← Chapters

စိတ်ရင်း

Vol. 12 Ch. 175

စိတ်ရင်း

Vol. 12 Ch. 175

ဂျိုးဆက်ပ်သည် ပို၍ပင် သတိရှိသွားသည်။ ယခင်က သူ၏ အစမ်းသဘော တိုက်ခိုက်မှုတွင် စွမ်းအားအကုန် မသုံးခဲ့ပေ။ သို့သော် “ အက်ဂ်ယော ” သည်လည်း ပါရမီအစွမ်းများနှင့် ဘယ်ဇီဘတ် တော်ဝင်မိသားစု၏ အဆောင်ပစ္စည်းကို အသုံးမပြုခဲ့ပေ။ သူတို့ အမှန်တကယ် တိုက်ခိုက်ကြလျှင် ဂျိုးဆက်ပ်သည် ပြိုင်ဘက်ဖြစ်သူ ထွက်မပြေးနိုင်အောင် အမှန်တကယ် ထိန်းချုပ်ထားနိုင်မည် မဟုတ်ပေ။

တော်ဝင်မိသားစု အများစုတွင် ထူးဆန်းသော အမွေအနှစ် စွမ်းအားတစ်ခု ရှိကြသည်။ ဥပမာပြောရလျှင် ရှီရာ၏ စွမ်းအားအများစုမှာ ခမည်းတော်ဖြစ်သူ အိမ်ရှေ့မင်းသား ဂါရမ်းဆီမှ ဆင်းသက်လာခြင်း ဖြစ်သည်။အက်ဂ်ယော၌ “ နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး ” ရှိနေရခြင်းမှာ သူသည် ဘယ်ဇီဘတ် တော်ဝင်မိသားစု၏ ဆရာသခင်တစ်ယောက် သို့မဟုတ် ဆက်ခံသူတစ်ယောက် ဖြစ်၍ ဖြစ်ပေမည်။ ရှီရာသည် သနားစရာ တော်ဝင်မင်းသမီး တစ်ယောက်သာ ဖြစ်သည်။ သို့ရာတွင် ဘယ်ဇီဘတ် တော်ဝင်မိသားစု ပျောက်ကွယ်သွားပြီ ဖြစ်သော်လည်း နှစ်ထောင်ပေါင်းများစွာ စုစည်းလာခဲ့သော စွမ်းအားများသည် ပို၍နက်ရှိုင်းလှသည်။ အစပိုင်းတွင် အလယ်ဆင့်နတ်ဆိုးသာဖြစ်ပြီး လက်ရှိ နတ်ဆိုးဘုရင်အဆင့်သို့ ရောက်ရှိလာသော အက်ဂ်ယောသည် လုံးဝ မရိုးရှင်းပေ။ ချိပ်ပိတ်သည် အမွေအနှစ်စွမ်းအားကို တစ်ဆင့်ချင်းဖွင့်ရသည့် သော့ချက် ဖြစ်နိုင်ပေသည်။ ထို့ပြင် သူ၏တကယ့်စွမ်းအားသည် မဟာနတ်ဆိုးဘုရင် သို့မဟုတ် နတ်ဆိုးဧကရာဇ်ပင် ဖြစ်နိုင်လေသည်။

ပြီးတော့လည်း ဘယ်ဇီဘတ် တော်ဝင်မိသားစုက နှစ်ပေါင်း၄၀၀ကျော် ပျောက်ကွယ်သွားပြီးမှ ပြန်ပေါ်လာတာ။ သူတို့ရဲ့ လူအင်အားတွေ စွမ်းအားတွေက ဒီထက် ပိုပြီးရှိဦးမယ်‌ဆိုတာ သေချာတယ်။ လွန်ခဲ့တဲ့ နှစ်၄၀၀ တုန်းကလိုမျိုး ပြောင်းလဲမှု အကြီးကြီး ဖြစ်လာဦးမှာလား။ ဒါဆိုရင် စဉ်းစားစရာကိစ္စတွေ အများကြီးရှိတာပဲ။

ဂျိုးဆက်ပ်က ဆက်လက် ပြုံးနေသည်။သို့သော်လည် သူ၏မျက်လုံးများမှာ မသေချာ မရေရာ ဖြစ်နေသည်။သူ၏မျက်လုံးထဲ၌ ပြုံးသည့် အရိပ်အယောင် လုံးဝ ရှိမနေပေ။

ဂျိုးဆက်ပ်၏ အတွေးများကို ချန်လွေ့ သိသွားမည်ဆိုလျှင် ဟက်ဟက်ပက်ပက် ‌ရယ်မောလိုက်မည်မှာ အသေအချာပင် ဖြစ်သည်။ ခင်ဗျားထင်တာ လုံးဝမှားတယ်။ ကျုပ်က လူသားတစ်ယောက်ပဲ။

“ နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး က နာမည်နဲ့ လိုက်ဖက်ပါပေတယ်။ ရုပ်သေးစွမ်းအားပဲ ဖြစ်ပေမဲ့ အဆောင်ပစ္စည်းရဲ့ စွမ်းအားအကြောင်း ကျုပ်ကို နားလည်သွားစေတယ်။ ”

ဂျိုးဆက်ပ်က ဝိုင်တစ်ခွက် သောက်လိုက်သည်။

“ ကျုပ်သိချင်တာက တော်ဝင်မိသားစု၇စုထဲကဖြစ်တဲ့ အစားကြူး တော်ဝင်မိသားစုက ကျုပ်လို သေးငယ်တဲ့ ဘဏ္ဍာရေးအရာရှိနဲ့ ဘာလို့ပူးပေါင်းချင်ရတာလဲ။ ”

“ ကျုပ် ဒီလို စိတ်ရင်းနဲ့ လာခဲ့တာပါ။ ( ဒီည ဒီကို [ တယ်လီပို့ ] ခုန်ရင်း ထီပေါက်ပြီး မတော်တဆ ရောက်လာတာပဲ။ချီးကို စိတ်ရင်း..... )ခုနက ပြောခဲ့တဲ့ စကားတွေကလည်း ဝတ်ကျေတန်းကျေ မဟုတ်ပါဘူး။ကျုပ်က ရှီရာကို တကယ်လိုချင်တယ်။ဒါပေမဲ့လည်း မိန်းမဆိုတာက ကျုပ်အတွက် ပျော်ရွှင်မှုကို ‌ဖြည့်‌ဆည်းပေးနိုင်တဲ့ ပစ္စည်းတစ်မျိုးပါပဲ။ ဘယ်ဇီဘတ် တော်ဝင်မိသားစုအတွက် ကျုပ်လိုချင်တာက အမှောင်လမြို့ တစ်ခုလုံးပဲ။ ဒီဆန္ဒက ကြယ်ကြွေတမန် အင်ပါယာ တစ်ခုလုံးအထိပါ ရောက်သွားနိုင်တယ်။ ”

ကြက်သီးထစရာ ကောင်းလောက်အောင် ချန်လွေ့ ရယ်မောလိုက်သည်။

“ အမှောင်လမြို့ရဲ့ စားစရာအရင်းအမြစ်တွေနဲ့ အနောက်ဘက်လမ်းကြောင်းက ခင်ဗျားတို့ လိပ်ပြာနီ လက်အောက်မှာ ရှိနေတာပဲ။ ချော်ရည်ပြာနယ်မြေရဲ့ နတ်ဆိုးကုန်ကူး လှည့်ကွက်နဲ့ ယှဉ်ရင် လိပ်ပြာနီနယ်မြေက အမှောင်လမြို့ကို တကယ်ထိန်းချုပ်နေတဲ့သူ‌ပဲ။ အဲဒါကြောင့် ခင်ဗျားနဲ့ အလုပ်လုပ်ဖို့ ကျုပ် ရွေးချယ်ခဲ့တာ။ ”

“ ခင်ဗျားက အမှောင်လမြို့အကြောင်း တော်တော်လေး သိထားတဲ့ပုံပဲ။ တော်ဝင်မင်းသမီးတောင် ခင်ဗျားလောက် မသိလောက်ဘူး။ ”

ဂျိုးဆက်ပ် သိချင်စိတ် ဖြစ်သွားပုံရသည်။

“ ခင်ဗျားဘာလို့ ကျုပ်ကို ရွေးချယ်ရတာလဲ။ကျုပ်ထက် ပိုပြီးစွမ်းဆောင်နိုင်တဲ့ ခါနီတာကို ဘာလို့ မရွေးခဲ့တာလဲ။ ”

“ ဘယ်ဇီဘတ် တော်ဝင်မိသားစုရဲ့ လျို့ဝှက်စွမ်းအားတွေက ခင်ဗျားထင်ထားတာထက် ပိုပြီး ပြင်းထန်တယ်။ ကျုပ်မှာရှိတဲ့ သတင်းအချက်အလက်တွေက အမှောင်လမြို့ အတွက်ပဲ မဟုတ်ဘူး။လိပ်ပြာနီနယ်မြေ အတွက်လည်း ရှိတယ်။ ဥပမာပြောရရင် လိုင်ရာမြို့က ကြက်သွေးနီအစောင့်တွေရဲ့ ကျဆုံးမှုတို့၊ ရှီလန်တောင်‌ဆီကို စနိုးဒင် သွားတာတို့ပေါ့။ ”

ချန်လွေ့ ဆက်လက် ညာဖြီးလိုက်သည်။

“ အမှန်အတိုင်းပြောရရင် ခင်ဗျားက ခါနီတာကို အလဲထိုးနိုင်မလားဆိုတာ ကျုပ် သိပ်ပြီး မသေချာဘူး။ တကယ်လို့ သူ့ကို ခင်ဗျား အနိုင်ယူနိုင်မယ်ဆိုရင်တောင် ခင်ဗျားရဲ့ အဖေကို တွန်းလှန်နိုင်ဦးမှာ မဟုတ်ဘူး။ အရှင် ဂျို့ရှ်က သေလုနီးပါး ဖြစ်နေပြီးတော့ အာဏာကို လွှဲပေးရတော့မယ်လို့ ကျုပ်ကို လာမပြောနဲ့။ ခင်ဗျားတို့ရဲ့အဖေက အလေးချိန်ညှိတမ်း ကစားနေတာပဲ။ အဲဒါကို ခင်ဗျားက ကျုပ်ထက် ပိုသိမှာပါ။ ခင်ဗျားမှာ ဘယ်ဇီဘတ် တော်ဝင်မိသားစုရဲ့ အထောက်အပံ့ရှိမယ်ဆိုရင် ဒီကစားပွဲမှာ ခင်ဗျားက ဇာတ်လိုက်ဖြစ်သွားပြီး။ ကစားခံရမှာ မဟုတ်တော့ဘူး။ ”

ဂျိုးဆက်ပ်သည် လိပ်ပြာနီနယ်မြေ၏ နောက်ဆုံးပေါ် သတင်းအချက်အလက်နှင့် စနိုးဒင်၏ လှုပ်ရှားမှုများအကြောင်း ချန်လွေ့ ပြောသည်ကို ကြားလိုက်ရသည်။ သူ၏ သံသယများ တဖြည်းဖြည်း လျော့ကျသွားသည်။ နောက်ဆုံးစကားမှာ အတော်လေး အရေးကြီးလှသည်။

ဂျိုးဆက်ပ်သည် ပါးနပ်သည်။ သူ စိတ်လှုပ်ရှားသွားသော်လည်း ထိုကဲ့သို့ နှုတ်ကတိမျိုးကို အလွယ်တကူ ယုံကြည်မည် မဟုတ်ပေ။

“ မစ္စတာ အက်ဂ်ယော။ခင်ဗျားပြောတာတွေကတော့ ကောင်းပါတယ်။ ဒါပေမဲ့ ဒီနေ့ ကြည့်ရတာတော့ ခင်ဗျားက ဒီကိုလာတာ စိတ်ရင်းနဲ့မဟုတ်ဘဲ ပြဿနာကို ရှောင်ဖို့ လာတဲ့ပုံပဲ။ အမှောင်လမြို့ရဲ့ အရာရှိတစ်ယောက်အနေနဲ့ ခင်ဗျားအကြောင်းကို ကျုပ် တော်ဝင်မင်းသမီး ရှီရာဆီ သတင်းပို့ဖို့ တာဝန်ရှိတယ်။ ”

“ ဟုတ်ပါတယ်။ ကျုပ်က အ‌ဆောင်ပစ္စည်းရဲ့ အစိတ်အပိုင်းကို သွားခိုးယူဖို့အတွက် နန်းတော်ထဲ ခိုးဝင်ခဲ့တာ။ ဒါပေမဲ့လည်း ရှီရာ လိုက်ဖမ်းတာကို ခံခဲ့ရတယ်။ သူ့ရဲ့အစွမ်းက ကျုပ်နဲ့ ခင်ဗျားထက် သာတယ်။ ကံမကောင်းတာကတော့ သူ့ရဲ့အစွမ်း အကုန်သုံးရင်တောင် ကျုပ်ကို သတ်နိုင်မှာ မဟုတ်ဘူး။ ကျုပ်ရဲ့ အဆောင်ပစ္စည်းကိုတောင် ပြည့်စုံသွားအောင် လုပ်ပေးနိုင်ခဲ့တယ်။ ပြီးတော့လည်း ကျုပ်က ဝတ်ရုံဂိုဏ်း ခေါင်းဆောင်ဆိုတာကို သူမသိဘူးလောက်သေးဘူး။ ”

ချန်လွေ့ ခေါင်းခါလိုက်သည်။သူ၏အသံ၌ ယုံကြည်ချက် အပြည့်ရှိနေသည်။

“ ဒါက ကျုပ်ရဲ့ ကိုယ်ပိုင်အစွမ်းကို သက်သေပြဖို့အတွက် လုံလောက်ပါတယ်။ ခင်ဗျား ခုနကပြောတာ အတည်ဆိုရင်တော့ ခင်ဗျားအတွက် စိတ်မကောင်းဘူး။ တကယ့်ဖြတ်လမ်းကို ခင်ဗျား လက်လျှော့လိုက်သင့်တယ်။ တစ်ချိန်တည်းမှာပဲ ခင်ဗျားက ခင်ဗျားအတွက် အကြီးမား မဟာမိတ်ဖြစ်လာမယ့်သူကို ရန်သူဖြစ်အောင် လုပ်လိုက်တာပဲ။ ”

“ မစ္စတာ အက်ဂ်ယောက ရည်မှန်းချက်တွေ တကယ်ဖြစ်မယ်လို့ တော်တော်လေး ယုံကြည်နေတာလား။ ”

ဂျိုးဆက်ပ်က မျက်မှောင်ကြုတ်ပြီး မေးသည်။ တကယ်လို့ အက်ဂ်ယောရဲ့ သရုပ်မှန်ကို ရှီရာ မသိဘူးဆိုရင်တော့ အင်ပါယာအစောင့် အရံတပ်ဖွဲ့အနေနဲ့ ရှီရာအနားမှာ ပုန်းလျှိုးကွယ်လျှိုးနေနေတာက တကယ့်ကို ပါးနပ်တဲ့ လုပ်ရပ်ပဲ။

“ အခု ကြယ်ကြွေတမန် အင်ပါယာက လွန်ခဲ့တဲ့ နှစ်၄၀၀တုန်းက ကြယ်ကြွေတမန် အင်ပါယာလိုမျိုး မဟုတ်တော့ဘူး။ ကျုပ်တို့ ဘယ်ဇီဘတ် တော်ဝင်မိသားစုရဲ့ အကြီးမားဆုံးရန်သူဖြစ်တဲ့ သန်းခေါင်နေ အရှင်လည်း မရှိတော့ဘူး။ လွန်ခဲ့တဲ့ နှစ်၄၀၀တုန်းက သန်းခေါင်နေအရှင်နဲ့ တိုက်ခိုက်ခဲ့တဲ့ ဘယ်ဇီဘတ် ဘုရင်ကို မှတ်မိလား။ ပြည့်စုံနေတဲ့ နတ်ဘုရား-ဝါးမျိုမျက်နှာဖုံးရယ် ၊ သူ့ရဲ့လက်ရှိအစွမ်းနဲ့ရယ်ဆိုရင် သွေးရောင်အင်ပါယာက ရိုင်ဇန်ကိုတောင် ယှဉ်နိုင်တယ်။ ”

“ ဂလော်ဖင်း ဘယ်ဇီဘတ်လား။ ”

ဂျိုးဆက်ပ် ထိတ်လန့်သွားသည်။ အဲဒီတုန်းက သန်းခေါင်နေအရှင်ရဲ့လက်ထဲမှာ ဂလော်ဖင်း မသေသွားခဲ့ဘူး။ နှစ်၄၀၀လုံး အံကြိတ် ချောင်းမြောင်းပြီးတော့ ရိုင်ဇန်ကို ယှဉ်နိုင်တယ်လို့ပြောတာက အလိမ်အညာ မဖြစ်နိုင်ဘူး။

၎င်းတို့အားလုံးသည် ဖြီးလုံးများ ဖြစ်နေလိမ့်မည်ဟု ဂျိုးဆက်ပ် လုံးဝ ထင်ထားမိခဲ့မည် မဟုတ်ပေ။ ဂလော်ဖင်းသည် သိပ်မကြာခင်က ခန္ဓာကိုယ် ဆုံးရှုံးခဲ့ရပြီး ဝိညာဉ်ကို ချန်လွေ့က ဝါးမျိုလိုက်သည်။ ဝိညာဉ် မရှိတော့သည့်အတွက် သူ မည်ကဲ့သို့ ရိုင်ဇန်ကို ယှဉ်နိုင်မည်နည်း။

“ ပြီးခဲ့တဲ့ နှစ်၄၀၀တုန်းကလည်း သင်ခန်းစာ ရထားပြီးပြီဆိုတော့ ကျုပ်တို့ရဲ့ ကြိုတင်ပြင်ဆင်မှုတွေက ပိုပိုပြီး ကောင်းလာပြီ။ အဆောင်ပစ္စည်းက ဒီလောက် အရေးမကြီးဘူးဆိုရင် ကျုပ်ကိုယ်ကိုယ် အလွယ်တကူ အသိခံမှာမဟုတ်ဘူး။ ဒါပေမဲ့ အခုတော့ အဆောင်ပစ္စည်းက ကျုပ်ရဲ့လက်ထဲမှာ ရှိနေပြီ။အစီအစဉ်တွေ အများကြီးကလည်း စတင်နေပြီ။ ကျုပ်ရဲ့ သရုပ်မှန် ပေါ်ပေါက်သွားရင်တောင် ဒါက ထိုက်တန်ပါတယ်.....။ စကားပြောတာ ဒီလောက်ပဲရပ်တာပေါ့။ ခင်ဗျားသိတာ လုံလောက်သွားပြီ။ ”

စကားပြောပြီးနောက် ချန်လွေ့ မတ်တပ်ရပ်ပြီး ဂျိုးဆက်ပ်နှင့် တိုက်ခိုက်ရန် အမူအရာပြင်လိုက်သည်။ သို့သော်လည်း စိတ်ထဲ၌ တုန်လှုပ်နေလေသည်။

“ နေပါဦး။ တကယ်လို့ ကျုပ်တို့တွေ လုပ်ဖော်ကိုင်ဖက် ဖြစ်သွားမယ်ဆိုရင် ဒီစကားဝိုင်းကို ဆက်လို့ရမလား။ ”

ဂျိုးဆက်ပ် ခဏ စဉ်းစားချင့်ချိန်ပြီး မတ်တပ်ရပ်လိုက်သည်။

“ ဒါကို စကားတစ်ခွန်းတည်းနဲ့ပဲ ရိုးရိုးရှင်းရှင်းလေး လုပ်ရအောင်။ လိပ်ပြာနီနယ်မြေကို ခင်ဗျားပိုင်မယ်။ အမှောင်လမြို့နဲ့ ချော်ရည်ပြာနယ်မြေကို ကျုပ် လိုချင်တယ်။ ပြီးတော့လည်း ကျုပ်တို့ စလုပ်ရှုားတာနဲ့ လိပ်ပြာနီနယ်မြေမှာ ခင်ဗျား ပထမဆုံး ထောက်ခံရမယ်။ ”

ဂျိုးဆက်ပ်အား ချန်လွေ့ စိုက်ကြည့်လိုက်သည်။

“ ခင်ဗျားသဘောတူမယ်ဆိုရင် ကျုပ်တို့က မဟာမိတ်တွေပေါ့။ ဒါကို ခင်ဗျားစဉ်းစားတာ ကြာနေပြီဆိုတာ ကျုပ်သိပါတယ်။ ခင်ဗျားရဲ့ဆုံးဖြတ်ချက်ကို ကျုပ်အခု သိချင်တယ်။ ”

ချန်လွေ့၏စကားများမှာ အနည်းငယ် မောက်မာလွန်းလှသော်လည်း ဂျိုးဆက်ပ်၏နားထဲ၌ ယုံကြည်နိုင်စရာ ကောင်းနေသည်။ မည်သို့ပင်ဆိုစေကာမူ အက်ဂ်ယော၏ နောက်ဘက်တွင် နတ်ဆိုးအရှင်သခင် တစ်ယောက် ရှိသည်။ “ အက်ဂ်ယောဘယ်ဇီဘတ် ” ၏ စကားများအရဆိုလျှင် ဤအစီအစဉ်အား ဘယ်ဇီဘတ် တော်ဝင်မိသားစု ကြံစည်နေသည်မှာ နှစ်ရာပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်သည်။ သူတို့သည် ယခုတွင် ဘာမှမလုပ်ရှားသေးပေ။ လှုပ်ရှားသည့်အခါတွင်လည်း ကမ္ဘာတုန်လောက်သည်အထိ ဖြစ်ပေလိမ့်မည်။

ထိုမတိုင်ခင် ဂျိုးဆက်ပ်သည် ဘယ်ဇီဘတ်တို့၏ အင်အားကို အသုံးချပြီး ညီဖြစ်သူ ခါနီတာနှင့် ဖခင်ဖြစ်သူ ဂျို့ရှ်တို့ကို အနိုင်ယူကာ ရည်မှန်းချက်များကို ဖြည့်ဆည်းနိုင်လေသည်။ ထို့နောက်တွင် ဤမဟာမိတ်အား အမှန်တကယ် ပူးပေါင်းမည်လား၊ နောက်ကျောကို ဓားထိုးမည်လား ဆိုသည်မှာ သူ၏လက်ထဲ၌သာ ရှိလေသည်။ အကြောင်းရင်းမှာ သူသည် လိပ်ပြာနီနယ်မြေ၏ အရှင်အသစ် ဖြစ်လာမည် ဖြစ်သောကြောင့် ဖြစ်သည်။

ဂျိုးဆက်ပ်၏ အကြံအစည်မှာ ကောင်းမွန်သည်။ သို့သော်လည်း ကံဆိုးသည်မှာ “ အက်ဂ်ယောဘယ်ဇီဘတ် ” ဟူသာ အမည်ကပင် အတုဖြစ်နေသည်။ ထိုအကြောင်းများကို စဉ်းစားချင့်ချိန်ရင်း ဂျိုးဆက်ပ်၏ ဦးနှောက်ဆဲလ်များ ကုန်ဆုံးသွားပြီ ဖြစ်သည်။

“ မိတ်ဆွေ။ဂျိုးဆက်ပ် အယ်လ်ဗင်က ခင်ဗျားရဲ့ တကယ့်မိတ်ဆွေ ဖြစ်ချင်ပါတယ်။ ”

ဂျိုးဆက်ပ် ဖန်ခွက်မြှောက်ပြီး သဘောထားကို ဖော်ပြလိုက်သည်။

“ သိပ်ကောင်းတယ်။အက်ဂ်ယော ဘယ်ဇီဘတ်က ခင်ဗျားကို လက်ခံပြီးတော့ ရင်းနှီးမှူကို ပြသရ‌တာပေါ့။ ”

ချန်လွေ့လည်း ခွက်မြှောက်လိုက်သည်။

“ မိတ်ဆွေ တစ်ယောက်အနေနဲ့ ကျုပ် တောင်းဆိုစရာ တစ်ခုရှိတယ်။ အခုအချိန် အတောအတွင်း တော်ဝင်မင်းသမီးကို မထိနဲ့။ ကျုပ်ကိုယ်တိုင် လုပ်ချင်တယ်။ သေချာတာကတော့ ခင်ဗျားရဲ့ အစွဲအလမ်းကိုလည်း ကျုပ်ဝင်ရှုပ်မှာ မဟုတ်ဘူး။ ”

“ ကျုပ်တို့အားလုံး ကိုယ်လိုချင်တာ ရကြမှာပါ။ မိတ်ဆွေ။ ”

ဂျိုးဆက်ပ်က မရေမရာ ပြုံးပြလိုက်သည်။

“ နတ်ဆိုးဘုံက စကားတစ်ခွန်းကိုလည်း မမေ့နဲ့ဦး။ ပန်းပွင့်ဆိုတာ ပိုလှလေလေ ပိုအဆိပ်ရှိလေလေပဲ။ ”

“ ဒါပေမဲ့ တခြားတစ်ခုလည်း ရှိသေးတယ်။ ဝိုင်ဆိုတာ ပြင်းလေလေ အနံ့သင်းလေလေပဲတဲ့။ ”

ချန်လွေ့ ပြန်ဖြေပြီးနောက် နှစ်ယောက်သား တစ်ပြိုင်နက်တည်း ရယ်လိုက်ကြသည်။ သူတို့နှစ်ယောက်သည် စိတ်ထဲ၌ လှောင်ရယ်နေကြခြင်း ဖြစ်နိုင်ပေသည်။

ချန်လွေ့သည် လိမ်ပြော၍ လိုချင်သည့်အရာကို အရယူနိုင်ခဲ့သည်။ သို့သော် အရေးကြီး‌ဆုံးမှာ နိမ့်ကျနေသော အခြေအနေများ (ရှီရာ အထင်လွဲတာနဲ့ လိုက်ဖမ်းခံရတာမျိုး )မှ ဂျိုးဆက်ပ်၏ ယုံကြည်မှုကို ရရှိနိုင်ခြင်းအဖြစ် အခွင့်ကောင်းယူရန် ဖြစ်သည်။ သို့သော်လည်း ဂျိုးဆက်ပ်၏ ယုံကြည်မှုကို ပိုမိုရရှိရန်အတွက် ချန်လွေ့သည် သင့်တော်သည့် အကျိုးအမြတ်များကို ပေးရမည်ဖြစ်သည်။

ထိုအချိန်၌ ရွိုင့်စ်သည် အလောင်းကို ရှင်းပြီးပြီ ဖြစ်သည့်အတွက် ပြန်ရောက်လာပြီး ဂျိုးဆက်ပ်ကို ဦးညွှတ်လိုက်သည်။

“ အင်ပါယာအစောင့် ခေါင်းဆောင် ခါဂူရွန်က သံသယရှိသူအကြောင်း လာမေးတယ်။ ဒါက ဆရာ့ရဲ့ အလုပ်ကိစ္စကို အနှောင့်အယှက်ဖြစ်မှာ စိုးလို့ ခွင့်ပြုချက်မရှိဘဲ ကျုပ်သူ့ကို ပြန်လွှတ်လိုက်မိပါတယ်။ ”

ဂျိုးဆက်ပါ ခေါင်းညိတ်လိုက်သည်။

“ မင်းလုပ်တာမှန်တယ်။အခု ငါတို့တွေက တကယ့် မဟာမိတ်တွေ ဖြစ်သွားကြပြီ။ ”

“ မိတ်ဆွေ။ ကျုပ်ရဲ့ စိတ်ရင်းကို ပြသတဲ့အနေနဲ့ ခင်ဗျားကို အဖိုးတန် လက်ဆောင်တစ်ခုပေးမယ်။ ”

ချန်လွေ့က ပစ္စည်းတစ်ခု ထုတ်လိုက်သည်။

“ ဒါပေမဲ့ စိတ်ရင်းဆိုတာကလည်း အပြန်အလှန်ပေါ့။ ကျုပ်လည်း တစ်ခုခု ပြန်လိုချင်တယ်။ ”

ဂျိုးဆက်ပ် အနည်းငယ် အံ့အားသင့်သွားသည်။ ဖြည်းဖြည်းချင်း ဖွင့်နေသော ချန်လွေ့၏ လက်ဝါးကို ကြည့်ရင်း ဂျိုးဆက်ပ်၏ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်။ သူ တည်တည်ငြိမ်ငြိမ် မနေနိုင်တော့ဘဲ သူ၏မျက်လုံးများ ချက်ချင်း ရဲရဲနီသွားသည်။

“ မိစ္ဆာသစ်သီး ”

ရွိုင့်စ်နှင့် ဗာဆာရှာတို့လည်း အံ့အားသင့်သွားကြသည်။ ဗာဆာရှာ အံ့အားသင့်သွားသည်မှာ မိစ္ဆာသစ်သီးကြောင့် ဖြစ်ပြီး ရွိုင့်စ် အံ့အားသင့်သွားသည်မှာ မျက်နှာဖုံးနှင့်လူ၏ သရုပ်မှန်ကြောင့် ဖြစ်သည်။ ယခုတွင် မင်းသမီးရှီရာက တစ်မြို့လုံးကို လိုက်ဖမ်းရန် အမိန့်ပေးထားသော “ ဘယ်ဇီဘတ်တော်ဝင်မိသားစုဝင် ” သည် သူ၏သခင် ဖြစ်နေကြောင်းကို အတည်ပြုလိုက်နိုင်သည်။

ဂျိုးဆက်ပ် ပင့်သက်ရှိုက်လိုက်ပြီး တဖြည်းဖြည်းနှင့် ပြန်လည်တည်ငြိမ်သွားသည်။ သို့သော်လည်း သူ၏ နှလုံးသား လှုပ်ရှားနေဆဲပင်ဖြစ်သည်။ သူ၏ညီဖြစ်သူ ခါနီတာကို ဖခင်ဖြစ်သူက သူ့ထက် ပို၍တန်ဖိုးထားရသည့် အဓိကအကြောင်းရင်းမှာ ပါရမီနှင့် စွမ်းအားကြောင့် ဖြစ်သည်။ ခါနီတာသည် အလွန် ပါရမီရှိပြီး မဟာနတ်‌‌ဆိုးဘုရင်အဆင့် အနားသို့ နီးကပ်နေပြီ ဖြစ်သည်။ သို့သော်လည်း ဂျိုးဆက်ပ်သည် နတ်ဆိုးဘုရင်အဆင့် အလတ်ပိုင်း၌သာ တန့်နေခဲ့သည်။ အကယ်၍ သူ့တွင် မိစ္ဆာသစ်သီးရှိမည်ဆိုလျှင် တစ်ဆို့မှုကို ချိုးဖောက်ပြီး မဟာနတ်ဆိုးဘုရင်အဆင့်သို့ အဆင့်တက်နိုင်ချေ မြင့်မားလာနိုင်သည်။ မည်သို့ပင် ဆိုစေကာမူ မိမိကိုယ်ပိုင် အစွမ်းအစသည်သာ အရေးအကြီးဆုံးနှင့် လက်တွေ့အကျဆုံး ဖြစ်သည်။

ဂျိုးဆက်ပ်သည် စိတ်လှုပ်ရှားမှုကို ဖိနှိပ်ပြီး မေးလိုက်သည်။

“ ဒီလက်ဆောင်က တကယ့်ကို တန်ဖိုးကြီးတာပဲ။ မိတ်ဆွေ။ ခင်ဗျားကို ကျေနပ်စေနိုင်ဖို့ ကျုပ် ဘယ်လို စိတ်ရင်းမျိုးကို ပေးရမှာလဲ။ ”

“ ဖန်ကျောက်နှလုံးသားနဲ့ ဓမ္မတေး သစ်သီး။ ”

ဂျိုးဆက်ပ်အား မိစ္ဆာသစ်သီး ပေးရသည်မှာ နှမြောစရာ ကောင်းသော်လည်း ချန်လွေ့အဖို့ ဖန်ကျောက်နှလုံးသားထက် မည်သည်ကမှ ပို၍ အရေးမကြီးပေ။ အကယ်၍ ဂျိုးဆက်ပ်သာ နတ်ဆိုးဘုရင်အဆင့် ထိပ်သီးပိုင်း သို့မဟုတ် မဟာနတ်ဆိုးဘုရင်အဆင့် အထိပါ ချိုးဖောက်သွားနိုင်သည့်တိုင် ချန်လွေ့သည် ထိုရန်သူကို နှိမ်နင်းနိုင်မည်ဟု လုံးဝယုံကြည်မှု ရှိနေသည်။

ဂျိုးဆက်ပ်က တည်တည်ငြိမ်ငြိမ်နှင့် ပြောသည်။

“ နှစ်ခုစလုံးကတော့ ရှားပါး ရတနာတွေပဲ။ကျုပ်မှာ ဖန်ကျောက်နှလုံးသား တစ်ခုတော့ရှိတယ်။ ဒါပေမဲ့ အဲဒါကို လိပ်ပြာနီနယ်မြေမှာ သိမ်းထားတာ။ကျုပ် မနက်ဖြန် အဲဒီကို ကိုယ်တိုင်သွားမယ်။ အနည်းဆုံးတော့ နောက်သုံးရက်နေရင် ကျုပ်ပြန်လာမယ်။ ဒါပေမဲ့ ဓမ္မတေး သစ်သီးကတော့.....ကျုပ်မှာ တကယ် မရှိဘူး။ တစ်ခုခုနဲ့များ အစားထိုးလို့ ရမလား။ ဥပမာပြောရရင် မှော်ပစ္စည်းဖြစ်ဖြစ် မှော်ကိရိယာဖြစ်ဖြစ်ပေါ့။ ”

ဖန်ကျောက်နှလုံးသား၏ တည်နေရာအကြောင်း ကြားလိုက်ရသည့်အခါ ချန်လွေ့၏ နှလုံးသား လှုပ်ရှားသွားသည်။ ကံကောင်းစွာပင် မျက်နှာဖုံး ရှိနေသည့်အတွက် သူ၏စိတ်လှုပ်ရှားနေမှုကို မည်သူမျှ မမြင်ရခဲ့ပေ။ အခြားတစ်ဖက်၌ ဂျိုးဆက်ပ်၏ လိုချင်မှုများသည် ချန်လွေ့၏ မျက်လုံးအောက်မှ မလွတ်သွားခဲ့ပေ။ ထို့ကြောင့် ချန်လွေ့ လှောင်ပြုံးပြုံးလိုက်သည်။

“ ကျုပ်တို့ ပူးပေါင်းဖို့ သတ်မှတ်ချက်တွေထဲမှာ ကျုပ်ရဲ့ ချိပ်ပိတ်ကို ပယ်ဖျက်ဖို့အတွက် ခင်ဗျားဆီက အရင်းအမြစ်တွေ သုံးလို့ရတယ်လို့ ပြောခဲ့တာကို ကျုပ် မှတ်မိသေးတယ်။ အဲဒီတော့ မှော်ပစ္စည်းတွေ၊ မှော်ကိရိယာတွေက ကျုပ်မှာ နဂိုကတည်းက ရှိနေတဲ့ အထူးရပိုင်ခွင့်တွေပဲ မဟုတ်လား။ ”

ဂျိုးဆက်ပ်သည် ချန်လွေ့အား အလွန်လောဘကြီးသည့်အတွက် စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။သို့သော်လည်း သူသည် မိစ္ဆာသစ်သီးကို အရယူရမည် ဖြစ်သည်။ ထိုအချိန်၌ မကျေနပ်သည့် အမူအရာမျိုး ပြ၍မဖြစ်ကြောင်း သိသည့်အတွက် ဂျိုးဆက်ပ် ချက်ချင်း သဘောတူလိုက်သည်။

“ ပြဿနာမရှိပါဘူး။ မှော်စတိုးဆိုင်ကို တာဝန်ယူထားတာက ရွိုင့်စ်ပါ။ မှော်စတိုးဆိုင်ကိုတော့ ပြန်တည်ဆောက် ပြီးပါပြီ။ တစ်ခုခုလိုချင်ရင် သူ့ကို ပြောလို့ရတယ်။ ဓမ္မတေးသစ်သီးအတွက်တော့ ကျုပ် လူလွှတ်ပြီး စုံစမ်းခိုင်းလို့ရပါတယ်..... ”

ဂျိုးဆက်ပ်တွင် အမှန်တကယ်ပင် ဓမ္မတေးသစ်သီး မရှိကြောင်း ချန်လွေ့ သိလိုက်သည်။ ထို့နောက် ချန်လွေ့ သက်ပြင်းချလိုက်သည်။

“ ဒါက မိတ်ဖြစ်ဆွေဖြစ် သင်္ကေတဆိုတော့ ကျုပ် ခင်ဗျားအတွက် ခက်ခဲအောင် မလုပ်တော့ပါဘူး။ အခြားတစ်ခုခုနဲ့ လဲလှယ်လိုက်မယ်။ ကျုပ်လိုချင်တာက ဖန်ကျောက်နှလုံးသားနဲ့...... ”

ချန်လွေ့၏ မျက်လုံးများသည် ရွိုင့်စ်ကို ဖြတ်ကျော်သွားပြီး ဗာဆာရှာ၏ ခန္ဓာကိုယ်ပေါ်သို့ ရောက်ရှိသွားသည်။ ချန်လွေ့သည် အတော်လေးကြည့်ကောင်းသော မဟာနတ်ဆိုးမကို လက်ညှိုးထိုးလိုက်သည်။

“ ဒီမိန်းမကို ကျုပ် လိုချင်တယ်။ ”

All Chapters