← Chapters

အသီနာနှင့် ပါ့(ဂ်)လီအို

Vol. 13 Ch. 195

အသီနာနှင့် ပါ့(ဂ်)လီအို

Vol. 13 Ch. 195

အရေးပေါ်အစည်းအဝေး၏ ရလာဒ်များသည် အမှောင်လမြို့သူ မြို့သားများကို အလွန်အံ့သြသွားစေသည်။ငြိမ်ဝပ်ပိပြားရေး အရာရှိဖြစ်လာရန် အလားအလာ အရှိဆုံးသော တင်သည် သူ “ကယ်တင်”ခဲ့သော လူသားမိုင်းတွင်းအရာရှိ ချန်လွေ့၏ အနိုင်ယူခြင်းကို ခံခဲ့ရသည်။

သေချာသော သတင်းအရင်းအမြစ်များအရ ယခုတစ်ခေါက် ချန်လွေ့၏ အောင်မြင်မှု သော့ချက်မှာ ဘဏ္ဍာရေးအရာရှိ ဂျိုးဆက်(ပ်)၏ ထောက်ခံမှု ဖြစ်သည်။အကြောင်းရင်းမှာ လွန်ခဲ့သော သုံးလတစ်ကြိမ် အစည်းအဝေး၌ ဂျိုးဆက်(ပ်)နှင့် ချန်လွေ့တို့သည် အလောင်းအစားစာချုပ် ချုပ်ဆိုထားခဲ့သည်။အကယ်၍ ချန်လွေ့သာ ရှီလန်တောင်မှ အသက်ရှင်လျက် ပြန်လာနိုင်မည်ဆိုလျှင် ဂျိုးဆက်ပ်သည် ချန်လွေ့အား ငြိမ်ဝပ်ပိပြားရေးအရာရှိ ဖြစ်လာရန် အကြံပြုမည်ဟူ၍ ဖြစ်သည်။ထိုအချိန်က ဝောာ်ဝင်မင်းသမီး ရှီရာသည်လည်း ခုံသမာဓိအဖြစ် ပါဝင်ခဲ့သည့်အတွက် ကတိဖျက်၍ မရနိုင်ပေ။ထို့ကြောင့် ချန်လွေ့သည် ဝတ္ထုဆန်ဆန်ပင် ငြိမ်ဝပ်ပိပြားရေး အရာရှိရာထူး ရသွားတော့သည်။

အချိန်ခဏကြာသည်အထိ မကျေပ်သံများ၊မနာလိုသံများ အဆုံးမသတ်နိုင် ဖြစ်နေခဲ့သည်။သို့ရာတွင် လူသားက ငြိမ်ဝပ်ပိပြားရေး အရာရှိ ဖြစ်သွားပြီဟူသော အမှန်တရားကို မည်သည်ကမှ မပြောင်းလဲနိုင်တော့ပေ။ရာထူးကျသွား‌သော ငြိမ်ဝပ်ပိပြားရေး အရာရှိဟောင်းကိုမူ မည်သူမျှ အာရုံမစိုက်ကြတော့ပေ။မည်သို့ပင် ဆိုစေကာမူ အရှုံးသမားသည် အရှုံးသမားသာ ဖြစ်သည်။

အပြစ်အကင်းဆုံးမှာ စိုင်ဖူမိသားစုမှ တင်ပင် ဖြစ်လေသည်။သူ၏လက်ထဲ ရောက်နေပြီဖြစ်သော ငြိမ်ဝပ်ပိပြားရေး အရာရှိရာထူးမှာ အမှန်တကယ်ပင် ပျောက်ဆုံးသွားခဲ့သည်။သူသည် မိုင်းတွင်းအရာရှိအနေဖြင့် တာဝန်ထမ်းဆောင်ရန်အတွက် ခါးသီးအေးခဲသော ရှီလန်တောင်ဆီသို့သာ ပြန်သွားရလေသည်။သို့သော်လည်း သူသည် စစ်တပ်အင်အား ပမာဏအချို့ကို ထိန်းချုပ်နိုင်သည့် အနောက်ပိုင်းလမ်းကြောင်း မြို့‌စောင့်တပ် ခေါင်းဆောင်ဟူသော ဂုဏ်ပုဒ်ကို ရရှိခဲ့သည့်အတွက် ၎င်းသည် နှစ်သိမ့်ဆုကဲ့သို့ပင် ဖြစ်သည်။

အပြစ်အကင်းဆုံး မိုင်းတွင်းအရာရှိ တင်သည် ငြိမ်ဝပ်ပိပြားရေး အရာရှိရှေ့၌ စိတ်ပါလက်ပါ ဒူးတစ်ဖက်ထောက်နေလိမ့်မည်ဟု မည်သူမျှ ထင်ထားမိခဲ့မည်မဟုတ်ပေ။

တင်သည် လက်ထဲရှိ မိစ္ဆာသီးသီးအား အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေသည်။အသက်ရှည်ဆေးရည်အပြင် သခင်ဖြစ်သူသည် သူ့ကို ထိုကဲ့သို့ အဖိုးတန်အရာမျိုး ပေးခဲ့လေသည်။အမှန်တကယ်တွင် မှင်စာ စလီမှလွဲ၍ မိစ္ဆာသစ်သီးသည် ချန်လွေ့၏အစေခံ “ပုံမှန်အကျိုးကျေးဇူး” ဖြစ်နေခဲ့သည်။ ထိုသတင်းသာ ပျံ့နှံ့သွားလျှင် ချန်လွေ့အား သခင်အဖြစ် အသိအမှတ်ပြုမည့် နတ်ဆိုးများ မရေတွက်နိုင်အောင် ရှိနေပေလိမ့်မည်။

မြေဒြပ်စင်နှလုံးသား၏ စွမ်းအားဖြင့် မိစ္ဆာသစ်သီး၏ အထွက်နှုန်း နှစ်ဆတိုးသွားသည်။ အဆင့်တက်နိုင်မနိုင်သည် တစ်စုံတစ်ယောက်က ထိုကဲ့သို့သော “အဆင့်မြင့်မှုမျိုး”ကို ခံနိုင်ရည်ရှိမရှိ အပေါ်၌ မူတည်လေသည်။

“ ထတော့။ ”

ချန်လွေ့က တင်၏ပုခုံးကို ပုတ်လိုက်သည်။

“ ခင်ဗျားရဲ့မိသားစုကို လိုင်ဆာအကြောင်း ရှင်းပြတာ ဘယ်လိုဖြစ်သွားလဲ။ ”

တင် ခေါင်းညိတ်လိုက်သည်။

“ ထင်ထားတာထက် ပိုပြီး အဆင်ပြေပါတယ်။လိုင်ဆာမှာ ကလေးတစ်ယောက်ရှိတယ်ဆိုတာနဲ့ အဲဒီကလေးက သန္ဓေပြောင်း မဟာနတ်ဆိုးဆိုတဲ့အကြောင်း ပြောလိုက်တော့ အဖေက ချက်ချင်းပဲ လိုင်ဆာရဲ့‌နေရာကို ကျုပ်ရဲ့ပထမ မိန်းမအနေနဲ့ အတည်ပြုပေးလိုက်တယ်။ကလေးကို ချက်ချင်း ပြန်ခေါ်လာဖို့တောင် သူတောင်းဆိုခဲ့တယ်။ဒါပေမဲ့လည်း အဲလိုမလုပ်ဖို့ ကျုပ်သူ့ကို တော်တော်လေး နားချခဲ့ရတယ်။ ”

ချန်လွေ့ အနည်းငယ် အံ့အားသင့်သွားသည်။ဖို့ဒ်သည် “ပုံမှန်မဟုတ်သော” မယ်ဒူဆာအား တင်၏ တရားဝင် ဇနီးအဖြစ် သတ်မှတ်လောက်သည်အထိ “ ပွင့်လင်း ” လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။အမှန်တကယ်၌ ချန်လွေ့သည် နတ်ဆိုးတို့၏ အမွေဆက်ခံမှု အရေးပါပုံကို အထင်သေးနေဆဲပင် ဖြစ်သည်။သေချာသည်မှာ အကယ်၍ လိုင်ဆာသာ မယ်ဒူဆာ မွေးဖွားခဲ့လျှင် ကိုယ်လုပ်တော်အဖြစ် အသိအမှတ်ပြုခံရလျှင်ပင် ကံကောင်းနေပြီဖြစ်သည်။

“ တစ်နည်းပြောရရင်တော့ ခင်ဗျားမှာ ကိုယ်လုပ်တော်တွေ အများကြီး ရှိလာမှာပေါ့။ ”

ချန်လွေ့ ပြုံးရင်း ပြောလိုက်သည်။တင်၏ ရှုံ့မဲ့မဲ့အပြုံးကို ကြည့်ရင်း ချန်လွေ့ဆက်ပြောသည်။

“ ခင်ဗျားရဲ့အဖေက ကျုပ်ကို သံသယ မဝင်လောက်ဘူးဟုတ်။ ”

တင် ခေါင်းခါသည်။

“ မစိုးရိမ်ပါနဲ့။သခင်။သခင်က ကျုပ်နဲ့လိုင်ဆာကို ကယ်တင်ခဲ့တယ်ဆိုတာကိုပဲ ကျုပ်အဖေ သိတာပါ။အဲဒါကြောင့် သူက သခင့်ကို ကျေးဇူးတင်နေတာ။ကျန်တဲ့အကြောင်း သူဘာမှမသိပါဘူး။ဆေးရည်မည်း ဖန်တီးဖို့အတွက် သခင်သုံးခဲ့တဲ့ ကုန်ကြမ်းပစ္စည်းတွေကိုလည်း ကျုပ် ဖုံးကွယ်ထားခဲ့ပြီးပါပြီ။ ”

ချန်လွေ့လည်း သဘောတူစွာ ခေါင်းညိတ်လိုက်သည်။

“ ဒီတစ်ခေါက် ခင်ဗျားရဲ့မိသားစုကနေ လူတွေတော်တော်များများကို ရှီလန်တောင်ဆီ ခေါ်သွားလိုက်။မြေအောက်လောကရဲ့ ကိစ္စတွေကိုတော့ လျို့ဝှက်ထားရမယ်။အဓိကတွင်း ပိတ်သွားပြီလို့ ပြောလိုက်။ပြီးတော့ မိုင်းလုပ်သားတွေကို အထက်လွှာမှာ ဆက်ပြီးတော့ မိုင်းတူးခိုင်း။သတ္တုရိုင်းတွေ တင်ပြဖို့ကိစ္စကိုတော့ စိုးရိမ်းစရာ မလိုဘူး။ကျုပ် တော်ဝင်မင်းသမီးကို ပြောပြီးပြီ။ပြီးတော့လည်း သတ္တုရိုင်းအပြုန်းတွေကို မူလသတ္တုရိုင်း ပြန်ဖြစ်အောင် လုပ်ပြီးသွားပြီ။တချို့ကိုတော့ ရွက်စိမ်းတောအုပ်မှာ မြှုပ်ထားတယ်။သတ္တုရိုင်းတွေကို အန္တရာယ်ကင်းတဲ့ နေရာရအောင် လျို့ဝှက်ပြီး သယ်သွားလိုက်။ ”

“ မူရင်း အများဆုံး ဆက်သွယ်ရေးမျှော်စင်ကို ပြန်ပြင်ဖို့အပြင် ကျုပ်တို့တွေ ဆက်သွယ်နိုင်ဖို့အတွက် ရှီလန်တောင်မှာ ကျုပ်တို့ကိုယ်ပိုင် ဆက်သွယ်ရေး မျှော်စင်တစ်ခု လျို့ဝှက်တည်ဆောက်ရမယ်။အနောက်ဘက်ကို ခုခံဖို့အတွက် ကျုပ် ဆက်ပြီးပြောစရာ မလိုတော့ပါဘူး။လိပ်ပြာနီနယ်မြေနဲ့ အရိပ်နက်အင်ပါယာကို အမြဲတမ်း သတိထားနေ။လိုအပ်မယ်ဆိုရင် မယ်ဒူဆာတွေရဲ့အင်အားကို သုံးလို့ရတယ်။ဒါမှမဟုတ် မြေဒြပ်စင်ကောင်တွေကို အကူအညီတောင်းလို့ရတယ်။ ”

“ နားလည်ပါပြီ။သခင်။ ”

တင်သည် ချန်လွေ့၏ ဉာဏ်ပညာနဲ့ အံ့ဩဖွယ်ရာ စွမ်းအားများကို လုံးဝယုံကြည်သွားပြီ ဖြစ်သည်။ယခုတစ်ခေါက် ရှီလန်တောင်ဆီသို့ ပြန်သွားခြင်းသည် သူ၏ပါရမီများကို ထုတ်ဖော်ပြရန် အခွင့်ကောင်း ပေးခြင်းဖြစ်သည်။တစ်ချိန်တည်းမှာပင် သူသည် လိုင်ဆာနှင့်ကလေးကို ဂရုစိုက်နိုင်မည်ဖြစ်သည်။၎င်းမှာ ခဲတစ်လုံးနှင့် ငှက်နှစ်ကောင် ပစ်သတ်ခြင်းပင် ဖြစ်သည်။

ခဏကြာပြီးနောက် တင်သည် ပြိုင်ကွင်း အခြေစိုက်စခန်းမှ လမ်းလျှောက်ထွက်သွားသည်။ခန်းမထဲ၌ အသီနာကိုမြင်လိုက်ရာ သူ အရိုအသေပေးလိုက်သည်။ထို့နောက် သူသည် အရတ်(စ်)နှင့် အခြားသူများအား ခေါင်းညိတ်ပြပြီး ဝတ်ရုံတစ်ခုဝတ်ကာ ညအမှောင် အကာအကွယ်ဖြင့် ပြိုင်ကွင်းမှ ထွက်သွားလိုက်တော့သည်။

ချန်လွေ့လည်း ထွက်လာပြီး ရွိုင့်(စ်)ကို မေးသည်။

“ အမှောင်လမြို့ကနေ ဂျိုးဆက်(ပ်) ထွက်သွားပြီလား။ ”

ရွိုင့်(စ်) ခေါင်းညိတ်လိုက်သည်။

“ အစည်းအဝေး တက်ပြီးတော့ သူက လိပ်ပြာနီနယ်မြေဆီကို အမြန်ပြန်သွားတယ်။အမှောင်လမြို့ အနောက်ပိုင်းမှာ ရှုံးနိမ့်ခဲ့တဲ့အတွက် ခါနီတာက သူ့ကိုပြဿနာ ရှာနေတာဖြစ်မယ်။ ”

“ ဒီ“သနားစရာ ဘဏ္ဍာရေးအရာရှိ”က အသွားအပြန်လုပ်ရတယ်။သူ့ရဲ့ညီဖြစ်သူနဲ့လည်း တိုက်ခိုက်နေရတယ်။တရားရှုမှတ်ဖို့နဲ့ လေ့ကျင့်ဖို့အတွက်တောင် အဖိုးတန်နေတဲ့ပုံပဲ။ ဒါပေမဲ့ ဒီနေ့ ကျုပ်သူ့ကိုတွေ့တော့ သူ့အစွမ်း တော်တော်လေး တိုးတက်လာတာကို တွေ့ရတယ်။သူက နတ်ဆိုးဘုရင်အဆင့်နှောင်းပိုင်းကို အဆင့်တက်သွားတာဖြစ်ဖို့များတယ်။ ”

ချန်လွေ့သည် အရတ်(စ်)၊ရွိုင့်(စ်)နှင့် အခြားသူများ၏မျက်နှာပေါ်မှ တည်ငြိမ်မှုကို မြင်နေရပြီး မျက်မှောင်ကြုတ်လိုက်သည်။

“ ခင်ဗျားတို့ တစ်ယောက်မှ မစိုးရိမ်ကြဘူးလား။ ”

ရွိုင့်(စ်)၏မျက်နှာ တစ်မျိုးဖြစ်သွားသည်။

“ သခင့်ကို မြှောက်ပင့်ချင်တာတော့ မဟုတ်ပါဘူး။ဒါပေမဲ့ ကျုပ်စိုးရိမ်ရမယ်ဆိုရင် ဂျိုးဆက်(ပ်) အတွက်ပဲ စိုးရိမ်ရမှာ။သူ နတ်ဆိုးဘုရင်အဆင့် ရောက်တဲ့အချိန်မှာ သခင်က အနည်းဆုံး မဟာနတ်ဆိုးဘုရင်အဆင့် ရောက်နေလောက်ပြီ။ပြောရရင်တော့ သခင်က.... ”

ရွိုင့်(စ်) ပုခုံးတွန့်ပြီး ဆက်မပြောတော့ပေ။ဆိုဖာပေါ်၌ ဝိုင်သောက်နေသော အရတ်(စ်)က ရုတ်တရက် ဆက်ပြောသည်။

“... မွန်းစတားပဲ။ ”

ဘေးနားမှလူများလည်း တပြိုင်နက်တည်း ခေါင်းညိတ်လိုက်ကြသည်။အသီနာလည်း ထိုကဲ့သို့ လိုက်လုပ်သည်ကို မြင်ရသည့်အတွက် ချန်လွေ့ ပို၍ပင် ပြောစရာမဲ့သွားသည်။

မကြာမီတွင် တောင်ပံခတ်နေသော အရိပ်နှစ်ခုသည် ညကောင်းကင်ထဲသို့ ပျံသန်းသွားပြီး မြို့ထဲမှ အလျင်အမြန် ပျံသန်းသွားကြသည်။

ရေကန်ပြာဆီသို့ ရောက်သည့်အခါ ပါ့(ဂ်)လီအိုကို ချန်လွေ့ တွေ့သွားသည်။

ပါ့(ဂ်)လီအိုသည် ချန်လွေ့နှင့်အတူ ပါလာသော အသီနာကို စစ်ဆေးကြည့်ပြီးနောက် ပြုံးဖြီးဖြီး လုပ်လိုက်သည်။

“ မဆိုးဘူး။ဒီတစ်ခေါက် မင်းမိသားစုကိုပါ ခေါ်လာတာပဲ။ ”

မူလက အဆိပ်နဂါးအား သူတို့ကို အဆိပ်ခတ်သည့်အကြောင်း လိမ်လည်ခဲ့သည့်အတွက် အသီနာ ကိုးရိုးကားရား ဖြစ်နေသည်။သို့သော်လည်း ထိုသို့ ပြောလိုက်သည်နှင့် အသီနာ ချက်ချင်း ရှက်သွားပြီး စိတ်ထဲရှိ မကျေနပ်ချက်တစ်ဝက် ပျောက်ကွယ်သွားသည်။

အဆိပ်နဂါး ဆက်ပြောသည်။

“ ချန်လွေ့ မင်းကို အနိုင်ကျင့်ရဲရင် ငါ့ကိုပြော။ငါသူ့ကို မင်းအတွက် ရိုက်ပေးမယ်။ နောက်ပြီးရင် အသက်ဘယ်လိုအောင့်ရမလဲဆိုတာ မင်းကိုငါ သင်ပေးမယ်။ တိုက်ခိုက်ရေးစွမ်းအားတွေ ထိန်းချုပ်တတ်ဖို့လည်း သင်ပေးမယ်။ ”

အဆိပ်နဂါးအပေါ် အသီနာ၏ ရင်းနှီးမှုသည် “သာမန်”မှ “ခင်မင်”သည်အထိ တဟုန်ထိုး တိုးတက်သွားသည်။

ချန်လွေ့သည် အဆိပ်နဂါးအား လက်ခလယ် ထောင်ပြလိုက်သည်။ ခင်ဗျားက ကျုပ်ကို ရိုက်ဖို့အတွက် သက်သက် အကြောင်းရှာနေတာ မဟုတ်လား။ဒီငတုံးမလေး အသီနာကို ကျေနပ်အောင် လုပ်မှရမယ် ထင်တယ်။

ပါ့(ဂ်)လီအိုသည် ချန်လွေ့ထံမှ ဝိုင်ကိုယူပြီးမေးသည်။

“ မင်းတို့နှစ်ယောက် ဒီကိုလာတာ ကိစ္စတစ်ခုခု ရှိလို့လား။ ”

ချန်လွေ့သည် သီးသန့်ဖြစ်နေသော အသီနာအား ဆွဲခေါ်ပြီး ထိုင်ချလိုက်သည်။

“ ကျုပ်က အခု အမှောင်လမြို့ရဲ့ ငြိမ်ဝပ်ပိပြားရေး အရာရှိ ဖြစ်နေပြီ။ခင်ဗျား အမှန်အတိုင်း ပြောတာကောင်းမယ်။မဟုတ်ရင်တော့ နဂါးသုတ်သင်သူ ဆိုတဲ့နာမည်တပ်ခံရလည်း စိတ်မဆိုးဘူး။ ”

ပါ့(ဂ်)လီအိုသည် ချန်လွေ့အား အထင်သေးစွာ ကြည့်လိုက်သည်။

“ မင်းကလား။မင်းကိုယ်မင်း မသတ်သေဘူးဆိုရင် ငါ့ရဲ့ ကြေးခွံတစ်ခုကိုတောင် ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး။ ”

အစပိုင်း၌ အသီနာသည် ချန်လွေ့တို့နှစ်ယောက် သာမန်စကားပြောနေမှုကို အံ့အားသင့်နေခဲ့သည်။အထူးသဖြင့် ပါ့(ဂ်)လီအိုသည် ဒဏ္ဍာရီထဲကကဲ့သို့ နဂါးမာန မရှိနေပေ။၎င်းသည် ချန်လွေ့ ပြောပြခဲ့သည် “သန္ဓေပြောင်းသတ္တဝါ”နှင့် ဆင်တူနေသည်။

တဖြည်းဖြည်းနှင့် ခပ်အေးအေး အသီနာသည် အခြေအနေကို ကျင့်သားရသွားသည်။သူသည် ရံဖန်ရံခါ စကားဝိုင်း၌ ဝင်ပါသည်။၎င်းသည် အလွန်ပင် လိုက်ဖက်ညီနေပုံရသည်။

“ ဒါနဲ့ မင်းရဲ့ စိတ်လေ့ကျင့်ရေးက ဘယ်လိုအခြေအနေရှိလဲ။ ”

“ ပထမအဆင့်တော့ ပြီးသွားပြီ။ကျုပ်မှာ အချိန်နည်းနည်းပဲ ရှိပင်မဲ့လည်း ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတယ်။ကျုပ်မှာက အသီနာရဲ့ ထောက်ပံ့ပေးမှု ရှိတယ်လေ။ ”

ချန်လွေ့က အသီနာအား ငေးကြည့်ပြီး စိတ်အားထက်စေရန် ပြုံးပြလိုက်သည်။

“ မင်းက မိတ်ဆွေထက် ချစ်သူကို ပိုပြီးတန်ဖိုးထားတဲ့ကောင်ပဲ။ ”

အဆိပ်နဂါးက မကျေမနပ်နှင့်ပြောသည်။

“ ချိပ်ပိတ်ကို ဖယ်ရှားပြီးရင် ငါ နဂါးမဒါဇင်လောက်ကို ခေါ်ပြီးတော့ မင်းအိမ်ဆီ ပျံလာခဲ့မယ်။မင်းကို မနာလိုအောင်လုပ်မယ်။ ”

“ နဂါးမ ဒါဇင်လောက်လား။ကျုပ်ကို မနာလိုအောင် လုပ်မယ်ဟုတ်ထား။ထွီး။ကျုပ်က ဘယ်တော့မှ မနာလိုဖြစ်မှာ မဟုတ်ဘူး။ ”

ချန်လွေ့သည် အဆိပ်နဂါးအား အထင်သေးလျက် ကြည့်လိုက်သည်။ထို့နောက်သူသည် အသီနာ၏ လက်ကိုကိုင်ပြီး ရင်းနှီးနီးကပ်မှုကို ကြွားဝါတော့သည်။

“ ပြီးတော့လည်း အခု ခင်ဗျားက ဖွတ်မ တစ်ကောင်ကိုတောင် မရှာနိုင်ဘူး။ ”

အသီနာသည် ရှက်ရွံ့စွာဖြင့် လက်ကိုပြန်ဆွဲယူပြီး ချန်လွေ့အား မျက်လုံး ဝေ့ဝိုက်ကြည့်လိုက်သည်။

ချန်လွေ့ ခဏလောက် စနောက်ပြီးနောက် ပြောသည်။

“ ဒါနဲ့ သိပ်မကြာခင် အသံတိတ်ညစိမ့်မြေဆီမှာ သွားဖို့စီစဉ်ထားတယ်။အခု ကျုပ်က နတ်ဆိုးဘုရင်အဆင့် ရောက်နေပြီ။အသံတိတ်ညစိမ့်မြေက ဝိုင်ဗန်တွေရဲ့ အကူအညီလည်းရှိပြီ။အဲဒါကြောင့် ခင်ဗျားရဲ့ [ အလင်းအမှောင် သော့ခလောက် ]ကို ပယ်ဖျက်ဖို့အတွက် ကူညီဖို့ အချိန်ရောက်ပြီ။ ”

ပါ့(ဂ်)လီအို မျက်မှောင်ကြုတ်လိုက်သည်။

“ မင်းရဲ့စိတ်လေ့ကျင့်ရေး ပြီးသွားတဲ့အထိ စောင့်လိုက်ပါဦး။ဘယ်လိုပဲဖြစ်ဖြစ် ငါအိပ်ပျော်နေတာက နှစ်ပေါင်းထောင်နဲ့ချီ ရှိပြီ။အလောတကြီး လုပ်ဖို့မလို့ပါဘူး။ ”

“ ရပါတယ်။တရားရှုမှတ်တာတစ်ခုတည်းက ကျုပ်ရဲ့ စိတ်လေ့ကျင့်ရေးအတွက် မလုံလောက်ဘူး။နေ့စဉ်ဘဝတွေကို ကျုပ် တဖြည်းဖြည်းနဲ့ သဘောပေါက်အောင် လုပ်ရမယ်။လောလို့မရဘူး။ပြီးတော့လည်း တစ်လမပြည့်ခင်မှာ ခင်ဗျားရဲ့ နဂါးထွင်းစာတွေ ပြတ်တောင်းပြတ်တောင်းနဲ့ ယိုယွင်းသွားမယ်။အဲဒီအချိန်ကျရင် မိတ်ဆွေနှစ်ယောက်က ရတနာ သွားရှာကြမှာ။သူတို့က အလိုအလျောက်ဖျက်ဆီးတဲ့ နဂါးထွင်းစာကို အသက်ဝင်အောင်လုပ်မိသွားရင် ပြဿနာ တက်နိုင်တယ်။သူတို့နဲ့ တူတူသွားမယ်လို့ ကျုပ်ကတိပေးထားပြီးပြီ။အဲဒီအချိန်ကျရင် အခြေအနေကြည့်ပြီးတော့ ကျုပ်တုံ့ပြန်လိုက်မယ်။ကျုပ်ရဲ့မိတ်ဆွေတစ်ယောက်ကို သူလိုတဲ့ပစ္စည်းပဲ ပေးမှာပါ။ခင်ဗျားရဲ့ ရတနာတွေကို မသိစေရဘူး။ဒါပေမဲ့လည်း ပြောရမယ်ဆိုရင် ခင်ဗျား အရင်တုန်းက တော်တော်ခိုးခဲ့တာပဲ။အဲဒီမိတ်ဆွေအပြင်ကို ဆော်ရွန်မျက်လုံးကလည်း ပြိဿတွေရဲ့ လျို့ဝှက်ရတနာ တစ်ခုဖြစ်တဲ့ပုံပဲ။ ”

ပါ့(ဂ်)လီအို လုံးဝမရှက်ဘဲ အလွန်ဂုဏ်ယူနေပုံပေါ်သည်။

“ ‌ဒါပေါ့။နဂါးတွေရဲ့ ပစ္စည်းဥစ္စာ စုဆောင်းတဲ့စွမ်းရည်ကို အထင်မသေးနဲ့။နောက်တော့ ငါ့ရဲ့ ချိပ်ပိတ်တွေအားလုံးကို ဖယ်ရှားနိုင်တဲ့အခါကျရင် ငါမင်းကို လုယက်ဖို့ ခေါ်သွားပေးမယ်.... ”

ဒီနဂါးမှာ ဒီလိုစွမ်းဆောင်ရည်ပဲ ရှိတာလား။ ချန်လွေ့ စိတ်ပျက်လက်ပျက်နှင့် ခေါင်းခါလိုက်သည်။

“ ခင်ဗျားရဲ့ ချိပ်ပိတ်ကို ဆော်ရွန်မျက်လုံးနဲ့ ဖယ်ရှားလိုက်မယ်ဆိုရင် လျို့ဝှက်ရတနာ မပျက်စီး သွားလောက်ပါဘူးနော်။ ”

“ မဖြစ်ပါဘူး။[ အလင်းအမှောင် သော့ခလောက် ]ကို လှုပ်ခါနိုင်ဖို့အတွက် ဆော်ရွန်မျက်လုံးရဲ့ စိတ်ဝိညာဉ်စွမ်းအားကိုပဲ ငါသုံးမှာပါ။ ”

အဆိပ်နဂါးက ပုံမှန်အတိုင်း ကြည့်လိုက်သည်။

“ မင်းလိုချင်ရင် ငါပေးလို့ရတယ်။ဒါပေမဲ့ နောက်ထပ် ရတနာတစ်ခုနဲ့ မင်းလဲလှယ်ရမယ်။ ”

“ တော်တော် ကပ်စေးနဲတဲ့သူပဲ။ဒါနဲ့ ခင်ဗျားရဲ့ ရတနာတွေထဲမှာ ဓမ္မတေးသစ်သီး ရှိလား။ ”

“ ငါ့ကို ဥယျာဉ်မှူး မှတ်နေတာလား။ပြီးတော့လည်း အဲဒီပစ္စည်းက ရှားပါတယ်။ပေါက်ရောက်တဲ့ ကန့်သတ်ချက်ကလည်း ကြမ်းတမ်းတယ်။အဲဒါက ဘယ်မှာရှိလဲဆိုတာတောင် ငါမသိဘူး..... ”

ထိုအချန်၌ အသီနာ ကြားဖြတ်ဝင်ပြောသည်။

“ ချန်လွေ့။နင်ပြောတဲ့ အသံတိတ်ညစိမ့်မြေကိုသွားမယ့် မိတ်ဆွေနှစ်ယောက်က ဒေလီယာနဲ့ ရိုမန်ပဲ ဖြစ်မယ်။ငါ ဒေလီယာကို မတွေ့ရတာ တော်တော်ကြာပြီ။ ဒီတစ်ခေါက် နင်ငါ့ကို အသံတိတ်ညစိမ့်မြေဆီ ခေါ်သွားရမယ်။ ”

“ မဖြစ်ဘူး။နေရာတိုင်းမှာ အန္တရာယ်များတဲ့ နဂါးထွင်းစာတွေ ရှိတယ်။ပြီးတော့လည်း ပါ့(ဂ်)လီအိုက သူဆင်ထားခဲ့တဲ့ ထောင်ခြောက်တွေ ဘယ်လောက်ရှိလဲ ဆိုတာကိုတောင် မမှတ်မိတော့ဘူး။ ”

ချန်လွေ့ ပြတ်ပြတ်သားသား ခေါင်းခါလိုက်သည်။

“ ငါ့ဘာသာ အဆင်ပြေမှာပါ။မင်းက အမှောင်လမြို့မှာပဲ နေခဲ့ပါ။ ”

မိုးသစ်တောမည်း၌ မိစ္ဆာသစ်သီး ရရှိခဲ့သော အဖြစ်အပျက်များကို တွေးမိရင်း အသီနာ၏ စိတ်ဓာတ် ရုတ်တရက် ကျဆင်းသွားသည်။

“ ငါကနင့်ကို ဝန်ထုတ်ဝန်ပိုးဖြစ်စေမှာ စိုးရိမ်နေတာလို့ ငါထင်တယ်။ ”

“ မင်းဘာတွေ ပြောနေတာလဲ။မင်းက ငါ့ရဲ့ မိန်းကလေးလေ။ဝန်ထုတ်ဝန်ပိုးဆိုတာမျိုး မရှိပါဘူး။ ”

အသီနာ၏လက်ကို ချန်လွေ့ ဆွဲယူလိုက်သည်။

“ ဒေလီယာ ပြောထားတာရှိလို့ပါ။မင်း အသံတိတ်ညစိမ့်မြေဆီ သွားမယ်ဆိုရင် သူက မင်းနဲ့ တကယ် အဆက်အသွယ် ဖြတ်မယ်တဲ့။ပြီးတော့လည်း မင်းငါ့ကို ကူညီရမယ့် အရေးကြီးတာတစ်ခု ရှိတယ်။မင်းကလွဲပြီး ဘယ်သူမှ မလုပ်နိုင်ဘူး။ ”

အသီနာ ရှက်သွားသည်။သူရုန်းချင်သော်လည်း ချန်လွေ့သည် သူ၏လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။အဆိပ်နဂါးက မိမိသည် လူပိုဖြစ်နေကြောင်း သဘော‌မပေါက်ဘဲ သူတို့နှစ်ယောက် ရင်းရင်းနှီးနှီး နေနေသည်ကို စိတ်ဝင်တစား ကြည့်နေလိုက်သည်။

နောက်ဆုံး၌ အသီနာ၏ခံစားချက်များ တည်ငြိမ်သွားပြီး မေးသည်။

“ ဘာကိစ္စလဲ။ ”

ချန်လွေ့ ပုခုံးတွန့်ပြီး အသီနာ၏ လက်ကို နမ်းလိုက်သည်။

“ ငြိမ်ဝပ်ပိပြားရေးအရာရှိရဲ့ အမျိုးသမီးလောင်း အနေနဲ့ မင်းမှာ အရာရှိကိုယ်စား ထမ်းဆောင်ရမယ့် တာဝန်ရှိတယ်လေ။ ”

“ အမျိုးသမီးလောင်း ” ဟူသော စကားကို ကြားလိုက်သည့်အခါ အသီနာ၏နှလုံးသားထဲ၌ ချိုမြိန်သွားသည်။သို့သော်လည်း အဆိပ်နဂါးအရှေ့၌ ချန်လွေ့ ကြွားဝါသည်ကို အသီနာ ပို၍ပင်ရှက်သွားသည်။အသီနာသည် ချန်လွေ့အား ကိုင်လှဲလုမတတ် ဖြစ်သွားသည်။

ကံမကောင်းစွာပင် ဘေးနားမှာ လူပို နဂါးသည် မတော်မသင့် ထပ်ပြောလိုက်သည်။

“ မင်းတို့ ဆက်လုပ်ပါ။ငါမရှိဘူးလို့ သဘောထားလိုက်။ ”

All Chapters