ပူးပေါင်းဆောင်ရွက်ခြင်း
Vol. 15 Ch. 213
လမ်းတစ်လျှောက်၌ ဒေလီယာသည် ယခင်တစ်ခေါက်၌ ခရစ္စတီးနား၏အမိန့်အတိုင်း လိုင်ရာမြို့ ကိစ္စများကို ဖြေရှင်းပြီးသည့်နောက် တော်ဝင်မင်းသမီးက ခေါ်သွားသော “ရစ်ချတ်” ကို စိုးရိမ်နေခဲ့ကြောင်း ချန်လွေ့ သိခဲ့ရသည်။သို့သော်လည်း ထူးဆန်းစွာပင် ခရစ္စတီးနားလည်း ပျောက်ကွယ်သွားဟန်တူသည်။ သူသည် လိုင်ရာမြို့သို့ ပြန်မလာခဲ့ပေ။ သူ၏တည်နေရာသည်ကိုလည်း မသိရပေ။
အရိပ်နက်မြို့တော်သို့ ဒေလီယာ ပြန်သွားသည့်အခါ အစ်ကိုဖြစ်သူ မီးဓားဗိုလ်ခြေ ခေါင်းဆောင် ဘရော့(ခ်)က အခိုင်အမာပြုထားသော ဂျာဂယ်ခံတပ်မှ သတင်းပို့ခဲ့ပြီး ဘုရင်မ ကတ်သရင်းအား အသနားခံခဲ့သည်။
အကြောင်းရင်းမှာ ဘရော့(ခ်) သည် ကင်းထောက်များ ပျောက်ဆုံးသွားခြင်းကို စုံစမ်းရင်း တော်ဝင်အမျိုးသမီး ခရစ္စတီးနားနှင့် ပဍိပက္ခ ဖြစ်ခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။ထို့ပြင် ဘရော့(ခ်)သည် လျို့ဝှက်ဆန်းကြယ်သော လူတစ်ယောက်၏ အလစ်ဝင်တိုက်မှုကို ခံရပြီး အဆိပ်မိသွားခဲ့သည်။
ဘရော့(ခ်)၏ဇနီးမှာ ဘုရင်မ ကတ်သရင်း၏ ဦးလေး ဖရန့်ဇီ၏သမီး မန်ဒီ ဖြစ်သည်။ အရိပ်နက်အင်ပါယာ ပြည်တွင်းစစ်အတွင်း၌ ကတ်သရင်း၏ အစ်ကိုနှင့်မောင်တို့သည် ပလ္လင်အတွက် တိုက်ခိုက်ကြရင်း အချင်းချင်း သတ်ဖြတ်ကာ စစ်ပွဲ ဘေးဒုက္ခများမှာလည်း မပြီးဆုံးနိုင်ဖြစ်ခဲ့သည်။
အရေးကြီးသော အခိုက်အတန့်၌ ကတ်သရင်း ရှေ့ထွက်လာပြီး ပုန်ကန်မှုကို ကိုယ်ပိုင်အစွမ်းအစဖြင့် ဖြေရှင်းခဲ့သည်။သူသည် အစ်ကိုဖြစ်သူ ကပ္လာအား ကိုယ်တိုင် ကွပ်မျက်ပြီး အရိပ်နက်အင်ပါယာ တည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ခဲ့သည်။
ထိုတိုက်ပွဲသည် အတော်လေး ရက်စက်လှပြီး အက်(စ်)မိုဒက်(စ်) တော်ဝင်မိသားစု ကြီးကြီးမားမား ဆုံးရှုံးသွားခဲ့ရသည်။ဦးလေးဖရန်ဇီသည် ကတ်သရင်း၏ အစွမ်းအထက်ဆုံး ထောက်ခံသူဖြစ်ပြီး အယုံကြည်ရဆုံး ဆွေမျိုးလည်း ဖြစ်သည်။
ကတ်သရင်း ဧကရီဖြစ်လာပြီးနောက် စစ်တပ်အာဏာကို ဖရန်ဇီထံသို့ လွှဲပြောင်းပေးခဲ့သည်။ ထို့နောက် ဘရော့(ခ်)သည် မန်ဒီနှင့် လက်ထပ်ပြီး ထိုပတ်သက်မှုကို အခွင့်ကောင်းယူကာ တဖြည်းဖြည်းနှင့် ရာထူးတိုးအောင် လုပ်တော့သည်။ ကိုယ်ပိုင်အစွမ်းအစနှင့် စစ်ဘက်ရေးရာ ထူးချွန်မှုများနှင့်အတူ ဘရော့(ခ်)သည် “ အငြိမ်းစားယူ ”လိုက်သော ဖရန်ဇီနေရာ၌ အစားဝင်ကာ အင်ပါယာ ဗိုလ်ချုပ်သုံးယောက်၏ ခေါင်းဆောင် ဖြစ်လာသည်။သူသည် စစ်တပ်၌ ပြင်းထန်သော ဆွဲဆောင်မှုတစ်ခု ရှိသည်။
ဘရော့(ခ်)၏ အသနားခံခြင်းနှင့် ပတ်သက်၍ ဧကရီ ကတ်သရင်း လက်ခံရုံသာမက ခရစ္စတီးနားသည် ကိစ္စကို မသင့်မလျော် ကိုင်တွယ်ခဲ့ကြောင်းကိုပင် ထောက်ပြခဲ့သည်။ ကတ်သရင်းသည် ဆွေမျိုးဖြစ်သူအား အပြစ်ပေးရန် ကတိပေးခဲ့သည်။သူသည် ခရစ္စတီးနားအား တားမြစ်နန်းတော်၌ တံခါးပိတ်ပြီး ကိုယ့်ကိုယ်ကိုယ် သုံးသပ်ရန် အမိန့်ပေးခဲ့ပြီး အပြင်ထွက်ရန် တားမြစ်ခဲ့သည်။ဘုရင်မ ကတ်သရင်းသည် ဆေးရည်ပညာရှင် အစည်းအရုံး ဥက္ကဋ္ဌ အန်ဂျလစ်အား ဂျာဂယ်ခံတပ်သို့ ဖိတ်ခေါ်ပြီး ဘရော့(ခ်)အား ကုသစေကာ ခံတပ်ကို နှစ်ပေါင်းများစုံ ကာကွယ်ပေးကြသည့် မီးဓားဗိုလ်ခြေမှလူအားလုံးကို ဆုချီးမြှင့်ခဲ့သည်။ထို့ကြောင့် စစ်တပ်ရဲ့ စိတ်ဓာတ်ရေးရာ တက်ကြွသွားပြီး ဧကရီအား ချီးမွမ်းနေကြတော့သည်။
ခရစ္စတီးနား ပိတ်ပင်ခံလိုက်ရပြီး မည်သည့် အပြင်လူနှင့်မျှ ထိတွေ့ခွင့် မပြုတော့ပေ။ ဒေလီယာ အတော်လေး ကြိုးစားအားထုတ်ခဲ့သော်လည်း တော်ဝင်အမျိုးသမီး ခေါ်သွားသော “ ရစ်ချတ် ”အကြောင်း မည်သည့်သတင်းမျှ မရရှိခဲ့ပေ။ယခုမှ ချန်လွေ့နှင့်တွေ့သည့်အခါ စိတ်သက်သာရာ ရသွားခဲ့လေသည်။
နားထောင်နေရင်း ချန်လွေ့ မျက်မှောင်ကြုတ်လိုက်သည်။ခရစ္စတီးနားအား ဘရော့(ခ်) ရှင်းပစ်ချင်ခဲ့သည်မှာ သေချာသည်။သို့သော်လည်း သူသည် ဆုပေးခံရပြီး ချွေးသိပ်ခံရသည့် အမှုထမ်း တစ်ယောက် ဖြစ်သွားခဲ့သည်။ခရစ္စတီးနားမှာမူ အခက်အခဲကြား၌ ရှင်သန်ခဲ့ရသော်လည်း အကျဉ်းချခံလိုက်ရသည်။
ဧကရီ ကတ်သရင်း၏ ဉာဏ်ပညာဖြင့် ဘရော့(ခ်)၏ ရည်မှန်းချက်နှင့် အကြံအစည်ကို မသိရန်မဖြစ်နိုင်ပေ။ထိုကဲ့သို့ နှစ်သိမ့်သော နည်းလမ်းထက် စစ်ဆေးပြီး မျှခြေညှိရန်ထက် မပိုပေ။သို့သော်လည်း ၎င်းသည် ခရစ္စတီးနာအတွက် အလွန်မမျှတရာကျသည်။ ခရစ္စတီးနားသည် တားမြစ်နန်းတော်၌ အပိတ်ခံထားရသည့်အတွက် အရိပ်နက်မြို့တော်သို့ ချန်လွေ့ သွားခဲ့လျှင်ပင် သူ့ကိုတွေ့ရန် ခက်ခဲနေသေးသည်။
ချန်လွေ့ ပင့်သက်ရှိုက်လိုက်သည်။ယခုတွင် သူသည် ခရစ္စတီးနားကို ပွင့်ပွင့်လင်းလင်း ရှာဖွေရန် အရည်အချင်း မပြည့်မှီသေးပေ။ ဒီကိစ္စတွေကို နောက်မှစဉ်းစားတာပေါ့။
ချန်လွေ့သည် အသေးစိတ်တစ်ခုကိုလည်း သတိပြုမိခဲ့သည်။အစ်ကိုဖြစ်သူ ဘရော့(ခ်) အကြောင်းပြောနေစဉ် ဒေလီယာ၏ မျက်လုံးသည် ပုံမှန်အတိုင်း မဟုတ်တော့ပေ။ ၎င်းသည် လွန်ခဲ့သော ၃နှစ်၌ ဒေလီယာအား ဘရော့(ခ်)က ဘဏ္ဍာရေးဝန်ကြီးအိုနှင့် အတင်းလက်ထပ်ခိုင်းခဲ့ခြင်းနှင့် သက်ဆိုင်နေနိုင်သည်။
သူတို့သုံးယောက်သည် အလွန်မြန်ဆန်လှသည်။ချန်လွေ့နှင့် တိုက်ခိုက်ပြီးတော့ ရိုမန်သည် ချန်လွေ့၏အမြန်နှုန်းကို မမှုပေ။သို့သော်လည်း ဒေလီယာသည် အမြင့်ဆင့်နတ်ဆိုး အငွေ့အသက်သာ ပြသနေသော “ရစ်ချတ်”က ရိုမန်နှင့်မိမိတို့၏ အမြန်နှုန်းကို အလွယ်တကူ လိုက်မှီကြောင်း တွေ့လိုက်ရသည့်အခါ စိတ်ထဲ၌ အံ့ဩသွားခဲ့သည်။ ရွှေသလင်းကျောက်မှော်လက်ထိပ်ကြောင့် အရင်တစ်ခေါက်တုန်းက ရစ်ချတ်ရဲ့တကယ့်စွမ်းအားကို ငါမသိခဲ့ရဘူး။အခုတော့ သူက ငါ့နဲ့ အဆင့်တူတူလောက်ပဲ။ ဒါကြောင့် အဲဒီတုန်းက [ နတ်မိစ္ဆာမျက်လုံး ] ကို လျို့ဝှက်နည်းလမ်း တစ်ခုနဲ့ သူ တန်ပြန်တိုက်ခိုက်နိုင်ခဲ့တာကိုး။
အမှန်တကယ်၌ ယခင်တစ်ခေါက် ဒေလီယာနှင့် တွေ့ခဲ့စဉ်က ချန်လွေ့သည် အမြင့်ဆင့်နတ်ဆိုးသာ ဖြစ်သည်။
လမ်းတစ်လျှောက်၌ အပင်များ နွမ်းခြောက်နေပြီး ရေအရင်းအမြစ်များမှာလည်း ခမ်းခြောက်နေသည်။သူတို့ ရှေ့ဆက်သွားလေလေ ပို၍ပြင်းထန်လေလေ ဖြစ်သည်။
“ လေဒီယာ။မင်းတို့ အရင်တစ်ခါ ဒီကိုလာတုန်းက ဒီလိုမျိုးပဲ ဖြစ်နေတာလား။ ”
ချန်လွေ့က ပတ်ဝန်းကျင်ကို လက်ညှိုးထိုးပြလိုက်သည်။
ဒေလီယာ ပြန်စဉ်းစားပြီး ဖြေသည်။
“ ဟုတ်တယ်။ဒါပေမဲ့ အခုလောက်တော့ မပြင်းထန်ဘူး။ဒါက ရတနာရဲ့ မှော်စက်ဝိုင်းနဲ့ သက်ဆိုင်နေတာ ဖြစ်မယ်။ ”
ချန်လွေ့သည် ဝိုင်ဗန်အသိုက်မှ ခမ်းခြောက်နေသော ရေကန်နှင့် ဟိုက်ဒြာအသိုက်မှ အဆိပ်ကန်တို့ကို တွေးမိလိုက်ပြီး သံသယဝင်လာသည်။ယခုတွင် သူသည် နဂါးထွင်းစာများနှင့် အတော်လေး ရင်းနှီးနေပြီဖြစ်သည်။ထိုကဲ့သို့ “လက္ခဏာများ” မပေါ်လာသင့်ပေ။ထို့ပြင် ၎င်းသည် အချိန်နှင့်အမျှ ပိုပိုဆိုးရွားလာသည်။
ဒါက အဲဒီမေ့တတ်တဲ့ အဆိပ်နဂါး၏အပြစ်ပဲ။သူ့မှတ်ဉာဏ်က တော်တော်ဆိုးတယ်။ အနှစ်၂၀၀၀ အိပ်ပျော်သွားပြီးတော့ တော်တော်များများကို မမှတ်မိတော့ဘူး။ရှုပ်ထွေးတဲ့ ထွင်းစာထောင်ခြောက်တွေရဲ့ အသေးစိတ် အခင်းအကျင်းကို မပြောနဲ့။သူမှတ်မိတာက “ အတော်လေးကြီးတဲ့ဂူ ” ထဲမှာ ရတနာတွေ ရှိတယ်ဆိုတာပဲ။
အရှေ့တွင် အထူးအတားအဆီးတစ်ခု ပေါ်ထွက်လာသည်။ထိုအတားအဆီးအောက်တွင် မှော်မြေပုံနှင့် မှော်သံလိုက်အိမ်မြှောင်ကဲ့သို့သော ပစ္စည်းများကို အသုံးပြု၍မရပေ။ မြေပုံပေါ်မှ ယေဘုယျ ဦးတည်ဘက်ကိုကြည့်လျှင် ဒေလီယာပြောသည့် ရတနာမြေသည် ပါ့ဂ်လီအို၏ ရတနာသိုက်နှင့် အတူတူဖြစ်သည်မှာ သေချာသလောက် ရှိသည်။
တစ်ရက်နှင့်တစ်ည အချိန်ကုန်ဆုံးပြီးနောက် သူတို့သုံးယောက်သားသည် နောက်ဆုံး၌ ပန်းတိုင်သို့ ရောက်ရှိသွားကြသည်။
အဝေးမှကြည့်လျှင် ၎င်းသည် သာမန်စိမ့်မြေတော တစ်ခုသာ ဖြစ်သည်။မြင်ကွင်းကို မရှင်းမလင်းဖြစ်စေသော မြူနှင်းထူထူများလည်း ရှိသည်။သို့သော်လည်း ထူးဆန်းစွာပင် ထိုတောသည် လမ်းတစ်လျှောက်ရှိ အပင်များကဲ့သို့ မနွမ်းခြောက်နေဘဲ စိမ်းလန်း စိုပြည်နေကာ အလွန်ထူးဆန်းနေလေသည်။
တောအစွန်၌ သူတို့သုံးယောက်သာ မဟုတ်ပေ။အခြားသူများလည်း ရှိကြသည်။
ပါ့(ဂ်)လီအို ချိပ်ပိတ်ခံထားရသည်မှာ နှစ်ပေါင်း ၂၀၀၀ ကျော်ပြီဖြစ်သည်။ယခင်နှစ်၂၀၀၀ အတွင်း လူများသို ထိုတော၏ထူးဆန်းမှုကို ရှာဖွေတွေ့ရှိသွားခဲ့ကြသည်။ တောတစ်ဝိုက် နယ်မြေ၌ တစ်ခါတရံ ရတနာများကို ရှာတွေ့သူများပင် ရှိကြသည်။ဒေလီယာ ကဲ့သို့ပင် ထိုသူများသည် သုံးနှစ်ကြာတိုင်း “ အကာအကွယ်မှော် ” အားနည်းသွားကြောင်း သိရှိနေကြသည်။ထို့ကြောင့် သူတို့သည် ရတနာလာရှာခြင်း ဖြစ်သည်။
ထိုသူများထဲ၌ နှစ်ယောက်သည် အစွမ်းထက်ဆုံး ဖြစ်သည်။တစ်ယောက်မှာ မဟာနတ်ဆိုးဘုရင်အဆင့် ကနဦးပိုင်းဖြစ်သော အက်(စ်)မိုဒက်(စ်) တော်ဝင် မိသားစုဝင်တစ်ယောက် ဖြစ်သည်။သူသည် ဒါဇင်ကျော် အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်လာပြီး အများစုမှာ ရတနာမုဆိုးများ ဖြစ်ကြသည်။
အခြားတစ်ယောက်မှာ တစ်ကိုယ်တည်းသာ ဖြစ်သည်။၎င်းမှာ မဟာနတ်ဆိုးဘုရင်အဆင့် အလယ်ပိုင်းဖြစ်သော သက်လတ်ပိုင်း အမျိုးသမီး တစ်ယောက်ဖြစ်သည်။သူ၏သရုပ်ကို [ သရုပ်ခွဲမျက်လုံး ] ၌ လောဘတော်ဝင်မိသားစုဟူ၍ ဖော်ပြထားသည်။
မျိုးရိုးနာမည် “ မန်မွန် ” ရှိသော လောဘတော်ဝင်မိသားစုသည် သွေးရောင်အင်ပါယာ၏ အုပ်စိုးသူမျိုးနွယ် ဖြစ်သည်။ယနေ့တွင် နတ်ဆိုးဘုံရှိ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ် ရိုင်ဇန်မန်မွန်သည် လောကတော်ဝင်မိသားစု၏ ကိုယ်စားပြု ဖြစ်လေသည်။
ထို့ပြင် အခြားအဖွဲ့များနှင့် သီးခြားပုဂ္ဂိုလ်များလည်း ရှိကြသည်။သူတို့အများစုမှာ နတ်ဆိုးဘုရင်အဆင့်များ ဖြစ်ကြသည်။
ရတနာသည် အစွမ်းထက်ပုဂ္ဂိုလ် တော်တော်များများကို ဆွဲဆောင်ခဲ့ဟန်တူသည်။ ချန်လွေ့ သတိထားမိသည့်တစ်ယောက်မှာ မဟာနတ်ဆိုးဘုရင် နှစ်ယောက်မဟုတ်ဘဲ အခြားသူတစ်ယောက်ကိုသာ ဖြစ်သည်။ထိုသူသည် သာမန်ခန္ဓာကိုယ် ပုံစံအတိုင်းသာ ဖြစ်ပြီး ဝတ်ရုံဝတ်ဆင်ထားကာ မျက်နှာကိုကာထားသည်။[ သရုပ်ခွဲမျက်လုံး ] ၌ ထိုသူ၏ စွမ်းအားသတ်မှုတ်ချက်မှာ [ C ] ဖြစ်သည့် နတ်ဆိုးဘုရင်အဆင့် အလတ်ပိုင်း ဖြစ်သည်။သို့သော်လည်း သူ၏မျိုးနွယ်မှာ မဟာနတ်ဆိုး ( သန္ဓေပြောင်း ) ( အလောင်းရုပ်သေး ) ဖြစ်နေသည်။
အလောင်းရုပ်သေးတဲ့လား။ ထိုကဲ့သို့ အခေါ်အဝါ်ကို ချန်လွေ့ တစ်ခါမျှ မကြားဖူးခဲ့ပ။သို့သော်လည်း စကားလုံးအရ ၎င်းသည် ထိန်းချုပ်၍ရသော ရုပ်သေးတစ်မျိုးမျိုး ဖြစ်နိုင်ပေသည်။ထိန်းချုပ်သူမှာ ထိုသူများကြားထဲ၌ သို့မဟုတ် အမှောင်ထဲ၌ ပုန်းနေကာ ပဍိပက္ခဖြစ်ပြီးနောက် အကျိုးအမြတ်များကို လုယူရန်စောင့်ဆိုင်းနေခြင်း ဖြစ်နိုင်သည်။
မြေပြင်ပေါ်၌လည်း အလောင်းအချို့ရှိသည်။သူတို့ သေသွားသည်မှာ ကြာသေးပုံမရချေ။ သူတို့သည် ပဍိကက္ခဖြစ်ခြင်းကြောင့် အသတ်ခံလိုက်ရသော ရတနာမုဆိုးများ ဖြစ်နိုင်ပေသည်။
ချန်လွေ့တို့သုံးယောက် ပေါ်ထွက်လာခြင်းသည် ထိုသူတို့၏ အာရုံကို ချက်ချင်း ဖမ်းစားခဲ့သည်။သူတို့၏မျက်လုံးထဲ၌ ရန်လိုခြင်းနှင့် သတ်ဖြတ်ချင်စိတ်များ ပြသနေသည်။ ချန်လွေ့တို့သုံးယောက် ချက်ချင်းပင် စွမ်းအား စုစည်းထားပြီး အချိန်မရွေး တိုက်ခိုက်ရန် အသင့်ဖြစ်နေသည်။မည်သူကမျှ စိတ်ကောင်းစေတနာ မရှိပေ။လူတိုင်း ရတနာ လိုချင်ကြသည်။ထို့ကြောင့် ပြိုင်ဆိုင်မှုနည်းလေလေ ပိုကောင်းလေလေ ဖြစ်သည်။
အက်(စ်)မိုဒက်(စ်) မိသားစုမှ မဟာနတ်ဆိုးဘုရင်အဆင့် ကနဦးပိုင်းက ပြောသည်။
“ ဒီကိုလာကြတဲ့သူတွေက ရင်းနှီးတဲ့သူတွေပါပဲ။ကျုပ်ကိုယ်ကျုပ် အရင်မိတ်ဆက် ပေးပါရစေ။ကျုပ်နာမည်က ကာဆဲလက်ပါ။အက်(စ်)မိုဒက်(စ်) မိသားစုဝင်လဲ ဖြစ်တယ်။ဒီကိုလာတဲ့ လူအားလုံးက တောထဲကပစ္စည်းအတွက် ဖြစ်ရမယ်။တောထဲမှာ ကြောက်စရာကောင်းတဲ့ မှော်ထောင်ခြောက်တွေ အများကြီး ရှိတယ်ဆိုတာကို အားလုံးသိကြမယ် ထင်ပါတယ်။နည်းနည်းလေး သတိလက်လွတ်ဖြစ်တာနဲ့ အသက်ပါ ပါသွားနိုင်တယ်။ရတနာရဲ့အရိပ်ကိုတောင် မမြင်ရသေးဘဲနဲ့ အချင်းချင်း အသက်လဲပြီး တိုက်ခိုက်တာက အဓိပ္ပာယ်မရှိဘူး။ကျုပ် ကမ်းလှမ်းစရာတစ်ခု ရှိတယ်။အရင်ဆုံး မှော်ထောင်ခြောက်တွေကို အရင်ဖျက်ပစ်ကြမယ်။ရတနာရဲ့တည်နေရာကို အမှန်တကယ် ရှာတွေ့ပြီဆိုတော့မှ ရတနာကို ဘယ်သူပိုင်မလဲဆိုတာ သေတဲ့အထိတိုက်ခိုက်ပြီး ဆုံးဖြတ်ကြမယ်။ခင်ဗျားတို့ ဘယ်လိုထင်ကြလဲ။ ”
ကာဆဲလက်တို့၏အဖွဲ့သည် စုစုပေါင်း စွမ်းအားအများဆုံးဖြစ်သည်။ထို့ကြောင့် သူ၏ ကမ်းလှမ်းချက်ကို လူအများက သဘောတူ ကြသည်။အမှန်တကယ်တွင် ကာဆဲလက်သည် မဟာနတ်ဆိုးဘုရင်အဆင့် အလတ်ပိုင်းဖြစ်သော အမျိုးသမီးကို ပို၍ကြောက်သည်။ထိုသူများ အရင်တိုက်ခိုက်ကြလျှင် ကာဆဲလက်သည် ထိုပြိုင်ဘက်အား အဖွဲ့ဝင်များ၏အကူအညီဖြင့်ပင် အနိုင်ယူရန် ယုံကြည်ချက်မရှိပေ။
ထို့ပြင် ရတနာကို မမြင်ရသေးဘဲနှင့် တိုက်ခိုက်ရန် မတန်ပေ။အခြားသူများ၏ စွမ်းအားကို သုံးပြီး ထောင်ခြောက်များကိုဖျက်ကာ မိမိအားအင်ကို ချွေတာခြင်းသည် ပို၍ကောင်းသည်။ ထို့နောက် သူသည် အခြားအခွင့်တစ်ခုရှာပြီး မဟာနတ်ဆိုးဘုရင်အဆင့် အလတ်ပိုင်း အမျိုးသမီးအား အကွက်ဆင်မည်ဖြစ်သည်။ ဒုက္ခအပေးနိုင်ဆုံးရန်သူကို သူနှိမ်နင်းလိုက်နိုင်သည်နှင့် သူ၏အဖွဲ့စွမ်းအားကို မည်သူယှဉ်နိုင်ဦးမည်နည်း။
ပူးပေါင်းရန် သဘောတူသူများမှာလည်း ကိုယ်ပိုင် အတွေးများ ရှိကြသည်။အများစုမှာ ကယ်ဆဲလက်တို့အဖွဲ့၏စွမ်းအားကို စိုးရိမ်ကြသည်။အစွမ်းထက်ဆုံး အမျိုးသမီးလည်း သေချာစဉ်းစားပြီး သဘောတူလိုက်သည်။အားလုံးထဲ၌ သူသည် အစွမ်းထက်ဆုံး ဖြစ်သည်။သူ၏စွမ်းအားကို ချန်ထားခြင်းကို ကောင်းလှသည်။သူတို့ ရတနာကို ရှာတွေ့သည့်အခါ သူ အသုံးပြု၍ရပေသည်။
ချန်လွေ့လည်း သဘောတူလိုက်သည်။ထို့နောက် အားလုံးမိတ်ဆက်ကြသည်။ ချန်လွေ့သည် ရစ်ချတ် ဟူသောနာမည်ကို အသုံးပြုခဲ့သည်။ရိုမန်သည် လန်နွန်ဟူသော နာမည်ကိုသာ အသုံးပြုနေသေးသည်။ဒေလီယာသည်လည်း နီကိုးဟူသော နာမည်အတုကို အသုံးပြုခဲ့သည်။ကယ်ဆဲလက်သည် အက်(စ်)မိုဒက်(စ်) တော်ဝင်မျိုးနွယ် ဖြစ်သော်လည်း ပိုးဇာလွှားမည်းနှင့် နီကိုးသည် မြို့တော်မှ နာမည်ကြီး “ မဒမ် ဘလက်ဝစ်ဒိုး ” ဖြစ်ကြောင်း မသိပေ။မန်မွန် တော်ဝင်မိသားစုမှ နတ်ဆိုးဘုရင်အဆင့် အလတ်ပိုင်း အမျိုးသမီး၏ နာမည်မှာ အကွိုင်းဟု ပြောသည်။ချန်လွေ့ အာရုံစိုက်ထားနေသော အလောင်းရုပ်သေး၏ နာမည်သည် ဟာ့(ထ်) ဖြစ်သည်။ သူ၏အသံမှာ အနည်းငယ် ကြက်သီးထစရာကောင်းလှသည်။
ကာဆဲလက်၏ ပူးပေါင်းဆောင်ရွက်ရေး ကမ်းလှမ်းချက်မှာ အောက်ပါအတိုင်းဖြစ်သည်။ လူတိုင်း ရှေ့ဆက်သွားရမည်။လမ်းတစ်လျှောက်၌ တစ်ဖွဲ့စီသော်လည်းကောင်း၊ တစ်ဦးတစ်ယောက်တည်းသော်လည်းကောင်း ထောင်ခြောက်များကို အလှည့်ကျ ဖျက်ပစ်ရမည်။မဖျက်နိုင်လျှင် ထောင်ခြောက်၏တည်နေရာနှင့် အစွမ်းသတ္တိကို ရှာဖွေရမယ်။ခေါင်းရှောင်သူ သို့မဟုတ် နောက်ဆုတ်သူကို ဘုံရန်သူအဖြစ် သတ်မှတ်မည်။ မည်သည့်အားထုတ်မှုမျှ မပြုလုပ်ဘဲ အကျိုးအမြတ်ရနေကာ တိတ်တဆိတ် နောက်လိုက်လာကြောင်း တွေ့ရှိလျှင် လုံးဝမညှာတာဘဲ သတ်ပစ်မည်။
ထိုသို့ပြောလိုက်သည်နှင့် လျို့ဝှက်ကြံစည်နေကြသူအချို့ ကြက်သေသေသွားကြသည်။ ထိုသူများသည် ထောင်ခြောက်များကိုဖျက်ရန် ကာဆဲလက်တို့အဖွဲ့ကို အမှီပြုပြီး အေးအေးဆေးဆေးနှင့် အခွင့်အရေး ရှာချင်နေကြသည်။ယခုတွင် ၎င်းတို့အားလုံး အချည်းနှီး ဖြစ်သွားလေပြီ။
အလကားစားရသော နေ့လယ်စာဟူ၍မရှိ ဟူသော စကားအတိုင်းပင် ဖြစ်သည်။စွမ်းရည် မရှိသူများသည် ရတနာ လိုက်ရှာရန်အတွက် အရည်အချင်း မပြည့်မီကြပေ။
ပူပေါင်းဆောင်ရွက်ရန် ကမ်းလှမ်းခြင်းကို အားလုံး သဘောတူပြီးနောက် ရန်လိုခြင်း လျော့ကျသွားပြီး အခြေအနေလည်း သင့်မြတ်သွားဟန်တူသည်။သို့သော်လည်း ထိုကဲ့သို့ ယာယီငြိမ်းချမ်းမှုသည် အတော်လေး ကြေမွလွယ်ကြောင်း လူတိုင်းသိကြသည်။၎င်းကို အချိန်အကြာကြီး ထိန်းသိမ်းထားနိုင်မည် မဟုတ်ပေ။တစ်ခုခု ဖြစ်သွားသည်နှင့် သူတို့သည် ချက်ချင်းပင် ဘက်ပြောင်းပြီး ပြိုင်ဘက်များ ဖြစ်သွားကြမည် ဖြစ်သည်။
“ ကျုပ်မှာ မျှတတဲ့ နည်းလမ်းတစ်ခု ရှိတယ်။ ”
ထိုသို့ပြောပြီးနောက် ကာဆဲလက်၏ လက်ထဲ၌ အထူးမှော်ပစ္စည်းတစ်ခု ထွက်ပေါ်လာသည်။