← Chapters

ယန္တရားဆရာသခင်

Vol. 13 Ch. 189

ယန္တရားဆရာသခင်

Vol. 13 Ch. 189

ချန်လွေ့ ဝမ်းနည်းသွားသည်။

“ ဆာ-စကိုင်း။ဆေးရည်ပမာဏ နှစ်ဆပေးရင်တောင် ဒီလိုမျိုး အမြင့်ဆင့် မှော်ပစ္စည်းရဲ့တန်ဖိုးနဲ့ မထိုက်တန်သေးပါဘူး။ ”

ဘေးဖက်မှ အလျန်က စကားဖြတ်ပြောသည်။

“ ညံ့လိုက်တာ။ဘာ အမြင့်ဆင့် ပစ္စည်းကိရိယာလဲ။ဒါက ထူးကဲအဆင့်ဆိုတာ အသိအသာကြီးကို။ ”

စကိုင်းသည် အလျန်အား မျက်နှာတင်းတင်းနှင့် ကြည့်လိုက်သည်။အလျန်သည် ဇာမျက်နှာလွှားနောက်ကွယ်၌ လျှာထုတ်ပြလိုက်ပြီး ဆက်မပြောတော့ပေ။

ထူးကဲအဆင့်တဲ့လား။

ချန်လွေ့ ထိတ်လန့်သွားသည်။မြေအောက်လောကရှိ ပြိဿများထံ၌ ပန်းပဲပညာလေ့လာစဉ်က ချန်လွေ့သည် ထိုလောကရှိ ပစ္စည်းကိရိယာအဆင့် ပိုင်းခြားမှုများကို နားလည်သဘောပေါက်သွားခဲ့သည်။သာမန်သင်ပုန်းဖြူပစ္စည်းကိရိယာကို အနိမ့်ဆင့်ဟု သတ်မှတ်သည်။အရည်အသွေးမြင့် ပစ္စည်းကိရိယာနှင့် မှော်အစီအရင်အစွမ်း အချို့ပါရှိသည်ကို အလယ်ဆင့်ဟု သတ်မှတ်သည်။ပိုကောင်းသောအရည်‌အသွေးရှိပြီး မှော်ဂုဏ်သတ္တိများကောင်းမွန်သည်ကို အမြင့်ဆင့်ဟု သတ်မှတ်သည်။

ထိုကဲ့သို့ ပုံမှန်ပစ္စည်းကိရိယာ အဆင့်များအပေါ်၌ ပို၍ကောင်းမွန်သော ပစ္စည်းကိရိယာများရှိသည်။၎င်းတို့မှာ ထူးကဲအဆင့်၊ဒဏ္ဍာရီလာအဆင့်နှင့် မှော်ကွန်းတင်အဆင့်တို့ ဖြစ်ကြသည်။

ထိုအဆင့်သုံးမျိုးသည် အရည်အသွေးထူးခြားကောင်းမွန်ရုံသာမက ပြီးပြည့်စုံသော မှော်အစီအရင်အစွမ်းလည်း ပါရှိသည်။အဆင့်မြင့်လေလေ ပို၍အစွမ်းထက်လေလေ ဖြစ်သည်။ဥပမာပြောရလျှင် အဆောင်ပစ္စည်း၇မျိုးသည် မှော်ကွန်းတင်အဆင့်များ ဖြစ်ကြသည်။ရွိုင့်စ်ပြန်ယူလာခဲ့သော မိစ္ဆာမျက်ရည်ပြာမှာ ဘယ်ဖီဂေါ တော်ဝင်မိသားစု၏ အရိပ်လေပြည် ဘွတ်ဖိနပ်ပြီးလျှင် ပထမဆုံး လျို့ဝှက်ရတနာ ဖြစ်သည်။၎င်းသည် ဒဏ္ဍာရီလာအဆင့် ဖြစ်သည်။ချန်လွေ့၏လက်ထဲရှိ“အမှောင်ဆန္ဒ”သည်လည်း ဒဏ္ဍာရီလာအဆင့် ဖြစ်နိုင်ပေသည်။

အလွန်ထက်မက်သည့် ဂုဏ်သတ္တိရှိသော အသီနာ၏ အစောင့်အရှောက်ဓားသည် သွေးဆာအစွမ်းဖြင့် မှော်စီရင်ထားပြီး ထူးကဲအဆင့် ဖြစ်ဟန်တူသည်။သို့သော်လည်း အတိအကျပြောရလျှင် ထိုလက်နက်ကို အမြင့်ဆင့်ဟူ၍သာ သတ်မှတ်၍ရသည်။အကြောင်းမှာ ၎င်း၏ အထူးထက်မြက်မှုသည် ကြယ်နက်သံရိုင်း၏ ပင်ကိုယ်ဂုဏ်သတ္တိကြောင့် ဖြစ်သည်။မှော်အစီအရင်အစွမ်း နှစ်ဆသည် သက်ရောက်မှု၏ ၄၀%သာဖြစ်ပြီး အသုံးပြုသူ၏ ခုခံမှုကို ၂၀% လျော့ကျသွားစေသည်။၎င်းမှာ ပြိဿဘုန်းတော်ကြီးကြောင့်ဖြစ်သည်။တော်ရီ၏ မှော်အစီအရင်အစွမ်းသည် မပြီးပြည့်စုံသေးပေ။

အမှန်တကယ်မှာ ပြိဿဖြစ်နေခြင်းကြောင့် မှော်အာရုံခံမှု နည်းပါးရခြင်းဖြစ်သည်။၎င်းသည် ပြိဿတို့၏ ပန်းပဲလုပ်ငန်းများ၌ ကံမကောင်းလှသော ပစ်ချက်တစ်ခုပင် ဖြစ်သည်။မှော်အစီအရင်၌ ကျွမ်းကျင်သော ယန္တရားဆရာသခင်တစ်ယောက်က ပြိဿတို့၏ ကျွမ်းကျင်လှသော ပန်းပဲစွမ်းရည်အား အခြေခံအဖြစ် ပူးပေါင်းဆောင်ရွက်ခဲ့လျှင် သက်ရောက်မှုသည် ပို၍ပြီးပြည့်စုံသွားပေမည်။၎င်းသည် ဒဏ္ဍာရီလာအဆင့်သို့ပင် ရောက်ရှိနိုင်သည်။

ထူးကဲအဆင့် ပစ္စည်းကိရိယာများကို ထုတ်လုပ်နိုင်သော ယန္တရားပညာရှင်တစ်ယောက်သည် မဟာဆရာသခင်အဆင့် ရှိနေပြီဖြစ်သည်။ယန္တရားဆရာသခင်တစ်ယောက်၏ အထွတ်အထိတ် အခြေအနေ သို့မဟုတ် ရံဖန်ရံခါ ဉာဏ်အလင်းရသောအချိန်၌သာ ဒဏ္ဍာရီလာအဆင့် ပစ္စည်းကိရိယာများကို ဖန်တီးနိုင်လေသည်။သို့သော်လည်း ၎င်းမှာ အတော်လေး ခက်ခဲသည်။၎င်းသည် အကြီးကျယ်ဆုံး အောင်မြင်မှုပင် ဖြစ်သည်။ထို့ပြင် မဟာဆရာသခင်အဆင့် ရောက်ရှိသွားသော ယန္တရားပညာရှင်များသာ ဒဏ္ဍာရီလာအဆင့် ပစ္စည်းကိရိယာများကို အလွယ်တကူ ဖန်တီးနိုင်ကြပြီး မှော်ကွန်းတင်အဆင့် အဆောင်ပစ္စည်းများကိုပင် ဖန်တီးနိုင်ကြလေသည်။

ဆေးရည်များနှင့် လဲလှယ်မည့် စကိုင်း၏ သားရေချပ်ကာသည် ယန္တရားဆရာသခင်သာ ဖန်တီးနိုင်သော ထူးကဲအဆင့် ပစ္စည်းကိရိယာဖြစ်နေသည်။ချန်လွေ့၏ မျက်လုံးများ အရောင်တောက်သွားသည်။သူပေးလိုက်သော ဆေးရည်များမှာ ဆရာသခင်အဆင့် ဖြစ်သော်လည်း ဆေးရည်များသည် တစ်ခါသုံးသာ ဖြစ်သည်။ပစ္စည်းကိရိယာများနှင့် ယှဉ်၍မရပေ။ဆေးရည်မည်းမှာတော့ ခြွင်းချက်ဖြစ်သည်။

ချန်လွေ့ ခဏစဉ်းစားပြီး ခေါင်းခါလိုက်သည်။

“ ကံမကောင်းတာက ကျုပ်လက်ထဲမှာ ဆရာသခင်အဆင့် ဆေးရည်တွေ မရှိတော့ဘူး။ဒါပေမဲ့ ဆရာသခင်အဆင့် ဆေးရည်က လျို့ဝှက်ရောဂါကို လုံးဝပျောက်ကင်းအောင် မလုပ်နိုင်ဘူး။ဖြစ်နိုင်မယ်ဆိုရင် ကျုပ်ခင်ဗျားကို ဒါမှမဟုတ် အိဗ်နဲ့အလျန်ကို လျို့ဝှက်ရောဂါကို အလဲအလှယ်အနေနဲ့ လုံးဝပျောက်ကင်းအောင် ကူညီပေးချင်တယ်။ဒါပေမဲ့ အဲဒါဆိုရင် ဒီသားရေချပ်ကာတစ်ခုတည်းနဲ့ မလုံလောက်ဘူး။ ”

အလျန်သည် ခုနက လမ်းကြား၌ ချန်လွေ့ကူညီခဲ့သည်ကို အထင်ကြီးသွားပုံရပြီး စကားဖြတ်ပြောပြန်သည်။

“ ဒါဆိုလည်း အဖေ့ နောက်တစ်ခု ထပ်လုပ်ပါစေပေါ့။ ”

“ တိတ်စမ်း။ ”

စကိုင်း ဒေါသတကြီး အော်ပြောလိုက်သည်။အလျန်၏ ခန္ဓာကိုယ် ဓာတ်လိုက်သကဲ့သို့ တုန်လှုပ်သွားပြီး လဲကျတော့မတတ် ယိမ်းယိုင်သွားသည်။

“ အလျန် ”

အိဗ်သည် အလျန်ကို အလျင်အမြန်ကိုင်ပြီး အော်ဟစ်လိုက်သည်။

ချန်လွေ့လည်း အနည်းငယ် မူးဝေသွာပြီ လက်ထဲရှိ အဆိပ်ဖြေဆေးရည် တစ်ပုလင်း လျော့သွားသည်။တစ်ချိန်တည်းမှာပင် စကိုင်းသည် အလျန်ကို ဆွဲကိုင်ပြီး အဆိပ်ဖြေ ဆေးရည်တစ်ပုလင်း တိုက်လိုက်သည်။ထို့နောက်တွင် အလျန်၏ခန္ဓာကိုယ် မတုန်ခါတော့ပေ။အလျန်သည် အသက်ပြင်းပြင်းရှူနေရပြီး အလွန်အားနည်းနေပုံရသည်။

ချန်လွေ့သည် ပြင်းပြင်းထန်ထန် ထိတ်လန့်သွားသည်။နတ်ဆိုးဘုရင်အဆင့်စွမ်းအားသည် ကိစ္စမရှိပေ။၎င်းကို ချန်လွေ့သည် [ သရုပ်ခွဲမျက်လုံး ] မှ သိသွားပြီးဖြစ်သည်။ချန်လွေ့ ထိတ်လန့်သွားသည်မှာ အလျန်ပြောလိုက်သည့် “ နောက်တစ်ခုထပ်လုပ်ပါစေပေါ့ ” ဟူသော စကားကိုပင် ဖြစ်သည်။

ထိုထူးကဲအဆင့် မှော်သားရေချပ်ကာကို စကိုင်း ကိုယ်တိုင် ပြုလုပ်ထားခြင်းပင်ဖြစ်နေသည်။ယန္တရားဆရာသခင်များသာ ထူးကဲအဆင့် ပစ္စည်းကိရိယာများ ပြုလုပ်နိုင်ကြသည်။ဤသို့ဆိုလျှင် စကိုင်းမှာ.......

အလျန်၏အခြေအနေ အနည်းငယ် တိုးတက်ကောင်းမွန်သွားသည့်အခါ အိဗ်ကို စကိုင်းပြောလိုက်သည်။

“ အိဗ်။မင်းရဲ့ညီမကို အခန်းထဲမှာ သွားနားဖို့ ခေါ်သွားလိုက်။ ”

အိဗ်သည် အလျန်အား အိမ်ထဲသို့ လိုက်ပို့ပေးခဲ့သည်။စကိုင်းသည် အလျန်၏စကားကြောင့် သို့မဟုတ် မိမိအလန့်တကြား ပြသလိုက်သော စွမ်းအားကြောင့် အံ့အားသင့်သွားပုံမရသော ချန်လွေ့၏ တည်ငြိမ်နေသည့် မျက်နှာကို ကြည့်နေလိုက်သည်။စကိုင်း မျက်မှောင်အနည်းငယ်ကြုတ်ပြီး ပြောသည်။

“ ခေါင်းဆောင်။ကျုပ် ရိုင်းပြမိသွားတယ်။ «

“ လူတိုင်းမှာ လျို့ဝှက်ချက်ရှိပါတယ်။ကျုပ်လည်း ဒီလိုပါပဲ။ ”

ချန်လွေ့သည် အံ့ဩနေရာမှ သတိပြန်လာပြီး မျက်နှာပေါ်မှ မျက်နှာဖုံးကို တည်တည်ငြိမ်ငြိမ်နှင့် လက်ညှိုးထိုးပြလိုက်သည်။

စကိုင်းက ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်သည်။ချန်လွေ့သည် စကိုင်းအား စဉ်းစားချိန်မပေးဘဲ ဆက်ပြောသည်။

“ ဆာ-စကိုင်း။ဒါမှမဟုတ် ဆရာသခင် စကိုင်းလို့ပဲ ခေါ်ရမလား။ခင်ဗျား စိုးရိမ်နေတာကို ကျုပ်သိပါတယ်။အခု ခင်ဗျားမှာ ရွေးစရာသုံးခုရှိတယ်။ပထမတစ်ခုက ခင်ဗျားရဲ့သမီးတွေကို ဝတ်ရုံဂိုဏ်းကနေ ဒါမှမဟုတ် အမှောင်လမြို့ကနေ ချက်ချင်း ခေါ်ထုတ်သွားတာပဲ။ဘယ်သူမှ ခင်ဗျားကို တားနိုင်မှာ မဟုတ်ဘူး။ဒုတိယ တစ်ခုက ကျုပ်ကို နှုတ်ပိတ်ဖို့အတွက် သတ်ပစ်တာ။ဒါပေမဲ့ ခင်ဗျားရဲ့ မဟာနတ်ဆိုးဘုရင်အဆင့် စွမ်းအားနဲ့တောင် ဒါကနည်းနည်းတော့ခက်မယ်။ဝတ်ရုံဂိုဏ်းက အခုဆို အင်ပါယာအစောင့်အဖွဲ့ရဲ့ အရန်တပ်ဖွဲ့ဖြစ်နေပြီ။ဒါက အမှောင်လမြို့ အရှင်မကို အချက်ပေးသလို ဖြစ်သွားနိုင်တယ်။အဲဒီအချိန်ကျရင် ခင်ဗျားရော ခင်ဗျားရဲ့သမီးတွေပါ ထွက်ပြေးဖို့ ခက်ခဲသွားမယ်။တတိယတစ်ခုကတော့ ကျုပ်ပြောတဲ့ ညီတူမျှတူ အလဲအလှယ်ပဲ။ကျုပ်က ခင်ဗျားနဲ့ ခင်ဗျားရဲ့ သမီးတွေကို လုံးဝကုသပေးဖို့ ကြိုးစားပေးမယ်။ခင်ဗျားက ဆိုင်ရာဆိုင်ရာ အလဲအလှယ်တွေကို လုပ်ပေးရမယ်။ ”

စကိုင်း၏အကြည့် မသေမချာဖြစ်သွားသည်။မိမိ၏ စွမ်းအားအစစ်အမှန်အကြောင်း ချန်လွေ့ပြောလိုက်သည့်အချိန်၌ စကိုင်း၏ သတ်ဖြတ်ချင်စိတ် ပေါက်ထွက်သွားပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။ချန်လွေ့သည် အခွင့်အရေးကိုမြင်ပြီး ထပ်ပြောသည်။

“ တတိယက ရွေးမယ်ဆိုရင် ခင်ဗျားရဲ့လျို့ဝှက်ချက်တွေအားလုံးကို ကျုပ်ထိန်းသိမ်းထားပေးမယ်။ခင်ဗျား လုံးဝပြန်ကောင်းသွားတဲ့အခါကျရင် ဒီမှာဆက်နေလို့ရတယ်။ဒါမှမဟုတ် ထွက်သွားလို့ရတယ်။တကယ်တော့ ကျုပ်ရဲ့ဆရာကလည်း ယန္ဆရားဆရာသခင် တစ်ယောက်ပဲ။သူ့ရဲ့စွမ်းရည်က ခင်ဗျားထက် သာနိုင်တယ်။ ”

ထိုစကားကိုကြားလိုက်ရာ စကိုင်းမျက်ခုံးပင့်လိုက်သည်။ချန်လွေ့က တစ်စုံတစ်ခုကို ထုတ်လိုက်သည်။

“ ဆာ-စကိုင်း။ဒါကို အရင်ကြည့်လိုက်။ ”

စကိုင်းတစ်ချက်ကြည့်လိုက်ရာ သူ၏အကြည့်သည် ချက်ချင်းပင် ဆွဲဆောင်ခံလိုက်ရသည်။ချန်လွေ့က လက်သီးအရွယ် လင်းလက်လက် တောက်ပနေသော သတ္တုတုံးတစ်တုံး ထုတ်လိုက်ခြင်းဖြစ်သည်။

“ ငါ ကြည့်ကြည့်လို့ရမလား။ ”

စကိုင်း၏အသံ အနည်းငယ် ထူးဆန်းနေသည်။

ချန်လွေ့သည် ထိုသတ္တုတုံးကို ပစ်ပေးလိုက်သည်။စကိုင်းဖမ်းကြည့်လိုက်ရာ ၎င်းသည် ထင်ထားသည်ထက် ပိုလေးနေသည်။သူ သေသေချာချာ ကြည့်ပြီးသွားသည့်အခါ ကြက်သေသေသွားသည်။စကိုင်းက ပြောသည်။

“ ဒီကြယ်နက်သံက..... ဒဏ္ဍာရီလာအဆင့်အထိ သန့်စင်ထားတာပဲ။ ”

ဒဏ္ဍာရီလာအဆင့် ကုန်ကြမ်းပစ္စည်းများသည် ဒဏ္ဍာရီလယအဆင့် ပစ္စည်းကိရိယာများ ဖန်တီးပြုလုပ်ရန်အတွက် မဖြစမနေ လိုအပ်ချက်တစ်ခုဖြစ်သည်။စကိုင်း အံ့ဩသွားသည်မှာလည်း အကြောင်းမဲ့သက်သက် မဟုတ်ပေ။၎င်း၏ ဒဏ္ဍာရီလာအဆင့် အရည်အသွေးသာမက ကြယ်နက်သံအား အညစ်အကြေးမရှိအောင် ပြုလုပ်ထားသည့် သန့်စင်ခြင်းစွမ်းရည်သည် သူ့ထက် သာလွန်နေသည်။သို့သော်လည်း စကိုင်းသည် စိတ်ဓာတ်မကျသွားပေ။အကြောင်းရင်းမှာ သူ၏အထူးပြုသည် အက်ဂ်ယော၏ “ဆရာ” နှင့် အတူတူ မဟုတ်သောကြောင့်ပင် ဖြစ်လေသည်။

“ ဒါက မင်းဆရာရဲ့..... ”

ချန်လွေ့ ခေါင်းညိတ်ပြီး သန့်စင်အခန်းထဲ၌ သန့်စင်ထားသော ကြယ်နက်သံ နှစ်တုံး ထုတ်လိုက်သည်။

“ ဒီမှာ နောက်ထပ်နှစ်တုံးရှိသေးတယ်။ကျုပ်ဆရာရဲ့ လက်ရာတွေပေါ့။ ”

တစ်တုံးက မတော်တဆဆိုရင် သုံးတုံးကရော။

စကိုင်း သက်ပြင်းချလိုက်သည်။

“ လက်စသတ်တော့မင်းမှာ မယုံနိုင်စရာဆရာ ရှိနေတာကိုး။ဒီလိုဆိုမှတော့ မင်းကိုဆွဲဆောင်နိုင်မယ့် အပေးအယူမျိုး ငါစဉ်းစားလို့ မရတော့ဘူး။ ”

“ ကျုပ် ခင်ဗျားကို မဖုံးကွယ်ထားတော့ပါဘူး။ကျုပ်ကို ဆရာက လေ့ကျင့်ဖို့အတွက် ကန်ထုတ်လိုက်တာ။ဒီ ဒဏ္ဍာရီလာအဆင့် ကြယ်နက်သံတွေက ကျုပ်အတွက် စမ်းသပ်မှုတစ်ခုပဲ။ကျုပ်ဒါကို ထုလုပ်တဲ့အခါ သတ်မှတ်ချက်တစ်ခုခုနဲ့ ကိုက်ညီမယ်ဆိုရင် ကျုပ်က ဆရာဆီမှာ သွားပြန်သင်ယူလို့ရမယ်။ ”

ချန်လွေ့ သက်ပြင်းချလိုက်သည်။

“ ကျုပ် ခင်ဗျားကို အသေးစိတ်တော့ ပြောပြမှာ မဟုတ်ဘူး။ဒါက ကျုပ်ရဲ့ အကြီးမားဆုံး လျို့ဝှက်ချက်ပဲ။ခင်ဗျားရဲ့လျို့ဝှက်ချက်ကို သိသွားတဲ့အတွက် ဒါကို အလဲအလှယ်အနေနဲ့ မှတ်ထားလိုက်ပါ။ ”

ထို “ လျို့ဝှက်အလဲအလှယ် ”အတွက် ကိုးကားမှုသည် ဂျိုးဆက်ပ်နှင့် ညှိနှိုင်းမှုမှ ရရှိလာခြင်း ဖြစ်သည်။ထင်ထားသည့်အတိုင်းပင် စကိုင်း၏မျက်ခုံး အတော်လေး ပြေလျော့သွားသည်။အက်ဂ်ယော၏ဆရာသည် နယ်ပယ်တစ်ခုတည်း၌ သူ့ထက်အရည်အချင်းပို၍သော ဆရာသခင်တစ်ယောက် ဖြစ်နေသည် မဟုတ်ပါလား။ထို့ကြောင့် စကိုင်းသည် ယခင် စိုးရိမ်နေမှုများကို ဘေးဖယ်ထားလိုက်သည်။

ထိုဒုတိယတန်းစား သန့်စင်ပြီး ကြယ်နက်သံကို ချန်လွေ့၏ လက်ရှိအဆင့်ဖြင့် ထုလုပ်နိုင်မည်မဟုတ်ကြောင်း ပြိဿအကြီးအကဲ ဒယ်လောင်က ပြောခဲ့သည်။ဒယ်လောင်သည် ၎င်းကို ကိုယ်တိုင် ထုလုပ်နိုင်သော်လည်း ပြိဿများ၌ မှော်အစီအရင်၌ အားနည်းကြသည့်အတွက် စစ်မှန်သော ပန်းပဲဆရာသခင် ဒယ်လောင်ကိုယ်တိုင်ပင် ထိုအဖိုးတန် ကုန်ကြမ်းပစ္စည်းများကို မဖြုန်းတီးရက်ပေ။

“ ဆာ-စကိုင်းက ပညာရှင်တစ်ယောက်ပဲ။ကျုပ် မကြာသေးခင်က ပြုလုပ်ထားတဲ့ ခပ်ညံ့ညံ့ လက်ရာတစ်ခုကို အကဲဖြတ်ပေးပါ။ ”

ချန်လွေ့ ထိုသို့ပြောပြီး သူကိုယ်တိုင်ပြုလုပ်ထားသော ဓားရှည်တစ်လက်ကို ဆွဲထုတ်လိုက်သည်။၎င်းကို အစောင့်အရှောင်ဓားနှင့် ဓားတိုပြုလုပ်ပြီးနောက် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။[ အထူးစိစစ်မှု ] အကူအညီဖြင့် ချန်လွေ့၏နည်းစနစ်များမှာ အတော်လေး တိုးတက်လာခဲ့သည်။သို့သော်လည်း မှော်အစီအရင် မဖြစ်ပေါ်လာခဲ့ပေ။

စကိုင်းသည် ဓားကိုယူပြီးကြည့်ကာ ချီးမွမ်းလိုက်သည်။

“ ထုလုပ်တဲ့စွမ်းရည်ကို ကြည့်မယ်ဆိုရင်တော့ ဒါက တော်တော်လေး ထူးချွန်တယ်။အသုံးဝင်တဲ့ အကြံပေးချက်တွေ အများကြီး မပေးနိုင်ပင်မဲ့လည်းတကယ့်ယန္တရားဆရာသခင်တွေက အလုပ်တစ်ခု ဖန်တီးတဲ့နေရာမှာ လက်တစ်ခုတည်းကို မသုံးဘူး။ ‘နှလုံးသား’ ကိုပါ သုံးတယ်။တစ်နည်းပြောရရင်တော့ ဒါတွေက မင်းရဲ့အလုပ်မဟုတ်ဘူး။မင်းရဲ့ကလေး သက်ရှိတစ်ယောက်ပဲ။

ချန်လွေ့က ခေါင်းညိတ်ပြီး ပြောလိုက်သည်။

“ ပန်းပဲပညာကို ကျုပ်သင်ယူနေတုန်း ကျုပ်ဆရာကလည်း ပြောခဲ့ပါတယ်။မင်းက လက်နက်တစ်ခု သွန်းလုပ်နေတာပဲမဟုတ်ဘူး။အသက်တစ်ခုကို ဖန်တီးတည်ဆောက်နေတာ။အသုံးချမှတ်အားတစ်ခုစီနဲ့ အားဒေါင့်တစ်ခုချင်းစီက အသက်ကို နားလည်သဘောပေါက်ခြင်းပဲတဲ့....။ကျုပ်မှာ သင်ယူလေ့လာစရာ အများကြီး ကျန်နေသေးတာပဲ။ ”

ထိုစကားများသည် ပြိဿအကြီးအကဲ၏ မူရင်း စကားများပင်ဖြစ်သည်။နောက်ထပ်စကားတစ်ခွန်းလည်း ရှိသေးသည်။

“ အဲဒီခံစားချက်ကို မင်းအမှန်တကယ် နားလည်သဘောပေါက်မယ်ဆိုရင် မင်းက ထိပ်တန်း ပြိဿပန်းပဲဆရာပဲ။ ”

ထိုစကားကို ကြားလိုက်ရာ စကိုင်း ထောက်ခံလိုက်သည်။

“ ကြည့်ရတာ မင်းရဲ့ဆရာက တကယ့် ထိပ်တန်းဆရာသခင်တစ်ယောက်ပဲ။ငါ့ရဲ့နိမ့်ကျမှုအတွက် ရှက်မိပါတယ်။အခွင့်အရေးရမယ်ဆိုရင် ငါ့ကိုယ်စား မင်းငါ့ကို အကြံပြုနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ”

ထိုသို့စကားပြောပြီးနောက် စကိုင်းသည် ချန်လွေ့ ပြုလုပ်ထားသော လက်နက်များကို ကြည့်လိုက်ပြန်သည်။သူတို့နှစ်ဦး၏ ပတ်သက်မှုမှာလည်း ပို၍နီးစပ်သွားသည်။ချန်လွေ့က ပြောသည်။

“ တကယ်တော့ ကျုပ်အခုလုပ်နေတာအားလုံးက ဆရာ့ရဲ့ စမ်းသပ်မှုကို အောင်မြင်ဖို့အတွက်ပဲ။ကျုပ်ရဲ့ ပန်းပဲစွမ်းရည်ရော ကိုယ်ပိုင်စွမ်းအားကို တိုးတက်အောင် လုပ်ရမှာ။တကယ်လို့ ဆာ-စကိုင်း ကျုပ်ကို ယုံကြည်မယ်ဆိုရင် ဆာ့ရဲ့ခန္ဓာကိုယ်ထဲက လျို့ဝှက်ရောဂါကို ဖယ်ရှားဖို့ ကျုပ်ကူညီပေးချင်ပါတယ်။တကယ်လို့ အောင်မြင်မယ်ဆိုရင် ကျုပ်ကို ဒဏ္ဍာရီလာအဆင့် ပစ္စည်းကိရိယာသုံးခု လုပ်ဖို့ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ပြီးတော့....ခင်ဗျားအလုပ်လုပ်နေတုန်း ကျုပ်ဘေးကနေကြည့်ပြီး သင်ယူချင်တယ်။ ”

စကိုင်း ခေတ္တ တုံ့ဆိုင်းသွားပြီး ပြောလိုက်သည်။

“ ယန္တရားဆရာသခင်တစ်ယောက်မှာ ဒဏ္ဍာရီအဆင့် ကုန်ကြမ်းပစ္စည်းတွေရှိရင်တောင် ဒဏ္ဍာရီအဆင့် ပစ္စည်းကိရိယာတွေ လုပ်နိုင်မယ်ဆိုတာ ၁၀၀% မသေချာဘူး။မင်းရဲ့ဆရာ ပြောလိုက်မှာပါ။ယန္တရားဆရာသခင်တွေမှာ အထူးပြုသုံးခုရှိတယ်။သတ္တုထုလုပ်တာ၊သားရေပစ္စည်းတွေ ပြုလုပ်တာနဲ့ လက်ဝတ်ရတနာတွေ ပြုလုပ်တာပဲ။ငါ့ရဲ့အထူးပြုက သတ္တုမဟုတ်ဘူး။သားရေပစ္စည်းတွေပဲ။ဒီဒဏ္ဍာရီလာအဆင့် ကြယ်နက်သံ သုံးတုံးကို ငါမထုလုပ်နိုင်ဘူး။မင်းရဲ့ လေ့လာမှုတွေနဲ့ ပတ်သက်ပြီးတော့လည်း ငါမကူညီနိုင်ဘူး။ ”

ချန်လွေ့၏ဆရာဆိုသည်မှာ အမှန်တကယ်မဟုတ်ပေ။သို့သော်လည်း သူ၏ဦးနှောက်ကို အလျင်အမြန် လှုပ်ရှားပြီး ပြောလိုက်သည်။

“ တစ်ခုကိုသဘောပေါက်ရင် အားလုံးကိုသဘောပေါက်တာပဲလို့ ဆရာကပြောဖူးတယ်။ခင်ဗျားရဲ့ ပညာတွေကို ကျုပ် လေ့လာဆည်းဖူးဖို့ မျှော်လင့်နေတုန်းပါပဲ။ကုန်ကြမ်းပစ္စည်းကတော့....ဒါဆိုရင်ကော။ ”

“ တစ်ခုကိုသဘောပေါက်ရင် အားလုံးကို သဘောပေါက်တယ်လား။ဒါကဝောာ်တော်လေး အဓိပ္ပာယ်ရှိတယ်။နေပါဦး.....။ဒါက.....ဟိုက်ဒြာ အရေပြားပဲ။ ”

ချန်လွေ့ယူထုတ်လာလိုက်သည့်အခါ စကိုင်း စိတ်လှုပ်ရှားသွားသည်။သူသည် ကြယ်နက်သံကို ချန်လွေ့ဆီ ပြန်ပစ်ပေးပြီး ရှေ့သို့ ခြေတစ်လှမ်း အမြန်လှမ်းလိုက်သည်။သူသည် မျက်လုံးများ အရောင်တောက်နေပြီး ဟိုက်ဒြာသားရေအား ပွတ်သပ်နေတော့သည်။

“ သိပ်ကို ပြီးပြည့်စုံတဲ့ ကုန်ကြမ်းပစ္စည်းပဲ။သန္ဓေပြောင်း နတ်ဆိုးဧကရာဇ်အဆင့် မဟုတ်ပင်မဲ့လည်း မဟာနတ်ဆိုးဘုရင်အဆင့် ဖြစ်နေသေးတာပဲ။ဒါက တော်တော်လေး လတ်ဆတ်တယ်။ခြောက်မနေဘူး။အထူးနည်းလမ်းတွေနဲ့လုပ်မယ်ဆိုရင် မှော်အစီအရင်အစွမ်းက တော်တော်လေး အထင်ကြီးစရာကောင်းမှာပဲ.......။ ”

ယခင် ကြယ်နက်သံသည် စကိုင်း၏ကျွမ်းကျင်မှုအတွင်း၌ မဟုတ်ခဲ့ဘူးဆိုလျှင် လက်ရှိ ဟိုက်ဒြာသားရေသည် အမှန်တကယ်ပင် သူ၏ “အကြိုက်”ပင် ဖြစ်လေသည်။

ခဏကြာပြီးနောက် စကိုင်းသည် သတိလက်လွတ်ဖြစ်သွားကြောင်း သတိရလိုက်သည်။သူ ခါးသက်သက်ပြုံးရင်း မတ်တပ်ရပ်လိုက်သည်။

“ ဟိုက်ဒြာ သားရေတစ်ခုတည်းနဲ့ မလုံလောက်ဘူး။အခြားပစ္စည်းတွေ လိုသေးတယ်။ဒါပေမဲ့ မင်းရဲ့အရည်အချင်းနဲ့ဆိုရင် ဒါကပြဿနာ မဟုတ်လောက်ဘူး။အခုတော့ မင်းငါ့ကို တကယ်ကူညီနိုင်မယ်ဆိုတာ နည်းနည်းယုံလာပြီ။ ”

All Chapters