ထတော့။အချစ်လေး
Vol. 13 Ch. 185
စူပါစနစ်ထဲရှိ “နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး”သည် မိမိ၏မျက်နှာဖြစ်သွားကြောင်း တွေ့လိုက်ရာ ချန်လွေ့ အံ့ဩသွားသည်။ ဒါက ဘာကိုဆိုလိုတာလဲ။ငါက ဒီမျက်နှာဖုံးရဲ့ ကျေးကျွန်ဖြစ်တော့မှာလား။
ချန်လွေ့သည် မျက်နှာကို ထိကြည့်လိုက်ရာ အမှန်တကယ်ပင် မျက်နှာဖုံး ပျောက်ကွယ်သွားကြောင်း သိလိုက်ရသည့်အတွက် အံ့အားသင့်သွားသည်။
မျက်နှာဖုံးကို စူပါစနစ်က စုပ်ယူသွားတာလား။ငါ့မျက်နှာပေါ်ကို ပြန်ရောက်လာနိုင်လား။ ထိုသို့တွေးလိုက်ပြီးနောက်တွင် နတ်ဘုရား-ဝါးမျိုမျက်နှာဖုံးသည် သူ၏မျက်နှာပေါ်၌ တစ်ဖန် ပြန်ပေါ်လာသည်။
မျက်နှာဖုံး၏အသွင်ကို ထိန်းချုပ်နိုင်သွားပြီဖြစ်ကြောင်း ချန်လွေ့ ရုတ်တရက် သဘောပေါက်လိုက်သည်။
ဒါက [ အထူးစိစစ်မှု ] ၅၀% ရောက်သွားလို့ပဲ ဖြစ်ရမယ်။ရာနှုန်းပြည့် ဖြစ်သွားရင်တော့ ဘယ်ဇီဘတ် တော်ဝင်မိသားစုပဲ အသုံးပြုလို့ရတဲ့ ဒီအဆောင်ပစ္စည်းကို ငါလုံးဝထိန်းချုပ်နိုင်ပြီလို့ ဆိုလိုတာလား။
ငါအောင်မြင်နိုင်တယ်ဆိုတာ သေချာရင်တော့ နတ်ဆိုးဘုံရဲ့ အဆောင်ပစ္စည်း ၇မျိုးလုံးက......
ချန်လွေ့ အလွန် စိတ်လှုပ်ရှားသွားသည်။အဝေးကြီး မကြည့်နှင့်ဦး။ကြယ်ကြွေတမန်အင်ပါယာရှိ ကြယ်ကြွေတမန်ဓားသည်ပင် ဘုရင်ခံ အိုဆိုင်ဒန်ကို အသိအမှတ် မပြုသေးပေ။အကယ်၍......
ချန်လွေ့သည် အတွေးများကို ရုတ်သိမ်းလိုက်သည်။
ဒီအကြောင်းတွေကို အခုတွေးလို့ ဘာမှမထူးဘူး။အရင်ဆုံး ငါ အန္တရာယ်အများဆုံး စိန်ခေါ်မှုကို ကျော်ဖြတ်ရမယ်။
ရေတွက်ကြည့်လိုက်ရာ ယနေ့သည် ဆယ်ရက်မြောက်နေ့ ဖြစ်သည်။ထို့ကြောင့် ချန်လွေ့၏မျက်လုံးများသည် ဘေးနားရှိ စင်မြင့်ပေါ်သို့ ရောက်ရှိသွားသည်။စင်မြင့်ပေါ်ရှိ အသီနာ၏ကိုယ်ပေါ်တွင် အနီရောင်အလင်းသည် အလွန်ပါးလွှာနေပြီဖြစ်သည်။အချိန်မရွေး လုံးဝပျောက်ကွယ်သွားနိုင်ပေသည်။
ချန်လွေ့သည် လေ့ကျင့်ပြီးတိုင်း အသီနာ၏ အခြေအနေ စစ်ဆေးကြည့်သည်။အသီနာ၏ ခန္ဓာကိုယ်သည် ဖန်ကျောက်နှလုံးသားကို အလိုအလျောက် စုပ်ယူနေကြောင်း ချန်လွေ့သိသည်။အနီရောင်အလင်း ပျောက်ကွယ်သွားသည့်အချိန်သည် ဖန်ကျောက်နှလုံးသားကို လုံးဝစုပ်ယူပြီးသွားခြင်းဖြစ်ပြီး အသီနာ နိုးထလာမည့်အချိန်လည်း ဖြစ်သည်။
ချန်လွေ့သည် အသီနာအား ငြိမ်ငြိမ်သက်သက် ကြည့်နေပြီး အနီရောင်အလင်း ပျောက်ကွယ်သွားမည့်အချိန်ကို စောင့်ဆိုင်းနေလေသည်။
အချိန်အနည်းငယ်ကြာပြီးနောက် အနီရောင်အလင်းများအားလုံးကို အသီနာ၏ခန္ဓာကိုယ်က စုပ်ယူလိုက်သည်။ကလေးတစ်ယောက်ကဲ့သို့ အိပ်စက်နေသော အသီနာသည် အနည်းငယ် လှုပ်ရှားသွားပြီး လှပသော မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။
ရင်းနှီးသောမျက်နှာတစ်ခု၏ ကောက်ကြောင်းသည် မြင်ကွင်းထဲသို့ ရောက်ရှိလာသည်။ထိုကောက်ကြောင်းသည် တဖြည်းဖြည်း ကြည်လင်လာကာ ထိုမျက်နှာတွင် ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုများ ပေါ်လွင်နေသည်။
၎င်းသည် သူ၏ဝိညာဉ်ထဲ၌ မှတ်ကျောက်တင်ထားသော ယောက်ျားဖြစ်သည်။
ငါ့ရဲ့အသက်ဓာတ် လောင်ကျွမ်းပြီးတော့ ငါ့ဝိညာဉ် ပျောက်ကွယ်မသွားဘူးလား။
ဒါက ထင်ယောင်ထင်မှား ဖြစ်နေတာလား။
“ အသီနာ ”
ရင်းနှီးသော အသံတစ်သံ ထွက်ပေါ်လာသည်။
အသီနာသည် လက်ကို ခပ်ကြမကြမ်း ဆွဲဆိတ်ရာ နာကျင်မှုကို ခံစားလိုက်ရသည်။၎င်းသည် ထင်ယောင်ထင်မှား ဟုတ်မနေပေ။
တကယ် သူဖြစ်နေတာပဲ။
သတိမလစ်ခင်ကအချိန်ကို အသီနာ သတိရသွားသည်။
ငါ.......။ဟုတ်သားပဲ။အဲဒီတုန်းက ငါ ဂလော်ဖင်းကို တိုက်ခိုက်နေခဲ့တာပဲ။
“ ချန်လွေ့ ”
အသီနာသည် စင်မြင့်ပေါ်မှ ချက်ချင်း ခုန်ဆင်းလိုက်သည်။
“ ဂလော်ဖင်း ဘယ်မှာလဲ။ငါတို့အားလုံး သေသွားပြီလား။ဒါက နင်ပြောဖူးတဲ့ ငရဲဆိုတာလား။ ”
“ ဒါက မြေဒြပ်စင်ကောင်တွေရဲ့ မြေနန်းတော်ပဲ။ငါတို့ဘယ်သူက မသေဘူး။သေသွားတာက ဂလောဖင်း။ ”
ချန်လွေ့ အသာလေး ပြုံးလိုက်သည်။
“ မင်းမှာ မေးစရာ အများကြီးရှိမယ်ဆိုတာငါသိပါတယ်။ငါတစ်ခုချင်း ပြန်ဖြေပေးမယ်။ဒါပေမဲ့ အရင်ဆုံး ငါတို့တွေ အပြီးသတ်ရမှာတစ်ခုရှိတယ်။ ”
“ ဘာကို အပြီးသတ်ရမှာလဲ။ ”
အသီနာသည် ချန်လွေ့၏အပြုံးကိုကြည့်ရင်း နှလုံးခုန်မြန်လာပြန်သကဲ့သို့ပင် အကြောင်းရင်းမရှိဘဲ နှလုံးသား ပျာယာခတ်သွားသည်။
“ အခု ငါ့ကို အသွင်ပြောင်းပြ။ ”
“ ဘယ်လို ”
“ မင်း အသွင်ပြောင်းတဲ့ပုံစံကို ငါကြည့်ချင်တယ်။ ”
ချန်လွေ့သည် ဖြည်းဖြည်းချင်း ရှေ့သို့ တစ်လှမ်းချင်း သွားနေသည်။အသီနာကမူ ဘာလုပ်ရမှန်းမသိဘဲ နောက်သို့ ဆုတ်သွားသည်။
“ ဘုတ် ”
နောက်ဘက်တွင် ကျောက်တိုင်တစ်တိုင် ရှိနေသည့်အတွက် အသီနာ ထပ်ပြီး နောက်ဆုတ်၍ မရတော့ပေ။
“ မြန်မြန်လေး။ ”
ချန်လွေ့၏ တိုက်တွန်းမှုသည် အသီနာအား ပို၍မသက်မသာဖြစ်သွားစေပြီး ဝီးခနဲနေ၍ အသီနာ၏ ကိုယ်ပေါ်တွင် မီးတောက်တစ်ခု ကျွမ်းလောင်သွားသည်။သူ၏ခေါင်းပေါ်၌ ချိုကွေးတစ်စုံ ထွက်ပေါ်လာသည်။သူ၏ခရမ်းရောင်ဆံပင်မှာ အနီရောင် ဖြစ်သွားသည်။သူ၏အသားအရေလည်း အနီရောင် ဖြစ်သွားကာ လျို့ဝှက်ဆန်းကြယ်သော အလင်းပုံစံကွက်တစ်ခု ရေးရေးလေး ပေါ်နေသည်။သူ၏မျက်လုံးများမှာလည်း မီးတောက်များဖြင့် လောင်ကျွမ်းနေသည်။၎င်းသည် ဂလော်ဖင်းနှင့် ရင်ဆိုင်စဉ်ကရှိခဲ့သော အသီနာ၏ အသွင်းပြောင်းလဲမှုအတိုင်း အတိအကျပင် ဖြစ်သည်။
ထိုအသွင်ပြောင်းလဲမှုသည် သာမန်မဟာနတ်ဆိုး တိုက်ပွဲအသွင် မဟုတ်တော့ဘဲ သန္ဓေပြောင်း နတ်ဆိုးဘုရင်အဆင့် အသွင်ပြောင်းလဲမှု ဖြစ်သည်။အသီနာ ထုတ်လွှတ်နေသော စွမ်းအားသည် ဂလောင်ဖင်းနှင့် တိုက်ခိုက်စဉ်က အသက်ဓာတ်ကို ကျွမ်းလောင်ခဲ့သော အဆင့်ထက် ပို၍အားကြီးနေသည်။သို့သော်လည်း သူ၏မျက်နှာပေါ်ရှိ လမ်းပျောက်နေသော အမူအရာသည် ခုခံမှုမရှိသော အားနည်းသည့်မိန်းကလေး တစ်ယောက်ကဲ့သို့ပင် ဖြစ်သည်။
ချန်လွေ့၏ တက်ကြွသော မျက်လုံးများသည် အသီနာ၏ ခန္ဓာကိုယ်တစ်ခုလုံးကို နှံ့နှံ့စပ်စပ် ကြည့်နေလိုက်သည်။အသီနာ ခေါင်းငုံ့နေပြီး မိမိ၏မျက်လုံးကို မကြည့်ရဲကြောင်း တွေ့လိုက်သည့်အခါ ချန်လွေ့ အော်ပြောသည်။
“ အသီနာ။ငါ့မျက်လုံးကိုကြည့်။ ”
အသီနာသည် ချန်လွေ့၏မျက်လုံးများကို စိုးရိမ်တကြီးနှင့် ကြည့်လိုက်သည်။သူတို့မျက်လုံးချင်းဆုံသွားသည့်အခါ စွဲငြိသကဲ့သို့ ဖြစ်သွားပြီး ခွဲခွာ၍ မရတောပေ။
“ အသီနာ။မင်းက အခုဒီပုံစံနဲ့ သိပ်ကိုလှနေတယ်။ ”
ချန်လွေ့က အသီနာ၏မျက်လုံးကိုကြည့်ပြီး ပြောလိုက်သည်။
“ တကယ်တော့ ဘယ်လိုပုံစံပဲဖြစ်ဖြစ် မင်းကငါ့ရဲ့ အချစ်ဆုံး ဖြစ်နေမှာပါ။အသီနာ။ ”
အသီနာ အနည်းငယ် သိမ့်သိမ့်တုန်သွားပြီး သူ၏မျက်လုံးများသည် မီးတောက်များဖြင့် တောက်ပနေသည်။ချက်ချင်းပင် သူ၏နှလုံးသားထဲ၌ ဖော်ပြ၍မရသော ပျော်ရွှင်မှုတစ်မျိုးဖြင့် ပြည့်နှက်သွားသည်။ထိုအချိန်တွင် ယခင်ကရှိခဲ့သော သံသယများနှင့် သိမ်ငယ်မှုများအားလုံး ကွယ်ပျောက်သွားသည်။မီးတောက်များနှင့် မျက်ရည်များပြည့်နှက်နေသော မျက်လုံးများသည် အနားကပ်လာသည့် ချန်လွေ့၏ မျက်နှာကို ကြည့်နေလိုက်ရသည်။အသီနာ မရှောင်တိမ်းလိုက်ဘဲ တုန်တုန်ယင်ယင်နှင့် နှုတ်ခမ်းကို ပေးအပ်လိုက်သည်။
ပုံရိပ်နှစ်ခု လိမ်ယှက်သွားသည်။သူတို့၏ ထိတွေ့နေသောနှုတ်ခမ်းမှ ပြင်းထန်သော ခံစားမှုတစ်ခုသည် နှလုံးသားဆီသို့ ပျံ့နှံ့သွားသည်။အသီနာသည် လူသားအသွင် ထပ်မပြောင်းတော့ဘဲ ရင်ထဲမှ ခံစားချက်အားလုံးကို ထုတ်လွှတ်လိုက်ချင်သကဲ့သို့ပင် ချန်လွေ့၏ ရမ္မက်ကြီးသောအနမ်းအား ပြန်တုံ့ပြန်လိုက်သည်။
အသွင်ပြောင်းပြီးနောက် အသီနာသည် အနည်းငယ် အရပ်ပိုမြင့်လာသည်။ထို့ကြောင့် ချန်လွေ့သည် နမ်းနေနိုင်ရန်အတွက် ခြေဖျားထောက်ထားရသည်။
ချီးထုပ် အာသာ။မင်း အရပ်မမြင့်တတ်ဘူးလား။
မတ်တပ်မရပ်နိုင်ရင်လှဲချနေလို့ရတာပဲ။နမ်းတဲ့အချိန်တိုင်း ငါ့အရပ်မြင့်အောင် [ ရုပ်ဖျက် ] အစွမ်းကို သုံးနေလို့တော့ မဖြစ်ဘူး မဟုတ်လား။
ဒီအကြောင်းပြချက်က သိပ်ကောင်းတယ်။
မသိလိုက်ဘဲနှင့် သူတို့နှစ်ယောက်သည် သက်တောင့်သက်သာရှိသော အိပ်ယာခင်းများရှိသည့် တဲအိမ်ထဲသို့ ရောက်ရှိသွားသည်။ချန်လွေ့ လေ့ကျင့်နေသည်ကို ဒြပ်စင်ကောင်များ သိကြပြီး မြေနန်းတော်ထဲသို့ ဝင်မလာနိုင်ကြသော်လည်း ကြမ်းပြင်သည် အလွန်အေးပြီး လှဲနေရန် သက်တောင့်သက်သာ မဖြစ်လှပေ။ထို့ကြောင့် တဲအိမ်သည် အသင့်တော်ဆုံးဖြစ်သည်။သူတို့နှစ်ယောက် ရမ္မက်ပြင်းပြစွာ နမ်းရှိုက်နေရင်း ချန်လွေ့၏လက်များ စတင်လှုပ်ရှားလာသည်ကို အသီနာ ခံစားလိုက်မိသည်။သူတို့နှစ်ယောက် မတ်တပ်ရပ်နေစဉ်က ချန်လွေ့၏လက်များသည် အသီနာ၏ ကျောဘက်၌သာ ရှိနေသေးသည်။သူတို့ လှဲချလိုက်သည့်အခါ ၎င်းတို့သည် အသီနာ၏ ရင်သားပေါ်သို့ ရောက်ရှိနေပြီဖြစ်သည်။
နေပါဦး။ဒီကောင်က ဘယ်တုန်းက ငါ့ရဲ့ချပ်ကာနဲ့ ဘရာစီယာကို ချွတ်လိုက်တာလဲ။
“ နင်ဘာလုပ်နေတာလဲ။ ”
ရှီရာသည် အဖြေသိနေသည်ကို မေးလိုက်သည်။
“ မင်းက ခုနတုန်းက ငါ့ခံစားချက်ကို သံသယ ဖြစ်တယ်လေ။အဲဒါကြောင့် အချစ်နဲ့ တရားမျှတမှု ကိုယ်စား မင်းကိုငါ အပြစ်ပေးမယ်.... ”
“ လူယုတ်မာ။မကောင်းတဲ့ဆင်ခြေ ပေးပြန်ပြီ။ ”
“ နင် ဒီလို လုပ်လို့မရဘူး.... ”
အသီနာ ခုခံရန်ပြင်လိုက်စဉ် လက်တစ်ဖက်သည် သူ၏ရင်ဘတ် တောင်ထိပ်ပေါ်သို့ ရောက်နှင့်နေပြီ ဖြစ်သည်။အသီနာ တစ်ခါမျှ မခံစားဖူးသော ထုံကျင်သည့် ခံစားချက်တစ်မျိုးသည် ဦးနှောက်ထဲသို့ ချက်ချင်း ရောက်ရှိသွားပြီး လက်ကျန်အင်အားများ ရုတ်ချည်း ပျောက်ကွယ်သွားသည်။
မကြာခင်၌ နောက်လက်တစ်ဖက် ရောက်ရှိလာသည်။ဆိုးဝါးလှသော ပွတ်သပ်မှုအောက်၌ မို့မောက်နေသော စနေနှစ်ခိုင်သည် အဆက်မပြတ် ပုံပြောင်းနေသည်။ထိပ်ပိုင်းရှိ နို့သီးများသည် ပြင်းထန်သော လှုံ့ဆော်မှုကြောင့် ထောင်မတ်နေပြီ ဖြစ်သည်။ပိုတိုးလာသော ထူးဆန်းသည့်ခံစားချက် လှိုင်းလုံးများက အသီနာ၏ ခေါင်းထဲသို့ ရောက်ရှိလာသည်။သို့သော်လည်း နှုတ်ခမ်း သည် တင်းတင်းကြပ်ကြပ် ပိတ်ဆို့ခံထားရသည့်အတွက် အသီနာသည် တိုးတိုးလေးသာ တီးတိုးပြော၍ရသည်။အသီနာ၏ ခန္ဓာကိုယ်တစ်ခုလုံး ပျော့သွားပြီး ချန်လွေ့အား ဆန္ဒရှိသလိုသာ လုပ်စေလိုက်တော့သည်။
လက်တစ်ဖက်က ဝမ်းဗိုက်အောက် လျို့ဝှက်နေရာသို့ ရောက်ရှိလာသည့်အခါ အချစ်စိတ်မွှန်နေသော အသီနာသည် နောက်ဆုံး၌ နိုးထသွားသည်။သူသည် ကတုန်ကယင်နှင့် ခြေထောက်ကို ညှပ်ပြီး လက်ကို ဆွဲကိုင်လိုက်သည်။
“ မလုပ်နဲ့.... ”
ချန်လွေ့သည် ရှီရာ၏လက်မှအားကို ခံစားလိုက်မိပြီး ရှီရာ မူနေခြင်းမဟုတ်ကြောင်း သိလိုက်သည်။သူ၏မျက်လုံးထဲရှိ စိတ်အားထက်သန်မှုများ အများအပြား ကွယ်ပျောက်သွားပြီး လက်ကို ဖြည်းဖြည်းချင်း ရုပ်သိမ်းလိုက်သည်။ရှီရာကို ဖိထားသော သူ၏ခန္ဓာကိုယ်ကိုလည်း ဘေးဖက်လို့ လှည့်လိုက်၏။
တဲအိမ်တဲ၌ အခြေအနေ ကိုးရိုးကားရား ဖြစ်သွားသည်။
ချန်လွေ့သည် စိတ်မရှည်သည့် မိမိကိုယ်မိမိ အပြစ်တင်လိုက်သည်။အသီနာသည် ထိုအဆင့်အတွက် စိတ်ပိုင်းဆိုင်ရာ အဆင်သင့်မဖြစ်သေးပေ။ထို့ကြောင့် သူသည် ရမ္မက်အတွက်နှင့် တစ်ကိုယ်ကောင်းဆန်၍ မရနိုင်ပေ။
“ တောင်းပန်ပါတယ်။ ”
သူတို့နှစ်ယောက်၏အသံ တစ်ပြိုင်နက်တည်း ထွက်လာပြန်သည်။
“ ငါနည်းနည်း စိတ်မထိန်းနိုင်ဖြစ်သွားတယ်။ ”
ချန်လွေ့ အရင်ပြောလိုက်သည်။
“ မဟုတ်ပါဘူး။ ”
အသီနာ ရှက်သွားသည်။
“ ငါပြောတာ အရင်နားထောင်။ ”
“ အင်း.... ”
“ တကယ်တော့ ခုနက ငါ.... ”
အသီနာသည် စကားပြောရင် အခက်အခဲရှိနေပြီး အားတင်းကာ ပြောလိုက်သည်။
“ အခု နင့်ကို ငါ့ရဲ့ခန္ဓာကိုယ် ပေးအပ်ချင်ပါတယ်။ဒါပေမဲ့ ဒါကို နောက်နှစ်ဝက်အထိ ရွှေ့လို့ရမလား။ ”
“ နှစ်ဝက် ဟုတ်လား။ ”
“ ဒီလို။ငါ့မိသားစု မျိုးဆက်မှာ အသက်၂၀ကျရင် ဖြစ်လာမယ့် အထူးသန္ဓေပြောင်းစွမ်းအားတစ်ခု ရှိတယ်။အဲဒါက တော်တော်လေးကို ဆန်းကြယ်တယ်။အဲဒါက ငါ့ရဲ့မူရင်းစွမ်းအားကို နောက်တစ်ဆင့် တိုးပေးနိုင်တယ်။တကယ်လို့ ငါက ထိပ်သီးပိုင်းကို ရောက်နေပြီဆိုရင် အဆင့်ကြီးတစ်ခုလုံးကိုပါ တက်သွားနိုင်မယ်။ဒါပေမဲ့ အဲဒါက ကန့်သတ်ချက်တစ်ခုရှိတယ်။အသက်၂၀ မပြည့်ခင် ငါ...အဲဒါကို လုပ်လို့မရဘူး။ ”
နောက်ဆုံးအဆင့်ကို လက်ခံရန် အသီနာ စိတ်ပိုင်းဆိုင်ရာ မပြင်ဆင်ထားရသေးခြင်းမဟုတ်ဘဲ ထိုကဲ့သို့ အထူးအကြောင်းရင်းကြောင့်ဖြစ်ကြောင်း ချန်လွေ့ သဘောပေါက်လိုက်သည်။အသီနာသည် ချန်လွေ့ စိတ်ပျက်သွားမည်ကို စိုးရိမ်သည့်အတွက် တောင်းတောင်းပန်ပန် ဆက်ပြောသည်။
“ နောက်၅လနေရင် ငါက အသက်၂၀ပြည့်တော့မှာ။အဲဒီအချိန်အထိ စောင့်လို့ရမလား။ငါ့ရဲ့ လက်ရှိစွမ်းအားက နတ်ဆိုးဘုရင်အဆင့် နှောင်းပိုင်းရောက်ဖို့ နည်းနည်းလိုနေသေးတယ်..... ”
ချန်လွေ့သည် [ သရုပ်ခွဲမျက်လုံး ] ကို အသက်သွင်း လိုက်သည်။အသီနာ၏ လက်ရှိစွမ်းအားသည် [ C ] ဖြစ်သည်။၎င်းမှာ နတ်ဆိုးဘုရင်အဆင့် အလတ်ပိုင်းကို ဆိုလိုခြင်း ဖြစ်သည်။အသီနာပြောသည့်အတိုင်းဆိုလျှင် နတ်ဆိုးဘုရင်အဆင့် နှောင်းပိုင်းသို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုတော့သည်။နှစ်ဝက်အတွင်း နတ်ဆိုးဘုရင်အဆင့် နှောင်းပိုင်းသို့ ရောက်ရှိသွားသည်နှင့် အသီနာသည် အသက်၂၀တွင် မဟာနတ်ဆိုးဘုရင်အဆင့်သို့ ချက်ချင်း ခုန်တက်သွားမည် ဖြစ်သည်။ထိုကဲ့သို့ မျိုးဆက်သန္ဓေပြောင်းလဲမှုသည် အလွန်ပင် အစွမ်းထက်လှလေသည်။
၎င်းကိုစဉ်းစားပြီးနောက် ချန်လွေ့သည် ခဏမျှ ကြက်သေသေသွားသည်။သူသည် သေရေးရှင်ရေးအခြေအနေ၌ စိန်ခေါ်မှုများစွာကို တွေ့ကြုံခံစားရပြီးနောက်ဆုံး၌ နတ်ဆိုးဘုရင်အဆင့်သို့ ရောက်ရှိသွားခဲ့သည်။ထို့နောက် သူသည် နတ်ဆိုးအရှင်သခင်၏ အသိစိတ်ဟူသော အကြီးမားဆုံးစိန်ခေါ်မှုကို ရင်ဆိုင်ရဦးမည်ဖြစ်သည်။သို့မှသာ မဟာနတ်ဆိုးအဆင့်သို့ အဆင့်တက်ပေမည်။အမှောင်လမြို့မှ ထွက်လာစဉ်က အသီနာသည် အမြင့်ဆင့်နတ်ဆိုး ကနဦးပိုင်းသာ ရှိနေသေးသည်။လမ်း၌ သူသည် နတ်ဆိုးသစ်သီးနှင့် ဆေးရည်မည်းကို စားသုံးခဲ့ပြီး နောက်ဆုံးအချိန်၌ အဆင့်တက်သွားသည်။ထို့နောက် သူသည် မြေစွမ်းအားနှင့် ဖန်ကျောက်နှလုံးသားကို စုပ်ယူခဲ့သည်။သူပြန်နိုးလာသည့်အခါ နတ်ဆိုးဘုရင်အဆင့် နှောင်းပိုင်းနား ကပ်နေပြီဖြစ်သည်။နတ်ဆိုးဘုရင်အဆင့် နှောင်းပိုင်းသို့ ရောက်ရှိသွားသည်နှင့် အသီနာသည် ၆လပြီးနောက်တွင် မည်သည့်အန္တရာယ်မျှမရှိဘဲ မဟာနတ်ဆိုးဘုရင်အဆင့်သို့ “ အဆင့်တက် ” သွားပေမည်။
ရုတ်တရက် ချန်လွေ့ တစ်ခုခုခံစားလိုက်ရသည်။ အသီနာက လောကကူးပြောင်းလာတဲ့ တကယ့် ဇာတ်လိုက်တစ်ယောက်များလား။ဘာလို့ သူ့ရဲ့ ဇာတ်လိုက်ရောင်လျှံက ငါ့ထက်ဘာလို့ အစွမ်းထက်နေရတာလဲ။
အသီနာ၏မျက်လုံးထဲ၌ စွမ်းအားကို ဆာလောင်နေမှုအား ချန်လွေ့ မြင်ရသည်။ထိုဆာလောင်မှုသည် သူ့ကိုယ်တိုင်အတွက်မဟုတ်ဘဲ မိမိအတွက်ဖြစ်ကြောင်း ချန်လွေ့ ကောင်းကောင်းသိသည်။မိမိ၏ နံဘေး၌ အမြဲကာကွယ်ပေးချင်သည့် အစောင့်အရှောက်ဓား အမည်ရှိသော လက်နက်ကဲ့သို့ပင် ဖြစ်သည်။
“ ချန်လွေ့။တောင်းပန်ပါတယ်။ငါ တကယ့်ကို နင့်ရဲ့မိန်းမ ဖြစ်ချင်ပါတယ်။ငါ့မွေးနေ့အထိတော့ စောင့်ပေးပါ.... ”
“ မင်းက ငတုံးမလေးပဲ။ ”
ချန်လွေ့၏နှလုံးသားထဲ၌ ရမ္မက် လုံးဝကွယ်ပျောက်သွားပြီး နွေးထွေးသော ချစ်ခင်မှုတစ်ခုသာ ကျန်ရှိတော့သည်။ချန်လွေ့သည် အသီနာကိုဖက်ပြီး သူ၏ပုခုံးပေါ်၌ အသီနာ၏ခေါင်းကို တင်ထားကာ ဆံပင်အနီရောင်ရှည်ရှည်အား အသာအယာ ပွတ်သပ်လိုက်သည်။ထို့နောက် အသီနာ၏နဖူးကို နမ်းရှိုက်ကာ ပြောသည်။
“ မင်းကငါ့ရဲ့မိန်းမ ဖြစ်နေပြီ။မင်းနေရာကို ဘယ်သူမှ အစားထိုးလို့မရဘူး။ ”
အသီနာ ပျော်ရွှင်စွာ ပြုံးပြီး လူသားအသွင် ပြန်ပြောင်းသွားသည်။ရုတ်တရက် သူ တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
“ တော်ဝင်မင်းသမီးကရော။ ”
သူက သူ့ရဲ့နေရာကို “ပေါင်းစည်း”ရုံပဲ ရှိသေးတယ်။ဒါပေမဲ့ အခု သူ အတွေးလွန်နေပြန်ပြီ။ဒါက မိန်းမ ဆိုတာလား။
“ ဒီကိစ္စကို ငါအခုရှင်းမလို့။မင်းက ကိုယ့်ကိုယ်ကိုယ် ယုံကြည်လွန်းနေတဲ့ ငတုံးမလေးပဲ။ ”
ချန်လွေ့သည် စိတ်ရှုပ်ချင်ယောင်ဆောင်ပြီး အခွင့်အရေးကိုအသုံးချကာ အသီနာ၏တင်ပါးအား ဆွဲဆိတ်လိုက်သည်။
“ ငါနဲ့ တော်ဝင်မင်းသမီးကြားမှာ ဘာမှမရှိဘူး။ ”
အသီနာသည် အသားယူခံလိုက်ရသည့်အတွက် ရှက်သွားသည်။
“ ဒါဆို နင် အရင်တစ်ခေါက် ပြောခဲ့တာက.... ”
“ ငါပြောလို့တောင် မပြီးသေးဘူး။မင်းဘာသာမင်း ထင်လိုက်တာလေ။ ”
ချန်လွေ့က အသီနာ၏မျက်နှာကို အသာလေး ဆွဲဆိတ်လိုက်သည်။
“ ငါမင်းကို အခုပြောပြမယ်။အကုန်လုံးကို။ ”