အလောင်းအောက်လမ်းပညာရှင်။ လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ခန့်က အောက်လမ်းပညာရှင်
Vol. 15 Ch. 218
ချန်လွေ့ ထိတ်လန့်သွားသလို ပျော်လည်း ပျော်သွားသည်။[ အထူးစိစစ်မှု ] ပြီးစီးသွားပြီးနောက် အဆောင်ပစ္စည်းစွမ်းအားကို လူသားတစ်ယောက် အနေဖြင့် ကျွမ်းကျင်သွားလိမ့်မည်ဟု ချန်လွေ့ လုံးဝ မထင်မှတ်ထားခဲ့ပေ။ထိုကျွမ်းကျင်မှုနှင့် အဆောင်ပစ္စည်းကို အသုံးပြုသော ဘယ်ဇီဘတ် တော်ဝင်မိသားစုကြားရှိ ခြားနားချက်ကို သူမသိသော်လည်း အခြေအနေကို ကြည့်ရသည်မှာ သူသည် အဆောင်ပစ္စည်း၇မျိုးထဲမှ တစ်မျိုးဖြစ်သော နတ်ဘုရား-ဝါးမျိုမျက်နှာဖုံးကို လုံးဝထိန်းချုပ်နိုင်ခဲ့ပြီဟု ပြော၍ရလေသည်။
ဤသို့ဖြင့် နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး၏ မကောင်းသော သက်ရောက်မှုများ ပျောက်ကွယ်သွားရုံသာမက ထပ်တိုးအစွမ်းတစ်ခုကိုလည်း ချန်လွေ့ ရရှိခဲ့သည်။အဆောင်ပစ္စည်းအား ၁၀၀% ကျွမ်းကျင်ပြီးမှ ရရှိသော ထိုထပ်တိုးအစွမ်းသည် မရိုးရှင်းပေ။၎င်းသည် အစွမ်းသုံးမျိုးနှင့် ညီမျှ၏။
ပထမတစ်မျိုးမှာ စိတ်ဝိညာဉ်ထိန်းချုပ်မှု မတိုးတော့ခြင်းဖြစ်ပြီး လူများကို ရုပ်သေးအဖြစ် ပြောင်းလဲနိုင်သည့် နတ်ဆိုးယင်ကောင်အစွမ်းနှင့် အလောင်းရုပ်သေးပညာ ကဲ့သို့သော မည်သည့်စိတ်ဝိညာဉ် ထိန်းချုပ်မှုကိုမဆို ကြောက်စရာမလိုတော့ပေ။ဒုတိယအစွမ်းကိုမူ မြင်ခဲ့ပြီး ဖြစ်သည်။ထိုဝါးမျိုခြင်းစွမ်းအားသည် အလွန်အစွမ်းထက်လှပြီး မဟာနတ်ဆိုးဘုရင်အဆင့် ပုဂ္ဂိုလ်များအား ထိန်းချုပ်နိုင်သည့် စိတ်ဝိညာဉ်များကိုပင် လုံးဝ ဝါးမျိုနိုင်လေသည်။ထို့ပြင် ထိုအစွမ်းသည် မှော်တိုက်ခိုက်မှုနှင့် ဝိညာဉ်တိုက်ခိုက်မှုများကိုပင် ဝါးမျိုနိုင်သည်။အားနည်းချက်တစ်ခုမှာ တစ်ကြိမ် ပြန်အသုံးပြုရရန်အတွက် ၇ရက်ကြာမြင့်ခြင်းပင် ဖြစ်သည်။နောက်ဆုံးဖြစ်သော [ နတ်ဆိုးယင်ကောင်သို့ အသွင်ပြောင်းခြင်း ] သည် အသုံးအဝင်ဆုံးပင်ဖြစ်သည်။၎င်းသည် ချန်လွေ့အား ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု မတိုးတော့အောင် ပြုလုပ်နိုင်သည်။၎င်းသည် အရေးကြီးအခိုက်အတန့်၌ အသက်တစ်ချောင်း အပိုပါခြင်းနှင့် ညီမျှပေသည်။
ချန်လွေ့ တစ်စုံတစ်ခုကို တွေးလိုက်ရာ မျက်နှာဖုံး ချက်ချင်း ပျောက်ကွယ်သွား၏ ရစ်ချတ်၏မျက်နှာ ပေါ်လာသည်။ခုနက အလွန်သတ္တိရှိခဲ့သော ဒိုဒိုလည်း သတိပြန်ဝင်လာပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။၎င်းသည် ချန်လွေ့၏ပုခုံးပေါ် ခုန်တက်ပြီး ကျောပိုးအိတ်ထဲသို့ ဝင်ပုန်းနေကာ ထွက်မလာရဲတော့ပေ။၎င်းတွင် မသေနိုင်သော ခန္ဓာကိုယ်ရှိသော်လည်း အကွိုင်း၏ အဆက်မပြတ် ချေမွခြင်းကို ခံခဲ့ရသည်။လုံးဝ ပြန်လည်ကောင်းမွန်လာရန်အတွက် စွမ်းအား အတော်များများ ကုန်ဆုံးခဲ့ရလေသည်။
“ ငါတို့အားလုံး အရူးလုပ်ခံခဲ့ရတာပဲ။အချင်းချင်း သတ်အောင်လို့ ဒီနေရာဆီကို မျှားခေါ်ခံခဲ့ရတာ။ငါ့မိသားစုရဲ့ လျို့ဝှက်ရတနာ အစွမ်းကြောင့်သာ မဟုတ်ရင် ငါတို့အားလုံး ဒီမှာ သေသွားကြပြီ။ ”
“ ပြီးတော့လည်း ဒီနေရာမှာ ဆိုးယုတ်ပြီး အစွမ်းထက်တဲ့ အားတစ်ခု ရှိနေတယ်လို့ ငါ့ရဲ့ [ မိစ္ဆာမျက်လုံး ]က ခံစားနေရတယ်။ ”
ရိုမန်၏ ဘယ်မျက်လုံး၌ ထူးဆန်းသော အလင်းရောင်တစ်ခု လင်းလက်သွားသည်။သူသည် ချန်လွေ့ ကမ်းပေးသော ကုသဆေးရည်ကို ယူပြီး တစ်ခါတည်း သောက်ပစ်လိုက်သည်။
“ ဒီနေရာကနေ ငါတို့ အမြန်ဆုံး ထွက်သွားတာ ကောင်းမယ်။ ”
[ မိစ္ဆာမျက်လုံး ] ကို နတ်ဆိုးဘုရားသခင်၏ ညာဘက်လုံးဟုခေါ်ကြပြီး ပုံရိပ်ယောင်များကို ဖောက်ထွင်းကာ အမှန်တရားကို မြင်နိုင်သည်။ယခင်က ပြိုင်ဘက်ဖြစ်သူသည် အစွမ်းထက်လွန်းလှသောကြောင့် ရိုမန် မမြင်နိုင်ခဲ့ပေ။ယခုတွင် မိစ္ဆာစိတ်ဝိညာဉ်က အားနည်းသွားပြီ ဖြစ်သည့်အတွက် ရိုမန်၏ သွေးမျိုးဆက်ပါရမီ အစွမ်းပြလာတော့သည်။
ထိုတိုက်ပွဲအတွင်း၌ လူတိုင်းသည် တစ်ယောက်ချင်းစီ၏ နောက်ခံများကို သိသွားကြသည်ဟု ပြော၍ရပေသည်။“လန်နွန်”သည် ဘယ်ဖီဂေါ မိသားစုမှဖြစ်ပြီး “နီကိုး”သည် လီဗျာသန် မိသားစုမှဖြစ်သည်။စွမ်းအားတစ်ခါမျှ မထုတ်ပြသော “ မှော်စက်ဝိုင်းဆရာသခင် ”ပင် နတ်ဘုရား-ဝါးမျို မျက်နှာဖုံးနှင့် ဆင်တူသော အကြီးမားဆုံးဝှက်ဖဲကို ထုတ်ပြခဲ့သည်။
အကွိုင်း၏ စွမ်းအားများမှာ အစွမ်းထက်ဆုံး ဖြစ်သော်လည်း ဒဏ်ရာအများဆုံး ဖြစ်နေသည်။ကာဆဲလက်၏ [ ကြေးစစ်ရုပ်သေး ] မှာလည်း ဖျက်ဆီးခံလိုက်ရပြီဖြစ်သည်။သူ၏ နတ်ဆိုးဘုရင်အဆင့် ထိပ်သီးပိုင်း အဖွဲ့ဝင်သည်လည်း အပြင်းအထန် ဒဏ်ရာရနေသည်။သူတို့၏ တိုက်ခိုက်ရေး စွမ်းအားများ ကြီးကြီးမားမား လျော့ကျသွားခဲ့သည်။“ရစ်ချတ်”တို့အဖွဲ့၌ မသေနိုင်သော နတ်ဆိုးဘုရင်အဆင့် သားရဲတစ်ကောင် ရှိနေသည်။ထို့ပြင် သူ၏ အဖွဲ့ဝင်နှစ်ယောက်၌လည်း “ နတ်ဆိုးဘုရားဘုရင်၏ ဘယ်မျက်လုံးနှင့် ညာမျက်လုံး ” ရှိကြသည်။လျို့ဝှက်ရတနာရှိသော ရစ်ချတ်တွင် မည်သည့် တိုက်ခိုက်ရေး စွမ်းအားမျှ မဆုံးရှုံးသေးပေ။
အဖွဲ့သုံးဖွဲ့၏ တိုက်ခိုက်ရေးစွမ်းအား ခြားနားချက်မှာ မကြီးမားလှပေ။ကာဆဲလက်တွင် တိုက်ခိုက်ရေးစွမ်းအား အများဆုံး ရှိသေးသော်လည်း သူ အလောတကြီး လှုပ်ရှားလိုက်လျှင် အကွိုင်းနှင့် “ ရစ်ချတ် ” တို့ ပူးပေါင်းသွားနိုင်သည်။ထို့ပြင် ဤနေရာ၌လည်း လျို့ဝှက်ရတနာ မရှိသောကြောင့် အချင်းချင်း သတ်ဖြတ်ခြင်းသည် အဓိပ္ပာယ်မရှိပေ။ဤကဲ့သို့ အန္တရာယ်ရှိသောနေရာမှ အမြန်ဆုံး ထွက်ပြေးပြီး ရတနာကို သွားရှာခြင်းသည် ပိုကောင်းပေလိမ့်မည်။
လူအုပ်ကြီး ထွက်သွားရန် ပြင်လိုက်စဉ် ခန်းမကြီး ရုတ်တရက် ပြောင်းလဲသွားကာ အမည်းရောင်အငွေ့များ ပမာဏအများအပြား ထွက်လာသည်။မူလထွက်ပေါက်များကို အငွေ့မည်းများက ပိတ်ဆို့ထားလိုက်သည်။ထို့နောက် ခန်းမထဲ၌ ချောက်ချားဖွယ် ရယ်သံတစ်သံ ပဲ့တင်ထပ်သွားတော့သည်။
“ မင်းတို့တွေ ဒီကိုရောက်နေပြီဆိုတော့ မင်းတို့ဝိညာဉ်တွေအားလုံး ချန်ထားခဲ့လိုက်တော့။ ”
ခန်းမအလယ်ရှိ အငွေ့မည်းများ တဖြည်းဖြည်း စုစည်းသွားကာ ဝတ်ရုံရှည်ဝတ်ထားဟန်တူသော ပုံရိပ်တစ်ခု ဖြစ်လာသည်။အထင်ရှားဆုံးအရာမှာ ဝတ်ရုံအောက်ရှိ အနီရောင်မီးလုံးနှစ်ခု ဖြစ်သည်။၎င်းကိုသာ သေသေချာချာ မြင်ရသည်။
ချန်လွေ့က [ သရုပ်ခွဲမျက်လုံး ]ကို အသက်သွင်းလိုက်သည်။
မျိုးနွယ် - အလောင်းအောက်လမ်းပညာရှင် ( စိတ်ပုံရိပ် ) ။
စွမ်းအားသတ်မှတ်ချက် - [ B ] ။
အမှောင်မှော်ပညာအခွဲဖြစ်သော မသေမျိုးမှော်ပညာ၌ အရိုးခြောက်ကို ထိန်းချုပ်၍ရသော အရိုးခြောက်စစ်သည်အဖြစ် ပြောင်းလဲနိုင်သော အရိုးခြောက်အသွင်ပြောင်း မှော်ပညာတစ်ခု ရှိသည်ဟု ဒေလီယာ ပြောခဲ့ဖူးသည်။သို့သော်လည်း တစ်နေ့၌ ရူးသွပ်သော မသေမျိုးမှော်ပညာရှင် တစ်ယောက်က တိုးမြှင့်ထားသော အရိုးခြောက်အသွင်ပြောင်း မှော်ပညာကို လျို့ဝှက်ဆေးတစ်မျိုးနှင့် မိမိကိုယ်ကို စီရင်ခဲ့ရာ ပို၍ရူးသွပ်ဖွယ်ကောင်းသောအရာတစ်ခု ဖြစ်သွားခဲ့သည်။၎င်းမှာ အလောင်းအောက်လမ်းပညာရှင်ပင် ဖြစ်သည်။
အလောင်းအောက်လမ်းပညာရှင်၌ အသွေးအသား မရှိပေ။အရိုးခြောက်သာ ရှိသည်။သူတို့သည် ဝိညာဉ်အမြုတေကို ထည့်စရာတစ်ခုခု၌ သိုလှောင်ထားကြသည်။ဝိညာဉ်အမြုတေ မသေဆုံးသရွေ့ အလောင်းအောက်လမ်းပညာရှင်များသည် အလောင်းများကို အသုံးပြု၍ အနှိုင်းမဲ့ ပြန်လည်ရှင်သန်နိုင်သည်။ဝိညာဉ်ထည့်စရာအား ဖီလက္ထရီဟုလည်း ခေါ်ကြသည်။
မသေမျိုး ဖြစ်သည့်အလျောက် အလောင်းအောက်လမ်းပညာရှင်များသည် မည်သည့် ဝိညာဉ်ထိန်းချုပ်မှု မှော်ပညာကိုမျှ မကြောက်ရွံ့ကြပေ။သူတို့သည် မှော်ပညာကို အချိန်အတော်ကြာ လေ့လာခဲ့ပြီး အစွမ်းအထက်ဆုံး မှော်ပညာရှင်များ ဖြစ်ကြသည်။သို့သာ်လည်း လူတိုင်းသည် သာမန် ခန္ဓာကိုယ်နှင့်ဘဝကို မစွန့်လွှတ်ချင်ကြပေ။ထို့ပြင် အလောင်းအောက်လမ်းပညာရှင်သို့ အသွင်ပြောင်းခြင်းဖြစ်စဉ်မှာလည်း စွန့်စားရမှုများရှိသည်။အမှားတစ်ခုခု၊ အပြောင်းအလဲတစ်ခုခုရှိသွားခဲ့လျှင် ထိုမှော်ပညာရှင်သည် ထာဝရ အမှန်တကယ် သေဆုံးသွားမည် ဖြစ်သည်။
အလောင်းအောက်လမ်းပညာရှင်၏ သဘာဝရန်သူများမှာ မြေပေါ်လောကမှ မြင့်မြတ်ဘုန်းတော်ကြီးများ ဖြစ်ကြသည်။သူတို့သည် ဘုန်းတော်ကြီးတို့၏ အထွတ်အမြတ်စွမ်းအားနှင့် သန့်စင်ခြင်းစွမ်းအားတို့ကို ကြောက်ရွံ့ကြသည်။
အငွေ့မည်းထဲမှ လျို့ဝှက်ဆန်းကြယ်သော အလောင်းအောက်လမ်းပညာရှင်က ကြောက်မက်ဖွယ်ကောင်းစွာ ပြောလိုက်သည်။
“ ဒီအချိန်ကို ငါစောင့်နေတာ ကြာပြီ။ ”
“ ရှင်က ဘယ်သူလဲ။ ”
ကာဆဲလက် ဆေးရည်သောက်ပြီး အသံကျယ်ကျယ် အော်ပြောလိုက်သည်။
“ သူက အလောင်းအောက်လမ်းပညာရှင်ပဲ။ ”
လျို့ဝှက်ဆန်းကြယ်သော အလောင်းအောက်လမ်းပညာရှင်က မိမိ၏သရုပ်မှန်ကို ချန်လွေ့ အလွယ်တကူ ဖော်လိုက်နိုင်သည်ကို အံ့အားသင့်သွားပြီး ပြောသည်။
“ အချိန်ဆွဲတာက အသုံးမဝင်ဘူး။ဒီထဲမှာ ဝိညာဉ်(၇)ခုရှိတယ်။ငါ့ရဲ့ဆန္ဒတွေ ပြည့်ဝဖို့အတွက် ဝိညာဉ်(၆)ခုပဲလိုတယ်။ငါ မင်းတို့ကို အခွင့်အရေးတစ်ခု ပေးမယ်။နောက်ဆုံး ကျန်တဲ့သူက ဒီနေရာကနေ ထွက်သွားနိုင်မယ်။ ”
“ ကျွန်မတို့ ဒီလှည့်ကွက်ထဲ အရောက်ခံမယ် ထင်နေတာလား။ ”
အကွိုင်း သရော်ပြုံးပြုံးလိုက်သည်။သူ၏လက် တစ်ဖက်ပြတ်ပြီး တိုက်ခိုက်ရေးစွမ်းအား ကြီးကြီးမားမား လျော့ကျသွားသော်လည်း အလောင်းအောက်လမ်းပညာရှင်၏ အငွေ့အသက်မှာ မဟာနတ်ဆိုးဘုရင်အဆင့်သာ ပြသနေသည်။လူတိုင်း၏ စွမ်အားနှင့်ဆိုလျှင် ထိုသူကို သေချာပေါက် ရှင်းပစ်နိုင်မည် ဖြစ်သည်။
“ ဟုတ်တယ်။ကျုပ်တို့ ထပ်ပြီး အရူးလုပ်ခံတော့မှာ မဟုတ်ဘူး။ ”
ကာဆဲလက် ပင့်သက်ရှိုက်ပြီး လက်ကျန် စွမ်းအားများကို အလျင်အမြန် စုစည်းလိုက်သည်။
“ အတူတူ တိုက်ကြရအောင်။ဒီလူကို အရင်နှိမ်နင်းမယ်။ပြီးမှ ရတနာဘယ်မှာရှိလဲဆိုတာကို စစ်မေးကြမယ်။ ”
ထိုအချိန်ထိ ကာဆဲလက်သည် ရတနာအကြောင်း မမေ့သေးပေ။သို့သော်လည်း ဤထူးဆန်းသော ရန်သူကို ရှင်းပစ်ရန်အတွက် အတူတူပူးပေါင်းရမည်ဖြစ်ကြောင်း လူတိုင်းသိကြသည်။
အကွိုင်း မတ်တပ်ရပ်လိုက်သည်။သူ၏လက်ထဲ၌ [ ကြေးစစ်ရုပ်သေး ] ကို တိုက်ခိုက်ရာ၌ အသုံးပြုခဲ့သော အနက်ရောင်ဖျော့ဖျော့ အလင်းရောင် ထွက်ပေါ်လာပြီး အလောင်းအောက်လမ်းပညာရှင်ကို လက်သီးပစ်ထိုးလိုက်၏။
“ [ ဒုစရိုက်အလင်း ] လား။ကံမကောင်းစွာနဲ့ပဲ ဒီလိုမျိုး မန်နွန်တော်ဝင် မိသားစု သွေးမျိုးဆက်ပါရမီက ငါ့ကိုတိုက်တဲ့အခါ အသုံးမဝင်ဘူး။ ”
အလောင်းအောက်လမ်းပညာရှင် မရှောင်တိမ်းဘဲ အထိုးခံလိုက်သည်။အရိုးခြောက်ခန္ဓာကိုယ် အပိုင်းပိုင်းဖြစ်သွားပြီး အငွေ့မည်းလည်း ပျောက်ကွယ်သွားသည်။
သို့သော်လည်း ထိုပျောက်ကွယ်မှုသည် ခဏသာဖြစ်ပြီး ချက်ချင်းပင် အကွိုင်းကို အငွေ့မည်းများ ဖုံးလွှမ်းသွားသည်။အကွိုင်းက ကြက်သီးထစရာ ကောင်းအောင် အော်ဟစ်လိုက်သည်။အလောင်းအောက်လမ်းပညာရှင်၏ ထိတ်လန့်ဖွယ်ကောင်းသော ရယ်သံလည်းထွက်ပေါ်လာပြီး အငွေ့မည်းမှာ ပြင်းပြင်းထန်ထန် တုန်ခါနေ၏။
“ လွန်ခဲ့တဲ့ နှစ်၂၀၀၀တုန်းက မင်းတို့ရဲ့ အော်သံတွေ၊ အလောင်းတွေကို ငါစိတ်ဝင်စားခဲ့တယ်။အခုတော့ ငါစိတ်ဝင်စားတာက မင်းတို့ရဲ့ အရိုးတွေ၊အသားတွေပဲ။ ”
အကွိုင်း၏ ရုန်းကန်နေသော ခန္ဓာကိုယ် ဖြည်းဖြည်းချင်း ရပ်တန့်သွားပြီး မြေပေါ်သို့ အသာလေး လဲကျသွားသည်။ယခင်က ကောက်ကြောင်းလှပပြီး ညှို့ယူဖမ်းစားနိုင်သော ခန္ဓာကိုယ် ပျောက်ကွယ်သွားပြီး ကြောက်စရာကောင်းသော “သန့်ရှင်းသည့်” အရိုးပုံသာ ကျန်တော့သည်။
မဟာနတ်ဆိုးဘုရင်အဆင့် ထိပ်သီးပိုင်းဖြစ်သော အကွိုင်းသည် မဟာနတ်ဆိုးဘုရင်အဆင့် အလတ်ပိုင်းဖြစ်သော အလောင်းအောက်လမ်းပညာရှင်၏ ချက်ချင်း သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။အကွိုင်းသည် ဒဏ်ရာရသွားပြီးသော ခပ်မြန်မြန် ရှုံးနိမ့်သွားရန် မဖြစ်နိုင်ပေ။လူအုပ်ကြီး ကြောက်ရွံ့တုန်လှုပ်သွားသည်။အလောင်းအောက်လမ်းပညာရှင်၏ စွမ်းအားသည် ထူးဆန်းပြီး ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။
“ မင်းတို့ ဆက်ပြီးတိုက်ချင်သေးလား။ ”
အလောင်းအောက်လမ်းပညာရှင် ရယ်လိုက်သည်။
“ နောက်ထပ်ဝိညာဉ်တစ်ခုကိုယူလိုက်လို့ ဘာမှမဖြစ်ပါဘူး။ ”
ကာဆဲလက်သည် တိုက်ခိုက်တော့မည့် အဖွဲ့ဝင်ကို တားပြီး မေးသည်။
“ ခင်ဗျားက ဝိညာဉ်(၆)ခုပဲလိုတယ်ဆိုတာကို ကျုပ်တို့တွေ ဘယ်လိုယုံကြည်ရမှာလဲ။ ”
“ အတိအကျပြောရင် ငါအခု (၅)ခုပဲ လိုတော့တယ်။ ”
အလောင်းအောက်လမ်းပညာရှင်၏ ရယ်သံသည် မောက်မာလှသည်။
“ ငါ့ရဲ့ နောက်ဆုံးနာမည်နဲ့ အာမခံတယ်။ငါ မင်းတို့ကို ပြောဖို့မေ့သွားတယ်။ငါ့နာမည်က ဂူရာဒန်မန်မွန်။ ”
ထိုနာမည်သည် ရှိသမျှ လူတိုင်းကို အံ့အားသင့်သွားစေသည်။ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင်ကျော်က အထူးချွန်ဆုံး အမှောင်မှော်ဆရာသခင်နဲ့ မသေမျိုး မှော်ဆရာသခင်။
မသေမျိုးမှော်ပညာ လေ့လာဖို့အတွက် ဘဝကိုနှစ်မြှုပ်ထားတဲ့ ဂူရာဒန်က ကိုယ့်ကိုယ်ကိုယ် အလောင်းအောက်လမ်းပညာရှင်အဖြစ် ပြောင်းလဲခဲ့ပြီးတော့ ဒီနေရာမှာ ပုန်းအောင်းနေခဲ့တယ်။သူက မသေမျိုး ကျင့်စဉ်တွေကို ပြီးစီးဖို့အတွက် ဝိညာဉ်တွေရအောင် အသက်ရှင်တဲ့သူတွေကို ဒီနေရာဆီ မျှားခေါ်လာတာလား။
ချန်လွေ့သည် အခြားတစ်ခုကို တွေးမိခဲ့သည်။ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင်ကျော်တုန်းက မှော်ဆရာသခင်တဲ့လား။ဒါက ပါ့(ဂ်)လီအို ချပ်ပိတ်ခံရတဲ့ အချိန်နဲ့ တိုက်ဆိုင်နေတယ်။ဒီ ဂူရာဒန်က ပါ့(ဂ်)လီအိုနဲ့ သက်ဆိုင်နေတာများလား....။ချီးထုပ် ဘဲနဂါးတော့။ဒီလောက် အရေးကြီးတာကို သူဘာလို့ မေ့နေရတာလဲ။
( ဟတ်ချိုး။ရေကန်ပြာဘေးရှိ သတိမေ့တတ်သော နဂါးတစ်ကောင်က နှာချေပြီး ခေါင်းကုတ်နေသည်။ချန်လွေ့က ရတနာကို ရသွားပြီလား။ဘယ်လိုပဲဖြစ်ဖြစ်ပါ။အဲဒီကောာင်က ကံကောင်းပြီးသား။ပြဿနာ မရှိလောက်ပါဘူး။ဂေါ်လီကျားကွက်ပဲ ပြန်ကစားတော့မယ်။ )
လူအုပ်ကြီး၏ ထိတ်လန့်မှုကိုကြည့်ရင်း အလောင်းအောက်လမ်းပညာရှင်၏ ရယ်သံ ပို၍ကျယ်လာသည်။သူ၏မျက်လုံးများ အနီရောင်တောက်သွားပြီး မြေပေါ်မှ အကွိုင်း၏ အရိုးခြောက်သည် အလိုအလျောက်ပင် ယာယီခန္ဓာကိုယ် ဖြစ်သွားသည်။ထို့ပြင် မြေပေါ်ရှိ အလောင်းများ၏ မျက်လုံးများမှာလည်း တစ်ပြိုင်နက်တည်း ထူးဆန်းသော အနီရောင် တောက်သွား၏။သူတို့ မတ်တပ်ရပ်ပြီး အလောင်းအောက်လမ်းပညာရှင်ကို ဝိုင်းရံလိုက်သည်။၎င်းမှာ အလွန်ပင် ကြက်သီးထစရာ ပုံရိပ်တစ်ခုပင် ဖြစ်လေသည်။
ထူးဆန်းစွာပင် [ သရုပ်ခွဲမျက်လုံး ] ၌ ထိုပြန်လည်ရှင်သန်လာသော အလောင်းများတွင် မည်သည့်တိုက်ခိုက်ရေးစွမ်းအားများ ရှိနေဟန် မတူပေ။
“ ဆရာသခင် ဂူရာဒန် ”
ချန်လွေ့က ပြောသည်။
“ ခင်ဗျားဘာလို့ ဒီကိုရောက်နေလဲဆိုတာ ကျုပ်သိချင်မိတယ်။ကျုပ် သိသလောက်ဆိုရင် ဒီနေရာက နဂါးတစ်ကောင်နဲ့ သက်ဆိုင်နေတယ်။ ”
ဂူရာဒန်၏ရယ်သံ ရုတ်တရက် ရပ်တန့်သွားပြီး ဒေါသသံထွက်သွားသည်။
“ မင်းမှာ ဒီလိုမေးဖို့ အခွင့်အရေး မရှိဘူး။ကျန်တဲ့ လူခြောက်ယောက်ကို မသတ်နိုင်ဘူးဆိုရင် မင်းရဲ့ အဲဒီသိချင်စိတ်နဲ့ အရိုးခြောက်ဖြစ်လိုက်တော့။ ”
ချန်လွေ့သည် ထိုသူနှင့် သိကျွမ်းရန် မကြိုးစားတော့ပေ။ဂူရာဒန်၏ တုံ့ပြန်မှုအရ ထိုသူနှင့် အဆိပ်နဂါးကြားတွင် ရင်းနှီးမှုရှိပုံမရပေ။မုန်းတီးမှုသာ ရှိပုံရသည်။
ရန်လိုသော အလောင်းအောက်လမ်းပညာရှင်ကို ရင်ဆိုင်ရာ၌ ကာဆဲလက်သည် ကြောက်ရွံ့ပုံမပြဘဲ တက်ကြွနေသည်။သူ ဆေးရည်တစ်ပုလင်း သောက်ပြီး အေးစက်စက် ပြောသည်။
“.....မထင်နဲ့... ”
ထို့နောက် သူ၏ဘေးမှ နတ်ဆိုးဘုရင်အဆင့် အဖော်ထံ၌ ရုတ်တရက် အော်သံတစ်သံ ထွက်လာသည်။ထိုသူ၏ရင်ဘတ်ကို လက်တစ်ဖက်က ထိုးဖောက်ပစ်လိုက်ခြင်းဖြစ်သည်။ထိုလက်မှာ ကာဆဲလက်၏ လက်ပင် ဖြစ်သည်။
“ ဆရာသခင် ရူရာဒန် အာမခံတာကို ကျုပ် ယုံကြည်ပါတယ်။ ”
ကာဆဲလက်က သွေးစွန်းနေသောလက်ကို ရုတ်သိမ်းပြီး ကျန်နေသော မျက်လုံးတစ်ဖက်တည်းဖြင့် မယုံကြည်နိုင်ဖြစ်နေသော အဖွဲ့ဝင် လဲကျသွားသည်ကို ကြည့်လိုက်သည်။သူ၏မျက်နှာသည် နှိမ့်ချသော အမူအရာအဖြစ် ပြောင်းလဲသွားသည်။
“သခင့်ကို အလုပ်အကျွေးပြုရမှာ ဂုဏ်ယူစရာပါပဲ။ကျုပ် အသက်ရှင်ဖို့အတွပ် ဒီလူတွေရဲ့ဝိညာဉ်ကို သခင့်ကိုယ်စား စုဆောင်းပေးပါ့မယ်။ ”
ယေဘုယျအားဖြင့် တော်ဝင်မိသားစု၏ မျိုးရိုးနာမည်သည် အယုံကြည်ရဆုံး အာမခံဖြစ်သည်။ထို့ပြင် ကာဆဲလက်၌ ရွေးစရာ မရှိတော့ပေ။သူ အကြောက်ရဆုံးဖြစ်သော အကွိုင်းလည်း သေဆုံးသွားပြီ ဖြစ်သည်။ကျန်ရှိသူနှစ်ယောက်မှာ နတ်ဆိုးဘုရင်အဆင့် ထပ်သီးပိုင်းဖြစ်သော်လည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရနေကြသည်။နတ်ဆိုးသားရဲ၌ အဆက်မပြတ် အသစ်ပြန်ဖြစ်နိုင်သော စွမ်းရည်ရှိသော်လည်း တိုက်ခိုက်ရေးစွမ်းအား လုံလုံလောက်လောက် မရှိပေ။ထို့ပြင် ၎င်းသည် ကြီးကြီးမားမား ဒဏ်ရာရထားသည်။အမြင့်ဆင့်နတ်ဆိုး ရစ်ချတ်မှာမူ သူ၏မျက်နှာပေါ်၌ ပေါ်ထွက်လာခဲ့သော မျက်နှာဖုံးသည် အမှန်တကယ်ပင် ဒဏ္ဍာရီလာ အဆောင်ပစ္စည်း(၇)မျိုးထဲမှ ဖြစ်သည့်တိုင် သူသည် ကာဆဲလက်ကဲ့သို့ မဟာနတ်ဆိုးဘုရင်အဆင့် တစ်ယောက်၏ ပြိုင်ဘက် မဟုတ်ပေ။
ထို့ကြောင့် ကာဆဲလက်သည် သူ၏အဖော်ဖြစ်သူက အခြားသူနှင့်ပူးပေါင်းပြီး သူ့ကိုပြဿနာ မရှာရန်အတွက် ချက်ချင်းပင် ရှင်းပစ်လိုက်ခြင်း ဖြစ်သည်။
“ ကောင်းတယ်။မင်းရဲ့ ပြတ်သားမှုကို ငါသဘောကျတယ်။ ”
အငွေ့မည်းထဲမှ ဂူရာဒန်၏ ထိတ်လန့်ဖွယ် ရယ်သံ ထွက်လာ၏။