← Chapters

လျှပ်တပြက်။တော်ဝင်မိသားစု(၇)ခုထဲ၌ အစွမ်းထက်ဆုံး အမြန်နှုန်းပါရမီ

Vol. 15 Ch. 211

လျှပ်တပြက်။တော်ဝင်မိသားစု(၇)ခုထဲ၌ အစွမ်းထက်ဆုံး အမြန်နှုန်းပါရမီ

Vol. 15 Ch. 211

စူပါစနစ်ထဲရှိ ကြယ်စင်စုဥယျာဉ်မှ အသိပေးချက် အသံတစ်ခု ထွက်လာသည်။

“ အမည်မသိ ရေအရင်းအမြစ်။ရွှေ့ပြောင်းရန် အရှိန်အဝါ ၅သောင်း လိုအပ်သည်။ ရွှေ့ပြောင်းချင်ပါသလား။ ”

တကယ် ရွှေ့ပြောင်းလို့ရတာပဲ။ အရင် အတွေ့အကြုံအရဆိုရင်‌တော့ ကြယ်စင်စု ဥယျာဉ်ဆီ ပို့ပြီးတော့ နေရာအသစ်ကို ရွှေ့ပြောင်းတဲ့အခါ မူရင်းအရွယ်အစားအတိုင်း ပြန်ရရှိနိုင်တယ်။

“ ဂယ်လန်။မိတ်ဆွေ။ဒီရေကန်ကို ပြန်ဆယ်လို့ရတယ်ဆိုတာ ကျုပ် အတည်ပြုပြီးပါပြီ။ ”

ချန်လွေ့က ဝိုင်ဗန်ဘုရင်ကို ပြောသည်။

“ ပြောင်းရွှေ့နေထိုင်ဖို့နေရာအတွက် ကျုပ်မှာ အကြံပေးစရာတစ်ခုရှိတယ်။ကျုပ်နေတဲ့ အမှောင်လနယ်မြေဆီ ခင်ဗျားရဲ့လူတွေကို ဦးဆောင်သွားလို့ရတယ်။အဲဒီနေရာမှာ ခင်ဗျားတို့နေဖို့ ဘယ်နေရာကိုမဆို ရွေးချယ်လို့ရတယ်။ဝိုင်ဗန်တွေကလည်း အကာအကွယ် ရရှိနိုင်တယ်။ဝိုင်ဗန်တွေရဲ့ မျိုးပွားဖို့နဲ့ တိုးချဲ့ဖို့အတွက် နတ်ဆိုးသားရဲမုဆိုးလိုမျိုး ကျူးကျော်တဲ့အပြုအမူတွေကို တားမြစ်ထားတယ်။ဒါပေမဲ့ အပြန်အလှန်အနေနဲ့ ရန်သူတွေ ကျူးကျော်လာတဲ့အခါ ကျုပ်တို့တွေ ဝိုင်ဗန်တွေရဲ့စွမ်းအားကို လိုအပ်တယ်။ ”

ဝိုင်ဗန်ဘုရင် ခဏစဉ်းစားပြီးပြောသည်။

“ ငါမင်းကိုယုံပါတယ်။မိတ်ဆွေ။ဖြစ်နိုင်မယ်ဆိုရင် အခုချက်ချင်း ပြောင်းရွှေ့ချင်တယ်။ အဲဒီကြောက်စရာကောင်းတဲ့ရန်သူအပြင်ကို စမ့်မြေမှာ အပြင်လူတွေ ပိုပိုပြီး ပေါ်ထွက်လာတယ်။သူတို့က နတ်ဆိုးသားရဲမုဆိုးတွေ ဟုတ်မဟုတ်တော့ ငါလည်း မသိဘူး။ငါ့ရဲ့လူတွေက မလိုအပ်တဲ့ ထိခိုက်ဆုံးရှုံးမှုတွေ ထပ်ပြီး မဖြစ်စေချင်တော့ဘူး။ ”

“ အပြင်လူတွေ ရောက်လာတယ်လား။ ”

ချန်လွေ့၏နှလုံးသား လှုပ်ရှားသွားသည်။

“ ဒီတစ်ခေါက် အသံတိတ်ည စိမ့်မြေဆီကို ကျုပ်လာခဲ့တာက ဝိုင်ဗန်တွေအတွက်ပဲ မဟုတ်ဘူး။တခြားအရေးကြီးကိစ္စလည်း ရှိသေးတယ်။ကင်းထောက် ဝိုင်ဗန်တွေ လွှတ်ပြီးတော့ လူနှစ်ယောက်ကို စောင့်ကြည့်ထားပေး။သတင်းရတာနဲ့ အမြန်ဆုံး ပို့ပေး။ ကျုပ် ရေကန်ကို အထူးစွမ်းရည်နဲ့ စုဆောင်းလိုက်မယ်။ကျုပ်ထွက်သွားရင် ခင်ဗျားနဲ့ ခင်ဗျားရဲ့လူတွေ ရှီလန်တောင်ကို သွားပြီးတော့ ကျုပ်ကိုစောင့်နေ။ခီဂူနှင့် တခြားသူတွေ နေရာသိတယ်။ကျုပ် ဒီကိစ္စပြီးတာနဲ့ ခင်ဗျားတို့‌ဆီကို ချက်ချင်းလာခဲ့မယ်။ ”

ချန်လွေ့သည် ဒေလီယာနှင့် ရိုမန်တို့၏ ပုံပန်းသွင်ပြင် အသေးစိတ်ကို ဖော်ပြလိုက်သည်။ ဝိုင်ဗန်ဘုရင်သည် ချက်ချင်းပင် ဝိုင်ဗန်အများအပြားအား ကင်းထောက်ရန် စေလွှတ်ပြီး တစ်ချိန်တည်းမှာပင် ပြောင်းရွှေ့နေထိုင်ရန် စတင်စီစဉ်တော့သည်။ချန်လွေ့လည်း ကြယ်စင်စုဥယျာဉ်ကို အသက်သွင်းပြီး ရေကန်ကို သိမ်းဆည်းထားလိုက်သည်။

ကြယ်စင်စုဥယျာဉ်ထဲသို့ အစိမ်းရောင် အဆိပ်ကန်တစ်ခု ရောက်ရှိသွားသည်။ ကံကောင်းစွာပင် ကြယ်စင်စုဥယျာဉ်၌ အံ့ဩဖွယ်ရာအစွမ်းတစ်ခု ရှိနေသည်။ အပင်တစ်ပင်၊ရေအရင်းအမြစ် တစ်ခုစီသည် သီးခြားကြီးထွားမှု နေရာတစ်ခု ဖြစ်သည်။ အချင်းချင်း မထိတွေ့ကြပေ။ထို့ကြောင့် မိစ္ဆာသစ်သီး၊အရှိန်အဝါသစ်သီးနှင့် အခြားအပင်များပေါ်၌ တိုက်စားမှုများ၊မကောင်းသော သက်ရောက်မှုများ မဖြစ်ပေ။

ဝိုင်ဗန်အသိုက် ပြောင်းရွှေ့ရန်အတွက် ပြင်ဆင်ခြင်း လုံးဝပြီးစီးလုနီးပါး ဖြစ်သွားသည့်အခါ ကင်းထောက် ဝိုင်ဗန်တစ်ကောင်က ရိုမန်နှင့်တူသော နတ်ဆိုးတစ်ယောက်ကို စန္ဒာကန်တစ်ဝိုက်၌ တွေ့ကြောင်း သတင်းလာပို့သည်။

စန္ဒာကန်သည် ဝိုင်ဗန်အသိုက်နှင့် အတော်လေးဝေးကွာပြီး မြေအနေအထားမှာလည်း ရှုပ်ထွေးသည်။သို့သော်လည်း နတ်ဆိုးဘုရင်အဆင့် ဝိုင်ဗန်၏ အမြန်နှုန်းဖြင့် မိုးပေါ်မှတန်းတန်းမတ်မတ် ပျံသန်သည့်အခါ သုံးလေးနာရီသာ ကြာသည်။စန္ဒာကန်သို့ ရောက်ပြီးသည့်အခါ ထိုသူသည် စန္ဒာကန် ဧရိယာမှ တစ်ခါမျှ မထွက်သွားကြောင်း ကင်းထောက် ဝိုင်ဗန်ထံမှ ချန်လွေ့ သိလိုက်ရသည်။

အဝေးတစ်နေရာရှိ ရေကန်ဘေး သစ်ပင်ကြီးတစ်ပင်ကိုမှီကာ မြေပြင်ပေါ်တွင် ထိုင်နေသော ပုံရိပ်တစ်ခုကို ချန်လွေ့ တွေ့လိုက်ရသည်။ထိုသူသည် လက်ထဲတွင် ဝိုင်တစ်ပုလင်းကိုင်ထားပြီး စိမ်ပြေနပြေ သောက်နေ၏။

ချန်လွေ့သည် ဒိုဒိုကို ဝိုင်ဗန်များထံ၌ ချန်ထားပြီး ဝတ်ရုံနှင့်မျက်နှာဖုံးကိုဝတ်ကာ ဖြည်းဖြည်းချင်း ချဉ်းကပ်လာသည်။အမှန်တကယ်ပင် ၎င်းသည် ရှီလန်တောင်၌ ချန်လွေ့အား အချစ်ရူးလက်စွပ် ပေးခဲ့သော ရိုမန်ပင် ဖြစ်လေသည်။

မျိုးနွယ် = [ ပျင်းရိခြင်း တော်ဝင်မိသားစု ] ။

စွမ်းအားအကဲဖြတ်မှု = [ C ] ။

အဆင့်မြင့် [ သရုပ်ခွဲမျက်လုံး ] က ရိုမန်၏ စွမ်းအားအဆင့် အသေးစိတ်ကို ပြသလိုက်သည်။နတ်ဆိုးဘုရင် အလယ်ဆင့်။

ရှီလန်တောင် အဓိကတွင်း ဝင်ပေါက်၌ သူတို့တွေ့ခဲ့စဉ်က ရိုမန်သည် အမြင့်ဆင့်နတ်ဆိုးသာ ရှိသေးသော ချန်လွေ့ကိုရင်ဆိုင်ရာ၌ ဓားမြှောင် ထုတ်ခဲ့သည်။ ၎င်းမှာ ချန်လွေ့အား မြင့်မြင့်မှန်းခြင်းဟု သတ်မှတ်၍ရပေသည်။သို့သော်လည်း ရိုမန်၏ ကြွားလုံးထုတ်ခြင်းက ကိစ္စကြီးတစ်ခု ဖြစ်ခဲ့သည်။သို့မဟုတ်ဘဲ အစကတည်းက သတ်ရန်ဆုံးဖြတ်ခဲ့လျှင် ချန်လွေ့၌ “အမှောင်ဆန္ဒ” ရှိသည့်တိုင် ရိုမန်ထံမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

ကြယ်တာရာကူးပြောင်းခြင်း တိုးတက်နှုန်းနှင့် အယ်ခိတ်အခြေအနေ၏ ဝိသေသ လက္ခဏာများအရ ချန်လွေ့၏စွမ်းအားသည် နတ်ဆိုးဘုရင် အလယ်ဆင့်ထက် နိမ့်ကျနိုင်သော်လည်း မဝေးလှပေ။[ အရုဏ်ဦးပစ်ချက် ] ကို ရိုမန်အလွယ်တကူ ပိုင်းဖြတ်နိုင်ခဲ့သောမြင်ကွင်းကို စဉ်းစားမိရင်း ချန်လွေ့၏စိတ်ထဲ၌ ပြိုင်ဆိုင်ချင်စိတ် မြင့်တက်လာသည်။

ရိုမန်သည် တစ်စုံတစ်ယောက် ချဉ်းကပ်လာသည်ကို သတိထားမိသည်မှု ကြာပြီဖြစ်သည်။ သို့သော်လည်း ချန်လွေ့သည် [ အသက်အောင့် ] အစွမ်းဖြင့် အမြင့်ဆင့်နတ်ဆိုး ထိပ်သီးပိုင်း အငွေ့အသက်၌ ထိန်းထားသည့်အတွက် ရိုမန်သည် ချန်လွေ့ကို မမြင်သကဲ့သို့ပင် ဆက်လက်သောက်နေလေ၏။

“ ငါ မင်းဆီကို လာတာ။ ”

ရိုမန်က ချန်လွေ့ကို ပျင်းပျင်းရိရိနှင့် ဖျပ်ခနဲ ကြည့်လိုက်သည်။

“ ငါမင်းကို မသိဘူး။ ”

ချန်လွေ့သည် လိုင်ရာမြို့ မြေအောက်ခန်း၌ မီးတောက်အတွင်း သေဆုံးသွားခဲ့သော အမျိုးသမီးကို ရုတ်တရက် တွေးမိလိုက်သည်။သူ ပင့်သက်ရှိုက်ပြီး အေးစက်စက်နှင့် ပြောသည်။

“ မင်းငါ့ကို မသိတာ ဘာမှမဖြစ်ဘူး။မင်းရှုပ်ခဲ့တဲ့ မိန်းမတစ်ယောက်ကို သိရင်ပြီးတာပဲ။ ”

“ ငါရှုပ်ခဲ့တဲ့ မိန်းမတွေက တစ်ထောင်မရှိရင်တောင် အနည်းဆုံး ရာနဲ့ချီတယ်။ ”

ရိုမန်က ဝိုင်တစ်ငုံသောက်ပြီး ထိုင်လျက်သာ နေသည်။

“ မင်းဘယ်သူ့ကို ပြောတာလဲဆိုတာကို ငါဘယ်လိုလုပ် သိမှာလဲ။ ”

ထိုပမာဏက ချန်လွေ့ကို ဆွံ့အသွားစေသည်။ချန်လွေ့ အေးစက်စက်နှင့် ပြန်ပြောသည်။

“ အဲဒီမိန်းမက ငါ့ကို ဘာမှမပြောပေမဲ့ ငါမင်းကို သူ့အတွက် ဆုံးမပေးဖို့ ဆုံးဖြတ်ထားတယ်။ ”

“ ဒီတော့ မင်းက မိန်းမကျေနပ်အောင် လုပ်ပေးတဲ့သူပေါ့။မင်း အသက်မရှင် ချင်တော့ဘူးလား။ ”

ရိုမန်က ချန်လွေ့ကို တစ်ချက်ကြည့်ပြီး ဝိုင်အကုန် သောက်လိုက်သည်။

“ ဒါပေမဲ့ အဲဒါကြောင့် ငါမင်းကို မင်းရဲ့မိန်းမနဲ့ အသက်ရှင်လျက် ပြန်တွေ့ခွင့် ပေးလိုက်မယ်။ ”

“ မဟုတ်ဘူး။အဲဒီမိန်းမက ငါနဲ့ဘာမှမဆိုင်ဘူး။ပြီးတော့လည်း.....သူက သေသွားပြီ။ ”

ချန်လွေ့၏လေသံ ရုတ်တရက် တိုးသွားသည်။

ထိုစကားကြောင့် ရိုမန် မျက်မှောင်ကြုတ်သွား၏။ထို့နောက် ချန်လွေ့ ပြေးဝင်လာပြီး မျက်နှာတည့်တည်သို့ လက်သီးဖြင့် ပစ်ထိုးသည်ကို ရိုမန် မြင်တွေ့လိုက်ရသည်။ အမြန်နှုန်းနှင့် ခွန်အားသည် ထင်ထားသည်ထက် ကျော်လွန်နေပြီး အမြင့်ဆင့်နတ်ဆိုး လုံးဝမဟုတ်နိုင်ပေ။

ထိုအချိန်၌ ချန်လွေ့၏အကြည့် ထူးဆန်းသွားသည်။[ သရုပ်ခွဲမျက်လုံး ] ထဲတွင် ရိုမန်၏ အချက်အလက်များ ရှိ‌မနေတော့ပေ။ချက်ချင်းနီးပါးမှာပင် သူ၏လက်သီးသည် ခုခံမှုမရှိဘဲ “ရိုမန်”၏ ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားသည်။[ နောက်ကျန်ပုံရိပ် ] ပေတည်း။

ရိုမန်က ဘယ်အချိန်တုန်းက ရှောင်တိမ်းဖို့ အစွမ်းထုတ်လိုက်တာလဲ။ဘာမှ မသိလိုက်ဘူး။ အမြင့်နတ်ဆိုး၌ရှိနေစဉ်က ချန်လွေ့သည် ရိုမန်၏အမြန်နှုန်းကို မမြင်နိုင်ခဲ့ပေ။ သို့သော်လည်း ယခု သူတို့၏ စွမ်းအားများ နီးကပ်သွားသည့်အချိန်တွင်လည်း အတူတူပင် ဖြစ်သည်။

ထိုလက်သီးချက် လွဲချော်သွားသည့်အခါ [ သရုပ်ခွဲမျက်လုံး ] မှ အသိပေးချက်တစ်ခု ထွက်ပေါ်လာသည်။တစ်ချိန်တည်းမှာပင် ကပ်ဘေးတစ်ခုက ပြင်းထန်သောလေနှင့်အတူ နောက်ဘက်မှ ရောက်လာသည်။

ချန်လွေ့သည် စိတ်ကိုစေစားပြီး ထိုတိုက်ကွက်ကို ရှောင်တိမ်းရန် တယ်လီပို့ ခုန်လိုက်သည်။ ချန်လွေ့၏ခန္ဓာကိုယ် တည်ငြိမ်သွားစဉ်မှာပင် ရိုမန်သည် သူ့ထံသို့ မယုံနိုင်စရာအမြန်နှုန်းဖြင့် ပြေးဝင်လာသည်ကို မြင်လိုက်ရသည်။ရိုမန်သည် ချန်လွေ့အရှေ့သို့ မျက်စိတစ်မှိတ်အတွင်းမှာပင် ရောက်ရှိသွားခဲ့သည်။

နောက်ဆုံး၌ ချန်လွေ့၏ ရိုမန်၏ အမြန်နှုန်း အစစ်အမှန်ကို မြင်တွေ့သွားခဲ့ရသည်။ ချန်လွေ့သည် စိတ်ထဲ၌ ကြက်သီးထသွား၏။အကယ်၍ [ တယ်လီပို့ခုန်ခြင်း ] ကို လျှပ်စီးနှင့် ယှဉ်၍ရသည်ဆိုလျှင် ရိုမန်သည် ကွင်းဆက်လျှပ်စီးပင် ဖြစ်သည်။ သုံးလေးခေါက် ဖျပ်ခနဲပျောက်သွားပြီးနောက် ရိုမန်သည် [ တယ်လီပို့ခုန်ခြင်း ] အကာအဝေးကို ကျော်လွှားနိုင်ခဲ့ပြီး ချန်လွေ့အရှေ့သို့ ရောက်ရှိသွားသည်။

ရိုမန်၏လှုပ်ရှားမှုများသာမက တိုက်ခိုက်ရေး အမြန်နှုန်းများမှာလည်း ကြောက်မက်ဖွယ် ကောင်းလှသည်။သူ၏လက်သီးများသည် ဆယ်ခုမက ဖြစ်သွားပုံရသည်။ချန်လွေ့ အတွေးတစ်ခုဝင်သွားပြီး သူ၏ခြေထောက်၌ အရှိန်မြင့်စေရန်အတွက် “ ခြေလှမ်းဖိနပ် ” ပေါ်ထွက်လာသည်။ချန်လွေ့၏ သွက်လက်နှုန်းသည် ရိုမန်ကို အံ့အားသင့်သွားစေသည်။ သို့သော်လည်း အမြန်နှုန်းနှင့်ပတ်သက်၍ ရိုမန် လုံးဝ ယုံကြည်ချက်ရှိနေသည်။ထို့ကြောင့် သူသည် မျက်စိတစ်မှိတ်အတွင်းမှာပင် တိုက်ခိုက်ပြန်သည်။ခြေလှမ်းဖိနပ်၏အကူအညီ ရှိသော်လည်း ချန်လွေ့၏ အမြန်နှုန်းမှာ နိမ့်ကျနေဆဲပင် ဖြစ်သည်။

ချန်လွေ့ လက်ဝှေ့ရမ်းလိုက်ရာ ရိုမန်၏ခန္ဓာကိုယ်ပေါ်၌ ကာကီရောင် အလင်းရောင်များ ပေါ်ထွက်လာသည်။ရုတ်တရက် ရိုမန်သည် ကော်ကပ်ခံရသကဲ့သို့ပင် လှုပ်ရှားမှုများ နှေးကွေးသွားသည်ဟု ခံစားလိုက်ရသည်။သူက အလွန်ပင် ကြိုးစားအားထုတ်နေရသည်။ မြေမှော်ပညာ ဖြစ်သော [ အရှိန်လျှော့ ] ပင် ဖြစ်လေသည်။

ခြေလှမ်းဖိနပ်နှင့် [ အရှိန်လျှော့ ] တို့နှင့်အတူ ချန်လွေ့၏အမြန်နှုန်းသည် ရိုမန်ထက်သာသွားသည်။

“ဘုန်း”

ချန်လွေ့၏လက်သီးချက်ကို ရိုမန် ခုခံလိုက်သည်။ရုတ်တရက် ရိုမန်၏ခန္ဓာကိုယ် ပတ်ပတ်လည်၌ အစိမ်းရောင်အလင်းများ တောက်ပလာသည်။ ထိုအစိမ်းရောင် အလင်းနှင့်အတူ ရိုမန်၏ ကြောက်မက်ဖွယ်ရာအမြန်နှုန်း ပြန်လည်ရရှိလာသည်။ ချန်လွေ့လည်း တိုက်ခိုက်နေရာမှ ခုခံခြင်းအဖြစ် ပြောင်းသွားရပြီး နောက်ပိုင်း၌ ရှောင်တိမ်းနေရသည်။

ထိုအစိမ်းရောင်အလင်းသည် လေမှော်ပညာဖြစ်သော [ အရှိန်တိုး ] ဖြစ်သည်။ “ဝတ်ရုံနှင့်လူ”ကဲ့သို့ပင် ရိုမန်၏မှော်ပညာသည်လည်း ရွတ်စရာ မလိုအပ်ပေ။သို့သော် သူ၏ [ အရှိန်တိုး ] သည် [ အရှိန်လျှော့ ] သက်ရောက်မှုကို မပယ်ဖျက်နိုင်သည့်အတွက် ရိုမန် ထိတ်လန့်သွားသည်။

မှော်ပယ်ဖျက်မှုသည် မှော်စွမ်းအား၏ သန့်စင်မှုနှင့် အဆင့်ပေါ် မူတည်သည်။ ရိုမန်၏စွမ်းအားသည် ချန်လွေ့ထက် မြင့်သော်လည်း မှော်စွမ်းအား သန့်စင်မှု၌ ချန်လွေ့ထက် နိမ့်ကျသည်။မြေမှော်ပညာ သန့်စင်မှုသက်သက်ကို အခြေခံလျှင် မြေဒြပ်စင်နှလုံးသား ပိုင်ဆိုင်ထားသော ချန်လွေ့ကို နတ်ဆုံးဘုံ၌ မည်သူမျှ ယှဉ်နိုင်မည် မဟုတ်ပေ။

ကံမကောင်းစွာပင် ချန်လွေ့သည် မှော်ပညာ အကြောင်း ဘာမျှမသိပေ။ သူအသုံးပြုလိုက်သည့် မြေမှော်ပညာအားလုံးသည် မြေဒြပ်စင်နှလုံးသား၏ စွမ်းအားအပေါ်၌ မူတည်သည်။ထို့ကြောင့် အဆင့်နှင့်အချိန် အကန့်အသတ်ရှိသည်။ သို့မဟုတ်ဘဲ ချန်လွေ့သည် အဆင့်မြင့် မှော်ပညာများကို အေး‌အေးဆေးဆေး ချက်ချင်း အသုံးပြုနိုင်သည်ဆိုလျှင် အောက်လမ်းဆရာများ၊ သေရွာပြန်များအတွက် နေစရာ မရှိတော့ပေ။

[ အရှိန်လျှော့ ] ၏ သက်ရောက်မှု ကုန်ဆုံးသွားသည်ကိုမြင်ပြီး ချန်လွေ့ လက်ဝှေ့ရမ်း လိုက်ပြသည်။ယခုတစ်ခေါက်၌ ၎င်းမှာ တိုးမြှင့်မှုတစ်ခု ဖြစ်သည်။[ ကျောက်ကိုယ်ထည် ] ပေတည်း။

လေမှော်ပညာ [ အရှိန်တိုး ] သည် အရှိန်ကို တိုးစေသည်။သို့သော်လည်း ခုခံမှုကို လျော့ကျစေသည်။တစ်ဖက်၌ [ ကျောက်ကိုယ်ထည် ] သည် ခုခံမှုကိုတိုးစေသည်။သို့သော် “ ဘေးထွက်ဆိုးကျိုး ” မှာ အမြန်နှုန်းကို အကြီးအကျယ် လျော့ကျစေခြင်းပင် ဖြစ်သည်။

ရိုမန် မျက်မှောင် တင်းတင်းကြုတ်လိုက်သည်။ ဒီပြိုင်ဘက်ရဲ့ မှော်စွမ်းအားက တော်တော်လေး သန့်စင်တယ်။သူက ငါ့ကို မှော်ပညာအမျိုးမျိုး သုံးတယ်။အဲဒါတွေ အကုန်လုံးကလည်း တကယ် ထိရောက်တယ်။အဲဒီ [ ကျောက်ကိုယ်ထည် ]က တော်တော်လေးကို “ ဆိုးဝါး ” တယ်။ငါ့ရဲ့အမြန်နှုန်း လျော့ကျသွားပြန်ပြီ။

ချန်လွေ့သည် မှော်ပညာ အဆုံးမသတ်ခင်မှာပင် တတိယမြောက် မှော်ပညာတစ်ခု အသုံးပြုလိုက်သည်။ပတ်ဝန်းကျင်မြေသားများ တစ်လွှာနိမ့်ကျသွားသကဲ့သို့ ရိုမန်ခံစားလိုက်ရပြီး သူ၏ခန္ဓာကိုယ် အလေးချိန်လည်း ရုတ်တရက် နှစ်ဆ ဖြစ်သွားသည်။၎င်းမှာ [ မြေဆွဲအား ] ပင် ဖြစ်သည်။

[ မြေဆွဲအား ] သည် ချန်လွေ့ အသုံးပြုနိုင်သည့် အဆင့်အမြင့်ဆုံး မှော်ပညာ ဖြစ်သည်။ရိုမန်၏အမြန်နှုန်းသည် ချန်လွေ့၏မှော်ပညာအောက်တွင် အနိမ့်ဆုံးအထိ ရောက်ရှိသွားသည်။ရိုမန်၏ အကြည့် လေးနက်သွားသည်။ ဒီလူရဲ့ မှော်သုံးတဲ့ အမြန်နှုန်းက တော်တော်လေး မြန်တယ်။ဘာမန္တန်မှလည်း မရွတ်ဘူး။သူက မှော်ပညာကို တော်တော်လေး ကျွမ်းကျင်တာဖြစ်ရင်ဖြစ်၊ မဟုတ်ရင်တော့ ဒါက တော်ဝင်မိသားစုရဲ့ ကျွမ်းကျင်မှု ပါရမီပဲ ဖြစ်ရမယ်။

[ မြေမှော် ကျွမ်းကျင်မှု ]...။ဧကန္တ.. ဘယ်ဇီဘတ် တော်ဝင်မိသားစု များလား။

ရိုမန်သည် ပေါ့သေးသေး မဟုတ်ပေ။သူ၏လက်ထဲ၌ ဓားမြှောင်နှစ်လက် ပေါ်ထွက်လာပြီး မျက်လုံးထဲ၌လည်း သတ်ဖြတ်ချင်စိတ် အပြည့် ဖြစ်သွားသည်။

သူတို့နှစ်ယောက် အချင်းတိုက်ခိုက်ပြီး ခုခံကြကာ လက်ရည်ညီနေသည်။[ အရှိန်လျှော့ ] နှင့် [ မြေဆွဲအား ] သက်ရောက်မှုများ စတင်ပျောက်ကွယ်လာသည်။သို့သော်လည်း [ ကျောက်ကိုယ်ထည် ] ရှိနေသေးသည်။ရိုမန်၏ ဘယ်မျက်လုံး၌ အေးစက်မှုတစ်ခု ဖျပ်ခနဲဖြစ်သွားပြီး ခန္ဓာကိုယ်၏ အငွေ့အသက် မီးထတောက်သွားသည်။

ချန်လွေ့၏ [ သရုပ်ခွဲမျက်လုံး ] ၌ ရိုမန်၏အစွမ်းသည် ရုတ်တရက် [ C+ ] သို့ ပြောင်းလဲသွားသည်။ နတ်ဆိုးဘုရင်အဆင့် ထိပ်သီးပိုင်းပဲ။ဒီလူက သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားကို အေးအေးဆေးဆေး ထိန်းချုပ်နိုင်တာပဲ။

နတ်ဆိုးဘုရင်အဆင့် ထိပ်သီးပိုင်းသို့ ရောက်ရှိသွားသော ရိုမန်သည် ပို၍ပင် မြန်သွားသည်။အချိန်တိုအတွင်း မှော်ပညာတစ်ခုတည်း ထပ်ကာထပ်ကာ သုံးခြင်းသည် သက်ရောက်မှုကို လျော့ကျသွားစေသည်။ထို့ပြင် ချန်လွေ့၌ မှော်ပညာ အသုံးပြုရန် အချိန်လုံးဝ မရှိတော့ပေ။ဓားသွားမှ ထက်မြက်လှသောလေသည် သူ၏ခန္ဓာကိုယ်နား ကပ်လာသည်။ထို့ကြောင့် သူသည် တယ်လီပို့ခုန်ကာ ရှောင်တိမ်းလိုက်ရသည်။

ရိုမန်၏ ခန္ဓာကိုယ် ဖျပ်ခနဲ ပျောက်သွားပြီး ချဉ်းကပ်လာသည်။သူ၏ ဓားမြှောင် နှစ်ချောင်းသည် လျှပ်စီးကဲ့သို့ပင် ဖြစ်နေပြီး သိပ်သည်းသော ဓားကွန်ရက်တစ်ခု ဖန်တီးကာ ချန်လွေ့ကို လွှမ်းခြုံလိုက်သည်။ထိုအချိန်၌ ချန်လွေ့၏ ပတ်ပတ်လည်တွင် ဖောက်ထွင်းမြင်ရသော သလင်းကျောက် လိပ်ခုံးတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ သံမဏိကိုပင် အပိုင်းပိုင်း ပြတ်သွားစေနိုင်သော ဓားကွန်ရက်သည် လိပ်ခုံးနှင့် ထိသွားသည်။သို့သော်လည်း မည်သည်မှ ထိခိုက်မှု မဖြစ်သွားခဲ့ပေ။

ရိုမန်၏ လက်များသည် [ နောက်ကျန်ပုံရိပ် ] ထောင်နဲ့ချီအဖြစ် ပြောင်းလဲသွားသည်။ ချန်လွေ့၏ အမြင်အာရုံဖြင့်ပင် ရိုမန်၏ လက်လှုပ်ရှားမှုများကို ရှင်းရှင်းလင်းလင်း မမြင်နိုင်တော့ပေ။ဒိုင်းကာမှ မြန်နှုန်းမြင့် တိုက်ခိုက်သံများကိုသာ မကြားလျှင် ၎င်းသည် ထင်ယောင်ထင်မှား ဖြစ်နေသည်ဟု ချန်လွေ့ ထင်မိပေလိမ့်မည်။ပါ့(ဂ်)လီအို၏ မဟာနတ်ဆိုးဘုရင်အဆင့် အမြန်နှုန်းသည် ဤကဲ့သို့ပင် ဖြစ်လေသည်။

[ လျှပ်တပြက် ]။ ဒါက အသီနာ တစ်ခါပြောဖူးတဲ့ ဘယ်ဖီဂေါ တော်ဝင်မိသားစုရဲ့ နာမည်အကြီးဆုံး သွေးမျိုးဆက် ပါရမီပဲ ဖြစ်မယ်။

ဘယ်ဖီဂေါ၏ ပါရမီသုံးမျိုးမှာ [ မိစ္ဆာမျက်လုံး ] ၊ [ လေမှော် ကျွမ်းကျင်မှု ] နှင့် [ လျှပ်တပြက် ] တို့ ဖြစ်ကြသည်။[ လျှပ်တပြတ် ] ပါရမီသည် “ ပျင်းရိခြင်း ”ဟု သိကြသော ဘယ်ဖီဂေါ တော်ဝင်မိသားစုအား ကြောက်မက်ဖွယ်ရာ အမြန်နှုန်း ရရှိစေနိုင်ပြီး အခြားတော်ဝင်မိသားစုအားလုံးကို အသာစီးရရှိနိုင်သည်။

အစကတည်းက ချန်လွေ့သည် စနစ်၏စွမ်းအားကို အသုံးပြုပြီး အဆင့်တူများကို အလွယ်တကူ အနိုင်ယူခဲ့သည်။သူသည် အဆင့်ပိုမြင့်သူများကိုပင် စိန်ခေါ်နိုင်သည်။ယခု ရိုမန်၏စွမ်းအားကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ရပြီးသည့်အခါမှသာ အပြင်ဘက်၌ ပို၍ထူးချွန်သူများ ပိုရှိကြေင်းသိလိုက်သည်။နတ်ဆိုးဘုံတွင် အစွမ်းထက် ပုဂ္ဂိုလ်များ ပြည့်နှက်လျက်ရှိသည်။နတ်ဆိုးဘုရင်သည်ပင် အလတ်ပိုင်းစွမ်းအားသာ ဖြစ်သည်။

အကြင်သူသည် ယုံကြည်မှုရှိသင့်သော်လည်း မိမိဘာသာ အားရမကျေနပ်နေသင့်ပေ။ အကြင်သူသည် အမြင်ပျောက်ဆုံးသွားလျှင် ရှေ့ဆက်လမ်း ပိုမိုကြမ်းတမ်းသွားမည် ဖြစ်သည်။

အကာအကွယ်သည် တဖြည်းဖြည်း မခုခံနိုင် ဖြစ်လာပြီး ပင့်ကူအိမ်ကဲ့သို့ အက်ကြောင်း အမြောက်အမြား ဖြစ်လာသည်။ချန်လွေ့က သူသည် ဤကြိုဆိုလေ့ကျင့်ခြင်းပွဲအား အဆုံးသတ်သင့်သည်ဟု စိတ်ထဲ၌ တွေးမိလိုက်သည်။ယခုအတိုင်း ဆက်သွားမည်ဆိုလျှင် သူသည် ကိုယ့်ကိုယ်ကိုယ် ကယ်တင်ရန်အတွက် အနှိုင်းမဲ့တိုက်ကွက်ဖြစ်သော [ မီးသင့်နဂါးသတ်ဖြတ်ခြင်း ] ကို အသုံးပြုရမည်ဖြစ်သည်။ထို့ကြောင့် ချန်လွေ့ အလျင်အမြန် အော်ဟစ်လိုက်သည်။

“ နေဦး။ရိုမန်။မင်းငါ့ကို တကယ် မမှတ်မိဘူးလား။ ”

နာမည်အရင်း အခေါ်ခံလိုက်ရသည့်အခါ ရိုမန် မျက်မှောင်ကြုတ်ခြင်း အေးခဲသွားပြီး ရပ်တန့်လိုက်သည်။သို့သော်လည်း သူ၏သတ်ဖြတ်ချင်စိတ်များ မလျော့သွားဘဲ ပို၍တိုးလာသည်။

သူ့ကို မှတ်မိသောသူများသည် မိတ်ဆွေ သို့မဟုတ် ဇွဲကောင်းသော ရန်သူများပင် ဖြစ်သည်။သူသည် မြေမှော်ပညာ ကျွမ်းကျင်သောသူတစ်ယောက်၊ သို့မဟုတ် ဘယ်ဇီဘတ် မိသားစုဝင်တစ်ယောက်နှင့် မိတ်ဆွေဖြစ်ခဲ့ခြင်းကို မမှတ်မိပေ။

ချန်လွေ့သည် မျက်နှာဖုံးကို ချွတ်လိုက်သည်။သို့သော်လည်း သူ၏စိတ်ထဲ၌ အခြားရည်ရွယ်ချက် တစ်ခု ရှိနေသည်။သူသည် ကမ္ဘာမြေမှ မျက်နှာဖြစ်သော “ရစ်ချတ်”မျက်နှာကို အသုံးပြုလိုက်သည်။

“ မင်းရဲ့ ဘယ်မျက်လုံးနဲ့ သေချာကြည့်။ငါ့ကို မမှတ်မိသေးဘူးလား။ ”

ရိုမန်၏ ဘယ်မျက်လုံး အရောင်တောက်သွား၏။သူသည် ချန်လွေ့အား သေသေချာချာကြည့်ပြီးနောက် သံသယဖြစ်သွားကာ စိတ်ရှုပ်ထွေးသွားသည်။

“ ငါမင်းကို တစ်ခါမှ မမြင်ဖူးဘူး။မင်းက ဘယ်သူလဲ။ ”

ထင်ထားတဲ့အတိုင်းပဲ။ ချန်လွေ့ တိတ်တဆိတ် ကျေနပ်သွားပြီး “ တာမင်ရေကန်က ရှားယုဟယ်ကို မင်းမှတ်မိလား ” ဟု ပြောမိလုနီးပါး ဖြစ်သွားခဲ့သည်။

ယခင်က ရှီလန်တောင်၌ ရိုမန်သည် ချန်လွေ့ကို ဖောက်ထွင်းမြင်နိုင်ခဲ့သည်။ယခုတွင် သူ၏အစွမ်းသည် [ စစ်မှန်အသက်အောင့် ] အစွမ်းသို့ အဆင့်တက်သွားပြီဖြစ်၍ ရိုမန်၏ [ မိစ္ဆာမျက်လုံး ]သည် ဆက်လက်ဖောက်ထွင်း မမြင်နိုင်တော့ပေ။ထိုနည်းတူစွာပင် အစ်ဇဘယ်လာသည်လည်း သူ၏လျို့ဝှက်စွမ်းအားကို မြင်နိုင်တော့မည် မဟုတ်ပေ။

ရိုမန် လက်ဆန့်လိုက်သည်။သို့သော်လည်း သူ၏စွမ်းအားသည် ပေါက်ကွဲထွက် လုမတတ် ဖြစ်နေသည်။

“ မင်းရဲ့မိန်းမကို ဖြားယောင်းခဲ့တာ ငါမမှတ်မိဘူး။ငါမင်းကို ၁၀စက္ကန့် အချိန်ပေးမယ်။ မင်းငါ့ကို ကျေနပ်လောက်တဲ့ အဖြေမပေးနိုင်ဘူးဆိုရင် ငါမင်းကို သတ်ပစ်မယ်။ ”

“ ငါ့မိန်းမက မင်းရဲ့အရှေ့မှာ ရပ်နေ‌ရင်တောင် မင်းသူ့ကို ဖြားယောင်းရဲမှာ မဟုတ်ဘူး။ ”

ချန်လွေ့သည် ဟန်မဆောင်နေတော့ပေ။သူ၏လက်ထဲ၌ အလင်းရောင်ဖျော့‌ဖျော့တစ်ခု ပေါ်ထွက်လာသည်။

“ ဒါကို မှတ်မိလား။ ”

ထိုသို့ပြောရင်း ချန်လွေ့သည် ရိုမန်ဆီသို့ ခုတ်ပိုင်းလိုက်သည်။[ အရှိန်အဝါဓားသွား ] စွမ်းအားသည် ယခင်ကကဲ့သို့ မဟုတ်တော့ပေ။၎င်းသည် လေကိုသာ ဖြတ်သွားသော်လည်း ဓားချီသည် ရိုမန်ဘေးရှိ မြေပြင်ပေါ်၌ နက်ရှိုင်းသောအရာတစ်ခု ချန်ရစ်ခဲ့လေသည်။

ရိုမန်၏မျက်လုံးများ အရောင်တောက်သွား၏။သူ တစ်စုံတစ်ခုကို မှတ်မိသွားဟန်တူသည်။ သို့သော်လည်း ထိုသူ၏စွမ်းအားသည် အနည်းငယ် .......

“ ငါတို့ပြန်လောင်းကြမလား။ဒီနေ့ မင်းထက်ထဲကနေ ငါလွတ်နိုင်မနိုင် လောင်းကြမယ်။ ”

ချန်လွေ့ ပြုံးပြလိုက်သည်။ထို့နောက် သူ၏ ဘယ်လက်ခလယ်၌ လက်စွပ်တစ်ကွင်း ပေါ်ထွက်လာပြီး လက်ခါပြလိုက်သည်။

ထိုစကားကို ကြားသည့်အခါ ရိုမန်သည် ရင်းနှီးသကဲ့သို့ ခံစားလိုက်ရသည်။ “အမှောင်ဆန္ဒ”ကို တွေ့သည့်အခါ သူ၏ထင်မြင်ချက်ကို အတည်ပြုလိုက်နိုင်သည်။ တဖြည်းဖြည်းရင်းနှီးလာသော ပြောင်းလဲနေသည့်မျက်နှာကိုကြည့်ရင်း ရိုမန် ခဏစဉ်းစားကာ သတ်ဖြတ်ချင်စိတ်များကို ဖြည်းဖြည်းချင်း ရုပ်သိမ်းလိုက်တော့သည်။

ပြောရမည်ဆိုလျှင် ထိုသူသည် မိတ်ဆွေအစစ် တစ်ယောက်မဟုတ်ဘဲ မိတ်ဆွေတစ်ယောက်၏ “နီးကပ်သော” မိတ်ဆွေဖြစ်သည်။သို့သော်လည်း ထိုသူသည် ယုတ်စွအဆုံး ရန်သူတစ်ယောက် မဟုတ်ပေ။

“ မိတ်ဆွေ။မင်းက ငါ့နှလုံးသားကို တကယ် နာကျင်အောင်လုပ်တာလဲ။ ”

ရိုမန်၏ဓားမြှောင် ချက်ချင်းပျောက်သွားသည်။ထိုနေရာ၌ ဝိုင်တစ်ပုလင်း အစားထိုး သွားပြီးနောက် ပစ်ပေးလိုက်သည်။

“ အရင်တစ်ခေါက်တုန်းက ငါမင်းကို အချစ်ရူးလက်စွပ် ပေးခဲ့တာ မှတ်မိတယ်။ဒါပေမဲ့ မင်းက မဝတ်ထားဘူး။အဲဒါက ငါတို့ရဲ့မိတ်ဆွေဖြစ် သင်္ကေတလေ။ ”

All Chapters