← Chapters

အစေခံအသစ် ခီရာ

Vol. 14 Ch. 197

အစေခံအသစ် ခီရာ

Vol. 14 Ch. 197

ချန်လွေ့ ထင်ထားသည့်အတိုင်းပင် နောက်တစ်နေ့ တရားဝင် လေ့ကျင့်ရေး စတင်သောအချိန်၌ အစောင့်များသည် ငရဲလေ့ကျင့်ရေးအကြောင်း သိရှိသွားသည်။ သူတို့၏ ခါးခါးသီးသီး အော်သံများ မဆုံးနိုင်တော့ပေ။လေ့ကျင့်ရေးအဆုံး၌ သူတို့အားလုံးသည် ခွေးသေများကဲ့သို့ ဖြစ်သွားသည်။သို့သော်လည်း ချန်လွေ့သည် သူတို့ကို မညှာမတာ မဆက်ဆံဘဲ စားစရာ အများအပြား ထောက်ပံ့ပေးသည်။ အရတ်(စ်)နှင့် အသီနာတို့၏ အဟန့်အတား ရှိနေသည့်အတွက် အရာအားလုံးသည် စီစဉ်ထားသည့်အတိုင်း ဖြစ်လာခဲ့သည်။

ငြိမ်ဝပ်ပိပြားရေး အရာရှိသည် ဖွဲ့စည်းပုံဥပဒေအား အမည်ခံ တာဝန်ယူထားသည်။သို့သော်လည်း အမှန်တကယ်၌ ဖွဲ့စည်းပုံဥပဒေအပြင် မြို့ကို ကာကွယ်ခြင်းသည် ပို၍အရေးကြီးသော တာဝန်ဖြစ်သည်။နယ်မြေတစ်ခုအနေဖြင့် အင်အားကို လုံးဝဖုံးကွယ်ထား၍ မရနိုင်ပေ။ထို့ပြင် အစီအစဉ် တိုးတက် လာသည်နှင့်အမျှ အမှောင်လမြို့မှကိစ္စများ ပေါက်ကြားသွားပေမည်။စွမ်းအားနှင့် ဖွံ့ဖြိုးမှုသည် အင်ပါယာမြို့တော် သည်းခံနိုင်သည်ထက် ကျော်လွန်သွားခဲ့လျှင် စစ်ပွဲကို ရှောင်လွှဲ၍မရတော့ပေ။ ထို့ကြောင့် ရှီရာသည် အစောင့်များကို အလွန်တန်ဖိုးထားသည်။ အထူးသဖြင့် ယခုတွင် သူသည် ထိန်းချုပ်မှု ရရှိသွားပြီ ဖြစ်သည်။

နတ်ဆိုးဘုံ၏စစ်ပွဲ၌ တစ်ဦးချင်းစွမ်းအားသည် အတော်လေး မထင်ရှားသော်လည်း သာမန်တပ်ဖွဲ့များအကြား တိုက်ပွဲများသည် အလွန်အ‌ရေးပါနေဆဲပင် ဖြစ်သည်။ အထူးသဖြင့် အထက်လူကြီးများ၏ စွမ်းအားများ ညီနေစဉ် အချိန်၌ ဖြစ်သည်။ထို့ပြင် မှော်စက်ဝိုင်းနှင့် မှော်အစီအရင် လက်နက်များရှိသည့် သေချာလေ့ကျင့်ထားသော အဖွဲ့သည် အစွမ်းထက်ပုဂ္ဂိုလ်များကို အတိုင်းအတာ တစ်ခုအထိ ယှဉ်နိုင်သည်။ ၎င်းသည် တိုက်ပွဲအခြေအနေကိုပင် ပြောင်းလဲသွားစေနိုင်သည်။

ချန်လွေ့သည် စစ်သားအဖြစ် တာဝန်မ‌ထမ်းဆောင်ခဲ့ဖူးပေ။ ကောလိပ်၌ စစ်လေ့ကျင့်ကိုသာ သင်ကြားခဲ့ရဖူးသည်။အခြေခံနည်းလမ်းများမှာ ရိုးရှင်းသော်လည်း အဖွဲ့အား “ လုံးဝနာခံမှု ” အခြေအနေသို့ ထိထိရောက်ရောက် ခေါ်ဆောင် သွားပေးနိုင်သည်။ ထိုစကားများသည် အစောင့်များအား စည်းကမ်းရှိပြီး ထိရောက်သည့် အဖွဲ့တစ်ဖွဲ့ဖြစ်အောင် ပြုလုပ်ရာ၌ မရှိမဖြစ်လိုအပ်ပေသည်။

အသီနာ၏ ဖခင်ကို အင်ပါယာ၏ ပထမဆုံးဗိုလ်ချုပ်အဖြစ် သိကြသည်။သူသည် မှော်ဆရာခံတပ်၌ ငယ်ငယ်လေးကတည်းက ကြီးပြင်းခဲ့ရပြီး စစ်ဘက်ဆိုင်ရာ လေ့ကျင့်မှုများကို ဖခင်ဖြစ်သူထံမှ သင်ကြားခဲ့ရသည်။ချန်လွေ့၏နည်းလမ်းများကို ကြားသည့်အခါ အသီနာ အံ့ဩမိသွားသည်။သူ၏စွမ်းရည်ဖြင့်ဆိုလျှင် အသီနာသည် ထိုရိုးရှင်းသော လေ့ကျင့်ရေး၏ အဓိပ္ပာယ်ကို သဘောပေါက်လေသည်။

အသီနာ ပို၍ပင် ကျေနပ်သွားသည်။ချန်လွေ့သည် သူအမှန်တကယ် ချစ်မိသွားသူ ဖြစ်သည်။ချန်လွေ့တွင် ထူးကဲသော စွမ်းအားနှင့်ဉာဏ်ပညာ ပိုင်ဆိုင်ရုံသာမက စစ်ဘက်ဆိုင်ရာ၌လည်း ထူးချွန်သည်။ဤသို့ဆိုလျှင် အနာဂတ်၌ သူတို့နှစ်ယောက် အတူတူနေမည်ကို သူ၏အဖေပင် ကန့်ကွက်တော့မည် မဟုတ်ပေ။

အသီနာ၏ ချီးမွမ်းမှုများကြောင့် ချန်လွေ့ အနည်းငယ် ရှက်သွားသည်။အရည်အသွေး လေ့ကျင့်ရေးနှင့် ပြေပြစ်သွက်လက်မှုစစ်ဆေးရေး အဆင့်ကဲ့သို့သော အခြားအရာများကို ချန်လွေ့သည် အသီနာနှင့် အရတ်(စ်)တို့အား စိုးရိမ်ရန် ချန်ထားလိုက်သည်။ချန်လွေ့သည် ‌လက်ရှောင်သော ဘော့စ်ဖြစ်ရသည်ကို ပျော်နေမိသည်။

ငြိမ်ဝပ်ပိပြားရေးအရာရှိအပြင် ချန်လွေ့၌ ဝတ်ရုံဂိုဏ်း ခေါင်းဆောင်ဟူသော သရုပ်လည်း ရှိသေးသည်။ဂေါ်ဖင်းဂိုဏ်းကို ဖျက်ဆီးပြီးနောက် ဝတ်ရုံဂိုဏ်းသည် အမှောင်လမြို့၌ အကြီးမားဆုံး အင်အားစု ဖြစ်သွားသည်။သို့သော်လည်း ဝတ်ရုံဂိုဏ်း၏ “ ရည်မှန်းချက် ” မှာ ဤမျှနှင့် အဆုံးမသတ်သွားပေ။သူတို့သည် မမျှော်လင့်ထားသော အခြားလုပ်ကွက်တစ်ခုကို စတင်ခဲ့သည်။

ဝတ်ရုံဂိုဏ်းသည် သတိပေးချက်တစ်ခု ထုတ်ပြန်ခဲ့သည်။၎င်းမှာ အမှောင်လမြို့ရှိ ဆိုင်များနှင့် ပျံကျဈေးသည်များထံမှ လုပ်ငန်းအတိုင်းအတာအရ ကာကွယ်ကြေးများကို ပုံမှန်ကောက်ခံမည့်အကြောင်း ဖြစ်သည်။ကာကွယ်ကြေးပေးသော “ဈေးဝယ်သူများ”ကို ဝတ်ရုံဂိုဏ်းက ကာကွယ်ပေးမည် ဖြစ်သည်။ ဈေးဆိုင်လုပ်ငန်းများကို ဝင်ရှုပ်ကြသော “အပြစ်သားများ”ကို ဝတ်ရုံဂိုဏ်းက ပြင်းပြင်းထန်ထန် လိုက်ဖမ်းမည်ဖြစ်သည်။ထို့ပြင် ဝတ်ရုံဂိုဏ်း၏ အာဏာစက် အတွင်း ကုန်သွယ်သည့်အခါ၌လည်း တရားမဝင် ဖိနှိပ်မှုများကို တင်းတင်းကြပ်ကြပ် ကန့်သတ်ထားသည်။တွေ့ရှိလျှင် ချက်ချင်း အသတ်ခံရမည်ဖြစ်သည်။

ကာကွယ်ကြေးကို လစဉ်နှင့် နှစ်စဉ်ဟူ၍ ခွဲခြားထားသည်။လစဉ်သည် တစ်လချင်း ပေးရခြင်းဖြစ်သည်။နှစ်စဉ်မှာ လျှော့ဈေးရှိပြီး (၁၁)လကိုသာ တွက်သည်။

ဝတ်ရုံဂိုဏ်း၏ လက်ရှိအတိုင်းအတာအရ လက်ရှိ ကာကွယ်ကြေးသည် ဂိုဏ်းဖွံ့ဖြိုးရန်အတွက် ပထမအဆင့်သာ ဖြစ်သည်။မည်သို့ပင်ဆိုစေကာမူ ငွေလိမ်ယူခြင်းသည် ရေရှည်ဖြေရှင်းနည်းတစ်ခု မဟုတ်ပေ။ချန်လွေ့၏ တကယ့်ရည်ရွယ်ချက်မှာ အမှောင်လမြို့တစ်ခုလုံး၏ “ဖွဲ့စည်းပုံ”ကို တဖြည်းဖြည်းနှင့် ထိန်းချုပ်ရန်ဖြစ်သည်။

ထို“သတိပေးချက်” ထုတ်ပြန်လိုက်သည့်အခါ တုံ့ပြန်မှုအများအပြား ချက်ချင်းဖြစ်လာသည်။ အထူးသဖြင့် အင်အားကြီးနောက်ခံရှိကြသော ဆိုင်များသည် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြသည်။သို့သော်လည်း ဆိုင်အသေး၊ဆိုင်အလတ်နှင့် ပျံကျဈေးသည်များမှာတော့ ပို၍တည်ငြိမ်နေပုံပေါ်သည်။ သူသည် တပ်ဖွဲ့ အကြီးအသေးများမှ ငွေညှစ်ခြင်းများကို ကျင့်သားရနေပြီးလေပြီ။ဝံပုလွေတစ်အုပ်ကို အစာကျွေးရခြင်းသည် ကျွေးရခြင်းပင် ဖြစ်သည်။ဝံပုလွေတစ်ကောင်ကို အစာကျွေး ရခြင်းမှာလည်း ကျွေးရခြင်းပင် ဖြစ်လေသည်။အကယ်၍ ဝတ်ရုံဂိုဏ်းသာ သူတို့အာမခံထားသည့်အတိုင်း အမှန်တကယ် ပြုလုပ်နိုင်မည်ဆိုလျှင် သူတို့သည် အနည်းငယ်သာ ဆုံးရှုံးရမည် ဖြစ်သည်။

ဝတ်ရုံဂိုဏ်း၏ အာဏာစက်အောက်တွင် အချို့ဈေးဆိုင်များနှင့် ပျံကျဈေးသည်များက ကာကွယ်ကြေးများ ပေးကြသည်။အများစုမှာ ပထမလအတွက် အရင်ပေးကြပြီး ဆက်လက်စောင့်ကြည့် ချင်နေကြသည်။အင်အားကြီးနောက်ခံရှိသော ‌ဈေးဆိုင်ကြီး များမှာတော့ ဆက်လက်၍ ဆန့်ကျင်နေကြသည်။

မကြာမီတွင် ထိုဆိုင်များသည် အကြောင်းအမျိုးမျိုးကြောင့် နှောင့်ယှက်ခံရသည်။ ပတ်ဝန်းကျင်နယ်မြေရှိ ဖွဲ့စည်းပုံမှာလည်း ဖရိုဖရဲဖြစ်နေသည်။ခဏခဏ ပြဿနာရှာသူများ ပေါ်ထွက်လာသည်။ဈေးဝယ်သူများမှာလည်း သိသိသာသာ လျော့ကျသွားပြီး ဝင်ငွေလည်း အလျင်အမြန် လျော့ကျသွားကြသည်။

လက်ရှိ၌ အမှောင်လမြို့ရှိ အစောင့်များမှာ ပြန့်ကျဲလျက်ရှိနေသည်။သူတို့ လုံးဝ မလှုပ်ရှားနိုင်ပေ ။ဝတ်ရုံဂိုဏ်းသည် စီးပွားရေးအရ ဖရိုဖရဲဖြစ်အောင် ပြုလုပ်သည်။သို့သော်လည်း ချန်လွေ့သည် အတော်လေး ကျေနပ်နေသည်။အစပိုင်းသည် အခက်ခဲဆုံးပင် ဖြစ်သည်။ထို့ပြင် ထိုအချိန်၌ အမှောင်လမြို့အတွင်း ဖရိုဖရဲဖြစ်နေခြင်းသည်လည်း ကောင်းသောကိစ္စတစ်ခုပင် ဖြစ်သည်။

သို့သော်လည်း ချန်လွေ့ ပျော်မနေပေ။အကြောင်းရင်းမှာ ရှီရာ၏ အထူး“ဆုလာဒ်” ရောက်ရှိ လာပြီ ဖြစ်သောကြောင့် ဖြစ်ပြီး ၎င်းမှာ ခီရာ ဖြစ်သည်။

ခီရာသည် အလွန်လှပပြီး ဆွဲဆောင်မှုရှိသော နှုတ်ခမ်းနီနီနှင့် အံ့အားသင့်ဖွယ် ရင်သားများ ရှိသည်။သူသည် ညှို့ငင်တတ်သော စုန်းမ တစ်ယောက်ပင် ဖြစ်သည်။သူ၏ တောင်ပံသေးသေးနှင့် တင်ပါးနောက်ရှိ အမြှီးတို့ကြောင့် အသီနာ အသွင်ပြောင်းသော နတ်ဆိုးနီနှင့်ယှဉ်လျှင် ခီရာသည် ထူးခြားဆန်းကြယ်စွာ ဆွဲဆောင်မှုရှိနေသည်။

ချန်လွေ့အရှေ့ရှိ ကဝေမသည် အစေခံပုံစံ ဝတ်ဆင်ထားသည်။သူသည် သခင်အသစ်အား သနားစရာကောင်းအောင် ကြည့်နေခဲ့သည်။ညှို့ငင်ပါရမီ မသုံးဘဲနှင့် ထိုအကြည့်ဖြင့်ပင် ယောက်ျားတိုင်း၏ ‌ဟော်မုန်းထုတ်ပေးမှုကို ရုတ်တရက် တိုးပွားအောင် ပြုလုပ်နိုင်သည်။

“ ငါ့ကို အဲ့လိုကြည့်မနေနဲ့။ ”

ချန်လွေ့ ခါးသက်သက်နှင့် ပြုံးလိုက်သည်။

“ ဒါက တော်ဝင်မင်းသမီး ဖြစ်စေချင်တာပဲ။ ”

“ မဖြစ်နိုင်ပါဘူး။ ”

ခီရာက မယုံသင်္ကာနှင့်ပြောသည်။

“ သခင်က ငြိမ်ဝပ်ပိပြားရေးအဖြစ် ရာထူးတိုးသွားသော ဆုလာဒ်ပေးတာလို့ တော်ဝင်မင်းသမီးက ပြောတယ်။ ”

ချန်လွေ့ အနည်းငယ် ငိုချင်သွားသည်။ ငါမှားပါတယ်။ရှီရာကိုယ်တိုင်က အတင်းတိုက်တွန်းတာ အသိအသာကြီးကို.....

ခီရာ ခါးခါးသီးသီး ဖြစ်သွားသည်။

“ ဒီကိုလာခိုင်းလို့ ခီရာ ဒီကိုရောက်လာပြီလေ။ခီရာကို သဘောကျတယ်လို့တောင် သခင်မပြောရဲဘူးလား။ ”

ခီရာ သိမ်မွေ့စွာပြောလိုက်သော “သခင်”ဟူသည့် စကားလုံးကြောင့် ချန်လွေ့ ကြက်သီးများထသွားသည်။

“ ဟုတ်ပါပြီ။ခီရာ။အစက ငါတို့က သူငယ်ချင်းတွေမဟုတ်လား။အခု တော်ဝင် မင်းသမီးက....မင်းကို ဒီနေရာဆီ လာခိုင်းတယ်။သိပ်ပြီးတော့ စိတ်မကျဉ်းကျပ်လာနဲ့။ အရင်ကလိုပါပဲ။ရေကန်ပြာဆီ ငါတို့ ပျောပွဲစားထွက်တာကို မှတ်မိသေးလား။ငါတို့တွေ ဟော့ပေါ့တွေ၊အကင်တွေ အတူတူ စားခဲ့ကြတယ်.......”

ခီရာ၏မျက်လုံးများ အနည်းငယ် လှုပ်ရှားသွားပြီး သက်ပြင်းချလိုက်သည်။

“ မှတ်မိပါတယ်။အဲ့ဒါက ခီရာ၏ အပျော်ဆုံး အမှတ်တရတွေထဲက တစ်ခုပါပဲ။ တကယ်တော့ သခင် ခီရာရဲ့မျက်လုံးကိုကြည့်လိုက်ကတည်းက သခင် ဘာလုပ်ချင်နေလဲ ဆိုတာ သဘောပေါက်ပါတယ်။မင်းသမီး လက်လီစတိုးဆိုင်မှာ ခီရာ ကြိုးကြိုးစားစား အလုပ်လုပ်ခဲ့ပင်မဲ့ သခင့်ရဲ့ ပိုင်ဆိုင်မှုကနေ မလွတ်မြောက်နိုင်ခဲ့ဘူး။ ခီရာက အစေခံလေး ပါပဲ။ကံကြမ္မာကို လက်ခံရုံကလွဲပြီးတော့ ဘာတတ်နိုင်မှာလဲ။ ”

မင်းက အစေခံလေးပဲ ဟုတ်လား။မင်း မှော်တားမြစ် လက်စွပ် မဝတ်ထားဘဲနဲ့ မင်းရဲ့ ညှို့ဓာတ်နဲ့ ဝါးမျိုခြင်းပါရမီတွေနဲ့ ဆိုရင်တောင် မင်းက ကြောက်မက်ဖွယ်က ဇာတ်တူသားစား ကဝေမတစ်ယောက် ဖြစ်နေတုန်းပဲ။

ချန်လွေ့ ခေါင်းခါလိုက်သည်။

“ ခီရာ။မင်း မပျော်ဘူးဆိုတာ ငါသိပါတယ်။ဒီလို လုပ်ပါလယး။မင်း နေ့တိုင်း မင်းသမီး စတိုးဆိုင်မှာပဲ အလုပ်ဆက်လုပ်နေလိုက်။ပြန်လာတဲ့အခါကျရင် စမ်းသပ်ခန်းမှာ ပြန်လာနေ။မင်းအတွက် အခန်းတစ်ခန်း ပြင်ပေးဖို့ စလီကို ပြောလိုက်မယ်။မင်း တစ်ခုခု မလိုအပ်ဘူးဆိုရင် ငါ့အခန်းထဲကို လာစရာမလိုဘူး။ ”

“ သခင်ဆိုလိုတာက နေ့ခင်းပိုင်းမှာ သခင့်အတွက် ခီရာက ပိုက်ဆံရှာပေးရမယ်။ ”

ခီရာ တအံ့တဩနှင့် ပြောလိုက်သည်။

“ ပြီးရင် ညပိုင်းပြန်ရောက်တဲ့အခါ သခင့်ရဲ့ “လိုအပ်ချက်တွေ”ကို ဖြည့်ဆည်းပေး ရမှာပေါ့။ ”

“ စကားကို အထအန မကောက်လို့ မရဘူးလား။ ”

ချန်လွေ့ ခဏမျှ ပြောစရာစကား မဲ့သွားသည်။

“ မင်းသမီး စတိုးဆိုင်မှာ မင်းရခဲ့တာတွေက မင်းဟာတွေပဲ။‌ဒီမှာကတော့...ဟူး....မင်း လာမလာ အရေးမကြီးပါဘူး။ဒါကို ဧည့်ခန်းလို့ပဲ သဘောထားလိုက်ပါ။ ”

“ ခီရာ့ရဲ့ ရဲတင်းမှုကို ခွင့်လွှတ်ပေးပါ။သခင်။ ”

ခီရာ မျက်တောင်ခတ်လိုက်သည်။

“ သခင်က ခီရာ့ကို တကယ် မကြိုက်ဘူးလား။ဒါဆိုရင် သခင်ကဘာလို့ ခီရာ့ကို အရင်တုန်းက အမြဲတမ်း ငမ်းနေရတာလဲ။ခီရာက... ဆွဲဆောင်မှု မရှိတော့လို့လား။ ဒါမှမဟုတ် သခင့်မှာ ပြဿနာတစ်ခုခု ရှိလို့လား။ ”

မင်းရဲ့မိသားစုပဲ ပြဿနာရှိတာ။

မိမိ၏ ခန္ဓာကိုယ်အောက်ပိုင်းကိုကြည့်နေသော ကဝေမ၏မျက်လုံးများကို ကြည့်ရင်း ချန်လွေ့ ခေါင်းကိုက်ချင်သွားသည်။

ဒီနည်းလမ်းတွေက ဘာမှမဟုတ်ဘူး။ ငါ့ကို အာရုံပြောင်းအောင်လုပ်ဖို့ ဖုံးကွယ်တာတွေပဲ။ခီရာက သာမန်တော့ မဟုတ်နိုင်ဘူး။လက်စွပ်ဝတ်ပြီး ကာမဆက်ဆံရုံနဲ့ ခီရာ့ကို သိမ်းသွင်းနိုင်မယ်ဆိုရင် ရှီရာက အခုမှပဲ သူ့ကို ငါ့ဆီပေးမှာ မဟုတ်ဘူး။

“ ခီရာ့မှာ ကုသစွမ်းအား နည်းနည်း ရှိတယ်။ ”

ခီရာ လျှာထုတ်ပြီး ဆွဲဆောင်မှုရှိသော နှုတ်ခမ်းများကို သပ်လိုက်သည်။သူသည် တိတ်တဆိတ်ပင် ညှို့ငင်ပါရမီတစ်ခု ထုတ်လွှတ်လိုက်သည်။

“ သခင်က ခီရာ့ကို ကုသစေချင်လား။ ”

ဒီသဲလွန်စက....တအားကို....ရဲတင်းလွန်းတာပဲ။ ချန်လွေ့သည် ကျွန်းနိုင်ငံတစ်ခုမှ ထုတ်လုပ်သော ရုပ်ရှင်တစ်ခုမှ စိတ်ကြွစေသေည့် မြင်ကွင်းများကို တွေးမိလိုက်သည်။ရုတ်တရက်ပင် တုံ့ပြန်မှုတစ်ခု ဖြစ်သွားသည်။သူ၏ပေါင်းကြား၌ အနည်းငယ် ထိုးထောင်လာသည်။

ကဝေမ တခစ်ခစ် ရယ်လိုက်သည်။

“ ဒီကုသမှုက တော်တော်လေး အကျိုးရှိတဲ့ပုံပဲ။ဒီအတိုင်းပဲဆိုရင် ပြဿနာအများစုကို ကုသနိုင်ပြီ။ ”

ချန်လွေ့ ရှက်သွားသည်။ လခွမ်း။ရုပ်ရှင်တွေ အများကြီး ငါကြည့်ဖူးတယ်။ငါ့ကို ပြဿနာတစ်ခု ရှိနေတဲ့ယောက်ျားလို့ ထင်နေတဲ့ စုန်းမတစ်ယောက် ကစားတာကို တကယ်ကြီး ခံနေရတာပဲ။

ချန်လွေ့ မတ်တပ်ရပ်ပြီး ခီရာထံသို့ တစ်လှမ်းချင်း လျှောက်သွားသည်။ချန်လွေ့၏ အငွေ့အသက်ကြောင့် ခီရာ အံ့အားသင့်သွားပြီး နောက်သို့ ခြေနှစ်လမ်း ဆုတ်လိုက်သည်။ထို့နောက် ခီရာသည် စိတ်ကိုငြိမ်အောင် ပြုလုပ်လိုက်သည်။ ဒီလူက အားနည်းတဲ့ လူသားတစ်ယောက်ပဲ။ငါ မှော်ပညာ မသုံးနိုင်ရင်တောင် သူ့မှာ အင်အားအများကြီး ရှိမှာ မဟုတ်ဘူး။ဘာမှ ကြောက်စရာမလိုဘူး။ပြီးတော့လည်း ငါ့မှာ ဝါးမျိုခြင်းခန္ဓာ ရှိနေတာပဲ

ချန်လွေ့အား စနောက်ရခြင်းမှာ ခီရာတွင် ထိုကဲ့သို့ စွမ်းရည် ရှိသောကြောင့်ဖြစ်သည်။အကယ်၍ ခီရာသာ ချန်လွေ့ထက်ထဲ၌ အမှောင်ဆန္ဒရှိပြီး ချန်လွေ့သည် နတ်ဆိုးဘုရင်အဆင့် စွမ်းအားရှိကြောင်း သိခဲ့လျှင် ဤကဲ့သို့ နောက်ပြောင်ရဲလိမ့်မည် မဟုတ်ပေ။

“ သခင်။မလာခဲ့နဲ့။ခီရာ ကြောက်လို့.... ”

ထိုကဲ့သို့ အင်တင်တင်နှင့် လက်ယပ်ခေါ်သော အသံသည် ချန်လွေ့၏နှလုံးသားကို မီးတောက်များ လောင်မြိုက်သွားစေသည်။ချန်လွေ့ တိတ်တဆိတ် ရုတ်တရက် နိုးထသွားသည်။ ဒီကဝေမရဲ့ ညှို့ဓာတ်က တော်တော်လေး အစွမ်းထက်တဲ့ပုံပဲ။ငါ့ဆီမှာ ထိန်းချုပ်လို့မရတဲ့ ရမ္မက်ဖြစ်လာအောင် သူလုပ်နိုင်တော့မလို့။

“ ခီရာ။မင်းက ငါ့ကို ဒီလိုဖြစ်အောင် လုပ်နေတာ ဖြစ်ရမယ်။အခု မင်းလိုချင်တာကို ရသွားပြီ။နောက်ပိုင်းမှာ အဆင်ပြေပြေ နေရအောင်။မင်းမှာ အထူးခန္ဓာတစ်ခုရှိတာ ငါသိတယ်။အနမ်းတစ်ချက်တည်းနဲ့ မင်းက ငါ့ရဲ့စွမ်းအင်တွေကို စုပ်ယူနိုင်တယ်။ မင်းငါ့ကို အထိန်းအချုပ်လွတ်ပြီးတော့ အသက်မဆုံးရှုံးစေချင်ဘူး မဟုတ်ဘူး။ သူငယ်ချင်းလိုပဲ...နေရအောင်။ဟုတ်ပြီလား။ ”

ခီရာသည် ပါးစပ်ကိုအုပ်ထားပြီး ရယ်လိုက်သည်။သူသည် ညှို့ငင်ပါရမီကို ပြန်ရုတ်သိမ်းပြီး စ‌ကားပြောသည်။

“ တကယ်တော့ သခင်ရှင်းပြစရာ မလိုပါဘူး။သခင်က ကြောက်တတ်တယ်ဆိုတာ သိပါတယ်။အမှန်အတိုင်းပြောရရင် ခီရာ သခင့်ကို နည်းနည်း သဘောကျလာသလိုပဲ။ ကံမကောင်းတာကတော့ ဒီဝါးမျိုခြင်းခန္ဓာက သဘာဝအတိုင်းပဲ။ခီရာ ကိုယ်တိုင်လည်း မထိန်းချုပ်နိုင်ဘူး။မဟုတ်လို့ရှိရင် ခီရာ သခင့်ကို တစ်ခေါက်လောက် ကောင်းကောင်း ပြုစုပေးချင်တယ်။ ”

ခီရာသည် ကစားနေဆဲပင်ဖြစ်သည်။ ချန်လွေ့ ခေါင်းခါလိုက်သည်။ ဒီကဝေမက အမှန်အတိုင်း တစ်ခွန်းမှ ပြောချင်တဲ့ပုံမပေါ်ဘူး။သူနဲ့အတူတူ နေရမယ့် ငါ့ရဲ့အနာဂတ်ဘဝကတော့ နည်းနည်း ခက်ခဲတော့မှာပဲ။

ထိုအချိန်၌ အပြင်ဘက်မှာ ခြေသံများ ကြားလိုက်ရသည်။၎င်းမှာ စစ်တန်းလျားမှပြန်ရောက်လာသော အသီနာပင် ဖြစ်လေသည်။

အသီနာသည် ချပ်ကာ ဝတ်ဆင်ထားသည်။ သူ စမ်းသပ်ခန်းမထဲသို့ လမ်းလျှောက်ဝင်လာရင်း ခီရာကို တွေ့လိုက်ရာ အနည်းငယ် ကြက်သေသေသွားသည်။ အသီနာသည် ခီရာအား ခေါင်းညိတ်ပြလိုက်သည်။ချန်လွေ့ အမြန်ရောက်လာပြီး အသီနာအား ပျူပျူငှာငှာနှင့် မျက်နှာသုတ်ပဝါတစ်ထည် ကမ်းပေးကာ ရေလောင်းထည့်ပေးသည်။သူသည် အသီနာ၏ ချွေးစက်များကိုပင် တယုတယ သုတ်ပေးလိုက်သည်။

အပြင်လူတစ်ယောက် ရှိနေသည့်အတွက် အသီနာ အနည်းငယ် ရှက်သွားပုံရသည်။ သို့သော်လည်း သူ မခုခံခဲ့ပေ။ခီရာ စိတ်ထဲ၌ အံ့ဩမိသွားသည်။လက်ရှိ အခြေအနေကို ကြည့်လျှင် သူတို့နှစ်ယောက်၏ ပတ်သက်မှုမှာ အတော်လေး နီးကပ်နေသည်။ အသီနာသည် “အမြင့်ဆင့်နတ်ဆိုး”တစ်ယောက် ဖြစ်သည်။မမျှော်လင့်ဘဲနှင့် သူသည် ချန်လွေ့ကဲ့သို့ အားနည်းသော လူသားတစ်ယောက်၏ အရူးလုပ်ခြင်းကို ခံခဲ့ရသည်။

“ ဒါနဲ့ အသီနာ။ဒီနေ့ ဆိုင်တစ်ဆိုင်ဆီကို ငါရောက်ခဲ့ပြီးတော့ ဂါဝန်ကောင်းကောင်း တစ်ထည် တွေ့ခဲ့တယ်။အဲ့ဒါကြောင့် မင်းအတွက် ဝယ်လာခဲ့တယ်။မင်းနဲ့ တော်မလားတော့မသိဘူး။ ”

ချန်လွေ့သည် ထုတ်ပိုးထားသော လက်ဆောင်ဘူးတစ်ခုကို ထုတ်ပြီး အသီနာအား ကမ်းပေးလိုက်သည်။

အသီနာ၏ အနီရောင်မျက်လုံးများ တောက်ပသွားပြီး ထိုလက်ဆောင်ဘူးကို ယူလိုက်သည်။ဤနေရာ၌ သူ အဝတ်လဲ၍ မရသည့်အတွက် အခန်းထဲသို့ တည့်တည့်ဝင်သွားသည်။

အခန်းထဲသို့ အသီနာ ဝင်သွားသည့်အခါ ခီရာကို ချန်လွေ့ ပြောသည်။

“ အသီနာနဲ့ငါက ချစ်သူတွေဆိုတာ မင်းလည်း သတိထားမိလောက်ပါတယ်။ အဲဒါကြောင်း မင်းစိတ်ချနေပါ။ငါမင်းအပေါ် ဘာမှမသင့်တော်တဲ့ အတွေးမျိုးရှိမှာ မဟုတ်ဘူး။ ”

ခီရာ၏ မျက်လုံးများ အရောင်လက်သွားပြီးနောက် ခေါင်းခါလိုက်သည်။

“ ဒါက ဟုတ်ချင်မှဟုတ်မှာပါ။ယောက်ျားတွေအားလုံးက ဒီလိုမျိုးပဲ။ပန်းကန်ထဲက ဟာကို စားနေရင်း အိုးထဲကဟာကို ကြည့်နေတတ်တယ်.... ”

နောက်ဆုံး နာမည်ကြီး အကိုးအကားကို ချန်ထားပြီး လက်ဆင့်ကမ်းခဲ့တဲ့ ဘိုးဘေးက ဘယ်သူလဲ။ချန်လွေ့ ရှက်သွားပြီး အလျင်အမြန် ပြန်ဖြေသည်။

“ မင်းစိတ်ချပါ။ငါ ဘယ်တော့မှ မရှုပ်ပွေပါဘူး။အသီနာက တော်တော်လေး သဝန်တိုတတ်တယ်။သူသိသွားရင် ငါ့ကိုဓားနဲ့ နှစ်ပိုင်းပိုင်းမှာ။ ”

ထိုအချိန်၌ သဝန်တိုတတ်သော အသီနာသည် အဝတ်အစားလဲပြီး အခန်းထဲမှ ထွက်လာသည်။

အသီနာ ပုံမှန်ဝတ်ဆင်သော သားရေးချပ်ကာ နေရာ၌ အဖြူရောင် ဂါဝန်အတိုလေးက အစားထိုးထားသည်။ခန္ဓာကိုယ်အပေါ်ပိုင်းသည် ရိုးရှင်းပြီး လှပသော ပုံစံကွက်များ ရိုက်နှိပ်ထားသည့် လက်တို ရှပ်အင်္ကျီနှင့်တူသည်။ပုခုံးပေါ်ရှိ ဒီဇိုင်းမှာ အနည်းငယ် ဖောင်းပွနေပြီး ဂါဝန်တစ်ထည်နှင့် တစ်နည်းတစ်ဖုံ ဆင်တူနေသည်။ ဂါဝန်အောက်ပိုင်းသည် ဒူးအထိရောက်သည်။၎င်းသည် အနည်းငယ် ဖောင်းပွပြီး အံကိုက်ဖြစ်နေသည်။အလယ်ပိုင်းတွင် ခန္ဓာကိုယ်နှင့်လိုက်ဖက်စေရန်အတွက် အနက်ရောင် ခါးပတ်တစ်ခု ရှိသည်။

“ ကြည့်ကောင်းရဲ့လား။ ”

အသီနာ ရှက်နေသည်။၎င်းသည် ချန်လွေ့ သူ့ကိုပေးသော ပထမဆုံးဝတ်စုံ ဖြစ်သည်။လက်ဆောင်ကို လက်ခံသည့်အချိန်မှစ၍ အင်္ကျီလဲပြီးသော အချိန်အထိ အသီနာ ပျော်နေခဲ့သည်။

“ မင်းကို ဖော်ပြဖို့အတွက် ပြီးပြည့်စုံတယ် ဆိုတဲ့ စကားတစ်ခုပဲ ငါစဉ်းစားလို့ရတော့တယ်။ ”

ချန်လွေ့သည် စိတ်ထဲရှိသည့်အတိုင်း ပြောလိုက်သည်။အသီနာသည် ထိုဂါဝန်နှင့် အလွန်ပင် လှပနေသည်။ချန်လွေ့၏ချီးမွမ်းသံကို ကြားသည်အခါ အသီနာ၏ မျက်လုံးများ အရောင်လက်သွားသည်။သူ၏နှလုံးသားထဲရှိ ချိုမြိန်မှုများမှာ ထပ်၍မတိုးလာနိုင်တော့ပေ။

“ အိုး။မေ့တော့မလို့။ဒီဖိနပ်တွေလည်း ငါဝယ်ခဲ့သေးတယ်။ ”

ချန်လွေ့သည် အသီနာ၏ခြေထာက်မှ ဘွတ်ဖိနပ်များကို လှမ်းကြည့်ရင်း ကိုယ့်ခေါင်းကိုယ် ပြန်ရိုက်လိုက်သည်။ထို့နောက် ချန်လွေ့သည် မျက်လှည့်ပြပွဲ လုပ်နေသကဲ့သို့ပင် သားရေရှူးဖိနပ်တစ်စုံထုတ်လိုက်သည်။

အဝတ်အစားနှင့် သားရေရှူးဖိနပ်များကိုကြည့်လျှင် အသီနာကို အမျိုးသမီး ဓားသမား တစ်ယောက်ဖြစ်ကြောင်း မည်သူမျှ ပြောနိုင်မည် မဟုတ်ပေ။သူသည် ဘေးအိမ်မှ စိတ်ကောင်းသော မိန်းလူပု တစ်ယောက်နှင့် လုံးဝတူနေသည်။သူသည် အလွန်ပင် ရင်ထဲထိသွားပုံရသည်။

အခန်းထဲမှ အသီနာ ထွက်လာစဉ်ကတည်းက ခီရာ၏မျက်လုံးများသည် အသီနာ၏ အဝတ်အစားပေါ်မှ လုံးဝမခွာခဲ့ပေ။သူသည် အလွန်အံ့အားသင့်စွာဖြင့် ရှေ့တက်သွားသည်။ ခီရာသည် ဝတ်စုံအသစ်ကို သေသေချာချာကြည့်ပြီးနောက် ချီးမွမ်းလိုက်သည်။

“ ဒီဝတ်စုံက သိပ်ကိုလှတာပဲ။ချန်လွေ့။ရှင် ဒါကို ဘယ်ကနေ ဝယ်ခဲ့တာလဲ။ ဒီလိုအင်္ကျီပုံစံမျိုး ဘာလို့ ကျွန်မတစ်ခါမှ မတွေ့ဖူးရတာလဲ။ ”

မည်သို့ပင်ဖြစ်ပါစေ၊ မိန်းလူပုများအပေါ် လှပသောအဝတ်အစားများ၏ ဆွဲဆောင်နိုင်မှုသည် အလွန်ကြီးမားလှသည်။ခီရာသည်ပင် ခုနက သူဟန်ဆောင် ပြောခဲ့သည့် “သခင်”ဟူသော စကားလုံးကို ပြောရန် မေ့သွားခဲ့သည်။

“ တကယ်တော့ ငါက အင်္ကျီဆိုင်တစ်ဆိုင် တွေ့သွားပြီးတော့ သူတို့ကို ငါ့ရဲ့ လိုအပ်ချက်အတိုင်း လုပ်ခိုင်းလိုက်တာပါ။အလယ်ပိုင်းမှာလည်း နည်းနည်းလေး အကြံဉာဏ် ပေါင်းထည့်လိုက်တယ်။အခုတော့ တော်တော်လေး လှသွားပါပြီ။ ”

“ ဒီတော့.....ရှင်က ကိုယ်တိုင် ဒီဇိုင်းဆွဲခဲ့တာပေါ့။ ”

ခီရာ ပို၍ပင် အံ့ဩသွားသည်။ ဒီလူသားက မိန်းလူပုတွေကို ဘယ်လိုပျော်အောင် လုပ်ရမလဲဆိုတာ သိတဲ့ပုံပဲ။သူက အင်္ကျီကိုတောင် ကိုယ်တိုင် ဒီဇိုင်းဆွဲခဲ့တယ်။ အသီနာက ဒီလိုလှည့်ကွက်မျိုးနဲ့ လှည့်စားခံလိုက်ရတာ နေမယ်။ဟမ့်။ညစ်ပတ်တဲ့ နည်းတွေပဲ။ဒါပေမဲ့....ဒီဝတ်စုံက နည်းနည်းတော့ ဆွဲဆောင်မှုရှိတယ်....

ထိုဝတ်စုံသည် အခြားလောကမှ စတိုင်ကို အခြေခံပြီး အနည်းငယ် ပြုပြင်ထားသည်ဟု ချန်လွေ့ ပြောလိမ့်မည် မဟုတ်ပေ။ချန်လွေ့ အသာလေး ခေါင်းညိတ်ပြလိုက်သည်။ အမှန်တကယ်၌ ထိုနှစ်က ချန်လွေ့ အွန်လိုင်းစတိုး ဖွင့်ခဲ့စဉ်တွင် မိန်းလူပု အဝတ်အစားအများအပြားကို ‌မှာယူခဲ့သည်။စတိုင်အမျိုးမျိုးကို ချန်လွေ့ မှတ်မိနေသေးသည်။သို့သော်လည်း ၎င်းတို့ကို လုံးဝကူးယူ၍ မရနိုင်ပေ။နတ်ဆိုးဘုံရှိ ထူးခြားသော အသွင်အပြင်များနှင့် အနည်းငယ် ကိုက်ညီစေရန် ပြုလုပ်ရပေမည်။

ခီရာသည် အဝတ်အစားများနှင့် ပတ်သက်၍ အလွန်သတိထားနေပုံရသည်။သူသည် အထည်အသားအတိုင်း သေသေချာချာ ခေါက်‌နေသည်။အသီနာသည် ခီရာ၏မျက်လုံးထဲမှ အားကျမှုများကို သတိထားမိခဲ့သည်။

“ ကျေးဇူးပါပဲ။ခီရာ။ ”

အသီနာသည် ခါးပတ်ကို ကူညီပတ်ပေးသော ခီရာအားကြည့်ရင်း ပြုံးပြလိုက်သည်။

“ နင် ဒီကို ရောက်နေပြီဆိုတော့ စိုးရိမ်စရာ မလိုပါဘူး။ချန်လွေ့ကိုသာ ကောင်းကောင်း ဂရုစိုက်ပေး။ငါတို့က သူငယ်ချင်းတွေ ဖြစ်နေတုန်းပါပဲ။အဝတ်အစား ကတော့... ...နောက်တစ်ခေါက်ကျရင် သူနင့်ကိုလည်း လက်ဆောင်ပေးမှာပါ။ ”

ဒါက ဟိုလူပြောတဲ့ “သဝန်တိုတတ်တဲ့” အသီနာလား။

ခီရာက ချန်လွေ့အား သံသယနှင့် ကြည့်လိုက်သည်။သူသည် ကလက်တက်တက် မျက်လုံးများကို မှိတ်တုတ်မှိတ်တုတ် လုပ်ပြီးနောက် အလွန်နှစ်လိုဖွယ်ကောင်းအောင် ပြုံးပြလိုက်သည်။

“ ခီရာ နားလည်ပါတယ်။ ”

ချန်လွေ့သည် စိတ်ထဲ၌ ဝမ်းနည်းပူဆွေးသွားသည်။သူသည် ကိုယ့်ဒုက္ခ ကိုယ်ရှာမိသွားလေပြီ။ထိုကဝေမ အနီးအနား၌ ရှိနေလျှင် သူသည် အတက်အကျ စိတ်ကစားနည်းကို အချိန်အတော်ကြာသည်အထိ ဆက်လုပ်ရမယ့်ပုံစံ ပေါက်နေသည်။

All Chapters