ဗာဆာရှာနှင့်ရွိုင့်စ်။လောကထဲရှိ အဝေးဆုံး အကွာအဝေး
Vol. 12 Ch. 177
နောက်တစ်နေ့၌-
ချန်လွေ့ မျက်လုံးဖွင့်လာသည်။ ယမန်ညက သူ အိပ်မက်ထူးထူးဆန်းဆန်းတစ်ခု မက်ခဲ့သည်။ အများစုကို သူ မမှတ်မိခဲ့သော်လည်း အကြီးမားဆုံးအမှတ်ရသည်မှာ အိပ်မက်ထဲရှိ မှော်တဲအိမ်ကိုပင် ဖြစ်သည်။ တဲအိမ်ထဲရှိ ကောင်မလေးသည် တစ်ခါတစ်ရံ ခရစ္စတီးနား ဖြစ်သွားသည်။ တစ်ခါတစ်ရံ အသီနာဖြစ်သွားသည်။ တစ်ခါတစ်ရံ အဲလစ်နှင့်ရှီရာတို့ ညီအစ်မ နှစ်ယောက် ဖြစ်သွားသည်။ တစ်ခါတစ်ရံတွင် ထိုကောင်မလေး သုံးယောက် စုပေါင်းသွားသကဲ့သို့ ဖြစ်သွားသည်။ အဖြစ်အပျက်များမှာ ကလေးငယ်များ အတွက် အတော်လေး မသင့်တော်လှပေ။
ဘာလို့ ငါ့အိပ်မက်တွေကို ပိုပိုပြီး ယုတ်မာလာရတာလဲ။ ချန်လွေ့ ခေါင်းကုတ်လိုက်သည်။ သို့သော်လည်း ယမန်နေ့က [ အထူးစိစစ်မှု ] ၏ အခြေအနေသည် အနည်းငယ် ထူးဆန်းနေသည်။ “ နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး ” အား အထူးစိစစ်မှု ကျဆုံးသွားခဲ့သည်။ ပလ္လင်အရှေ့၌ အလင်းမျက်နှာပြင် အသစ်တစ်ခု ထပ်ပေါ်လာသည်။ ထိုပေါ်၌ တိုးတက်မှု အချက်ပြရှိပြီး [ အထူးစိစစ်မှု ]၏ တိုးတက်မှုနှုန်းကို ၀%ဟု ပြသထားလေသည်။
ဘေးဘက်တွင်လည်း အသိပေးချက်တစ်ခု ရှိနေသည်။
“ [ အထူးစိစစ်မှု ] အကြိမ်အရေအတွက်အား စိတ်ခွန်အားအတိုင်း အလိုအလျောက် ပြုလုပ်၍ရသည်။ လက်ရှိ၌ တစ်နေ့တစ်ကြိမ်သာ အသုံးပြုရန် အကြံပြုသည်။ ”
ထိုအသိပေးချက်ကို အတည်ပြုပြီးသည်နှင့် ချန်လွေ့၏ အသိစိတ်ထဲ၌ နောက်ထပ် အသိပေးချက်တစ်ခု ထပ်ပေါ်လာသည်။
“ ကြယ်တာရာဝါးမျိုခြင်း လုပ်ငန်းစဉ်၌ အမည်မသိ စွမ်းအင်အမြောက်အများ ကျန်ရှိနေသည်။ ပြည့်လျှံမှု အန္တရာယ်ရှိသည်။ ကြယ်တာရာကူးပြောင်းခြင်း လုပ်ငန်းစဉ်ကို အသက်သွင်းမည်လား။ ”
ချန်လွေ့ လန့်ခနဲ ဖြစ်သွားသည်။ ကြယ်တာရာဝါးမျိုခြင်း လုပ်ငန်းစဉ်သည် အဆုံးမဲ့ မဟုတ်သည်မှာ သေချာသွားလေပြီ။ ယခင်တစ်ခေါက်က ချန်လွေ့သည် ဂလော်ဖင်း၏ စိတ်စွမ်းအားကို ဝါးမျိုခဲ့ပြီး ယမန်ညက “ နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး ”၏ စွမ်းအားကို ဝါးမျိုခဲ့သည်။ “ပြည့်လျှံမှု” ဖြစ်သွားခဲ့လျှင် ကြောက်မက်ဖွယ်ရာ တန်ပြန်မှုတစ်ခုခု သို့မဟုတ် ရူးသွပ်သွားခြင်းပင် ဖြစ်လာနိုင်သည်မှာ အသေအချာပင် ဖြစ်သည်။ ဒါဆို ကြယ်တာရာကူးပြောင်းခြင်း လုပ်ငန်းစဉ် ဆိုတာကရော ဘာများလဲ။ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ကြယ်တာရာဝါးမျိုးခြင်း ပြဿနာကို အမြန်ဆုံး ဖြေရှင်းရမယ်။
[ ကြယ်တာရာကူးပြောင်းခြင်း လုပ်ငန်းစဉ် ]
- ကြယ်တာရာဝါးမျိုခြင်းမှ ရရှိလာသော စွမ်းအင်များကို ဖြိုခွဲကာစုပ်ယူပြီး သခင်ဖြစ်သူအား တဖြည်းဖြည်း သန်မာလာစေသည်။
- လုပ်ငန်းစဉ်ကို အသက်သွင်းပြီးနောက် ရပ်တန့်၍မရ၊ နှောင့်ယှက်၍မရပေ။
- သတ်မှတ်ချက်များ = တစ်ရက်လျှင် အရှိန်အဝါ တစ်သောင်း ကုန်ကျမည်။
ချန်လွေ့ အလွန်ပျော်သွားသည်။ တခြားသူတွေရဲ့စွမ်းအင်တွေကို ပြောင်းလဲပြီးတော့ ငါ့ကို အစွမ်းတိုးစေမှာလား။ ဒါက သိုင်းဝတ္တုတွေထဲက အတွင်းအားစုပ်သိုင်းနဲ့ အတွင်းအား ကူးပြောင်းသိုင်းလိုမျိုးပဲ မဟုတ်လား။ မဟုတ်ဘူး။ ဒါက အဲဒါတွေထက်ပိုကောင်းတယ်။ “ လေ့ကျင့်ရေး ” တစ်ခုတည်းကိုပဲ အားကိုးစရာမလိုဘဲနဲ့ ငါ့ကိုယ်ငါ တဖြည်းဖြည်း အစွမ်းထက်လာအောင် လုပ်လို့ရတယ်။
ချန်လွေ့သည် [ အထူးစိစစ်မှု ]အား ခဏခဏ မသုံးနိုင်ပေ။ မျက်နှာပေါ်ရှိ မျက်နှာဖုံးသည် ချန်လွေ့အား အနည်းငယ် ဒုက္ခပေးနေသည်။ အသီနာနှင့်အတူ နီးနီးကပ်ကပ်နေရန် အတွက်ပင် ပြဿနာရှိနေသည်။ သို့သော်လည်း အရေးကြီးဆုံးအရာမှာ ကြယ်တာရာ ဝါးမျိုခြင်း ပြဿနာကို အရင်ဦးစွာ ဖြေရှင်းရန်ပင် ဖြစ်သည်။
ကြယ်တာရာကူးပြောင်းခြင်း လုပ်ငန်းစဉ်ကို အသက်သွင်းရန်ကြာချိန်မှာ ရက်၁၀၀ခန့် ရှိမည်ဟု စနစ်မှ အသိပေးထားသည်။ ထို့ပြင် ကြိုတင်၍လည်း အရှိန်အဝါ ဆယ်သိန်းကို နှုတ်ယူမည် ဖြစ်သည်။ ဖြိုခွဲလိုက်သော စွမ်းအင်ကို ခန္ဓာကိုယ်မှ အလိုအလျောက် စုပ်ယူပေမည်။
ဒီလောက်ကောင်းတဲ့ဟာက အရှိန်အဝါ ဆယ်သန်းဆိုရင်တောင် တန်တယ်။ ချန်လွေ့သည် အသက်သွင်းရန် အတည်ပြုလိုက်ရာ အရှိန်အဝါဆယ်သိန်း ကုန်ဆုံးသွားသည်။ [ အထူးစိစစ်မှု ] ကို ဖော်ပြသော အလင်းမျက်နှာပြင်၌လည်း နောက်ထပ် တိုးတက်မှု အချက်ပြတစ်ခု ပေါ်ထွက်လာသည်။ ၎င်းမှာ ကြယ်တာရာကူးပြောင်းခြင်း လုပ်ငန်းစဉ်ပင် ဖြစ်သည်။ ၎င်းမှာ လက်ရှိ၌ ၀% ဖြစ်နေသည်။
သို့သော်လည်း ရက်၁၀၀ကြာပြီးနောက်တွင် ကြယ်တာရာဝါးမျိုခြင်းမှ ရရှိလာသော များပြားလှသည့် စွမ်းအားများကို ကိုယ်ပိုင်အသုံးပြုရန်အတွက် အပြည့်အဝ ကူးပြောင်းနိုင်မည် ဖြစ်သည်။ ထိုအချိန်ကျလျှင် ချန်လွေ့သည် ထိုအင်အားများကို အမှီပြုပြီး မဟာနတ်ဆိုးဘုရင်အဆင့်သို့ ရောက်ရှိသွားနိုင်ပေသည်။
ရှီရာ၏စွမ်းအားကို ချန်လွေ့ တွေးမိလိုက်ပြီး နှလုံးသားထဲ၌ ပူလောင်သွားသည်။ အချိန်ကိုကြည့်လိုက်ရာ နေ့လယ်ပိုင်းသို့ ရောက်နေပြီ ဖြစ်သည်။ ချန်လွေ့သည် ချက်ချင်းပင် မြေအောက်ခန်းမှထွက်ပြီး ဧည့်တွေ့ခန်းဆီသို့ သွားလိုက်သည်။
ဧည့်တွေ့ခန်း၌ အရတ်စ် ရှိနေသည်။ ချန်လွေ့အား မြင်လိုက်သည့်အခါ အရတ်စ်သည် ချက်ချင်းပင် ယမန်ညက အခြေအနေကို သတင်းပို့လိုက်သည်။ မြို့ထဲတွင် သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရအမိန့် ချမှတ်ခဲ့ခြင်းဖြစ်ပေသည်။ မျက်နှာဖုံး ဝတ်ထားသူတိုင်းကိုလည်း မြို့ထဲ၌ စုံစမ်းနေခဲ့ကြသည်။ ရှီရာသည် ဝတ်ရုံဂိုဏ်းကို အဓိကဦးစားပေး စုံစမ်းခဲ့သည်။ အကြောင်းရင်းမှာ “ အက်ဂ်ယော ”အား သံသယရှိ၍ မဟုတ်ဘဲ ဝတ်ရုံဂိုဏ်း၏ ကျော်ကြားမှုကြောင့်ပင် ဖြစ်သည်။ မြို့ထဲ၌ ထိုကဲ့သို့ပုံစံတူ ဝင်ဆင်ထားသူများစွာ ရှိနေသည်။
အင်ပါယာအစောင့်အဖွဲ့၏ အရံတပ်ဖွဲ့ ဖြစ်သည့်အလျောက် ထိုစစ်ဆင်ရေး၌ ဝတ်ရုံဂိုဏ်းလည်း ပူးပေါင်းပါဝင်ခဲ့သည်။ ဂိုဏ်းတစ်ခုလုံးအား စစ်ဆေးပြီးသွားသည့်အခါ သူတို့သည် အင်ပါယာအစောင့်များအား မြို့ထဲ၌ စုံစမ်းရှာဖွေရန် ကူညီပေးကြတော့သည်။ သို့သော်လည်း ရှာဖွေမှု အရာမထင်ခဲ့ပေ။
ခဏအကြာ၌ အရတ်စ်သည် အမိန့်တစ်ခုကို လက်ခံရရှိပြီး အလျင်အမြန် ထွက်သွားသည်။ ချန်လွေ့ ခဏစဉ်းစားပြီး မြေအောက်ခန်းမှ ဗာဆာရှာကို ခေါ်လိုက်သည်။ ထင်ထားသည့်အတိုင်းပင် ဗာဆာရှာသည် အသတ်ခံရရန် စောင့်ဆိုင်းနေသကဲ့သို့ပင် ခံစားချက်ကင်းမဲ့နေလေသည်။
“ ထိုင် ”
ချန်လွေ့သည် နတ်ဆိုးဘုရင် အငွေ့အသက်များကို လုံးဝ ထုတ်လွှတ်လိုက်သည်။ သူ၏ပုံစံသည် တမင်တကာ ခြောက်လှန့်နေဟန်တူသည်။
ဗာဆာရှာသည် ၎င်းကိုမသိရှိဘဲ သူ၏ခံစားချက်ကို မည်သည့်အရာကမျှ မသက်ရောက် နိုင်သကဲ့သို့ ဖြစ်နေသည်။ ဗာဆာရှာသည် ရုပ်သေးရုပ်ကဲ့သို့ပင် ထိုင်လိုက်သည်။
“ မင်းက စိတ်မကြည်တဲ့ပုံပဲ။ ”
“ ..... ”
“ ငါမင်းကို ပြန်ဖြေဖို့ အမိန့်ပေးတယ်။ ”
“ ဟုတ်ကဲ့။ ”
“ ငါ့နောက်လိုက်တာက ဂျိုးဆက်ပ်နောက်လိုက်ရတာထက် ပိုမကောင်းဘူးလား။ ”
“ ..... ”
“ ငါမင်းကို ပြန်ဖြေဖို့ အမိန့်ပေးတယ်။ ”
“ ဟုတ်ကဲ့။ ”
........
....
“ ဟုတ်ကဲ့ ” ဟု ပြန်ပြောရုံမှလွဲ၍ အခြားမည်သည်ကိုမျှ ဗာဆာရှာ ပြန်မဖြေပေ။
ဗာဆာရှာ၏ အပြုအမူသည် ချန်လွေ့အား အင်အားဖြုန်းတီးနေသကဲ့သို့ ခံစားရစေသည်။ ချန်လွေ့ အလွန် စိတ်ဓာတ်ကျသွားသည်။ ထို့နောက် မေးခွန်းအနည်းငယ် မေးကြည့်သည်။သို့ သော်လည်း ဗာဆာရှာသည် ယခင်အတိုင်းပင် ပြုမူနေသည်။ ချန်လွေ့သည် လိုချင်သည့် ရည်ရွယ်ချက်ကို ရရှိအောင် မစွမ်းဆောင်နိုင်ခဲ့ပေ။
ချန်လွေ့၏မျက်လုံးများ အနည်းငယ် လှုပ်ရှားသွားသည်။ ထို့နောက် ဘေးဘက်အခန်းကို ကြည့်ပြီး ရုတ်တရက်ပြန်လှည့်ကာ ပြောသည်။
“ ငါမင်းကို မပြောချင်တာ တစ်ခုရှိတယ်။ ဒါပေမဲ့ အခုမင်းရဲ့ ပျင်းစရာပုံစံကိုကြည့်ပြီးတော့ ငါမင်းကို နည်းနည်း ပျော်စေချင်တယ်။ အရတ်စ်က ဒီမနက်ကပဲ ဒါကို ကြားခဲ့တာ။ မနေ့က ငါမင်းကို ခေါ်သွားတော့ ရွိုင့်စ်က ငါတို့နောက်ကို လိုက်ချင်ခဲ့တယ်။ အဲဒါကြောင့် သူ့ကို ဂျိုးဆက်ပ်က သတ်ပစ်လိုက်တယ်။ ”
“ ဟုတ်ကဲ့။ ”
ဗာဆာရှာသည် စကားတစ်လုံးကိုသာ ပြန်ဖြေသည်။ သို့သော်လည်း သူ၏အသံ တုန်ခါနေသည်ကို ချန်လွေ့ သေသေချာချာ ခံစားနေရသည်။
ချန်လွေ့ ထပ်ပြောသည်။
“ သူမသေခင် မင်းရဲ့နာမည်ကို အော်ခေါ်နေတယ်လို့ ကြားတယ်။ ”
ဗာဆာရှာ၏မျက်လုံးထဲမှ မျက်ရည်စက်များ မထိန်းချုပ်နိုင်ဘဲ စီးဆင်းလာတော့သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံး အနည်းငယ် တုန်ခါသွားသည်။
လုပ်ရမည့်အရာကို ချန်လွေ့သိသည့်အတွက် ပြောလိုက်သည်။
“ မင်းရဲ့အတိတ်အကြောင်းကို အရတ်စ်ဆီကနေ ငါသိထားတယ်။ ထူးဆန်းတာပဲ။ အခုမင်းမှာ ရွိုင့်စ်အတွက် ခံစားချက်မရှိတော့ဘူး။ မင်းအခု မပျော်ရင်တောင် ကျေနပ်နေသင့်တယ်။ သူသေတာကို မင်းဘာလို့ ငိုနေတာလဲ။ ”
ဗာဆာရှာ၏ခန္ဓာကိုယ် မတုန်လှုပ်တော့ပေ။ သူ မည်သည်ကိုမျှ ပြန်မဖြေဘဲ တိတ်ဆိတ်စွာ မျက်ရည်ကျနေခဲ့သည်။သူ၏အကြည့် ပို၍နက်မှောင်သွားပြီး ဝိညာဉ်ပျောက်ဆုံးသွားသော ခန္ဓာကိုယ်ကဲ့သို့ ဖြစ်သွားကာ အသက်ဓာတ်အားလုံး ပျောက်ကွယ်သွားသည်။
“ စိတ်ဝင်စားစရာပဲ။ငါမင်းကို ပိုပြီးစိတ်ဝင်စားသွားပြီ။ ”
ချန်လွေ့သည် မေးစေ့ကို ပွတ်သပ်လိုက်သည်။
“ ဂျိုးဆက်ပ်နဲ့ငါက အချင်းချင်း အသုံးချနေတယ်ဆိုတာကို မင်းသဘောပေါက်မှာပဲ။ သတ်မှတ်ချက်တွေ ပြည့်စုံသွားရင် ရွိုင့်စ်အတွက် လက်စားချေဖို့ ငါ ဂျိုးဆက်ပ်ကို လုံးဝသတ်ပစ်နိုင်တယ်။ ဒါပေမဲ့ မင်းက ငါ့ကို ဘာမှမထိန်ချန်ထားဘဲ အရာအားလုံးကို ပေးအပ်ရတယ်။မင်းသဘောတူလား။ ”
ဗာဆာရှာ၏မျက်လုံးများ လက်ခနဲဖြစ်သွားပြီး အရောင်အနည်းငယ် ပြန်တောက်လာသည်။ သူသည် ချန်လွေ့၏မျက်နှာကို စိုက်ကြည့်ပြီး တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။
“ ဒီတော့ အရင်ဆုံး အဲဒီတုန်းက မင်းနဲ့ဂျိုးဆက်ပ် ဘာဖြစ်ခဲ့လဲဆိုတာ ငါ့ကိုပြောပြ။ ”
ဗာဆာရှာ ခေတ္တတုံ့ဆိုင်းသွားသည်။ မျက်နှာဖုံးကို ကြည့်ပြီးနောက် သူယုံကြည်မှုရှိသွားပြီး နောက်ဆုံး၌ ပြောလိုက်သည်။
ထိုစဉ်က လိပ်ပြာနီနယ်မြေရှိ ခွန်ဒါမိသားစုအကြီးအကဲအား ရရှိထားသည့် ရတနာတစ်ခုကို ပေးအပ်ရန် ငြင်းဆန်မှုကြောင့် လိပ်ပြာနီအရှင် ဂျို့ရှ်က သတ်ပစ်ခဲ့သည်။ ခွန်ဒါမိသားစု၏ မျိုးရိုးနာမည် ဖယ်ရှားခံလိုက်ရပြီး မိသားစုဝင်အားလုံး ကျွန်ဘဝသို့ ရောက်ရှိသွားသည်။ ရွိုင့်စ်၏ ဇနီးလောင်း ဗာဆာရှာလည်း ခြွင်းချက်မဟုတ်ပေ။ သို့သော်လည်း တစ်စုံတစ်ယောက်ကြောင့် ဗာဆာရှာ၏ဘဝ ပြောင်းလဲသွားသည်။သူသည် မတော်တဆ ဂျိုးဆက်ပ်၏အစေခံ ဖြစ်သွားသည်။
ထိုတစ်စုံတစ်ယောက်သည် ရွိုင့်စ်၏ဖခင်ဖြစ်သူ၏ တရားမဝင်သား လီဒိုဖြစ်သည်။ ထိုလုပ်ရပ်သည်လည်း စိတ်ကောင်းကြောင့်မဟုတ်ဘဲ ယုတ်မာသည့် အကြံအစည်ကြောင့် ဖြစ်သည်။ လီဒိုသည် မိသားစုစီးပွားရေးကို ရွိုင့်စ်ဆီ ပေးအပ်ထားသည့်အတွက် ဖခင်ဖြစ်သူကို မုန်းတီးခဲ့သည်။ သူသည် ဂျို့ရှ်၏သားဖြစ်သူ ဂျိုးဆက်ပ်ထံ၌ တိတ်တဆိတ် အညံ့ခံခဲ့ပြီး ဂျိုးဆက်ပ်မှတစ်ဆင့် ဂျို့ရှ်ထံ ဖွင့်ပြောရာ ခွန်ဒါမိသားစု ပျက်သုဉ်းခြင်းကို ဦးတည်စေခဲ့သည်။
ဂျိုးဆက်ပ်သည် လီဒို၏အကြံပေးချက်ကို လက်ခံပြီး ရွိုင့်စ်သည် မိမိ၏လက်ထဲ ရှိနေသည်ဟု ဗာဆာရှာအား လိမ်ပြောခဲ့သည်။ ဂျိုးဆက်ပ်သည် ရွိုင့်စ်၏အသက်ကို ခြိမ်းခြောက်ပြီး ဗာဆာရှာအား ထူးဆန်းသော အမိန့်တစ်ခု ပေးခဲ့သည်။ ထိုအမိန့်မှာ ဂျိုးဆက်ပ်အား စိတ်ပါလက်ပါ ချစ်မြတ်နိုးရန်ဖြစ်သည်။ ရွိုင့်စ်အား ချစ်နေသေးကြောင်းကို တွေ့ရှိလျှင် ရွိုင့်စ်အား ချက်ချင်း သတ်ပစ်မည်ဟု ဂျိုးဆက်ပ်ခြိမ်းခြောက်သည်။
ဗာဆာရှာသည် အတွင်းဆန်သူတစ်ယောက် ဖြစ်သည့်အတွက် ခံစားချက်များကို ကောင်းကောင်း မဖော်ပြတတ်ပေ။ သူသည် ရွိုင့်စ်အား ထပ်တူထပ်မျှပင် နှလုံးသားထဲမှ ချစ်မြတ်နိုးခဲ့သည်။ ရွိုင့်စ် ထွက်ပြေးသွားသည်ကို ဗာဆာရှာ မသိခဲ့ပေ။ ခင်ပွန်းလောင်းဖြစ်သူကို ကာကွယ်ရန်အတွက် ဗာဆာရှာသည် ဂျိုးဆက်ပ်၏ ပိုင်ဆိုင်မှုအတွက် လက်ခံလိုက်ရသည်။ ထို့နောက် ရွိုင့်စ်နှင့် အရတ်စ်တို့ သူ့ကို လာရှာသည့်အခါ ၎င်းသည် ဂျိုးဆက်ပ်၏ စမ်းသပ်ချက်ဟုပင် ဗာဆာရှာ ထင်မှတ်နေခဲ့သည်။ ရွိုင့်စ်နှင့် အရတ်စ်တို့ကို ဂျိုးဆက်ပ်အနိုင်ယူသွားပြီးသည့်အခါ ဗာဆာရှာသည် အလိမ်ခံခဲ့ရကြောင်း သိသွားသည်။ သို့သော်လည်း ယခုတစ်ခေါက်၌ ရွိုင့်စ်သည် ဂျိုးဆက်ပ်၏လက်ထဲ အမှန်တကယ် ကျရောက်သွားလေပြီ။ဗာဆာရှာလည်း ရွေးစရာမရှိတော့ဘဲ ဂျိုးဆက်ပ်အား စိတ်ပါလက်ပါ “ချစ်”နေရတော့သည်။
ဤသို့ဖြင့် ဗာဆာရှာနှင့် ရွိုင့်စ်တို့သည် ဂျိုးဆက်ပ်၏ လက်အောက်ခံများ ဖြစ်သွားကြသည်။ နှစ်တစ်ရာကျော်အောင် အနီးအနား၌ ရွိုင့်စ်ရှိနေသော်လည်း ဗာဆာရှာသည် မည်သည့်ခံစားချက်ကိုမျှ ထုတ်ပြ၍မရခဲ့ပေ။ ဘာသိဘာသာနှင့် ရွိုင့်စ်ကို ငြင်းဆန်ခဲ့ရသည်။ တစ်နည်းအားဖြင့် ရွိုင့်စ်ကို ကာကွယ်ရန် ဖြစ်သည်။
လိပ်ပြာနီအရှင်သခင် ဖြစ်သည့်အခါ သူနှင့် ရွိုင့်စ်တို့ကို လွတ်လပ်ခွင့်ပေးမည်ဟု ဂျိုးဆက်ပ်က ဗာဆာရှာအား ကတိပေးခဲ့သည်။ ၎င်းသည် ဗာဆာရှာအတွက် အသက်ဆက်ရှင်ရန် တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်ခဲ့သည်။
ထိုအိပ်မက်သည် ယမန်နေ့၌ လုံးဝပျက်စီးသွားလိမ့်မည်ဟု မထင်ထားမိခဲ့ပေ။ ဂျိုးဆက်ပ်သည် ကတိချိုးဖောက်ပြီး ဗာဆာရှာအား ကုန်ပစ္စည်းသဖွယ် အခြားသူတစ်ယောက်ထံ လွှဲပြောင်းပေးပြီး ကျွန်-သခင်စာချုပ် အတင်းချုပ်ဆိုခိုင်းခဲ့သည်။ ဗာဆာရှာသည် လွတ်လပ်မှုမျှော်လင့်ချက် လုံးဝဆုံးရှုံးခဲ့ရသည်။
ယမန်နေ့က ဂျိုးဆက်ပ်၏ ရက်စက်ကြမ်းကြုတ်သော အကြည့်ကို ဗာဆာရှာ လုံးဝ သဘောပေါက်သည်။သူ စာချုပ် မချုပ်ဆိုခဲ့လျှင် ဂျိုးဆက်ပ်သည် ရွိုင့်စ်အား ချက်ချင်း သတ်ပစ်မည်ဖြစ်သည်။ သို့သော်လည်း ယနေ့မနက်၌ ရွိုင့်စ် အသတ်ခံခဲ့ရကြောင်း ဗာဆာရှာ သိရှိသွားခဲ့ရသည်။
သူ၏စွမ်းအားနှင့် လက်ရှိသခင်ဖြစ်သူကို မခုခံနိုင်ပေ။ ဂျိုးဆက်ပ်ကို သတ်ပစ်ရန် အတွက်လည်း ပို၍ပင် မဖြစ်နိုင်ပေ။ ဗာဆာရှာ ပြုလုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ သူ့ကိုယ်ကို အပေးအယူလုပ်ပြီး လက်စားချေရန် ကြိုးစားခြင်းပင် ဖြစ်လေသည်။
ချန်လွေ့က မိမိသည် လုံးဝအထင်လွဲသွားကြောင်း သဘောပေါက်လိုက်သည်။ ရွိုင့်စ်သည်လည်း လုံးဝအထင်လွဲသွားခဲ့သည်။ ဗာဆာရှာသည် ဂျိုးဆက်ပ်အပေါ် မြှုပ်နှံထားပြီး ရွိုင့်စ်အား အမြဲပင်ဘာသိဘာသာ ဆက်ဆံသော်လည်း သူ၏နှလုံးသားသည် အစမှအဆုံးအထိ မပြောင်းလဲသွားခဲ့ပေ။
ရှီရာ၏ တမ်းတခြင်း ဆည်းလည်းမှ စကားများကို ချန်လွေ့ သတိရလိုက်သည်။ လောကမှာ အဝေးဆုံးအကွာအဝေးက သေခြင်းနဲ့ရှင်သန်ခြင်းအကြားမဟုတ်ဘူး။ အရှင်မရှေ့မှာ ကျွန်တော် ရပ်နေတဲ့အချိန် အရှင်မကို ကျွန်တော် ချစ်နေတာ အရှင်မ မသိတာပဲ။
ဗာဆာရှာအတွက် လောက၌ အဝေးဆုံးအကွာအဝေးမှာ ရွိုင့်စ်အား သူချစ်နေကြောင်းကို ရွိုင့်စ်မသိဘဲ အနားတွင် ရှိနေရခြင်းသာမက သူစိမ်းကဲ့သို့ နေနေရခြင်းပင် ဖြစ်သည်။
ရွိုင့်စ်၏ စိတ်နှစ်ခြင်းနှင့်ယှဉ်လျှင် ဗာဆာရှာ၏ စိတ်နှစ်ခြင်းမှာ ပို၍ပြင်းထန်သည်။သူ၏ ဘာသိဘာသာ မျက်နှာနောက်ကွယ်၌ သူ၏စွဲလမ်းမှုကို ဖုံးကွယ်ထားရန် မတုံ့ဆိုင်းခဲ့ပေ။ နှစ်တစ်ရာကျော် ကြာသွားသော်လည်း မပြောင်းလဲခဲ့ပေ။
“ ရှင် ဂျိုးဆက်ပ်ကို သတ်ပေးမယ်ဆိုရင် ကျွန်မ တစ်ကိုယ်လုံးနဲ့နှလုံးသားတစ်ခုလုံးကို ရှင့်ဆီမှာ အပ်နှံမယ်။ ဒီဘဝမှာ ရှင့်ကိုကျွန်မ ဘယ်တော့မှ သစ္စာမဖောက်မှာ မဟုတ်ဘူး။ ”
ဗာဆာရှာ၏ ကွဲအက်အက်အသံသည် ပြတ်သားပုံရသည်။
“ မဟုတ်ဘူး။ ငါ ဂျိုးဆက်ပ်ကိုသတ်ပြီး မင်းရဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ရရင်တောင် မင်းနဲ့နှလုံးသားက ဒီမှာရှိနေမှာ မဟုတ်ဘူး။ ”
ချန်လွေ့ ခေါင်းခါလိုက်သည်။
“ ဂျိုးဆက်ပ်က မင်းကိုအတင်းချစ်ခိုင်းတာကလည်း အဲဒီလိုမျိုးပဲ။ ငါဘယ်လိုပဲလုပ်လုပ် အချစ်က ပြောင်းလဲသွားမှာ မဟုတ်ဘူး။ ငါတို့က ကျွန်-သခင်စာချုပ် ချုပ်ဆိုထားတယ် ဆိုရင်တောင် အချစ်ကို ဒီလိုပြောင်းလဲလို့ရမယ်ဆိုရင် အချစ်လို့ ခေါ်လို့မရတော့ဘူး။ မင်းတို့ မဟာနတ်ဆိုးမတွေကို အစွဲအလမ်း ကြီးကြတယ်။ ”
“ အစွဲအလမ်းကြီး ”ကြောင်းကို ပြောနေရင်း သူအမှန်တကယ် ပိုင်ဆိုင်သော မဟာနတ်ဆိုးမ တစ်ယောက်ကို ချန်လွေ့ တွေးမိသွားပြီး နှလုံးသားထဲ၌ နူးညံ့စိတ် တိုးပွားလာသည်။
ဗာဆာရှာသည် ဝမ်းနည်းစွာ ခေါင်းငုံ့လိုက်သည်။ ချန်လွေ့၏ခန္ဓာကိုယ်မှ နတ်ဆိုးဘုရင် အငွေ့အသက် ခြိမ်းခြောက်မှုများ ရုတ်တရက် ပျောက်ကွယ်သွားကြောင်း သူခံစားလိုက်ရသည်။
“ ဂျိုးဆက်ပ်က သေကိုသေရမယ်။ ငါသူ့ကို အသက်ရှင်ခွင့် မပေးနိုင်ဘူး။ မင်းအတွက်ကတော့.... ”
ချန်လွေ့ ရုတ်တရက် ပြုံးပြီး အော်ပြောလိုက်သည်။
“ ဘေးအခန်းက မျိုးမစစ်ကောင်။ ခင်ဗျားအခု မထွက်လာရင် ဗာဆာရှာကို တခြား တစ်ယောက်ဆီ ကျုပ်ပေးလိုက်တော့မယ်။ ”
ခုနက နတ်ဆိုးဘုရင်အဆင့် အငွေ့အသက်များကြောင့် ဗာဆာရှာ ထုံထိုင်းနေပြီး အနီးအနားမှ မည်သည်ကိုမျှ မခံစားခဲ့ရပေ။ ယခုတွင် ထိုအငွေ့အသက် ပျောက်ကွယ်သွားပြီ ဖြစ်သည့်အတွက် ဘေးအခန်း၌ လူနှစ်ယောက်ရှိနေကြောင်း ရုတ်တရက် သူခံစားလိုက်ရသည်။ သို့သော်လည်း သူတို့မည်သည့်အချိန်က ရောက်လာသည်ကိုတော့ ဗာဆာရှာ မသိခဲ့ပေ။
ဗာဆာရှာ ထိန်လန့်မှု မပြေပျောက်ခင်မှာပင် ရင်းနှီးသော ပုံရိပ်တစ်ခု ပြေးထွက်လာသည်။
ထိုပုံရိပ်ကို မြင်သည့်အခါ ဘာသိဘာသာနေလေ့ရှိသော ဗာဆာရှာသည် တအံ့တဩ အော်ဟစ်လိုက်မိပြီး ကိုယ့်မျက်လုံးကိုပင် မယုံနိုင်တော့ပေ။ သူ၏ မှေးမှိန်နေသော အကြည့်များ အရောင်ပြန်တောက်လာသည်။ ရွိုင့်စ်သည် ဘေးအခန်းမှနေ၍ အရာအားလုံးကို ကြားခဲ့ရသည့်အတွက် မျက်ရည်များဝဲနေပြီဖြစ်သည်။ သူနှင့် ဗာဆာရှာတို့သည် အချင်းချင်း ကြည့်လိုက်ကြသည်။ ရွိုင့်စ်သည် ဘေးနားမှ ချန်လွေ့နှင့်အရတ်စ်တို့အား ဂရုမစိုက်တော့ဘဲ ရှေ့နှစ်လှမ်းတိုးကာ ဗာဆာရှာအား တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်တော့သည်။
၎င်းသည် အိပ်မက်မဟုတ်ကြောင်း ဗာဆာရှာ သဘောပေါက်သွားသည်။ နှစ်တစ်ရာကျော်ကြာအောင် ထိန်းသိမ်းလာခဲ့သော ရေခဲအကာသည်လည်း ထိုကြမ်းတမ်းလှသော ပွေ့ဖက်မှုအောက်၌ အရည်ပျော်သွားခဲ့သည်။ သူလည်း ရွိုင့်စ်ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်သည်။
အရတ်စ်သည် သူတို့နောက်၌ ရပ်နေရင်း သူ၏မိတ်ဆွေနှင့် ဗာဆာရှာတို့၏ ပြန်လည်ဆုံဆည်းမှုကို ပျော်ရွှင်နေသည်။ ရုတ်တရက် သူ၏ဘေး၌ ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး အသံတိုးတိုး ထွက်လာသည်။
“ အရတ်စ်။ ကျုပ်နဲ့ အပြင်လိုက်ခဲ့။ ဒီအခန်းမှာ နည်းနည်း လူများနေတယ်လို့ မထင်ဘူးလား။ ”
“ ဟုတ်တာပေါ့။သခင်။ ”
အရတ်စ်၏ အသံတွင် ထူးထူးခြားခြား လေးစားမှုများ ပြည့်နှက်နေလေသည်။