အတွင်းရေး
Vol. 12 Ch. 174
မိန်းမဖြစ်သူ၏အသံတွင် ညည်းညူသံရော အော်သံပါ ရောနှောနေသည်။သူသည် အလွန်ငယ်ရွယ်ပုံရသည်။ထို့နောက် ဂျိုးဆက်ပ် ပြောသည်ကို ချန်လွေ့ ကြားလိုက်သည်။
“ မင်းက မင်းသမီးဖြစ်တော့ရော ဘာဖြစ်လဲ။ ငါ့လက်ထဲမှာဆိုရင် မင်းက မိန်းမပျက် သာသာပဲ။ ”
ချန်လွေ့သည် ထွက်ပြေးရန် စဉ်းစားနေခဲ့သည်။ သို့သော်လည်း ထိုစကားကို ကြားလိုက်ရာ သူ၏အမွှေးများ ရုတ်တရက် ထောင်သွား၏။ ဂျိုးဆက်ပ် အနိုင်ကျင့်နေတဲ့မိန်းကလေးက “မင်းသမီးလေး” လား။
အခန်းထဲမှ ကြာပွတ်ရိုက်သံများ ထွက်လာသည်။“ အဲလစ် ”၏ နာမည်ကို ဂျိုးဆက်ပ်ထံမှ ချန်လွေ့ အမှန်တကယ် ကြားလိုက်ရသည်။
ချန်လွေ့ ဒေါသထွက်သွားပြီး နှလုံးသားထဲမှ ပြင်းထန်သော သတ်ဖြတ်ချင်စိတ်များ ဖြစ်ပေါ်လာသည်။ချန်လွေ့၏ပုံရိပ် ဖြတ်ခနဲပျောက်ကွယ်သွားပြီး မည်သည်ကိုမျှ မစဉ်းစားဘဲ ထိုအခန်းထဲသို့ ပြေးဝင်သွား၏။
ဂျိုးဆက်ပ် “အလုပ်များ” နေစဉ်၌ ချန်လွေ့သည် ထိုနေရာသို့ တယ်လီပို့ခုန်ပြီးခါစသာ ရှိသေးသည်။ထို့ကြောင့် ဂျိုးဆက်ပ် သတိမထားမိခဲ့ပေ။ ယခုတွင် ချန်လွေ့ လှုပ်ရှားလိုက်သည့်အတွက် အခန်းထဲမှ ချက်ချင်း တုံ့ပြန်လာသည်။
“ ဘယ်သူလဲ။ ”
ဂျိုးဆက်ပ်သည် ကိုယ်လုံးတီးနီးပါး ဖြစ်နေပြီး ဘောင်းဘီတိုတစ်ထည်တည်းဖြင့်သာ အခန်းတံခါးဝ၌ ပေါ်ထွက်လာခဲ့သည်။အလောတကြီး ဝတ်လိုက်ပုံရသည်။ ချန်လွေ့၏ မျက်လုံးများ အရောင်လက်သွားပြီး လက်များ အရောင်ဖျော့ဖျော့ တောက်သွားသည်။ [အရှိန်အဝါဓားသွား] အား အသက်သွင်းလိုက်ပြီ ဖြစ်သည်။ချန်လွေ့သည် ချက်ချင်းပင် ဂျိုးဆက်ပ်၏ ခေါင်းကို ခုတ်ပိုင်းလိုက်သည်။
[ သရုပ်ခွဲမျက်လုံး ]၌ ဂျိုးဆက်ပ်၏ စွမ်းအားကို [ C ] ဟုခေါ်ပြထားသည်။ ဆိုလိုသည်မှာ ဂျိုးဆက်ပ်သည် နတ်ဆိုးဘုရင်အဆင့် အလတ်ပိုင်း ဖြစ်သည်။ ဂျိုးဆက်ပ်သည် ကျူးကျော်သူ၏ တိုက်ခိုက်မှုအား ထူးဆန်းသည်ဟု သတိထားလိုက်မိပြီး တစ်ကိုယ်လုံး ပျောက်ကွယ်သွားကာ အခြားတစ်နေရာ၌ ပြန်လည်ပေါ်ထွက်လာသည်။ လွဲချော်သွားသော [ အရှိန်အဝါဓားသွား ]၏ အဟုန်သည် အတော်လေး အစွမ်းထက်လှပြီး တံခါးကို နှစ်ပိုင်းပြတ်သွားစေသည်။ အခန်းထဲမှ ချက်ချင်းပင် အော်သံထွက်လာသည်။ ချန်လွေ့က အခန်းထဲသို့ ဝင်သွားလိုက်ရာ သေးသွယ်ကျစ်လစ် လှပသော မိန်းကလေး တစ်ယောက်ကို မြင်လိုက်ရသည်။ ထိုမိန်းကလေးသည် အဲလစ်ကဲ့သို့ပင် ရွှေရောင်ဆံပင်ရှိသည်။ သူစိမ်းတစ်ယောက်အား တွေ့လိုက်ရသည့်အခါ ထိုမိန်းကလေးသည် အဝတ်မပါသော ခန္ဓာကိုယ်အား စောင်ဖြင့် ချက်ချင်း ဖုံးအုပ်လိုက် တော့သည်။
ချန်လွေ့ ဒေါသထွက်နေစဉ် [ သရုပ်ခွဲမျက်လုံး ]မှ အသိပေးချက် ထွက်ပေါ်လာသည်။
မျိုးနွယ် = မဟာနတ်ဆိုး(သန္ဓေပြောင်း)။
စွမ်းအားအကဲဖြတ်မှု = [ D ]
မဟုတ်သေးပါဘူး။ အဲလစ်က မာန်မာန တော်ဝင်မိသားစု ဖြစ်ရမှာ။ပြီးတော့ သူရဲ့ စွမ်းအားကလည်း အမြင့်ဆင့်နတ်ဆိုး မဟုတ်နိုင်ဘူး။
သေသေချာချာကြည့်လိုက်သည့်အခါ ထိုမိန်းကလေးသည် အဲလစ်မဟုတ်ပေ။အဲလစ်နှင့် အနည်းငယ်သာ ဆင်တူသည်။ထို့ပြင် ထိုမိန်းကလေးသည် ချန်လွေ့အား သတိဖြင့် ကြည့်နေပြီး ဂျိုးဆက်ပ်၏ ဖမ်းဆီးထားခြင်းကို ခံထားရပုံလည်း မပေါ်ပေ။ချန်လွေ့ ချက်ချင်း တွေးမိလိုက်သည်။ ဧကန္တ.......
ချန်လွေ့ ကြက်သေသေနေစဉ် နောက်ဘက်မှ အစွမ်းထက်သော တိုက်ခိုက်မှုအားတစ်ခုကို ခံစားလိုက်မိသည်။ချန်လွေ့သည် ဆက်တိုက် [ တယ်လီပို့ခုန်ခြင်း ] နှင့် [ ဒိုင်းကာ ] တို့ကို နန်းတော်၌ အသုံးပြုခဲ့ပြီးပြီ ဖြစ်သည်။ သို့သော်လည်း ခြေလှမ်းဖိနပ် ရှိနေသေးသည်။ သူ၏ပုံရိပ် ဖြတ်ခနဲပျောက်သွားပြီး ဂျိုးဆက်ပ်၏ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်သည်။ ချန်လွေ့ တစ်ဖက်လှည့်ပြီး [ အရှိန်အဝါဓားသွား ] ဖြင့် ခုတ်ပိုင်းလိုက်ပြန်သည်။ခုနက ဂျိုးဆက်ပ်သည် ထိုတိုက်ခိုက်မှု၏ ဝိသေသလက္ခဏာများက မြင်တွေ့ခဲ့ရပြီးပြီ ဖြစ်သည်။ တစ်ဖက်လူ၏ လက်ဝါးသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ချွန်မြ နေရုံသာမက မမြင်ရသောချီသည်လည်း သေစေနိုင်လောက်သည်။ ၎င်းကို ရင်ဆိုင်ရန် အလွန် ခက်ခဲလှသည်။ထို့ကြောင့် ဂျိုးဆက်ပ်၏ ပုံရိပ် ဖြတ်ခနဲပျောက်ကွယ်သွားပြီး ရှောင်တိမ်းလိုက်သည်။
သူ၏အရှေ့မှလူသည် အလယ်ဆင့်နတ်ဆိုးဟုထင်ရသော်လည်း သူ့ထက် စွမ်းအား မနိမ့်လှကြောင်း ဂျိုးဆက်ပ် သဘောပေါက်လိုက်သည်။ သို့သော်လည်း ဤလူသည် သူ၏လျို့ဝှက်ချက်ကို မြင်တွေ့ခဲ့ရပြီးဖြစ်သောကြောင့် သေကိုသေရပေမည်။ ဂျိုးဆက်ပ်သည် စွမ်းအားများကို စုစည်းပြီး သတ်ဖြတ်ရန် တိုက်ကွက်ကို ပြင်ဆင်လိုက်သည်။
ချန်လွေ့ ဆက်မတိုက်ခိုက်ဘဲ ရယ်လိုက်သည်။မျက်နှာဖုံး၏စွမ်းအားကို [ ကြယ်တာရာ ဝါးမျိုခြင်း ] က စုပ်ယူလိုက်ပြီဖြစ်သောကြောင့် အသံထွက်နိုင်ပြီ ဖြစ်သည်။ရှီရာနှင့် ရင်ဆိုင်ခဲ့စဉ်က ချန်လွေ့ အသံမထွက်နိုင်ခဲ့သည့်အတွက် အတော်လေး ဆိုးဝါးခဲ့သည်။
လက်ရှိတွင် ချန်လွေ့၌ [ အရှိန်အဝါပစ်ချက် ] ၊အသုံးပြုပြီးသွားသော [ အရှိန်အဝါဓားသွား ] နှင့် တစ်ခါမျှ မသုံးရသေးသော အနှိုင်းမဲ့တိုက်ကွက် [ မီးသင့်နဂါး သတ်ဖြတ်ခြင်း ] တို့သာ ရှိသည်။ဂျိုးဆက်ပ်အား လက်ရေညီသည်ဟု ခံစားရစေခြင်းမှာ ပထမဆုံးအနေဖြင့် [ အရှိန်အဝါဓားသွား ] ၏ ချွန်ထက်မှုကြောင့် ဖြစ်ပြီး ဒုတိယအချက်မှာ ခြေလှမ်းဖိနပ်က တိုးမြှင့်ပေးထားသော ချန်လွေ့၏ အမြန်နှုန်းကြောင့် ဖြစ်သည်။ ခြေလှမ်းဖိနပ်ကို ထုတ်လိုက်သည်နှင့် ၎င်းသည် ခြေဖဝါးကို ရစ်ပတ်သွားပြီး အရေးပါအရာရောက်သော ခြေဖနောင့်ပေါ်တွင် အပိုအလွှာတစ်ခု ရှိနေသကဲ့သို့ ဖြစ်သွားသည်။
အခန်းထဲ၌ ရှိနေသည်မှာ အဲလစ် မဟုတ်သည့်အတွက် ချန်လွေ့အဖို့ အသက်စွန့်ရန် မလိုအပ်တော့ပေ။ထို့ပြင် ဤနေရာသည် ဂျိုးဆက်ပ်၏ ပိုင်နက်ဖြစ်ပြီး ဂျိုးဆက်ပ်မှာလည်း သူ့ထက် ပို၍အစွမ်းထက်သည်။ အမှောင်ဆန္ဒကိုလည်း ထပ်သုံး၍မရတော့ပေ။ အနိုင်ရရှိနိုင်ချေ အလွန်နည်းပါးလှသည်။ထို့ကြောင့် အခြေအနေကို လိုက်လျောညီထွေ နိုင်ရန်အတွက် ဉာဏ်ပညာကိုသာ အသုံးပြု၍ပေတော့မည်။
“ ကျားဂူထဲကို မဝင်ရင် ကျားပေါက်လေးကို ရမှာ မဟုတ်ဘူး။ ”ဟူသော စကားစုကို ချန်လွေ့ ရုတ်တရက် တွေးမိလိုက်သည်။သူ၏စိတ်ထဲ၌ အကြံတစ်ခု ရလာသည်။ အခုငါက ကျားဂူထဲ ရောက်နေပြီဆိုတော့ကာ......
“ ဂျိုးဆက်ပ်။ခင်ဗျားကတော့ ခင်ဗျားပါပဲ။ အပေါ်ယံမှာတော့ ခင်ဗျားက တော်ဝင် မင်းသမီးကို ပိုးပန်းနေတယ်။ဒါပေမဲ့ တကယ်တမ်း ခင်ဗျားရဲ့ ပစ်မှတ်က မင်းသမီးလေးပဲ။ ခင်ဗျားက အစားထိုးတစ်ယောက်ကို ရှာပြီး အိမ်မှာဝှက်ထားပြီးတော့ ဒီလိုအပြုအမူမျိုး လုပ်နေတာပဲ။ ”
သူ၏လျို့ဝှက်ချက်များ အမှန်တကယ် အမြင်ခံလိုက်ရသည့်အခါ ဂျိုးဆက်ပ်၏ မျက်လုံးထဲ၌ သတ်ဖြတ်ချင်စိတ်များ ပြည့်နှက်သွားသည်။
“ ဆာ-ဂျိုးဆက်ပ်က ကျုပ်ကို သတ်ချင်တာလား။ခင်ဗျားက အခုမှ နတ်ဆိုးဘုရင်အဆင့် အလတ်ပိုင်းပဲ ရှိသေးတာ။ကျုပ်ကိုသတ်ဖို့ လွယ်မှာ မဟုတ်ဘူး။ ”
“ ဒီနေရာက ခင်ဗျားရဲ့ နေရာဆိုတာကို သိရဲ့သားနဲ့ ကျုပ်ဝင်လာရဲတယ်။ကျုပ်ကို ယုံကြည်မှု မရှိဘဲနဲ့ လုပ်တတ်တဲ့ စောက်ရူးလို့ ခင်ဗျား ထင်နေတာလား။ ”
လျို့ဝှက်ဆန်းကြယ်ပုံပေါက်ရန်အတွက် ချန်လွေ့သည် ဂျိုးဆက်ပ်၏ စွမ်းအား အစစ်အမှန်ကို တမင်တကာ ထုတ်ပြောလိုက်သည်။
ဂျိုးဆက်ပ် မျက်မှောင်ကြုတ်ပြီး မေးသည်။
“ မင်းက ဘယ်သူလဲ။မင်းရဲ့လေသံကို ကြည့်ရတာ ငါတို့အချင်းချင်း သိတဲ့ပုံပဲ။ ”
“ ကျုပ်တို့က သိတာထက်ကို ပိုပါတယ်။လွန်ခဲ့တဲ့ လဝက်တုန်းက ကျုပ်တို့ တွေ့ဆုံဖို့ စီစဉ်ခဲ့ကြတယ်။ ”
ဂျိုးဆက်ပ် စွမ်းအားစုစည်းနေသည်ကို ချန်လွေ့ ကြည့်နေလိုက်သည်။
“ တကယ်တော့ မနက်ဖြန်မှ တွေ့ရမှာပါ။ဒါပေမဲ့ ကိစ္စတစ်ခုခု ဖြစ်သွားလို့ ကျုပ် စောစောလာခဲ့တာ။ ”
ဂျိုးဆက်ပ် ကြောင်သွားပြီး တအံ့တဩနှင့် ပြောလိုက်သည်။
“ မင်းက အက်ဂ်ယောပဲ။ ”
တစ်ဖက်လူ၏ သရုပ်မှန်ကို သိသွားပြီးနောက် ဂျိုးဆက်ပ်က အကျိုးရလာဒ်ကို တွက်ဆလိုက်သည်။ ညတွင်းချင်းကြီး ဒီကိုလာတယ်ဆိုတော့ အက်ဂ်ယောမှာ အစီအစဉ် တစ်ခုခုတော့ ရှိရတယ်။ ငါသူ့ကို လွှတ်ပေးလိုက်လို့ မဖြစ်ဘူး။ဒါပေမဲ့ အက်ဂ်ယောက နတ်ဆိုးဘုရင်အဆင့် ဖြစ်နေတယ်။အရတ်စ်နဲ့ တိုက်ခိုက်တုန်းက သူတမင် အားနည်းချင် ယောင်ဆောင်ခဲ့တာ ဖြစ်မယ်။ဒါမှမဟုတ် ချိပ်ပိတ် အသစ်ကို ချိုးဖျက်သွားနိုင်တာလည်း ဖြစ်နိုင်တယ်။သူပြောသလိုပဲ ငါတို့အဆင့်က တူတူပဲ။သူ့ကိုသတ်ဖို့ မလွယ်ဘူး။
“ မစ္စတာ အက်ယော။မင်းရဲ့အစွမ်းက တကယ့်ကို အံ့ဩစရာပဲ။ အပြင်ဘက်က မှော်အစီအရင်တွေကို အသက်မဝင်စေဘဲနဲ့ အထဲကို တစ်ခါတည်း ရောက်အောင် လာနိုင်တယ်။ ”
ဂျိုးဆက်ပ် ပြုံးလိုက်သည်။
“ ကျုပ်သိချင်တာက မင်းဘာလို့ တွေ့ဆုံဖို့ကို စောစောလုပ်ဖို့ စဉ်းစားခဲ့တာလဲ။ ”
“ အားနည်းတဲ့သူက ဘာမှမဆွေးနွေးနိုင်ဘူး။ဆာ-ဂျိုးဆက်ပ်ရဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက် ဖြစ်ဖို့အတွက် ကျုပ်ရဲ့အစွမ်းကို သက်သေပြရတာပေါ့။ကံမကောင်းတာက အခုက အချိန်ကောင်း မဟုတ်ခဲ့ဘူး။ ”
ဂျိုးဆက်ပ် ပုခုံးတွန့်လိုက်သည်။
“ ခင်ဗျားရဲ့ လျို့ဝှက်ချက်ကို တွေ့သွားရတာက မတော်တဆ သက်သက်ပါပဲ။ကျုပ်ရဲ့ အစွမ်းနဲ့ဆို တိတ်တိတ်လေး ထွက်သွားပြီးတော့ နောက်မှ ခင်ဗျားကို ခြိမ်းခြောက်တာက ပိုမကောင်းဘူးလား။ ”
ဂျိုးဆက်ပ်၏ မျက်လုံးများ ကျဉ်းမြောင်းသွား၏။
“ ဒါက တကယ် ထူးဆန်းပါတယ်။ရှင်းပြဖို့ စိတ်ဝင်စားလား။ ”
“ သေသေချာချာ စဉ်းစားပြီးမှ ကျုပ် တမင်တကာလုပ်ခဲ့တာ။ ”
ချန်လွေ့၏ အက်ကွဲကွဲ ရယ်သံ ထွက်ပေါ်လာပြန်သည်။
“ အကြောင်းရင်းနှစ်ခုရှိတယ်။ပထမတစ်ခုက ကျုပ်တို့ရဲ့ အစွဲအလမ်းက အတူတူပဲ။ ဒုတိယက ခင်ဗျားရဲ့ လျို့ဝှက်ချက်ကို ကျုပ်ထိန်းချုပ်ထားမယ်။ခင်ဗျားကလည်း ကျုပ်ရဲ့လျို့ဝှက်ချက်ကို ထိန်းချုပ်ခွင့်ပေးမယ်။ကျုပ်တို့ပိုပြီး ယုံကြည်ချက်ရှိရှိ ပူးပေါင်းလို့ ရတာပေါ့။ ”
“ အစွဲအလမ်း ” အကြောင်းပြောနေရင်း ဂျိုးဆက်ပ်၏ မျက်လုံးထဲမှ သတ်ဖြတ်ချက်စိတ် အနည်းငယ် လှုပ်ရှားသွားသည်။သို့သော်လည်း တိတ်တိတ်လေး ပြန်ရုပ်သိမ်းလိုက်သည်။ ဂျိုးဆက်ပ်သည် အမှန်တကယ် စိတ်ဝင်စားနေသည့်ဟန်ပြလိုက်သည်။
“ အသေးစိတ် သိလို့ရမလား။ ”
“ သူတို့နှစ်ယောက်စလုံးက မင်းသမီးတွေပဲ။ခင်ဗျားက ထူးဆန်းတဲ့မင်းသမီးလေးကို သဘောကျတယ်။ကျုပ်က ရေခဲတုံး တော်ဝင်မင်းသမီးကို သဘောကျတယ်။သူ့ရဲ့ အဆင့်အတန်း ပိုမြင့်လေလေ သူပိုကြီး စိတ်ကြီးဝင်လေလေ ကျုပ်ရရှိမှာတွေ ပိုများလေလေပဲ။အထူးသဖြင့် သူ စိတ်မပါပေမဲ့ အထွတ်အထိပ်ထိကို တွန်းပို့ခံရတာကို မြင်ရမှာက..... ”
ခံစားချက်တစ်ခုခု၏ သက်ရောက်မှုကြောင့်လား မသေချာပေ။ချန်လွေ့၏ရယ်သံ၌ ကောက်ကျစ်စဉ်းလဲမှု အနည်းငယ် ပါဝင်နေသည်။
“ အဲဒါကြောင့် ပြောရရင်တော့ ကျုပ်တို့ရဲ့ စွဲလမ်းမှုက အတူတူပဲ။ ”
“ မင်းပြောတာက ယုံချင်စရာပါပဲ။ဒါပေမဲ့ ဆိုးတာက ငါမင်းကို မယုံဘူး။ ”
ဂျိုးဆက်ပ်သည် သိုလှောင်လက်စွပ်ထဲမှ အဝတ်အစားများကို ထုတ်ပြီး ဝင်ဆင်လိုက်သည်။ သူ၏လှုပ်ရှားမှုများမှာ သာမန်သာဖြစ်သော်လည်း တိုက်ခိုက်ရန် အချိန်မရွေး ဖြစ်နေသည်။
“ မင်းကအခု တော်ဝင်မင်းသမီး လက်အောက်က တပ်ဖွဲ့တစ်ဖွဲ့ ဖြစ်နေပြီ။အဲဒါကြောင့် ဘာမှမသေချာဘူး။ဒါက တော်ဝင်မင်းသမီးရဲ့ လှည့်ကွက်လည်း ဖြစ်နိုင်တာပဲ။ ”
ချန်လွေ့၏လေသံသည် စိတ်အေးလက်အေး ဖြစ်နေဟန်တူသည်။
“ ခင်ဗျား မယုံဘူးဆိုရင် အခုချက်ချင်းပဲ ယုံကြည်ရတဲ့ လူတွေကို မြို့ထဲ နန်းတော်ထဲ လွှတ်ပြီး စုံစမ်းခိုင်းလိုက်။ကျုပ် ခင်ဗျားကို ဘယ်လို လျို့ဝှက်ချက်တွေ ပေးမလဲဆိုတာကို သေချာသိသွားမှာ။ ”
ဂျိုးဆက်ပ် အသာလေး မျက်မှောင်ကြုတ်လိုက်သည်။သို့သော်လည်း သူစိတ်မချ နိုင်သေးပေ။ သူ၏ လက်အောက်ခံများကို ချက်ချင်း ဆင့်ခေါ်လိုက်သည်။ သူတို့ တိုက်ခိုက်နေစဉ်က အစောင့်များကို သတိထားမိစေခဲ့သည်။ သို့သော်လည်း ဂျိုးဆက်ပ်သည် သူတို့အား သူ၏ခွင့်ပြုချက်မရှိဘဲ ခြံဝင်းနားသို့မလာရန် ညွှန်ကြားခဲ့သည်။ ယခုတွင် ဆင့်ခေါ်မှုကို ကြားလိုက်ရပြီ ဖြစ်သည့်အတွက် တစ်စုံတစ်ယောက် ဝင်ရောက်လာသည်။
အမြန်ဆုံး ရောက်ရှိလာသူမှာ ဗာဆာရှာဖြစ်ပြီး သူ၏နောက်ဘက်မှ ရွိုင့်စ် အပြေးလိုက်လာသည်။ ချန်လွေ့၏ပုံစံကို မြင်လိုက်ရသည့်အခါ ရွိုင့်စ် အံ့အားသင့် သွားသည်။ ထိုအချိန်၌ သူ မသေချာခဲ့ပေ။
ဂျိုးဆက်ပ်သည် သူတို့နှစ်ယောက်ကို ခဏမျှ တီးတိုးပြောလိုက်သည်။ထို့နောက် သူတို့နှစ်ယောက် ချက်ချင်း ထွက်သွားတော့သည်။ချန်လွေ့ ရယ်လိုက်သည်။
“ ဆာ-ဂျိုးဆက်ပ်။ ကျုပ်ကို မထိုင်ခိုင်းတော့ဘူးလား။ကျုပ်တို့က သိပ်မကြာခင် တကယ့်လုပ်ဖော်ကိုင်ဖက် ဖြစ်ချင် ဖြစ်လာမှာလေ။ ”
“ သတင်းတစ်ခုတည်းက ငါတိုရဲ့ ပူးပေါင်းမှုကို အတည်ပြုပေးနိုင်တယ်လား။ဒီကနေ အသက်ရှင်လျက် ထွက်သွားနိုင်အောင် မင်းမှာ ဘယ်လို အထူးစွမ်းရည်တွေ ရှိနေလဲ ဆိုတာကို ငါမသိပေမဲ့လည်း မင်းရဲ့ ခွန်အားနဲ့တည်ငြိမ်မှုကတော့ လေးစားစရာပဲ။ ”
ချန်လွေ့၏ စိတ်အေးလက်အေး လေသံသည် ဂျိုးဆက်ပ်အား အံ့အားသင့်စေခဲ့သည်။ ဂျိုးဆက်ပ်သည် ခြံဝင်းအတွင်း၌ စားပွဲနှင့် ခွေးခြေများ ပြင်ဆင်ရန် တစ်စုံတစ်ယောက်ကို အမိန့်ပေးလိုက်သည်။
“ မသောက်ဘူးလား။မစ္စတာ အက်ဂ်ယော။ ”
ဂျိုးဆက်ပ်သည် လက်ထဲမှ ဝိုင်နီကို မြှောက်လိုက်သည်။
ချန်လွေ့ ခေါင်းခါသည်။
“ စိတ်မကောင်းစရာပဲ။ဒီမျက်နှာဖုံးကို ကျုပ်အခု ချွတ်လို့မရသေးဘူး။ ဒါက.... ခင်ဗျားထင်ထားတာထက် ပိုပြီး ရှုပ်ထွေးတယ်။ ”
“ ဟုတ်လား။ ”
ဂျိုးဆက်ပ် ဂရုမစိုက်ပေ။သူသည် ဝိုင်တစ်ခွက်ကို မြှောက်ပြီး သောက်လိုက်သည်။
မကြာမီတွင် ရွိုင့်စ်နှင့် ဗာဆာရှာတို့ပြန်လာပြီး ဖြစ်ပျက်ခဲ့သမျှကို ဂျိုးဆက်ပ်အား သတင်းပို့လိုက်သည်။
နောက်ဆုံး၌ ဂျိုးဆက်ပ် တုန်လှုပ်သွားသည်။ချန်လွေ့ကို ကြည့်နေရင်း သူ၏မျက်လုံးထဲမှ ထိတ်လန့်မှုများကို မဖုံးကွယ်ထားနိုင်တော့ပေ။ခုနက စကားသည် အမှန်ပင် ဖြစ်သည်။ ထိုမျက်နှာဖုံးမှာ သူထင်ထားသည်ထက် ပို၍ “ ရှုပ်ထွေး ” နေသည်။
ချန်လွေ့၏ အကြားအာရုံသည် အလွန်ထူးခြားသည်။ ရွိုင့်စ်သည်လည်း အသံကို အတိုင်းအတာတစ်ခုအထိ တိုးမြှင့်ထားသောကြောင့် “ ဘယ်ဇီဘတ် ” ၊ “ဖမ်းဆီး” စသော အဓိကစကားလုံးများကို ချန်လွေ့ ချက်ချင်း ကြားလိုက်ရသည်။နန်းတော်ရှိ ရန်သူ၏ သရုပ်မှန်ကို ရှီရာ ထုတ်ပြောခဲ့ခြင်းမှာ အံ့ဩစရာမရှိပေ။၎င်းသည် မြို့တော်မှ ပြဿနာများကို ပိုမိုတိုးလာစေနိုင်သော်လည်း တော်ဝင်မင်းသမီး၏ စိတ်ထဲ၌ ကြယ်ကြွေတမန် အင်ပါယာ၏အကျိုးသည် ထိပ်ဆုံး၌ ရှိလေသည်။
သို့သော်လည်း ယခုတွင် ချန်လွေ့အတွက် “ သရုပ် ” သက်သေပြရန် လွယ်ကူသွားပြီ ဖြစ်သည်။
ချန်လွေ့သည် ပို၍ယုံကြည်မှုရှိသွားပြီး တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
“ ကျုပ်တို့ သေသေချာချာ မဆွေးနွေးခင် ကျုပ် သေချာအောင် လုပ်စရာတစ်ခု ရှိတယ်။ခင်ဗျားနားမှာ ရှိတဲ့ အမြင့်ဆင့်နတ်ဆိုး နှစ်ယောက်က ဒီမှာရပ်နေဖို့ အရည်အချင်း ပြည့်မှီရဲ့လား။ ”
ဂျိုးဆက်ပ်သည် ရွိုင့်စ်အား ဖြတ်ခနဲ ကြည့်လိုက်သည်။
“ ကိစ္စမရှိပါဘူး။သူတို့အားလုံးက ငါ့ရဲ့ လူယုံတွေပါပဲ။ ”
“ ဒါဆို...သူတော့ မပါဘူးပေါ့။ ”
ချန်လွေ့သည် ဝိုင်ထည့်ပေးနေသော အလယ်ဆင့်နတ်ဆိုးအဆင့် ရှိသော မဟာနတ်ဆိုးကို ညွှန်ပြလိုက်သည်။
ဂျိုးဆက်ပ် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။အက်ဂ်ယော၏ ရည်ရွယ်ချက်ကို သူသဘောပေါက်သွားပြီး ခေါင်းခါလိုက်သည်။
“ မပါဘူး။ ”
ထိုစကားပြောပြီးသည်နှင့် ရွိုင့်စ်နှင့် ဗာဆာရှာတို့သည် သူတို့၏အမြင်များ ဝေဝါးသွားသည်ဟု ခံစားလိုက်ရသည်။ မျက်နှာဖုံးနှင့်လူ၏ လှုပ်ရှားမှုများကို သူတို့ သေသေချာချာ မမြင်လိုက်ရခင်မှာပင် အစေခံသည် တစ်ဖက်လူ၏လက်ထဲ ရောက်သွားလေပြီ။မဟာနတ်ဆိုး ကြောက်လန့်နေပုံရသည်။ထို့နောက်တွင် မျက်နှာဖုံးမှ အဝါရောင်အလင်းတန်း တောက်ပလာသည်။မျက်စိတစ်မှိတ်အတွင်းမှာပင် မျက်နှာဖုံးနှင့် လူသည် လက်ကို ဖြေလျှော့လိုက်သည်။
ထိုအစေခံသည် အလယ်ဆင့်နတ်ဆိုးသာ ဖြစ်သည်။စနိုးဒင်နှင့်ယှဉ်လျှင် ပို၍ပင် အလွယ်တကူ ရုပ်သေး ပြုလုပ်နိုင်သည်။
ချန်လွေ့က လက်ဝှေ့ရမ်းလိုက်သည်။
“ ငါ့ရဲ့အစေခံ။အခု မင်းရဲ့ သခင်အဟောင်းကို အားစွမ်းကုန် တိုက်ခိုက်လိုက်တော့။ ”
ထိုအစေခံသည် ချက်ချင်းပင် မီးတောက်များ ဖုံးလွှမ်းသွားပြီး ဂျိုးဆက်ပ်အား တိုက်ခိုက်တော့သည်။ဂျိုးဆက်ပ်၏ မျက်လုံးများ ဖြတ်ခနဲ အရောင်လက်သွားပြီး ထိုအစေခံ၏ခေါင်း ရုတ်တရက် ပြတ်သွားသည်။ထို့နောက် ရွိုင့်စ်ကို ပြောလိုက်သည်။
“ ဒီအလောင်းကို ယူသွားပြီးတော့ ဖြေရှင်းလိုက်။ ”
ရွိုင့်စ်သည် မိမိအပေါ်၌ ဂျိုးဆက်ပ် သံသယရှိနေသေးကြောင်း သိသည့်အတွက် ဦးညွှတ်ကာ အစေခံ၏ အလောင်းကိုယူပြီး ထွက်သွားလိုက်သည်။
“ ဆာ-ဂျိုးဆက်ပ်။ကျုပ်က တော်ဝင်မင်းသမီးရဲ့ လှည့်ကွက်တစ်ခု မဟုတ်ဘူးဆိုတာကို ခင်ဗျား ယုံပြီလား။ ”
“ ဒဏ္ဍာရီလာ နတ်ဘုရား-ဝါးမျိုမျက်နှာဖုံးရဲ့ ရုပ်သေးစွမ်းအားကို မျက်မြင်ကြုံတွေ့ ရလိမ့်မယ်လို့ ငါမထင်ထားမိခဲ့ဘူး။ ”
ဂျိုးဆက်ပ်၏ မျက်လုံးများ အရောင်တောက်နေရင်း မျက်နှာဖုံးဆီသို့ ရောက်ရှိသွားသည်။
“ တော်ဝင်မင်းသမီးကို ငါအနိုင်ယူနိုင်ရင်တောင် မင်းက မင်းရဲ့ မဟာရန်သူကို နှစ်ထောင်ချီကြာတောင် အနိုင်ယူနိုင်မှာ မဟုတ်ဘူး။ဘယ်လိုပဲဖြစ်ဖြစ်ပါ။ အင်ပါယာ အစောင့် အရံတပ်ဖွဲ့ရဲ့ ခေါင်းဆောင်က မင်း ဖြစ်နေမယ်လို့ ငါလုံးဝ မထင်ထားခဲ့ဘူး။ မင်းရဲ့ ဉာဏ်ပညာက လေးစားစရာပဲ။ ”
ဗာဆာရှာ ထိတ်လန့်သွားသည်။ လက်စသတ်တော့ ဒီလူက တစ်မြို့လုံး အလိုရှိနေတဲ့ ဘယ်ဇီဘတ် မိသားစုဝင် ဖြစ်နေတာကိုး။ ပြီးတော့လည်း အဲဒီမျက်နှာဖုံးက နတ်ဆိုးဘုံထဲမှာရှိတဲ့ ဒဏ္ဍာရီလာ အဆောင်ပစ္စည်း၇မျိုးထဲက တစ်ခုဖြစ်တဲ့ “ နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး ” ပဲ။