← Chapters

ရှီရာ၏ ဆုလာဒ်

Vol. 13 Ch. 194

ရှီရာ၏ ဆုလာဒ်

Vol. 13 Ch. 194

လူအုပ်ကြီးထွက်သွားပြီးနောက်တွင် ကောင်စီခန်းမထဲ၌ ရှီရာနှင့် ချန်လွေ့သာ ကျန်ရှိတော့သည်။

“ ဂုဏ်ယူပါတယ်။ငြိမ်ဝပ်ပိပြားရေး အရာရှိ အသစ်လေး။ ”

ဂျိုးဆက်ပ်ကို ရင်ဆိုင်စဉ်က တမင်ပြသခဲ့သော ရှီရာ၏ဒေါသများ ပျောက်ကွယ်သွားခဲ့လေပြီ။ရှီရာက စိတ်လှုပ်တရှားနှင့် ပြောလိုက်သည်။

“ မင်းရဲ့ အစီအစဉ်က တကယ့်ကို လေးစားစရာပဲ။ဂျိုးဆက်ပ်က မင်းကို တကယ်ပဲ ငြိမ်ဝပ်ပိပြားရေး အရာရှိရာထူးဆီ တွန်းပို့ခဲ့တယ်။ ”

အမှန်တကယ်တွင် “အက်ဂ်ယော”နှင့် ဂျိုးဆက်ပ်တို့ကြား ကြိုတင်“သဘောတူညီမှု” မပြုလုပ်ထားခဲ့လျှင် ဂျိုးဆက်ပ်သည် ချန်လွေ့အား ထိပ်သို့တွန်းတင်ရန် ဆုံးဖြတ်လိမ့်မည် မဟုတ်ပေ။၎င်းကို ချန်လွေ့ပြောပြမည် မဟုတ်သည်မှာ သေချာသည်။ထို့ကြောင့် ချန်လွေ့ ရယ်ရုံသာ ရယ်လိုက်သည်။

“ တော်ဝင်မင်းသမီးနဲ့ စိုင်ဖူမိသားစုတို့ရဲ့ ပူးပေါင်းမှုကြောင့်သာ မဟုတ်ရင် ကျုပ်တို့တွေ ဒီလိုမျိုး ရလာမှာ မဟုတ်ပါဘူး။နောက်ကျရင် တော်ဝင်မင်းသမီးက တစ်ယောက်ယောက်လွှတ်ပြီးတော့ မြို့စောင့်တပ်ကို ပြုပြင်ထိန်းချုပ်လိုက်ပါ။ကျုပ်ကတော့ ရုပ်လုံးပြသက်သက်ပါပဲ။ ”

“ ခါဂူရွန်က အင်ပါယာအစောင့်တွေကို တာဝန်ယူပါလိမ့်မယ်။ ”

ရှီရာက မျက်လုံးများတောက်ပနေရင်း ပြောသည်။

“ မင်းက ငြိမ်ဝပ်ပိပြားရေးအရာရှိအနေနဲ့ ထမ်းဆောင်မှုဆိုတော့ မြို့စောင့်တပ်ကို မင်းဆီ လွှဲပေးရမလား။ ”

“ မဖြစ်ဘူး။ ”

ချန်လွေ့ အလျင်အမြန် ခေါင်းခါလိုက်သည်။

“ နောက်ကွယ်မှာပေးနေတာက အဆင်ပြေပါတယ်။ကျုပ်က တပ်ဖွဲ့တွေကို တကယ် မဦးဆောင်နိုင်ဘူး။ပြီးတော့လည်း “ ချန်လွေ့ ”ဆိုတဲ့ ကျုပ်ရဲ့သရုပ်က စွမ်းအားမဲ့တဲ့ လူသားတစ်ယောက်ပဲ။အဲဒါကြောင့် ကျုပ်ရဲ့အစွမ်းကို ထုတ်ပြလို့ မဖြစ်ဘူး။ ”

“ မင်းရဲ့စွမ်းရည်ကို အထင်မသေးနဲ့။ပြီးတော့လည်း အသီနာကို ကူညီခိုင်းလို့ရတယ်။ ”

ရှီရာသည် ချန်လွေ့အား ငေးကြည့်ပြီးနောက် ရုတ်တရက် ထပ်ပြောသည်။

“ အကြံတစ်ခုပေးလိုက်မယ်။ဝေးလ်စ် မိသားစုရဲ့ သွေးမျိုးဆက်ပါရမီက ထူးခြားတယ်။အသီနာအတွက် အကောင်းဆုံး ဖြစ်စေချင်ရင် သူအသက်၂၀မပြည့်ခင် စည်းမကျော်မိစေနဲ့။ ”

ချန်လွေ့ အံ့အားသင့်သွားသည်။သူနှင့်အသီနာတို့၏ ကိစ္စကို ထုတ်မပြောရသေးသည့်အတွက် လိုလီလေးသည်ပင် အနည်းငယ်သာ မှန်းဆနိုင်သည်။သို့သော်လည်း ရှီရာသည် အနည်းငယ် ရိပ်မိနေလောက်သည်။ရှီလန်တောင်ဆီသို့ ချန်လွေ့အား အဖော်လိုက်သွားပေးရန် အသီနာ တောင်းဆိုခဲ့စဉ်က ရှီရာသည် သဲလွန်စအနည်းငယ်ကို သတိထားမိခဲ့သည်။

ရှီရာ၏အသံထဲရှိ အထီးကျန်ဆန်မှု ယဲ့ယဲ့လေးကို ချန်လွေ့ သတိထားမိသည်။ရှီရာသည် ချန်လွေ့သည် စဉ်းစားရန်၊ရှင်းပြရန် အချိန်မပေးဘဲ ပုံမှန်အတိုင်း ဆက်ပြောသည်။

“ ဒီလိုဆိုမှတော့ မိုင်းတွင်းမသွားခင်က မင်းကို ကတိပေးခဲ့တာ ဖြည့်ဆည်းရမယ့် အချိန်ရောက်ပြီလို့ ထင်တယ်။အဲဒါကတော့ ခီရာပေါ့။ ”

ကိစ္စဟောင်းအကြောင်း ရောက်လာပြန်လေပြီ။ချန်လွေ့ မျက်မှောင်ကြုတ်လိုက်သည်။

“ ဒီဆုလာဒ်ကို ကျုပ် ငြင်းလို့ရလား။ ”

လွန်ခဲ့သော သုံးလေးလခန့်က ထိုကိစ္စကို ခီရာ သိရှိသွားပြီးနောက်တွင် သူနှင့်ချန်လွေ့၏ ခင်မင်နားလည်မှုသည် ရုတ်တရက် ထူးဆန်းသွားသည်။ယခင်က ခီရာသည် အဲလစ်နှင့်အတူ ပျော်ပွဲစား ထွက်ရခြင်းကို သဘောကျသည်။သို့သော်လည်း လွန်ခဲ့သော သုံးလေးရက်က ခီရာကို အတူလိုက်ရန် အဲလစ် ခေါ်သည့်အခါ ခီရာသည် အမှန်တကယ်ပင် ငြင်းဆန်ခဲ့သည်။သူ ချန်လွေ့အား ရှောင်နေသည်မှာ သေချာသည်။

အမှန်အတိုင်းပြောရလျှင် နတ်ဆိုးဘုံဆီသို့ ချန်လွေ့ရောက်ခါစ၌ ထိုဆွဲဆောင်မှုအားကောင်းသော ကဝေမ အပေါ်၌ တဏှာစိတ်များ ရှိခဲ့သည်။သို့သော်လည်း ယခုတွင် ချန်လွေ့၌ ထိုကဲ့သို့စိတ် လုံးဝမရှိတော့ပေ။ထို့ပြင် ချန်လွေ့သည် ခီရာမလုပ်ချင်သည့်အရာကို အတင်းမလုပ်ခိုင်းချင်ပေ။

“ ဒါက တကယ်တော့ ဆုလာဒ်တစ်ခု မဟုတ်ဘူး။တာဝန်တစ်ရပ်ပဲ။ ”

ရှီရာ ခေါင်းခါရင်း ပြောလိုက်သည်။

“ ငါက ခီရာကို လမ်းကြုံ ကယ်တင်ခဲ့တယ်။ပြီးတော့ သူကငါ့ရဲ့ အစေခံဖြစ်လာတယ်။ဒါပေမဲ့.... ဒီ ‘ကိစ္စ’က တမင်ကြံစည်ထားတာ ဖြစ်ဖို့များတယ်။အဲဒီကဝေမကို အထင်မသေးနဲ့။သူ့ရဲ့ ဉာဏ်ပညာနဲ့ ခွန်အားက မင်းထင်ထားတာထက် ကျော်လွန်တယ်။ ”

ခီရာသည် ရှီရာ၏အစေခံဖြစ်သွားပြီးနောက် တာဝန်ကို အမြဲထမ်းဆောင်ရင်း ရှီရာ၏ယုံကြည်မှုကို ရရှိသွားခဲ့သည်။သို့သော်လည်း ကံတိုက်ဆိုင်စွာဖြင့် ခီရာတွင် အစွမ်းထက် စိတ်ဝိညာဉ်ပမာဏ တစ်ခုရှိကြောင်း အဘိုးကြီးဂါ့စ်က ရှာတွေ့ခဲ့သည်။အကယ်၍ ခီရာသာ မှော်ပညာရှင်ဆိုလျှင် သူ၏အစွမ်းသည် ဂါ့စ်ကိုယ်တိုင်ထက် သာလွန်မည်ဖြစ်သည်။ထို့ကြောင့် ဂါ့စ်သည် ချက်ချင်းပင် ရှီရာအား သတင်းပို့ခဲ့သည်။

မည်ကဲ့သို့ပင် စစ်ဆေးပါစေ၊ ၎င်းသည် သန္ဓေပြောင်းပါရမီ နိုးထလာခြင်း‌ကြောင့်ဟုသာ ခီရာပြောခဲ့သည်။ထို့ပြင် ခီရာသည် အပြစ်ကင်းမှုကို ပြသရန်အတွက် မှော်စွမ်းအားကို ကန့်သတ်ပေးနိုင်သော အစွမ်းထက် ပစ္စည်းတစ်ခုဖြစ်သည့် မှော်ဆန့်ကျင် လက်စွပ်ကို ဆန္ဒအလျောက် ဝတ်ခဲ့သည်။

ခီရာ၏ အမူအကျင့်နှင့် အကြောင်းပြချက်၌ အပြစ်ပြောစရာ မရှိသော်လည်း ရှီရာ သံသယဝင်နေပြီ ဖြစ်သည်။ထို့ကြောင့် ရှီရာသည် ခီရာအား အတူတူပေးမနေတော့ဘဲ အဲလစ်ဆီ ပေးလိုက်သည်။အမှန်တကယ်တွင် ဂါ့စ်သည် တိတ်တဆိတ် ကျွန်-သခင် စာချုပ် ချုပ်ဆိုရန် ကြိုးစားခဲ့သည်။သို့သော်လည်း ၎င်းသည် ခီရာအတွက် ပျက်ပြယ်ခဲ့သည်။ခီရာတွင် သခင်တစ်ယောက် သို့မဟုတ် ကျွန်တစ်ယောက် ရှိနိုင်ချေများလေသည်။ထို့ကြောင့် ခီရာ၏ဇစ်မြစ်သည် မည်သို့မျှ ရိုးရှင်းနိုင်မည်မဟုတ်ပေ။

“ မင်းရဲ့တာဝန်က သူ့ရဲ့ဇစ်မြစ်ကို ‌ရှာဖို့ပဲ။ဖြစ်နိုင်မယ်ဆိုရင် သူ့ကို လုံးဝသိမ်းသွင်းလိုက်။အဲဒါဆိုရင် ငါတို့ဘေးနားမှာ ထားထားတဲ့ ရန်သူရဲ့နယ်ရုပ်ကို ငါတို့ အသုံးချလို့ရမယ်။ထူးခြားတဲ့ မှော်ပါရမီတွေအပြင် ခီရာမှာ ဝါးမျိုခြင်းခန္ဓာဆိုတဲ့ သန္ဓေပြောင်းပါရမီရှိတယ်။အဲဒါက အရာဝတ္ထုတွေနဲ့ အမြုတေတွေကို စုပ်ယူနိုင်ပြီးတော့ သူ့အပိုင်အဖြစ် ပြောင်းလဲနိုင်တယ်။ဒီသန္ဓေပြောင်းပါရမီက တော်တော်လေးရှားပါးပြီးတော့ အလွန့်အလွန် စွမ်းအားကြီးတယ်။နတ်ဆိုးအရှင်သခင်တစ်ယောက်တောင် အဲဒီကနေ လုံးဝမလွတ်မြောက်နိုင်ဘူး။မှော်ဆန့်ကျင်လက်စွပ်ကလည်း သူ့ရဲ့မှော်စွမ်းအားကိုပဲ ကန့်သတ်နိုင်တယ်။အဲဒီပါရမီကို မဟန့်တားနိုင်ဘူး။ဒါပေမဲ့ အဲဒီဝါးမျိုခြင်းအားကို ဖိနှိပ်နိုင်တဲ့ လျို့ဝှက်ရတနာတစ်ခု ရှိတယ်။အဲဒါကတော့ မင်းကိုငါ ပေးထားခဲ့တဲ့ ‘အမှောင်ဆန္ဒ’ ပဲ။ ”

ရှီရာ၏မျက်လုံးများသည် ချန်လွေ့၏လက်ချောင်းများပေါ်သို့ ရောက်ရှိသွားသည်။သို့သော်လည်း လက်စွပ်သည် ထိုနေရာ၌ရှိမနေပေ။ထို့နောက် ရှီရာ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

ရှီရာ၏ မကျေနပ်မှုကို ချန်လွေ့ သတိထားမိလိုက်သည်။အတွေးတစ်ချက်ဖြင့် သိုလှောင်ခန်း အစွမ်းပြလေပြီ။သူ လက်သီးဆုပ်ဖွင့်လိုက်သောအခါ လူစီဖာ တော်ဝင်မိသားစု၏ လျို့ဝှက်ရတနာသည် သူ၏လက်ထဲ၌ ရှိနေသည်။

“ ဒီလျို့ဝှက်ရတနာကို ကျုပ်ထက် မင်းသမီးက ပိုပြီးတော့ လိုအပ်မယ်လို့ထင်တယ်။ ရှီလန်တောင်ကနေ ပြန်လာကတည်းက ဒါကို မင်းသမီးဆီ ပြန်ပေးချင်နေခဲ့တာ။ ”

“ ဒါက ငါမင်းကို ပေးထားတဲ့ လက်ဆောင်တစ်ခုပဲ။ပြန်ယူဖို့ အစီအစဉ်မရှိပါဘူး။ ”

ရှီရာသည် လက်စွပ်ကို ငေးကြည့်ပြီး အသာလေး ခေါင်းခါလိုက်သည်။

“ ဒီလျို့ဝှက်ရတနာကို စကြာလူစီဖာရဲ့ ကိုယ်လုပ်တော် ရှန်နီဘယ်ဖီဂေါက သူ့ရဲ့အစွမ်းထက်ဆုံး [ မိစ္ဆာမျက်လုံး ] စွမ်းအားနဲ့ လူစီဖာတော်ဝင်မိသားစုရဲ့သွေးနဲ့ ပေါင်းပြီး လုပ်ထားတာ။[ တယ်လီပို့ခုန်ခြင်း ] နဲ့ စိတ်ဝိညာဉ်ခုခံမှုအပြင်ကို ထူးခြားတဲ့ လုပ်ဆောင်ချက် တစ်ခုလည်းရှိတယ်။မိန်းမနဲ့ယောက်ျားကြားက ကိစ္စနဲ့ပတ်သက်လာမယ်ဆိုရင် အဲဒါက ခီရာရဲ့ ဝါးမျိုခြင်းခန္ဓာကိုယ် ဖိနှိပ်ပေးနိုင်တယ်။ ”

“အမှောင်ဆန္ဒ”‌၌ ထိုကဲ့သို့ အံ့ဩဖွယ်ရာ အစွမ်းများ ရှိလိမ့်မည်ဟု ချန်လွေ့ မထင်မှတ်ထားခဲ့ပေ။ရုတ်တရက် ချန်လွေ့သည် ရိုမန်ဆီမှရသော “ အချစ်ရူးလက်စွပ် ” အကြောင်း တွေးမိသွားသည်။၎င်းမှာ နာမည်အမှန်မှာ ခရမ်းမီးတောက်နှလုံးသား ဖြစ်သည်။၎င်းသည်လည်း ရှေးဟောင်းရတနာသိုက်အချို့နှင့် ဆက်နွှယ်နေပုံရသည်။ ကံမကောင်းစွာပင် ထိုပဟေဠိကို မဖြေရှင်းနိုင်သေးပေ။

ရှီရာ၏လေသံ အေးစက်သွားသည်ကို ချန်လွေ့ ကြားလိုက်ရသည်။

“ ဒီလက်စွပ်ကို မင်းဝတ်ထားရုံပဲ။ပြီးရင် ခီရာရဲ့ ဝါးမျိုခြင်းစွမ်းအား သက်ရောက်တာ မခံရဘဲနဲ့ သူ့ကို သိမ်းပိုက်လို့ရတယ်။ကဝေမက ယောက်ျားတွေအတွက် ဆွဲဆောင်မှုရှိတယ်။ဒါပေအဲ သူတို့ရဲ့ ယောက်ျားတွေအပေါ် လိုချင်စိတ်ကလည်း သာမန်မိန်းမတွေထက် မြင့်မားတယ်။အခြေအနေပေးမယ်ဆိုရင် သူ့ရဲ့ခန္ဓာကိုယ်နဲ့ စိတ်ကို လုံးဝသိမ်းယူလိုက်တာက နည်းလမ်းကောင်းတစ်ခု ဖြစ်နိုင်တယ်။ငါတို့ရဲ့ လက်ရှိအစီအစဉ်က အရေးကြီးတဲ့ အခြေအနေ ရောက်လာပြီ။ဘယ်အမှားကိုမှ မခွင့်ပြုနိုင်ဘူး။တကယ်လို့ သူ့ကို မသိမ်းသွင်းနိုင်တာ သေချာပြီဆိုရင် အနာဂတ်မှာ ပြဿနာမဖြစ်စေဖို့အတွက် သူ့ကို လုံးဝအဆုံးသတ်ပစ်ရမယ်။ ”

အခြားသူများ၏ သေခြင်း ရှင်ခြင်းကို အလွယ်တကူ ခြယ်လှသော အေးစက်မှုက ချန်လွေ့အား သူ၏အရှေ့တွင် ဂရုမစိုက်သော အရှင်မတစ်ယောက် ရှိနေကြောင်း သတိပေးနေဟန်တူသည်။

ချန်လွေ့ မျက်မှောင်ကြုတ်ပြီး ပြောသည်။

“ ကျုပ်ပဲ ဒီတာဝန်ကို ပြီးစီးအောင် လုပ်ရမှာလား။တခြားတစ်ယောက်ကို လွှဲပေးလို့ မရဘူးလား။ ”

“ အမှောင်ဆန္ဒကို လွန်ခဲ့တဲ့ ၃နှစ်တုန်းက ငါ့ဆီကို အသီနာ လျို့လျို့ဝှက်ဝှက်နဲ့ ပေးပို့ခဲ့တယ်။ဒါက ငါ့လက်ထဲမှာ ရှိနေတယ်ဆိုတာကို သိတဲ့သူ မရှိသလောက်ပဲ။ပြီးတော့လည်း မင်းအပြင် တခြားသူတစ်ယောက်ကို ပေးဖို့ အကြံအစည်မရှိဘူး.....။ဒီတာဝန်ကို မင်းကိုယ်တိုင် ထမ်းဆောင်မှရမယ်။ ”

ရှီရာ ရပ်တန့်လိုက်ပြီး သဘောကျသွားပုံရသည်။

“ ဒါနဲ့ ခီရာက တာဝန်တစ်ခုဆိုတော့ ငါမင်းကို ဘာဆုလာဒ် ပေးရမလဲ မသိတော့ဘူး။ ”

“ ဆုလာဒ်လား။မလိုပါဘူး။ကျုပ်က ဘာမှသိပ်ပြီး အကျိုးမပြုခဲ့ဘူးလေ။ ”

ချန်လွေ့သည် နှာခေါင်းကို ပွတ်သပ်လိုက်သည်။

“ ပြီးတော့လည်း ကျုပ်က ငြိမ်ဝပ်ပိပြားရေးအရာရှိ ဖြစ်နေပြီ။အနာဂတ်မှာ ကျုပ် အာဏာကို အလွဲသုံးစားလုပ်တာတို့ လာဘ်ပေးလာဘ်ယူ လုပ်တာတို့ တွေ့မယ်ဆိုရင် တော်ဝင်မင်းသမီး မျက်ကွယ်ပြုပေးထားမယ်လို့ မျှော်လင့်ပါတယ်။ ”

“ အကျိုးပြုမှု တစ်ခုတည်းကိုပဲ အခြေခံမယ်ဆိုရင် အမှောင်လမြို့မှာ မင်းကို ဘယ်သူမှမယှဉ်နိုင်ပါဘူး။ ”

ရှီရာ ခေါင်းခါလိုက်သည်။

“ အခုဆိုရင် လျို့ဝှက် စားစရာအခြေစိုက်စခန်းကို အောင်အောင်မြင်မြင်နဲ့ တည်ဆောက်ပြီးပြီ။အမှုန်တွေရဲ့အာနိသင်အောက်မှာ မြေဆီ တိုးတက်မှုကလည်း တော်တော်လေးကြီးမားတယ်။အထွက်နှုန်းကလည်း ကျေနပ်လောက်စရာပဲ။ နှစ်ထောင်ပေါင်းများစွာ ကြာနေပြီဖြစ်တဲ့ အမှောင်လမြို့ရဲ့ စားစရာကပ်ဘေးကို ငါဖြေရှင်းနိုင်သွားပြီ။ပြီးတော့လည်း မင်းက ဂုဏ်ပြုခံရဖို့ ထိုက်တန်တာ သေချာတယ်။မင်းစီစဉ်ထားတဲ့ မင်းသမီးလက်လီစတိုးဆိုင်ကနေရတဲ့ အခွန်ဘဏ္ဍာကလည်း ငါထင်ထားတာထက်ကို ကျော်လွန်နေတယ်။အဲဒါက အရေးကြီးတဲ့ ငွေအရင်းအမြစ်တွေထဲက တစ်ခုဖြစ်လာခဲ့ပြီ။ပြီးတော့ မင်းရဲ့နောက်ဆက်တွဲ အစီအစဉ်တွေကနေလည်း အခွန်ဘဏ္ဍာတွေ ပိုရဦးမယ်။ထပ်ပြီးတော့လည်း ဒီတစ်ခေါက် မင်းပြန်ယူလာတဲ့ သတ္တုရိုင်းတွေနဲ့ အရင်တစ်ခေါက် အက်ဂ်ယောယူလာတဲ့ သတ္တုရိုင်းတွေနဲ့ဆိုရင် တပ်ဖွဲ့သုံးလေးခုအတွက် အဆင်တန်ဆာတွေ ထုလုပ်ဖို့ လုံလောက်သွားပြီ။မင်းက တင်ကို ကယ်တင်ခဲ့တယ်။အဲဒါကြောင့် စိုင်ဖူမိသားစုက ပိုပြီးတော့ သစ္စာရှိသွားတယ်။ပြီးတော့ သူခိုးဓားပြ ခေါင်းဆောင်ကိုလည်း မင်းကို ဗျူဟာသုံးပြီး သတ်ပစ်ခဲ့တယ်။မင်းက ရှီလန်တောင်တစ်ခုလုံးကို ဝင်စီးဖို့အတွက် အစီအစဉ်ဆွဲခဲ့ပြီးတော့ သုံးလေးနှစ်ကျော် တည်ရှိနေခဲ့တဲ့ အနောက်ပိုင်းက လျို့ဝှက်အန္တရာယ်တွေကို ရှင်းပစ်နိုင်ခဲ့တယ်။ဒီတစ်ခါက် မင်းရဲ့အစီအစဉ်ကလည်း ငါတို့ကို ငြိမ်ဝပ်ပိပြားရေးအရာရှိ အာဏာပြန်ရအောင် ကူညီပေးခဲ့တယ်.... ”

“ တကယ်ကြီးလား။ ”

ချန်လွေ့သည် နှာခေါင်းကို ပို၍ကြမ်းကြမ်း ပွတ်လိုက်သည်။ ဒါက အကျိုးပြုမှု တော်တော်လေး များတဲ့ပုံပဲ။အများစုကတော့ ငါကိုယ်တိုင်ကြိုးစားထားတာ။ဒါပေမဲ့ တော်တော်များများကတော့ အခြေအနေကို အခွင့်ကောင်းယူထားတာတွေပါပဲ.....

တစ်ခေါက်တည်းနှင့် စကားအများကြီး ပြောပြီးနောက် ရှီရာ သက်ပြင်းချလိုက်သည်။

“ ဒီအကျိုးပြုမှုတွေက တော်တော်လေး ကြီးလွန်းတယ်။ငါမင်းကိုဘယ်လို ဆုချရမလဲ မတွေးတတ်တော့ဘူး.... ”

ဘယ်လိုဆုချရမလဲ မတွေ့တတ်တော့ဘူးတဲ့လား။ဒါပေမဲ့ ရှီရာပြောတာ မှန်ပါတယ်။ငြိမ်ဝပ်ပိပြားရေး အရာရှိဆိုတာက အရှင်/မ ပြီးရင် အမြင့်ဆုံးရာထူးပဲ။ပြီးတော့လည်း နန်းတော်ဂိုဒေါင်ထဲက မင်းသမီးလက်လီစတိုးဆိုင်ရဲ့ ကြွယ်ဝမှုတစ်ဝက်ကို ငါ ပိုင်ထားတာ။အဲဒါကြောင့် ငါ့ကို ဆုချဖို့ ဘာမှမရှိတော့ဘူး။

ချန်လွေ့က စိတ်ထဲ၌ ရေရွတ်ပြီး ရယ်လိုက်သည်။

“ ကျုပ်တို့လူသားတွေမှာ စကားတစ်ခွန်းရှိတယ်။‘ အကျိုးပြုမှု တအားများသွားရင် သခင်ကို ခြိမ်းခြောက်နိုင်တယ်တဲ့။ယေဘုယျအားဖြင့်တော့ အဲလိုမျိုးဖြစ်လာရင် အာဏာတွေ အမှန်တကယ် လက်လွတ်ရင်တောင် အဆုံးသတ်လှဖို့ ခက်ခဲတယ်။ ”

သမိုင်းထဲ၌ ဥပမာအမြောက်အမြားရှိသည်။ဟန်ရှင်း၊ရွယ်ဖေး၊လီမူ၊ နျန်ကမ်းယောင်...အစရှိသဖြင့်။သူတို့၏ ကျရှုံးမှုများတွင် အမျိုးမျိုးသော အကြောင်းအရာများ ပါဝင်နေသော်လည်း အဓိကသော့ချက်မှာ သူတို့၏သခင်များကို ခြိမ်းခြောက်ခဲ့သော သူတို့၏ ကြီးမားလှသည့်အကျိုးပြုမှုများ ဖြစ်သည်မှာ မလွဲမသွေပင် ဖြစ်သည်။

ရှီရာ၏ပုံစံ ဂုဏ်ကျက်သရေရှိသွားပြီး မတ်တပ်ရပ်လိုက်သည်။

“ ရှီရာလူစီဖာဆိုတဲ့ငါ တော်ဝင်သွေးမျိုးဆက်နဲ့ ကျိန်ဆိုတယ်..... ”

“ ခဏနေပါဦး။ ”

ချန်လွေ့ ခါးသက်သက်နှင့် ပြုံးလိုက်သည်။

“ ဒါက သက်သက်နောက်တာပါ။တော်ဝင်မင်းသမီး အတည်မမှတ်စရာ မလိုပါဘူး။ ”

“ ဒါက စမ်းသပ်တာဆိုရင် ငါ့ရဲ့အဖြေကို မင်းသိလောက်ပြီလို့ ထင်ပါတယ်။ ”

ရှီရာ မျက်မှောင်ကြုတ်လိုက်သည်။

“ နောက်သုံးလေးရက်ကျရင် မြို့တော်ကလူတွေ ရောက်လာကြမယ်။သူတို့ကို ကိုင်တွယ်တဲ့နေရာမှာ ငါတို့တွေ သတိထားမှရမယ်။ဘယ်လိုပဲဖြစ်ဖြစ် ဘယ်ဇီဘတ် တော်ဝင်မိသားစုက ဖူးသစ်စအချိန်မှာပဲ သတ်ပစ်ရမယ်။အထူသဖြင့် အဲဒီညတုန်းက “နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး” ဝတ်ထားတဲ့တစ်ယောက်ပေါ့။သူ့ကို အမှုန့်ခြေပစ်ရမယ်။ ”

ရှီရာ၏လေသံမှ မဖုံးကွယ်ထားသော သတ်ဖြတ်ချင်စိတ်သည် ချန်လွေ့အား စိတ်ထဲ၌ ကြက်သီးထသွားစေသည်။လျို့ဝှက်ခန်းမှ လျို့ဝှက်ချက်သည် သတ်ဖြတ်ချက်စိတ်၏ အကြီးမားဆုံး အရင်းအမြစ် ဖြစ်နိုင်ပေသည်။“ဘယ်ဇီဘတ် တော်ဝင်မိသားစု”ဟူသော သရုပ်ကို ဆက်လက်ဖုံးကွယ်ထားရဦးမည် ထင်‌ရပေသည်။

အမုန်းတရားကို ရင်းနှီးမှုနဲ့ ခုနှိမ်တဲ့ “နိယာမ” ပေါ်မှာ အခြေခံပြီးတော့ အခုငါ ပိုပြီးတော့ အကျိုးပြုမှုတွေ စုဆောင်းလုပ်မယ်။အဲဒါဆို သူ့ကိုငါ အမှန်အတိုင်းပြောတဲ့အချိန်ကျရင် သူ့ရဲ့ မကျေနပ်ချက်တွေ လျော့ကျသွားနိုင်တယ်။

ရှီရာသည် ချန်လွေ့၏ လက်ခနဲဖြစ်နေသော မျက်လုံးကို ကြည့်နေသည်။ထို့နောက် သူ၏အသံသည် ရုတ်တရက် အနည်းငယ် လုံးထွေးသွားသည်။

“ တစ်နေ့ကျရင် မင်းကို ငါ အဲဒါကြောင့်နာကျင်အောင်လုပ်မယ်လို့ တကယ်ထင်တာလား။ ”

“ တန်ဖိုးက တည်ရှိမှုအဓိပ္ပာယ်ကို ဆုံးဖြတ်ပေးတယ်လေ။ ”

ချန်လွေ့ ခေါင်းကုတ်လိုက်သည်။

“ အဲဒါက တော်ဝင်မင်းသမီး ပြောတာပဲ။အရင်တစ်ခါ ရှီလန်တောင်ဆီ ကျုပ်သွားတုန်းက လိုမျိုးပဲ။ ”

ရှီလန်တောင်အကြောင်း ကြားသည့်အခါ တစ်စုံတစ်ခု ထိခိုက်သွားသကဲ့သို့ဖြစ်သွားပြီး ရှီရာ၏မျက်လုံးထဲရှိ ရေခဲများ ဖြည်းဖြည်းချင်း အရည်ပျော်သွားသည်။

“ မဟုတ်ပါဘူး။မင်းရဲ့တန်ဖိုးက..... ”

ရှီရာ ဆက်မပြောခဲ့ပေ။သို့သော်လည်း ရှီရာ၏ ခရမ်းရောင်မျက်လုံးများမှ ဖြာထွက်နေသာ ရှားရှားပါးပါး နူးညံ့မှုကို သေသေချာချာ ချန်လွေ့ ခံစားလိုက်ရသည်။လျို့ဝှက်ခန်းထဲရှိ မှတ်ဉာဏ်ဆည်းလည်းရှေ့၌ အော်ခေါ်သံကို တွေးမိပြီးနောက် ချန်လွေ့၏နှလုံးသား ပျော့ပျောင်းသွားသည်။ချန်လွေ့သည် စိတ်ပိုင်းဖြတ်ပြီး ပြောလိုက်သည်။

“ တော်ဝင်မင်းသမီး။ဒီလိုဆိုမှတော့... အကောင်းဆုံး ဆုလာဒ်ကို ကျုပ်ရသွားပြီလို့ ထင်ပါတယ်။ ”

ရှီရာ၏မျက်လုံးများ အနည်းငယ် တုန်ခါသွားသည်။သူသည် ချန်လွေ့၏ပြုံးနေသော မျက်နှာကို စိုက်ကြည့်ပြီးနောက် တည်တည်ငြိမ်ငြိမ်နှင့် ပြောလိုက်သည်။

“ မင်းက မိန်းကလေးတွေ သဘောကျအောင် လုပ်တဲ့နေရာမှာ တော်တော်လေး တော်တယ်လို့ ပြောရမယ်။မစ္စတာ အရာရှိ။ကံမကောင်းတာကတော့ ငါက အသီနာ မဟုတ်ဘူး။အဲဒါကြောင့် မင်းရဲ့ လှည့်ကွက်လေးတွေကို ဘေးဖယ်ထားလိုက်။ ”

ဘာ...ဘယ်လို။ဒီလိုနားလည်မှုရှိတဲ့ မိတ်ဆွေတစ်ယောက်ရဲ့ခံစားချက်ကို ရဖို့က တော်တော်လေး ခဲယဉ်းတယ်လေ...။တော်တော်မပါးနပ်တဲ့ မိန်းမပဲ....

ချန်လွေ့၏ အမူအရာ တည်တံ့သွားပြီး တော်ဝင်မင်းသမီး၏ ကိုးရို့ကားယား အကျိုးသင့်အကြောင်းသင့် စဉ်းစားနိုင်စွမ်းကို စိတ်ထဲ၌ ဝေဖန်လိုက်သည်။မည်ကဲ့သို့ပင် ရှင်းပြပါစေ၊ ပိုဆိုးသွားမည်သာ ဖြစ်သည်။ထို့ကြောင့် ချန်လွေ့သည် ဝမ်းနည်းပက်လက်နှင့် ထွက်သွားလိုက်သည်။သို့သော်လည်း ရှီရာ၏ ခရမ်းရောင်မျက်လုံးထဲရှိ ရှားရှားပါးပါး ဝမ်းနည်းမှုကို ချန်လွေ့ သတိမထားမိခဲ့ပေ။

All Chapters