← Chapters

ဖန်ကျောက် နှလုံးသား

Vol. 13 Ch. 182

ဖန်ကျောက် နှလုံးသား

Vol. 13 Ch. 182

ချန်လွေ့က ခြိမ်းခြောက်သည့် အမူအရာ ပြုလုပ်လိုက်သည်။ သူ၏မျက်လုံးများသည် ဂျိုးဆက်ပ်ဘေးနားရှိ ဖလန်ဒီကို ဖျတ်ခနဲကြည့်ပြီး မျက်နှာဖုံးနောက်မှ ရယ်သံတစ်သံ ထွက်ပေါ်လာသည်။

“ မိတ်ဆွေ။ကျုပ်တို့ ထပ်တွေ့ပြန်ပြီ။ ”

ဂျိုးဆက်ပ်သည် ဝိုင်ဗန်ကြောင့် ထိတ်လန့်ရာမှ ခဏအကြာတွင် ပြန်သတိဝင်လာပြီး ရယ်လိုက်သည်။

“ ပြန်တွေ့ရတာ ဝမ်းသာပါတယ်။မိတ်ဆွေ။ ”

“ ခင်ဗျားဘေးက.... လီဗျာသန် တော်ဝင်မိသားစုရဲ့ နတ်ဆိုးဘုရင်အဆင့် နှောင်းပိုင်း ပုဂ္ဂိုလ်နဲ့ မိတ်မဆက်ပေးတော့ဘူးလား။ ”

ချန်လွေ့က ဖလန်ဒီအား ဖျတ်ခနဲ ကြည့်လိုက်သည်။

မျိုးနွယ် = လီဗျာသန်

စွမ်းအားအကဲဖြတ်မှု = [ C+ ]

ဂျိုးဆက်ပ်နှင့် ဖလန်ဒီတို့နှစ်ယောက်လုံး တပြိုင်နက်တည်း ထိတ်လန့်သွားကြသည်။ ဖလန်ဒီသည် သူ၏အစွမ်းအား အလွယ်တကူ သိရှိသွားခြင်းကြောင့် အံ့အားသင့်သွားသည်။ ဂျိုးဆက်ပ်ကမူ လိပ်ပြာနီနယ်မြေရှိ အက်ဂ်ယော၏ သတင်းအချက်အလက် ထိန်းချုပ်မှုအဆင့်ကို အံ့အားသင့်သွားသည်။ လိပ်ပြာနီနယ်မြေရှိ အထက်အဆင့်တစ်ခုလုံးထဲ၌ပင် ဖလန်ဒီအား လီဗျာသန် တော်ဝင်မိသားစုဟူ၍ လူနည်းစုသာ သိရှိကြသည်။

ချန်လွေ့သည် [ သရုပ်ခွဲမျက်လုံး ] မှ ဖော်ပြထားသည်များနှင့် လိမ်ညာပြောဆို နေလိမ့်မည်ဟု မည်သူမျှ ထင်ထားခဲ့မည် မဟုတ်ပေ။

အက်ဂ်ယောသည် ပို၍ပင် နားလည်ရခက်လာသည်ဟု ဂျိုးဆက်ပ် ခံစားလိုက်မိပြီး အသာလေးပြုံးပြသည်။

“ မိတ်ဆွေ။ခင်ဗျားဆီကနေ ဘာကိုမှ ဖုံးကွယ်ထားလို့ မရတဲ့ပုံပဲ။ ဒါက ဆာ-ဖလန်ဒီ လီဗျာသန်ပါ။ လိပ်ပြာနီနယ်မြေရဲ့ အကြီးအကဲ သုံးယောက်ထဲက တစ်ယောက်ပေါ့။ သူ့ရဲ့ ထောက်ပံ့မှုနဲ့ အကူအညီကြောင့်သာမဟုတ်ရင် ကျုပ်ကို ခါနီတာ အနိုင်ယူသွားလောက်ပြီ။ ”

ချန်လွေ့သည် ဖလန်ဒီအား အသာလေး ခေါင်းညိတ်ပြပြီး အရိုအသေပေးလိုက်သည်။ ဖလန်ဒီသည် ချန်လွေ့၏မျက်နှာဖုံးကို စူး‌စိုက်နေပြီး အနည်းငယ် မောက်မာသော လေသံဖြင့် ပြောသည်။

“ ကျုပ်ရဲ့ အမြင်အာရုံအားနည်းတာကို ခွင့်လွှတ်ပေးပါ။ မစ္စတာအက်ဂ်ယော ဝတ်ထားတဲ့ မျက်နှာဖုံးက အဆောင်ပစ္စည်း၇မျိုးထဲက တစ်မျိုးဖြစ်တဲ့ နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး လား။ ”

“ အတိအကျပြောရရင်တော့ ဒါက လုံးဝပြီးပြည့်စုံတဲ့ နတ်ဘုရား-ဝါးမျိုမျက်နှာဖုံးပဲ။ ကံမကောင်းစွာနဲ့ပဲ ကျုပ်ဒါကို လွတ်လွတ်လပ်လပ် မသုံးနိုင်သေးဘူး။ ”

ချန်လွေ့ ပြန်ဖြေလိုက်သည်။

“ တကယ်ပဲလား။ဒဏ္ဍာရီလာ အဆောင်ပစ္စည်းကို ကျုပ်တကယ်ပဲ သိချင်မိတယ်။ ”

ထိုသို့ပြောနေရင်း ဖလန်ဒီ၏ ညာမျက်လုံးသည် အပြာရောင်မှ တဖြည်းဖြည်းနှင့် အနက်ရောင်ပြောင်းသွားကြောင်း ချန်လွေ့ ခံစားမိသွားသည်။

ထိုကဲ့သို့ ပြောင်းလဲမှုမျိုးကို ချန်လွေ့ ယခုမှ ကြုံတွေ့ဖူးခြင်း မဟုတ်ပေ။ ၎င်းသည် လီဗျာသန် တော်ဝင်မိသားစု၏ သွေးမျိုးဆက်ပါရမီဖြစ်သော [ နတ်မိစ္ဆာမျက်လုံး ] ပင် ဖြစ်သည်။

အတိအကျပြောရလျှင် ဖလန်ဒီ၏အစွမ်းသည် ဒေလီယာထက် သာနိုင်သည်။ သို့သော်လည်း သွေးမျိုးဆက်ပါရမီ၏ စွမ်းအားသည် ကိုယ်ပိုင်ပါရမီ အပေါ်၌သာ ပို၍မှီခိုသည်။ ဖလန်ဒီ၏ [ နတ်မိစ္ဆာမျက်လုံး ] သည် ဒေလီယာထက် နိမ့်ကျသည်။ဘရော့ခ်နှင့် လုံးဝမယှဉ်နိုင်ပေ။

ယခုတွင် ချန်လွေ့သည် [ နတ်မိစ္ဆာမျက်လုံး ] ၏ ကျူးကျော်မှု ခံရလျှင် စူပါစနစ်ကိုသာ မှီခိုရသော အမြင့်ဆင့်နတ်ဆိုး မဟုတ်တော့ပေ။ စူပါစနစ်၏ ကူးပြောင်းမှုကို အသုံးပြုလျှင် အရှိန်အဝါ တိုးလာနိုင်သော်လည်း ဖလန်ဒီ၏ရည်ရွယ်ချက်မှာ တိုက်ခိုက်ရန်မဟုတ်ဘဲ စမ်းသပ်ရန်သာ ဖြစ်နိုင်သည်။ ချန်လွေ့ စဉ်းစားပြီး [ နတ်မိစ္ဆာမျက်လုံး ] ကိုကြည့်ရာ ကြယ်တာရာဝါးမျိုခြင်းအား တိတ်တဆိတ် အသက်သွင်းလိုက်သည်။

ဖလန်‌ဒီ၏ [ နတ်မိစ္ဆာမျက်လုံး ] ချန်လွေ့၏ အသိစိတ်ထဲသို့ မည်သည့်အတားအဆီးမျှ မရှိဘဲ ဝင်ရောက်သွားသည်။ အားအနည်းဆုံးပြိုင်ဘက်ပင် စိတ်ပိုင်းဆိုင်ရာ ခုခံမှုရှိသည့် အတွက် ထိုကဲ့သို့ဖြစ်သွားသည်ကို ဖလန်‌ဒီ အံ့အားသင့်သွားသည်။ သို့သော်လည်း ပြိုင်ဘက်ဖြစ်သူ၏ အသိစိတ်ထဲရောက်သွားသည်နှင့် ဖလန်ဒီသည် ကြောက်မက်ဖွယ်ရာ ဝါးမျိုခြင်းအားကို ခံစားလိုက်ရသည်။ [ နတ်မိစ္ဆာမျက်လုံး ] သည် ၎င်းကို လုံးဝမယှဉ်နိုင်ပေ။ ဒီရေကို ရင်ဆိုင်ရသကဲ့သို့ပင် ရူးသွပ်စွာ ဝါးမျိုခံနေရသည်။

ဖလန်ဒီ ထိတ်လန့်သွားပြီး တန်ပြန်မှုကို ဂရုမစိုက်တော့ဘဲ [ နတ်မိစ္ဆာမျက်လုံး ] ကို အစွမ်းကုန် ရုပ်သိမ်းလိုက်သည်။ ယခင်က ဂလော်ဖင်းသည် အပိုင်းစီးရန် အကြံရှိခဲ့သည်။ သူ၏ဝိညာဉ်သည် ချန်လွေ့၏ အသိစိတ်ထဲသို့ လုံးဝဝင်ရောက်ခဲ့သည့်အတွက် မလွတ်မြောက်နိုင်ခဲ့ပေ။ ဖလန်ဒီသည် စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုအချို့သာ ပြုလုပ်ခဲ့သည်။ ထို့ကြောင့် နောက်ဆုံး၌ သူသည် အစွမ်းကုန်အသုံးပြုကာ ထိုကြောက်မက်ဖွယ်ရာ ဝါးမျိုစွမ်းအားကိုဖယ်ရှားနိုင်ခဲ့သည်။ သို့သော်လည်း တန်ပြန်ခံရမှုသည် မသေးလှပေ။ သူ မခံနိုင်လုနီးပါး ဖြစ်သွားသည်။

ဂျိုးဆက်ပ်၏အမြင်၌ သူတို့နှစ်ဦး၏ ရင်ဆိုင်တိုက်ခိုက်မှုသည် မျက်စိတ်တစ်မှိတ် နှစ်မိတ်သာ ကြာလိုက်သည်။ ထို့နောက် ဖလန်ဒီ နှာမှုတ်ပြီး မျက်လုံးကို လက်ဝါးနှင့်အုပ်ကာ လက်ကြားမှ သွေးများစီးကျလာသည်ကို ဂျိုးဆက်ပ် မြင်လိုက်ရသည်။ ဂျိုးဆက်ပ် အလန့်တကြား ဖြစ်သွားသည်။ နတ်ဆိုးဘုရင်အဆင့် ထိပ်သီးပိုင်းဖြစ်သော ဖလန်ဒီသည် ဤကဲ့သို့ အလျင်အမြန်ရှုံးနိမ့်ပြီး ကြီးကြီးမားမား အထိနာသွားလိမ့်မည်ဟု ဂျိုးဆက်ပ် လုံးဝမထင်ထားခဲ့ပေ။ အက်ဂ်ယော၏ စွမ်းအားအစစ်အမှန်သည် တစ်ဖက်ကမ်းလွန်နေသည်ဟု ထင်ရသည်။ အကယ်၍ ထိုညတွင် သူတို့နှစ်ဦး အစွမ်းကုန် တိုက်ခိုက်ကြလျှင် သူ အသက်ရှင်လောက်မည် မဟုတ်နိုင်ပေ။

အက်ဂ်ယော ခြိမ်းခြောက်ခံနေရကြောင်း ဝိုင်ဗန် ခံစားမိသွားပြီး ဒေါသတကြီး ရှူးရှူးရှဲရှဲ အသံပြုလိုက်သည်။ဝိုင်ဗန် တိုက်ခိုက်ရန်ပြင်လိုက်စဉ် ချန်လွေ့က လက်အမူအရာ ပြသရာ ၎င်းသည် ဆန့်ကျင်မှုမရှိဘဲ တည်ငြိမ်သွားသည်။ ဂျိုးဆက်ပ် ထိတ်လန့်သွားပြန်သည်။ သူ၏အရှေ့မှ ဝတ်ရုံနှင့်လူသည် ပို၍ပို၍ မယုံကြည်နိုင်စရာ ကောင်းလာသည်ဟု ဂျိုးဆက်ပ် ခံစားလာရသည်။ သို့သော်လည်း ထိုလုပ်ရပ်များသည် ဝိုင်ဗန်အား ချန်လွေ့က [ သရုပ်ခွဲမျက်လုံး ] ဖြင့် ညွှန်ကြားနေကြောင်းကိုတော့ သူမသိခဲ့ပေ။

မူလက ဂျိုးဆက်ပ် တစ်ယောက်တည်းသာဆိုလျှင် သူ့ကို “နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး” ဖြင့် ရုပ်သေးပြုလုပ်ခြင်းသည် အကောင်းဆုံး ဖြေရှင်းချက် ဖြစ်သည်။ သို့သော်လည်း ဂျိုးဆက်ပ်သည်လည်း အလွန်သတိထားနေပြီး ဖလန်ဒီကိုပါ ခေါ်လာခဲ့သည်။

ဖလန်ဒီ၏ [ နတ်မိစ္ဆာမျက်လုံး ] အကြီးအကျယ် ပျက်စီးသွားသော်လည်း သူ၏ ကိုယ်ပိုင်အစွမ်း ကျန်ရှိနေသေးသည်။ ဝိုင်ဗန်နှင့်တွဲလျှင်ပင် သူတို့နှစ်ဦးကို အနိုင်ယူနိုင်မည်ဟု ချန်လွေ့ ၁၀၀% မသေချာပေ။ ထို့ပြင် သူသည် သူလျှိုလုပ်မည့် ပထမဆုံးခြေလှမ်းကို

အောင်အောင်မြင်မြင် စတင်နိုင်ခဲ့ပြီ ဖြစ်သည်။ ဤအကြံအစည် အောင်မြင်သွားလျှင် အမှောင်လမြို့သာမက လိပ်ပြာနီနယ်မြေပင် ကြီးကြီးမားမား ပြောင်းလဲသွားနိုင်သည်။ လက်ရှိ၌ ရန်သူကို သတိထားမိအောင်ပြုလုပ်ရန် မသင့်တော်သေးပေ။

ချန်လွေ့ တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

“ စိတ်မကောင်းပါဘူး။ဆာ-ဖလန်ဒီ။အဆောင်ပစ္စည်းရဲ့ စွမ်းအားကို ကျုပ်လုံးဝ မထိန်းချုပ်နိုင်သေးဘူးလို့ ပြောသားပဲ။အခု ခင်ဗျားကို မတော်တဆ ထိခိုက်အောင် လုပ်မိသွားပြီ။ ”

ဖလန်ဒီ အနည်းငယ် မောဟိုက်နေသေးသော်လည်း တည်ငြိမ်သွားပြီ ဖြစ်သည်။သူ သက်ပြင်းချလိုက်သည်။

“ ဒါက ကျုပ်အမှားပါ။ကျုပ်ကို ခွင့်လွှတ်ပေးမယ်လို့ မျှော်လင့်ပါတယ်။ဘယ်ဇီဘတ်ရဲ့ ဝါးမျိုခြင်း စွမ်းအားက တကယ့်ကို နာမည်နဲ့ ထိုက်တန်ပါပေတယ်။မင်း အစွမ်းနည်းနည်း ချန်ထားတာလို့ ထင်တယ်။နတ်ဘုရား-ဝါးမျိုမျက်နှာဖုံးကိုသာ အပြည့်အဝ အသက်သွင်း လိုက်ရင် ကျုပ်ရဲ့ အရိုးဆွေးတွေကို ဒီနေရာမှာပဲ မြှုပ်လိုက်ရမှာ စိုးမိတယ်။ ”

ဖလန်ဒီ၏လေသံ၌ ယခင်ကဲ့သို့ မောက်မာမှုမျိုး မရှိတော့ပေ။ဤလောက၌ စွမ်းအားကြီးသူများသာ လွှမ်းမိုးကြသည်။စွမ်းအားရှိသူများသည် လေးစားခံကြရသည်။ချန်လွေ့၏လေသံ ပို၍ပင် အေးစက်လာသည်။

“ မစ္စတာဂျိုးဆက်ပ်။ခင်ဗျားက ကျုပ်ရဲ့ သရုပ်မှန်ကို သံသယဖြစ်နေသေးတဲ့ပုံပဲ။ကျုပ်ရဲ့ မြေမှော်အစွမ်းနဲ့ နတ်ဆိုးယင်ကောင် အစွမ်းတွေကို ပြရဦးမှာလား။ ”

ချန်လွေ့ပြောသည်ကိုကြားလိုက်ရာ ချန်လွေ့ မကျေမနပ်ဖြစ်နေ‌ကြောင်း ဂျိုးဆက်ပ် သိလိုက်သည်။ထို့ကြောင့် သူ အလျင်အမြန် ပြောသည်။

“ ခင်ဗျားက အစိုးရိမ်လွန်နေတာပါ။မိတ်ဆွေ။ကျုပ်တို့ရဲ့ ပူးပေါင်းမှုက လွန်ခဲ့တဲ့ သုံးလေးရက်ကပဲ စတင်ခဲ့တာ။ဘာကိုမှ သက်သေပြစရာ မလိုသေးပါဘူး။ဆာ-ဖလန်ဒီက အဆောင်ပစ္စည်းကိုမြင်တော့ စိတ်လှုပ်ရှားသွားပြီး အဆောင်ပစ္စည်းစွမ်းအားကို မျက်မြင် ကြုံတွေ့ချင်ခဲ့တာပါ။ဒါက မဟာမိတ်ကြားက ပြက်လုံးတစ်ခုလို့ပဲ သတ်မှတ်လို့ရပါတယ်။ ဒါနဲ့ ဗာဆာရှာက ကျေနပ်စေရဲ့လား။မှော်ကုန်ကြမ်းတွေကရော။ ”

ဂျိုးဆက်ပ်က တမင်တကာ ဖားယားနေကြောင်း ချန်လွေ့သိသည်။ထို့ကြောင့် ချန်လွေ့ ပြောလိုက်သည်။

“ ဗာဆာရှာက မဆိုးပါဘူး။ကျုပ် လေ့ကျင့်ပေးလို့ သူက နာခံတတ်တဲ့ အစေခံ ဖြစ်လာပါပြီ။ကျုပ် မငြီးငွေ့ခင်အထိတော့ သူကောင်းကောင်းနေရမှာပါ။ဒါပေမဲ့ အဲဒီရွိုင့်စ်က တော်တော်လေး ကပ်စေးနဲတယ်။ခင်ဗျား ကျုပ်ကို ကတိပေးထားတဲ့ ကုန်ကြမ်းတွေက အကြောင်းအမျိုးမျိုးကြောင့် လျှော့ချခံလိုက်ရတယ်။ဒါက နောက်ဆုံးဖြစ်ပါစေလို့ မျှော်လင့်ပါတယ်။ ”

ဂျိုးဆက်ပ်သည် ၎င်းကို သိနေခဲ့ပြီး ရွိုင့်စ်အား ချီးကျုးလိုက်သည်။ထို့နောက် ပြန်ဖြေသည်။

“ ရွိုင့်စ်က မှော်စတိုးဆိုင်ကို တာဝန်ယူထားတာ။အဲဒါကြောင့် သူက နည်းနည်းတော့ ခေါင်းမာတယ်။ကျုပ်ကို ခွင့်လွှတ်ပေးပါ။နောက်ပိုင်းကျရင် ခင်ဗျားလိုအပ်တဲ့ အတိုင်းရအောင် သူ့ကိုကျုပ် လုပ်ခိုင်းမှာပါ။ခင်ဗျားလိုချင်တဲ့ ဖန်ကျောက်နှလုံးသားကိုလည်း ကျုပ်ယူလာပါပြီ။ဓမ္မတေးသစ်သီး ဘယ်မှာရှိလဲဆိုတာကိုလည်း လူလွှတ်ပြီး စုံစမ်းခိုင်းထားတယ်။အခု....ကျုပ် ခင်ဗျားရဲ့ စိတ်ရင်းကို မြင်ရဖို့ မျှော်လင့်ပါတယ်။ ”

ချန်လွေ့ လက်ဖြန့်လိုက်ရာ လိုင်ချီးသီးအရွယ် သစ်သီးတစ်လုံး ထွက်ပေါ်လာသည်။ ဂျိုးဆက်ပ်၏ မျက်လုံးများ ချက်ချင်း အရောင်တောက်သွားသည်။ချန်လွေ့ လက်ဝှေ့ရမ်းလိုက်ရာ အားတစ်ခုသည် မိစ္ဆာသစ်သီးကို လွှမ်းခြုံသွားသည်။၎င်းသည် တဖြည်းဖြည်းနှင့် ဂျိုးဆက်ပ်ဆီ ပျံသန်းသွားကာ ဂျိုးဆက်ပ်၏ လက်ထဲသို့ ကျရောက်သွားသည်။

သူ့ကို အက်ဂ်ယောက မိစ္ဆာသစ်သီး တစ်ခါတည်း ပေးလိုက်ခြင်းကို ဂျိုးဆက်ပ် အံ့အားသင့်သွားသည်။သူ၏မျက်လုံးများ ထူးထူးခြားခြားဖြစ်နေသည်။သို့သော်လည်း သူ၏အာရုံကို မိစ္ဆာသစ်သီးက ချက်ချင်း ဆွဲဆောင်လိုက်သည်။သူသည် ရင်ဘတ်ထဲမှ စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ပေ။အကြောင်းရင်းမှာ ထိုသစ်သီးသည် သူ့အတွက် မဟာနတ်ဆိုးဘုရင်အဆင့် သို့မဟုတ် ပိုမြင့်သောအဆင့်သို့ ရောက်စေနိုင်မည့် သော့ချက်ဖြစ်သောကြောင့်ပင် ဖြစ်သည်။

မိစ္ဆာသစ်သီးသည် တော်ဝင်မိသားစုများအတွက် အသုံးမဝင်သော်လည်း တော်ဝင်ရတနာအချို့ထက် တန်ဖိုးမနိမ့်ကျပေ။ထို့ကြောင့် ဖလန်ဒီလည်း အံ့အားသင့်သွားရသည်။ဂျိုးဆက်ပ်သည် အံ့အားသင့်ရာမှ သတိပြန်ဝင်လာပြီး မိစ္ဆာသစ်သီးကို သေသေချာချာ သိမ်းကာ သိုလှောင်လက်စွပ်ထဲမှ လက်ဖဝါးအရွယ် ကျောက်မျက်တစ်ခုကို ထုတ်ယူလိုက်သည်။

ထိုကျောက်မျက်သည် လက်ရာမြောက်ပုံပေါ်ပြီး အစွမ်းထက် မီးစွမ်းအားလှိုင်းများ ထုတ်လွှတ်နေသည်။ချန်လွေ့၏အကွာအဝေးမှပင် အပူကို ခံစားနေရသည်။ အသွင်သဏ္ဍာန်နှင့် မီးစွမ်းကိုအရ ၎င်းသည် ဖန်ကျောက်နှလုံးသား ဖြစ်ရပေမည်။ ဂျိုးဆက်ပ်သည် ကတိမဖောက်ဘဲ ချန်လွေ့အား ဖန်ကျောက်နှလုံးသားပေးခဲ့သည်။ ဂျိုးဆက်ပ်သည် ဖန်ကျောက်နှလုံးသားအား မပေးချင်သော်လည်း သူတို့နှစ်ယောက် ပူးပေါင်းခြင်းမှရရှိသော အကျိုးအမြတ် များပြားလှသည့်အတွက် ဖန်ကျောက်နှလုံးသား ဆုံးရှူံးရခြင်းသည် အမှန်တကယ်၌ ဘာမျှမဟုတ်ပေ။

ဖန်ကျောက်နှလုံးသားကို ရရှိသွားသည့်အတွက် ချန်လွေ့ အလွန် စိတ်လှုပ်ရှားနေသည်။ သူသည် ချက်ချင်းပင် ၎င်းကို သိုလှောင်ခန်းထဲ၌ သိမ်းထားလိုက်သည်။သူ၏မျက်နှာကို ပုံမှန်အတိုင်းထားကာ ပြောသည်။

“ ခင်ဗျားမှာ ဓမ္မတေးသစ်သီးအကြောင်း သတင်းရလာရင် ကျုပ်ကို ပြောဖို့ မမေ့နဲ့။ ကျုပ်တို့ရဲ့ ပူးပေါင်းမှုကတော့ အစကောင်းထားတယ်။နောက်ပိုင်းမှာလည်း ကျုပ်တို့အတွက် ပိုပြီးအံ့ဩစရာတွေ ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။ ”

ဂျိုးဆက်ပ် ပြုံးလိုက်သည်။

“ ဒါပေါ့။မိတ်ဆွေ။အခု...ကျုပ်တို့တွေ တစ်နေရာရှာပြီး အောင်ပွဲခံကြမလား။ ”

“ မလိုပါဘူး။ကျေးဇူးပါပဲ။ ”

ချန်လွေ့ ခေါင်းခါသည်။

“ အခုတော့ ကျုပ်ကို အမှောင်လတစ်မြို့လုံးက အလိုရှိနေတယ်။သိပ်မကြာမင် မြို့တော်ကလည်း ဒီအကြောင်း သိသွားမှာပဲ။ဒါပေမဲ့လည်း ဒါကို ကျုပ်တို့ ဘယ်ဇီဘတ် တော်ဝင်မိသားစုက မျှော်လင့်ထားပြီးသားပါ။ဒါက ကျုပ်တို့အစီအစဉ်အတွက် ကောင်းတယ်။မဟာမိတ်တစ်ယောက်အနေနဲ့ ကျုပ်ပြောပြနိုင်တာ တစ်ခုရှိတယ်။ကျုပ်တို့ရဲ့ဘုရင် ဂလော်ဖင်းက ကြယ်ကြွေတမန်အင်ပါယာရဲ့ တစ်နေရာရာမှာ ပိုင်နက်စွမ်းအားကို လေ့ကျင့်နေတယ်။ပြီးစီးလုနီးပါး ဖြစ်နေပြီ။အဆောင်ပစ္စည်းက အသိအမှတ်ပြုထားတဲ့ ဆက်ခံသူ တစ်ယောက်အနေနဲ့ ကျုပ်က ဒီမျက်နှာဖုံးကို အမြန်ဆုံး ထိန်းချုပ်နိုင်အောင် လုပ်ရမယ်။အဲဒါကြောင့် ကျုပ်က အမှောင်လမြို့ကနေ ထွက်သွားပြီးတော့ အန္တရာယ်ကင်းတဲ့ နေရာတစ်ခုရှာပြီး လျို့ဝှက်လေ့ကျင့်ရမယ်။ခင်ဗျားရဲ့ မိစ္ဆာသစ်သီးရဲ့ စွမ်းအားကို အသုံးချပြီး အမြန်ဆုံး ချေဖျက်သင့်တယ်။ ”

ဂျိုးဆက်ပ်နှင့် ဖလန်ဒီတို့ နှစ်ယောက်စလုံး အံ့အားသင့်သွားကြသည်။ ဂလော်ဖင်း ကိုယ်တိုင်က ကြယ်ကြွေတမန်အင်ပါယာထဲမှာ လျို့ဝှက်လေ့ကျင့်နေတယ်တဲ့လား။

ချန်လွေ့ ထပ်ပြီး အချိန်မဖြုန်းတော့ပေ။သူ ဝိုင်ဗန်စီးပြီး ပျံထွက်သွားသည်။သို့သော်လည်း သူ မထွက်သွားခင်၌ စကားအချို့ ချန်ထားခဲ့လိုက်သည်။

“ မိတ်ဆွေ။ကျုပ်ရဲ့ နောက်ထပ်ချိပ်ပိတ်တစ်ခု ဖြုတ်ပြီးသွားရင် ခင်ဗျားလည်း ကျုပ်နဲ့တူတူ စကားပြောနိုင်ဖို့ အရည်အချင်းပြည့်မှီပါစေလို့ မျှော်လင့်ပါတယ်။ ”

အက်ဂ်ယော ထွက်သွားပြီးနောက် ဖလန်ဒီ မျက်မှောင်ကြုပ်ကာ ပြောသည်။

“ ဒီလူရဲ့စွမ်းအားက ထူးခြားတယ်။သူ့ရဲ့ အသိစိတ်ထဲမှာတောင် ကြောက်မက်ဖွယ်ရာ ဝါးမျိုခြင်းစွမ်းအား ရှိနေတယ်။ပြီးတော့လည်း နတ်ဘုရား-ဝါးမျိုမျက်နှာဖုံးလည်း ရှိနေတယ်ဆိုတော့ သူက ဘယ်ဇီဘတ် တော်ဝင်မိသားစုဆိုကာ သံသယဖြစ်စရာ မရှိတော့ဘူး။သူပြောတာတွေက အမှန်ပဲဆိုရင်‌တော့ ကြယ်ကြွေတမန် အင်ပါယာက ကြီးကြီးမားမား ပြောင်းလဲသွားတော့မှာပဲ။ဘယ်ဇီဘတ် တော်ဝင်မိသားစုနဲ့ ငါတို့ကြိုတင်ပြီး ပူးပေါင်းတာက တော်တော်လေး ပါးနပ်တဲ့ ဆုံးဖြတ်ချက်တစ်ခုပဲ။ ”

ဂျိုးဆက်ပ် ခေါင်းညိတ်လိုက်သည်။အက်ဂ်ယော ထွက်မသွားခင် ပြောခဲ့သည့်စကားများကိုတွေးရင်း ဂျိုးဆက်ပ် ၏ မျက်လုံးများ အရောင်တောက်သွားကာ ပြောသည်။

“ ဒီလိုဆိုမှတော့ ကျုပ်လည်း အမှောင်လမြို့က ကိစ္စတွေကို ချက်ချင်း စီစဉ်ပြီးတော့ လိပ်ပြာနီနယ်မြေဆီ အမြန်ပြန်ရမယ်။ပြီးရင် မိစ္ဆာသစ်သီးစားပြီး နေရာတစ်နေရာရှာပြီးတော့ တစ်ဆို့မှုကို အမြန်ဆုံး ချိုးဖောက်နိုင်အောင် လျို့ဝှက်လေ့ကျင့်ရမယ်။ ”

ဂျိုးဆက်ပ်က ကိစ္စများကို အမြန်စီစဉ်ပြီး လိပ်ပြာနီနယ်မြေသို့ အမြန်ပြန်သွားသည့်အခါ ချန်လွေ့သည် ရွိုင့်စ်ထံမှ မှော်ကုန်ကြမ်း နောက်တစ်သုတ်ကို ယူပြီး အစေခံသုံးယောက်ကို အမိန့်တချို့ ပေးသွားခဲ့သည်။ထို့နောက် သူသည် အဆိပ်နဂါးအား အလျင်အမြန် နှုတ်ဆက်ပြီး ဝိုင်ဗန်စီးကာ ရှီလန်တောင်သို့ သွားတော့သည်။

ငါ ဖန်ကျောက်နှလုံးသား ရလာပြီ။သိပ်မကြာခင် အသီနာကို နိုးလာအောင် လုပ်နိုင်တော့မယ်။

All Chapters