← Chapters

နတ်ဘုရားဝါးမျိုခြင်း။အဆောင်ပစ္စည်း စိစစ်မှု ပြီးစီးသွားပြီ

Vol. 15 Ch. 217

နတ်ဘုရားဝါးမျိုခြင်း။အဆောင်ပစ္စည်း စိစစ်မှု ပြီးစီးသွားပြီ

Vol. 15 Ch. 217

ဒေလီယာနှင့်ရိုမန်တို့လည်း ထိုငွေပုံကြီးကို မြင်သွားသည့်အခါ ထိတ်လန့်သွားကြသည်။ သို့သော်လည်း တစ်ယောက်မှ လောဘကြောင့် မျက်စိမကန်းသွားခဲ့ကြပေ။သူတို့သည် ချက်ချင်းပင် ဘေးဘီဝဲယာသို့ စစ်ဆေးကြည့်လိုက်သည်။

မြေပြင်ပေါ်၌ လဲနေသော အလောင်းများစွာ ရှိနေသည်။လူတိုင်းသည် မိမိ၏အသက်ကို ဂရုမစိုက်ဘဲ အချင်းချင်း သတ်ဖြတ်နေကြခြင်း ဖြစ်သည်။ကြီးမားလှသော အကျိုးအမြတ်နှင့်တွေ့သည့်အခါ ကျိုးပဲ့လွယ်သော မဟာမိတ်သည် ချက်ချင်းပင် ပြိုကွဲသွားတော့သည်။ထိုကြောက်မက်ဖွယ် ပမာဏရှိသော ရတနာများကို လူတိုင်း ပိုင်ဆိုင်ချင်နေကြသည်။

၎င်းသည် [ ကြမ္မာဆိုး ]၏ အစွမ်းကြောင်း ဖြစ်နိုင်သည်။မြေပေါ်မှ ရတနာမုဆိုးအားလုံး ရောက်ရှိလာလေပြီ။အကြမ်းတမ်းဆုံးတိုက်ပွဲမှာ ကာဆဲလက်အဖွဲ့နှင့် အကွိုင်းတို့အဖွဲ့ကြားရှိ တိုက်ပွဲ ဖြစ်သည်။ယခင်က ချန်လွေ့သည် လှည့်ကွက်သုံးပြီး အကွိုင်းထံမှ ထွက်ပြေးလွတ်မြောက်ခဲ့သည်။သို့သော်လည်း အကွိုင်းသည် အလွန်အစွမ်းထက်လှသည်။ကာဆဲလက်သည် အစွမ်းထက်ဆုံး တော်ဝင်မိသားစု ပါရမီဖြစ်သော [ စစ်ရုပ်သေး ]ကို အသုံးပြုနေသော်လည်း ပြိုင်ဘက်ဖြစ်သူကို မဖိနှိပ်နိုင်သေးပေ။

အကွိုင်း၏လက်သီးမှ အနက်ရောင်အလင်း တောက်ပနေသေည်။၅မီတာအမြင့်ရှိ ကြေးရုပ်သေး‌ပေါ်၌ ထိုလက်သီးချက် ထိသည့်နေရာတိုင်း တိုက်စားမှုများ၊အက်ကြောင်းများ ဖြစ်လာသည်။၎င်း၏မာကြောလှသော ခန္ဓာကိုယ်သည် ပို၍နက်နက်ရှိုင်းရှိုင်း ထိခိုက်လာသည်။အကယ်၍ ကြေးရုပ်သေးသာ နာကျင်မှု၊ကြောက်ရွံ့မှုကို ခံစားနိုင်မည်ဆိုလျှင် ရှုံးနိမ့်သွားသည်မှာ ကြာလေပြီ။

ချန်လွေ့အား အံ့ဩသွားစေသည်မှာ အကွိုင်းနှင့် ကာဆဲလက်ကဲ့သို့ အစွမ်းမထက်သူများလည်း အချင်းချင်းတိုက်ခိုက်နေခြင်းကိုပင် ဖြစ်သည်။သူတို့သည် ထိုရတနာများကို ယူမပြေးကြဘဲ သရဲစီးခံစားရသကဲ့သို့ပင် အချင်းချင်း သတ်နေကြသည်။

ဒေလီယာ၏ ညာမျက်လုံး အနက်ရောင် ပြောင်းသွားသည်။ဧရာမ သလင်းကျောက်နက်ဒင်္ဂါး တောင်ပုံကြီးကိုကြည့်ရင်း [ နတ်မိစ္ဆာမျက်လုံး ] အစွမ်းက တစ်ခုခုကို အာရုံခံမိသွားသည်။၎င်းသည် မူမမှန်သော တစ်ခုခုကို အာရုံခံမိသွားပြီး ရုတ်တရက် ကျုံ့သွားသည်။ဒေလီယာ အင့်ခနဲ ညည်းလိုက်ပြီး ရင်ဘတ်ကို အုပ်ထားကာ တည်တည်ငြိမ်ငြိမ် မရပ်နိုင်တော့ပေ။ရိုမန် အပြေးလာပြီး ဒေလီယာကို ‌ထိန်းထားပေးလိုက်သည်။

တစ်ချိန်တည်းမှာပင် ချန်လွေ့သည်လည်း ခန်းမတစ်ခုလုံး၌ စိတ်ဝိညာဉ်စွမ်းအား အတက်အကျဖြစ်နေမှု အလွှာများရှိနေကြောင်း အာရုံခံမိလိုက်သည်။၎င်းတို့၏သက်ရောက်မှုကို ခံရပြီးနောက် ချန်လွေ့၏ရင်ဘတ်ထဲ၌ အပူတစ်ခု ဖြစ်လာသည်။ထိုအပူတွင် အဆုံးမရှိသော ကြမ်းတမ်းပြီး ရက်စက်သည့် အတွေးများ ရှိနေပြီး ချန်လွေ့၏ စိတ်ထဲ၌ ပြင်းထန်သော သွေးဆာမှုတစ်ခု ဖြစ်ပေါ်လာသည်။

ဒီအချိန်ကြီးမှာ ငါ့ရဲ့အတွင်းနတ်ဆိုး နိုးထလာပြန်တာလား။

“ ဒီနေရာက တစ်ခုခုတော့ မဟုတ်ဘူး။ ”

ဒေလီယာ ပင့်သက်ရှိုက်လိုက်သည်။

“ ဒီထဲမှာ ပြင်းထန်ယုတ်မာတဲ့ အတွေးတွေ အပြည့်ပဲ။[ နတ်မိစ္ဆာမျက်လုံး ] ကို သေတ္တာတစ်လုံးထဲမှာ ထည့်ထားသလိုပဲ။ပြီးတော့ အဲဒီစွမ်းအားကို ဖြန့်ကျက်လို့မရဘူး.....”

ရိုမန်သည် [ မိစ္ဆာမျက်လုံး ] ကို အသက်သွင်းပြီး သလင်းကျောက်နက်ဒင်္ဂါး အပုံကြီးကို အသာလေး ကိုင်ကြည့်သည်။သို့သော်လည်း သူ လက်လှမ်းကြည့်အခါ မည်သည့်ခံစားချက်မျှ မရပေ။၎င်းသည် အလွန်ထူးဆန်းပေသည်။ရိုမန်သည် ခဏသာ ကြည့်နိုင်ပြီး မူးဝေလာ၏။စွမ်းအား ဆယ်ဆကျော် အသုံးပြုလိုက်ရသကဲ့သို့ ဖြစ်သွားသည်။သူ အံ့အားသင့်စွာ ပြောလိုက်သည်။

“ ငွေနဲ့ပတ်သက်ပြီးတော့လည်း တစ်ခုခု လွဲနေသေးတယ်..... ”

ချန်လွေ့သည် အတွင်းနတ်ဆိုး နိုးထလာခြင်း၏ မသက်မသာ လက္ခဏာများကို ခုခံနေလိုက်သည်။ထို့နောက် လက်ကို သလင်းကျောက်နက်ဒင်္ဂါး အပုံကြီးဆီသို့ ဆန့်တန်းပြီး သိုလှောင်ဂိုဒေါင်ကို အသက်သွင်းသည်။သို့သော်လည်း ထိုသလင်းကျောက်နက်ဒင်္ဂါးများ လုံးဝမလျော့သွားပေ။သိုလှောင်ဂိုဒေါင်ထဲ၌လည်း မည်သည့်ပစ္စည်းမှ မပိုလာခဲ့ပေ။

လက်စသတ်တော့ ဒါက ပုံရိပ်ယောင်ဖြစ်နေတာကိုး။ဒီလောက်ယုတ္တိရှိတဲ့ ပုံရိပ်ယောင် တကယ်ကြီး ‌ရှိတာပဲ။ ငွေပုံကြီးသည် ထူးဆန်းသောစွမ်းအားဖြင့် ဖွဲ့စည်းထားသော ပုံရိပ်ယောက်တစ်ခု ဖြစ်ကြောင်း သိလိုက်ရသည့်အခါ ချန်လွေ့ အံ့အားသင့်သွားသည်။သို့သော်လည်း ခုနက ဟာ့(ထ်) ငါးစာအဖြစ် သုံးခဲ့သော ရွှေသလင်းကျောက်မှာမူ အစစ်ဖြစ်သည်။ယခုတွင် သံသယ အဖြစ်နိုင်ဆုံး အကွိုင်းနှင့် ကာဆဲလက်တို့ပင် အချင်းချင်း တိုက်ခိုက်နေကြသည်။ဤသည်ကိုကြည့်လျှင် တစ်စုံတစ်ယောက်က အခြေအနေကို နောက်ကွယ်မှ ထိန်းချုပ်နေကြောင်း သိနိုင်သည်။ထိုသူသည် လူအားလုံးကို မျှားခေါ်ပြီး အချင်းချင်း သတ်ဖြတ်စေချင်နေသည်။

ထိုသူသည် ဤနေရာ၏အခြေအနေကို အလွန်ရင်းနှီးနေရပေမည်။ယခင်အတွေးများ မှားယွင်းနေကြောင်း ချန်လွေ့ သိလိုက်သည်။အလောင်းရုပ်သေးအား ထိန်းချုပ်နေသူမှာ လူအုပ်ကြီးနောက်မှ လိုက်နေခြင်းမဟုတ်ဘဲ လိုဏ်ဂူအတွင်း၌ ရှိနှင့်နေပြီး ဖြစ်လေသည်။

ထို့ပြင် ထိုသူ၏ပန်းတိုင်မှာ ရတနာမဟုတ်ဘဲ ရတနာမုဆိုးများဖြစ်နေသည်။ချန်လွေ့ ထိတ်လန့်နေရင်း အပူ ပိုပြင်းလာသည်။သူ၏ခေါင်းထဲသို့ စိတ်ဝိညာဉ်လှိုင်းများ ပြေးဝင်လာပြီး တားမရဆီးမနိုင်သော သတ်ဖြတ်ချက်စိတ် ဖြစ်လာသည်။

သူ၏စိတ်ထဲ၌ အသိပေးချက်တစ်ခု ပေါ်ထွက်လာသည်။

“ အမည်မသိ စိတ်ဝိညာဉ်စွမ်းအားတွေ့ရှိ။အရှိန်အဝါအဖြစ် ပြောင်းလဲမည်လား။ ”

ချန်လွေ့ ချက်ချင်းပင် အတည်ပြုလိုက်သည်။အရှိန်အဝါပမာဏ အလျင်အမြန် တိုးပွားလာပြီး သူ၏စိတ်လည်း အနည်းငယ် ကြည်လင်သွား၏။သို့သော်လည်း စိတ်ဝိညာဉ်သည် အသိစိတ်ရှိပုံရပြီး ချန်လွေ့၏ “ ဝါးမျိုခြင်း ” ကို အာရုံခံနိုင်ပုံရကာ ချန်လွေ့ဆီသို့ ပမာဏအများအပြားဖြင့် ဝင်ရောက်လာတော့သည်။ချန်လွေ့၏ခေါင်းထဲ၌ တဝီဝီအသံများ ညံနေပြီး လှိုင်းကြမ်းသောပင်လယ်ရှိ လှေတစ်စင်းကဲ့သို့ပင် ခံစားနေရသည်။ကူးပြောင်းခြင်း အမြန်နှုန်းသည် တိုးပွားလာသော စိတ်ဝိညာဉ်များ၏အမြန်နှုန်းကို လိုက်မမှီတော့ပေ။ဂလော်ဖင်း၏ နတ်ဆိုးအရှင်သခင်အဆင့် စိတ်ဝိညာဉ်မှလွဲ၍ ဤကဲ့သို့ဖြစ်ရပ်မျိုး ဖြစ်ပေါ်သည်မှာ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။

ချန်လွေ့သည် ရိုမန်နှင့်စကားပြောကာ အချိန်မဖြုန်းဘဲ စိတ်တည်ငြိမ်ခြင်း ဖော်မြူလာကို ရွတ်ဖတ်ကာ ကြမ်းပြင်ပေါ်၌ ဖြည်းဖြည်းချင်း ထိုင်ချလိုက်သည်။

ရိုမန်နှင့် ဒေလီယာတို့သည် ချန်လွေ့ အခြေအနေ မကောင်းကြောင်း တွေ့သွားပြီး ဘေးနားတွင် စောင့်ကြပ်ပေးသည်။ထိုအချိန်၌ အချင်းချင်း သတ်နေကြသူများက ချန်လွေ့တို့သုံးယောက်ကို ရှာတွေ့သွားပြီး အော်ဟစ်ကာ ပြေးဝင်လာသည်။ချန်လွေ့ ပုခုံးမလှုပ်ခင်မှာပင် ဒိုဒို ခုန်ဝင်သွားပြီး ကြိုးအဖြစ် အသွင်ပြောင်းကာ ရန်သူများကို တင်းတင်းကြပ်ကြပ် ရစ်ပတ်လိုက်သည်။ရိုမန်၏ပုံရိပ်လည်း ထိုသူရှေ့သို့ လျှပ်တပြတ်ရောက်သွားကာ ဓားပြာကို ဝှေ့ရမ်းလိုက်သည်။နေရာအနှံ့သို့ သွေးများ ဖိတ်စင်သွားပြီး ရန်သူ၏ခေါင်း ချက်ချင်း ပြတ်ထွက်သွားတော့သည်။

သွေးလတ်လတ်ဆတ်ဆတ်၏ လှုံ့ဆော်မှုကြောင့် ဖြစ်ပေလိမ့်မည်။ချွဲကျိကောင်၏မျက်လုံးများ ထူးထူးဆန်းဆန်း အရောင်တောက်သွားပြီး တိုက်ခိုက်မှုများ ပို၍ပြင်းထန်လာသည်။ရိုမန်နှင့် ဒေလီယာတို့သည်လည်း ထိုထူးဆန်းသောစွမ်းအား၏ သက်ရောက်မှုကို တဖြည်းဖြည်း ခံလာရသည်။တိုက်ခိုက်နေရင်း သူတို့သည် သတ်ဖြတ်ချင်စိတ်ကို မထိန်းချုပ်နိုင်တော့ဘဲ တိုက်ခိုက်ရေး၌ နစ်မြောသွားတော့သည်။ချန်လွေ့သည် လွင့်လာသော အလောင်းကောင်၏ ဝင်တိုက်မှုကို ခံရပြီး မြေပေါ်သို့ လဲကျသွားသည်။အပြင်ဘက်ရှိ သတ်ဖြတ်သံများသည် ချန်လွေ့၏အာရုံထဲ မဝင်လာတော့ပေ။သူ၏စွမ်းအင်အားလုံးကို စိတ်ဝိညာဉ် ခုခံရန်အတွက်သာ အသုံးပြုနေရသည်။သူသည် လူသေကဲ့သို့ ဖြစ်သွားပြီး ခဏတာမျှ မည်သူမှ သတိမထားမိတော့ပေ။

ချန်လွေ့သည် ကြယ်တာရာဝါးမျိုခြင်းကို အသုံးပြုနိုင်သည်။သို့သော်လည်း စိတ်ဝိညာဉ်ပမာဏ များလွန်းသည်။၎င်း၏အရည်အသွေးသည် ဂလော်ဖင်းအဆင့်ထက် နိမ့်ကျသော်လည်း ပမာဏမှာ အဆုံးမရှိနိုင် ဖြစ်နေသည်။ကြယ်တာရာဝါးမျိုခြင်း စွမ်းအားကို အလောတကြီး အသုံးပြုလိုက်လျှင် ပိုလျှံသွားမည်မှာ သေချာသည်။၎င်းကိုစုပ်ယူရန် ကြယ်တာရာ ကူးပြောင်းခြင်းကိုသာ အသုံးပြု၍ရလေသည်။ကြယ်တာရာကူးပြောင်းခြင်းသည် နတ်ဆိုးအရှင်သခင်အဆင့် စိတ်ဝိညာဉ်ကိုပင် မခုခံနိုင်ပေ။ယခုတွင် ရတနာ၏ ထူးခြားဆန်းပြားသော စွမ်းအားပါ ပါဝင်လာသည့်အတွက် သူ၏စိတ်ဝိညာဉ် သေချာပေါက် လုံးဝပြိုလဲသွားပေမည်။သူသည် ပင်ကိုစရိုက်၏ ထိန်းချုပ်မှုကိုခံရသော မကောင်းဆိုးရွားတစ်ကောင် ဖြစ်သွားလိမ့်မည်။

ရတနာ၏ ထူးခြားဆန်းပြားသော စွမ်းအားကို တစ်စုံတစ်ယောက်က ထိန်းချုပ်ထားပုံရသည်။ထိုသူသည် ချန်လွေ့ကို ပစ်မှတ်ထားနေသည်။သူသည် ခန်းမထဲရှိ စိတ်ဝိညာဉ်စွမ်းအားကို ဝါးမျိုနိုင်သော “အန္တရာယ်ရှိသူ”ကို လုံးဝဖျက်ဆီးချင်နေသည်။စိတ်ဝိညာဉ်စွမ်းအားသည် တစ်လှိုင်းပြီးတစ်လှိုင်း အဆုံးမရှိ ရောက်ရှိလာသည်။ မင်းက ဝါးမျိုနိုင်တယ် ဟုတ်လား။ဒါဆိုလည်း ငါမင်းကို အများကြီး ပေးဝါးမျိုပစ်မယ်။

ချန်လွေ့သည် အချိန်မရွေး ပေါက်ကွဲထွက်နိုင်သော လေဖောင်းတင်းနေသည့် ပူဖောင်းကဲ့သို့ ဖြစ်နေသည်။သူ၏လက်ထဲ၌လည်း အမှောင်ဆန္ဒ ပေါ်ထွက်လာသည်။သို့သော်လည်း ထိုလျို့ဝှက်ရတနာ၏ စိတ်ဝိညာဉ်ခုခံမှုသည် စိတ်ဝိညာဉ်တိုက်ခိုက်မှုကို မတားဆီးနိုင်သေးပေ။အရှိန်ကိုသာ လျော့ကျသွားစေသည်။

မဟုတ်ဘူး။ဒီအတိုင်း ဆက်သွားရင်တော့ ကြယ်တာရာ ဝါးမျိုခြင်းကိုပဲ ငါသုံးနိုင်တော့မယ်။ငါသုံးလိုက်တာနဲ့ သေဖို့များတယ်။ဒါပေမဲ့ မသုံးရင်လည်း သေဦးမှာပဲ။စိတ်ဝိညာဉ်စွမ်းအားက ငါ့ကို ပေါက်ကွဲအောင်လုပ်နိုင်မယ့် နေ့တစ်နေ့ ရောက်လာမယ်လို့ ငါလုံးဝ မထင်ထားခဲ့ဘူး။

ချန်လွေ့ခေါင်းထဲသို့ ရုတ်တရက် အကြံတစ်ခု ရောက်ရှိလာသည်။ ဟုတ်သား။စိတ်ဝိညာဉ် အပိုအလျှံတွေ။[ အထူးစိစစ်မှု ]။

ယခုတွင် နတ်ဘုရား-ဝါးမျိုမျက်နှာဖုံးကို နေ့စဉ် ဖြေရှင်းခြင်းသည် မဖြစ်မနေ ဖြစ်နေသည်။အသီနာသည် အငွေ့အသက် ဖုံးကွယ်ခြင်းနှင့် တိုက်ခိုက်ရေးစွမ်းအား ထိန်းချုပ်ခြင်းကို လုံးဝမကျွမ်းကျင်သေးသည့်အတွက် ချန်လွေ့သည် မိစ္ဆာမျက်ရည်ပြာကို ချန်ထားရသည်။၎င်းမှာ အသီနာ၏ နတ်ဆိုးဘုရင်အဆင့် ထိပ်သီးပိုင်းကို လူအများ မသိရှိသွားရန်နှင့် မလိုလားအပ်သော ပြဿနာများ မဖြစ်လာစေရန်ဖြစ်သည်။ယခုတွင် ချန်လွေ့သည် [ အထူးစိစစ်မှု ] ကို တစ်နေ့နှစ်ကြိမ်သာ အသုံးပြု၍ရပြီး ၎င်း၏တိုးတက်နှုန်းသည် ၉၀%၌ တစ်နေ၏။ယမန်ညက နှစ်ကြိမ်အသုံးပြုပြီးနောက် ၉၁% ရောက်ရှိသွားခဲ့သည်။ပုံမှန်ဆိုလျှင် ၂၄နာရီပြည့်ပြီးမှသာ အသုံးပြုသင့်သည်။သို့မဟုတ်ပါက စိတ်ဝိညာဉ် စွမ်းအား ကုန်ခမ်းခြင်းကို ခံစားရမည်ဖြစ်သည်။သို့သော်လည်း ယခုတွင် ပေါက်ကွဲလုမတတ် စိတ်ဝိညာဉ်စွမ်းအား ရှိနေသည့်အတွက် ကုန်ခမ်းမည်ကို မည်သည့်အတွက်ကြောင့် ကြောက်စရာလိုမည်နည်း။

ချန်လွေ့သည် ၎င်းကိုတွေးမိပြီး ချက်ချင်းပင် [ အထူးစိစစ်မှု ‌] ကို အသက်သွင်းသည်။ကံကောင်းစွာပင် [ အထူးစိစစ်မှု ]သည် ထိုပြင်ပစိတ်ဝိညာဉ်စွမ်းအားကို မပြောမဆိုနှင့် သိမ်းယူလိုက်သည်။ချက်ချင်းပင် ပူလောင်သည့်ခံစားချက် ထက်ဝက် လျော့ကျသွား၏။စိတ်ဝိညာဉ်စွမ်းအား အဆက်မပြတ် စီးဆင်းနေသော်လည်း နာရီအကြာ၌ [ အထူးစိစစ်မှု ] က ၎င်းတို့အားလုံးကို ကုန်ခမ်းအောင် ပြုလုပ်လိုက်သည်.....။

[ အထူးစိစစ်မှု ] အစွမ်းသည် စွမ်းအားနှင့် စိတ်ဝိညာဉ် သန့်စင်မှုအပေါ်၌ တိုက်ရိုက်အချိုးကျသည်။ထိုထူးဆန်းသော ပြင်ပစိတ်ဝိညာဉ်သည် ချန်လွေ့ထက် ပို၍သန့်စင်သည်။နတ်ဘုရား-ဝါးမျိုမျက်နှာဖုံးကို ခွဲခြမ်းစိတ်ဖြာနေသော တိုးတက်နှုန်း ဇယားမှာလည်း ဖြည်းဖြည်းချင်း ပြောင်းလဲတော့သည်။၉၂%၊၉၃%.....၁၀၀%။

နောက်ဆုံး၌ ပြီးဆုံးသွားခဲ့လေပြီ။

၁၀၀% ရောက်ရှိသွားသည့်အခါ စူပါစနစ်ထဲရှိ နေအဖွဲ့အစည်း၌ လွင့်မျောနေသော မျက်နှာဖုံးမှ ပြင်းထန်သော အလင်းရောင် ရုတ်တရက် ထုတ်လွှတ်လိုက်သည်။၎င်းသည် ဗဟိုရှိ လောင်ကျွမ်းနေသော နီရဲရဲ “နေ”ကိုပင် ဖုံးလွှမ်းလုနီးပါး ဖြစ်သွားခဲ့သည်။

“ ဝုန်း ”

ဟင်းလင်းပြင်ထဲ လွင့်မျောနေသော နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး ကွဲကြေသွားပြီး ကြယ်မှုန်အဖြစ် ပြောင်းလဲသွားတော့သည်။သို့သော်လည်း ၎င်းသည် အဆုံးသတ် မဟုတ်သေးပေ။တစ်ချိန်တည်းမှာပင် ကြယ်စင်စု နတ်ဘုရားကျောင်း အခြေအနေပြဇယားပေါ်ရှိ ချန်လွေ့၏ သုံးဖက်မြင် လူသားပုံရိပ် မျက်နှာပေါ်၌ မျက်နှာဖုံးတစ်ခု ပေါ်ထွက်လာသည်။

ခန်းမထဲ၌ မြေပြင်ပေါ်လဲတေသော ချန်လွေ့ မျက်လုံးဖွင့်လိုက်သည်။သူ၏မျက်နှာပေါ်၌ နတ်ဘုရား-ဝါးမျို မျက်နှာဖုံး ပေါ်ထွက်လာသည်။၎င်းသည် ယခင်ကနှင့် အနည်းငယ် ကွာခြားသည်။နှာခေါင်းနှင့်ပါးစပ်ပါ အပြည့်ပါသည်။ပါးစပ်သည် လှုပ်ရှားနိုင်ပုံရသည်။၎င်းသည် ဝေလငါး ရေသောက်သကဲ့သို့ ဖြည်ဖြည်းချင်း ပွင့်လာပြီး ပိုလျှံနေသော စိတ်ဝိညာဉ်များကို တတ်နိုင်သမျှ အများဆုံး ဝါးမျိုလိုက်သည်။

ထိုဝါးမျိုခြင်းသည် [ ကြယ်တာရာဝါးမျိုခြင်း ] ၊ [ အရှိန်အဝါကူးပြောင်းခြင်း ] မဟုတ်ဘဲ မျက်နှာဖုံး ကိုယ်တိုင်၏ စွမ်းအား ဖြစ်သည်။

ယခုတစ်ခေါက်၌ အဆုံးမရှိပုံရသော စိတ်ဝိညာဉ်စွမ်းအား ကုန်ခမ်းသွားပုံရသည်။နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး၏ ကြောက်မက်ဖွယ်ရာ ဝါးမျိုခြင်း စွမ်းအားကြောင့် ၎င်းသည် အင်အားလျော့နည်းလာသည်။ထို့နောက် ဧရာမ သလင်းကျောက်နက်ဒင်္ဂါးတောင်ကြီး ပြောင်းလဲသွားပြီး တဖြည်းဖြည်း သေးလာကာ မီးခိုးမှုန်အဖြစ် ပျောက်ကွယ်သွားတော့သည်။

အနီးအနားရှိ စိတ်ဝိညာဉ်စွမ်းအား အများအပြား အားနည်းသွားပြီး သက်ရောက်ခံနေရသော လူများလည်း တဖြည်းဖြည်း သတိပြန်ဝင်လာသည်။အမှန်တကယ်၌ တိုက်ပွဲမှာ အဆုံးသတ် ရောက်လုနီးပါး ဖြစ်နေပြီဖြစ်သည်။လူ၅ဦးသာ အသက်ရှင်ကျန်သည်။ အိုး။ဟုတ်သားပဲ။အပိုင်းပိုင်းကနေ ပြန်ဆက်သွားပြီးတော့ မြေပြင်ပေါ်ပြုတ်ကျသွားတဲ့ ဒိုဒိုလည်း ရှိသေးတယ်။

ဒဏ်ရာအများဆုံးမှာ အစွမ်းထက်ဆုံး ဖြစ်သော အကွိုင်းပင် ဖြစ်သည်။စိတ်ဝိညာဉ် ထိန်းချုပ်မှုအောက်၌ အကွိုင်းသည် အားလုံး၏ ပစ်မှတ်ဖြစ်သွားခဲ့သည်။သူသည် ပြိုင်ဘက်အများအပြားကို သတ်ပစ်ခဲ့သော်လည်း ဘယ်လက်ပြတ်သွားပြီး တစ်ကိုယ်လုံး၌ ဒဏ်ရာများ ပြည့်နှက်နေ၏။သူ၏သားရေချပ်ကာမှာလည်း ပျက်စီးသွားပြီး မို့မောက်နေသော ရင်သားမှာ ပေါ်လွင်နေသည်။ကာဆဲလက်လည်း မသက်သာခဲ့ပေ။သူ၏ညာမျက်လုံး မှုန်ဝါးနေပြီး ဖွင့်၍မရတော့ပေ။သူ၏ရင်ဘတ်နှင့် ဝမ်းဗိုက်၌လည်း ကြီးမားသော သွေးကွက်များ ရှိနေသည်။ထို့ပြင် ကြေးရုပ်သေးမှာလည်း အမှိုက်ဖြစ်သွားသည်။သူ၏စိတ်လည်း ဒဏ်ရာရသွားသည်။ဒေလီယာနှင့် ရိုမန်တို့၏ ဒဏ်ရာများမှာ အနည်းငယ် ပေါ့ပါးသည်။အသက်ရှင်ကျန်သော နောက်ထပ် နတ်ဆိုးဘုရင်အဆင့် ထိပ်သီးပိုင်းတစ်ယောက် ရှိနေသည်။ထိုသူများအားလုံး အားနည်းနေကြလေသည်။

စိတ်ဝိညာဉ်စွမ်းအားများ အတိုင်းအတာတစ်ခုအထိ အားနည်းသွားသည့်အခါ တိုက်ပွဲ ရပ်တန့်သွားသည်။သူတို့အနီးအနားရှိ ပြင်းထန်သော စိတ်ဝိညာဉ် မတည်မငြိမ်ဖြစ်မှုများသည် မျက်နှာဖုံးနှင့်လူထံသို့ ပြေးဝင်နေကြောင်း သိလိုက်သည်။ငွေတောင်ကြီးတစ်ခုလုံး မီးခိုးအဖြစ် ပျောက်ကွယ်သွားသည့်အတွက် မည်သည်ဖြစ်ခဲ့သည်ကို သူတို့ သဘောပေါက်သွားသည်။

“ အဲဒီမျက်နှာဖုံး ”

အကွိုင်း တုန်လှုပ်သွားသည်။

“ ဧကန္တ ဒါက အဆောင်ပစ္စည်း ၇ မျိုးထဲက ...... ”

လူတိုင်း ထိတ်လန့်သွား၏။အထူးသဖြင့် ရိုမန်နှင့် ဒေလီယာတို့ပင်ဖြစ်သည်။သူတို့အားလုံး အံ့အားသင့်သွားကြသည်။ ဒီရစ်ချတ်(ချန်လွေ့)က လူသားတစ်ယောက် မဟုတ်လား။

ချန်လွေ့ ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်သည်။မျက်နှာပေါ်၌ မျက်နှာဖုံးရှိနေသကဲ့သို့ မခံစားရဘဲ အလွယ်တကူ သိမ်းယူ၍ရသော ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုအဖြစ် ခံစားနေရသည်။အစွမ်းသစ်ပင်ပေါ်၌လည်း “ သစ်သီး ” အသစ်တစ်လုံး သီးလာသည်။

[ နတ်ဘုရားဝါးမျိုခြင်း ] ( ထပ်တိုးအစွမ်း )

(၁) ဝိညာဉ်ထိန်းချုပ်မှု မတိုးတော့။

(၂) စိတ်ဝိညာဉ်၊မှော်ပညာနှင့် ဝိညာဉ်တိုက်ခိုက်မှုအားလုံးကို ဝါးမျိုနိုင်။

( အသက်ဝင်ခြင်း - ၇ရက်တစ်ခါ။လက်ရှိအသုံးပြုမှု ၁/၁ )။

(၃) [ နတ်ဆိုးယင်ကောင်သို့အသွင်ပြောင်းခြင်း ]

ခန္ဓာကိုယ်အား မရေမတွက်နိုင်သော နတ်ဆိုးယင်ကောင်များအတွက် ပြောင်းလဲဖြန့်ကြဲနိုင်ပြီး ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုအားလုံး မတိုးတော့။

( အသက်ဝင်ခြင်း - တစ်ရက်တစ်ကြိမ်။လက်ရှိ အသုံးပြုမှု ၀/၁ )

All Chapters