆင့်နှစ် သန့်စင်ပြီးမှော်မှုန် ၁၀၀ယူနစ်အဖြစ် ပြောင်းလဲသွားသည်။ ယခင်က မှိန်ပျပျဖြစ်နေသော အမှုန်များသည် တဖိတ်ဖိတ် တောက်ပလာတော့သည်။

ဒုတိယမြောက် သန့်စင်ပြီးနောက်တွင် အဆင့်နှစ် သန့်စင်ပြီးမှော်မှုန် ၁၀၀ယူနစ်သည် အဆင့်သုံး သန့်စင်ပြီးမှော်မှုန် ၁၀ယူနစ်အဖြစ် ပြောင်းလဲသွားသည်။မှော်မှုန်မှ ပြာဖျော့‌ဖျော့ အလင်းရောင်များ ထွက်လာနေသည်။

တတိယအကြိမ် သန့်စင်ရန် ပြင်ဆင်လိုက်သည့်အခါ ကြယ်ဆင့်ကဲပြောင်းလဲခြင်းအဆင့် မမှီကြောင်း အသိပေးချက် ထွက်လာသည်။လက်ရှိအချိန်၌ ချန်လွေ့သည် နှစ်ကြိမ်သာ သန့်စင်၍ရနိုင်ပေသေးသည်။ထိုအရည်အသွေးသည် မြေဒြပ်စင်ဘုရင်၏ လိုအပ်ချက်နှင့် ကိုက်ညီမညီ ချန်လွေ့ မသိသေးပေ။ထို့နောက် စူပါစနစ်မှ အမြန်ထွက်ပြီး မြေနန်းတော်ဆီသို့ ပြန်ရောက်လာသည်။

“ မြန်လှချည်လား။ ”

မြေဒြပ်စင်ဘုရင် အံ့ဩသွားသည်။

ချန်လွေ့က အဆင့်သုံး သန့်စင်ပြီးမှော်မှုန်အချို့ ထုတ်လိုက်သည်။

“ အရှင်မင်းကြီး။ဒီလိုအရည်အသွေးရှိတဲ့ မှော်မှုန်နဲ့ဆိုရင် မြေအရင်းအမြစ်ရဲ့ အာနိသင်မျိုး ရနိုင်မလား။ရတယ်ဆိုရင် အရေအတွက်က ကိစ္စမရှိဘူး။ ”

သန့်စင်ပြီးမှော်မှုန်များကို ချန်လွေ့ ထုတ်ယူလိုက်သည်နှင့် အနီးအနားမှ မြေဒြပ်စင်ကောင်များက တစ်ပြိုက်နက်တည်း ခံစားမိလိုက်ပြီး သူတို့၏အကြည့်သည် ချန်လွေ့ထံသို့ တစ်ပြိုင်နက်တည်း ရောက်ရှိလာကြသည်။

မြေဒြပ်စင်ဘုရင်၏မျက်လုံးထဲရှိ ထိတ်လန့်မှုများသည် ပို၍ပြင်းထန်လာသည်။

“ မယုံနိုင်စရာပဲ။ဒီအမှုန်ရဲ့စွမ်းအားက မြေအရင်းအမြစ်ထက် သာလွန်တယ်။ဒါနဲ့ဆိုရင် မြေဒြပ်စင်နှလုံးသားကို လုံးဝ ပြန်ပြင်ဆင်နိုင်မှာပဲ။အခုငါ့မှာ အသက်ဓာတ် ရေစင်ရှိပြီ။ ထူးဆန်းတဲ့သစ်သီးလည်း ရှိပြီ။မှော်မှုန်လည်း ရှိပြီ။ဒါက ငါ့အသက်ဆက်ဖို့ လုံလောက်တယ်။ ကျေးဇူးအများကြီးတင်ပါတယ်။ မိတ်ဆွေ။ သိပ်မကြာခင် အသီနာ အေးအေးဆေးဆေး ပြန်နိုးထလာမယ်လို့ ငါသေချာပြောရဲတယ်။ ”

ချန်လွေ့ အလွန်ပျော်ရွှင်သွားသည်။

“ အရှင်မင်းကြီး။အရှင့်ရဲ့ မြေဒြပ်စင်နှလုံးသားကို လုံးဝပြင်ဆင်နိုင်အောင်လို့ ဓမ္မတေးသစ်သီးကို ကျုပ် သေချာပေါက် ရှာပေးပါ့မယ်။ဒါက မိတ်ဆွေ တစ်ယောက်အနေနဲ့ လေးနက်တဲ့ကတိတစ်ခုပါ။ကျုပ်ကို ယုံကြည်ပေးပါ။ ”

မြေဒြပ်စင်ဘုရင်က တည်ငြိမ်စွာ ခေါင်းညိတ်သည်။

“ ငါမင်းကို ယုံကြည်ပါတယ်။မိတ်ဆွေ။ဒါပေမဲ့ ဒီတစ်ခေါက် သန္ဓေပြောင်းလဲတာ တော်တော်လေး အစွမ်းထက်တယ်။အသက်အန္တရာယ်တော့ မရှိပေမဲ့ စွမ်းအား ဆုံးရှုံးသွားနိုင်ချေရှိတယ်။ဖန်ကျောက်နှလုံးသားလို့ခေါ်တဲ့ ရှားပါးသလင်းကျောက် တစ်မျိုးကို မင်းရှာတွေ့နိုင်မယ်ဆိုရင် သန္ဓေပြောင်းလဲခြင်း ၁၀၀% အောင်မြင်မယ်လို့ အာမခံတယ်။ပြီးရင် မင်းရဲ့အဖော်လည်း ပိုမြန်မြန် နိုးထလာမယ်။ ”

ဖန်ကျောက်နှလုံးသား တဲ့လား။ ယခုတစ်ခေါက်တွင် ဇတ်လိုက် အရောင်အဝါ အလုပ်မလုပ်တော့ပေ။ထိုသလင်းကျောက်မျိုးကို ချန်လွေ့တစ်ခါမျှ မကြားဖူးပေ။ သို့သော်လည်း အသီနာအတွက် ထိုသလင်းကျောက်ကို ရရှိအောင် ချန်လွေ့ သေချာပေါက် ကြိုးစားမည်ဖြစ်သည်။

“ အရှင်မင်းကြီး။ဓမ္မတေးသစ်သီးနဲ့ ဖန်ကျောက်နှလုံးသားကို မြေအောက်လောက အပြင်ဘက်မှာ ကျုပ်သွားရှာရလိမ့်မယ်။ဒါပေမဲ့ အဲဒီလမ်းကြောင်းမှာ တစ်ခုခုဖြစ်နေတယ်.....”

ချန်လွေ့က မှော်အစီအရင် ပျက်စီးသွားကြောင်းကို ပြောပြသည်။မြေဒြပ်စင်ဘုရင် ခေါင်းခါပြီး ပြန်ပြောသည်။

“ မြေဒြပ်စင်နှလုံးသား ကွဲကြေသွားလို့ ငါ့စွမ်းအား ကြီးကြီးမားမား လျော့ကျသွားပေမဲ့ နတ်ဆိုးဧကရာဇ်အဆင့် ချိပ်ပိတ်ပဲဆိုရင်တော့ ချိုးဖျက်နိုင်ပါတယ်။ ”

ချန်လွေ့၏မျက်လုံးများ တောက်ပသွားသည်။ဤသို့ဆိုလျှင် အကြီးမားဆုံး ပြဿနာကို ဖြေရှင်းနိုင်ပြီ ဖြစ်သည်။လက်ရှိတွင် ချန်လွေ့သည် မြေဒြပ်စင်နှလုံးသားကို ပြင်ဆင်ရန် လုံလောက်သည်အထိ သန့်စင်ပြီးမှော်မှုန်များကို ဆက်လက် ပြုလုပ်ရမည်ဖြစ်သည်။ ကျန်ရှိသည့် အသက်ဓာတ်ရေစင် ပြဿနာများကိုလည်း ကိုင်တွယ်ရဦးမည်ဖြစ်ပြီး ထို့နောက်တွင် မြေအောက်လောကမှ ထွက်သွားကာ ဓမ္မတေးသစ်သီးနှင့် ဖန်ကျောက် နှလုံးသားတို့ကို အမြန်ဆုံး သွားရှာရပေမည်။

ချန်လွေ့သည် မိတ်ဆွေထက် ဆန့်ကျင်ဘက်လိင်ကို မျက်နှာလိုက်သော်လည်း သူ၏ စိတ်ထဲ၌ ဖန်ကျောက်နှလုံးသားသည် အမှန်တကယ်ပင် ပထမနေရာ၌ပင်ဖြစ်ပြီး အစားထိုး၍မရနိုင်ပေ။

သူ့အတွက် အရာအားလုံးကို ကျွမ်းလောင်စေခဲ့သော၊သူ့အတွက် ငိုခဲ့ရယ်ခဲ့သော မိန်းကလေးကို မည်သူမျှ အစားမထိုးနိုင်ပေ။အနီရောင် ပလွေတိုပင် အစားမထိုးနိုင်ပေ။

အသီနာ။ ကိုယ့်ကိုစောင့်နေပါ။ကိုယ်မင်းရဲ့ တောက်ပတဲ့အပြုံးတွေကို ထပ်ပြီး မမြင်လို့ မဖြစ်ဘူး။

All Chapters