← Chapters

ဖြေရှင်း၍မရသော အထင်လွဲခြင်း

Vol. 12 Ch. 173

ဖြေရှင်း၍မရသော အထင်လွဲခြင်း

Vol. 12 Ch. 173

သာမန်ကျူးကျော်ခြင်းသာ ဆိုလျှင် ထို ဟက်ဇာဂရမ် အစီအရင်သည် ကျူးကျော်သူများအား မရှင်းလင်းနိုင်သည့်တိုင် ခုခံသည့်တာဝန်ကို ပြည့်ပြည့်ဝဝ ဆောင်ရွက်မည်ဖြစ်သည်။သို့သော်လည်း ထိုအစီအရင်သည် နတ်ဆိုးဘုံရှိ အဆောင် ပစ္စည်း၇မျိုးထဲမှ တစ်မျိုးနှင့် တွေ့ဆုံခဲ့ရသည်။ “ နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး ” မှ အဖြူရောင်အငွေ့များ ထွက်လာပြီး အစီအရင်၏ စွမ်းအားများကို ဝါးမျိုလိုက်သည်။ထို့ပြင် အားနည်းနေသော အလင်းတန်းမှလည်း အဖြူရောင်အငွေ့များ ထွက်လာပြီး မျက်နှာဖုံး၏ အငွေ့များနှင့် ရောနှောသွားကာ ပေါင်းစပ်ပဲ့တင်ထပ်ခြင်း ဖြစ်လာသည်။ ယခုတစ်ခေါက်တွင် ၎င်းသည် ပြတ်တောင်းပြတ်တောင်း ခံစားချက် မဟုတ်တော့ဘဲ ယခင်ကတစ်ခါမျှ မခံစားဖူးသည့် ပြင်းထန်လှသော ပဲ့တင်ထပ်ခြင်းဖြစ်နေသည်။

ခဏကြာပြီးနောက် မျက်နှာဖုံးမှ အဖြူရောင်အငွေ့များ ပြန်ဆုတ်ခွာသွားသည်။ ဝါးမျိုခံရသော အဖြူရောင် အငွေ့များသာမက ရောနှောနေသော ထူးဆန်းသည့် အလင်းတန်းလည်း ပါသွား၏။ မျက်နှာဖုံးထဲသို့ ထူးဆန်းသော အလင်းတန်း ရောက်ရှိသွားသောအခါ ချန်လွေ့သည် မျက်နှာပေါ်၌ ပူလောင်မှုကို ခံစားလိုက်ရသည်။ အလင်းတန်းတစ်ခုလုံးနှင့် ဟက်ဇာဂရမ် အစီအရင်တို့ ပြင်းပြင်းထန်ထန် လှုပ်ရမ်း လာတော့သည်။ ထို့နောက် တစ်ခုခုကျိုးပဲ့သွားသကဲ့သို့ပင် အခန်းတစ်ခုလုံး တုန်ခါလာသည်။ ချန်လွေ့လည်း တစ်နည်းနည်းနှင့် ရေပန်းအပြင်သို့ ရောက်ရှိသွားတော့သည်။

ရုတ်တရက် ချန်လွေ့စိတ်ထဲ၌ ဘေးကျပ်နံကျပ် ခံစားလိုက်မိသည်။သူ ချက်ချင်းပင် အပေါ်မော့ကြည့်လိုက်ရာ ကျောဘက်၌ တောင်ပံနက်တစ်စုံနှင့်အတူ လေထဲ၌ ပျံဝဲနေသော ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။အေးစက်စက် မျက်လုံးတစ်စုံသည် ချန်လွေ့ကို စိုက်ကြည့်နေပြီး ထိုခရမ်းရောင်မျက်လုံးများမှ အရိုးအထိစိမ့်ဝင်သော သတ်ဖြတ်ချင်စိတ်များကို ထုတ်လွှတ်နေလေသည်။

ရှီရာပဲ။

“ တောင်ဝင်မင်းသမီး ”

ချန်လွေ့ ကြက်သီးထသွားပြီး လွှတ်ခနဲ ပြောလိုက်မိသည်။သို့သော်လည်း သူ၏အသံ ရုတ်တရက် ပျောက်ဆုံးသွားကြောင်းကို သိလိုက်ရသည်။သူ၏အသံကို ပို၍ပူလာသော မျက်နှာဖုံးက တားဆီးလိုက်ဟန် တူသည်။ချန်လွေ့သည် [ သရုပ်ခွဲမျက်လုံး ] မှတစ်ဆင့် ရှီရာအား စကားပြောကြည့်သည်။သို့သော်လည်း ၎င်းသည် နတ်ဆိုးများအပေါ်၌ အလုပ်လုပ်ဟန် မတူပေ။ချန်လွေ့က မျက်နှာဖုံးအား ကိုင်ကြည့်လိုက်ရာ နဖူးနေရာသည် မူလအတိုင်း ပြန်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ တစ်နည်းပြောရလျှင် “ နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး ”သည် ယခုတွင် ပြည့်စုံသော အဆောင်ပစ္စည်းတစ်ခု ဖြစ်သွားလေပြီ။

[ သရုပ်ခွဲမျက်လုံး ] ဖြင့် ဆက်သွယ်ပြောဆို၍ မရသော်လည်း ၎င်း၏ဖော်ပြချက်များမှာ အလုပ်လုပ်နေဆဲပင် ဖြစ်သည်။

မျိုးနွယ် = မာန တော်ဝင်မိသားစု။

စွမ်းအားအကဲဖြတ်မှု = [ B+ ]

[ B+ ] တဲ့လား။မဟာနတ်ဆိုးဘုရင် ထိပ်သီးအဆင့်ပဲ။

ရှီရာ၏ခန္ဓာကိုယ်၌ ချက်ချင်းပင် ကြောက်မက်ဖွယ်ရာ အနက်ရောင်မီးတောက် တောက်လောင်သွား၏။ ၎င်းသည် မဟာနတ်ဆိုးမျိုးနွယ်၏ တိုးမြှင့်မီးတောက် မဟုတ်ဘဲ လူစီဖာ တော်ဝင်မိသားစု၏ သွေးမျိုးဆက် ပါရမီသုံးမျိုးမှ တစ်မျိုးဖြစ်သော [ မီးတောက်နက် ] ဖြစ်သည်။

“ ဘယ်ဇီဘတ် တော်ဝင်မိသားစု ”

အေးစက်စက်အသံ၌ အဆုံးမရှိသော သတ်ဖြတ်ချင်စိတ်များ ပါဝင်လျက်ရှိသည်။ ရှီရာ လက်ဝှေ့ရမ်းလိုက်ရာ မီးတောက်နက်သည် ချန်လွေ့‌‌ဆီသို့ ဧရာမ ပိုက်ကွန်ကြီးသဖွယ် ပစ်ဝင်သွားသည်။သူ၏ ပထမဆုံးတိုက်ကွက်မှာ သတ်ဖြတ်ရန် ဖြစ်သည်။ မီးတောက် အရောင်သည် နိဗ္ဗာန်မီးတောက်နှင့် ဆင်တူသော်လည်း ဂုဏ်သတ္တိများမှာ လုံးဝ တခြားစီပင် ဖြစ်သည်။ [ နိဗ္ဗာန်မီးတောက် ] သည် အသက်ဓာတ်ကို ကိုယ်စားပြုပြီး [ မီးတောက်နက် ] မှာ ဖျက်‌ဆီးခြင်းနှင့် သေဆုံးခြင်းကို ကိုယ်စားပြုလေသည်။

ဒီလူရဲ့ မျက်နှာပေါ်ကဟာက အစားကြူး တော်ဝင်မိသားစုရဲ့ အဆောင်ပစ္စည်းဖြစ်တဲ့ “ နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး ” ပဲ။ ထိုအချိန်၌ ရှီရာ ဒေါသထွက်သွားခဲ့သည်။ဘယ်ဇီဘတ် တော်ဝင်မိသားစုသည် လူစီဖာ တော်ဝင်မိသားစု၏ အစွမ်းထက်ဆုံး ရန်သူဖြစ်ပြီး ဘယ်ဇီဘတ်တို့၏ နတ်ဘုရားဝါးမျို အင်ပါယာကို ကြယ်ကြွေနတ်သမီးတမန် အင်ပါယာက ဖျက်ဆီးခဲ့သည်။ လွန်ခဲ့သော နှစ်၄၀၀ခန့်က ဘယ်ဇီဘတ် တော်ဝင်မိသားစုသည် ပြန်လည်ဦးထောင်လာရန် ရည်ရွယ်ချက်ဖြင့် အမှောင်လမြို့တွင် ပြဿနာရှာခဲ့သည်။ ကံကောင်းစွာပင် သန်းခေါင်နေအရှင်က သူတို့ကို သုတ်သင်ပစ်ခဲ့သည်။ နှစ်ပေါင်း၄၀၀ကျော် ပျောက်ကွယ်ပြီးနောက် သူတို့သည် အမှောင်လမြို့၌ ပြန်လည်ပေါ်ထွက်လာခဲ့လေပြီ။ ရှီရာအား ပို၍ဒေါသထွက်စေသည်မှာ ထိုလူ၏ “ နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး ” ပြီးပြည့်စုံနေခြင်း ဖြစ်သည်။ တစ်နည်းပြောရလျှင် ထိုလူသည် အပိုင်းအစကို ချိပ်ပိတ်ထားသော လျို့ဝှက်ခန်းထဲသို့ သွားရောက်ခဲ့ရပေမည်။ ထိုအခန်းထဲတွင် အဆောင်ပစ္စည်း အပိုင်းအစသာမက ရှီရာ၏ အကြီးမားဆုံး လျို့ဝှက်ချက်လည်း ရှိနေသည်။ ရှီရာသည် ထိုသူကို လုံးဝ မခွင့်လွှတ်နိုင်ပေ။ မည်ကဲ့သို့ပင် ဖြစ်ပါစေ ရှီရာသည် ထိုရန်သူကို အပိုင်းပိုင်းဖြစ်အောင် ချေမှုန်းရပေမည်။

ထိုကဲ့သို့အချိန်၌ ချန်လွေ့ မျက်နှာဖုံးချွတ်ပြီး အားလုံး ပြောပြလိုက်လျှင် အခြေအနေ ပြောင်းလဲသွားနိုင်သေးသည်။ သို့သော်လည်း ထိုမျက်နှာဖုံးကို လုံးဝချွတ်၍ မရပေ။ စကားပင် မပြောနိုင်ချေ။

ရှင်းပြ၍မရနိုင်တော့ပေ။

အကယ်၍ ချန်လွေ့သာ အမှန်တကယ် ဘယ်ဇီဘတ် တော်ဝင်မိသားစုဆိုလျှင် အဆောင်ပစ္စည်း၏ အစွမ်းကို မှီခိုပြီး မဟာနတ်ဆိုးဘုရင်အဆင့် ရှီရာနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရာ ရှင်းပြရန် ကြိုးစားမည် ဖြစ်သည်။သို့သော်လည်း သူသည် အတုအယောင်သာ ဖြစ်သောကြောင့် အဆောင်ပစ္စည်း၏ စွမ်းအား အစစ်အမှန်ကို အသုံးမချနိုင်ပေ။ထို့ပြင် မျက်နှာဖုံးမှာလည်း ပို၍ပူလောင်လာသည်။မည်သည့်အရာ ဖြစ်နိုင်ကြောင်း ချန်လွေ့ မသိပေ။ထို့ကြောင့် ချန်လွေ့တွင် ရွေးချယ်စရာ မရှိတော့ဘဲ ထွက်ပြေးရတော့သည်။

ဘယ်ဇီဘတ် တော်ဝင်မျိုးနွယ်ဝင်အား ရှီရာ၏ [ မီးတောက်နက် ] လွှမ်းမိုးတော့မည့် အချိန်၌ ထိုသူသည် မီးတောက်၏ပစ်ကွင်းအတွင်းမှ ရွှေ့ပြောင်းလိုက်သည်။ ၎င်းသည် မဟာနတ်ဆိုး၏ [ တယ်လီပို့ခုန်ခြင်း ] ကဲ့သို့ပင် ဖြစ်လေသည်။ ထို့ကြောင့် မီးတောက်နက်သည် မြေပြင်ကို ထိသွားကာ မီးလောင်ပြင်ကြီးတစ်ခု ချက်ချင်းပင် ဖြစ်သွားသည်။ ရေကန်ထဲမှ ရေများအားလုံးသည်လည်း ချက်ချင်းပင် အငွေ့ပျံ သွားတော့သည်။

ချန်လွေ့သည် နောက်ဆုံးအခိုက်အတန့်၌ [ မီးတောက်နက် ] ကို ရှောင်တိမ်းခဲ့သည်။ ထိုကဲ့သို့ ကြောက်မက်ဖွယ် စွမ်းအားမျိုးကို လုံးဝခုခံနိုင်လိမ့်မည်မဟုတ်ဟု ချန်လွေ့ ခံစားခဲ့ရသည်။ဝတ်ရုံထဲရှိ ချန်လွေ့၏ လက်ထဲ၌ အမှောင်ဆန္ဒ လက်စွပ် ပေါ်ထွက်လာသည်။သို့သော်လည်း ၎င်းသည် ရှီရာပေးခဲ့သော လူစီဖာ တော်ဝင်မိသားစု၏ အဆောင်ပစ္စည်းတစ်ခု ဖြစ်သည်။ မဆင်မခြင် အသုံးပြုမိလိုက်လျှင် သရုပ်မှန် ပေါ်သွားနိုင်ချေများလှသည်။ ထိုအခန်းထဲတွင် ရှီရာ၏ လျို့ဝှက်ချက်များ ရှိနေခဲ့သည်။ ယခုတွင် ရှီရာသည် လွန်စွာ ဒေါသထွက်နေသည်။ သရုပ်မှန် ပေါ်သွားခဲ့လျှင် ချန်လွေ့ အမှန်တကယ် ဒုက္ခရောက်ပေလိမ့်မည်။

ရှီရာ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ဘယ်ဇီဘတ် တော်ဝင်မိသားစုက ဘယ်တုန်းက [ တယ်လီပို့ခုန်ခြင်း ] အစွမ်းကို သုံးနိုင်သွားရတာလဲ။ဒါပေမဲ့ ဒါက အစွမ်းထက် ပုဂ္ဂိုလ်နှစ်ယောက် တိုက်ခိုက်တဲ့အခါ သိပ်ပြီး အသုံးမဝင်ဘူး။ အပေါ်ယံကြည့်ရင် ဒီလူက အလယ်ဆင့်နတ်ဆိုးပဲ ( [ အသက်အောင့်] အစွမ်းကြောင့် )။ ဒါပေမဲ့ သူက အနည်းဆုံးတော့ နတ်ဆိုးဘုရင်တစ်ယောက်ပဲ။သူ့အစွမ်းတွေ ဖုံးကွယ်ဖို့ လျို့ဝှက်နည်းလမ်းတစ်ခုခု သုံးထားတာပဲ ဖြစ်ရမယ်။ ဒါပေမဲ့ သူ့ရဲ့တကယ့်အစွမ်းက နတ်ဆိုးဘုရင်ထက် မမြင့်ဘူး။ မဟုတ်ရင် အဆောင်ပစ္စည်းရဲ့အစွမ်းနဲ့ သူငါ့ကို တိုက်ခိုက်နေလောက်ပြီ။

[ မီးတောက်နက် ] က ဘယ်ဇီဘတ် တော်ဝင်မိသားစုရဲ့ [ ဝါးမျိုခြင်း ] အစွမ်းကို တိုက်ခိုက်တဲ့ နေရာမှာ အသုံးဝင်တယ်။ [ မြင့်မြတ်တောင်ပံ ] ရဲ့ တိုးမြှင့်မှုနဲ့ တိုက်ခိုက်ရေးစွမ်းအားတွေ အောက်မှာ ဒီရန်သူကို ငါ ချေမှုန်းပစ်ရမယ်။ ထိုသို့ တွေးလိုက်သည်နှင့် ရှီရာ၏ တောင်ပံနက်များမှ အထွတ်အမြတ် အ‌လင်းရောင်များ ထွက်ပေါ်လာသည်။၎င်းသည် [ မီးတောက်နက် ] နှင့် ပေါင်းစပ်သွားပြီး စပါးအုံးမြွေ တစ်ကောင်ဖြစ်လာကာ ချန်လွေ့ဆီသို့ အရှိန်ပြင်းစွာဖြင့် ရောက်ရှိလာတော့သည်။ သာမန်လူများသည် တစ်ကြိမ်လျှင် ပါရမီတစ်ခုသာ သုံးနိုင်သည်။သို့သော်လည်း ရှီရာသည် တိုက်ခိုက်ရေး ပါရမီနှစ်မျိုးကို ပေါင်းစပ်ပြီး တစ်ပြိုင်နက်တည်း အသုံးပြုနိုင်သည်။ ထို့ကြောင့် ရှီရာသည် အတော်လေး ထူးချွန်လှသည်။

သူတို့၏အစွမ်းသည် အဆင့်တစ်ခုလုံး ခြားနားနေသည်။ ချန်လွေ့သည် သေရေးရှင်ရေး အခြေအနေ ခံစားလိုက်ရပြီး ရှောင်တိမ်းရန် နောက်ကျသွားလေပြီ။သို့သော်လည်း ရှီရာ၏ တိုက်ခိုက်မှုသည် ချန်လွေ့၏ အသိစိတ်ထက် မမြန်ဆန်ပေ။ စပါးအုံးမြွေသည် ဖောက်ထွင်းမြင်ရသော အပြောရောင် လိပ်ခုံးကို ထိသွားပြီး ချန်လွေ့သည် ထိုလိပ်ခုံးနောက်၌ မတ်မတ် ရပ်လျက်ရှိနေသည်။ထိုမြွေသည် အသက်ရှိနေဟန်တူပြီး အကာအရံကို ရစ်ပတ်လိုက်သည်။၎င်းသည် အကာအရံနှင့်တကွ အကာအရံ ပြုလုပ်သူကိုပါ အပိုင်းပိုင်းဖြစ်သွားအောင် ညှစ်ပစ်ချင်နေသည်။ နန်းတော်၌ အစွမ်းထက်သော ခုခံမှုအစီအရင် ရှိသော်လည်း စတင်တုန်ခါလာနေသည်။ မြေပြင်၌လည်း အဆုံးအစမဲ့ ကွက်အက်သွားသည်။

အကာအရံသည် ဖိအားကို မခံနိုင်တော့ဘဲ ကွဲကြေသွားတော့သည်။အလယ်ဗဟိုရှိ ပုံရိပ်ကိုလည်း ထိုမြွေက လုံးဝရစ်ပတ်လိုက်သည်။

ရှီရာ မျက်မှောင်ကြုတ်ပြီး အခြားတစ်နေရာကို ကြည့်လိုက်သည်။လိပ်ခုံးကို စပါးအုံးမြွေ ကွဲကြေအောင် လုပ်လိုက်သည်နှင့် ထိုသူသည် အန္တရာယ်ကင်းသော နေရာတစ်ခုသို့ တယ်လီပို့ခုန်သွားခဲ့သည်။

နှစ်ဆင့်ဆက်တိုက် [ တယ်လီပို့ခုန်ခြင်း ] ပဲ။ မဟာနတ်ဆိုးမှာတောင် ဒီလိုပါရမီမျိုး မရှိဘူး။ ပြီးတော့လည်း ခုနက ခုခံမှုအစွမ်းက မှော်ပညာနဲ့မတူဘူး။ နှစ်၄၀၀ကျော်မှ ပြန်ပေါ်လာတဲ့ ဘယ်ဇီဘတ် တော်ဝင်မိသားစုက သေသေချာချာ အစီအစဉ်တကျ ပြင်ဆင်ထားတာပဲ။

ဒီရန်သူ၏အစွမ်းက သာမန် ဖြစ်ပေမဲ့ သူ့ရဲ့ ပါရမီလည်း ထူးခြားလွန်းတယ်။ သူက ဘယ်ဇီဘတ် တော်ဝင်မိသားစုရဲ့ ဆက်ခံသူပဲ ဖြစ်ရမယ်။“ နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး ” က အခုမှပြန်ပြင်ပြီးလို့ အစွမ်းထုတ်သုံးလို့ မရသေးတာပဲဖြစ်မယ်။သူ့ကိုငါ အခုမရှင်းပစ် လိုက်ရင် နောက်ထပ် အခွင့်အရေး ရှိနိုင်တော့မှာ မဟုတ်ဘူး။

ရှီရာသည် စပါးအုံးမြွေဖြင့် တိုက်ခိုက်ရန် ပြင်လိုက်စဉ် မြေပြင်၌ တုန်ခါမှုတစ်ခု ခံစားလိုက်ရသည်။ ထို့နောက်တွင် မြေပြင်မှ ဧရာမနွယ်ပင်များ ထွက်လာပြီး နူးညံ့သည့် ခန္ဓာကိုယ်ရှိသော နတ်ဆိုးသားရဲများ၏ လက်တံကြီးများကဲ့သို့ အလျင်အမြန် ထွက်လာကာ ရှီရာအား အဘက်ဘက်မှ တိုက်ခိုက်တော့သည်။ ၎င်းတို့၏ အဟုန်သည် ထိတ်လန့်ဖွယ် ကောင်းလှပေသည်။

ရှီရာ မျက်မှောင်ကြုတ်ပြီး လေထဲသို့ လက်သီးတစ်ချက် ပစ်သွင်းလိုက်ရာ နွယ်ပင်များ ညှိုးနွမ်းပြီး ပျက်စီးသွားကြသည်။ ရှီရာအား နွယ်ပင်များ ဆွဲထားလိုက်သည်နှင့် ရန်သူသည် အလျင်အမြန် ထွက်ပြေးသွားတော့သည်။ထိုပုံရိပ်သည် နန်းတော်နောက်ဘက်၌ ပျောက်ကွယ်သွားသည်။ သူ၏အမြန်နှုန်းသည် ရှီရာ မျှော်မှန်းထားသည်ထက် သာလွန်နေသည်။

ရှီရာ အော်ဟစ်လိုက်ရာ ခန္ဓာကိုယ်ပေါ်မှ [ မီးတောက်နက် ] သည် ပို၍ပြင်းထန်စွာ တောက်လောင်လာပြီး နွယ်ပင်များ ကျွမ်းလောင်သွား၏။ရှီရာ၏ ခန္ဓာကိုယ် ဖြတ်ခနဲပျောက်သွားကာ နန်းတော်အပေါ်၌ ပြန်လည် ပေါ်ထွက်လာခဲ့သည်။ သို့သော်လည်း ထိုသူသည် အစအနမကျန် ပျောက်ကွယ်သွားလေပြီ ဖြစ်သည်။

သူ ချက်ချင်း ပျောက်သွားပါလား။ နန်းတော်ထဲ ပုန်းနေတာများလား။ ရှီရာသည် မယုံကြည်နိုင်စွာဖြင့် အာရုံဖြန့်ကျက်ကြည့်လိုက်သည်။ သို့သော်လည်း ဘာမျှ မတွေ့ခဲ့ရပေ။ အဆောင်ပစ္စည်း ပြန်ပြင်ဆင်ထားတဲ့အတွက် သူက ဘယ်ဇီဘတ် တော်ဝင်မိသားစုရဲ့ ပါရမီသုံးမျိုးကို အသုံးမပြုနိင်ခဲ့ဘူး။ဒါပေမဲ့ ကျန်တဲ့ သူရဲ့အစွမ်းတွေက အဆုံးမရှိနိုင်ဘူး။အခုလည်း ထွက်ပြေးဖို့အတွက် ထူးဆန်းတဲ့ အစွမ်းတစ်ခုခုကို သူအသက်သွင်းလိုက်တာပဲ ဖြစ်ရမယ်။

ဒီလိုမျိုး ကြောက်မက်ဖွယ်ရာ အလားအလာရှိတဲ့ ပြိုင်ဘက်တစ်ယောက် စွမ်းအားကြီး သွားတာနဲ့ မမျှော်မှန်းနိုင်တဲ့ အကျိုးဆက်တွေ ဖြစ်လာနိုင်တယ်။နှစ်၄၀၀ကျော်ပြီးတော့ “ နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး ” အပိုင်းအစက ငါ့လက်ထက်မှာ ဆုံးရှုံးခဲ့ရတယ်။ ပြီးတော့လည်း ငါ့နှလုံးသားထဲက အကြီးမားဆုံး လျို့ဝှက်ချက်တွေကို ဒီလို သိသွားမှာပဲ။ အဲဒါက ငါ့ကို အဝတ်မပါဘဲ မြင်လိုက်သလိုမျိုးပဲ။ဒါက သည်းမခံနိုင်စရာပဲ။

( သူ၏ အဝတ်မပါသောခန္ဓာကိုယ်အား ချန်လွေ့ မြင်ခဲ့ရသည်ကို ရှီရာ မသိပေ။ )

“ ဘယ်ဇီဘတ် တော်ဝင်မိသားစု။ ”

နန်းတော်တစ်ခုလုံးသို့ ရှီရာ၏ ဒေါသသံ ပဲ့တင်ထပ်သွား၏။စွမ်းအား ခြားနားချက်နှင့် အတွင်းဝင်း ကန့်သတ်ချက်များကြောင့် ထိုအချိန်မှ အစောင့်များ ရောက်လာကြသည်။ ရှီရာ၏ ဒေါသတကြီး အော်သံကို ကြားပြီးနောက်တွင် သူတို့သည် အံ့အားသင့်စွာဖြင့် အချင်းချင်း ကြည့်လိုက်ကြသည်။အ‌ကြောင်းရင်းမှာ သူတို့၏အမြင်၌ တော်ဝင်မင်းသမီး အထိန်းအချုပ် လွတ်ခဲ့သည်မှာ အတော်ကြာခဲ့ပြီ ဖြစ်၍ဖြစ်သည်။

ထိုခရီးတွင် ရှီရာနှင့် ထိုကဲ့သို့ အထင်လွဲမှုကြီး ဖြစ်လိမ့်မည်ဟု ချန်လွေ့ လုံးဝမထင်ထားခဲ့ပေ။ ခုနက တိုက်ပွဲတိုသည် အသက် သုံးလေး‌ချက်ရှိုက်ခြင်းမျှသာ ကြာမြင့်သည်။သို့သော်လည်း ချန်လွေ့သည် [ တယ်လီပို့ခုန်ခြင်း ] ၊ [ ဒိုင်းကာ ] ၊ အစားကြူးနွယ်ပင်၊ ခြေလှမ်းဖိနပ် များအားလုံးကို သုံးလိုက်ရသည်။ နောက်ဆုံးတွင် သူသည် အဆောက်အအုံကို ကွယ်ပြီး အမှောင်ဆန္ဒဖြင့် လွတ်ရုံမျှသာ လွတ်လာခဲ့သည်။ ယခုအချိန်တွင် ချန်လွေ့သည် မဟာနတ်ဆိုးဘုရင်အဆင့်အား ကိုင်တွယ်နိုင်သေးပုံ မရချေ။ ငရဲတံခါးသို့ အခေါက်ခေါက် ရောက်သွားသကဲ့သို့ ချန်လွေ့ ခံစားခဲ့ရသည်။ တယ်လီပို့ခုန်ပြီးနောက် ချန်လွေ့ မတ်မတ်ရပ်နေရင်း မျက်နှာဖုံး၏အပူချိန် အဆုံးစွန်ထိ မြင့်တက်သွားကာ ရှေ့မှ မြင်ကွင်းများကိုပင် ကောင်းကောင်း မမြင်ရတော့ပေ။

[ တယ်လီပို့ခုန်ခြင်း ]သည် မျက်နှာဖုံး၏ ဖြန့်ကျက်နေသော စွမ်းအားများအား အပူတိုက်လိုက်သကဲ့သို့ ဖြစ်သွားသည်။ ချန်လွေ့၏ ခေါင်းထဲ၌ ဝုန်းခနဲအသံ ကြားလိုက်ရပြီး တစ်ချိန်တည်းမှာပင် ထောင်ပေါင်းများစွာသော ကြောက်စရာ အသံများ ကြားနေရသည်။ ထို့ပြင် ထိုကြောက်မက်ဖွယ်ရာ စွမ်းအားများအားလုံးသည် သူ၏ အသိစိတ်ထဲ အရှိန်ဖြင့် ပြေးဝင်လာကြသည်။ ဤအတိုင်းသာ ဆက်ဖြစ်မည်ဆိုလျှင် စက္ကန့်ပိုင်းအတွင်း ချန်လွေ့၏ စိတ်အခြေအနေတစ်ခုလုံး ပြိုလဲသွားမည် ဖြစ်သည်။

အခြေအနေ မကောင်းတဲ့အချိန်မှာ ပြဿနာတွေ ပိုပြီး ရင်ဆိုင်နေရတယ်။ ဒီလိုအချိန်ကြီးမှာမှ ဒီသောက်မျက်နှာဖုံးက တကယ်ကြီး ဒုက္ခလာပေးတယ်။

ချန်လွေ့သည် မတုံ့မဆိုင်းဘဲ [ ကြယ်တာရာဝါးမျိုခြင်း ] ကို အသက်သွင်းလိုက်သည်။ စူပါစနစ်၏ နေအဖွဲ့အစည်းသည် အနှိုင်းမဲ့ စုပ်ယူနေသော တွင်းနက်ကြီးတစ်ခု ချက်ချင်း ဖြစ်လာသည်။ စကြဝဠာကို အသွင်ယူထားသော ထိုပုံစံသည် အလွန်ပင် အစွမ်းထက်လှသည်။ မြောက်မြားလှစွာသေည ကြောက်မက်ဖွယ်ရာ စွမ်းအားများကို တွင်းနက်က လုံးဝ ဝါးမျိုသွားခဲ့သည်။ ဂလော်ဖင်း၏ အသိစိတ် အပါအဝင် ထိုအားများသည် မည်သည်ကို ဖြစ်စေနိုင်ကြောင့် ချန်လွေ့ မသိသေးပေ။သို့သော်လည်း ၎င်းသည် သူ အသက်ရှင်ရန်အတွက် တစ်ခုတည်းသော နည်းလမ်း ဖြစ်လေသည်။

ထိုအားများကို စုပ်ယူပြီးနောက် မျက်နှာဖုံး၏အပူ တဖြည်းဖြည်း လျော့ကျသွားသည်။ ကြယ်တာရာဝါးမျိုခြင်းနည်းလမ်းမှ မူလ နေအဖွဲ့အစည်းပုံစံအတိုင်း ပြန်ဖြစ်သွားသည့် အခါ နောက်ထပ် အသိပေးချက် အသံထွက်လာသည်။

အမည်မသိ ဇီဝ အချက်အလက်များကို တွေ့ရှိရ။ [ အထူးစိစစ်မှု ] ကို အသက်သွင်းမည်လား။

ဇီဝအချက်အလက်လား။ ဒါက မျက်နှာဖုံးရဲ့ ပဟေဠိနဲ့များ သက်ဆိုင်နေမလား။ ချန်လွေ့သည် ချက်ချင်းပင် အသက်သွင်းလိုက်သည်။[ အထူးစိစစ်မှု ]သည် ကြားရ မြင်ရသည်များမှ သတင်းအချက်အလက်များကို စုဆောင်းခြင်းမျိုး မဟုတ်ဘဲ ဦးနှောက်ထဲ၌ အလိုအလျောက် လုပ်ဆောင်ခြင်း ဖြစ်သည်။ပစ်မှတ်ကို ကြည့်နေရန် မလိုအပ်ပေ။

ချန်လွေ့ အချိန်မဖြုန်းခဲ့ပေ။နန်းတော်မှ အဖြစ်အပျက်ကြောင့် ရှီရာသည် အလုံးအရင်းနှင့် လိုက်ဖမ်းခိုင်းမည်ဖြစ်သည်။ထို့ကြောင့် ချန်လွေ့သည် အန္တရာယ်ကင်းသောနေရာတစ်ခု၌ အရင်ဦးစွာ ပုန်းအောင်းနေရန် လိုအပ်သည်။ယခုတွင် ချန်လွေ့သည် နန်းတော်ကဲ့သို့ ခြံဝင်းအကျယ်ကြီးထဲ ရောက်နေသည်။သို့သော်လည်း သူရင်းနှီးသော တော်ဝင်နန်းတော် မဟုတ်ပေ။

အတိုင်းအတာဖြစ်စေ၊ လက်ရာ၌ဖြစ်စေ၊ အပြင်အဆင်၌ဖြစ်စေ ဤခြံဝင်းသည် အမှောင်လမြို့၌ အတော်လေး အဆင့်မြင့်မားသည်ဟု ယူဆ၍ ရသည်။

အာရုံဖြန့်ကျက်ပြီးနောက် ခြံဝင်းထဲရှိ အခန်းတစ်ခန်းမှ မိန်းမနှင့် ယောက်ျား ညည်းသံများနှင့် တစ်ခုနှင့်တစ်ခု ‌ဆောင့်နေသည့်အသံများကို ချန်လွေ့ သတိထားမိလိုက်သည်။

နှာဘူးနတ်ဘုရားမျက်နှာဖုံး၏ လွှမ်းမိုးမှုကြောင့် “အမှောင်လ”လည်း နှာဘူးနတ်ဘုရား လက်စွပ် ဖြစ်သွားကာ ဤကဲ့သို့ နေရာကောင်းတစ်ခုသို့ တယ်လီပို့ခုန်လိုက်ပုံရသည်။ အတွေ့အကြုံရှိသူဖြစ်သည့်အလျောက် ချန်လွေ့သည် ထိုအသံများနှင့် မစိမ်းပေ။ သို့သော်လည်း ရှီရာ ရေချိုးနေစဉ် ချောင်းကြည့်မိခြင်းသည် တိုက်ဆိုင်မှု သက်သက်သာ ဖြစ်သည်။ယခုတွင် ချန်လွေ့သည် အခြားသူများ၏ အတွင်းရေးကိစ္စများကို ခိုးကြည့်ရင် စိတ်မပါပေ။

ထိုအချိန်၌ ယောက်ျားဖြစ်သူ၏အသံ ရုတ်တရက် ပိုကျယ်သွားသည်။ ထိုအသံကို ချန်လွေ့ ရင်းနှီးနေသည်။ ပြောစကားများမှာ “ အထူးအခိုက်အတန့်များ ” ၌ ထုတ်ပြောသော ရိုင်းစိုင်းသည့် ဘာသာစကားများသာ ဖြစ်သည်။ ထိုအသံသည် ဂျိုးဆက်ပ်၏ အသံဖြစ်ကြောင်း ချန်လွေ့ သေသေချာချာ မှတ်မိသည်။ ဒါက ဂျိုးဆက်ပ်ရဲ့ ‌အခြေစိုက် စခန်းများလား။

ဒီလောက်တော့ မတိုက်ဆိုင်လောက်ပါဘူးနော်။

All Chapters