“စိတ်ရင်း” အပေးအယူ။ဗာဆာရှာ
Vol. 12 Ch. 176
“ ဒီမိန်းမရဲ့ တန်ဖိုးက ဓမ္မတေးသစ်သီးနဲ့တော့ မယှဉ်နိုင်ဘူး။ ဒါပေမဲ့ သူ့ရဲ့ စိတ်သဘောထားကိုတော့ ကျုပ်သဘောကျတယ်။ ”
ချန်လွေ့က အသာလေး ပြောလိုက်သည်။
“ လွန်ခဲ့တဲ့ သုံးလေးရက်တုန်းက အစေခံကို ကျုပ်သတ်ပစ်မိလို့ အသစ်လိုနေတာ။ ဓမ္မတေးသစ်သီး အတွက်တော့ အဲဒီအကြောင်း သတင်းတွေကို ခင်ဗျား ကူညီပြီး စုံစမ်းပေးပေါ့။ ”
ဗာဆာရှာ ကြက်သေသွားပြီး မျက်နှာ တင်းမာသွားသည်။ ချက်ချင်းပင် သူသည် ချန်လွေ့အရှေ့၌ ပေါ်ထွက်လာခဲ့သည်။ သူ၏လက်ထဲ၌ တောခုတ်ဓားတစ်လက်ရှိနေပြီး ချန်လွေ့အား အားကုန်ခုတ်ပိုင်းလိုက်သည်။ ချန်လွေ့ လုံးဝမလှုပ်ပေ။ သူ လှောင်ပြုံးပြုံးပြီး ချက်ချင်း ပျောက်ကွယ်သွားသည်။ ဗာဆာရှာ၏ခုတ်ချက် လွဲချော်သွားတော့သည်။ ထို့နောက် ဗာဆာရှာသည် ပြင်းထန်သော သက်ရောက်မှုအားတစ်ခုကို ခံစားလိုက်ရပြီး အားပြင်းသော ပါးရိုက်ချက်ကြောင့် မြေပြင်ပေါ်သို့ လဲကျသွားသည်။ သူ၏ပါးစပ်မှ သွေးများ စီးကျလာတော့သည်။
ပါးရိုက်လိုက်သူမှာ ဂျိုးဆက်ပ်ဖြစ်နေသည်။
ချန်လွေ့၏ပုံရိပ်သည် ချက်ချင်းပင် မူလနေရာသို့ ပြန်လည်ရောက်ရှိသွားသည်။ ထို့နောက် ချန်လွေ့သည် ဂျိုးဆက်ပ်အား အသာလေး ကြည့်လိုက်သည်။
နှစ်ဆင့် တယ်လီပို့ခုန်ခြင်းပဲ။ ဂျိုးဆက်ပ်သည်လည်း မဟာနတ်ဆိုး မိသားစုဝင်ပင် ဖြစ်သည်။ သူ ထိတ်လန့် သွားခဲ့သည်။ ဒီ အက်ဂ်ယောကိုတော့ မတွေးတတ်တော့ဘူး။ သူက သွေးမျိုးဆက် ပါရမီတွေနဲ့ ဘယ်ဇီဘတ် တော်ဝင်မိသားစုရဲ့ အဆောင်ပစ္စည်းကို မသုံးရသေးဘူး။ ဒါတောင် သူ တော်တော်လေး အစွမ်းထက်နေပြီ။ သူ ငါ့ကို ရုတ်တရက် မတိုက်ခိုက်လို့ တော်သေးတာပေါ့။
“ စာချုပ် ထုတ်ပေးလိုက်။ ”
ဂျိုးဆက်ပ်သည် ရွိုင့်ကို ကျော်ပြီး ဗာဆာရှာအား အော်ပြောလိုက်သည်။
“ အခုပဲ ထုတ်ပေးလိုက်။ ”
ဗာဆာရှာ မယုံကြည်နိုင် ဖြစ်နေသည်။ ရွိုင့်စ်သည် လက်သီးကို ကျစ်ကျစ်ဆုပ်ရင်း အလွန် ခံစားရနေပုံပေါ်သည်။ ထိုကဲ့သို့ အမူအရာများကို ဂျိုးဆက်ပ် မျှော်မှန်းထားခဲ့ပြီးသား ဖြစ်သည်။
သို့သော်လည်း ရွိုင့်စ် ခံစားနေရသည်မှာ အခြားအကြောင်းရင်းဖြစ်သော ကတိ တစ်ခုကြောင့်ဖြစ်မည်ဟု ဂျိုးဆက်ပ် လုံးဝ ထင်ထားခဲ့မည် မဟုတ်ပေ။ ဒီနည်းလမ်းကို သုံးပြီး ဗာဆာရှာကို သခင်က ပြန်ယူပေးမယ်လို့ ဘယ်သူတွေးမိမှာလဲ။
ဂျိုးဆက်ပ်၏ အေးစက်ပြီး သတ်ဖြတ်ချင်စိတ် ပြည့်နေသော မျက်နှာကိုကြည့်ရင်း ဗာဆာရှာ၏မျက်လုံးများ နီရဲသွား၏။ သူ၏ခန္ဓာကိုယ် အနည်းငယ် တုန်ခါသွားပြီး တဖြည်းဖြည်းနှင့် အနီရောင်မျက်လုံးများ မီးခိုးရောင် ပြောင်းသွားသည်။ နောက်ဆုံး၌ ဗာဆာရှာသည် ချန်လွေ့အရှေ့သို့လာပြီး ဒူးတစ်ဖက် ထောက်လိုက်သည်။ ထို့နောက် ထုံအအအမူအရာနှင့်အတူ ကျွန်-သခင် စာချုပ်အား ကမ်းလှမ်းလိုက်သည်။
ချန်လွေ့သည် စာချုပ်ကို စမ်းကြည့်သည်။ လက်ခံ၍ ရသေးသည့်အတွက် ချက်ချင်းပင် လက်ခံရန် ရွေးချယ်လိုက်သည်။ လက်ရှိ၌ ဂျိုးဆက်ပ်၏ ကောက်ရိတ်ဓား သုံးလက်စလုံးသည် ချန်လွေ့၏ အစေခံများ ဖြစ်နေပြီ ဖြစ်သည်။ တင်၊ ဒိုဒိုနှင့် စလီတို့ပါ ပေါင်းလိုက်လျှင် အစေခံ၆ယောက် ရှိနေလေပြီ။ အဆိပ်နဂါး၏ သဟဇီဝစာချုပ်နှင့် ထပ်ပေါင်းလျှင် စာချုပ် စုစုပေါင်း ၇ခု ရှိနေပြီ ဖြစ်သည်။ စာချုပ်လက်ခံနိုင်သည့် အရေအတွက် အကန့်အသတ်ရှိလိမ့်မည်ဟု ချန်လွေ့ ရေးရေးလေး ခံစားနေရသည်။ သို့သော်လည်း ယခုအချိန်အထိ မည်မျှ လက်ခံနိုင်ကြောင်း ချန်လွေ့ မသိသေးပေ။ စနိုးဒင်ကိစ္စမှာ နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး၏ “ ထပ်တိုးအစွမ်း ” ဖြစ်သောကြောင့် စာချုပ်နှင့် မသက်ဆိုင်ခြင်း မရှိပေ။
“ နည်းနည်း ခုခံမှုရှိတာက ပိုကောင်းတယ်။ ဒီမိန်းမက ကျုပ်ကို အနိုင်ယူချင်အောင် လုပ်နေတယ်။ ”
ချန်လွေ့ ခပ်ညစ်ညစ် ရယ်လိုက်သည်။
“ ကျုပ်ကအရက်ပြင်းမှ ကြိုက်တာ။ မဟုတ်ရင် သူ့ကို အဆောင်ပစ္စည်းအစွမ်းနဲ့ ရုပ်သေး လုပ်လိုက်တာကြာပြီ။ မိတ်ဆွေ။ လက်ဆောင်အတွက် ကျေးဇူးပါပဲ။ နေရာတစ်နေရာရှာပြီး ခံစားကြည့်ဖို့ မစောင့်နိုင်တော့ဘူး။ နောက်နှစ်ရက်နေလို့ လိပ်ပြာနီနယ်မြေကနေ ခင်ဗျားပြန်လာရင် ရေကန်ပြာမှာ တွေ့ကြတာပေါ့။ ”
“ ရေကန်ပြာက ဝေးလွန်းတယ်။ ပြီးတော့ အဆိပ်နဂါးကလည်း အိပ်ပျော်နေတုန်းပဲ။ မြောက်ဘက် ဆင်ခြေဖုံးက တောင်မဲမှာပဲ တွေ့ရအောင်။ ”
ရေကန်ပြာကို အကြံပြုလိုက်ခြင်းမှာ ချန်လွေ့၏ လက်တန်းအကြံ ဖြစ်သည်။ ဂျိုးဆက်ပ် သတိရှိနေလိမ့်မည်ဟု ချန်လွေ့ မထင်ထားခဲ့ပေ။ ချန်လွေ့ အကြံတစ်ခု ရသွားပြီး သဘောတူလိုက်သည်။
ဂျိုးဆက်ပ်က အစေခံကိုခေါ်ပြီး ချန်လွေ့နှင့် ဗာဆာရှာတို့အား အပြင်သို့ လိုက်ပို့ခိုင်းသည်။
ချန်လွေ့နှင့် ဗာဆာရှာတို့ ထွက်သွားပြီးနောက် ဂျိုးဆက်ပ်သည် ရွိုင့်စ်အား စိတ်ဝင်တစား ကြည့်ပြီး ရုတ်တရက် မေးသည်။
“ လိုက်သွားချင်လား။ ”
ရွိုင့်စ် အနည်းငယ် တုံ့ဆိုင်းသွားပြီး ခေါင်းညိတ်သည်။ ဂျိုးဆက်ပ်က ခေါင်းခါပြီး သက်ပြင်းချလိုက်သည်။
“ ငါသူ့ကို ဗာဆာရှာ ပေးချင်တယ် ထင်လား။ ခုနက သူနှစ်ဆင့် တယ်လီပို့ခုန်သွားတာကို မြင်လိုက်လား။ အဲဒီ အက်ဂ်ယောက ဘယ်ဇီဘတ် တော်ဝင်မိသားစုရဲ့ ဆက်ခံသူ အစစ်အမှန်ပဲ။ ချိပ်ပိတ်ထားတာကို လုံးဝ မချိုးဖျက်နိုင်သေးတာတောင် ငါ့နဲ့ အစွမ်းတူတူရှိနေပြီ။ ဒါတောင် “ နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး ” မပါသေးဘူး။ ခုနကတုန်းက ဘယ်မှော်စက်ဝိုင်းကိုမှ အသက်မဝင်စေဘဲနဲ့ ငါ့ရဲ့တားမြစ်နယ်မြေထဲကို သူဝင်လာခဲ့တာ။ သူ တမင် သတိမပေးခဲ့ရင် ငါသတိထားမိမှာ မဟုတ်ဘူး။ သူတကယ်လို့ ဗာဆာရှာကို အတင်းခေါ်သွားမယ်ဆိုရင် ငါအပါအဝင် ဘယ်သူမှ တားနိုင်မှာ မဟုတ်ဘူး။ ”
ရွိုင့်စ် လက်သီးဆုပ်လိုက်သည်။ သူ၏ခန္ဓာကိုယ် အနည်းငယ် တုန်ခါသွားသော်လည်း စိတ်ထဲ၌ လှောင်ပြုံးပြုံးနေလေသည်။ ဘယ်ဇီဘတ် တော်ဝင်မိသားစု ဟုတ်လား။ သူက လူသားဆိုတာ အသေအချာကြီး။“ နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး ”ကိုတော့..... မယုံနိုင်စရာ စွမ်းအားတစ်ခုလို့ပဲ ပြောရမယ်။ တစ်လတည်းနဲ့ အရှိန်မြန်တိုးပွားနေတဲ့ ဒီစွမ်းအားအပြင် သခင့်ရဲ့အစွမ်းက ဂျိုးဆက်ပ်ကိုတောင် ယှဉ်နိုင်တဲ့အထိ ရောက်နေပြီပဲ။
ရွိုင့်စ်အား စိတ်လှုပ်ရှားစေဆုံးမှာ ရေကန်ပြာ၌ ကျွန်-သခင်စာချုပ် ချုပ်ဆိုစဉ်က ပြုလုပ်ခဲ့သော ကတိ အမှန်တကယ် ဖြစ်လာခြင်းပင် ဖြစ်သည်။
“ ရွိုင့်စ် ”
ဂျိုးဆက်ပ် ရုတ်တရက် အော်ပြောလိုက်သည်။
“ မင်း နိုးထစမ်းပါ။ လွန်ခဲ့တဲ့ နှစ်၁၀၀တုန်းက မင်းလုပ်ခဲ့တာကို မှတ်မိလား။ အရတ်စ်က စွမ်းအားအတွက် ငါ့ဆီမှာ အညံ့ခံခဲ့တယ်။ မင်းကရော။ မင်းကတော့ စိတ်ပြောင်းသွားတဲ့ မိန်းမတစ်ယောက်အတွက် အညံ့ခံခဲ့တာလေ။ ဒီနှစ်တွေထဲမှာ မင်းရသင့်ရထိုက်တဲ့ ဂုဏ်သိက္ခာတွေကို တွေးမိရဲ့လား။ တစ်ချိန်တုန်းက ဂုဏ်ကျက်သရေ ရှိခဲ့တဲ့ မင်းရဲ့မိသားစုအကြောင်း တွေးမိရဲ့လား။ မင်းမှာ ကလေးတောင် မရှိဘူး။ ခွန်ဒါ မိသားစု မျိုးဆက်က မင်းလက်ထဲမှာ ဆုံးရှုံးသွားတော့မှာ။ ”
ရွိုင့်စ် ခေါင်းငုံ့ပြီး ရှက်သွားသည်။ ဂျိုးဆက်ပ်၏ ရန်စသော စကားများမှာ အတော်လေး မှန်ကန်သည်ဟု ပြော၍ရသည်။ သို့သော်လည်း ရွိုင့်စ်အတွက်မူ ထိုစကားများသည် ရှက်ရွံ့ခြင်းကိုသာ ဖြစ်စေသည်။ ဂျိုးဆက်ပ်သည် တန်ဖိုးကိုသာ ကြည့်သည်။ သူသည် ဗာဆာရှာအား စွန့်ပစ်သကဲ့သို့ပင် စွန့်ပစ်ချင်သူကို စွန့်ပစ်မည် ဖြစ်သည်။
“ ဒီနေ့ အက်ဂ်ယောနဲ့ငါ အလုပ်တွဲလုပ်တာက လိပ်ပြာနီအရှင်သခင် နေရာကိုရဖို့အတွက် သူကူညီပေးနိုင်လို့ ဆိုတာကို ငြင်းစရာမရှိပါဘူး။ အခု မင်းအတွက် လမ်းနှစ်လမ်း ရှိတယ်။ တစ်ခုက အက်ဂ်ယောရဲ့ ကစားစရာ ဖြစ်လာမယ့် မိန်းမနောက်လိုက်သွား။ ပြီးရင် ငါ့ဆီကို ပြန်မလာနဲ့တော့။ အသုံးမကျတဲ့သူတစ်ယောက် ထွက်သွားမှာကို ငါတားမှာ မဟုတ်ဘူး။ ဒုတိယတစ်ခုကတော့ ရယ်စရာကောင်းတဲ့ အရင်က အဲဒီအနှောင်အဖွဲ့တွေကို ချန်ထားခဲ့လိုက်။ ပြီးရင် ငါ့ဆီမှာ သစ္စာခံပြီးတော့ မင်းရဲ့ ထူးခြားတဲ့ပါရမီတွေကို ကောင်းကောင်း အသုံးချ။ ငါ လိပ်ပြာနီအရှင်သခင် ဖြစ်တဲ့နေ့က ခွန်ဒါမိသားစုရဲ့ မျိုးရိုးနာမည်နဲ့ ဂုဏ်သိက္ခာ ပြန်ရမယ့်နေ့ပဲ။ ”
ရွိုင့်စ် စိတ်လှုပ်ရှားသွားပုံရသည်။ သူ အချိန်အကြာကြီး တွေးတောပြီး နောက်ဆုံး၌ ဆုံးဖြတ်ချက် ချလိုက်သည်။ ရွိုင့်စ်သည် ဂျိုးဆက်ပ်အား အရိုအသေပေးကာ ဒူးထောက်ပြီး ကျယ်လောင်တကြား အော်ပြောသည်။
“ ကျုပ် ရွိုင့်စ်က နတ်ဆိုးဘုရားသခင်နာမည်နဲ့ ကျိန်ဆိုပါတယ်။ ခွန်ခါမိသားစုရဲ့ ဂုဏ်သိက္ခာ ပြန်လည် ရရှိဖို့အတွက် ကျုပ်အစွမ်းကုန် အားထုတ်မှာပါ။ ”
ဂျိုးဆက်ပ်သည် ရွိုင်စ့်၏ အမူအရာအား လေ့လာကြည့်နေခဲ့သည်။ ရွိုင့်စ်က နတ်ဆိုးဘုရားသခင် နာမည်ဖြင့် ကျိန်ဆိုလိုက်သည်ကို တွေ့လိုက်သည့်အခါ ဂျိုးဆက်ပ် ခေါင်းညိတ်လိုက်သည်။ အကယ်၍ ရွိုင့်စ်သာ ပထမလမ်းကို ရွေးချယ်မည်ဆိုလျှင် အသက်ရှင်ခွင့် ပေးမည်မဟုတ်ပေ။ နောက်ဆုံး၌ ဂျိုးဆက်ပ် ထင်ထားသည့်အတိုင်းပင် ရွိုင့်စ်သည် ဒုတိယလမ်းကို ရွေးခဲ့သည်။
သို့သော်လည်း ထိုကျိန်ဆိုမှု၌ အနာဂါတ်အရှင်သခင်၏ နာမည်မပါသည်ကို ဂျိုးဆက်ပ် သတိမထားမိခဲ့ပေ။ ရွိုင့်စ်၏ မိသားစုက ဂျိုးဆက်ပ်၏ ဖခင်ဖြစ်သူက ဖျက်ဆီးခဲ့သည်။ ထို့ပြင် ခါနီတာလည်း ၎င်းကို လက်ခံမည် မဟုတ်ပေ။ ရွိုင့်စ်၏ မိသားစုနာမည်ကို ပြန်လည်ရရှိရန်အတွက် အကောင်းဆုံး နည်းလမ်းမှာ ဘယ်ဇီဘတ် တော်ဝင်မိသားစု၏ ထောက်ခံမှု ရရှိထားသော ဂျိုးဆက်ပ်ထံ၌ သစ္စာခံခြင်းပင် ဖြစ်သည်။
သနားစရာ “ အနာဂတ်အရှင်သခင် ” သည် ရွိုင့်စ် ဟန်ဆောင်နေကြာင်း မသိရှိခဲ့ပေ။ ထိုကျိန်ဆိုမှု၏ ရည်ရွယ်ချက်မှာ အခြားအစစ်အမှန်သခင်အတွက် ဖြစ်နေခြင်းဖြစ်သည်။
“ ဆရာ့ကို စာချုပ် ကမ်းလှမ်းဖို့လိုအပ်လား။အရင်တုန်းက ဆရာ့အတွက် ကြိုတင် ကာကွယ်တဲ့အနေနဲ့ ကျွန်တစ်ယောက်ကို လက်ခံခဲ့ဖူးတယ်။ ဆရာက သစ္စာခံမှုရဲ့ သက်သေကိုလိုချင်တယ်ဆိုရင်တော့ ကျုပ် သူ့ကို ချက်ချင်း သတ်ပစ်လိုက်ပါ့မယ်။ ပြီးရင် ဆရာ့ကို ကျွန်-သခင်စာချုပ် ကမ်းလှမ်းမှာပါ။ ”
“ စာချုပ် ” ချုပ်ခံရခြင်းမှ ကာကွယ်ရန်အတွက် ကျွန်တစ်ယောက် လက်ခံခြင်းမှာ နတ်ဆိုးဘုံ၌ အသုံးများကြသော နည်းလမ်းတစ်ခု ဖြစ်ပေသည်။ သို့သော်လည်း စာချုပ်ချုပ်ဆိုထားသည့်အတွက် အမှန်တကယ်လိုအပ်သည့် အခြားအစေခံ တစ်ယောက်ကို လက်မခံနိုင်ပေ။ အမှန်တကယ်၌ ရွိုင့်စ်တွင် အစေခံ မရှိပေ။ ချန်လွေ့အား သခင်အဖြစ် လက်ခံပြီးနောက် ရွိုင့်စ်သည် ကျွန်-သခင်စာချုပ် လက်ခံ၍မရတော့ချေ။ ဂျိုးဆက်ပ်၏ ယုံကြည်မှုကို လုံးဝရရှိရန်အတွက် ရွိုင့်စ်သည် ထိုမေးခွန်းကို တမင်မေးလိုက်ခြင်း ဖြစ်သည်။
အမှန်တကယ်၌ ရွိုင့်စ်သည် သူ၏ ဖအေတူ မအေကွဲ လီဒိုက မိသားစုပျက်စီးရခြင်းအတွက် တာဝန်ရှိသော အကြီးမားဆုံးရန်သူဖြစ်ကြောင်း သိရှိသွားခဲ့သည်မှာ ကြာပြီဖြစ်သည်။ အစောကြီးကတည်းက လီဒိုသည် ဂျိုးဆက်ပ်နှင့် ကျွန်-သခင် စာချုပ် ချုပ်ဆိုထားခဲ့သည်။ ဂျိုးဆက်ပ်သည် ချန်လွေ့ကဲ့သို့မဟုတ်ပေ။ စိတ်ဝိညာဉ်စာချုပ် တစ်ခုထက်ပိုပြီး ချုပ်ဆို၍ မရပေ။ ထို့ကြောင့်ပင် ရွိုင့်စ်က ထိုကဲ့သို့ အရဲစွန့်ရဲခြင်း ဖြစ်သည်။
ဂျိုးဆက်ပ်က ရွိုင့်စ်သည် ကြိုတင်ကာကွယ်သော နည်းလမ်းများကိုပါ ပြောပြလာကြောင်း သိလိုက်ရသည့်အတွက် သံသယမရှိတော့ပေ။
“ မလိုပါဘူး။မင်းရဲ့ ဉာဏ်ပညာနဲ့ ဆုံးဖြတ်ချက်ကို ငါလေးစားပါတယ်။ ဖန်ကျောက်နှလုံးသား ရဖို့အတွက် မနက်ဖြန်မနက်ကျရင် လိပ်ပြာနီနယ်မြေဆီကို ငါအမြန်သွားရမယ်။ မိစ္ဆာသစ်သီးကိုရပြီးရင် အမှောင်လမြို့ကနေ ငါခဏ ထွက်သွားပြီးတော့ အဆင့်တက်ဖို့လုပ်မယ်။ ဒီနေရာကို မင်းတာဝန်ယူရမယ်။ ဗာဆာရှာနားကို ချဉ်းကပ်ပြီးတော့ သတင်းတွေကို သွားမေးရမယ်။ အဲဒီ အက်ဂ်ယောက အရင်းအမြစ်တွေ တောင်းရင် အဆင်ပြေသလို လုပ်ပေးလိုက်။ ငါပြောချင်တာကို မင်းသဘောပေါက်မယ် ထင်ပါတယ်။ ”
“ ကျုပ် ဆရာ့ကို စိတ်မပျက်စေရပါဘူး။ ”
ရွိုင့်စ် ပြင်းပြင်းထန်ထန် ခေါင်းညိတ်ပြီး ထွက်သွားလိုက်သည်။
ဂျိုးဆက်ပ်လည်း ကျေနပ်စွာပြုံးပြီး အခန်းထဲသို့ လှည့်ပြန်သွားသည်။
ချန်လွေ့သည် ဗာဆာရှာကိုခေါ်ပြီး လမ်းတစ်လျှောက်လုံး သေသေချာချာ ရှေ့ဆက်သည်။ နောက်ဆုံး၌ သူတို့သည် စုံစမ်းရေးများနှင့် အစောင့်များကို ရှောင်ရှားနိုင်ခဲ့ပြီး ပြိုင်ကွင်းရှိ ဧည့်တွေ့ခန်းသို့ ရောက်ရှိသွားသည်။
ချန်လွေ့နှင့်အတူ ဗာဆာရှာ လမ်းလျှောက်လာသည်ကို တွေ့လိုက်ရာ အရတ်စ် အံ့အားသင့်သွားသည်။ သူ မတ်တပ်ရပ်ပြီး ပြောလိုက်သည်။
“ သခင် ”
ပုံမှန်အတိုင်းသာဆိုလျှင် အရတ်စ် ထိုသို့သုံးနှုန်းသည်ကို ဗာဆာရှာ ထိတ်လန့်သွားမည် ဖြစ်သည်။ သို့သော်လည်း ယခုတွင် သူသည် ငူငေါင်ငေါင် ဖြစ်နေပြီး သူ၏ခံစားချက်ကို မည်သည့်အခါကမျှ မလှုပ်ရှားနိုင်သကဲ့သို့ ဖြစ်နေသည်။
ချန်လွေ့က ပြောသည်။
“ အရတ်စ်။ကျုပ်ကို တစ်မြို့လုံးက လိုက်ဖမ်းနေတယ်။ အခု ကျုပ်အတွက် အန္တရာယ်ကင်းတဲ့ အခန်းနှစ်ခန်း စီစဉ်ပေး။ ”
တစ်မြို့လုံး၏ ရှာဖွေနေမှုကို ကြားလိုက်ရသည့်အခါ အရတ်စ် ပို၍ပင် အံ့အားသင့်သွားသည်။ သူ ထပ်မမေးတော့ဘဲ ချန်လွေ့နှင့် ဗာဆာရှာတို့အား ဧည့်တွေ့ခန်းရှိ မီးလင်းဖိုအရှေ့သို့ ခေါ်သွားသည်။ ထို့နောက် ခလုတ်တစ်ခုကို နှိပ်လိုက်ရာ မီးလင်းဖိုအနောက်၌ ဝင်ပေါက်တစ်ခု ပေါ်ထွက်လာသည်။ သူတို့သည် မြေအောက်ခန်းနှင့် ဆင်တူသော နေရာသို့ ဆင်းသွားသည်။ အထဲတွင် အခြေခံပစ္စည်းအားလုံး ပြင်ဆင်ထားသည့် အခန်းသုံးလေးခန်း ရှိနေသည်။
ထိုအခန်းများကိုကြည့်ပြီး ချန်လွေ့ ကျေနပ်သွားသည်။ ထို့နောက် ချန်လွေ့သည် အရတ်စ်အား အမိန့်ပေးလိုက်သည်။ အရတ်စ်လည်း ခေါင်းညိတ်ပြီး ထွက်သွားသည်။
ဗာဆာရှာက အခန်းကို ဘာသိဘာသာ ကြည့်သည်။ သူ၏အကြည့်သည် မှိန်ပျနေပြီး မရေမရာ ဖြစ်နေသည်။ သခင်၏အမိန့်ကိုသာ စောင့်ဆိုင်းနေသော ဝိညာဉ် ပျောက်ဆုံးသွားသည့် ရုပ်သေးကဲ့သို့ပင် ဖြစ်နေသည်။ ချန်လွေ့သည် ဗာဆာရှာကို ကြည့်လိုက်ပြီး ရင်ထဲ၌ ခံစားချက်တစ်ခု လိမ့်တက်လာသည်။ သူ ချက်ချင်း ပြောလိုက်သည်။
“ ငါမင်းကို မနက်၉နာရီ လာနှိုးမယ်။ အခု သွားအိပ်တော့။ ”
ဗာဆာရှာသည် ခေါင်းလည်းမညိတ် ခေါင်းလည်းမခါဘဲ အခန်းထဲသို့ လှည့်ထွက် သွားသည်။
ချန်လွေ့သည် ထူးဆန်းသော ခံစားချက်ကို ဖိနှိပ်ပြီး အနားယူရန်အတွက် အခန်းထဲသို့ သွားလိုက်သည်။ သူသည် အလွန်ပင်ပန်းနေပြီ ဖြစ်သည်။ ရှီရာနှင့် ခဏတသာ တိုက်ခိုက်ခဲ့ရသော်လည်း ချန်လွေ့၏ စွမ်းအား အတော်များများ ကုန်ဆုံးသွားခဲ့သည်။ အသစ်ရရှိထားသော အစွမ်းကြောင့်သာမဟုတ်လျှင် သူအသတ်ခံလိုက်ရပြီ ဖြစ်သည်။ ဂျိုးဆက်ပ်အတွက်မူ စိတ်စွမ်းအား ပို၍ကုန်ဆုံးခဲ့ရသည်။ မတော်တဆ တယ်လီပို့ မှားခုန်းမိရာမှ မမျှော်လင့်ဘဲ အောင်အောင်မြင်မြင်နှင့် မဟာမိတ်ဖွဲ့နိုင်ခဲ့သည်။ ကံတရားသည်လည်း တစ်စိတ်တစ်ဒေသ ပါဝင်သည်ကိုတော့ ငြင်းဆန်၍ မရနိုင်ပေ။ သို့သော်လည်း အဓိကသော့ချက်မှာ ဉာဏ်ပညာနှင့် လိုက်လျောညီထွေ နေနိုင်မှုတို့ အပေါ်၌ပင် မူတည်လေသည်။
ဤမဟာမိတ်၏ နှစ်ဖက်စလုံးတွင် ယုတ်မာသော အကြံအစည်များ ရှိကြသည်။ သူတို့သည် အချိန်မရွေးတစ်ယောက်နှင့်တစ်ခေါက် နောက်ကျောကိုဓားထိုး နိုင်သည်။ အစပိုင်းတွင် တစ်ယောက်နှင့်တစ်ယောက် အသုံးချရန်အတွက် အခြေအနေ တည်ငြိမ်နိုင်သေးသည်။ ထို့ပြင် ချန်လွေ့သည်လည်း ဘယ်ဇီဘတ် တော်ဝင်မိသားစုဝင် တစ်ယောက်မဟုတ်ပေ။ ဂျိုးဆက်ပ်သည် လှည့်ကွက်အကြီးကြီးထဲ ကျရောက်သွားခြင်း ဖြစ်သည်။
ချန်လွေ့အား အကျေနပ်စေဆုံးမှာ မတော်တဆ တယ်လီပို့ခုန်မိသွားခြင်းသည် ဖန်ကျောက်နှလုံးသား၏ အကြီးမားဆုံးပြဿနာကို အမှန်တကယ် ဖြေရှင်းနိုင်သွားခြင်းပင် ဖြစ်သည်။ အသီနာအတွက်ဆိုလျှင် မိစ္ဆာသစ်သီးတစ်လုံးမကဘဲ ၆လုံးအထိပင် ထိုက်တန်လေသည်။
သတိထားရမည့် အခြားအကြောင်းတစ်ခုလည်း ရှိနေသေးသည်။ အပေါ်ယံ၌ ဂျိုးဆက်ပ်သည် တော်ဝင်မင်းသမီး ရှီရာကို လိုက်ပိုးပန်းနေသော်လည်း အမှန်တကယ်တွင် မင်းသမီးလေး အဲလစ်အား တပ်မက်နေခြင်း ဖြစ်သည်။
ချန်လွေ့သည် သူ၏ပထမဆုံးအနမ်းကို ခိုးယူခဲ့သော ကျီစယ်တတ်သည့် လိုလီလေး အကြောင်း တွေးမိလိုက်သည်။ အဲလစ်နှင့် မတွေ့ရသည်မှာ အတော်လေး ကြာနေပြီ ဖြစ်သည်။ ချန်လွေ့၏ နှလုံးသား နွေးထွေးသွား၏။ ဘယ်လိုပဲဖြစ်ဖြစ် အဲလစ်ကို ငါကာကွယ်ရမယ်။ ထူးထူးဆန်းဆန်း အစွဲအလမ်းရှိတဲ့ သိုးရေခြုံဝံပုလွေလက်ထဲ အရောက်မခံနိုင်ဘူး။
သူ၏ ကာကွယ်ချင်သည့် သဘောထားများထဲ၌ သံသယဖြစ်ဖွယ် ထူးထူးဆန်းဆန်း အစွဲအလမ်းများ ရှိနေကြောင်းကိုမူ ချန်လွေ့ သတိမထားမိခဲ့ပေ။ ချန်လွေ့သည် အစီအစဉ်တစ်ခုလုံးကို စိတ်ထဲ၌ ခဏစဉ်းစားပြီးနောက် မျက်လုံးမှိတ်လိုက်တော့သည်။