← Chapters

သူရဲကောင်းစစ်သည် တာတာ။စီးချင်းထိုးရန် တောင်းဆိုခြင်း

Vol. 14 Ch. 207

သူရဲကောင်းစစ်သည် တာတာ။စီးချင်းထိုးရန် တောင်းဆိုခြင်း

Vol. 14 Ch. 207

“ ဆာ-အက်(ဂ်)ယော ”

စကိုင်းက ကျေးဇူးတင်ကြောင်း ဖော်ပြသည်။

“ မင်း အသက်ဓာတ်ရေစင်ကို ဒီလောက်မြန်မြန် ရနိုင်မယ်လို့ မထင်ထားခဲ့ဘူး။ ဘယ်လိုကျေးဇူးတင်ရမှန်းတောင် မသိတော့ဘူး။ ငါ ဟိုက်ဒြာသားရေတွေကို အခြောက်ခံပြီးပြီ။ ပြီးတော့ မင်းက စာရင်းထဲက ကုန်ကြမ်းပစ္စည်းတွေ စုဆောင်းပြီးပြီ။ လိုအပ်တယ်ဆိုရင် ကျုပ်အခုပဲ ကတိအတိုင်း ဖြည့်ဆည်းပေးပါ့မယ်။ ”

“ အခု မလိုသေးဘူး.... ”

ချန်လွေ့သည် “နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး” အား [ အထူးစိစစ်မှု ] ဖြင့် ထွင်းဖောက် အဖြေရှာရဦးမည် ဖြစ်သည်။

“ တစ်လလောက် ကျုပ်ထွက်သွားရမယ်။ပြန်လာမှ ဆွေးနွေးကြတာပေါ့။ ”

စကိုင်းက ချန်လွေ့အား နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်သည်။

“ ငါ့သမီးတွေကိုခေါ်ပြီး ထွက်သွားမှာကို မစိုးရိမ်ဘူးလား။ ”

“ ဒါပေါ့။စိုးရိမ်တာပေါ့။ ”

ချန်လွေ့ ပုခုံးတွန့်ပြသည်။

“ အခုတော့ အသက်ဓာတ်ရေစင်ကို ကျုပ် လွယ်လွယ်နဲ့ ထုတ်ပေးခဲ့မိတာကို နည်းနည်း နောင်တရသွားပြီ။ ”

စကိုင်း ပြုံးပြီး ချန်လွေ့အား လေးလေးနက်နက် ကြည့်လိုက်သည်။

“ မင်း နောင်တရမှာ မဟုတ်ပါဘူး။ ”

“ ဆာက နောင်တ ရတာလား။ ”

အလျန်က သိချင်စိတ်ဖြင့် မေးသည်။

“ အလျန်ရဲ့ ဇာမျက်နှာလွှားနောက်ကွယ်က စစ်မှန်တဲ့ အပြုံးရင် စောစော မြင်နိုင်မယ်ဆိုတဲ့ အတွေးနဲ့တင် နောင်တရတော့မယ် မထင်ဘူး။ ”

ချန်လွေ့က အလျန်၏ခေါင်းကို ပွတ်သပ်လိုက်မိပြန်သည်။ အမှောင်နတ်သူငယ် ကောင်မလေး နှစ်ယောက်၏မျက်နှာများသည် ကျိန်စာကြောင့် ရုပ်ဆိုးသွားကြောင်း ချန်လွေ့သိသည်။သူတို့သည် အမြဲပင် အရှက်ရနေပြီး မျက်နှာကို ဇာမျက်နှာလွှားဖြင့် ဖုံးအုပ်ထားတတ်ကြသည်။

စကိုင်းက ကြင်နာတတ်သည့် မျက်နှာ ပြသလိုက်သည်။ သူ၏အတွေ့အကြုံအရ အက်(ဂ်)ယောသည် ဟန်ဆောင်နေခြင်းမဟုတ်ကြောင်း သိသည်။အမှန်တကယ်၌ အက်(ဂ်)ယောသည် နောက်တစ်လနေမှသာ ပြန်လာပြီး သူပြုလုပ်ထားသည့် သားရေချပ်ကာနှင့် လဲလှယ်ရန် အသက်ဓာတ်ရေစင်ကို ထုတ်ပေး၍ရသည်။

“ ဂျက်စီကို တပည့်အဖြစ် လက်ခံမိတာကို ငါ သိပ်ကျေးဇူးတင်မိတယ်။ ”

စကိုင်း ဆိုလိုသည်မှာ ဂျက်စီမှတစ်ဆင့် ဝတ်ရုံဂိုဏ်းသို့လာရခြင်းမှာ အကြီးမားဆုံး ကံတရားဖြစ်ကြောင်းပင် ဖြစ်သည်။

ထိုအချိန်၌ ဆရာသခင် တာတာ၏အသံ ထွက်ပေါ်လာသည်။

“ အဲဒီပုလင်းထဲမှာရှိနေတာက အသက်ဓာတ် ရေစင်လား။ကျုပ်ကို နည်းနည်းပေးလို့ ရမလား။ ”

အမှန်တကယ်၌ စကိုင်းသည် တာတာ၏ “ သရုပ်ပြမှု ” ကို ကြည့်နေခဲ့ပြီး ထိုအမှောင် နတ်ဆိုးလူပုသည် အသုံးအဆောင်ပစ္စည်း ပြုလုပ်ရာ၌ ကျွမ်းကျင်သော ယန္တရားဆရာသခင် ဖြစ်ကြောင်း သိခဲ့သည်။ သို့ရာတွင် သူကိုယ်တိုင်သည် သားရေပစ္စည်းပြုလုပ်ရာ၌ ကျွမ်းကျင်သည့် ယန္တရားဆရာသခင်တစ်ယောက်ဖြစ်ပြီး မဟာနတ်ဆိုးဘုရင်အဆင့် ပုဂ္ဂိုလ်တစ်ယောက်လည်း ဖြစ်သည်။ ထို အသက်ဓာတ်ရေစင်သည် သူ့သမီးနှစ်ယောက်၏ ကျိန်စာဖြေရန်နှင့် သက်ဆိုင်သည့် အတွက် တာတာကို အာရုံမထားဘဲ အိ(ဗ်)နှင့် အလျန်တို့ကို အခန်းထဲသို့ တစ်ခါတည်း ခေါ်သွားသည်။

“ ဟေး။ကျုပ်က ယန္တရား ဆရာသခင် တစ်ယောက်ပါ။ခင်ဗျားက ဘာလို့ မလေးမစား လုပ်တာလဲ။ခင်ဗျားရဲ့ အသက်ဓာတ်ရေစင်ကို မှော်ပစ္စည်းတွေနဲ့ လဲလှယ်လို့ရမလား။ ”

စကိုင်း မရပ်တန့်ဘဲ မထီမဲ့မြင်နှင့် အခန်းထဲသို့ လမ်းလျှောက်သွားကာ တံခါးပိတ်လိုက်သည်။

တာတာသည် လေးစားခံရခြင်းကို ကျင့်သားရနေပြီ ဖြစ်သည်။ထိုကဲ့သို့ အခြေအနေမျိုး တစ်ခါမျှ မကြုံဖူးခဲ့ပေ။ သူ၏ဘေး၌ မိန်းမလှတစ်ယောက် ရှိမနေခဲ့လျှင် သူရန်လိုသွားလိမ့်မည် ဖြစ်သည်။

ထိုအချိန်၌ အသံအက်အက်တစ်သံ ထွက်လာသည်။

“ ခင်ဗျားက အသက်ဓာတ်ရေစင်ကို ဘာလုပ်ဖို့ လိုတာလဲ။ ”

မျက်နှာဖုံးနှင့် ဝတ်ရုံ ခြုံထားသောသူသည် အမှောင်နတ်သူငယ်အား အသက်ဓာတ်ရေစင် ပေးခဲ့သူဖြစ်ကြောင်းကို တာတာ သိသည်။ သူ့ထံတွင် အသက်ဓာတ်ရေစင် ရှိနေသေးပုံရသည်။ တာတာသည် ချက်ချင်းပင် ချန်လွေ့ကို စေ့စေ့ကြည့်ပြီး ပြောလိုက်သည်။

“ ဒီတော့ မင်းက မစ်-ဆာဆာ ပြောတဲ့ ခေါင်းဆောင်ပေါ့။ ”

“ မင်းငါ့ကို ဒီခေါ်လာတာ ဘာရည်ရွယ်ချက်ပဲရှိရှိ ငါ့ကိုစိတ်ဝင်စားမှုကို ရသွားပြီ။ ”

တာတာက အေးစက်စက်နှင့် တတွတ်တွတ် ပြောလိုက်သည်။

“ အဲဒါမတိုင်ခင်တော့ ဖြေရှင်းရမယ့် ကိစ္စတစ်ခု ရှိနေသေးတယ်။ ”

ချန်လွေ့ အံ့အားသင့်သွားပြီး မေးသည်။

“ ဘာများလဲ။ ”

တာတာက ဝတ်ရုံကို ဖယ်ရှားပြီး သတ္တိရှိခြင်းနှင့် အကြောက်တရားကင်းမဲ့မှုကို ပြသလိုက်သည်။

“ စီးချင်းထိုးရအောင်။တကယ့်ယောက်ျားတွေ လိုမျိုးပေါ့။ ”

“ အိုး။ဟုတ်သား။ဒါလည်း ရှိသေးတယ်။ ”

တာတာက လက်အိတ်ဖြူတစ်စုံ ထုတ်လိုက်သည်။၎င်းမှာ အသေအချာပင် ကောင်းမွန်သော မှော်ပစ္စည်း တစ်မျိုးဖြစ်သည်။သို့သော်လည်း တာတာသည် တစ်ချက်မကြည့်ဘဲ မြေပြင်ပေါ်သို့ ပစ်ချလိုက်၏။

လက်အိတ် ပစ်ပေးတာလား။ နတ်ဆိုးဘုံမှာ ဘယ်တုန်းက ဒီလိုအရာမျိုး ရှိသွားတာလဲ။ ချန်လွေ့သည် စိန်ခေါ်လာသည့် လူပုလေးကိုကြည့်ပြီး ဝေခွဲမရဖြစ်သွားသည်။ အဂ္ဂိရတ်ပညာကြောင့် သူ့ဦးနှောက်ပျက်သွားတာများလား။

တစ်ဖက်တွင်လည်း ဆာဆာသည် ချက်ချင်းပင် လက်ခုပ်တီးပြီး အားပေးလိုက်သည်။ သူ၏မျက်လုံးများ၌ အလင်းရောင်များ တောက်ပနေပြီး စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေ၏။

ချန်လွေ့ အနည်းငယ် သဘောပေါက်သွားသည်။ပြဿနာမှာ ဤ မစ်-ဆာဆာနှင့် သက်ဆိုင်နေပေသည်။

“ ဆရာသခင် တာတာ။မပြိုင်ခင် ကျုပ်ကိုဘာလို့ စိန်ခေါ်တာလဲဆိုတာ သိခွင့်ရှိမယ် ထင်ပါတယ်။ ”

ဆရာသခင် တာတာ ကြက်သေသေသွားပြီး ဆာဆာကို မေးသည်။

“ ဒီလိုမျိုး ဖြစ်ရမှာလား။ ”

“ ထင်တာပဲ။ ”

မစ်-ဆာဆာက ဟောင်းနွမ်းနေသော စာအုပ်ငယ်လေး တစ်အုပ်ကို စိတ်လှုပ်တရှားနှင့် ထုတ်လိုက်သည်။ထို့နောက် တံတွေးစွပ်ပြီး သုံးလေးရွက် လှန်ကာ ခပ်ကျယ်ကျယ် ဖတ်ပြသည်။

“ စီးချင်းတိုက်ပွဲမှာ သေဆုံးသွားမယ်ဆိုရင် တိုက်ပွဲကျသွားတဲ့ သူရဲကောင်းလိုမျိုး သဂြိုဟ်ပေးမယ်။ယှဉ်ပြိုင်သူက ထနိုင်ပြီးတော့ အရှုံးပေးမယ်ဆိုရင် လူအားလုံးက အထင်သေးကြမယ်။ စိန်ခေါ်တာကို ငြင်းတဲ့သူတွေက ပိုဆိုးတယ်။သူတို့တွေက နှင်ထုတ်ခံရတယ်။ မုတ်ဆိတ် ထားခွင့်မပြုဘူး။ မြင်းစီးခွင့်မပြုဘူး.... ”

ဖတ်မပြီးသေးခင်မှာပင် ဆာဆာ၏လက် ပေါ့ပါးသွားသည်။ထိုစာအုပ်သည် ချန်လွေ့လက်ထဲသို့ ရောက်ရှိသွား၏။ အဖုံးပေါ်ရှိ “ မင်းသမီးလေးရဲ့ သူရဲကောင်းစစ်သည် ” ဟူသော စာသားသည် ချန်လွေ့သည် ဆွံ့အသွားစေသည်။

ဒီဝတ္ထုရဲ့ ပြင်းပြင်းထန်ထန် မှိုင်းတိုက်တာကို ဒီမိန်းကလေး ခံနေရတယ်။ လိုလီလေး လိုမျိုးပဲ။ တော်သေးတာပေါ့။ ဒါက တော်တော်လေး “ သင့်တင့်တဲ့ ” ဝတ္ထုဖြစ်လို့။ လူတိုင်းသာ လိုလီလေး လိုမျိုးဆိုရင်တော့......

ချန်လွေ့ ရုတ်တရက် တွေးမိသွားသည်။ တကယ်လို့ ငါ့ကို ချောင်းမြောင်း တိုက်ခိုက်တာက အဲလစ် မဟုတ်ဘဲ မစ်-ဆာဆာ ဆိုရင် ...ဘုရား.....ဘုရား.....ဘုရား....

ဘေးမှ နတ်ဆိုးလူပုအိုကြီး ဒီဒီက အခြေအနေ မကောင်းကြောင်း မြင်သည့်အခါ ဆာဆာကို ဆွဲထုတ်ပြီး ခပ်ကျယ်ကျယ် အပြစ်တင်လိုက်သည်။

“ ခေါင်းဆောင်ကို ဘာလို့ စီးချင်းထိုးဖို့ တိုက်တွန်းရတာလဲ။ ”

“ မစ်-ဆာဆာကို အပြစ်မတင်ပါနဲ့။ကျုပ်က လိုလိုလားလားနဲ့ လုပ်ခဲ့တာပါ။ ”

တာတာက လေးစားစွာ ပြောသည်။

“ မစ်-ဆာဆာလိုမျိုး လှပပြီးတော့ ကြင်နာတတ်တဲ့ မိန်းလူပုမျိုး ကျုပ်တစ်ခါမှ မတွေ့ဖူးဘူး။ ”

အဖြစ်အပျက်မှာ ဤကဲ့သို့ဖြစ်သည်။ရှေးဟောင်း လှေကားထစ်အိမ်၌ စောင့်နေရင်း တာတာ စိတ်မရှည်တော့ဘဲ ဝတ်ရုံဂိုဏ်းတစ်လျှောက် ပတ်သွားကြည့်သည်။ နတ်ဆိုးလူပုအိုကြီး ဒီဒီက တာတာ၏ ဆရာသခင်အဆင့်အတန်းကို သိပြီး သခင်ဖြစ်သူက ထိုဆရာသခင်ကို အမှီပြုချင်ကြောင်း သိသည့်အတွက် စောင့်ကြပ်နေသော ဝတ်ရုံဂိုဏ်းသားများကို တာတာအား မတားဆီးရန် အမိန့်ပေးထားခဲ့သည်။

နောက်ဖေးသို့ ရောက်လာသောအခါ အထူး “ မှော်ပစ္စည်း ”တစ်မျိုးနှင့် ကစားနေသော မိန်းမလှ နတ်ဆိုးလူပု တစ်ယောက်ကို တာတာ တွေ့လိုက်ရသည်။တာတာသည် အသုံးအဆောင်နဲ့ ကိရိယာတန်ဆာပလာ၌ ကျွမ်းကျင်သော ဆရာသခင် တစ်ယောက်ဖြစ်သည်။ထို“မှော်ပစ္စည်း”က ထူးခြားနေကြောင်း သူချက်ချင်း သိသည်။

ထိုပစ္စည်းတွင် သတ္တုဝိုင်ယာများဖြင့် ပြုလုပ်ထားသော ကွင်း(၉)ကွင်းရှိသည်။ ကွင်းများကို ရေပြင်ညီ အပြား ( သို့မဟုတ် ) အမျိုးမျိုးသော ဘောင်ပေါ်တွင် ထားထားပြီး လက်ကိုင်နှင့် ချည်ထား၏။၎င်းသည် အလျန်ကို ချန်လွေ့ပေးခဲ့သော ၅တိုင်ပဟေဠိ ဖြစ်သည်။ထိုပစ္စည်းသည် မင်းသမီး လက်လီစတိုး၌ ပေါ်ထွက် မလာသေးပေ။ဆိုလိုသည်မှာ လက်ကျန် မရှိတော့၍ဖြစ်သည်။

အလျန်နှင့် ဆာဆာတို့သည် သူငယ်ချင်းကောင်းများ ဖြစ်ကြသည်။ဆာဆာသည် အထူးကောင်းမွန်လှသော လက်လုပ်ပစ္စည်းအချို့ကို အလျန်အား ပေးလေ့ရှိသည်။ အလျန်ကလည်း ဆာဆာကို ၅တိုင်ဗ‌ဟေဠိ လက်ဆောင်ပြန်ပေးခဲ့သည်။

၅တိုင်ပဟေဠိသည် တရုတ်ရိုးရာကစားစရာ တစ်ခုဖြစ်ပြီး ဖြေရှင်းနည်းအမျိုးမျိုး ရှိသည်။၎င်းကို ပိုင်းခြား၊ပေါင်းစပ်ပြီး နည်းလမ်းအမျိုးမျိုး ပြောင်းလဲ၍သည်။ အသုံးအဆောင်နှင့် ကိရိယာတန်ဆာပလာ ဆရာသခင်တစ်ယောက် အနေဖြင့် တာတာသည် ထိုကဲ့သို့ဆန်းကြယ်သော “မှော်ပစ္စည်း” ကို တစ်ခါမျှ မတွေ့ဖူးခဲ့ပေ။ ထို့ကြောင့် သူသည် အဆင်တန်ဆာ အသေးလေးတစ်ခုနှင့် လဲလှယ်ရန် ချက်ချင်း ကမ်းလှမ်းလိုက်သည်။

အမှန်တကယ်၌ ထိုအဆင်တန်ဆာသည် ထူးကဲအဆင့် မှော်လက်ကောက်သာ ဖြစ်သည်။ တစ်ဖက်လူ ငြင်းမည်ကို တာတာ စိုးရိမ်နေသေးသည်။ဆာဆာက တစ်ဖက်လူသည် နတ်ဆိုးဘုံ၏ နာမည်ကြီး ဆရာသခင်တစ်ယောက်ဖြစ်ကြောင်း မသိခဲ့ပေ။ဝတ်ရုံဂိုဏ်းသား အသစ်တစ်ယောက်ဟုသာ ထင်မှတ်နေခဲ့သည်။ ဆာဆာသည် ပစ္စည်းများအကြောင်းကို မသိသော်လည်း လက်ကောက်မှ အရောင်စုံလင်းလက်နေသည်ကို သ‌ဘောကျသွားပြီး လဲလှယ်ရန် သဘောတူလိုက်သည်။ တာတာက ၅တိုင်ပဟေဠိအား ကိုးရိုးယားရားနှင့် ဖြေရှင်းနေကြောင်း ဆာဆာတွေ့သည့်အခါ အားတက်သရောနှင့် ကစားပုံ ကစားနည်းကို သင်ကြားပေးလိုက်သည်။

နောက်ဆုံး၌ တာတာသည် ၅တိုင်ပဟေဠိ၏ လျို့ဝှက်ဆန်းကြယ်မှုအချို့ကို သဘောပေါက်သွားပြီး စိတ်ထဲ၌ ပျော်မိသွားသည်။ဆာဆာလည်း လက်ကောက်၏ မှော်အစွမ်းများကို ကလိပြီး အလွန်အမင်း ဆန်းသစ်ကြောင်း တွေ့ရှိသွားသည်။ ထို့နောက် သူငယ်ချင်းနှစ်ယောက်ဖြစ်သော အလျန်နှင့်အိ(ဗ်)ကိုခေါ်ပြီး ကြွားလုံးထုတ် တော့သည်။ အိ(ဗ်)နှင့် အလျန်တို့လည်း စိတ်ဝင်စားသွားပြီး အခြားကစားစရာများကို ထုတ်ကာ တာတာနှင့် ကစားတော့သည်။သူတို့သည် နတ်ဆိုးတိုက်ပွဲ စစ်တုရင်လည်း နှစ်ပွဲကစားခဲ့ကြသည်။

ထို“မှော်ပစ္စည်းများ”သည် အလွန်ပင် စွဲမက်စရာကောင်းလှသည်။ရှာရုံဖြင့် မရရှိနိုင်သော အတွေးအမြင်အသစ်များကိုလည်း ရယူနိုင်ခဲ့ရုံသာမက အမှောင် နတ်ဆိုးလူပု၏ နှစ်ပေါင်းများစွာ ပိတ်ထားသော နှလုံးသားသည်လည်း မယုံနိုင်စရာကောင်းလောက်အောင် လှုပ်ခါသွား၏။

တာတာသည် ငယ်စဉ်က အတော်လေး အဖိနှိပ်ခံရပြီး အနိုင်ကျင့်ခံရသည်။ခက်ခက်ခဲခဲ အချိန်များကို ကျော်ဖြတ်ပြီးနောက် သူသည် ယန္တရားဆရာသခင် တစ်ယောက်နောက်သို့ ကံကောင်း၍ လိုက်ခဲ့ရပြီး နောက်ဆုံး၌ တတ်ကျွမ်းသွားခဲ့သည်။ထို့နောက် သူ၏စွမ်းရည်များ ပို၍တိုးတက်လာသည့်အခါ လေးစားခံလာရသည်။သို့သော်လည်း အမှောင် နတ်ဆိုးလူပုက ထိုလူများသည် မိမိ၏တန်ဖိုးကိုသာ တန်ဖိုးထားကြောင်းသိသည်။ဤကဲ့သို့ တန်ဖိုးကိုလျစ်လျူရှုပြီး စိတ်အေးလက်အေး ရင်းနှီးသည့် နွေးထွေးသော ခံစားမှုမျိုးကို သူ မခံစားရသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။

တာတာ၏မျက်လုံးထဲ၌ ထိုမိန်းမလှလေးသည် ဆွဲဆောင်မှု ရှိရုံသာမက ကြင်နာစိတ်လည်း ရှိသည်။သူ၏တန်ဖိုးအတွက် တမင်ချဉ်းကပ်လာကြသော အခြားမိန်းမများနှင့် လုံးဝမတူညီပေ။ ဆရာသခင် တာတာက ထိုမိန်းမများကို လုံးဝ ဂရုမစိုက်ပေ။သူတို့သည် မှော်ကုန်ကြမ်းတစ်ခုလောက်ပင် ဆွဲဆောင်မှု မရှိပေ။ သို့သော်လည်း ထိုလှပပြီး ကြင်နာတတ်‌သော မိန်းကလေးသည် သူ့ကို အထင်အမြင်ကောင်း ပေးစွမ်းသည်။ ဆရာသခင်သည် စေ့ဆော်မှုကို မထိန်းနိုင်တော့ပေ။

ထိုမိန်းမလှလေးကို ကျေနပ်စေရန်အတွက် ဆရာသခင် တာတာသည် တလက်လက် တောက်ပသော ပစ္စည်းများကို ထုတ်ပြပြီး တစ်ခုပြီးတစ်ခု သရုပ်ပြသည်။ အမှန်တကယ်၌ ထိုပစ္စည်းများ၏ တန်ဖိုးနှင့်စွမ်းအားသည် ပုံပန်းသွင်ပြင် အရောင်များထက် ပို၍သာလွန်သည်။သို့သော်လည်း အမှောင်နတ်ဆိုးလူပု၏စိတ်ထဲ၌ ၎င်းတို့၏ အကြီးမားဆုံးတန်ဖိုးမှာ မူလက မည်သည့်တန်ဖိုးမှမရှိသော ထိုရောင်ခြည်များထက် သာလွန်နေသည်။

အချိန်အတော်ကြာ တုံ့ဆိုင်းပြီးနောက် ဆရာသခင် တာတာသည် သတ္တိမွေးပြီး မစ်-ဆာဆာအား ချစ်ကြိုက်ကြောင်း ဖွင့်ပြောလိုက်သည်။ထိုကဲ့သို့ မြင်မြင်ချင်း အချစ်မျိုးက သူရဲကောင်းစစ်သည် ဝတ္ထုများ၏ မှိုင်းမိထားသော မစ်-ဆာဆာ၏ မျက်လုံးများကို အရောင်တောက်သွားစေသည်။

သို့သော်လည်း မစ်-ဆာဆာ၌ ပိုးပန်းသူ မနည်းလှပေ။သူက လူသစ်ကို လေးစားအားကျသော်လည်း သဘောကျနေသူ ရှိကြောင်း ပါးပါးနပ်နပ် ပြောလိုက်သည်။ဆရာသခင် တာတာ ဝမ်းနည်းနေစဉ် မစ်-ဆာဆာက သူသည် ရဲရင့်သော သူရဲကောင်းစစ်သည်များကို လေးစားအားကျကြောင်း အရိပ်အမြွက် ပေးခဲ့သည်။ အကယ်၍ တာတာသာ စီးချင်းထိုးပွဲ၌ အနိုင်ရမည်ဆိုလျှင် မစ်-ဆာဆာက သူ့ကို အမြင်ပြောင်းသွားမည် ဖြစ်သည်။

အထက်ပါကိစ္စများသည် နတ်ဆိုးလူပု သူရဲကောင်းစစ်သည် ဆရာသခင်က မစ်-ဆာဆာ နှစ်သက်သော အက်ဂ်ယောအား လက်အိတ်ဖြူ ပစ်ပေးရသည့် အကြောင်းရင်း ဖြစ်သည်။၎င်းကို နားထောင်ပြီးနောက် “ အက်ဂ်ယော ” စိတ်လေသွားသည်။

နတ်ဆိုးလူပုအိုကြီး ဒီဒီသည် သမီးဖြစ်သူ၏ အကျင့်များကိုသိသည်။သူသည် မြေပြင်ပေါ်မှ လက်အိတ်ကို ကောက်ယူပြီး ဆာဆာအား စတင် ဆိုဆုံးမတော့သည်။ ဆရာသခင် တာတာလည်း အနည်းငယ် ကြောင်တောင်တောင် ဖြစ်သွား၏။ မိန်းမလှလေးပြောခဲ့သည်မှာ တစ်ဖက်လူက လက်အိတ်ပစ်ပေးပြီး အခြားသူက လက်ခံလျှင် အခြားသူသည် စီးချင်းထိုးခြင်းကို လက်ခံလိုက်ခြင်းပင် ဖြစ်သည်။ အခြားသူသည် ယှဉ်ပြိုင်ရန်အတွက် လက်အောက်ငယ်သားကိုလည်း စေလွှတ်၍ ရသည်။

လက်အိတ်ကို ကောက်ယူလိုက်သူမှာ မိန်းမလှလေး၏ ‌အဖေဖြစ်ပြီး အက်(ဂ်)ယော၏ လက်အောက်ခံ ဖြစ်ပုံရသည်။ ငါသဘောကျတဲ့ မိန်းကလေးရဲ့ အဖေ၊ ငါ့ရဲ့ယောက္ခမလောင်းကို သေတဲ့အထိ ငါတိုက်ခိုက်ရတော့မှာလား။

အမှောင် နတ်ဆိုးလူပု ဆရာသခင်၏ စိတ်ထဲ၌ ကမောက်ကမ ဖြစ်နေ၏။ထိုအချိန်၌ “ယောက္ခမလောင်း” သည် သမီးဖြစ်သူကို ဆုံးမပြီးသွားပြီး လမ်းလျှောက်လာသည်။ တစ်ပတ်လည် ဖျောင်းဖျပြီးနောက်တွင် ဆရာသခင် တာတာသည် စိန်ခေါ်မည့် အကြံအစည်ကို လက်လျှော့လိုက်သည်။“ ယောက္ခမလောင်း ” ဖြစ်သူက တောက်ပနေသော လက်အိတ်တစ်စုံကို အိပ်ကပ်ထဲ ခိုးထည့်လိုက်သည်ကိုမူ တာတာ သတိမထားမိခဲ့ပေ။

ခဏကြာပြီးနောက် -

“ ဆရာသခင် တာတာ။ကျုပ်တို့ သဘောထား ကွဲလွဲတာကို ဖြေရှင်းပြီးပြီ ထင်ပါတယ်။ ကျုပ်ကိုယ်ကျုပ် အရင်မိတ်ဆက်ပေးပါရစေ။ကျုပ်က ဝတ်ရုံဂိုဏ်းခေါင်းဆောင် အက်(ဂ်)ယောပါ။ကျုပ်ရဲ့ ကိုယ်ပိုင် ဂုဏ်သိက္ခာနဲ့ ပြတ်ပြတ်သားသား ပြောပါ့မယ်။ ကျုပ်က မစ်-ဆာဆာနဲ့ ခင်ဗျား ထင်သလိုမျိုး ပတ်သက်မှု မရှိပါဘူး။ကျုပ်တို့တွေက မိတ်ဆွေတွေပါပဲ။ ”

ဆရာသခင် တာတာက ကျေနပ်စွာ ခေါင်းညိတ်သည်။ထိုမျက်နှာဖုံးနှင့်လူအပေါ် သူ၏အမြင် တဟုန်ထိုး တိုးတက်သွား၏။ဆရာသခင် တစ်ယောက်ဖြစ်သည့် အလျောက် တာတာသည် ငတုံးမဟုတ်ပေ။တစ်ဖက်လူက သူ့ကို ဤနေရာသို့ ဆွဲခေါ်လာခြင်းသည် အကြံစည်တစ်ခုခု ရှိ၍ဖြစ်ကြောင်း သူသိသည်။

သို့သော်လည်း လှပပြီးကြင်နာတတ်သော မိန်းကလေးသည် လှည့်ကွက်တစ်ခု မဟုတ်ကြောင်း တာတာ အလိုလိုသိနေသည်။

“ မင်းဘာလိုချင်တာလဲ။ပြော။ ”

ဆရာသခင် နတ်ဆိုးလူပုသည် သာလွန်သော ဆရာသခင်စိတ်နေစိတ်ထား ပြန်ရရှိသွားသည်။သူသည် ထိုကဲ့သို့လူမျိုးများနှင့် ရင်းနှီးသည်။သူတို့သည် သူ့ကို ပစ္စည်းတစ်မျိုးမျိုးကိုသာ လုပ်စေချင်ကြသည်။

“ အသက်ဓာတ်ရေစင်အပြင် ကျုပ်မှာ ထိပ်တန်း လရောင်ကျောက်လည်း ရှိတယ်။

ဆရာသခင် တာတာ တုန်လှုပ်သွားပြီး အလျင်အမြန် ပြောသည်။

“ ငါမင်းကို မှော်ပစ္စည်း သုံးခု....မဟုတ်ဘူး.... ငါးခု လုပ်ပေးမယ်။ ”

All Chapters