အငြင်းပွားမှု။ငြိမ်ဝပ်ပိပြားရေးအရာရှိ နေရာ
Vol. 13 Ch. 193
၃ရက်ကြာပြီးနောက် အမှောင်လမြို့သည် လူတိုင်း အာရုံစိုက်နေခဲ့ကြသော ယာယီအစည်းအဝေးတစ်ခု ကျင်းပသည်။
ကောင်းစီခန်းမ၌ တော်ဝင်မင်းသမီးရှီရာသည် အလယ်ခုံတွင်ထိုင်နေပြီး ဘေးနား၌ အဘိုးကြီးဂါ့စ် မတ်တပ်ရပ်နေသည်။စားပွဲဝိုင်း၏ဘေးပတ်လည်တွင် ဂျိုးဆက်ပ်၊အဲလန်၊ချန်လွေ့၊တင်၊စိုင်ဖူမိသားစုမှ ဖို့(ဒ်)နှင့် မယ်လွန်မိသားစုအကြီးအကဲ လွန်ဘာဒိုတို့ ရှိနေကြသည်။
အစည်းအဝေး၌ ရှီရာသည် အရင်ဦးစွာ ဘယ်ဇီဘတ် တော်ဝင်မိသားစု ပေါ်ထွက်လာမှုနှင့် ရှီလန်တောင်၌ အောင်နိုင်မှုတို့အပါအဝင် အမှောင်လမြို့၏ လက်ရှိအခြေအနေများကို အကျဉ်းချုံးရှင်းပြသည်။ထို့နောက် ဖို့(ဒ်)တစ်ယောက် ထရပ်ပြီး ပြဿနာ ရှာတော့သည်။သူသည် ဂျိုးဆက်ပ်အား လွန်ခဲ့သော ၂နှစ်က တင်၏ဆွေမျိုးများကို လာဘ်ထိုးပြီး တင်ကို သတ်ပစ်ရန်အတွက် အဓိကတွင်း အောက်လွှာသို့ မျှားခေါ်ခြင်းအတွက် မေးခွန်းထုတ်သည်။
ဂျိုးဆက်ပ်သည် ၎င်းအတွက် ပြင်ဆင်ထားသည်မှာ ကြာပြီဖြစ်သည်။ထို့ကြောင့် သူချက်ချင်း ငြင်းလိုက်ပြီး ဖို့(ဒ်)ကြီးထံမှ ခိုင်လုံသောသက်သေ တောင်းသည်။သို့မဟုတ်ပါက ထိုကဲ့သို့ စွပ်စွဲချက်သည် မခိုင်လုံပေ။အကယ်၍ ဖို့(ဒ်)ကြီးသာ သက်သေမပြနိုင်လျှင် ဘဏ္ဍာရေးအရာရှိအား အသရေဖျက်မှုနှင့် ဖို့(ဒ်)ကြီးကို အပြစ်ပေးရန် တော်ဝင်မင်းသမီးအား တောင်းဆိုမည်ဖြစ်ကြောင်း ဂျိုးဆက်ပ်ပြောသည်။
အခြေအတင် အငြင်းပွားမှု ပြီးသွားပြီးနောက် ထိုကိစ္စသည် ရှီရာ၏ဖျန်ဖြေမှုနှင့် ပြီးစီးသွားသည်။ထို့နောက် စကားဝိုင်းသည် ဘဏ္ဍာရေးအရာရှိအတွက် ကိုယ်စားလှယ်လောင်း မေးခွန်းသို့ ရောက်ရှိသွားသည်။
သုံးနှစ်သက်တမ်းထုံးစံအရ နှစ်အစ၌ ဘဏ္ဍာရေးအရာရှိနှင့် ငြိမ်ဝပ်ပြားရေးအရာရှိကို ပြန်လည် ရွေးကောက်ရမည်ဖြစ်သည်။သို့သော်လည်း ထိုအချိန်က ဂျိုးဆက်ပ်နှင့် အဲလန်တို့ လျို့ဝှက်ကြံစည်နေခဲ့ကြသည့်အတွက် သူတို့၏ရာထူးကို လှုပ်ခါနိုင်သူမရှိပေ။ထို့ကြောင့် ရှီရာသည် ရွေးကောက်ပွဲကို တမင်ကြန့်ကြာစေလိုက်ပြီး သူတို့၏သက်တမ်းကို တိုးလိုက်သည်။အပေါ်ယံ၌ ၎င်းတို့သည် သူတို့အတွက် ချီးမွမ်းခြင်းပင် ဖြစ်သည်။သို့သော်လည်း အမှန်တကယ်၌မူ ၎င်းသည် ပို၍သင့်တော်သော အခွင့်အရေးတစ်ခုကို စောင့်ဆိုင်းရန်ဖြစ်သည်။ယနေ့တွင် ထိုနိမိတ်သည် နောက်ဆုံး၌ အသုံးဝင်လာခဲ့လေပြီ။
ဂျိုးဆက်ပ် ဘာမျှမပြောပေ။ပြောသည့်သူမှာ မယ်လွန်မိသားစု အကြီးအကဲဖြစ်သော လွန်ဘာဒို ဖြစ်သည်။လွန်ဘာဒိုသည် အမှောင်လနယ်မြေ၏စီးပွားရေးကို အဘက်ဘက်မှ သာဓကပြ အသေးစိတ်ဖော်ပြရှင်းလင်းပြီး “ဖွံ့ဖြိုးမှုတည်ငြိမ်”ကြောင်း၊ ၎င်းတို့အားလုံးသည် လက်ရှိဘဏ္ဍာရေးအရာရှိ ဂျိုးဆက်ပ်ကြောင့်ဖြစ်ကြောင်း ပြောသည်။လွန်ဘာဒိုသည် အမှောင်လမြို့ကို လိပ်ပြာနီနယ်မြေက စားစရာအမြောက်အမြား ဆက်လက်ထောက်ပံ့နေရခြင်းမှာ ဂျိုးဆက်ပ်၏ အားတက်သရော ကြိုးစားအားထုတ်မှုများကြောင့်ဖြစ်ကြောင်း တမင်တကာပြောလိုက်သည်။ထိုအချက်တစ်ခုတည်းကိုပင်အခြေခံ၍ ဂျိုးဆက်ပ်ကို ဘဏ္ဍာရေးအရာရှိအတွက် ပြန်လည်ရွေးကောက်ခြင်းကို အငြင်းမပွားသင့်ကြောင့်လည်း ပြောသည်။ထိုသို့ပြောလိုက်သည်နှင့်တပြိုင်နက် ဂျိုးဆက်ပ်ကို ထောက်ခံသော မိသားစုငယ်လေးများက သဘောတူကြသည်။
ဂျိုးဆက်ပ်သည် ဆက်လက်ပြုံးနေသည်။ထိုစကားများကို လွန်ဘာဒိုပြောခြင်းသည် ကိုယ့်ကိုယ်ကိုယ် ကြွားဝါခြင်းသည် ပိုကောင်းပေသည်။အထူးသဖြင့် အမှောင်လမြို့၏ အားနည်းချက်မှာ စားစရာဖြစ်သောကြောင့် ၎င်းကို သူထိန်းချုပ်ထားသရွေ့ ဘဏ္ဍာရေးအရာရှိ ဟူသော သူ၏နေရာ လုံခြုံနေမည်ဖြစ်သည်။
ဖို့(ဒ်)ကြီးသည် နောက်မဆုတ်သေးဘဲ အနောက်ဘက် လမ်းကြောင်း ပွင့်သွားပြီဖြစ်ကြောင်း၊ ထို့အတွက် လိပ်ပြာနီနယ်မြေမှ ထောက်ပံ့မှုကို မှီခိုရန် မလိုအပ်တော့ကြောင်း၊ အမှောင်လမြို့မှ မိသားစုများ အတူတူ ကြိုးစားကြလျှင် စားစရာကပ်ဘေးကို ပြေပျောက်စေနိုင်မည်ဖြစ်ကြောင်း အခိုင်အမာပြောဆိုလိုက်သည်။
ထိုအချိန်၌ ဂျိုးဆက်ပ်သည် ဖို့(ဒ်)ကြီး၏ နောက်ဆုံး ခုခံမှုအား စကားတစ်ခွန်းတည်းဖြင့် အနိုင်ယူလိုက်သည်။၎င်းမှာ သူပြန်အရွေးခံရလျှင် အမှောင်လမြို့သို့ လိပ်ပြာနီနယ်မြေမှ စားစရာထောက်ပံ့မှုသည် နောက်လမှစ၍ ၃၀% တိုးလာမည်ဖြစ်ကြောင်းပင် ဖြစ်သည်။
စားစာရာပြဿနာသည် အမှောင်လမြို့၌ စွဲကပ်နေသည်မှာ နှစ်ထောင်ချီနေပြီဖြစ်သည်။ဖို့(ဒ်)ကြီး၏ စကားများသည် အကြောင်းအကျိုးညီသော်လည်း ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုကို နေ့ချင်းညချင်း တည်ဆောက်နိုင်မည်မဟုတ်ကြောင်း လူတိုင်း နားလည်ကြသည်။ထို့ပြင် အနောက်ပိုင်းရှိ လက်ရှိအခြေအနေမှာလည်း မတည်ငြိမ်ပေ။၎င်းသည် အစားအစာအတွက် အကျိုးအရှိဆုံးအဖြေ ဖြစ်လိမ့်မည်ဟု မည်သူမှ အာမ မခံနိုင်ပေ။လက်ရှိ၌ သူတို့သည် လိပ်ပြာနီနယ်မြေမှ အထောက်အပံ့ကို မှီခိုနေရသည်။ထိုအထောက်အပံ့သာ ၃၀% တိုးသွားလျှင် အမှောင်လမြို့၌ စားစရာတင်းမာမှု တိုးလာသော အကြီးမားဆုံးပြဿနာကို များများစားစား ပြေလျော့စေနိုင်မည်ဖြစ်သည်။သို့သော်လည်း ထိုသို့ဆိုလျှင် အမှောင်လမြို့သည် လိပ်ပြာနီနယ်မြေ၏ “အထောက်အပံ့”ကို ပို၍ပင် ခွဲခွာနိုင်တော့မည် မဟုတ်ပေ။
နောက်ဆုံး၌ ရှီရာ အပြီးသတ်ဆုံးဖြတ်ပြီး ဂျိုးဆက်ပ်အား ဘဏ္ဍာရေးအရာရှိအဖြစ် ပြန်လည်ရွေးကောက်လိုက်သည်။
အမှန်တကယ်တွင် ချန်လွေ့၏ စွမ်းအင်အမှုန်များ၏ အံ့ဩဖွယ်ရာသက်ရောက်မှုများကြောင့် လျို့ဝှက်စားစရာ အခြေစိုက်စခန်းကို အောင်အောင်မြင်မြင် တည်ဆောက်ထားနိုင်ခဲ့ပြီး ဖြစ်ကာ စားစရာအမြောက်အမြားကို သိုလှောင်ထားနိုင်ခဲ့သည်။အမှောင်လမြို့၌ စားစရာလုံလောက်နေပြီဖြစ်သည်။သို့သော်လည်း သူတို့သည် ၎င်းကို လျို့ဝှက်ထားရဦးမည် ဖြစ်ပြီး သူတို့၏ဝှက်ဖဲကို ထုတ်ပြရန် မသင့်တော်သေးပေ။ ဂျိုးဆက်ပ်က ကိုယ့်ကိုယ်ကို ဉာဏ်ကောင်းတယ်ထင်ပြီးတော့ စားစရာတွေ ၃၀% ပိုပေးမယ်ဆိုတော့လည်း ပျော်ပျော်ကြီး လက်ခံရတာပေါ့။
ဂျိုးဆက်ပ်သည် ဖို့(ဒ်)အား စကားပေးမပြောတော့ဘဲ စကားကို တစ်ဖက်လူ၏ ရည်ရွယ်ချက်အမှန်ဖြစ်သော ငြိမ်ဝပ်ပိပြားရေးအရာရှိ နေရာသို့ တခါတည်း ပြောင်းရွေ့လိုက်သည်။ဂျိုးဆက်ပ်သည် ယခင်နှစ်များ၌ အမှောင်လမြို့အပေါ် အဲလန်၏ အကျိုးပြုမှုများကို ချီးမွန်းပြီး အဲလန်ကို ပြန်လည်ရွေးကောက်ရန် ဆန္ဒပြုသည်။
သို့သော်လည်း ဖို့(ဒ်)ကြီး၏ စကားများသည် ပျော်ရွှင်နေသော အဲလန်၏မျက်နှာကို ချက်ချင်း ပြောင်းလဲသွားစေသည်။ဖို့(ဒ်သည် အဲလန်၏ သာမညအဆင့်နှင့် မပြည့်ဝမှုများကို ထောက်ပြသည်။အဲလန်၏ ကိုယ်ပိုင်အစွမ်းသည် နိမ့်ပါးကာ ခက်ထန်ပြီး သတ္တိနည်းသူ တစ်ယောက်သည်။ကောင်းကင်တိုက်ပွဲ၌ အဲလန်သဘ် စွမ်းအားမဲ့သောလူသားကို ရှုံးနိမ့်ခဲ့သည်။အက်ဂ်ယောနှင့်ရီကာ တိုက်ပွဲတွင် ညစ်ပတ်ခဲ့ကြောင်းကိုလည်း အားလုံးသိကြသည်။ထို့ကြောင့် သူသည် လူအများကို မဦးဆောင်နိုင်ပေ။အဲလန်သည် ငြိမ်ဝပ်ပိပြားရေး အရာရှိတစ်ယောက်အဖြစ်သာမက အခြေခံဦးဆောင်မှုစွမ်းရည်လည်း မရှိပေ။အမှောင်လမြို့ရှိအစောင့်များသည် ကိုယ်ကျင့်တရား ပျက်ပြားပြီး လေ့ကျင့်ရေးကို အာရုံမစိုက်တော့ပေ။ထို့ကြောင့် အနောက်ပိုင်းတွင် သူခိုးဓားပြများနှင့် တိုက်ခိုက်ရာ၌ အကြိမ်ကြိမ် ကျရှုံးခဲ့ရသည်။
စိုင်ဖူမိသားစုမှတင်မှာမူ လုံးဝဆန့်ကျင်ဘက်ပင် ဖြစ်သည်။သူသည် မြေအောက် နတ်ဆိုးသားရဲ အန္တရာယ်များကြား၌ ၂နှစ်ကြာ ရုန်းကန်ခဲ့ရပြီး သေခြင်းတရားမှ လွတ်မြောက်ခဲ့သည်။သူ၏ကိုယ်ပိုင်အစွမ်းမှာ အမြင့်ဆင့်နတ်ဆိုးသို့ ရောက်နေပြီဖြစ်သည်။မြေအောက်မှ လွတ်မြောက်ပြီးနောက် သူသည် လက်ရှိမိုင်းတွင်းအရာရှိ ချန်လွေ့ကိုကယ်တင်ပြီး ထူးခြားကောင်းမွန်သော အကြံအစည်တစ်ခု ပေးခဲ့သည်။သူခိုးဓားပြများအား အလစ်ဝင်တိုက်နိုင်ရန်အတွက် သူသည် အောင်အောင်မြင်မြင် အစီအစဉ် ချနိုင်ခဲ့သည်။သူသည် သူခိုးဓားပြခေါင်းဆောင်အား အဆိပ်ခပ်နိုင်ခဲ့ပြီး သူခိုးဓားပြများကို နှိမ်နင်းရာ၌ အဓိကသော့ချက်ဖြစ်လာကာ အမှောင်လမြို့၏ အနောက်ပိုင်းကို ရှင်းလင်းနိုင်ခဲ့သည်။အမှောင်လမြို့အတွင်း သူ၏ဂုဏ်သတင်းမှာလည်း အဲလန်ထက် သာလွန်သည်။ထို့ကြောင့် သူသည် ငြိမ်ဝပ်ပိပြားရေး အရာရှိလောင်းဖြစ်ရန် အကောင်းဆုံးပင်ဖြစ်သည်။
မိုင်းတွင်းအရာရှိ ချန်လွေ့ကို ကယ်တင်သည့်အကြောင်း သူတို့ပြောသည့်အခါ တင်သည် ချန်လွေ့ကို ကြည့်လိုက်သည်။သူ၏သခင်က သူ့ကို ကျေးဇူးတင်စိတ်ဖြင့် ကြည့်နေကြောင်း မြင်လိုက်ရသည်။တင် ချက်ချင်းပင် ဆွံ့အသွားသည်။
ထိုစကားများသည် အဲလန် သို့မဟုတ် ခါရွန်မိသားစု၏ ဂုဏ်သတင်းကို မစဉ်းစားခဲ့ပေ။၎င်းသည် အဲလန်အား လွန်စွာ ဒေါသထွက်သွားစေသည်။သို့သော်လည်း သူပြန်မငြင်းနိုင်ခဲ့ပေ။အခြေအနေမကောင်းကြောင်း မြင်လိုက်ရသည့်အတွက် ဂျိုးဆက်ပ်သည် မယ်လွန်မိသားစု၏အကြီးအကဲ လွန်ဘာဒိုအား အကြံပြုလိုက်ရာ အဲလန်၏မျက်နှာ ပိုမိုမည်းမှောင်သွားသည်။
ဖို့(ဒ်)ကြီးနှင့် လွန်ဘာဒိုတို့သည် ရှေးကတည်းက ပြိုင်ဘက်များ ဖြစ်ကြသည်။သူတို့နှစ်ဦးကြားရှိ မကျေနပ်ချက်များမှာ မရေတွက်နိုင်ပေ။အချင်းချင်း တိုက်ခိုက်ရာ၌ မည်သူမှ အလျှော့ပေးမည် မဟုတ်ပေ။တော်ဝင်မင်းသမီး၏ ကြားဝင်ဖျန်ဖြေမှုကြောင့်သာ မဟုတ်လျှင် သူတို့ တိုက်ခိုက်နေပြီဖြစ်သည်။
တော်ဝင်အင်္ကျီများကို ဆွဲဖြဲပြီးနောက်တွင် အထက်တန်းလွှာဟုခေါ်ကြသော တော်ဝင်မျိုးနွယ်များမှာလည်း အသားငါးဈေးမှ လက်ပွေ့ရောင်းသူများနှင့် မခြားနားတော့ပေ။
ဂျိုးဆက်ပ်၏အကြည့်သည် ရှီရာ၏မျက်နှာပေါ်သို့ ကျရောက်သွားသည်။ရှီရာသည် တင်အား ရုပ်တည်ဖြင့် စိုက်ကြည့်နေသည်။သူအနည်းငယ် စိတ်လှုပ်ရှားသွားပုံရသည်။လက်ရှိအခြေအနေအရ အဲလန် ပြန်လည်အရွေးမခံရင် သေချာနေပြီဖြစ်သည်။အနောက်ပိုင်းရှိ သူခိုးဓားပြများကို နှိမ်နင်းခြင်းသည် အခွင့်အရေးကောင်းတစ်ရပ်ဖြစ်သည့်အတွက် ရှီရာသည် ထိုကဲ့သို့ ရခဲသောအခွင့်အရေးကို လက်လွှတ်ခံမည် မဟုတ်ပေ။သူသည် ငြိမ်ဝပ်ပိပြားရေးအရာရှိ နေရာအား သေချာပေါင်း ထိန်းချုပ်မှုရယူမည် ဖြစ်သည်။တင်သည် အကောင်းဆုံး ကိုယ်စားလှယ်လောင်းဖြစ်သည်။လွန်ဘာဒိုနှင့် ဖို့(ဒ်)ကြီးတို့ကို အချင်းချင်း ခုနှိမ်နေကြသော အင်အားစုများဟု သတ်မှတ်၍ရသည်။ထို့ပြင် လွန်ဘာဒိုသည် ဂျိုးဆက်ပ်လက်အောက်ရှိ အင်အားစုတစ်ခု အမှန်တကယ် မဟုတ်ပေ။တင်ကဲ့သို့ လျို့ဝှက်ပြဿတစ်ခုအား အမှောင်လမြို့၏ စစ်တပ်အင်အားကို ထိန်းချုပ်စေမည့်အစား ဂျိုးဆက်ပ်သည် “အက်ဂ်ယော”၏ အကြံအစည်အတိုင်း ဆက်သွားရန် ဆုံးဖြတ်ခဲ့သည်....
ယာယီတည်ငြိမ်တဲ့မဟာမိတ်၌ ထိုထက်ပိုသော လျို့ဝှက်ကြံစည်မှုတွေရှိရပေမည်။။ ရုပ်သေးလား။ထိန်းချုပ်တာလား။တခြားအကြောင်းပြချက်တွေလား။မည်သို့ပင်ဖြစ်ပါစေ၊ ၎င်းသည် ဂျိုးဆက်ပ်အတွက် အကျိုးရှိသည်။
“ အားလုံး ကျုပ်ပြောတာကို နားထောင်ပေးကြပါ။ ”
ဂျိုးဆက်ပ်သည် ဖို့(ဒ်)ကြီးနှင့် လွန်ဘာဒိုတို့၏အသံများကို ဖိနှိပ်ရန်အတွက် အားအနည်းငယ်သုံးခဲ့သည်။
လူတိုင်း အာရုံစိုက်လာကြသည့်အခါ ဂျိုးဆက်ပ်က သက်ပြင်းချပြီး ပြောသည်။
“ လုံးဝအရေးကြီးတာတစ်ခုကို မေးတော့မလို့။အခုမှ သတိရတယ်။ ”
ထိုသို့ပြောနေရင်း ဂျိုးဆက်ပ်၏မျက်လုံးများသည် တိတ်ဆိတ်နေသော ချန်လွေ့ထံ ကျရောက်သွားသည်။
“ သုံးတတစ်ကြိမ် အစည်းအဝေးတုန်းက ချန်လွေ့ကို ကျုပ် မိုင်းတွင်းအရာရှိအဖြစ် အကြံပြုခဲ့တဲ့အချိန်မှာ ရှီလန်တောင်ပြဿနာကိ ဖြေရှင်းနိုင်ရင် ကျုပ်သူ့ကို ငြိမ်ဝပ်ပိပြားရေးအရာရှိအဖြစ် အကြံပြုမယ်လို့ ပြောခဲ့တာကို မှတ်မိကြသေးလား။ ”
ထိုသို့ပြောပြီးနောက် အားလုံးသည် ထိုကဲ့သို့ကိစ္စမျိုး ရှိခဲ့ကြောင်း ချက်ချင်းသတိရသွားပြီး တမျိုးတမည် ဖြစ်သွားကြသည်။ ဒီလိုစွမ်းအားမဲ့တဲ့လူသားတစ်ယောက်က စစ်တပ်အင်အားကို ကိုင်ဆုပ်ထားဖို့ တကယ်ပဲ အရည်အချင်းပြည့်မှီလို့လား။
“ ကျုပ်မှတ်မိသေးတယ်။ကျုပ်က မိုင်းတွင်းအရာရှိနဲ့ စာချုပ်ချုပ်ခဲ့ပြီးတော့ တော်ဝင်မင်းသမီးက ခုံသမာဓိ အနေနဲ့ ဆောင်ရွက်ခဲ့တယ်။အဲဒီစာရွက်စာတမ်းကို ပုံစံတူသုံးခုလုပ်ထားတယ်။ကျုပ်က ကျုပ်ရဲ့ဟာကို သိမ်းထားတုန်းပဲ။ ”
စကားပြောပြီးနောက် ဂျိုးဆက်ပ်သည် သိုလှောင်လက်စွပ်ထဲမှ စာရွက်စာတမ်းကို ထုတ်လိုက်သည်။သူ၏ အစွမ်းထိန်းချုပ်မှုအောက်၌ ၎င်းသည် တစ်ယောက်ချင်းစီ၏ မျက်နှာရှေ့မှ လွင့်ပျံသွားသည်။အမှန်တကယ်ပင် ၎င်းပေါ်၌ ဂျိုးဆက်ပ်နှင့်ချန်လွေ့တို့၏ လက်မှတ်များအပါအဝင် ရှီရာ၏ မှော်လက်မှတ်လည်း ရှိနေသည်။
၎င်းကိုကြားလိုက်ရာ ချန်လွေ့၏ မျက်လုံးများ အရောင်တောက်သွားသည်။ယခုသည် တင်၏ ရက်စက်သော အကြည့် ပြသရမည့် အချိန်ဖြစ်သည်။၎င်းကိုမြင်လိုက်ရာ ဂျိုးဆက်ပ်သည် ပို၍ပင် သရော်ပြုံးပြုံးလိုက်သည်။သူ မတ်တပ်ရပ်ပြီး ရှီရာအား ဦးညွှတ်ကာ ပြောသည်။
“ ရှီလန်တောင်ရဲ့ကိစ္စတွေ ဖြေရှင်းပြီးသွားပါပြီ။ပြီးတော့လည်း အခုက ကျုပ်ရဲ့ကတိကို ဖြည့်ဆည်းပေးဖို့ အချိန်ရောက်ပါပြီ။မင်းသမီးရှီရာ။လက်ရှိမိုင်းတွင်းအရာရှိ ချန်လွေ့ကို ငြိမ်ဝပ်ပိပြားရေးအရာရှိအတွက် ကျုပ် တရားဝင် အကြံပြုပါတယ်။ ”
စိုင်ဖူမိသားစုမှ ဖို့(ဒ်)ကြီးသည် ဤကဲ့သို့ အပြောင်းအလဲမျိုးကို မထင်ထားခဲ့ပေ။ သူချက်ချင်းပင် ကန့်ကွက်ပြီး ချန်လွေ့သည် အားနည်းပြီး မပြည့်ဝကြောင်း ပြောသည်။ထို့ပြင် ချန်လွေ့သည် ရှီလန်တောင်ရှိ ပြဿနာများကို ဖြေရှင်းရာ၌ ဘာမှ မဆိုင်ကြောင်းနှင့် တင်၏ အောင်နိုင်မှု သစ်သီးများကို မခိုးယူသင့်ကြောင့်လည်း ပြောလိုက်သည်။
၎င်းကိုကြားလိုက်ရာ တင် ရှက်သွားသည်။အမှန်တကယ်၌ ရှီလန်တောင်၌ဖြစ်စေ၊ မြေအောက်လောက ကပ်ဘေး၌ဖြစ်စေ ချန်လွေ့သာ ဖြေရှင်းခဲ့သည်။၎င်းကို စဉ်းစားပြီးနောက် သူရဲကောင်း သူသာလျှင် အမှန်တကယ် ခိုးယူသူဖြစ်နေလေသည်။
ဂျိုးဆက်ပ်၏ “ထောက်ပံ့မှု”အပါအဝင် အရာအားလုံးသည် သူ့သခင်၏ ထိန်းချုပ်မှုအောက်၌သာ ရှိနေသည်။တင်သည် မိမိ၏ စွမ်းဆောင်ရည်နှင့် စဉ်းစားဉာဏ်ကို ဂုဏ်ယူသော်လည်း သူ၏သခင်ကို လုံးဝအရှုံးပေးလိုက်ရလေသည်။
ဂျိုးဆက်ပ်၏ ဦးတည်မှုအောက်တွင် မယ်လွန်မိသားစုလည်း ချန်လွေ့ဘက်သို့ အလျင်အမြန် ရောက်ရှိသွားသည်မှာ အံ့ဩစရာမရှိပေ။အခြေအနေမှာ ထူးဆန်းနေသည်။ငြိမ်ဝပ်ပိပြားရေးအရာရှိ ရွေးကောက်ပွဲသည် ရှီရာအစိုးရ လက်အောက်ရှိ အတွင်းရေးတိုက်ပွဲ ဖြစ်သွားသည်။
ကိုယ်တိုင်လက်မှတ်ထိုးထားသော စာရွက်စာတမ်းကိုကြည့်ရင်း ရှီရာ၏မျက်လုံးများ ရှုပ်ထွေးနေသည်။
ဂျိုးဆက်ပ်သည် စိတ်ထဲ၌ သရော်ပြုံးပြုံးလိုက်သည်။ ရှီရာက အမြဲ ကတိတည်တယ်။အဲဒါကြောင့် သူကဝောာ်တော်လေး ဂုဏ်သတင်း ကျော်တယ်။တကယ်လို့ သူက ကတိဖျက်ခဲ့ရင်တော့ ဂုဏ်သတင်း ကျဆင်းသွားမှာပဲ။ချန်လွေ့အတွက်ကတော့ ဒါက တိုက်ဆိုင်မှုပဲ။သူက ဒီအစည်းအဝေးမှာ စိုင်ဖူမိသားစုရဲ့ အရည်အချင်းပြည့်မှီတဲ့ ပြိုင်ဘက်ဖြစ်လာဖို့အတွက် ငါနဲ့မယ်လွန်မိသားစုကို မှီခိုရမှာပဲ။ဒီလို စွမ်းအားမရှိ အထောက်အ၌ပံ့မရှိတဲ့ကောင်က ငြိမ်ဝပ်ပိပြားရေး အရာရှိအနေနဲ့ တာဝန်ပေးခံရမယ်ဆိုရင်တောင် သူက အဲလန်ထက် ပိုဆိုးအောင်လုပ်ရုံပဲရှိတယ်။
ပြီးတော့ အက်ဂ်ယောက တပ်ဖွဲ့ကိုယ်စားပြုအသစ်ဖြစ်တဲ့ ချန်လွေ့ကို တော်တော်လေး“ထောက်ခံ”တယ်။ဘယ်ဇီဘတ် တော်ဝင်မိသားစုရဲ့ အကြံအစည်နှင့်ဆို သူက နဂို စည်းလုံးသော ရှီရာတို့အဖွဲ့ကို သဘောထားကွဲလွဲအောင် လုပ်မှာအသေချာပဲ။
ရှီရာ သက်ပြင်းချလိုက်ဟန်တူသည်။သူ မတ်တပ်ရပ်ပြီး ရန်ပွဲကို ချက်ချင်း တားဆီးသည်။မျက်လုံးအစုံတိုင်းက အမှောင်လမြို့အရှင်မကို ကြည့်နေသည်။
ရှီရာ တည်တည်ငြိမ်ငြိမ်နှင့် ပြောသည်။
“ ဒီလိုစာရွက်စာတမ်းရှိမှတော့ အမှောင်လမြို့ရဲ့ ငြိမ်ဝပ်ပိပြားရေးအရာရှိ ရာထူးကို မိုင်းတွင်းအရာရှိ ချန်လွေ့ဆီ လွှဲပြောင်းတာဝန်ပေးမယ်။၂နှစ်ကြာ ပျောက်ဆုံးသွားပြီးတဲ့နောက် တင်က ကြီးမားတဲ့အကျိုးပြုမှုတွေကို လုပ်ခဲ့တဲ့အတွက် ရှီလန်တောင်ကို မိုင်းတွင်းအရာရှိအဖြစ် ယာယီပြန်သွားရမယ်။ပြီးတော့လည်း သူက အနောက်ပိုင်းလမ်းကြောင်း ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်အနေနဲ့ အမှုထမ်းရမယ်။သူတို့ရဲ့တာဝန်က မိုင်းတွင်းနဲ့ အမှောင်လမြို့အနောက်ပိုင်း ကာကွယ်ရေးကို တိုးတက်စေဖို့ပဲ။ကာကွယ်ရေးတပ်ဖွဲ့ရဲ့ အမြင့်ဆုံးအရေအတွက်ကို အင်ပါယာအစောင့်အဖွဲ့ရဲ့ သုံးပုံတစ်ပုံအထိ ကန့်သတ်ထားတယ်။တခြားဆုလာဒ်တွေကိုတော့ နောက်မှပေးမယ်။ ”
ဖို့(ဒ်)ကြီး တစ်ခုခု ပြောချင်နေသော်လည်း နောက်ဆုံး၌ မပြောဖြစ်ခဲ့ပေ။ဒေါသအထွက်ဆုံးမှာ အဲလန်ဖြစ်သည်။အစည်းအဝေးပြီးဆုံးကြောင်း ရှီရာ ကြေညာလိုက်သည်နှင့် အဲလန်သည် ချက်ချင်းထကာ ထွက်သွားသည်။ထွက်မသွားခင် သူသည် ဂျိုးဆက်ပ်၊ချန်လွေ့နှင့် အခြားသူများအား ခါးသီးမှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် ကြည့်သွားခဲ့သည်။
ယခုတစ်ခေါက်၌ အကြီးမားဆုံး ရှုံးနိမ့်သူမှာ ငြိမ်ဝပ်ပိပြားရေး အရာရှိဟောင်းအဲလန်ပင် ဖြစ်သည်မှာ မလွဲမသွေပင် ဖြစ်သည်။
ဖို့(ဒ်)ကြီးသည် တင်ကိုခေါ်လာပြီး ချန်လွေ့အား ဂုဏ်ပြုသည်။သူ၏စကားလုံးများ၌ လူသားကိုရည်ညွှန်းသော ထေ့လုံးများ အပြည့်ဖြစ်နေပြီး “ ကျေးဇူးကို ရန်လိုခြင်းနှင့် တုံ့ပြန်ခြင်း ” ဟူသော အဓိပ္ပာယ်များ ပါဝင်နေသည်။
ငြိမ်ဝပ်ပိပြားရေးအရာရှိ ဖြစ်ရခြင်းမှာ မလွယ်ကူလှကြောင်း လူတိုင်းသိကြသည်။ထို့ပြင် ချန်လွေ့သည် စွမ်းအားမဲ့သော လူသားတစ်ယောက် ဖြစ်သည်။သူသည် စိုင်ဖူမိသားစုကဲ့သို့သော အင်အားစုဟောင်းတစ်ခုကိုလည်း အာခံခဲ့လေသည်။
ဂျိုးဆက်ပ်သည် ပြုံးနေရင်း လမ်းလျှောက်လာသည်။
“ ဂုဏ်ယူပါတယ်။မစ္စတာ ချန်လွေ့။ကျုပ်တို့တွေ အနာဂတ်မှာ ပိုပြီးတော့ ပူးပေါင်းမှုတွေ ရှိလာမှာပါ။ ”
“ လူကြီးမင်းရဲ့အကြံပြုချက်အတွက် ကျေးဇူးပါပဲ။ ”
ငြိမ်ဝပ်ပိပြားရေးအရာရှိအတွက် တာဝန်အပ်နှင်းခံထားရသော လူသားသည် အနည်းငယ် ပျောက်ဆုံးနေပုံရသည်။သူ၏စိတ်လှုပ်ရှားမှုများကို စကားဖြင့်ပင် ဖော်ပြ၍မရပေ။ရုတ်တရက် သူ၏နောက်မှ အေးစက်စက် အငွေ့အသက်တစ်ခုကို ခံစားလိုက်ရသည်။သူနောက်လှည့်ကြည့်ရာ ရှီရာ၏အေးစက်စက် အကြည့်နှင့် မျက်လုံးချင်းဆုံသွားပြီး ချက်ချင်းပင် ကြက်သီးထသွားတော့သည်။သူ ဂျိုးဆက်ပ်နှင့် စကားဆက်မပြောရဲတော့ပေ။
ရှီရာ၏ အေးစက်စက်အကြည့်သည် ဂျိုးဆက်ပ်၏ မျက်နှာပေါ်သို့ ကျရောက်လာသည်။ဂျိုးဆက်ပ်သည် ပုံမှန်အတိုင်းပင် ပြုံးနေခဲ့သည်။ထို့နောက် အသာလေး မျက်မှောင်ကြုတ်ပြီး လှည့်ထွက်သွားလိုက်သည်။