← Chapters

ရွက်နီတောအုပ်ထဲ၌ ပျော်ပွဲစားထွက်ခြင်း

Vol. 13 Ch. 192

ရွက်နီတောအုပ်ထဲ၌ ပျော်ပွဲစားထွက်ခြင်း

Vol. 13 Ch. 192

ယခင်နေ့ရက်များ၌ မင်းသမီးလက်လီစတိုးဆိုင်မှ လိုလီလေး တစ်ယောက်သည် အလွန်စိတ်ဆိုးမာန်ဆိုး ဖြစ်နေသည်။ပုံမှန်မြင်နေကျ သူ၏တောက်ပသောအပြုံးကို မမြင်နိုင်တော့ပေ။

အမှောင်လမြို့သို့ ချန်လွေ့ အန္တရာယ်ကင်းကင်းနှင့် ပြန်ရောက်လာခြင်းအတွက် အဲလစ် အပျော်ဆုံး ဖြစ်ခဲ့သည်။သတင်းကြားကြားချင်း အဲလစ်သည် စမ်းသပ်ခန်းဆီသို့ အပြေးသွားခဲ့သည်။သို့သော်လည်း ထိုအချိန်၌ ချန်လွေ့သည် ရှီရာအား မဟာဆရာသခင် စမ်းသပ်ချက်အတွက် တံခါးပိတ်လေ့ကျင့်ရမည်ဖြစ်ကြောင်း ရှင်းပြခဲ့သည်။ထို့ကြောင့် အသီနာ၏ ကာကွယ်မှုအပြင် ရှီရာသည်လည်း အင်ပါယာအစောင့်များ လွှတ်ကာ စမ်းသပ်ခန်းဝင်ပေါက်ကို စောင့်ကြပ်စေခဲ့သည်။

လိုလီလေးသည် အပြင်၌သာ နေနေရသည်။သူသည် မင်းသမီးလေးဟူသော ဂုဏ်ပုဒ်ကိုသုံးပြီး အတင်းဝင်ရောက်ချင်ခဲ့သည်။ထိုအကြောင်းကို ရှီရာ ကြားသည့်အခါ ထိုနေရာသို့ အမြန်သွားပြီး လိုလီလေးအား နန်းတော်ဆီသို့ ပြန်ခေါ်သွားလိုက်သည်။လိုလီလေးသည် ထူးထူးဆန်းဆန်း ဝုန်းဒိုင်းကြဲတော့သည်။သူသည် ဒေါသထွက်သွားပြီး အစ်မဖြစ်သူအား သုံးလေးရက်မျှ စကားမပြောတော့ပေ။

ခုနက ခီရာအား နှောင့်ယှက်ချင်သည့် မပါးနပ်သော သူတစ်ယောက် ရှိနေခဲ့သည်။သူ့ကို အဲလစ်မိသွားသည်။အဲလစ်သည် ချက်ချင်းပင် ခါဂူလီအားခေါ်ပြီး ထိုသူကို ကန်ထုတ်ခိုင်းသည်။ထိုကံမကောင်းလှသောသူသည် ဒုတိယထပ်မှ ပထမထပ်သို့ လိမ့်ဆင်းသွားပြီး ဝင်ပေါက်မှ တန်းတန်းမတ်မတ် လွင့်ထွက်သွားလေသည်။

ယခုတွင် ဧည့်သည့်အားလုံးက မင်းသမီးလေး ဒေါသထွက်နေသည်ကို သိနှင့်နေကြပြီးဖြစ်သည်။ခီရာအပေါ်သို့ ကွယ်ဝှက်ထားသော ရည်ရွယ်ချက်များရှိကြသူများသည်လည်း ဝင်မပါမိစေရန် ချက်ချင်း ထွက်သွားလိုက်ကြသည်။ဒုတိယထပ်ရှိ ဧည့်သည့်များလည်း အလိုက်တသိ ထွက်သွားကြသည်။

တစ်စုံတစ်ယောက်သည် ဒုတိယထပ်သို့ တက်လာသည်။အဲလစ်သည် ပါးကိုကိုင်ထားပြီး စိတ်ကောက်နေသည့်အတွက် ဂရုမစိုက်ခဲ့ပေ။ခါဂူလီနှင့် ခီရာတို့ အံ့အားသင့်သွားသည်ကိုလည်း သူမမြင်ခဲ့ပေ။ထိုအချိန်၌ ထူးထူးဆန်းဆန်း အသံတစ်ခု ထွက်လာသည်။၎င်းသည် နှာခေါင်းကိုပိတ်ထားပြီး ပြောသော အသံမျိုးဖြစ်သည်။

“ ဒီမှော်စစ်တုရင်တစ်စုံ ဝယ်ချင်တယ်။ ”

အဲလစ်သည် လှည့်မကြည့်ချင်လောက်အောင် ပျင်းရိနေသည်။သို့သော်လည်း ခီရာ၏အသံ အနည်းငယ် ထူးဆန်းနေသည်ကို သူကြားလိုက်ရသည်။

“ ဆာ။ဒီတစ်စုံကို ဝယ်မယ်ဆိုတာ သေချာရဲ့လား။ ”

“ အင်း။မင်းသမီးလေးကို ကျုပ်အတွက် လက်မှတ်ထိုးပေးဖို့ ပြောပေးနိုင်မလား။ ”

ခီရာသည် အဲလစ်ကိုကြည့်လိုက်သည်။သူသည် မရယ်မိအောင် ထိန်ထားနေဟန်တူသည်။

“ မင်းသမီးလေးက စိတ်ဆိုးနေတယ်။ရှင်တို့နှစ်ယောက် သူ့ကိုခေါ်ပြီး လမ်းလျှောက်ထွက်ပါလား။အဲဒါဆိုရင် သူရှင့်ကို လက်မှတ်ထိုးပေးချင် ထိုးပေးမှာ။ ”

အဲလစ်ဒေါသထွက်တော့မည်ပြင်လိုက်စဉ် သူ၏နှာခေါင်းမှ ရုတ်တရက် အနံ့ရသွားပြီး လှပသော မျက်လုံးဝိုင်းဝိုင်းမှ ထူးဆန်းသော အလင်းရောင်များ ချက်ချင်း တောက်ပလာသည်။အဲလစ် ချက်ချင်းပင် လှည့်ကြည့်လိုက်ရာ ဒုတိယထပ်၌ နောက်ထပ်လူနှစ်ယောက်ကို တွေ့လိုက်ရသည်။သူ၏ မည်းမှောင်နေသောမျက်နှာသည် ချက်ချင်းပင် အလွန်အမင်း စိတ်လှုပ်ရှားသွားသည်။

“ အသီနာ။ချန်လွေ့။ ”

အဲလစ် အော်ပြောပြီး လေထဲသို့ မြင့်မြင့်ခုန်ကာ ချန်လွေ့ဆီသို့ ခုန်အုပ်လိုက်သည်။ချန်လွေ့သည် လိုလီလေးအား ခြောက်လှန့်ချင်ခဲ့သည်။သို့သော်လည်း လိုလီလေး၏ လွန်ကဲသောလုပ်ရပ်သည် ချန်လွေ့ကို အံ့အားသင့်သွားစေသည်။ချန်လွေ့သည် အလျင်အမြန်ပင် ဘေးနားမှာ အသီနာကို ဆွဲခေါ်လိုက်သည်။

လိုလီလေးသည် အသီနာအား ကိုအာလာဝက်ဝံကဲ့သို့ ဖက်တွယ်ထားပြီး စိတ်လှုပ်ရှားစွာ အော်ပြောနေသည်။မင်းသမီးလေး၏ အဆင်အခြင်ကင်းမဲ့မှုကို အခြားသူများ မမြင်စေရန်အတွက် ခါဂူလီသည် ဒုတိယထပ်ဆီသို့ သွားမည့်လှေကားကို စောင့်ကြပ်နေလိုက်သည်။အဲလစ်၏ခံစားချက်များ လွှမ်းမိုးမှုကြောင့် ရုပ်တည်နေလေ့ရှိသော “ လုံခြုံရေးဝန်ကြီး ”သည်ပင် ရှားရှားပါးပါး ပြုံးလိုက်သည်။

အသီနာလည်း အလွန်စိတ်လှုပ်ရှားနေပြီး အဲလစ်ကိုဖက်ကာ ခုန်ပေါက်နေကာ ပုံမှန် ခံ့ညားထည်ဝါမှုများအားလုံး ပျောက်ဆုံးသွားလေသည်။အဲလစ်သည် ကျိတ်ရယ်နေသော ချန်လွေ့ကို ဖျပ်ခနဲကြည့်ပြီး အသီနာအား တီးတိုးပြောလိုက်သည်။အသီနာလည်း အဲလစ်ပြောသည့်အတိုင်း ချန်လွေ့ဆီသို့ ခုန်သွားသည်။အဲလစ်သည် လှည့်လိုက်ပြီး အသီနာ၏ခွန်အားဖြင့် ချန်လွေ့ထံ ခုန်အုပ်လိုက်သည်။သူသည် ချန်လွေ့၏ကျောပေါ်သို့ရောက်သွားပြီး လက်မောင်းဖြင့် ချန်လွေ့၏ လည်ပင်းကို တင်းတင်းကြပ်ကြပ် ညှစ်လိုက်သည်။

“ ချန်လွေ့။နင်က ငါ့ရဲ့ [ လည့်ပတ်တိုင်ရိုက်စက် ]ကို ရှောင်ရဲတယ်ပေါ့။ငါနင့်ကို လမင်းကိုယ်စား ဖျက်ဆီးပစ်မယ်။ ”

ထိုဖရိုဖရဲ စကားလုံးများအားလုံးသည် အဲလစ်ကို ချန်လွေ့ သင်ပေးထားခြင်း ဖြစ်၏။ယခုတွင် သူသည် ကိုယ့်အတတ်ကိုယ်စူး‌ကဲ့သို့ ဖြစ်နေလေသည်။

ချန်လွေ့သည် အားအများကြီးဖြင့် မခုခံရဲပေ။ထို့ကြောင့် သူသည် အသက်ရှူကြပ်သလို ဟန်ဆောင်နေလိုကမပြီး အသီနာ သို့မဟုတ် ခီရာက လီလိုလေးအား ဆွဲခွာပေးရန် မျှော်လင့်နေသည်။မမျှော်လင့်ဘဲနှင့် အသီနာသည် ထိုနေရာ၌ပင် ပြုံးပြီး ရပ်နေလေသည်။၎င်းသည် စမ်းသပ်ခန်း၌ ချန်လွေ့၏ နှောင့်ယှက်မှုကို “လက်စားချေခြင်း” ဖြစ်ပုံရသည်။ခီရာမှာမူ ညှို့ယူဖမ်းစားနိုင်သော မျက်လုံးများဖြင့် နှစ်ထောင်းအားရ ကြည့်နေလေသည်။

မိန်းမများသည် အရေးကြီးအခိုက်အတန့်များ မယုံကြည်ရသော သတ္တဝါများဖြစ်ကြပေသည်.....

ချန်လွေ့၏ကျောပေါ်မှ အဲလစ်ဆင်းလာချိန်၌ သနားစရာလူသားကို စကားပင် ပုံမှန်မပြောနိုင်တော့ပေ။သူသည် အသက်ရှူကျပ်လုနီးပါး ဖြစ်သွားခဲ့သည်။

“ အသီနာ။ငါတို့ ပျော်ပွဲစားမထွက်ရတာ ကြာပြီနော်။ ”

“ ဟုတ်တယ်။မင်းသမီးလေး။ငါတို့ ဘယ်သွားကြမလဲ။ ”

“ ရေကန်ပြာကိုသွားမလား။ ”

ချန်လွေ့ ခေါင်းအမြန်ခါလိုက်သည်။သူသည် ထိုနေရာ၌ စိတ်ဒဏ္ဍာရခဲ့သည်။ မူးဝေတဲ့တုတ်ကိုင်ထားတဲ့ လိုလီလေးရယ်၊လည်ချောင်းကိုကိုင်ထားပြီးတော့ “အစ်ကို”လို့ပြောတဲ့ အဆိပ်နဂါးရယ်......။ မည်သို့ပင်ဖြစ်ပါစေ၊ သူသည် အဲလစ်အား ပျော်ပွဲစားထွက်ရန်အတွက် ရေကန်ပြာသို့ ခေါ်သွားတော့မည် မဟုတ်ပေ။

အသီနာသည် ချန်လွေ့၏ပုံစံကိုမြင်ပြီး အသာလေး ပြုံးလိုက်သည်။

“ တောင်ဘက်ပိုင်းက ရွက်နီတောအုပ်ဆီ သွားကြရင်ကော။အရင်က ငါတို့ဆောက်ခဲ့တဲ့ သစ်ပင်အိမ်ကို မှတ်မိသေးလား။ ”

“ မှတ်မိတာပေါ့။ဒါဆိုရင် ရွက်နီတောအုပ်ဆီ သွားကြမယ်။ ”

အဲလစ် ချက်ချင်း သဘောတူလိုက်သည်။ထို့ကြောင့် ခရီးစဉ်ကို ဆုံးဖြတ်ပြီးသွားလေပြီ။

အဲလစ်သည် အတော်လေးကောင်းမွန်သော သခင်ဖြစ်သည်။သူသည် ခီရာကိုပင် ခေါ်သွားချင်ခဲ့သည်။သို့သော်လည် ခီရာနှင့်ချန်လွေ့ကြား၌ တစ်ခုခု ထူးထူးဆန်းဆန်း ရှိနေပုံရသည်။ထို့ကြောင့် ခီရာသည် ဆိုင်ကို စောင့်ရှောက်ရန်အတွက်သာ နေနေခဲ့သည်။နောက်ဆုံးတွင် ပျော်ပွဲစားထွက်ကြမည့် လူအရေအတွက်မှာ ၃ယောက်သာ ကျန်တော့သည်။

အနည်းငယ် ပြင်ဆင်ပြီးတော့ လိုလီလေးသည် ကုတ်အင်္ကျီကြီးတစ်ထည် ဝတ်လိုက်သည်။သူ၏ခေါင်းပေါ်၌လည်း လှပသော သံပရာခွံဦးထုပ်ကလေး ရှိနေပြီး အလွန်ပင် ချစ်စရာကောင်းလှသည်။အသီနာသည် ဝတ်ရုံတိုတိုကိုသာ ဝတ်ဆင်ထားပြီး လည်ပင်း၌ “မိစ္ဆာမျက်ရည်ပြာ” ဆွဲထားကာ အခြားသူများကို လန်းဆန်းကြည့်ပုံစံ ပေးစွမ်းသည်။ချန်လွေ့ တစ်ယောက်တည်းသာ အလုပ်သင်ဝတ်ရုံ ဝတ်ဆင်ထားသည်။သူသည် ပန်းအနီရောင်အတွက် အရွက်စိမ်းအဖြစ်ပင် အရည်အချင်း မပြည့်မီပေ။

သူတို့သုံးယောက်သည် ချို၃ချောင်းကြံ့စီးပြီး တောင်ဘက်ဂိတ်တံခါးမှ ထွက်သွားကာ လမ်းတစ်လျှောက်လုံး ပြေးသွားကြသည်။

ချန်လွေ့သည် ထိုကဲ့သို့“စီးစရာ”မျိုး မစီးရသည်မှာ ကြာပြီဖြစ်သည်။ပထမဆုံးအကြိမ် သူ ချို၃ချောင်းကြံ့စီးခဲ့ရသောအချိန်ကို သတိရလိုက်သည်။ထိုအချိန်သည် အသီနာနှင့် သူပထမဆုံး စသိခဲ့သည့် အချိန်ဖြစ်သည်။သူ၏ရင်ထဲ၌ နွေးထွေးမှုတစ်ခု ခံစားလိုက်ရပြီး အသီနာကိုကြည့်လိုက်သည်။တစ်ချိန်တည်းမှာပင် အသီနာလည်း သူ့ကိုကြည့်လိုက်သည်။သူတို့နှစ်ယောက်လုံး တစ်ပြိုင်နက်တည်း ပြုံးလိုက်ကြသည်။အရာအားလုံးသည် စကားတစ်လုံးမျှမပြောဘဲ ဖြစ်ပျက်သွားခဲ့လေသည်။

ထိုမြင်ကွင်းသည် အာရုံခံအလွန်ကောင်းသော အဲလစ်ထံမှ မလွတ်မြောက်ခဲ့ပေ။သူမျက်မှောင်ကြုတ်လိုက်သော်လည်း စကားပြောနေသည်ကို မရပ်ခဲ့ပေ။သူတို့ ဆက်ပြီး စကားပြောနေကြသည်။

ရွက်နီတောအုပ်သို့သွားရသည့်အကွာအဝေးသည် ရေကန်ပြာထက် တစ်ဝက်နီးပါးပင်ဖြစ်သည်။မကြာမီ သူတို့သုံးယောက်သား ရောက်ရှိသွားကြသည်။

သူတို့သုံးယောက်သည် ထိပ်ပိုင်း၌ အိမ်ငယ်လေးတစ်လုံးရှိသော သစ်ပင်ကြီး‌ဆီသို့ ရောက်လာသည်။အတက်အဆင်း ပြုလုပ်ရန်အတွက်လည် ကြိုးလှေကားတစ်ခု ရှိသည်။အသီနာနှင့်အဲလစ်တို့သည် ၎င်းကို အတူတူ ဆောက်လုပ်ထားခဲ့ခြင်းဖြစ်သည်။အဲလစ်သည် ချန်လွေ့ပြုလုပ်သောအကင် မစားရသည်မှာ ကြာပြီဖြစ်ကြောင်း ပြောခဲ့သည်။အသီနာသည် ချက်ချင်းပင် အမဲလိုက်ခြင်းတာဝန်ကို ယူလိုက်သည်။အဲလစ်နှင့် ချန်လွေ့တို့သည် သစ်ပင်အိမ်ကို ရှင်းလင်းရန် တာဝန်ယူရမည်ဖြစ်သည်။

အသီနာ ထွက်သွားပြီး သစ်ပင်အိမ်သို့တက်ကာ သန့်ရှင်းရန် ချန်လွေ့ပြင်လိုက်စဉ် အဲလစ်သည် ချန်လွေ့နောက်သို့ ရောက်ရှိနေပြီဖြစ်သည်။သူသည် ဝတ်ရုံကဲ့သို့ခြုံထည်ကို စိတ်အားထက်သန်စွာ မတင်လိုက်သည်။

“ ချန်လွေ့ ”

ထိုရုတ်တရက် လှုပ်ရှားမှုက ချန်လွေ့ကို လန့်သွားစေသည်။

“ ဘာဖြစ်လို့လဲ။ ”

လိုလီလေးသည် ရင်ဘတ်ကိုကော့ပြီး ဗိုလ်ကျသည့်အမူအရာမျိုး ပြသလိုက်သည်။

“ ငါ့မှာ တစ်ခုခုများ ထူးထူးခြားခြား ပြောင်းလဲသွားတွေရှိတယ်လို့ ထင်လား။ ”

ပြောင်းလဲတာတွေလား။ချန်လွေ့သည် လိုလီလေးကို ခဏကြည့်ပြီး ခေါင်းညိတ်လိုက်သည်။

လိုလီလေး ပျော်ရွှင်သွားပုံရသည့်အချိန်၌ ချန်လွေ့ ထပ်ဖြည့်ပြောသည်။

“ ခုနကလုပ်ရပ်က တော်တော်လေး ပြက်ပြက်လွင်လွင် ဖြစ်တယ်။ ”

“ ပြီးတော့ကော။ ”

“ ဒီဦးထုပ်က တော်တော်လေး လှတယ်။ ”

“ တခြားဘာမှ မရှိတော့ဘူးလား။ ”

“ မင်းရဲ့ခြုံထည်နဲ့ ဦးထုပ်က တော်တော်လေး လိုက်ဖက်တယ်။ ”

“ သေချာကြည့်ဦး။တခြားဘာမှ မရှိတော့ဘူးလား။ ”

“ ဘာမှမရှိတော့ဘူး.. ”

“…”

ရင်ဘတ်ကော့ထားရင် အတင်းကြိုးစားနေသော လိုလီလေးသည် ရုတ်တရက် စိတ်ပျက်လက်ပျက်နှင့် ခေါင်းငိုက်ကျသွားသည်။ခုနက တက်ကြွနေသောပုံစံနှင့် လုံးဝကွဲပြားသွားလေသည်။

“ ဘာဖြစ်တာလဲ။မင်းသမီးလေး။ ”

ချန်လွေ့သည် သိချင်စိတ်ဖြင့် ဆောင့်ကြောင့်ထိုင်လိုက်သည်။ ဒီမင်းသမီးလေး ဆေးမှားသောက်လာတာများလား။

အဲလစ် ရုတ်တရက် ထလိုက်ရာ ချန်လွေ့၏ခေါင်းနှင့် တိုက်မိသွားသည်။ချန်လွေ့ သတိလက်လွတ်ဖြစ်သွားပြီး မူးဝေသွားသည်။ချန်လွေ့သည် နဖူးကို အုပ်ထားပြီး ပြောလိုက်သည်။

“ ဘာလို့ ခေါင်းတိုက်ရတာလဲ။ ”

“ နင်ငါ့ကို အဲလစ်လို့ ခေါ်ရမယ်။ ”

လိုလီလေးသည် ဒေါသတကြီး မတ်တပ်ရပ်လိုက်ပြီး မျက်လုံးထဲ၌ သတ်ဖြတ်ချင်စိတ်များ ရှိနေသည်။

ဒီစိတ်ရှုပ်စရာကောင်က ငါ့ရဲ့“ပြောင်းလဲမှုတွေ”ကို သတိမထားမိဘူးလား။ နည်းနည်းကြီးလာတယ်ဆိုတာကလည်း ကြီးလာတာပဲ။ဟမ့်။

ချန်လွေ့ သဘောမပေါက်ခဲ့ပေ။လိုလီလေးသည် အကြောင်းရင်းမရှိဘဲ ဒေါသထွက်လိမ့်မည်မဟုတ်ကြောင်း သူခံစားမိသည်။ထို့နောက် အဲလစ်သည် လက်ပတ်ထဲမှ ရင်းနှီးသော သစ်သားတုတ်တစ်ချောင်းကို ထုတ်လိုက်သည်ကို မြင်လိုက်ရသည်။၎င်းသည် လိုလီလေး၏ အမှတ်တံဆိပ်ဖြစ်သော မူးဝေအစွမ်းရှိသည့် တုတ်ချောင်း ဖြစ်ကြောင်းချန်လွေ့ ရေးရေးလေး မှတ်မိသည်။အကြောင်းရင်းမှာ ထိုမူးဝေတုတ်ချောင်းကြောင့် သူ၏ပထမဆုံးအနမ်းကို အဲလစ် ရရှိခဲ့ခြင်းပင် ဖြစ်လေသည်။ သူက အဲဒီလိုမျိုး ဒီနေ့ထပ်လုပ်ဖို့ ကြိုးစားနေတာလား။

အသီနာ မကြာခင် ပြန်လာမယ်ဆိုတာ မမေ့နဲ့ဦး။

“ အဲလစ်။ဘာလုပ်နေတာလဲ။ ”

“ ဟမ့်။ငါ့ကို မင်းသမီးလေးလို့ခေါ်။ ”

လိုလီလေး ပြဿနာရှာနေကြောင်းကို ချန်လွေ့ သေချာသိသည်။ထိုလက်နက်၏ ဒုက္ခသည် ဖြစ်ခဲ့ဖူးသည့်အတွက် ချန်လွေ့သည် ထိုအမှားမျိုး ထပ်လုပ်တော့မည်မဟုတ်ဘဲ တချိုးတည်း လစ်ပြေးလေသည်။အဲလစ်သည် တုတ်ချောင်းကိုကိုင်ပြီး ပြေးလိုက်သည်။ချန်လွေ့၏လက်ရှိ အင်အားဖြင့်ဆိုလျှင် အစွမ်းအစစ်အမှန် မသုံးလျှင်ပင် အဲလစ်လိုက်မှီမည် မဟုတ်ပေ။အသည်းအသန်လိုက်နေရင်း အဲလစ်သည် ကျောက်တုံးတစ်တုံး နင်းမိသွားကာ မြေပေါ်လဲကျသွားသည်။တုတ်ချောင်းလည်း လက်ထဲမှ ပြုတ်ကျသွားကာ အချိန်အတော်ကြာသည်အထိ အဲလစ် ထမနိုင်တော့ပေ။

ချန်လွေ့ ရုတ်တရက်လန့်သွားပြီး အမြန် ပြန်ပြေးလာသည်။အဲလစ်၏ခြေချင်းဝတ် ယောင်သွားပြီး အဆစ်လွဲနေသည်မှာ သေချာသည်။ထို့ပြင် သူ၏လက်ဝါးလည်း ထိခိုက်သွားသည်။

“ မလှုပ်နဲ့။အဲလစ်။ ”

ချန်လွေ့သည် အဲလစ်၏ခြေအိတ်ကို ချွတ်ကာ ‌ကုသဆေးရည်တစ်ပုလင်းထုတ်ပြီး ဒဏ်ရာပေါ်၌ လိမ်းလိုက်သည်။သူလဲလှယ်လိုက်သော မဟာဆရာသခင်အဆင့် ဆေးရည်သည် သိသိသာသာ အစွမ်းပြလာပြီး ဖူးယောင်ခြင်း အလျင်အမြန် လျော့ကျသွားသည်။ထို့ပြင် ချန်လွေ့သည် အဲလစ်၏လက်ဝါးမှ ဒဏ်ရာကိုလည်း သန့်ရှင်းသောပိတ်ကျဲဖြင့် သုတ်ပေးလိုက်သည်။

လဲကျသွားသောအခါ၌ အဲလစ်မငိုခဲ့ပေ။ယခုတွင် ချန်လွေ့၏ သေသေချာချာ ဂရုစိုက်ပေးမှုကို ခံလိုက်ရသည့်အခါ သူ၏မျက်လုံးများ အနည်းငယ်နီသွားသည်။သူ၏နှလုံးသားထဲ၌ ထူးထူးဆန်းဆန်း နွေးထွေးသွားမိသည်။ထိုကဲ့သို့ အဲလစ်မခံစားရသည်မှာ အချိန်အတော်ကြာခဲ့ပုံရလေသည်။

“ တောင်းပန်ပါတယ်။မင်းသမီးလေး။ ”

“ ငါ့ကို အဲလစ်လို့ခေါ်။ခုနက ငါပြောပြီးပြီလေ... ”

ချန်လွေ့သည် တိတ်တဆိတ် မျက်လုံးလည်လိုက်သည်။ ဒီလိုလီလေးရဲ့စိတ်က ကောက်ရိုးပုံထဲက အပ်တစ်ချောင်းလိုပဲ။နားလည်ရ ခက်ခဲတယ်။

အဲလစ် မတ်တပ်ရပ်လိုက်သည့်အခါ ယိုင်ကျသွားသည်။သူ နှုတ်ခမ်းစူလိုက်သည်။

“ ခြေထောက်နာနေတုန်းပဲ။ပြီးတော့ နေရာတိုင်းမှာ ကျောက်တုံးတွေ ရှိနေတယ်။ငါ လမ်းမ‌လျှောက်နိုင်ဘူး.....”

ချန်လွေ့ သက်ပြင်းချပြီး ဆောင့်ကြောင့်ထိုင်လိုက်သည်။

“ တက် ”

အဲလစ် အေးအေးဆေးဆေး ပြုံးလိုက်သည်။သူသည် ချန်လွေ့၏ကျောပေါ်သို့ ခြေထောက်တစ်ဖက်တည်းဖြင့် ခုန်တက်ပြီးနောက် လည်ပင်းကို ဖက်ထားလိုက်သည်။ချန်လွေ့ မတ်တပ်ရပ်ပြီး ရှေ့သို့ ဆက်သွားသည်။၎င်းသည် စတိုးဆိုင်၌ လည်ပင်းညှစ်သည်နှင့် လုံးဝကွာခြားသည်။လိုလီလေးသည် ချန်လွေ့အား ညင်ညင်သာသာ ပွေ့ဖက်ထားသည်။ချန်လွေ့တစ်ခါက ခံစားဖူးခဲ့သော ရနံ့ဖျော့ဖျော့လေးသည် နှာခေါင်းထဲသို့ ဝင်ရောက်လာပြန်သည်။လိုလီလေးသည် တမင်တကာ အနီးကပ်နေသည့်အတွက် လိုလီ‌လေး၏ မဖွံ့ဖြိုးသေးသော ရင်သားသည် ချန်လွေ့၏ကျောနှင့်ကပ်နေသည်။ချန်လွေ့သည်ပင် ထူးထူးဆန်းဆန်း ခံစားမိသွားသည်။သို့သော်လည်း ထိုခံစားချက်သည် အလျင်အမြန်ပင် ပျောက်ကွယ်သွား၏။

သူတို့ရှေ့၌ အသီနာသည် သားကောင်ကို ပြန်ယူလာပြီ ဖြစ်သည်။အဲလစ်အား ချန်လွေ့ ကုန်းပိုးထားသည်ကို တွေ့လိုက်သည့်အခါ အသီနာ အံ့အားသင့်သွားပြီး အမြန်ပြေးလာသည်။

“ အဲလစ်။ဘာဖြစ်တာလဲ။ ”

“ မတော်တဆ ပြုတ်ကျသွားတာပါ။ ”

“ အဆင်ပြေရဲ့လား။ငါ ကြည့်ပေးမယ်။ ’

အသီနာသည် အမှန်တကယ်ပင် အဲလစ်၏ဒဏ်ရာအား စိုးရိမ်နေလေ၏။

အကောင်းဆုံးသူငယ်ချင်းဖြစ်သူ၏ စိုးရိမ်မှုကို မြင်သည့်အခါ အဲလစ်ရုတ်တရက် အနည်းငယ် စိတ်မသိုးမသန့် ဖြစ်သွားသည်။

“ ချန်လွေ့က ငါ့ကို ဆေးလိမ်းပေးပြီးပြီ။ပြဿနာ အများကြီး မရှိတော့ပါဘူး။ ”

အသီနာသည် ချန်လွေ့ ဆေးရည်များ၏ အံ့ဩဖွယ်ရာ အစွမ်းများကိုသိသောကြောင့် စိတ်အေးသွားသည်။ထို့နောက် ချန်လွေ့သည် စတင် အသားကင်တော့သည်။ပျောက်ဆုံးသွားသည်မှာ ကြာပြီဖြစ်သော ထိုရနံ့သည် အဲလစ်အား သွားရေတများများ ကျစေခဲ့ပြီး မျက်လုံးများကို တောက်ပသွားစေသည်။

စားသောက်ပြီးသွားသည့်အခါ “တန်ဖိုး” မရှိတော့သောလူသားကို သစ်ပင်အောက် ပစ်ချကာ အရှုပ်များကို ရှင်းခိုင်းလိုက်သည်။အဲလစ်သည် အသီနာအား သစ်ပင်အိမ်ဆီသို့ ခေါ်သွားပြီး စကားပြောတော့သည်။၎င်းကို အဲလစ်က “ မိန်းမစကားဝိုင်း ” ဟု ခေါ်လေသည်။

ချန်လွေ့ ခေါင်းခါပြီး စတင်ရှင်းလင်းတော့သည်။လိုလီလေးသည် ရှီလန်တောင်ရှိကိစ္စများကို စိတ်ဝင်စားနေခြင်း ဖြစ်ရပေမည်။သို့သော်လည်း ချန်လွေ့နှင့်အသီနာတို့သည် သူတို့၏“ဖွင့်ပြောမှုများ”ကို ယှဉ်တွဲပြီးပြီဖြစ်သည်။သူတို့သည် မြေအောက်လောကအကြောင်း မည်သည့်အရာကိုမျှ ဖွင့်ပြောမည်မဟုတ်ပေ။

ချန်လွေ့သည် အသီနာအား အတော်လေး စိတ်ချသည်။၎င်းကို ပါ့ဂ်လီအို၏ “အဆိပ်ခတ်ခြင်း” အဖြစ်အပျက်ကို ကြည့်ခြင်းအားဖြင့် သိနိုင်သည်။ချန်လွေ့၏ လက်ရှိအကြားအာရုံဖြင့် အာရုံဖြန့်ကျက် မကြည့်လျှင်ပင် အဲလစ်၏ အော်သံများ၊ရယ်သံများကို ကြားနေရသေးသည်။

“ ဝိုင်ဗန်စီးရတာ ပျော်စရာကောင်းလား။ ”

“ ဒီလည်ဆွဲက တော်တော်လေး လှတာပဲ။နင့်ကို အသီနာ ပေးထားတာလား။ ”

“ ရှီလန်တောင်မှာလည်း သစ်သားအိမ်ငယ်တစ်လုံး နင်ဆောက်ခဲ့တယ် ဟုတ်လား။ငါ့အတွက် တစ်ခန်းချန်ထားလား။ ”

“…”

ချန်လွေ့သည် သစ်ပင်ကြီးကို မှီရင်း သစ်တောကို ဖြတ်သန်းသွားသည့် အလင်းရောင်ခြည်များကို ကြည့်နေလိုက်သည်။သစ်ပင်အိမ်မှ တီးတိုးပြောသံများ သူ၏နားထဲသို့ရောက်ရှိလာပြီး တောအုပ်ထဲမှ ငှက်များ၏ ကျည်ကျည်ကျာကျာအသံများနှင့် ရောထွေးနေလေသည်။သူ၏စိတ်ထဲ၌ ထူးထူးခြားခြား တည်ငြိမ်မှုတစ်ခုကို ခံစားလိုက်ရသည်။

၎င်းသည် လေ့ကျင့်ရေးထဲမှ “ တည်ငြိမ်မှု ”နှင့် မတူညီပေ။၎င်းသည် အနာဂတ်၌ အကောင်းဆုံးဘဝနေထိုင်မှု ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

All Chapters