← Chapters

အင်ပါယာမြို့တော်မှ ဧည့်သည်များ

Vol. 14 Ch. 198

အင်ပါယာမြို့တော်မှ ဧည့်သည်များ

Vol. 14 Ch. 198

ခီရာသည် ပြဿနာ အနည်းငယ် ဖြစ်နိုင်သော်လည်း ဘဝကိုရှေ့ဆက် ရဦးမည်ဖြစ်သည်။ နေ့စဉ် ခီရာသည် မင်းသမီးလက်လီစတိုး၌ သွားကူညီရသည်။ ခီရာ၏ နေရာထိုင်ခင်းအတွက်မူ စမ်းသပ်ခန်း၌ အခန်းများစွာ ရှိသည်။သို့သော်လည်း ဤနေရာ၌ လူပိုတစ်ယောက် ရှိလာပြီ ဖြစ်သည့်အတွက် လေ့ကျင့်ရေးဖြစ်စေ၊ နေ့စဉ်ဘဝဖြစ်စေ အထူးသဖြင့် အသီနာနှင့် နီးနီးကပ်ကပ်နေသည့်အချိန်ဖြစ်စေ ချန်လွေ့သည် ကသိကအောက် ခံစားရသည်။ထိုတာဝန်ကို လက်ခံမိသွားသည့်အတွက် ချန်လွေ့ အနည်းငယ် နောင်တ ရသွားခဲ့သည်။

သို့သော်လည်း ခီရာ၏ ကျွမ်းကျင်မှုတစ်ခုမှာ အဝတ်အစားဒီဇိုင်းနှင့် ထုတ်လုပ်ရေးဖြစ်ကြောင်း ချန်လွေ့ တွေ့ရှိသွားခဲ့သည်။သူ၏ လက်ရာသည် အလွန်အနုစိတ်ရုံသာမက တီထွင်ဉာဏ်လည်းကောင်းသည်။ခီရာသည် ချန်လွေ့ ထောက်ပံ့ပေးသော စတိုင်အမျိုးမျိုးကို ပြောင်းလဲပြီး ပို၍လှပအောင် ပြုလုပ်ခဲ့သည်။ချန်လွေ့ အကြံကောင်းတစ်ခု ရလိုက်သည်။သူသည် မင်းသမီးစတိုး၌ အမျိုးသမီးအဝတ်အစား ကောင်တာတစ်ခု ထပ်ပေါင်းထည့်သည်။အဝတ်အစားမျာကို အဆင့်မြင့် ကုန်ကြမ်းများ အသုံးပြု၍ ထုတ်လုပ်ပြီး သေသေသပ်သပ် ထုတ်ပိုးမည်။၎င်းသည် အထက်တန်းစား အမျိုးသမီးများကို အဓိက ပစ်မှတ်ထားခြင်းဖြစ်သည်။

မင်းသမီး လက်လီစတိုးသည် တော်ဝင်မှုကို ကိုယ်စားပြုသော လမ်းကြောင်းကို အောင်အောင်မြင်မြင် ဖောက်လုပ်နိုင်ခဲ့သည်။ယနေ့တွင်လည်း အမျိုးသမီး အဝတ်အစား ကောင်တာ စတင်ဖွင့်လှစ်သည့်အခါ၌ ထင်ထားသည်ထက် ပိုမိုအရောင်းကောင်းခဲ့သည်။အထူးသဖြင့် အကန့်အသတ်ထုတ်ပစ္စည်းကို တော်ဝင်အမျိုးသမီးများက အလုအယက်ဝယ်နေကြသည်။လိုလီလေး အလွန်ပျော်ရွှင်နေပြီး မပြုံးဘဲ မနေနိုင်တော့ပေ။

အသံတိတ်ညစိမ့်မြေသို့ ချန်လွေ့သွားရန် အသင့်ဖြစ်နေသည့်အချိန်၌ ဘယ်ဇီဘတ် တော်ဝင်မိသားစုအား စုံစမ်းရှာဖွေရန် အင်ပါယာမြို့တော်မှ လွှတ်လိုက်သော အထူးအေးဂျင့်များသည် အမှောင်လမြို့သို့ ရောက်လာကြတော့သည်။

ယခုတစ်ခေါက်တွင် အမှောင်လမြို့သို့ အဓိက လူလေးယောက် ရောက်လာသည်။ ချန်လွေ့၏ မှတ်ဉာဏ်အရ ထိုထဲမှနှစ်ယောက်သည် အမှောင်လမြို့သို့ရောက်သည်မှာ ဒုတိယအကြိမ် ရှိပြီဖြစ်သည်။ဆာဂီဟုခေါ်သော ငွေချပ်ကာဝတ်ဆင်ထားသည့် စစ်သည်သူရဲကောင်းသည် ရု(စ်) မိသားစု၏ ပါရမီရှင် မဟာနတ်ဆိုးဖြစ်ပြီး အင်ပါယာမြို့တော် စစ်တပ်၏ နောက်ပေါက်တစ်ယောက် ဖြစ်သည်။အစပိုင်း၌ ဆာဂီသည် အဲဒက်စ်ကို စိန်ခေါ်ရန်အတွက် အမှောင်လမြို့သို့ ဆန်ဒရို နှင့်အတူ လိုက်သွားခဲ့သည်။အဆုံး၌ ဆန်ဒရိုသည် “အီး”တစ်လုံးကြောင့် အဆိပ်မိ သေဆုံးသွားခဲ့သည်။ထို့ကြောင့် ဆာဂီနှင့်အခြားသူများလည်း စိတ်ပျက်လက်ပျက်နှင့် ပြန်လာကြရတော့သည်။

ဒုတိယမှာ ယခင်တစ်ခေါက်မှ အသိဟောင်းဖြစ်သော ဆရာသခင် ခမ့်(ပ်) ဖြစ်သည်။ထိုသူသည် ခရမ်းသလင်းကျောက်ဒင်္ဂါး ၅၀ အသုံးပြုပြီး ချန်လွေ့အား သိမ်းသွင်းကာ အဲဒက်(စ်)၏ အဆိပ် ဖော်မြူလာကို ခိုးယူရန် ကြိုးစားခဲ့သည်။ထိုစဉ်က ခရမ်းသလင်းကျောက်ဒင်္ဂါး၅၀သည် ချန်လွေ့အတွက် အတော်များသော ငွေပမာဏ ဖြစ်သည်။ယခု၌ ၎င်းသည် ခမ့်(ပ်)က ‌ဈေးကွက်ကို နားမလည်သော တောသား အလုပ်သင်တပည့်အား အနိုင်ကျင်ခဲ့သလိုမျိုး ဖြစ်နေသည်။အဲဒက်(စ်)၏ ဖော်မြူလာအမှန်သာဆိုလျှင် သလင်းကျောက်နက်ဒင်္ဂါး ၅၀ဖြင့်ပင် မဝယ်နိုင်ပေ။

သူတို့နှစ်ယောက်ကြား၌ အမှောင်နတ်ဆိုးလူပု တစ်ယောက်ရှိသည်။ ယေဘုယျအားဖြင့်ပြောရလျှင် အမှောင်နတ်ဆိုးလူပုသည် နတ်ဆိုးဘုံ၌ မျိုးနွယ်အနိမ့်ဆုံးဖြစ်သည်။မှင်စာထက်ပင် နိမ့်ကျသည်။သို့သော်လည်း အနီးအနားမှ လူများ၏ တရိုတသေ အမူအရာများကို ကြည့်ခြင်းအားဖြင့် ထိုအမှောင်နတ်ဆိုး လူပုသည် နယ်ပယ်တစ်ခုခု၌ ဆရာသခင်အဆင့် ဖြစ်ကြောင်း သိနိုင်သည်။

အင်ပါယာမြို့တော်မှ ဧည့်သည်များကြားတွင် သတိပြုမိဆုံးမှာ ရင်သပ်ရှုမောဖွယ် ကောင်း‌သော မိန်းမလှ တစ်ယောက်ပင် ဖြစ်သည်။

ထိုအမျိုးသမီးသည် အသက်၃၀ကျော်ဟု ထင်ရပြီး ကွေးကောက်သော ရွှေရောင်ဆံပင်များရှိကာ ခေါင်းပေါ်၌ အနုစိတ်သော ငွေသရဖူတစ်ခု ဆောင်းထားသည်။မျက်ခုံးများမှာ အနည်းငယ် နက်မှောင်ပြီး အစိမ်းရောင် မျက်လုံးများမှ ဆောင်းဦးအလင်းရောင်များ ရွှန်းရွှန်းတောက်နေသည်။ဆွဲဆောင်မှုရှိပြီး ခရမ်းနုရောင် နှုတ်ခမ်းများက ရင့်ကျက်လှပသော ညှို့ဓာတ်များ ထုတ်လွှတ်နေသည်။

အလှအပ၌ ထိုမိန်းမသည် ရှီရာနှင့် ယှဉ်၍ရသည်။သို့သော်လည်း သူ၏ အငွေ့အသက်မှာ ဆန့်ကျင်ဘက် ဖြစ်သည်။ထိုမိန်းမသည် ဇာပြာစပ်ကြောင်းပါသော ဂါဝန်ရှည်ကို ဝတ်ဆင်ထားပြီး မို့မောက်နေသော တောင်တန်းနှစ်ခုကြားမှ စွဲမက်စရာ အကြောင်းတစ်ခု ပေါ်နေသည်။သူ၏ပုခုံးများကို ဖောက်ထွင်းမြင်ရသော ဇာမျက်နှာလွှားမည်းဖြင့် ဖုံးအုပ်ထားသည်။ထိုကဲ့သို့ မထင်မရှား အသွင်အပြင်တွင် အဆုံးမရှိသော ဆွဲဆောင်မှုများ ပါဝင်နေသည်။ထို့ပြင် ထိုဆွဲဆောင်မှုကို မချိုးဖောက်အပ်သော တော်ဝင်မှုနှင့် ဂုဏ်သိက္ခာတို့က ရစ်ပတ်ထားသည့်အတွက် လူအများကို ပို၍ပင် လိုချင်စိတ် ဖြစ်စေသည်။

ရှီရာနောက်ဘက်မှ ချန်လွေ့သည် ထိုအမျိုးသမီးအား ၉မှတ်ပေးလိုက်သည်။ ခရစ္စတီးနားအတွက်မူ ၈မှတ်ဖြစ်သည်။

ထိုအမျိုးသမီး၏ အကြည့်သည် လူတိုင်း၏ ကြက်သေသေနေသော အမူအရာများကို ဖြတ်သန်းသွားခဲ့သည်။ရှီရာနှင့် မျက်လုံးချင်း ဆုံသွားသည့်အခါ နွေဦးနတ်ဘုရားမနှင့် နှင်းရေခဲနတ်ဘုရားမတို့ ဆုံတွေ့သကဲ့သို့ပင် ဖြစ်သွားသည်။အကြည့်ချင်း ဆုံမိစဉ်၌ မမြင်ရသော လျှပ်စီးမီးပွားများ ပေါက်ကွဲထွက်သွားသည်။

ရှီရာ၏ မျက်လုံးများ ပို၍အေးစက်သွားသော်လည်း အပြုအမူများမှာ မရိုင်းပြပေ။

“ လေဒီ အစ်ဇဘယ်လာ၊ ဆရာသခင် တာတာ၊ ဆရာသခင် ခမ့်(ပ်)၊ဗိုလ်ချုပ် ဆာဂီ အမှောင်လမြို့ကနေ ကြိုဆိုပါတယ်။ ”

အစ်ဇဘယ်လာသည် အင်ပါယာမြို့တော် ဧည့်သည်များ၏ ဦးစီး ဖြစ်ဟန်တူသည်။သူသည် ကျက်သရေရှိစွာပြုံးရင်း အရိုအသေပြုလိုက်သည်။သူ၏ ဆွဲဆောင်မှုရှိသောအသံ ထွက်လာသည်။

“ မင်းသမီးကို ပြန်တွေ့ရတာ ဂုဏ်ယူစရာပါပဲ။အရှင်မင်းသမီးက ပိုပြီးတော့ လှလာတယ်။အချိန်ကုန်မြန်လိုက်တာ။လွန်ခဲ့တဲ့၁၀နှစ်က ဘာမှမသိတဲ့ မိန်းမငယ်လေး တစ်ယောက် အခုဆိုရင် နယ်မြေတစ်ခုရဲ့ အုပ်စိုးသူ ဖြစ်သွားပြီ။ ”

ရှီရာလည်း အပြန်အလှန် ခေါင်းကို အသာလေးညွှတ်ပြီး ပြန်ပြောသည်။

“ ဟုတ်တယ်။အချိန်က ခဏလေးနဲ့ ကုန်သွားတယ်။အဲ့ဒီတုန်းကဆိုရင် မိုင်လေဒီက ဗိုလ်ချုပ်တာခူမန်ရဲ့ ဇနီးဖြစ်နေတုန်းပဲဆိုတာ မှတ်မိသေးတယ်။အခုတော့ သူက ဘိုဂန်(စ်)ရဲ့ ဇနီးဖြစ်သွားပြီ။မပြောင်းလဲတာ တစ်ခုကတော့ ရှင့်ရဲ့ မိစ္ဆာ ထောင်ခြောက်လိုမျိုး ပြိုင်ဘက်ကင်း အလှတရားပဲ(မန်ဒလာပန်းလိုမျိုး လှလည်းလှတယ်။အဆိပ်လည်း ရှိတယ်)။ ”

ချန်လွေ့ စိတ်ထဲ ရေရွတ်လိုက်သည်။ ဒီမိန်းမလှ နှစ်ယောက်ကတော့ သိပ်မဟန်ဘူး။ သူတို့ မတွေ့တာ ၁၀နှစ်ရှိပြီ။ဒါပေမဲ့ သူတို့စတွေ့တာနဲ့ အချင်းချင်း ရန်စောင် နေကြတယ်။

“ ဒါက မင်းသမီး အဲလစ်ဖြစ်မယ်။ ”

အစ်ဇဘယ်လာသည် ရှီရာဘေးမှ အဲလစ်ကို မြင်လိုက်သည်။

“ သူက တကယ့်ကို ချစ်စရာကောင်းတဲ့ မင်းသမီးလေးပဲ။ ”

အဲလစ်၏မျက်လုံးများသည် အစ်ဇဘယ်လာ၏ အံ့ဩစရာကောင်းလောက်အောင် ဖွံ့ဖြိုးနေသော ရင်သားပေါ်သို့ရောက်ရှိသွားပြီးနောက် သူ၏ အပြစ်ကင်းသောမျက်နှာ၌ မနာလိုသည့်ပုံစံ ပေါ်လာသည်။

“ မမ....အဲ့ဒါက အရမ်းလှတာပဲ။ ”

မမဟု အခေါ်ခံလိုက်ရသည့်အခါ အစ်ဇဘယ်လာသည် အလွန်ပျော်ရွှင်စွာ ပြုံးလိုက်သည်။သို့သော်လည်း စကားတစ်ဝက်ပြီးနောက်တွင် သူ၏အပြုံး ရုတ်တရက် အေးခဲသွားသည်။ထိုစကားကြားလိုက်ရသည်နှင့် လူတိုင်း၏မျက်လုံးများသည် “အခွင့်အရေးယူကာ” မင်းသမီးလေးပြောသော “လှပသည့်”နေရာကို အာရုံစိုက် လိုက်ကြသည်။

ရှီရာ မျက်မှောင်ကြုတ်လိုက်သည်။

“ အဲလစ်။နင် အရမ်းရိုင်းတယ်။လေဒီကို မြန်မြန် တောင်းပန်လိုက်။ ”

“ အဲ့ဒါက အရမ်းလှတယ်။ ”

အဲလစ်သည် ကြေကွဲဝမ်းနည်းစွာ နှုတ်ခမ်းစူလိုက်ပြီး မျက်လုံးဝိုင်းဝိုင်းမှ မျက်ရည်များ ဝဲနေပုံ ပေါက်သွားသည်။

“ အဲလစ် အဲဒီလည်ဆွဲကို ကြိုက်တယ်..... ”

မင်းသမီးလေး ပြောနေသည့်အရာကို လူတိုင်း ရုတ်တရက် သဘောပေါက်သွားသည်။ သူတို့သည် လည်ဆွဲအား “ကျေးဇူးတင်သော” မျက်လုံးများဖြင့် တစ်ခေါက်ပြီး တစ်ခေါက် ကြည့်နေလိုက်ကြသည်။အများစုမှာ လည်ဆွဲအောက်ကိုသာ အာရုံစိုက် နေကြလေသည်။

အဲလစ် တမင်လုပ်ခဲ့ကြောင်း ချန်လွေ့သိသည်။ထိုလှည့်ကွက်ကို ထိုစိတ်နှလုံး မကောင်းသော လိုလီနှင့် ပထမဆုံးတွေ့ခဲ့စဉ်က ချန်လွေ့ တွေ့ခဲ့သည်။ရေခဲတုံးအစ်မ၊ စိတ်နှလုံးမကောင်းသော လိုလီ နှင့် ဆွဲဆောင်မှုရှိပြီး ရင့်ကျက်သော အမျိုးသမီးတို့ တိုက်ပွဲတွင် အိမ်ကွင်းအဖွဲ့က ပထမအကြိမ်၌ အနိုင်ရရှိခဲ့သည်။

အစ်ဇဘယ်လာသည် ချက်ချင်း သတိပြန်ဝင်လာသည်။သူသည် ဘေးနားမှ မျက်လုံးများကို အာရုံမထားဘဲ သဘောထားကြီးကြီးနှင့် ပြောသည်။

“ မင်းသမီးလေး ချီးမွမ်းတဲ့အတွက် ကျေးဇူးတင်ပါတယ်။နောက်တော့ ညီမလေးကို သိပ်လှတဲ့ လည်ဆွဲတစ်ခု မမ လက်ဆောင်ပေးမယ်။ ”

အဲလစ် ချက်ချင်း အငိုတိတ်သွားပြီး ပြုံးလိုက်သည်။

“ ကျေးဇူးတင်ပါတယ်။မမ။ ”

ထို့နောက် လူအုပ်သည် အမှောင်လနန်းတော်၏ ကောင်စီခန်းမသို့ ရောက်လာကြသည်။ပုံမှန်ဂုဏ်ပြု အခမ်းအနားတစ်ခုပြီးနောက်တွင် ရှီရာသည် သူတို့အား တစ်ယောက်ပြီးတစ်ယောက် မိတ်ဆက်ပေးသည်။

ချန်လွေ့သည် ယမန်နေ့ကတည်းက ထိုသူများကို ရှီရာထံမှ သိရှိခဲ့ရသည်။

အစ်ဇဘယ်လာသည် ကြယ်ကြွေတမန် အင်ပါယာမြို့တော်၏ အကျော်ကြားဆုံး မိန်းမလှဖြစ်ပြီး အင်ပါယာပန်းပွင့်ဟု သိကြသည်။လေဒီ မိစ္ဆာထောင်ခြောက် သူ၍လည်း လူသိများသည်။နတ်ဆိုးဘုံရှိ မိစ္ဆာထောင်ခြောက်သည် နာမည်ကြီး အဆိပ်ပန်းတစ်မျိုး ဖြစ်သည်။၎င်း၏ပုံသဏ္ဍာန်သည် အလွန်လှပသော်လည်း ကြောက်မက်ဖွယ်ရာ အဆိပ်အတောက်ရှိသည်။ဆေးရည်တစ်မျိုးမျိုး ပြုလုပ်ပြီးသည့်အခါ ၎င်းသည် လူများအား စွဲစေပြီး ၎င်း၏အဆိပ်အောက်တွင် တစ်လှမ်းချင်း ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ်စေအောင် ပြုလုပ်နိုင်သည်။

လေဒီ မိစ္ဆာထောင်ခြောက်သည် အကြိမ်ကြိမ် အိမ်ထောင်ပြောင်းသည်။သို့သော်လည်း သူ၏ ယောက်ျားများသည် ကြာကြာ အသက်မရှင်ပေ။လက်တလော သူ လက်ထပ်ထားသူမှာ ဝန်ကြီးချုပ် အယ်တွန်၏သား ဘိုဂန်(စ်)ဖြစ်ပြီး သိပ်မကြာခင်၌ သူသည် မုဆိုးမ ဖြစ်သွားကြန်သည်။အစ်ဇဘယ်လာသည် မိန်းမတစ်ယောက် ဖြစ်သော်လည်း ကွန်ရက်ကျယ်ပြန့်ပြီး အဆင့်မြင့်နည်းလမ်းများရှိကာ ဘုရင်ခံ၏ နက်နက်ရှိုင်းရှိုင်း ယုံကြည်မှုကို ရရှိထားသည်။သူ၏ လက်ရှိ အဆင့်အတန်းမှာ ဘဏ္ဍာရေးအကြံပေးဖြစ်ပြီး ဘဏ္ဍာရေးဝန်ကြီး လီဂူအား အင်ပါယာတစ်ခုလုံး၏ စီးပွားရေးနှင့် ဘဏ္ဍရေးကို စီမံရာ၌ အကူအညီပေးရသည်။ဘဏ္ဍာရေးဝန်ကြီး လီဂူမှာ စိတ်ကူးပုံရိပ်တစ်ခုသာဖြစ်ပြီး အမှန်တကယ် တာဝန်ယူထားသူမှာ ထိုလှပသော မိစ္ဆာထောင်ခြောက် ဖြစ်သည်ဟုလည်း ပြောကြသည်။အစ်ဇဘယ်လာသည် အမှန်တကယ်ပင် ဘုရင်ခံအိုစီဒန်၏ မယားငယ် ဖြစ်ကြောင်း ကောလာဟလများလည်း ရှိသည်။မည်သို့ပင်ဆိုစေကာမူ သူသည် အင်ပါယာ၏ အာဏာပြပုံရိပ်များထဲမှ တစ်ခု ဖြစ်လေသည်။

အမှောင်နတ်ဆိုးလူပု တာတာသည် ယန္တရားအစည်းအရုံး၌ နာမည်ကြီးဆရာသခင် တစ်ယောက်ဖြစ်သည်။သူသည် မှော်ကိရိယာများ ထုတ်လုပ်ရာ၌ ကျွမ်းကျင်သည်။ သူသည် တိုင်းပြည်မဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်။သို့သော်လည်း အင်ပါယာ သုံးခုလုံးက သူ့ကို ဧည့်သည်တော်ကြီးအဖြစ် ဆက်ဆံကြသည်။ အကြောင်းပြချက်တစ်ခုမှာ တာတာ၏ ထူးချွန်သောစွမ်းရည်အား လေးစား၍ဖြစ်ပြီး အခြားအကြောင်းရင်းတစ်ခုမှာ ယန္တရားအစည်းအရုံးအား မျက်နှာသာပေးရန် ဖြစ်သည်။ယန္တရားအစည်းအရုံးနှင့် ဆေးရည်ပညာရှင် အစည်းအရုံးတို့ကို စုပေါင်း၍ အဂ္ဂိရတ်အစည်းအရုံးဟု သတ်မှတ်ကြသည်။အဂ္ဂိရတ်၏ ကိုင်းခွဲနှစ်ခုကြောင့် ထုတ်လုပ်ခြင်းနှင့်ဆေးရည်ပြုလုပ်ခြင်းတို့သည် အလွန်ကွဲပြားသော ပညာရပ်ဆိုင်ရာများ ရှိကြပြီး လုံးဝသီးခြား မဟာမိတ်များ ဖြစ်ကြသည်။ ထုတ်လုပ်ခြင်းသည် ပို၍ခက်ခဲသည်။ယန္တရားဆရာသခင် အရေအတွက်မှာ ဆေးရည်ဆရာသခင်ထက် ပိုမိုနည်းပါးပြီး အတိုင်းအတာ တစ်ခုအထိ ပို၍တန်ဖိုးရှိကြသည်။

ယခုတစ်ခေါက်တွင် ဆရာသခင်တာတာသည် အမှောင်လမြို့သို့ အစ်ဇဘယ်လာနှင့်အတူ လမ်းကြုံလိုက်လာခြင်း ဖြစ်ပုံရသည်။သူသည် ဘယ်(လ်)ဇီဘတ် တော်ဝင်မိသားစုအား စုံစမ်းရာ၌ ဘာမျှမသက်ဆိုင်ပေ။ ဆရာသခင်ခမ့်(ပ်)သည် အထူးအေးဂျင့်များထဲမှ တစ်ယောက်ဖြစ်သည်။ဆေးရည် ဆရာသခင်တစ်ယောက် ဖြစ်သည့်အလျောက် သူ၏ရည်ရွယ်ချက်မှာ တွေးဆရ ထိုက်တန်ပေသည်။ဆာဂီ၏ ခဖင်ဖြစ်သူ ဒိုရန်ရု(စ်)သည် အင်ပါယာရှိ ဗိုလ်ချုပ် သုံးယောက်ထဲမှဖြစ်ပြီး အသီနာ၏ဖခင် ဂျော့(ခ်ျ)ဝေး(လ်)(စ်)ထက်နိမ့်သည်။ ဒိုရန်ရု(စ်)သည် အိုစီဒန်ထံသို့ အညံ့ခံသော အစောဆုံး အင်ပါယာ ဗိုလ်ချုပ်ဖြစ်သည်။သူတို့သားအဖ နှစ်ယောက်စလုံးကို ဘုရင်ခံက အလေးအနက် ထားသည်။ဆရာသခင်ခမ့်(ပ်)သည် ရှီရာနားရှိ ချန်လွေ့အား အလျင်အမြန်ပင် မှတ်မိသွားသည်။အကြောင်းမှာ ထိုလူသားအလုပ်သင်သည် ခရမ်းသလင်းကျောက် ဒင်္ဂါး၅၀ ယူသွားကာ ပြန်လည်သတင်းမပို့သောကြောင့်ပင်။ထိုသူသည် အမှောင်လမြို့၏ ငြိမ်ဝပ်ပိပြားရေး အရာရှိ အသစ်ဖြစ်ကြောင်း ရှီရာပြောသည်ကို ကြားလိုက်သည့်အခါ ခမ့်(ပ်)သည် ချက်ချင်းပင် ထိတ်လန့်သွားသည်။သူက စွပ်စွဲမည့်အတွေးများကို ဖယ်ရှားလိုက်သည်။အစ်ဇဘယ်လာသည်ပင် ချန်လွေ့အား တစ်ခေါက်ထက် ပိုကြည့်မိသည်။တစ်ဦးတည်းသော မတုံ့ပြန်သူမှာ ဆရာသခင်တာတာပင် ဖြစ်သည်။အတိအကျပြောရလျှင် အမှောင်နတ်ဆိုးလူပုသည် အစကတည်းက အနီးအနား၌ မည်သူမျှ ရှိမနေသည့်သဖွယ် လက်ထဲမှ သလင်းကျောက်ကိုသာ အာရုံစိုက်ပြီး ကစားနေခဲ့သည်။မင်းသမီးရှီရာဖြစ်စေ၊ လေဒီ အစ်ဇဘယ်လာဖြစ်စေ၊ လူသားငြိမ်ဝပ်ပိပြားရေး အရာရှိဖြစ်စေ၊ သူတို့သည် ထိုကဲ့သို့ မထင်မရှား သလင်းကျောက်ကဲ့သို့ ဆွဲဆောင်မှု ရှိမနေပေ။ဆာဂီသည် ချန်လွေ့အား လူပုံလယ် ပျက်ရယ်ပြုလိုက်သည်။

“ အမှောင်လမြို့မှာ ဘယ်သူမှ မရှိတော့ဘူးလား။ငြိမ်ဝပ်ပိပြားရေးအရာရှိက တကယ့်ကို စွမ်းအားမဲ့ လူသားတစ်ယောက် ဖြစ်နေတယ်။ ”

ချန်လွေ့ ရှက်သွားပုံရပြီး ခေါင်းငုံ့ကာ [ သရုပ်ခွဲမျက်လုံး ] ကို တိတ်တဆိတ် အသက်သွင်းလိုက်ရာ ဆာဂီ၏အချက်အလက် ပေါ်လာသည်။

မျိုးနွယ် = မဟာနတ်ဆိုး(သန္ဓေပြောင်း)။

စွမ်းအားအကဲဖြတ်မှု = [ D- ] ။

ထိုဆာဂီသည် မောက်မာပြီး လူတိုင်းကို အထင်သေးသည်။လွန်ခဲ့သော ၅နှစ်က သူသည် အင်ပါယာ ဓားပညာပြိုင်ပွဲ၌ အသီနာအား ဆိုးဆိုးဝါးဝါး ရှုံးနိမ့်ခဲ့ရသည်။ယခင်တစ်ခေါက် အမှောင်လမြို့သို့ ဆန်ဒရိုနှင့်အတူ သူလာစဉ်က သူ့ကို အသီနာ စိန်ခေါ်ရာ အဲဒက်(စ်)ကို စိန်ခေါ်မည့် ဆန်ဒရို၏ “အရေးကြီးကိစ္စ”ကို ပျက်စီးအောင် လုပ်မိလုနီးပါး ဖြစ်သွားခဲ့သည်။အသီနာနှင့် ရွယ်တူ ဖြစ်သည့် အလျောက် အမြင့်ဆင့်နတ်ဆိုးသို့ ရောက်နိုင်သည်ကပင် ပါရမီရှင်ဟူ၍ ဆိုနိုင်ပြီဖြစ်သည်။

အမှောင်လမြို့သို့ ပထမဆုံး လာခဲ့စဉ်က ဆာဂီသည် အမြင့်ဆင့်နတ်ဆိုး မဟုတ်သေးပေ။မကြာသေးခင်ကမှ အဆင့်တက်သွားခဲ့ပုံရသည်။သို့သော်လည်း အသီနာသည် နတ်ဆိုးဘုရင်အဆင့် နှောင်းပိုင်းသို့ အလျင်အမြန် ချဉ်းကပ်နေပြီ ဖြစ်သည်။နှစ်ဝက်အတွင်းမှာပင် အသီနာသည် မဟာနတ်ဆိုးဘုရင်အဆင့် ရောက်နိုင်သည်။ဆာဂီလုံးဝ ယှဉ်နိုင်မည်မဟုတ်တော့ပေ။

အမှောင်နတ်ဆိုးလူပု မျိုးနွယ်သည် [သန္ဓေပြောင်း] ဟု အသိပေးချက်ပေါ်လာသည်။ စွမ်းအားအကဲဖြတ်မှုမှာ [ E+ ] ဖြစ်ပြီး အလယ်ဆင့်နတ်ဆိုး နှောင်းပိုင်း ဖြစ်သည်။ဆရာသခင် ခမ့်(ပ်)သည် အလယ်ဆင့်နတ်ဆိုး အလတ်ပိုင်း ဖြစ်သည်။

[ အစ်ဇဘယ်လာ ]

မျိုးနွယ် = ပျင်းရိခြင်း တော်ဝင်မိသားစု။

စွမ်းအားအကဲဖြတ်မှု = [ B+ ] ။

အစ်ဇဘယ်လာနှင့် ရိုမန်တို့ နှစ်ယောက်စလုံးသည် ဘယ်ဖီဂေါ တော်ဝင်မိသားစုဝင် ဖြစ်ကြသည်။

ချန်လွေ့ ထိတ်လန့်သွားသည်။ ရှီရာပြောတဲ့အတိုင်းဆိုရင် အစ်ဇဘယ်လာက လူစီဖာ တော်ဝင်မိသားစုရဲ့ အရေးကြီးအဖွဲ့ဝင်တစ်ယောက်ပဲ။[ သရုပ်ခွဲမျက်လုံး ] က ဘာလို့ ပျင်းရိခြင်း တော်ဝင်မိသားစုလို့ ပြရတာလဲ။

[ သရုပ်ခွဲမျက်လုံး ] က မမှားနိုင်ဘူး။ရှီရာရဲ့ သတင်းအချက်ကများ ပြဿနာတစ်ခုခု ရှိနေတာလား။ ဒါမှမဟုတ် အစ်ဇဘယ်လာကပဲ ပြဿနာ ဖြစ်နေတာလား။ ချန်လွေ့သည် သံသယများဖြင့် တိတ်တဆိတ် ခေါင်းငုံ့နေသည်။

ဆာဂီက ချန်လွေ့အား လူသိရှင်ကြား အရှက်ခွဲနေကြောင်း မြင်သည့်အခါ အင်ပါယာမြို့တော်မှ ထိုဗိုလ်ချုပ်အပေါ် အဲလစ်၏အမြင်သည် အနိမ့်ဆုံးအထိ ချက်ချင်း ကျဆင်းသွားတော့သည်။သူ စကားပြောမည်ပြင်လိုက်စဉ် ရှီရာ၏ အေးစက်စက် အသံကို ကြားလိုက်ရသည်။

“ ဗိုလ်ချုပ် ဆာဂီ။ဘယ်လိုပဲဖြစ်ဖြစ် ငြိမ်ဝပ်ပိပြားရေး အရာရှိချန်လွေ့က ကျွန်မတို့ အမှောင်လမြို့ကို ကိုယ်စားပြုတယ်။စကားကို သေချာကြည့်ပြောပါ။ ”

ရှီရာနှင့် ရင်ဆိုင်ရသည့်အခါ ဆာဂီသည် မရိုင်းစိုင်းရဲတော့ပေ။သူ လှောင်ပြုံးပြုံး လိုက်သော်လည်း ချန်လွေ့အား ဆက်ပြီး ပျက်ရယ်မပြုတော့ပေ။သို့သော်လည်း သူ၏မျက်လုံးထဲရှိ အထင်သေးသော အကြည့်များမှာတော့ တစ်စက်လူပုမျှ မလျှော့သွားခဲ့ပေ။

အစ်ဇဘယ်လာက ပြောသည်။

“ ကျွန်မ သိရသလောက်ဆိုရင် ဒီချန်လွေ့ရဲ့ အရာရှိရာထူးကိုရတဲ့ ခရီးလမ်းက ဝတ္ထုဆန်တယ်။ဒါပေမဲ့ ဆာ-ချန်လွေ့က ဆရာသခင်အဲဒက်(စ်)ရဲ့ တစ်ဦးတည်သော တပည့်ဆိုတော့ တစ်နေရာရာ ထူးချွန်မှာပဲ။ကောင်းပါပြီ။ဘယ်လ်ဇီဘတ် တော်ဝင်မိသားစုကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ မဆွေးနွေးခင် ဒီ‌တစ်ခေါက် ဆရာသခင် တာတာ ဒီကိုလာရတဲ့ ရည်ရွယ်ချက်ကို အရင်နားထောင် ကြည့်လိုက်ရအောင်။ဆရာသခင် တာတာ။ဆရာသခင်။ ”

အစ်ဇဘယ်လာသည် ဆရာသခင်တာတာအား ရိုသေသမှု ပြုပြီး အကြိမ်ကြိမ် အော်ခေါ်သော်လည်း အမှောင်နတ်ဆိုးလူပုသည် လက်ထဲမှ သလင်းကျောက်ကို ကစားနေဆဲပင် ဖြစ်သည်။သူ ဘာကိုမျှ မကြားသကဲ့သို့ပင်။အစ်ဇဘယ်လာကဲ့သို့ မိန်းမလှတစ်ယောက်ကို ဆရာသခင်တာတာက လျစ်လျူရှုနေခြင်းသည် ဒုစရိုက်ပြစ်မှု တစ်ခုကဲ့သို့ပင် လူအများက တပြိုင်နက်တည်း ဒေါသထွက်သွားကြသည်။

လိုလီလေးတစ်ယောက်သာ ပြုံးလျက် ဝင့်ကြွားနေသည်။ ဟမ့်။ရင်သားကြီးတာက ဘာများကောင်းလို့လဲ။

All Chapters