← Chapters

“ သဘောထားမကြီးသော ” အသီနာ

Vol. 13 Ch. 186

“ သဘောထားမကြီးသော ” အသီနာ

Vol. 13 Ch. 186

“ နင်က ဒေလီယာရဲ့ တွေ့ခဲ့တယ်။ဟုတ်လား။ ”

( ထိုအသံသည် လန့်ဖျပ်သွားပုံရသည်။ )

“ သူက...ခရစ္စတီးနား ဟုတ်လား။ ”

( ထိုအသံသည် ထူးထူးခြားခြား အနည်းငယ် ခါးသီးနေပုံရသည်။ )

“ အက်စ်မိုဒက်စ် တော်ဝင်မိသားစုရဲ့ သမီးတော်။ အနည်းဆုံး နတ်ဆိုးဧကရာဇ်အဆင့် ဟုတ်လား။ ”

( အသီနာက နှုတ်ခမ်းကိုင်ရင်း မေးလိုက်သည်။ )

“ နင်တို့တွေ အသံတိတ်ညစိမ့်မြေမှာ အဲဒါလုပ်ခဲ့တယ်..... ”

( ထိုအသံထဲရှိ မနာလိုမှုသည် ချန်လွေ့မျှော်လင့်ထားသော မကျေနပ်မှုထက် ပိုများနေသည်။ )

“ သူက ‌နင့်ကို နိဗ္ဗာန်သွေး ပေးခဲ့တယ်လား။ ”

( အသီနာ အံ့အားသင့်သွားပြီးနောက် တိတ်ဆိတ်သွား သည်။ )

“…”

“ အသီနာ ”

ချန်လွေ့သည် အသီနာ တိတ်ဆိတ်နေပြီး တွေးတောနေ ကြောင်း မြင်သွားပြီး အလျင်အမြန် ထပ်ပြောသည်။

“ တကယ်တော့ သူနဲ့ငါက မတော်တဆပါ။ဒါပေမဲ့ ငါ..... ”

“ နင်သူ့ကို သွားရှာချင်တာလား။ ”

“ ဒါကို နောက်မှ ဆွေးနွေးကြတာပေါ့.... ”

ချန်လွေ့က ခါးသက်သက်နှင့် ပြုံးလိုက်သည်။အသီနာ သည် ခံစားချက်ကို ဖုံးကွယ်မတတ်သော မိန်းမ တစ်ယောက်ဖြစ်သည်။အသီနာ စိတ်ရှုပ်ထွေးနေကြောင်း ချန်လွေ့ မြင်နေရသည်။

ဘယ်မိန်းမပဲဖြစ်ဖြစ် သူ့ရဲ့ယောက်ျား ဖောက်ပြန်တာကို သိရင် ပျော်မှာမဟုတ်တာ အသေအချာပဲလေ။အဲဒီတုန်းက ချန်လွေ့နဲ့အသီနာတို့ ဆက်ဆံရေးက မသေချာသေးဘူး။ ဒါပေမဲ့ အခုတော့ သူတို့က အရာအားလုံးကို မျှဝေတဲ့ အဆင့်အထိ ရောက်သွားပြီလေ။

အသီနာ ခေတ္တ တိတ်ဆိတ်သွား၏။အချိန်အတော်

ကြာပြီးနောက် သူမေးသည်။

“ သူက....လှလား။ ”

ခရစ္စတီးနား၏ အလှသည် အမှောင်လမြို့၏ နံပါတ်(၁) မိန်းမလှ ရှီရာထက် သာလွန်သည်။ချန်လွေ့ မည်မျှပင် တုံးအစေကာမူ အခြားမိန်းမတစ်ယောက်၏ ရုပ်ရည်ကို မိန်းမတစ်ယောက်ရှေ့၌ မချီးမွမ်းသင့်ကြောင်း သိသည်။ ချန်လွေ့သည် ဝိုးတိုးဝါးတား ပြောလိုက်သည်။

“ မင်းတို့နှစ်ယောက်‌လုံးက အတူတူလောက်ပါပဲ။ဒါပေမဲ့ မင်းက နည်းနည်းပိုလှတယ်။ ”

“ ငါ့ကို ပျော်အောင် လုပ်မနေနဲ့။ ”

အသီနာ ပြတ်ပြတ်သားသား ခေါင်းခါလိုက်သည်။

“ တော်ဝင်မိသားစုတွေက ယောက်ျားပဲဖြစ်ဖြစ် မိန်းမပဲ ဖြစ်ဖြစ် နတ်ဆိုးဘုံထဲရှိ ရုပ်ရည် အချောမော အလှပဆုံးပဲ။ ဘုရင်မ အက်စ်မိုဒက်စ် ကတ်သရင်းကို နတ်ဆိုးဘုံရဲ့ နံပါတ်(၁) မိန်းမလှလို့လည်း ခေါ်ကြတယ်။ ”

ချန်လွေ့ အလွန် စိတ်ဓာတ်ကျသွားသည်။ ဘာလို့ မိန်းမတွေက အမြဲတမ်း တစ်ခုခု ဆက်ဆက်ထိမခံ ဖြစ်ရတာလဲ။

“ ငါက မင်းကို ပျော်စေချင်တာပါ။မင်းရဲ့ တောက်ပတဲ့ အပြုံးကို မြင်ရတာ သဘောကျတယ်။ ”

ချန်လွေ့သည် အသီနာ၏ ချောမွေ့နေသော မျက်နှာကို ပွတ်သပ်လိုက်သည်။

“ ဒါကို မှတ်ထား။ငါ့နှလုံးသားထဲမှာ မင်းရဲ့နေရာကို ဘယ်သူမှ အစားမထိုးနိုင်ဘူး။ ”

“ ဟမ့်။အပြောကောင်းတယ်။ ”

ထိုသို့ပြောလိုက်သော်လည်း အသီနာ၏စိတ်ထဲ၌ အမှန်တကယ် သက်တောင့်သက်သာ ဖြစ်သွားပြီး ချိုမြိန်သည်ဟု ခံစားလိုက်ရသည်။အသီနာသည် ချန်လွေ့၏ ရင်ဘတ်ပေါ်မှီကာ အားကောင်းသော နှလုံးခုန်သံကို နားထောင်ရင်း ခဏအကြာ၌ မေးသည်။

“ တော်ဝင်မင်းသမီးကရော။ ”

ဒီကောင်မလေးတော့။ဒီလောက်အကြာပြီးပြောပြီးတာကို ဘာလို့ဒီဘက် ပြန်ရောက်လာတာလဲ။

ချန်လွေ့၏စိတ်ထဲ၌ ရေကန်အောက်ရှိ လျို့ဝှက်အခန်း‌၊ ကြေးမုံထဲရှိ ကနေသော မိန်းကလေးနှင့် စကားပြောသော ဆည်းလည်းအကြောင်းတို့ ရုတ်တရက် ပေါ်ထွက်လာ သည်။ချန်လွေ့ တိတ်တိတ်ဆိတ်ဆိတ် သက်ပြင်းချ လိုက်သည်။

“ တော်ဝင်မင်းသမီးရဲ့ စရိုက်က ရေခဲတုံးလိုအေးစက် ပြီးတော့ ဣန္ဒြေရှိတယ်ဆိုတာ မင်းလည်းသိတာပဲ။ငါက ဘယ်လိုလုပ်ပြီး သူ့အပေါ်မှာ မသင့်တော်တဲ့ အတွေးတွေ ရှိရဲမှာလဲ။မင်းပြောတာ သူကြားသွားရင် မင်းရဲ့ယောက်ျား က အနာဂတ်မှာ ကောင်းကောင်းနေရမှာ မဟုတ်တော့ ဘူး။ ”

“မင်းရဲ့ယောက်ျား”ဟူသော စကားကို ကြားလိုက်ရာ အသီနာ ရှက်သွားသော်လည်း ပျော်မိသွားသည်။သူ နှုတ်ခမ်းဆူပြီး ပြောလိုက်သည်။

“ ငါက အမှောင်ဆန္ဒကို အမှောင်လမြို့ဆီ ကိုယ်တိုင် သွားပို့ခဲ့တာ။တော်ဝင်မင်းသမီးရဲ့စိတ်ထဲမှာ နင်မရှိဘူး ဆိုရင် ဘယ်လိုလုပ်ပြီး သူက နင့်ကို ဒီလိုလျို့ဝှက် ရတနာ ပေးမှာလဲ။ ”

“ မင်းက အမြဲတမ်း ဒီလိုပရမ်းတကာ တွေးနေတာပဲ.... ”

ချန်လွေ့သည် ဆည်းလည်းမှ မိမိ၏နာမည်ကို နောက်ဆုံး အချိန်၌ ခေါ်ခဲ့သောအသံကို တွေးမိသွားပြီး ခေါင်းခါလိုက် သည်။

“ ခရစ္စတီးနားနဲ့က တကယ့်ကို မတော်တဆပါ။ငါ့ဘဝ တစ်လျှောက်လုံး ငါ့နှလုံးသားထဲမှာ မင်းရှိနေရင် လုံလောက်ပါပြီ။ ”

“ ဟမ့်။ငါ ဘာမှမသိဘူး မထင်နဲ့။ခရစ္စတီးနားက နင့်ရဲ့ ပထမဆုံးမိန်းမပဲ။နင်သူ့ကို မေ့မှာ မဟုတ်ဘူး။ ”

အသီနာ ဒေါသတကြီးနှင့် ပြောလိုက်သည်။သူ မကျေ မနပ်ဖြစ်သည်မှာ ချန်လွေ့၏နှလုံးသားထဲ၌ အခြားမိန်းမ တစ်ယောက် ရှိနေ၍မဟုတ်ပဲ ချန်လွေ့၏ “ ပထမဆုံး အကြိမ်” ကို အခြားသူတစ်ယောက်က “ ယူ ” သွား၍ဖြစ် သည်။ချန်လွေ့၏ ပထမဆုံးမိန်းမမှာ အသီနာဝေးလ်စ် ဟူသော သူသာ ဖြစ်သင့်သည်။

“ ခရစ္စတီးနားကို ထားလိုက်တော့။ ”

ထိုစကားကို ကြားလိုက်ရာ ချန်လွေ့ တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ကံကောင်းစွာပင် သူသည် စမ်းသပ်ချက်ကို ကျော်ဖြတ်သွားနိုင်ခဲ့သည်။သို့သော်လည်း အသီနာဆက်ပြောသော စကားများသည် ချန်လွေ့အား ကြက်သေသေသွားစေသည်။

“ တော်ဝင်မင်းသမီးနဲ့ မင်းသမီးလေးကိုတော့ ငါလက်ခံ နိုင်တယ်။တော်ဝင်မင်းသမီး နင့်ကို ပေးအပ်ချင်တဲ့ ခီရာ ကိုတောင် ငါလက်ခံနိုင်တယ်။ဒါပေမဲ့ တခြားမိန်းမတွေ ရှိမယ်ဆိုရင် ငါ့လက်ထဲကဓါးကို အရင်မေးရမယ်။ ”

ချန်လွေ့သည် နားကြားလွဲလေသလားဟု တွေးမိလိုက် သည်။အိုတာခုတိုင်းသည် မောင်းမဆောင်(ဟာရမ်)ကို စိတ်ကူးယဉ်ခဲ့ကြသော်လည်း စိတ်ကူးယဉ်သည် စိတ်ကူးယဉ်သာ ဖြစ်သည်။လက်နှစ်ဖက်လုံး၌ မိန်းကလေးများ ရှိနိုင်ရန် မလွယ်ကူပေ။တည့်တည့် မတ်မတ် မလုပ်နိုင်လျှင် ဟာရမ်ထဲ၌ ပြဿနာများ ဖြစ်နိုင်ပေသည်။

အစကတော့ ငါက ခရစ္စတီးနားအကြောင်း ဖွင့်ပြော ချင်ရုံပါပဲ။ဒါပေမဲ့ ဟာရမ်အရေအတွက်က ငါးယောက်အထိ တိုးသွားလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။

နေပါဦး။“အမှောင်ဆန္ဒ”ကြောင့် ရှီရာနဲ့ အထင်လွဲတာက ဟုတ်ပါပြီ။ခီရာကကျတော့.....တော်ဝင်မင်းသမီးရဲ့ အထူး ဆုလာဒ်ကို ငါမေ့တော့မလို့ပဲ။ဒါပေမဲ့ ခီရာ ကိုယ်တိုင်က ဆန္ဒမရှိဘူး။ဒီတော့ သူ့ကို ချန်ထားလို့ရတယ်။ အထူးဆန်း ဆုံးကိစ္စကတော့ အဲလစ်ပဲ။သူကဘာလို့ ဒီထဲရောက်လာ တာလဲ။ဧကန္တ.... လိုလီလေးက အသီနာကို အနမ်းခိုးတဲ့ အကြောင်း ပြောပြလိုက်တာလား။

“ အသီနာ... ”

“ ငါက သဘောထားမကြီးတဲ့ မနာလိုတဲ့ မိန်းမလို့ နင်ထင်လား။ ”

အသီနာသည် ချန်လွေ့အား ဝေ့ဝိုက်ကြည့်ပြီး ချန်လွေ့ ပြောမည့်အရာကို ဖြတ်ပြောလိုက်သည်။

ချန်လွေ့ ရှက်မိသွားသည်။ ဒါက သဘောထားမကြီး တာလား။ဒါက သက်သက်ကြီးကို သဘောထားကြီး တာပဲ။အံ့ဩစရာကောင်းလောက်အောင် သဘောထား ကြီးတာ။

“ မကျေနပ်တာလား။ ”

ချန်လွေ့ ခပ်မြန်မြန် ခေါင်းညိတ်လိုက်သည်။

“ ကျေနပ်ပါတယ်။ကျေနပ်ပါတယ်။ဒါပေမဲ့... ”

အသီနာသည် ချန်လွေ့၏ အံ့အားသင့်နေသော မျက်နှာ ကိုမြင်ပြီး ရက်စက်လွန်းသွားသလားဟု တိတ်တဆိတ် တွေးမိလိုက်သည်။အဲလစ်နဲ့ခီရာအကြောင်းကို ချန်လွေ့ မပြောနိုင်ခင်မှာပင် အသီနာ တိုးတိုးလေး ထပ်ပြောသည်။

“ တကယ်တော့ ငါက အဲလိုအမျိုးအစား မဟုတ်ပါဘူး ....။အနာဂတ်မှာ နင်သဘောကျတဲ့ မိန်းမတွေ့ရင် ငါ့ကိုမဖုံးကွယ်ထားနဲ့။ငါ...နင့်ကို ခက်ခဲအောင် မလုပ်ပါဘူး။ ”

နတ်ဆိုးဘုံ၌ ယောက်ျားဦးရေထက် မိန်းမဦးရေ ပိုများ သည်။အထူးသဖြင့် “မိန်းမ” များသာပါရှိသော ကဝေမ မိသားစုများပင် ဖြစ်သည်။အစွမ်းထက်သော နတ်ဆိုးများ တွင် ယေဘုယျအားဖြင့် မိန်းမအများအပြား ရှိကြပြီး အစွမ်းထက်သော နတ်ဆိုးမများ၌ပင် “ လင်ငယ် ”များစွာ ရှိသည်။လိင်ပိုင်ဆိုင်ရာ ရမ္မက်များကြောင့်သာမဟုတ်ဘဲ မျိုးဆက်အမွေအနှစ်ကြောင့်လည်း ဖြစ်သည်။မျိုးဆက် များနှင့် မျိုးနွယ်သန့်ဗေဒ ပတ်သက်မှုများကြောင့် ဖြစ် ပေမည်။နတ်ဆိုးတစ်ယောက် အစွမ်းထက်လေလေ ‌ကလေးရနိုင်ချေ နည်းနည်းလေလေ ဖြစ်သည်။

မဟာနတ်ဆိုးမိသာစုအတွက် သန္ဓေပြောင်းသွေးမျိုးဆက် အစွမ်းထက်လေလေ မျိုးဆက်သစ် နည်းလေ‌လေ ဖြစ်သည်။အသီနာ၏ခဖင်ဖြစ်သူ အင်ပါယာ၏ ပထမဆုံး ဗိုလ်ချုပ် ဂျော့ခ်ျဝေးလ်စ်တွင် မိန်းမ၁၂ယောက် ရှိသည်။ ၎င်းသည် အင်ပါယာ တော်ဝင်မျိုးနွယ်၌ အလွန်ရှားပါး သည်။သို့သော်လည်း သူ့တွင် အသီနာဟူသောအဖိုးတန် သမီးတစ်ယောက်သာ ရှိသည်။အသီနာတွင် ထူးချွန်သော အရည်အသွေးများရှိသည်။၁၉နှစ် အရွယ်မှာပင် အမြင့်ဆင့် နတ်ဆိုး တစ်ဆို့မှုကို ချိုးဖျက်နိုင်ခဲ့သည်။သူ၏ နတ်ဆိုး ဘုရင်အဆင့်နား နီးကပ်နေသော စွမ်းအားအကြောင်းကို လူသိရှင်ကြား ထုတ်ပြလိုက်လျှင် သေချာပေါက် အုတ်အော်သောင်းနင်း ဖြစ်သွားလိမ့်ပေမည်။

ဂျိုးဆက်ပ်၏ ဖခင် အရှင်ဂျို့ရှ်တွင် ဇနီး၊ကိုယ်လုပ် တော် နှင့် အဆင့်အတန်းမရှိသော အမျိုးသမီး တစ်ရာနီးပါးရှိ သည်။သို့သော်လည်း ထိုမိန်းမများထက် သားသမီးများမှာ ပို၍နည်းပါးသည်။ထိုမျိုးဆက်သစ်အနည်းငယ်ထဲ၌ ဂျိုးဆက်ပ်နှင့် ခါနီတာသာ သတိပြုမိဖွယ် ဖြစ်သည်။

သွေးမျိုးဆက်သန္ဓေပြောင်းလဲမှုသည် မျိုးရိုးဗီဇ အပေါ်၌ အခြေခံခြင်း မဟုတ်ပေ။သို့မဟုတ်ပါက နတ်ဆိုးဘုံ၌ စွမ်းအားကြီး ပုဂ္ဂိုလ်များ နည်းသထက် နည်းလာမည် ဖြစ်သည်။တစ်ဆို့မှုများကို ချိုး‌ဖျက်ခြင်းကလည်း သန္ဓေပြောင်းလဲခြင်းကို ဖြစ်စေနိုင်သော နည်းလမ်းတစ်မျိုး ဖြစ်သည်။ဥပမာအနေဖြင့် အရတ်စ်သည် အမြင့်ဆင့် နတ်ဆိုး အကန့်အသတ်ကို ချိုးဖျက်သွားနိုင်ခဲ့လျှင် သန္ဓေပြောင်းလဲခြင်း ဖြစ်လာနိုင်သည်။သူကိုယ်တိုင် သန္ဓေမပြောင်းလဲနိုင်လျှင်ပင် သူ၏မျိုးဆက်သစ်များ၌ သန္ဓေပြောင်းသွေးမျိုးဆက် ရှိလာနိုင်ချေ များလေသည်။

ချန်လွေ့ ခေါင်းခါပြီး အသီနာ၏ နဖူးအား နမ်းရှိုက် လိုက်သည်။

“ အများကြီး မတွေးနဲ့။မင်းတစ်ယောက်တည်းရှိရုံနဲ့ ငါ့အတွက် လုံလောက်ပါတယ်။ ”

“ တော်လောက်ပြီ။ငါ့ကို ငတုံးမလို့ ထင်မနေနဲ့။ ”

အသီနာသည် အလွန်ပျော်ရွှင်နေဆဲ ဖြစ်သည်။ယုတ်စွ အဆုံး ချန်လွေ့၏နှလုံးသားထဲ၌ သူ၏နေရာသည် အစားထိုးမရ ဖြစ်သည်။ခရစ္စတီးနားဖြစ်ဖြစ် တော်ဝင် မင်းသမီးဖြစ်ဖြစ် အစားမထိုးနိုင်ပေ။

ချန်လွေ့သည် ခါးသက်သက်သာ ပြုံးနေနိုင်သည်။

ငါရှင်းပြလေလေ အခြေအနေက ပိုဆိုးလာလေလေ ဖြစ်နေတဲ့ပုံပဲ။ငါက စိတ်ထဲကအတိုင်းပြောနေတာကို သူက မယုံချင်ဘူး။ဒါက တုံးအတာပဲ မဟုတ်လား။

အသီနာသည် ထိုကိစ္စကို ထပ်မစိုးရိမ်တော့ဘဲ ဆက်မေးသည်။

“ ဟုတ်သား။ဂလော်ဖင်း ဘာဖြစ်သွားလဲ။ ”

ချန်လွေ့သည် ထိုနေ့က ဖြစ်ပျက်ခဲ့သည်ကို အသီနာအား ပြောပြလိုက်သည်။အမှောင်လမြို့ အကြောင်းကိုလည်း ပြောပြသည်။ရေချိုးကန်ထဲ၌ ရှီရာ ရေချိုးနေသည်ကို မတော်တဆ ချောင်းကြည့်ခဲ့မိကြောင်းနှင့် မြေအောက် လျို့ဝှက်ခန်းအကြောင်း လျို့ဝှက်ချက်များကိုသာ ဖုံးကွယ်ထားခဲ့သည်။

အသီနာ ထိတိလန့်သွားသည်။

“ ရက်၁၀၀ဟုတ်လား။ပြီးရင် နင့်ရဲ့အသိစိတ် ပျောက် ကွယ်သွားမှာလား။ ”

“ ငါအခုလက်ရှိ လေ့ကျင့်နေရာက အဲဒီကပ်ဘေးကို ရင်ဆိုင်ဖို့ပဲ။အဆောင်ပစ္စည်းကိုတော့ ငါတစ်ဝက်နီးပါး ထိန်းချုပ်နိုင်ပြီ။မဟုတ်လို့ရှိရင် မျက်နှာဖုံး ဝတ်နေရင်း ငါမင်းကို ဒီနေ့နမ်းနိုင်မှာ မဟုတ်ဘူး။ ”

ချန်လွေ့သည် အသီနာ မစိုးရိမ်စေရန်အတွက် တတ်နိုင် သမျှ လျှော့ပြောခဲ့သည်။

အသီနာ၏ ဉာဏ်ပညာဖြင့်ဆိုလျှင် နတ်ဆိုးအရှင်သခင် တစ်ယောက်၏ ဝိညာဉ်စွမ်းအား မည်မျှအစွမ်းထက် ကြောင်း သဘောပေါက်သည်။အဆောင်ပစ္စည်း၏ ခြိမ်းခြောက်မှုမရှိလျှင်တောင် အလွန်အန္တရာယ်များ နေသေးသည်။အသီနာ လွန်စွာစိုးရိမ်နေရင်း ရုတ်တရက် တီးတိုးပြောလိုက်သည်။

“ ချန်လွေ့...နင်အခုပဲ ငါ့ကို..ဟိုဟာလုပ်လိုက်သင့်တယ်။ ”

ချန်လွေ့ ခဏတာ ကြက်သေသေသွားပြီးနောက် သဘောပေါက်သွားကာ အသီနာအား ခပ်တင်းတင်း ပွေ့ဖက်လိုက်သည်။

“ ငတုံးမလေး။မင်းငါ့ကို ယုံကြည်ရမယ်။မင်းကိုယ် မင်းလည်း ယုံကြည်ရမယ်။မင်းက ငါ့ရဲ့ဝိညာဉ်ထဲမှာ စွဲမှတ်ထားတဲ့ အနက်ရှိုင်းဆုံး အမှတ်အသားပဲ။ငါ့ရဲ့ ဝိညာဉ် လုံးဝကျိုးပဲ့သွားရင်တောင် ဒီအမှတ်အသားကို သေချာပေါက် ပယ်ဖျက်နိုင်မှာ မဟုတ်ဘူး။မင်းအတွက်နဲ့ ငါဒါကို ကျော်လွှားနိုင်မှာ သေချာတယ်။ ”

အသီနာ စကားတစ်ခွန်းမျှမပြောဘဲ ချန်လွေ့အား တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားလိုက်သည်။

မြေအောက်လောကရှိ အရေးကြီးဆုံးအရာကို ဖြေရှင်းပြီးပြီ ဖြစ်သည်။ထို့ကြောင့် ချန်လွေ့သည် မြေဒြပ်စင်ကောင် များကို နှုတ်ဆက်ပြီး ပြိဿတို့၏ သားရဲတွင်းဆီသို့ ရောက်လာသည်။ချန်လွေ့၏ လက်ရှိခွန်အားနှင့် ခြေလှမ်း ဖိနပ်တို့၏ အကူအညီကြောင့် ခဏလေးအတွင်း ရောက်ရှိသွားခဲ့သည်။

အသီနာ၏လက်ရှိစွမ်းအားသည် ချန်လွေ့ထက် သာလွန် သည်။ဂလော်ဖင်းကို တိုက်ခိုက်ရာ၌ အသီနာသည် လေဟာနယ်စွမ်းအား နိုးထသွားသည်။ဝေးလ်စ် မိသားစု၏ သွေးမျိုးဆက်စွမ်းအားမှာ [ အဆင့်မြင့်ခြင်း ] ဖြစ်သည့် အတွက် ထိုကဲ့သို့သော လေဟာနယ်ဖောက် တိုက်ခိုက်မှု မျိုးသည် မိစ္ဆာသစ်သီး၏ အထူးစွမ်းအားမှ ရရှိခဲ့ခြင်း ဖြစ်ရ ပေမည်။ယခုတစ်ခေါက် သူသည် နတ်ဆိုးအရှင်သခင် အဆင့် မြေစွမ်းအားနှင့် ဖန်ကျောက်နှလုံးသားတို့၏ တိုးမြှင့်မှုကို ရရှိခဲ့သည်။ထို့ကြောင့် သူ၏စွမ်းအားများမှာ နောက်တစ်ဆင့်အထိ တိုးတက်သွားသည်။အသီနာသည် နတ်ဆိုးဘုရင်အဆင့် နှောင်းပိုင်းနားသို့ နီးကပ်နေပြီ ဖြစ်သည်။ဇာတ်လိုက်၏ တိုးမြှင့်မှုရှိသော ဤကဲ့သို့ စွန့်စားမှုမျိုးပင် ချန်လွေ့ပင် အရှုံးပေးရလေသည်။

ချန်လွေ့နှင့် ပြန်လည်ရှင်သန်လာသော အသီနာတို့ ရောက်လာသည်ကို ပြိဿများ အထူးသဖြင့် ပြိဿ အကြီးအကဲ ဒယ်လောင်နှင့် ဘုန်းတော်ကြီး တော်ရီတို့ အလွန်ကျေနပ်နေကြသည်။ဒယ်လောင်စားခဲ့သော မိစ္ဆာသစ်သီးသည် အစွမ်းပြနေပြီဖြစ်ပြီး သူ၏စွမ်းအားများ တိုးတက်သွားသကဲ့သို့ ခံစားနေရသည်။သို့သော်လည်း တစ်ဆို့မှုကို ချိုးဖျက်ရန် အလွန်ဝေးကွာနေသေးသည်။ နတ်ဆိုးဧကရာဇ်အဆင့်သို့ တက်ရောက်နိုင်သည်နှင့် သူသည် ပြိဿသမိုင်းတွင် နတ်ဆိုးဧကရာဇ်ဖြစ်လာသည့် တတိယမြောက် ပုဂ္ဂိုလ် ဖြစ်လာပေမည်။

ချန်လွေ့သည် ပြိဿသားရဲတွင်း၌ ခဏသာနေပြီး မယ်ဒူဆာတို့၏ရိပ်မြုံသို့ အမြန်သွားလိုက်သည်။

မြေအောက်ရှိ မယ်ဒူဆာအားလုံးသည် ချန်လွေ့ထံ၌ အညံ့ခံခဲ့ပြီးဖြစ်သည်။ချန်လွေ့ ရောက်လာသည်ကို မြင်လိုက်ပြီးနောက် တစ်ယောက်ပြီးတစ်ယောက် ဦးညွှတ်လိုက်ကြသည်။တင်က ပျော်ရွှင်စွာဖြင့် ရောက် လာပြီး လိုင်ဆာကိုခေါ်လာကာ သူတို့၏သခင်အား နှုတ်ဆက်သည်။ချန်လွေ့နှင့် အသီနာတို့သည် လိုင်ဆာ၏ လက်ထဲ၌ ကလေးငယ်လေးတစ်ယောက်ကို တွေ့လိုက် သည်။ထိုကလေးသည် လူသားအသွင်ရှိပြီး နှစ်နှစ်ခြိုက် ခြိုက် အိပ်ပျော်နေသည်။လိုင်ရာ၏မျက်နှာတွင် မိခင် အငွေ့အသက်များ ပြည့်နှက်နေလေသည်။

လွန်ခဲ့သော သုံးလေးရက်က လိုင်ဆာ ကလေးမွေးခဲ့ခြင်း ဖြစ်သည်။ထိုကလေးသည် မဟာနတ်ဆိုး ဖြစ်ပြီး သန္ဓေပြောင်းသွေးမျိုးဆက်လည်း ရှိသည်။သန္ဓေပြောင်း မဟာနတ်ဆိုးသည် အလွန်ရှားပါးလှသည်။တင် မည်မျှ ပျော်ရွှင်လိမ့်မည်ကို စိတ်ကူးကြည့်၍ ရပေသည်။

ဒိုဒိုသည် အိပ်ပျော်နေဆဲပင်ဖြစ်သည်။ထိုအချိန်က သူဝါးမျိုခဲ့သော စိတ်ဝိညာဉ်ဝါးမျို နတ်ဆိုးယင်ကောင် သည် ဂလော်ဖင်း၏ စွမ်းအားပိုင်နက်နှင့် ညီမျှနေပြီး ထင်ထားသည်ထက် ပိုအစွမ်းထက်နေသည်။ဒိုဒိုသည် ထိုစွမ်းအားကို ချေဖျက်နေဆဲ ဖြစ်နိုင်သည်။သူတို့ လုပ်နိုင်သည်မှာ စောင့်ရုံသာ ဖြစ်သည်။

“ ဂုဏ်ယူပါတယ်။တင်။ ”

ချန်လွေ့ အနည်းငယ် တုံ့ဆိုင်းပြီး ပြောလိုက်သည်။

” အခုတော့ ခင်ဗျား လိုင်ဆာနဲ့ပဲ နေသင့်တယ်။ဒါပေမဲ့ ခင်ဗျားရဲ့စွမ်းအားကို ကျုပ်တကယ် လိုအပ်နေတယ်။ ခဏနေရင် ကျုပ်တို့ အကြံအစည်ကို အကောင်အထည် ဖော်မယ်။ ”

ယခင်တစ်ခေါက် ချန်လွေ့ထံ၌ အညံ့ခံခဲ့စဉ်က တင်သည် အကြံအစည် အကြမ်းဖျဉ်းကို သိပြီးဖြစ်သည်။ထို့ကြောင့် သူခေါင်းညိတ်ပြီး ပြောလိုက်သည်။

“ စိတ်ချပါ။သခင်။လိုင်ဆာ နားလည်မှာပါ။ဒါပေမဲ့ ကျုပ် အပြင်ကိုသွားမယ်ဆိုရင် သုံးရက်ကြာတိုင်း အသက်ဓာတ် ရေစင်ကို သောက်မှရမယ်။မဟုတ်ရင် ကျုပ်အသက် ရှင်နိုင်မှာ မဟုတ်ဘူး။ ”

တင်၏အသက်ဓာတ်သည် ထိုစဉ် ကုန်ခမ်းသွားခဲ့သည်။ ထို့ကြောင့် သူအသက်ဆက်ရန်အတွက် အသက်ဓာတ် ရေစင်ကို အမှီပြုနေရသည်။၎င်းသည် အကြီးမားဆုံး ကန့်သတ်ချက်ပင် ဖြစ်လေသည်။

“ အသက်ဓာတ်ရေစင်ကို ကျုပ် အချိန်မရွေး ထောက်ပံ့ ပေးနိုင်ပါတယ်။ ”

ချန်လွေ့ ထပ်ဖြည့်ပြောလိုက်သည်။

“ အခုလက်ရှိ ငါ့မှာ ကုန်ကြမ်းလုံလုံလောက်လောက် မရှိသေးဘူး။ကုန်ကြမ်းတွေရမယ်ဆိုရင် ခင်ဗျား စိုးရိမ် နေတာ လုံးဝကွယ်ပျောက်သွားအောင် ကျုပ် ခင်ဗျားကို အသက်ရှည် ဆေးရည်တစ်ပုလင်းပေးမယ်။ ”

တင်၏ မျက်လုံးများ အရောင်တောက်သွားသည်။ ဤသခင်၌ အဆင့်အမြင့်ဆုံး ဆေးရည်မည်းရှိကြောင်း သူသိသည်။သို့ရာတွင် မဟာဆရာသခင် တစ်ယောက် သည်ပင် အဆင့်မြင့်ဆုံး ဆေးရည်တစ်ပုလင်းကို အလွယ် တကူ မဖော်စပ်နိုင်ပေ။ဤဆေးရည်ပုလင်းသာ နတ်ဆိုးဘုံသို့ ပျံ့နှံ့သွားခဲ့လျှင် အင်ပါယာသုံးခုအတွင်း အုတ်အော်သောင်းသင်း ဖြစ်မည်မှာ အသေအချာပင် ဖြစ်သည်။

“ ကျေးဇူးတင်ပါတယ်။သခင်။ကုန်ကြမ်းတွေအတွက် ကတော့ ကျုပ်ရဲ့မိသားစုနဲ့ အဆက်အသွယ်ရတဲ့အခါ သခင့်အတွက် အမြန်ဆုံး သွားယူပေးမှာပါ။ ”

အဆင့်အမြင့်ဆုံး ဆေးရည်မည်းတစ်ပုလင်းကို လဲလှယ် ရန်အတွက် အရှိန်အဝါဆယ်သိန်း လိုအပ်သည်။ယခု လက်ရှိ၌ ချန်လွေ့သည် လေ့ကျင့်ရေးအတွက် အရှိန်အဝါကို အရေးပေါ်လိုအပ်နေသောကြောင့် တင်အတွက် မလဲလှယ်နိုင်သေးပေ။သို့သော်လည်း စိုင်ဖူမိသားစု၏ အမွေအနှစ်နှင့်ဆိုလျှင် အရှိန်အဝါ ဆယ်သိန်းရရှိရန်မှာ ပြဿနာ မဖြစ်နိုင်ပေ။အချိန် ကျလာသည့်အခါ ချန်လွေ့သည် လိုအပ်သော အရှိန်အဝါ အပိုတချို့ ရရှိနိုင်မည် ဖြစ်သည်။

“ ကိစ္စမရှိပါဘူး။ဒီအတောအတွင်း လိုင်ဆာကို အဖော်ပြုပေးလိုက်။ ”

လိုင်ရာသည် အခြေခံအားဖြင့် နတ်ဆိုးဘုံ ဘာသာစကား ကိုနားလည်သည့်အတွက် ချန်လွေ့အား ရိုရိုသေသေ ဦးညွှတ်လိုက်သည်။

မယ်ဒူဆာ အသိုက်အမြုံမှ ထွက်သွားပြီးနောက် ချန်လွေ့နှင့် အသီနာတို့သည် အဓိကတွင်းပေါက်ဆီသို့ သွားခဲ့ကြသည်။အသီနာသည် ကောင်းကင်မှ တောက်ပ နေသော လမင်းကိုကြည့်ရင်း အဓိကတွင်းပေါက်ထဲသို့ ကျသွားခဲ့ရသည့် အဖြစ်အပျက်များကို သတိရမိသွား သည်။၎င်းသည် အလင်းရောင်ကို ပြန်မြင်ရသည့် ခံစားချက်မျိုးပင် ဖြစ်သည်။ပျော်စရာအကောင်းဆုံးမှာ သူတို့ ထွက်သွားပြီးနောက် အတူတူ နေနိုင်ဦးမည် ဖြစ်သည်။

ချန်လွေ့သည် အသီနာ၏ခံစားချက်ကို ရိပ်မိသွားပြီး ခါးကိုအသာလေး ဖျစ်ညှစ်လိုက်သည်။ထို့နောက် ပြုံးရင်း ပြောသည်။

“ သွားရအောင်။ငါတို့ အမှောင်လမြို့ဆီ ပြန်သွားရမယ်။ ”

ညနေပိုင်း-

အမှောင်လမြို့ နန်းတော် ကောင်စီခန်းမ၌-

တော်ဝင်နန်းတော် အင်ပါယာအစောင့် ခေါင်းဆောင် ခါဂူရွန်သည် ရှီရာထံ၌ အပြစ်ဝန်ခံနေသည်။ အခြား တစ်ဖက်၌ အဘိုးကြီးဂါ့စ် ရှိနေသည်။လဝက်ကြာအောင် ဝတ်ရုံဂိုဏ်း၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် တစ်မြို့လုံး အနှံ့ရှာခဲ့ကြသော်လည်း ဘယ်ဇီဘတ် တော်ဝင် မိသားစုကို သူတို့ ရှာမတွေ့နိုင်ခဲ့ပေ။

ရှီရာ ငြိမ်ငြိမ်သက်သက် နားထောင်နေလိုက်သည်။ သူ၏အေးစက်စက်များနှာပေါ်ရှိ အမျက်ဒေါသများ ပျောက်ကွယ်သွားပြီဖြစ်သော်လည်း မျက်လုံးထဲရှိ အေးစက်မှုများမှာ ပို၍ပြင်းထန်လာသည်။

“ အင်ပါယာမြို့တော်ကို သတင်းပို့ပြီးပြီ။ထောက်လှမ်းရေး မှာ ကူညီဖို့အတွက် အထူးသံတမန် တစ်ယောက်ကို အင်ပါယာမြို့တော်က လွှတ်လိုက်တယ်။ဒီ‌တစ်ခေါက် ဘယ်လိုပဲ ပေးဆပ်ရပေးဆပ်ရ ဘယ်ဇီဘတ် တော်ဝင်မိသားစုကို အညွန့်ချိုးပစ်ရမယ်။ ”

ခါဂူရွန် ရှက်ရွံ့စွာဖြင့် ဦးညွှတ်လိုက်သည်။တော်ဝင် မင်းသမီး၏ လူယုံတစ်ယောက်ဖြစ်သည့်အလျောက် အင်ပါယာမြို့တော်မှ သံတမန်သည် အမှောင်လမြို့ အခြေအနေအား ပို၍ဆိုးဝါးအောင် ပြုလုပ်မည်ကို သူသိသည်။သူ၏ မပြည့်ဝမှုကြောင့်သာမဟုတ်လျှင်၊ သူ ရန်သူကို သတိမပြုခဲ့မိခဲ့ကြောင့်သာ မဟုတ်လျှင် တော်ဝင်မင်းသမီးသည် ဤခြေလှမ်းမျိုး လှမ်းစရာ လိုအပ်လိမ့်မည်မဟုတ်ပေ။

အဘိုးကြီး ဂါ့စ် မျက်မှောင်ကြုတ်လိုက်သည်။

ဒီကိစ္စက အရမ်းအရေးကြီးတယ်။တော်ဝင်မင်းသမီးက အင်ပါယာမြို့တော် သံတမန်ရဲ့ အနှောင့်အယှက်ကို သိပေမဲ့လည်း အစကတည်းကနေ သတင်းစကားကို ချိပ်ပိတ်ချင်စိတ် လုံးဝမရှိခဲ့ဘူး။ဘယ်လိုပဲဖြစ်ဖြစ် သူကလည်း ကြယ်ကြွေတမန် အင်ပါယာရဲ့ တော်ဝင်မျိုးဆက် တစ်ယောက်ပဲလေ။အတွင်းရေး ပြဿနာတွေကြောင့် အင်ပါယာတစ်ခုလုံးကို အကျိုးယုတ်အောင် လုပ်မှာမဟုတ်ဘူး။

“ ခါဂူရွန်။ဂါ့စ်။သွားကြတော့။ကျွန်မ ခဏလောက် အေးဆေးနေဖို့လိုတယ်။ထူးထူးခြားခြား ကိစ္စမရှိရင် ကျွန်မကို ဘယ်သူမှ အနှောင့်အယှက်မပေးစေနဲ့။ ”

“ မှန်လှပါ။ ”

နှစ်ယောက်သား ဦးညွှတ်ပြီး ထွက်သွားလိုက်ကြသည်။

ကောင်စီခန်းမမှ ထွက်လာပြီးနောက် ကောင်စီခန်းမထံ အပြေးဝင်လာသော အစောင့်တစ်ယောက်ကို ခါဂူရွန် တွေ့လိုက်ရသည်။ထိုအစောင့်သည် တစ်စုံတစ်ခုကို လက်ထဲ၌ ကိုင်ဆောင်ထားလေသည်။ခါဂူရွန်က ထိုအစောင့်ကို ချက်ချင်း တားဆီးလိုက်သည်။

“ စတ္တာ။မင်း ဘယ်သွားမလို့လဲ။ ”

“ ‌ဆာ-ခါဂူရွန်။ဝတ်စုံနက်နဲ့လူတစ်ယောက်က တော်ဝင်မင်းသမီးနဲ့ တွေ့ခွင့်တောင်းတယ်။ပြီးတော့ ဒီအထုပ်ကို တော်ဝင်မင်းသမီးဆီ ပေးဖို့ကျုပ်ကို ပြောတယ်။တော်ဝင်မင်းသမီးက သူ့ကို ကိုယ်တိုင် တွေ့မှာလို့လည်း ပြောတယ်။ ”

“ အဲဒါဘာလဲ။အန္တရာယ်ရှိလား။ငါ့ကို ပြကြည့်။ ”

စတ္တာက လက်ထဲ၌ အိတ်သေးသေးလေးကို ကမ်းပြီး ပြန်ဖြေလိုက်သည်။

“ ကျုပ် စစ်ဆေးပြီးပါပြီ။အဲဒါက အမည်မသိ အမှုန့် အချို့ပါပဲ။ ”

ခါဂူရွန်က ထိုအိတ်ကို ဖွင့်ကြည့်သည်။အမှန်တကယ်ပင် ထူးဆန်းသော အမှုန့်အချို့သာ ရှိပြီး မည်သည့် အဆိပ် အတောက်၊ မည်သည့် စွမ်းအင်လှိုင်းမျှ မရှိပေ။

“ င့ါကို ပြကြည့်။ ”

ဂါ့စ် ရောက်လာပြီး ထိုအမှုန့်များကို ကြည့်သည်။သူ၏ နောက်ကျိနေသော မျက်လုံးများ တုန်လှုပ်သွားပုံရသည်။ သူသည် စတ္တာအား ပြောလိုက်သည်။

“ တော်ဝင်မင်းသမီးကို ငါအခုချက်ချင်း သတင်းသွားပို့လိုက်မယ်။ခါဂူရွန်။ဒီလူနှစ်ယောက်ကို ကောင်စီခန်းမဆီ အခုပဲ ခေါ်သွားလိုက်။ ”

All Chapters