← Chapters

ကြမ္မာဆိုး

Vol. 15 Ch. 216

ကြမ္မာဆိုး

Vol. 15 Ch. 216

ဒေလီယာ ခုနက ရှင်းပြခဲ့သည့်အတိုင်းဆိုလျှင် အလောင်းသန္ဓေပြောင်းခြင်းသည် တိုက်ခိုက်ရေးစွမ်းအားကို ရုတ်ချည်းတိုးတက်သွားစေနိုင်သော်လည်း ဟာ့(ထ်)၏ ခန္ဓာကိုယ်သည် အလျင်အမြန် ပြိုလဲသွားမည် ဖြစ်သည်။

ရိုမန်၏ပုံရိပ်သည် လျှပ်စီးကဲ့သို့ရွေ့သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ဟာ့(ထ်) အရှေ့သို့ ရောက်ရှိသွားသည်။ဟာ့(ထ်)က ရိုမန်ဆီသို့ လက်မောင်းဖြင့်ပြင်းပြင်းထန်ထန် လွှဲယမ်းလိုက်သည်။ရိုမန်၏ အရိပ် ချက်ချင်း ပျောက်ကွယ်သွား၏။ဟာ့(ထ်) လွှဲယမ်းလိုက်ခြင်းသည် မျက်နှာချင်းဆိုင်နံရံ၌ အကြောင်းသုံးလေးကြောင်း ဖြစ်သွားစေသည်။

ဤနေရာသည် သာမန်သာဆိုလျှင် ထိုကဲ့သို့ စွမ်းအားသည် လမ်းကြောင်းတစ်ခုလုံးကို ဖျက်ဆီးနိုင်လောက်သည်။သို့သော်လည်း ဤမြေအောက် ဝင်္ကပါသည် နဂါးထွင်းစာ၏ အကာအကွယ် စွမ်းအားများ အပြည့်ရှိနေသည်။နတ်ဆိုးဘုရင်အဆင့် ထိပ်သီးပိုင်းပင် ထိခိုက်မှု များများစားစား ဖြစ်အောင် လုပ်နိုင်မည် မဟုတ်ပေ။

ရိုမန်သည် [ လျှပ်တပြက် ] ပါရမီကို လှလှပပ အသုံးပြုခဲ့သည်။ဟာ့(ထ်)၏ တိုက်ခိုက်ရေး စွမ်းအားသည် ပြင်းထန်လှသော်လည်း ဤကဲ့သို့ ကျယ်ဝန်းလှသော လမ်းကြောင်း၌ ရိုမန်၏ ဆံပင်တစ်မျှင်ကိုပင် မထိနိုင်ခဲ့ပေ။ရိုမန်၏လက်ထဲရှိ ဓားမြှောင်နှစ်လက်သည် အပြာရောင်များ တောက်ပနေ၏။မှိန်ပျပျဖြစ်နေသော လမ်းကြောင်းထဲ၌ အပြာရောင် အကွေးများ မရေတွက်နိုင်အောင် ရှိနေသည်။လေထဲမှတစ်ဆင့် သိမ်မွေ့သော ခုတ်ပိုင်းသံများသည် သေခြင်းတီးလုံးကဲ့သို့ပင် ဖြစ်သည်။

ဟာ့(ထ်)၏ခန္ဓာကိုယ်သည် သန္ဓေပြောင်းလဲပြီးနောက် အတော်လေး မာကြောသွားသော်လည်း အပြာရောင်အလင်း၏ ခုတ်ပိုင်းမှုကို မခံနိုင်ပေ။သူ၏ခန္ဓာကိုယ်ပေါ်ရှိ မြောက်မြားလှစွာသော ဒဏ်ရာများမှ သွေးများ စီးကျလာ၏။သို့သော်လည်း ဟာ့(ထ်)သည် နာကျင်မှုကို လုံးဝ မခံစားရပေ။ရိုမန်က ဟာ့(ထ်)၏လက်တစ်ဖက်ကို ဖြတ်လိုက်သော်လည်း ဟာ့(ထ်)သည် မည်သည်ကိုမှ ခံစားရဟန်မတူပေ။

ရိုမန်အား မနိုင်ကြောင်းသိသွားပြီး ဟာ့(ထ်)၏ မျက်လုံးများ ထူးထူးဆန်းဆန်း အနီရောင် တောက်လာကာ ခန္ဓာကိုယ် ရုတ်တရက် ဖောင်းကားလာသည်။

“ မကောင်းတော့ဘူး။ ”

ဒေလီယာ အလန့်တကြား ပြောလိုက်သည်။

“ ဒါက [ အလောင်းဖောက်ခွဲခြင်း ] ပဲ။ ”

[ အလောင်းဖောက်ခွဲခြင်း ] သည် အစွမ်းအထက်ဆုံး မသေမျိုးမှော်ပညာထဲမှ တစ်ခုဖြစ်သည်။၎င်းမှာ ပြင်းထန်သောထိခိုက်မှုကိုဖြစ်စေရန်အတွက် အလောင်း၏ ပေါက်ကွဲမှုကို အသုံးပြုခြင်း ဖြစ်သည်။ရိုမန် မည်မျှပင် လျင်မြန်စေကာမူ ရှောင်တိမ်းနိုင်မည် မဟုတ်ပေ။

ထိုအချိန်၌ ဒေလီယာသည် မည်သည့်ရန်ကြွေး၊မည်သည့်အန္တရာယ်ကိုမျှ ဂရုမစိုက်တော့ပေ။သူသည် ဟာ့(ထ်)ဆီသို့ ပြေးသွားလိုက်ပြီး သူ၏ အပြာရောင်ညာမျက်လုံး ရုတ်တရက် အနက်ရောင် ပြောင်းသွားသည်။[ နတ်မိစ္ဆာမျက်လုံး ] ကြောင့် ဟာ့(ထ်)၏ခန္ဓာကိုယ် အနည်းငယ် တုန်ခါသွား၏။ကျယ်ပြန့်လာသော ပေါက်ကွဲမှုအားကို အမှန်တကယ်ပင် ဖိနှိပ်နိုင်ခဲ့သည်။သို့သော်လည်း မရပ်တန့်နိုင်သေးပေ။၎င်းသည် ကြီးလိုက် ကျုံ့လိုက်ဖြစ်နေပြီး အချိန်မရွေး ပေါက်ကွဲထွက်နိုင်သည်။

ထိုဖိနှိပ်မှုပြီးနောက် ပေါက်ကွဲသွားလျှင် သာမန် [ အလောင်းပေါက်ကွဲခြင်း ] ထက်ပို၍ ပြင်းထန်ပေလိမ့်မည်။

“ လာခဲ့။ ”

ဒေလီယာ အားအင်ကုန်ခမ်းလာပြီး ရိုမန်အား အော်ပြောလိုက်သည်။

ရိုမန် မထွက်သွားပေ။သူ၏ခန္ဓာကိုယ် ဖျပ်ခနဲ ပျောက်ကွယ်သွားပြီး ဒေလီယာအရှေ့၌ ပြန်ပေါ်လာသည်။သူသည်‌ ဒေလီယာကို ဆွဲခေါ်ချင်ခဲ့သည်။သိုသော်လည်း ထိုအချိန်၌ ဟာ့(ထ်)၏ အနီရောင်မျက်လုံး တောက်ပလာသည်။နတ်မိစ္ဆာမျက်လုံးက ၎င်းကို မဖိနှိပ်နိုင်တော့ပေ။၎င်းသည် ပေါက်ကွဲတော့မည် ထင်‌ရသည်။ရိုမန် ပြတ်ပြတ်သာသား ဆုံးဖြတ်လိုက်ပြီး ဒေလီယာအား ဖက်ထားကာ ကိုယ့်အသက်အန္တရာယ်ကို ဂရုမစိုက်ဘဲ ခန္ဓာကိုယ်ဖြင့် ကာကွယ်ပေးလိုက်သည်။

“ ဝုန်း ”

ပေါက်ကွဲသံ ထွက်ပေါ်လာသည်။နဂါးထွင်းစာဖြင့် ကာကွယ်ထားသော လမ်းကြောင်းတစ်ခုလုံး အနည်းငယ်တုန်ခါသွားပြီး အပိုင်းအစများ ကျလာသည်။[ အလောင်းဖောက်ခွဲခြင်း ] စွမ်းအားကို မြင်တွေ့နိုင်ပေသည်။ဒေလီယာသည် ရိုမန်၏ လက်မောင်းကို ဖက်ထားရင်း တုန်လှုပ်သွား၏။သို့သော်လည်း ရိုမန်၏ခန္ဓာကိုယ်သည် ထင်ထားသကဲ့သို့ မထိခိုက်သွားခဲ့ပေ။သူ၏အရှေ့၌ တစ်စုံတစ်ယောက် ကာကွယ်ထားပေးသည်ကိုသာ တွေ့လိုက်ရသည်။အပြာရောင် သလင်းကျောက် လိပ်ခုံးဒိုင်းကာက သူတို့သုံးယောက်ကို ကာကွယ်ပေးခဲ့ခြင်း ဖြစ်သည်။

[ အလောင်းပေါက်ကွဲခြင်း ] စွမ်းအားသည် လိပ်ခုံးဒိုင်းကာကို အက်ကြောင်းအနည်းငယ်သာ ဖြစ်စေသည်။မဖောက်ထွင်းနိုင်ပေ။

သူတို့နှစ်ယောက်ရှေ့သို့ တယ်လီပို့ခုန်ပြီး အကာအကွယ် ဒိုင်းကာကို ဖန်တီးခဲ့သူမှာ ချန်လွေ့ပင် ဖြစ်လေသည်။

ပေါက်ကွဲမှု အရှိန်များ ပြီးပြီးနောက် ချန်လွေ့သည် အကာအကွယ် ဒိုင်းကာကို ဖယ်ရှားလိုက်ပြီး ရိုမန်အား မျက်စိစောင်းကြည့်လိုက်သည်။

“ ဟေး...ဟို ‘ဘာပဲဖြစ်ဖြစ်ပါ’ဆိုတဲ့ကောင်။မင်း ဒေလီယာကို မလွှတ်သေးပါဘူး။ဘာမှ ဘာပဲဖြစ်ဖြစ်ဟုတ်ပေမဲ့ ဒေလီယာက မဟုတ်ဘူး။ ”

“ ကျွန်မကို လွှတ်။ ”

ဒေလီယာ အော်ပြောပြီး ရိုမန်၏လက်ထဲ၌ ရုန်းထွက်လိုက်သည်။အလင်းရောင် မှိန်ပျပျသာ ရှိသော်လည်း ချန်လွေ့သည် ဒေလီယာ၏မျက်လုံးများ တဖိတ်ဖိတ်တောက်နေသည်ကို မြင်လိုက်သည်။

မည်သည့်အကြောင်းရင်းကြောင့် သုံးနှစ်ထွက်သွားစေကာမူ ရိုမန်၏နှလုံးသားထဲ၌ ဒေလီယာသည် အသက်ထက် တန်ဖိုးကြီးသည်မှာ သေချာသည်။ဒေလီယာအတွက်လည်း ထိုကဲ့သို့ပင် ဖြစ်သည်။

စီးဆောပေါ်မှာထိုင်နေတဲ့ နောက်ထပ် အချစ်ငှက်တစ်စုံပဲ......

“ ဒီတစ်ခေါက် အလောင်းရုပ်သေးကို ရင်ဆိုင်တုန်းက မင်းရဲ့ ဦးဆောင်မှု တော်တော်လေး ကောင်းတယ်။ ”

ချန်လွေ့က ရိုမန်၏ပုခုံးကိုပုတ်ပြီး အဓိပ္ပာယ်နှစ်ခွဖြင့် ပြောလိုက်သည်။

“ နောက်တစ်ခါလည်း ဒီလိုပဲ ဆက်လုပ်။ ”

ရိုမန်သည် အမြဲပင် မျက်နှာအရေထူသည်။ထို့ကြောင့် သူသည် အရှက်မရှိဘဲ ရယ်လိုက်သည်။

“ ဒီလိုပဲဖြစ်ရမှာပေါ့။ဒီလိုပါပဲ။ ”

ရိုမန်သည် ချန်လွေ့ကို ကျေးဇူးတင်စကားပြောချင်သော်လည်း ၎င်းသည် လိုအပ်ပုံမရပေ။

“ ဒီအလောင်းရုပ်သေးက ထင်သလောက် မလွယ်ဘူး။အဲဒါက သန္ဓေပြောင်း စွမ်းရည်လည်း ရှိတယ်။ကိုယ့်ကိုယ်ကိုယ်လည်း ဖောက်ခွဲပစ်နိုင်တယ်။ ”

ဒေလီယာလည်း ချန်လွေ့ကို ကျေးဇူးမတင်ခဲ့ပေ။သူ စကားလမ်းကြောင်း ပြောင်းလိုက်သည်။

“ လွန်ခဲ့တဲ့ နှစ်ပေါင်း၂၀၀၀ခန့်က အမှောင်မှော်ပညာရဲ့ကိုယ်စားပြုဖြစ်တဲ့ နာမည်ကြီး မှော်ပညာရှင် ဂူရာဒန် ပျောက်ကွယ်သွားတော့ နတ်ဆိုးဘုံမှာ အလောင်းရုပ်သေးကို ဒီလောက် အတိုင်းအတာအထိ ထိန်းချုပ်နိုင်တဲ့သူအကြောင်း မကြားရတော့ဘူး။ ”

“ ဂူရာဒန်လား။နာမည်က ရင်းနှီးသလိုပဲ။ ”

ချန်လွေ့ တစ်ခုခုကို တွေးမိသွားသည်။

“ သူ့မိန်းမက အမ္မီရာလား။ ”

“ မဟုတ်တာတွေ။ဂူရာဒန်ကို မှော်ပညာကို အထူးလေ့လာတဲ့ နတ်ဆိုးဧကရာဇ်အဆင့် အစွမ်းထက် ပုဂ္ဂိုလ်တစ်ယောက်ပဲ။သူက အိမ်ထောင်မရှိဘူး။နောက်တော့ သူက လျို့ဝှက်ဆန်းကြယ်စွာနဲ့ ပျောက်ကွယ်သွားပြီးတော့ သူ့ရဲ့တည်နေရာကိုလည်း ရှာမတွေ့တော့ဘူး။အဲဒီအချိန်ကစပြီးတော့ မသေမျိုးမှော်ပညာက တဖြည်းဖြည်းနဲ့ နိမ့်ကျသွားခဲ့တယ်။ ”

ချန်လွေ့ နှာခေါင်းပွတ်လိုက်သည်။ထို ဂူရာဒန်သည် ပီဂူလာဒန် မဟုတ်ပေ။နတ်ဆိုးဘုံရှိ ပန်းပွင့်များသည်လည်း အနီရောင်အရိပ် မဟုတ်ပေ။

“ ဟာ့(ထ်)က အလောင်းရုပ်သေးဆိုတာကို ငါ အစကတည်းက သိခဲ့တယ်။ ”

ချန်လွေ့သည် စဉ်းစားနေပုံရသည်။

“ အစကတော့ သူ့ကိုထိန်းချုပ်နေတာက ကာဆဲလက်လို့ ငါထင်ခဲ့တာ။ဒါပေမဲ့ အခုတော့ သူက အဲဒီလောက် အရည်အချင်း မရှိတဲ့ပုံပဲ။နောက်ကွယ်ကနေ ထိန်းချုပ်၊ ငါတို့ရဲ့စွမ်းအားကို အသုံးချပြီးတော့ ထောင်ခြောက်တွေကို ဖောက်ထွက်ချင်တဲ့ အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက် ရှိနေတာ သေချာတယ်။ ”

ရိုမန်က မျက်မှောင်ကြုတ်ပြီး ပြောသည်။

“ တကယ်တော့ ငါ့ရဲ့ [ မိစ္ဆာမျက်လုံး ] ကလည်း ဟာ့(ထ်)မှာ ထူးဆန်းတဲ့အငွေ့အသက်တစ်ခု ရှိတယ်ဆိုတာကို သတိထားမိတာကြာပြီ။အစကတော့ သူ့ရဲ့စွမ်းအားကိုကြည့်ပြီးတော့ ငါ‌ ကောက်ချက်ချချင်ခဲ့တာ။ဒါပေမဲ့ သူက ကံအရမ်းကောင်းပြီးတော့ အံစာတုံးလှိမ့်တာ သူ့ဆီ တစ်ခါမှ မရောက်ခဲ့ဘူး။ ”

“သူက တကယ်ပဲ လျို့ဝှက်ဆန်းကြယ်တဲ့ အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်က ထိန်းချုပ်ထားတဲ့ အလောင်းရုပ်သေးဆိုရင်တော့ အားလုံး ဖြေရှင်းပြီးသားပါ။ ”

ဒေလီယာ၏မျက်လုံးများ အရောင်တောက်သွား၏။

“ သူက ကံကောင်းနေတာ မဟုတ်ဘူး။ငါတို့အားလုံးက ကံဆိုးနေတာ။ဒါက အမှောင်မှော်ပညာရဲ့ အစွမ်းပဲ။ ”

ရိုမန်လည်း ပြန်ပြောသည်။

“ မင်းပြောချင်တာက.... အမှောင်မှော်ပညာ [ ကြမ္မာဆိုး ] လား။ ”

[ ကြမ္မာဆိုး ] သည် အလွန်လျို့ဝှက်ဆန်းကြယ်သော အမှောင်မှော်ပညာတစ်ခု ဖြစ်သည်။၎င်းသည် တိုက်ရိုက် ထိခိုက်မှုမဖြစ်စေဘဲ ကျိန်စာစွမ်းအားကို အသုံးချကာ ပစ်မှတ်၏ကံကို ကြီးကြီးမားမား လျော့ကျစေခြင်း ဖြစ်သည်။၎င်းသည် တစ်ရက်သာ အာနိသင်ရှိပြီး တစ်ယောက်တည်းကို တစ်လတွင် တစ်ကြိမ်သာ အသုံးပြု၍ရသည်။ ကံသည် မရေရာသော အရာတစ်ခုဖြစ်သည်။သို့သော်လည်း ယနေ့တွင် အားလုံး ကံဆိုးကြသည်မှာ သေချာသည်။ထို့ပြင် [ ကြမ္မာဆိုး ] ၏ မှော်အဆင့်မှာ အလွန်မြင့်သည်။မန်းမှုတ်သူသည်ပင် တစ်စုံတစ်ခု ပေးဆပ်ရလေသည်။

ထိုကဲ့သို့ ကျိန်စာမျိုးကို ယခုမှ ပထမဆုံးအကြိမ် ချန်လွေ့ ခံရဖူးခြင်းဖြစ်ပြီး ထူးဆန်း‌သွားသည်။ဒေလီယာ၏ ရှင်းပြချက်အရဆိုလျှင် [ ကြမ္မာဆိုး ] သည် လူသေများအပေါ်၌သာ အာနိသင်မရှိခြင်း ဖြစ်သည်။[ ကြမ္မာဆိုး ] သည် အလင်းမှော်ပညာ [ မနောကောင်းချီး ] နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။၎င်းတို့သည် အချင်းချင်း ပယ်ဖျက်နိုင်သည်။သို့သော်လည်း နတ်ဆိုးဘုံ၌ အလင်းမှော်ပညာကို တပ်ကျွမ်းသူ မရှိပေ။စမ်းသပ်ချက်များစွာကို ဖြတ်သန်းလာသော လူသားမှော်ပညာရှင် တစ်ယောက်က [ မနောကောင်းချီး ] ကို မန်းမှုတ်နိုင်လေသည်။သို့သော်လည်း ယခုတွင် ထိုသူသည် မည်သည့်နေရာ၌ ရှာနိုင်မည်နည်း။

“ ကာဆဲလက်က အက်(စ်)မိုဒက်(စ်) တော်ဝင်မိသားစုဝင်ဆိုတာနဲ့ သူ့ဝမ်းကွဲက အင်ပါယာရဲ့ ဗိုလ်ချုပ်သုံးဦးထဲကဖြစ်တဲ့ ဗာလန်ဆိုတာ ကျွန်မသိတယ်။ဒါပေမဲ့ သူက မှော်ပညာ မကျွမ်းဘူး။အကွိုင်းကတော့.....သူက မန်မွန်တော်ဝင်မိသားစုကဆိုတာ ရှင် သေချာလား။ ”

ချန်လွေ့ထံမှ အတည်ပြုချက် ရရှိပြီးနောက် မည်ကဲ့သို့သိကြောင်း ဒေလီယာ ထပ်မမေးတော့ဘဲ ဆက်လက် သုံးသပ်လိုက်သည်။

“ ကျွန်မတို့ လီဗျာသန်တော်ဝင်မိသားစုက ရေမှော်ပညာ ကျွမ်းကျင်သလိုမျိုးပဲ မန်မွန်တော်ဝင်မိသားစုမှာက “ အမှောင်မှော်ကျွမ်းကျင်မှု ” ဆိုတဲ့ သွေးမျိုးဆက် ပါရမီရှိတယ်။လွန်ခဲ့တဲ့ နှစ်၂၀၀၀တုန်းက ဂူရာဒန်ကလည်း မန်မွန်တော်ဝင်မိသားစုဝင် တစ်ယောက်ပဲ။ဒါပေမဲ့ ခုနက အလောင်းရုပ်သေးမှာ အထူးလက္ခဏာ နှစ်မျိုးရှိတယ်။သန္ဓေပြောင်းလဲခြင်းနဲ့ [ အလောင်းဖောက်ခွဲခြင်း ]။ကျွန်မရဲ့ [ နတ်မိစ္ဆာမျက်လုံး ] တောင် အဲဒါကို မဖိနှိပ်နိုင်ဘူး။အကွိုင်းမှာ [ အမှောင်မှော်ကျွမ်းကျင်မှု ] ပါရမီ ရှိရင်တောင် သူ့ရဲ့စွမ်းအားက မဟာနတ်ဆိုးဘုရင်အဆင့်ပဲ ရှိသေးတယ်။အလောင်းရုပ်သေးကို ဒီအဆင့်အထိ သူလုပ်နိုင်ဦးမှာ မဟုတ်ဘူး။တခြားတစ်ယောက်ယောက် ရှိရမယ်။ပြီးတော့ အဲဒါကလည်း သူရဲ့မဟာမိတ် ဖြစ်မယ်။ ”

“ မင်းတို့ ဒါကို သတိမထားမိဘူး။ ”

ချန်လွေ့ ညည်းညူလိုက်သည်။

“ ဟာ့(ထ်)က ငါတို့ကို တစ်နေရာရာဆီ ခေါ်သွားချင်တာ။အဲဒီနေရာက ထောင်ခြောက်ဖြစ်မယ်။အဲဒီ လျို့ဝှက်ဆန်းကြယ်တဲ့သူက ဟာ့(ထ်)ကို သုံးပြီး ငါတို့ကို ဂူထဲဝင်၊ ရတနာရှာအောင် လုပ်ပြီးတော့မှ ဘာလို့ ထောင်ခြောက်ဆင်ရမှာလဲ။သူ့ကိုယ်သူ ခပ်စောစော ထုတ်ပြဖို့လား။ ”

ရိုမန်နှင့် ဒေလီယာတို့သည်လည်း ၎င်းကို သံသယဝင်‌နေကြသည်။ ဧကန္တ......ရတနာရဲ့ တကယ့်တည်နေရာကို ရှာတွေ့သွားပြီလား။အဲဒီထောင်ခြောက် နေရာက ......

ဒေလီယာက ပြောသည်။

“ အဲဒီပစ္စည်းက ငါ့အတွက် အရမ်းအရေးကြီးတယ်။အခွင့်အရေး ၁%ပဲ ရှိရင်တောင် ငါ ကြိုးစားကြည့်ရမှာပဲ။ ”

ထိုသို့ ဒေလီယာ ပြောလိုက်သည့်နှင့် ရိုမန်လည်း မကန့်ကွက်ပေ။

“ သုံးယောက် မဲပေးတယ်ဆိုတော့ သွားကြတာပေါ့။ ”

ချန်လွေ့ ရှေ့ဆက်သွား၏။

ရိုမန်က ရှေ့သို့ နှစ်လမ်းသွားပြီး ပြောသည်။

“ အဲဒီမှာ အန္တရာယ်တွေ ရှိတယ်ဆိုတာ မင်းသေချာသိတာပဲ။မင်း သွားဖို့ မလိုပါဘူး။ ”

“ ငါတို့ ဒီကိုရောက်နေပြီပဲ။မင်းငါ့ကို လက်မလျှော့ခိုင်းဘူး မလား။တကယ်တော့ ဒေလီယာလိုပဲ ငါလည် ဒီကို ရည်ရွယ်ချက်တစ်ခုနဲ့ လာခဲ့တာ။ဒီရတနာသိုက်ထဲမှာ ငါယူရမယ့် ပစ္စည်းနှစ်မျိုး ရှိတယ်။ ”

“ ရတနာသိုက်ထဲမှာ ရှင်လိုချင်တာ ရှိတယ်ဆိုတာ ဘယ်လိုသိတာလဲ။ ”

ဒေလီယာက မေးသည်။သူသည် ရတနာအား အထူး သွေးမျိုးဆက် အာရုံခံမှုကြောင့်သာ သိရှိခဲ့ခြင်း ဖြစ်သည်။

ချန်လွေ့ တည့်တည့် ပြန်မဖြေပေ။

“ ငါပြောရင် မင်းတို့ယုံမှာ မဟုတ်ဘူး။ငါက ဒီရတနာသိုက်ရဲ့ ‘တရားဝင်’ ပိုင်ရှင်လို့ ပြောလို့ရတယ်။အဲဒါကြောင့်ပဲ ငါက ဒီမှော်ထောင်ခြောက်တွေကို ကျွမ်းကျင်နေတာ။ကျန်တာတွေကို ငါဂရုမစိုက်ဘူး။ဒါပေမဲ့ အဲဒီပစ္စည်းနှစ်မျိုးကို ငါရမှဖြစ်မယ်။ဒါပေမဲ့ စိတ်ချပါ။ငါတို့ရဲ့ ပန်းတိုင်က ပြဿနာဖြစ်မှာ မဟုတ်ပါဘူး။ ”

ဒေလီယာသည် လီဗျာသန် တော်ဝင်မိသားစု၏ လျို့ဝှက်ရတနာကို ရှာဖွေနေခြင်းဖြစ်သည်။ချန်လွေ့ ရှာဖွေနေသည့် ဆော်ရွန်မျက်လုံးမှာ ‌ပြိဿတို့၏ လျို့ဝှက်ရတနာ ဖြစ်သည်။လျို့ဝှက်ဆန်းကြယ်သော သေတ္တာမှာမူ ပါ့(ဂ်)လီအိုအား ချိပ်ပိတ်ခဲ့သူနှင် သက်ဆိုင်သည်။ထို့ကြောင့် ၎င်းကို လီဗျာသန်မိသားစုက ပိုင်ဆိုင်ရန် မဖြစ်နိုင်ချေ များလေသည်။

“ ငါမင်းကို ယုံပါတယ်။ ”

ရိုမန်က ဂရုမစိုက်ဘဲ ကြားဖြတ်ပြောလိုက်သည်။

“ အားလုံးက ပိုက်ဆံပဲလိုချင်ပြီးတော့ အသက်ကို မလိုချင်ဘူးဆိုတော့ သွားကြတာပေါ့။ ”

“ ထားပါ။မင်းက ဒီကိစ္စနဲ့ ဘာမှမဆိုင်တဲ့သူပဲ။မင်းကို ခေါ်သွားဖို့ ငါ့ကိုအရှက်မရှိ မတောင်းပန်ခဲ့ဘူးဆိုရင် “ဘာပဲဖြစ်ဖြစ်ပါ”ဆိုတဲ့ကောင်ကို ငါခေါ်သွားချင်မှာ မဟုတ်ဘူး။ ”

ချန်လွေ့၏စကားကြောင့် ရိုမန် မျက်လုံးလည်လိုက်သည်။ထိုအချိန်တွင် ချန်လွေ့၏ ကျောပိုးအိတ် လှုပ်ရှားလာပြီး ဒိုဒို၏ သမ်းဝေသံ ထွက်လာသည်။

“ အာ။သခင်။ဘာလို့ မှောင်နေရတာလဲ။ ”

တစ်ရက်နှင့်တစ်ည အိပ်ပြီးနောက် လောဘကြီးသော ချွဲကျိကောင် နိုးထလာလေပြီ။၎င်းသည် အဆက်မပြတ် စကားပြောတော့သည်။ရိုမန်သည် ဒိုဒိုကို မြင်ခဲ့ဖူးသည်။သို့သော်လည်း ဒေလီယာ အနည်းငယ် အံ့အားသင့်သွားသည်။ ဒီ“ရစ်ချတ်”မှာ တကယ်ထူးဆန်းတဲ့ နတ်ဆိုးဘုရင်အဆင့် “အိမ်မွေးတိရစ္ဆာန်” တစ်ကောင် ရှိနေတာပဲ။

ရှေ့တွင် လမ်းခွတစ်ခု ရှိနေပြန်သည်။သူတို့ ရွေးချယ်မည် ပြင်လိုက်စဉ် အသံတစ်သံ ထွက်လာသည်။၎င်းသည် ညာဘက်လမ်းမှ ဖြစ်သည်။

ချန်လွေ့သည် ဒိုဒိုအား ချက်ချင်းပင် အသံတိတ်ရန် အမိန့်ပေးလိုက်သည်။သူတို့သုံးယောက်သည် အသံနောက်သို့ ခပ်မြန်မြန် လမ်းလျှောက်သွားသည်။

ထွင်းစာထောင်ခြောက်တစ်ခုကို ဖြတ်သန်းသွားပြီးနောက် ရှေ့မှအလင်းရောင်သည် ပို၍တောက်ပလာသည်။ခဏအကြာတွင် သူတို့သုံးယောက်အရှေ့၌ ခန်းမတစ်ခု ပေါ်ထွက်လာသည်။အသံသည် ထိုနေရာမှ လာခြင်းဖြစ်ပြီး ၎င်းမှာ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေသံ ဖြစ်နိုင်သည်။

ထိုခန်းမသည် ရှီလန်တောင်ရှိ သတ္တုရိုင်းအပြုန်းတွင်းထက် ပို၍ကြီးမားသည်။လမ်းတစ်လျှောက်ရှိ မှိန်ပျပျအလင်းနှင့်ယှဉ်လျှင် ခန်းမသည် နေ့ခင်းကဲ့သို့ တောက်ပနေ၏။အလင်းအရင်းအမြစ်သည် ဆယ်မီတာခန့်မြင့်သော နေရာ၌ စိုက်သွင်းထားသော ဧရာမ အလင်းမီးကျောက်တုံးမှ ဖြစ်သည်။အလင်းမီးကျောက်တုံးသည် အတော်‌လေးရှားပါးသော အလင်းရောင်ကုန်ကြမ်းပစ္စည်းတစ်မျိုး ဖြစ်သည်။ဤကဲ့သို့အရွယ်အစားသည် အလွန်အမင်း အဖိုးတန်လှသည်။သို့သော်လည်း မြေပေါ်ရှိ အရာများနှင့်ယှဉ်လျှင် ‌ထိုအလင်းမီး ကျောက်တုံးသည် အခန်းကို မီးထွန်းပေးသော အလင်းရောင်တစ်ခုသာသာထက် မပိုတော့ပေ။

ခန်းမအလယ်၌ မရေမတွက်နိုင်သော တောက်ပနေသည့်ပစ္စည်းများ ပုံလျက်သားရှိနေပြီး ဆယ်မီတာခန့်မြင့်သော တောင်တစ်တောင်ကဲ့သို့ ဖြစ်နေပြီး တအိအိလှုပ်နေလေသည်။ သလင်းကျောက်နက်ဒင်္ဂါးတွေ။ဒါတွေအားလုံးက သလင်းကျောက်နက်ဒင်္ဂါး‌တွေပဲ။

ထို့အပြင် အတိအကျပြော၍မရသော ကျောက်မျက်အပုံနှင့် သလင်းကျောက် အပုံများလည်း ရှိနေသည်။ချန်လွေ့သည် ရွှေတောင်၊ငွေတောင်ဆိုသည်ကို သဘောပေါက်သွားလေပြီ။

ပါ့(ဂ်)လီအိုသည် သူထင်ထားသည်ထက် ပို၍ချမ်းသာကြွယ်ဝ‌လေသည်။

All Chapters