← Chapters

တိုက်ခိုက်မှုရပ်ဆိုင်းခြင်း သဘောတူညီမှု

Vol. 15 Ch. 222

တိုက်ခိုက်မှုရပ်ဆိုင်းခြင်း သဘောတူညီမှု

Vol. 15 Ch. 222

အလောင်းအောက်လမ်းပညာရှင်၏ အသံတွင် ပြင်းပြသော မုန်းတီးမှုများ ပေါ်လွင်နေသည်။

“ မင်းက အဲဒီနဂါးကို သိတဲ့ပုံပဲ။ဒါပေမဲ့လည်း ကံမကောင်းတာကတော့ ငါနဲ့သူက ရန်သူတွေ ဖြစ်နေတာပဲ။ဒီတော့ ရန်ငြိုးဟောင်းရော ရန်ငြိုးသစ်ပါ ရှင်းရတာပေါ့။ ”

“ ဟုတ်လား။ ”

ချန်လွေ့ စဉ်းစားလိုက်သည်။

“ ဒါဆို တခြားတစ်ခု ပြောရအောင်။ခင်ဗျားက အခု စိတ်ဝိညာဉ်နဲ့ အသားကို ဝါးမျိုဖို့မလား။နတ်ဆိုးဧကရာဇ်အဆင့် အောက်လမ်းနဲ့ အမှောင်မှော်ပညာ ဆရာသခင် တစ်ယောက်အနေနဲ့ဆို ကျုပ်တို့ကို ကိုင်တွယ်ဖို့အတွက် ခင်ဗျား ဒီလိုမျိုး အပင်ပန်းခံစရာ မလိုဘူး။အပေါ်ထပ်မှာတုန်းက ခင်ဗျား လုံးဝ မှော်ပညာ မသုံးခဲ့ဘူး။ပြန်ရှင်လာတဲ့ အလောင်းကောင်တွေကလည်း ပုံရိပ်ယောင် သက်သက်ပဲ။သူတို့မှာ တကယ့်တိုက်ခိုက်ရေးစွမ်းအား မရှိဘူး။အဲဒါကြောင့် ကျုပ်မှန်းဆကြည့်မယ်။အကြောင်းတစ်ခုခုကြောင့် ခင်ဗျားက မှော်ပညာ မသုံးနိုင်တော့တာလား။ ”

ဂူရာဒန်၏မျက်လုံးများ အနီရောင်တောက်နေပြီး အငွေ့မည်းများ စတင်ပျံ့နှံ့လာကာ တဖြည်းဖြည်း နီးကပ်လာသည်။ချန်လွေ့ကို ၎င်းကို မြင်တွေ့ဟန် မတူပေ။သူ ဆက်လက် စကားပြောနေ၏

“ ခင်ဗျားက အပေါ်ထပ်မှာ နည်းတစ်မျိုးမျိုးသုံးပြီး စိတ်ပုံရိပ်တစ်ခု ဖန်တီးခဲ့ပေမဲ့ ခင်ဗျားရဲ့ တကယ့်ခန္ဓာကိုယ်က ဒီနေရာကနေ မထွက်သွားနိုင်ဘူး။ကျုပ်သိရသလောက်ဆိုရင် အလောင်းအောက်လမ်းပညာရှင်တိုင်းမှာ အရေးအကြီးဆုံး ဖီလက္ထရီတစ်ခု ရှိတယ်။ပြီးတော့ကာ ကျုပ်ဆက်ပြီး မှန်းဆရမယ်ဆိုရင်တော့ ခင်ဗျားရဲ့ ဖီလက္ထရီက ဒီနေရာမှာလား....။ဒါမှမဟုတ် အဲဒီရေကန်ထဲမှာလား။ ”

ဂူရာဒန် ရုတ်တရက် ကြက်သီးထစရာ ကောင်းလောက်အောင် ရယ်လိုက်သည်။

“ စိတ်ဝင်စားစရာကောင်းတဲ့ စဉ်းစားတွေးခေါ်ပုံပဲ။မင်းက စိတ်ဝင်စားစရာလူပဲ။ ”

အကျိုးသင့်အကြောင်းသင့် စဉ်းစားတွေးခေါ်ပုံကြမ်းတဲ့ ညီအစ်မနှစ်ယောက်နဲ့ နေတာကြာသွားတော့ ငါ့ကိုလည်း နည်းနည်းပါးပါး ကူးစက်သွားတာ ဖြစ်မယ်။ ချန်လွေ့ မဝင့်ကြွားနေဘဲ စိတ်ထဲ၌ ကြောက်လန့်သွားသည်။မည်သို့‌ပင်ဆိုစေကာမူ သူသေတော့မည် ဖြစ်သည့်အတွက် ကံစမ်းကြည့်သင့်ပေသည်။

“ မင်းက တော်တော်လေး ပါးနပ်တယ်။ဒါပေမဲ့ မင်းခန့်မှန်းတာ တော်တော်များများ မှားတယ်။ ”

ဂူရာဒန်၏ အငွေ့မည်းများက ချန်လွေ့ကို နေရာတိုင်းမှ ဝိုင်းရံထားလိုက်သည်။ရိုမန်နှင့် ဒေလီယာတို့ အတင်းဝင်ရန် ကြိုးစားသော်လည်း ပြန်ထွက်လာရသည်။ဒိုဒို၏မျက်လုံးနှစ်လုံးလည်း ကျောပိုးအိတ်ထဲမှ ထွက်လာပြီးနောက် သခင်ဖြစ်သူအား အငွေ့မည်းများဝိုင်းရံခံနေရသည်ကို ထိတ်လန့်စွာဖြင့် မြင်လိုက်ရသည်။

“ မင်း အရိုးခြောက် မဖြစ်ခင် ငါတစ်ခု ပြောပြမယ်။ ”

ဂူရာဒန် အေးစက်စက်နှင့် ပြောလိုက်သည်။

“ ငါက မှော်အစွမ်း မသုံးနိုင်တာ မဟုတ်ဘူး။အပေါ်ထပ်မှာ ငါ့ရဲ့မှော်ပိုင်နက်ကို မင်းဘယ်လိုနည်းလမ်းနဲ့ ဝါးမျိုခဲ့တာလဲဆိုတာကိုပဲ မသိတာ။အဲဒါကြောင့် ငါ မှော်ပညာကို ယာယီမသုံးနိုင်ခဲ့ဘူး။အဲဒီအချိန်တုန်းက ငါ့ရဲ့စိတ်ပုံရိပ်သုံးပြီး အဲဒီမိန်းမကို ဝါးမျိုဖို့အတွက် စိတ်ဝိညာဉ် ထုတ်သုံးလိုက်ရတာ။ပြီးတော့ မင်းတို့ ငတုံးအချင်းချင်း သတ်ဖြတ်ကြတယ်။ဒီနေရာကို မင်းတို့ရောက်လာတာကိုတော့ ငါတကယ် အံ့ဩသွားတယ်။အခုဆို ငါဒီကနေ ထွက်သွားလို့ရပြီ။ဒီရတနာတွေကိုလည်း ရနိုင်ပြီ။ ”

“ ဒါကြောင့်ကိုး။ဒါကြောင့် အကွိုင်းကို ခင်ဗျား ဝါးမျိုပြီးတော့ ပြန်ရှင်သန်လာတဲ့ အလောင်းကောင်တွေမှာ ဘာအင်အားမှ မရှိတာကိုး။သူတို့တွေက အလိမ်အညာ သက်သက်ပဲ။ကာဆဲလက်နဲ့ ကျုပ်တို့ အတူတူတွဲလုပ်မယ်ဆိုရင် ကျုပ်တို့တွေ လွတ်သွားလောက်ပြီ။ ”

ချန်လွေ့ မျက်မှောင်ကြုတ်လိုက်သည်။

“ ခင်ဗျားပြောတဲ့အတိုင်းဆိုရင် ခင်ဗျားရဲ့ မူလအကြံအစည်က ဝိညာဉ်တွေ စုပ်ယူပြီးတော့ ခန္ဓာကိုယ်အစစ်အမှန်နဲ့အတူ ထွက်သွားဖို့ပဲ။ဒီရတနာတွေအကြောင်း ရဖို့ ခင်ဗျား တစ်ခါမှ မတွေးခဲ့ဘူး.... ”

“ အဲဒီတုန်းက ငါ ဒီကနေ တကယ် မထွက်သွားနိုင်သေးဘူး။ငါရဲ့ဝိညာဉ်စွမ်းအားကို အပြင်ဘက်က စိတ်ပုံရိပ်ဆီ လုံးဝကူးပြောင်းချင်ခဲ့တာ....။မင်းအခု စကားအများကြီး ပြောနေတာက အချိန်ဆွဲဖို့ထက် မပိုဘူး။ဒါပေမဲ့ ဒီရေကန်က စွမ်းအင်ရေစင်။ အချိန်ကြာလေလေ ငါ့ရဲ့မှော်စွမ်းအား ပိုမြန်မြန် ပိုပြည့်မှာပဲ။ ”

ဂူရာဒန်၏မျက်လုံးများ အနီရောင် တောက်သွားပြီးနောက် အငွေ့မည်းအမြောက်အမြား ပျံ့နှံ့သွားကာ ဝင်ပေါက်ကိုပင် ပိတ်သွားသည်။

“ မင်းတို့အားလုံးမှာ အခွင့်အရေး မရှိဘူး။မင်းတို့အားလုံး ဒီမှာ သေရမယ်။ ”

စွမ်းအင်ရေစင်။အဲဒီရေကန်က တကယ်ကြီး စွမ်းအင်ရေစင်ပဲ။ ချန်လွေ့ အာရုံလွင့်ပျံ့သွားသည်နှင့် ဂူရာဒန်၏အငွေ့မည်းသည် သူ့ကို တင်းတင်းကြပ်ကြပ် ရစ်ပတ်ထားလိုက်သည်။

ချန်လွေ့၏အသိစိတ်ကို ဂူရာဒန်က သူ၏စိတ်ဝိညာဉ်ဖြင့် ဝါးမျိုရန်ပြီး အသားကိုဆွဲဖြဲရန် ပြင်လိုက်စဉ် ရုတ်တရက် မြင်ကွင်းများ ပြောင်းလဲသွားပြီး ဟင်းလင်းပြင်တစ်ခုအတွင်းသို့ ရောက်ရှိသွားသည်။အလယ်ဗဟို၌ အလွန်ကြီးမားသော နီရဲရဲ အလုံးတစ်လုံးရှိနေပြီး ကြောက်မက်ဖွယ်ရာ ဖျက်ဆီးမှုအင်အား ထုတ်လွှတ်နေသည်။ထိုကဲ့သို့ အင်အားကို ရင်ဆိုင်ရသည့်အခါ ဂူရာဒန်ပင် တုန်လှုပ်သွားမိသည်။

ထိုမီးလုံးတစ်ဝိုက်၌ အခြားထူးဆန်းသော စက်လုံး အများအပြားက ထူးဆန်းသော စည်းချက်တစ်ခုဖြင့် လွင့်မျောနေကြသည်။

“ ကျုပ်ရဲ့ပိုင်နက်ကနေ....ကြိုဆိုပါတယ်။ ”

ဟင်းလင်းပြင်ထဲ၌ ရင်းနှီးသော အသံတစ်သံ ထွက်ပေါ်လာပြီး ချန်လွေ့၏ပုံရိပ် ဖြည်းဖြည်းချင်း ထင်ရှားလာသည်။

ပိုင်နက် ဟုတ်လား။

ဂူရာဒန် ထိတ်လန့်သွားသည်။ပိုင်နက်စွမ်းအားသည် ယုတ်စွအဆုံး နတ်ဆိုးဧကရာဇ်အဆင့်ဖြစ်သူ တစ်ယောက်သာ ရှိသင့်သောအရာ ဖြစ်သည်။

ဒီကောင်က မဟာနတ်ဆိုးဘုရင် အဆင့်ရှိတဲ့ ကာဆဲလက်ကို လျို့ဝှက်အစွမ်းတွေနဲ့ အနိုင်ယူခဲ့တယ်ဆိုရင်တောင် သူက နတ်ဆိုးဘုရင်အဆင့်ပဲရှိသေးတာ သေချာတယ်။ သူ့မှာ ဘယ်လိုလုပ်ပြီး ပိုင်နက်ရှိရမှာလဲ။ပြီးတော့လည်း ဒီပိုင်နက်က ငါ့ရဲ့ နတ်ဆိုးဧကရာဇ်အဆင့် ပိုင်နက်အတုတောင် မော့ကြည့်လောက်တဲ့ ဥပဒေသတစ်မျိုးမျိုးကို ရေးရေးလေး ထုတ်ပေးနေတယ်။

“ အလိမ်အညာတွေ။ဒီလိုအဆင့်နိမ့် ထင်ယောင်ထင်မှားပုံရိပ်တွေက ဂူရာဒန်ဆိုတဲ့ငါ့ကို ဘယ်တော့မှ လှည့်စားနိုင်မှာ မဟုတ်ဘူး။ ”

ဂူရာဒန်၏မျက်လုံးများ လက်ခနဲ ဖြစ်သွားပြီး စိတ်ဝိညာဉ်အဝိုင်းတစ်ခု သူ့ကိုရစ်ပတ်သွားသည်။သို့သော်လည်း သူ၏ပတ်လည်ရှိ ဟင်းလင်းပြင်မှာ မပြောင်းလဲပေ။အလောင်းအောက်လမ်းပညာရှင် အနည်းငယ် အံ့အားသင့်သွားသည်။သူ လက်ဝှေ့ရမ်းလိုက်ရာ လှံနက်တစ်ချောင်း ပေါ်ထွက်လာပြီး ချန်လွေ့ကို ဖောက်ထွင်းသွားသည်။သို့သော်လည်း ချန်လွေ့ ဘာမျှမဖြစ်ပေ။ချန်လွေ့ ခေါင်းခါလိုက်သည်။

“ ခင်ဗျား မယုံသေးဘူးလား။ ”

ဂူရာဒန်သည် အကြိမ်ပေါင်းများစွာ မှော်ပညာဖြင့် စမ်းကြည့်ရာ တစ်ခုမျှ မအောင်မြင်ခဲ့ပေ။နောက်ဆုံး၌ သူသည် ဤနတ်ဆိုးဘုရင်အဆင့် “ ပိုင်နက် ” ကို အလေးအနက်ထားလာသည်။

“ မင်းမှာ ဘယ်လိုလုပ်ပြီး ဒီလိုပိုင်နက်မျိုး ရှိနေရတာလဲ။မင်းက ဘယ်သူလဲ။ ”

ဂရာဒန်သည် ပြိုင်ဘက်ဖြစ်သူအား အမှန်တကယ် မထိခိုက်နိုင်ကြောင်း အတည်ပြုလိုက်ပြီး နောက်ဆုံး၌ ထိတ်လန့်သွား၏။

“ တကယ်တော့....ဒီရတနာသိုက်တစ်ဝိုက်က ထောင်ခြောက်တွေအားလုံးက နဂါးထွင်းစာတွေပဲ။ ”

ချန်လွေ့သည် ဆက်လက်၍ ထိတ်လန့်စရာ သတင်းအချက်အလက်များကို ထုတ်ပြလိုက်သည်။

“ ခင်ဗျား စဉ်းစားဖူးလား။ကျုပ် ဘာလို့ ထောင်ခြောက်တွေအားလုံးကို ဖြေရှင်းနိုင်ရတာလဲ။ ”

အလောင်းအောက်လမ်းပညာရှင် မတည်ငြိမ်နိုင်တော့ဘဲ အော်ပြောလိုက်သည်။

“ မင်းက နဂါးလား။မဖြစ်နိုင်ဘူး။အထူးအစွမ်းတစ်ခုဖြစ်တဲ့ အနက်ရောင်မီးတောက်ကို မစဉ်းစားရင်တောင် မှော်စွမ်းအားကိုဝါးမျိုတဲ့ ပိုင်နက်က ဘယ်ဇီဘတ်ရဲ့ နတ်ဘုရား-ဝါးမျိုမျက်နှာဖုံးကို မှီခိုနေတာ အသေအချာပဲ။မင်းက သေချာပေါက် ဘယ်ဇီဘတ် တော်ဝင်မိသားစုကပဲ ဖြစ်ရမယ်။ ”

“ ကျုပ် ဘယ်သူလဲဆိုတာ ခင်ဗျား ဂရုစိုက်စရာ မလိုပါဘူး။ ”

ချန်လွေ့က လေလုံးထွားလျက် ပြောသည်။

“ ခင်ဗျားသိထားရမှာက အခုအခြေအနေမှာ ခင်ဗျား အညံ့မခံရင် သေရမယ် ‌ဆိုတာပဲ။ ”

“ ကြွားလုံးထုတ်မနေနဲ့။မင်းမှာငါ့ကို ခြိမ်းခြောက်ခွင့် မရှိဘူး။ ”

အလောင်းအောက်လမ်းပညာရှင်က သရော်ပြုံးပြုံးလိုက်သည်။

“ မင်းရဲ့ဇစ်မြစ်က ဘာပဲဖြစ်ဖြစ် မင်းက အခု အားနည်းတဲ့ နတ်ဆိုးဘုရင်အဆင့်တစ်ယောက်ပဲ။မင်းတကယ်ပဲ ပိုင်နက်စွမ်းအားကို ထုတ်လွှတ်နိုင်ရင် ခုနကလူတိုင်းကို အေးအေးဆေးဆေးနဲ့ သတ်ပစ်လိုက်ပြီ။ဒီပိုင်နက်က အခွံလွတ်သက်သက်ပဲ။မင်းလုံးဝ မထိန်းချုပ်နိုင်ဘူး။ ”

“ အခွံလွတ် ဟုတ်လား။ ”

ချန်လွေ့ ပြုံးလိုက်သည်။အမှန်တကယ်ပင် သူသည် [ မီးသင့်နဂါးဝင်စီးခြင်း ] ၏ “ ဘေးထွက်ဆိုးကျိုး ” ကာလ၌ ရှိနေပြီး မည်သည့်အစွမ်းကိုမျှ အသုံးပြု၍မရပေ။ သို့သော်လည်း စူပါစနစ်၏ သက်ရောက်မှုများကိုမူ သက်ရောက်မှု မရှိပေ။သိုလှောင်ခန်းနှင့် လဲလှယ်ရေးဌာနတို့ကိုလည်း အသုံးပြု၍ရသည်။[ ကြယ်တာရာဝါးမျိုခြင်း ] လည်း ပါဝင်သည်။

[ကြယ်တာရာဝါးမျိုခြင်း] ၌ မချေဖျက်ရသေးသော ဂလော်ဖင်း၏ ဝိညာဉ်အချို့ ကျန်သေးသော်လည်း ယခုတွင် ၎င်းအပေါ်၌ လောင်းကြေးထပ်ခြင်းသည် ချန်လွေ့အတွက် တစ်ခုတည်းသော မျှော်လင့်ချက်ပင် ဖြစ်လေသည်။ထို့နောက်တွင် သူ၏နောက်ဆုံးကျည်ဆန် ကုန်ဆုံးသွားပြီ ဖြစ်သည်။

ပတ်ဝန်းကျင် လေဟာနယ် ရုတ်တရက်ပြောင်းလဲသွားကြောင်း ဂူရာဒန် ခံစားလိုက်ရသည်။နေအဖွဲ့အစည်း လုံးဝပျောက်ကွယ်သွားပြီး ပျက်ယွင်းသွားသော လေဟာနယ်ဗဟိုမှ ထူးဆန်းသော အဆုံးအဆမဲ့ တွင်းနက်တစ်ခု ဖြစ်ပေါ်လာသည်။ထိုတွင်းနက်သည် ကြောက်မက်ဖွယ်ရာ ဆွဲငင်အားတစ်ခု ထုတ်လွှတ်နေသည်။ဂူရာဒန်က သူ၏ဝိညာဉ်သည် အရှိန်မြန်စွာဖြင့် ဝါးမျိုခံနေရကြောင်း ခံစားနေရသည်။ကြောက်လန့်တကြားနှင့် သူ နည်းလမ်းအမျိုးမျိုး အဆက်မပြတ် သုံးကြည့်သည်။သို့သော်လည်း ထိုကြောက်မက်ဖွယ်ရာ ဆွဲငင်အားကို မတားဆီးနိုင်ပေ။သူ၏ပတ်လည်ရှိ အငွေ့မည်းများ ဝေဝါးသွားသည်။နောက်ဆုံး အခိုက်အတန့်၌ တွင်းနက်သည် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး မူလ နေအဖွဲ့အစည်း ပြန်ဖြစ်လာသည်။

“ ကျုပ်က ပိုင်နက်ကို မထိန်းချုပ်နိုင်ဘူး ဟုတ်လား။ ”

ချန်လွေ့၏ပုံရိပ် ထပ်မံပြန်ပေါ်လာပြီး သရော်လိုက်သည်။

“ ခင်ဗျားအတွက် ရွေးချယ်စရာတွေ ကျုပ်ပြန်ပြီး ရွတ်ပြရဦးမလား။ ”

ဂူရာဒန်သည် သူ၏ဝိညာဉ်အများစု ဝါးမျိုခံလိုက်ရကြောင်း ခံစားမိပြီး အလွန်အမင်း ကြောက်လန့်နေသည်။ ဒီကောင်က တကယ်ပဲ ပိုင်နက်ကို ထိန်းချုပ်နိုင်တဲ့အစွမ်းရှိတယ်။ ပြီးတော့ ဒီပိုင်နက်ကလည်း တော်တော်လေး ကြောက်မက်ဖွယ်ရာကောင်းတယ်။

“ မင်းက အစွမ်းထက်တယ်ဆိုတာ ငါဝန်ခံပါတယ်။ဒါပေမဲ့ မင်းရဲ့အစွမ်းက ဒီနေရာမှာပဲ သုံးလို့ရတယ်။ ”

အလောင်းအောက်လမ်းပညာရှင်၏ လေသံ၌ ဝင့်ကြွားမှု ‌မရှိတော့ဘဲ သေချာ သတိထားနေပုံရသည်။

“ မင်းက အပြင်ဘက်မှာ နတ်ဆိုးဘုရင်အဆင့်ပဲ ရှိတာက ချိပ်ပိတ်တစ်ခုခုကြောင့် ဖြစ်နိုင်တယ်။မင်းက ပိုင်နက်ကို အသိစိတ်လောကမှာပဲ ဖန်တီးနိုင်တာ။ဒါကငါ့ရဲ့ ဝိညာဉ်အကုန် မဟုတ်ဘူး။အဲဒါကြောင့် မင်းဒါကို ဝါးမျိုလိုက်ရင်တေင် ဖီလက္ထရီ ရှိနေသေးသရွေ့ မင်းငါ့ကို အဆုံးသတ်နိုင်မှာ မဟုတ်ဘူး။စွမ်းအင်ရေစင်ရဲ့ အကူအညီနဲ့အတူ ငါ့ရဲ့မှော်စွမ်းအားတွေ ပြန်ပြည့်သွားတဲ့အခါ ငါမင်းကို သတ်ပစ်လို့ရသေးတယ်။ ”

အလောင်းအောက်လမ်းပညာရှင် ပြောနေသည်မှာ အမှန်တရားများပင် ဖြစ်သည်။သို့သော်လည်း ထိုဝိညာဉ်အပိုင်းအစ အမှန်တကယ် ဝါးမျိုခံလိုက်ရလျှင် သူ၏ထိခိုက်မှုမှာ အတော်လေး ကြီးမားမည် ဖြစ်ပြီး ပြန်ကောင်းရန်အတွက် အချိန်အတော်ယူရမည် ဖြစ်သည်။ထိုအချိန်အတွင်း အလောင်းအောက်လမ်းပညာရှင်၏ တိုက်ခိုက်ရေးစွမ်းအားလည်း အကြီးအကျယ် လျော့ကျသွားမည် ဖြစ်ပြီး အမှန်တကယ် အစွမ်းထက်သောရန်သူများကို ခုခံရန် ခက်ခဲပေလိမ့်မည်။

အမှန်တကယ်၌ ဂူရာဒန် မသိသည်မှာ ချန်လွေ့သည် အပြင်၌အားနည်းပြီး အတွင်း၌အစွမ်းထက်သည့်အပြင် ကြောက်လည်းကြောက်နေကြောင်းပင် ဖြစ်သည်။ချန်လွေ့သည် အလောင်းအောက်လမ်းပညာရှင်၏ဝိညာဉ်ကို လုံးဝဝါးမျိုချင်သည်။သို့သော်လည်း စူပါစနစ်ထဲရှိ ကြယ်တာရာ ဝါးမျိုခြင်းသည် ပိုလျှံတော့မည် ဖြစ်သည်။ဂူရာဒန်၏ ထိုဝိညာဉ်အစိတ်အပိုင်းကို ချန်လွေ့ အမှန်တကယ် ဝါးမျိုလိုက်လျှင် ကြောက်မက်ဖွယ်ရာ ပြဿနာတက်ပြီး အသိစိတ်ပြိုလဲသွားနိုင်သည်။

လက်ရှိတွင် သူတို့နှစ်ယောက်လုံး ကြောက်နေကြသည်။တကယ်၌ အလောင်းအောက်လမ်းပညာရှင်သာ ထိုဝိညာဉ်အစိတ်အပိုင်းငို အမှန်တကယ် လက်လျှော့လိုက်လျှင် ရှုံးနိမ့်သူမှာ ချန်လွေ့ပင် ဖြစ်လေသည်။

“ ဒီနေရာကနေ မထွက်ခင်အထိ အကျိုးသက်ရောက်မယ့် ယာယီ တိုက်ခိုက်မှု ရပ်ဆိုင်းခြင်း သဘောတူညီမှု လုပ်လို့ရတယ်။ ”

ချန်လွေ့၏စဉ်းစားနေသော မျက်နှာကိုကြည့်ပြီး ဂူရာဒန် ထပ်ပြောသည်။

“ မင်းငါ့ကို လွှတ်ပေးရင် ငါမင်းကို ရတနာ တစ်ဝက်ပေးမယ်။ဒါနဲ့ ငါမင်းကို သတိပေးလိုက်မယ်။မင်းရဲ့အဖော်တွေက အခု ငါ့ရဲ့ထိန်းချုပ်မှု အောက်ထဲမှာ။မင်း သဘောတူမယ်ဆိုရင် မင်းတို့အားလုံး ဘေးကင်းကင်းနဲ့ သွားလို့ရပြီ။ ”

“ မဆိုးပါဘူ။တကယ်တော့ ကျုပ်က အရေးကြီးပစ္စည်း သုံးမျိုးပဲ လိုတာ။ ”

ချန်လွေ့သည် ထိုကဲ့သို့သ‌ဘောတူညီမှုကို သေချာပေါက် သဘောတူမည်ဖြစ်သည်။သို့သော်လည်း သူသည် အလောင်းအောက်လမ်းပညာရှင်၏ စကားများကို လုံးဝ မယုံကြည်ပေ။ထို့ကြောင့် ခေါင်းခါသည်။

“ ဒါပေမဲ့ ကျုပ်ခင်ဗျားကို ဘာလို့ ယုံရမှာလဲ။ ”

“ မန်မွန်တော်ဝင်မိသားစု နာမည်နဲ့ ကျိန်ဆိုမယ် ဆိုရင်ကော။ ”

ချန်လွေ့ ခေါင်းခါသည်ကို တွေ့လိုက်ရာ ဂူရာဒန် အံကြိတ်ရင်း ပြောလိုက်သည်။

“ ဒါဆိုလည်း ဂူရာဒန်ဆိုတဲ့ နာမည်ကို သုံးမယ်။မင်းလည်း ဘယ်ဇီဘတ် တော်ဝင်မိသားစုနဲ့ အဆောင်ပစ္စည်းနာမည်ကိုသုံးပြီး ကျိန်ဆိုရမယ်။ ”

‌နတ်ဆိုးဘုံ၌ နောက်ဆုံးနာမည်သည် ဂုဏ်သိက္ခာနှင့် ကျက်သရေကို ကိုယ်စားပြုပြီး ပထမနာမည်သည် တစ်စုံတစ်ယောက်၏ ဇစ်မြစ်ကို ကိုယ်စားပြုသည်။ထို့ကြောင့် ထိုကဲ့သို့ကျိန်ဆိုမှုသည် အပြင်းထန်ဆုံး ဖြစ်သည်။

ဘယ်ဇီဘတ် တော်ဝင်မိသားစုနဲ့ ငါ့ရဲ့ နာမည်အရင်းလား။ချန်လွေ့ “ ပြင်းပြင်းထန်ထန် ” သက်ပြင်းချပြီးနောက် မျက်နှာပေါ်၌ နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး ပေါ်ထွက်လာသည်။

“ ကြည့်ရတာ ကျုပ် ဖုံးကွယ်လို့ မရတော့တဲ့ပုံပဲ။ကျုပ်နာမည်က ဂလော်ဖင်း ဘယ်ဇီဘတ်ပါ။ ”

“ ဂလော်ဖင်း ဘယ်ဇီဘတ်ဆိုတဲ့ကျုပ်က နတ်ဘုရား-ဝါးမျိုမျက်နှာဖုံးနဲ့ ကျိန်ဆိုတယ်။အလောင်းအောက်လမ်းပညာရှင် ဂူရာဒန်နဲ့ တိုက်ခိုက်မှုရပ်ဆိုင်းခြင်း သဘောတူညီမှုကို သဘောတူတယ်။ကျုပ် ကတိဖျက်မယ်ဆိုရင် ကျုပ်ရဲ့ခန္ဓာကိုယ် လုံးဝပျက်စီးပါစေ။ကျုပ်ရဲ့ဝိညာဉ် လုံးဝ ဝါးမျိုခံရပါစေ။မျက်နှာဖုံးလည်း တခြားတွေလက်ထဲ ရောက်သွားပြီးတော့ ဘယ်ဇီဘတ် တော်ဝင်မိသားစု လုံးဝပြန်မဖြစ်တည်ပါစေနဲ့။ ”

ထိုကျိန်ဆိုမှု၏ ပြင်းထန်မှုကို ဂူရာဒန် အတော်လေး အံ့အားသင့်သွားသည်။နောက်ဆုံး၌ သူလည်း ပြင်းထန်သော ကျိန်ဆိုမှုတစ်ခု ပြုလုပ်လိုက်သည်။

ချန်လွေ့သည် ကျိန်ဆိုနေခြင်းမဟုတ်ဘဲ အမှန်တရားများကို ပြောနေခြင်းဖြစ်ကြောင်း ဂူရာဒန် မသိခဲ့ပေ။သနားစရာ ဂလော်ဖင်း၏ခန္ဓာကိုယ်သည် အမှန်တကယ်ပင် မရှိတော့လေပြီ။သူ၏ဝိညာဉ်လည်း လုံးဝနီးပါး ချေဖျက်ခံရပြီး အဆောင်ပစ္စည်းမှာလည်း လူသားတစ်ယောက် လက်ထဲသို့ ကျရောက်သွားပြီဖြစ်သည်။နောက်ဆုံးစကားကို ဂလော်ဖင်းသိလျှင် အံကြိတ်ကာ ကြိမ်းမောင်းပေလိမ့်မည်။ ဒီကောင်က တော်တော် ရွံစရာကောင်းတာပဲ။ငါ့ရဲ့ဝိညာဉ်နဲ့အဆောင်ပစ္စည်းကိုလည်း လုယူသေးတယ်။ဘယ်ဇီဘတ် တော်ဝင်မိသားစုကိုလည်း ဘယ်တော့မှ ပြန်မဖြစ်တည်ဖို့လည်း ကျိန်ဆိုလိုက်သေးတယ်......

ကျိန်ဆိုမှုပြီးနောက် ချန်လွေ့ စိတ်ပြောင်းလိုက်ရာ မြင်ကွင်းများပြောင်းလဲသွားကြောင်း ဂူရာဒန် ခံစားလိုက်ရသည်။သူသည် ရတနာခန်းမသို့ ပြန်ရောက်လာခဲ့သည်။သူသည် အမှန်တကယ်ပင် ထိုကြောက်မက်ဖွယ်ရာကောင်းသော ပိုင်နက်မှ လွတ်မြောက်လာခဲ့သည်။

ကျိန်ဆိုမှု၏ ကန့်သတ်မှုကြောင့် နှစ်ဖက်စလုံး ဘာမှ မလှုပ်ရှားတော့ပေ။ဂူရာဒန်လည်း ဒေလီယာနှင့် ရိုမန်တို့ကို ဖုံးလွှမ်းထားသော အငွေ့မည်းအား ပြန်ရုတ်သိမ်းပြီး အေးစက်စက်နှင့် ပြောသည်။

“ ငါတို့ သဘောတူထားတာက ဒီနေရာမှာပဲ အကျုံးဝင်တယ်။ဒီနေ့ပြီးရင် ငါမင်းကို အနှေးနဲ့အမြန် လာရှာမယ်။ဂလော်ဖင်း ဘယ်ဇီဘတ်။ ”

ဂူရာဒန်၏ ‌အငွေ့မည်း ဖုံးလွှမ်းခဲ့စဉ်က ဒေလီယာနှင့် ရိုမန်တို့သည် သေရန်အသင့်ဖြစ်နေခဲ့ကြသည်။သို့သော်လည်း မမျှော်လင့်ဘဲနှင့် သူတို့ လွတ်မြောက်သွားခဲ့သည်။၎င်းသည် ချန်လွေ့ကြောင့်ဖြစ်မည်ကို သူတို့သိကြသည့်အတွက် ကျေးဇူးတင်သွားသည်။ရုတ်တရက် သူတို့သည် အလောင်းအောက်လမ်းပညာရှင်ထံမှ “ ဂလော်ဖင်း ”ဟူသော နောက်ဆုံး စကားလုံးကို ကြားလိုက်ပြီး ထိတ်လန့်သွားသည်။

လွန်ခဲ့သောနှစ်၄၀၀ခန့်က ဂလော်ဖင်း ဘယ်ဇီဘတ်သည် အမှောင်လကို ပုန်ကန်ပြီး လူစီဖာ တော်ဝင်မိသားစု၏ ကြယ်ကြွေတမန် အင်ပါယာကို သိမ်းပိုက်နိုင်လုနီးပါး ဖြစ်သွားခဲ့သည်။နောက်ဆုံး၌ ဘယ်ဇီဘတ်တို့ကို သန်းခေါင်နေအရှင်က အနိုင်ယူခဲ့ခြင်းသည် သတင်းကြီးကြီးမားမား မဟုတ်ခဲ့ပေ။သို့သော်လည်း ၎င်းသည် ယခင်နှစ်ရာချီအတွင်း နတ်ဆိုးဘုံသမိုင်းကြောင်း၌ ကြီးမားသောဖြစ်ရပ်တစ်ခုပင် ဖြစ်သည်။

“ ဘယ်ဇီဘတ်ဘုရင်.....ဒါကြောင့် မင်းမှာ နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး ရှိနေတာကိုး။ ”

ရိုမန် တစ်ခုခုကို သဘောပေါက်သွားသည်။ဒေလီယာက အသီနာအကြောင်း မေးကြည့်ချင်ခဲ့သည်။သို့သော်လည်း ခဏစဉ်းစားပြီး နောက်ဆုံး၌ စိတ်ထိန်းလိုက်သည်။

ချန်လွေ့ ခါးသက်သက် ပြုံးပြီး ရှင်းမပြခဲ့ပေ။ထို့ပြင် ယခုတွင် ရှင်းပြ၍လည်း မရပေ။

ဘယ်ဇီဘတ်ဘုရင်တဲ့လား။ ရိုမန်၏ အမူအရာကို မြင်ပြီး ဂူရာဒန် တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။ထို့နောက် ချန်လွေ့ ပြောသည်ကို သူကြားလိုက်ရသည်။

“ ကျုပ်အရယူရမယ့် ပစ္စည်းသုံးမျိုးရှိတယ်။ကျန်တာတွေကတော့..... ”

“ သုံးမျိုးပဲလား။ ”

ဂူရဒန် အနည်းငယ် အံ့အားသင့်သွားသည်။

“ မင်းက တကယ့်ကို ဘယ်ဇီဘတ်ဘုရင်ပဲ။အစကတော့ ငါမင်းကို ရတနာတစ်ဝက် ပေးချင်ခဲ့တာ။ကျန်တာ လိုချင်သလောက်ယူပါလား။မင်းယူချင်ရင် အကုန်ယူလို့ရတယ်။ဒါပေမဲ့ ဒါက မင်းမထွက်သွားခင် အထိပဲပေါ့။ ”

ကျန်တဲ့ တစ်ဝက်မလိုချင်ဘူးလို့ ဘယ်သူပြောလဲ။ချန်လွေ့ အပြစ်တင်လိုက်သည်။ ဒီအလောင်း အောက်လမ်းပညာရှင်က သေချာပေါက် ရက်ရောချင်ယောင် ဆောင်နေတာပဲ။ ဒါပေမဲ့ အယ်ခိတ်အခြေအနေမှာ သိုလှောင်ဂိုဒေါင် အရွယ်အစားက ပိုကျယ်သွားတယ်ဆိုတော့ ငါသိမ်းချင်တာအကုန် သိမ်းလို့ရတယ်။

ဒါပေမဲ့ ဂူရာဒန်က စိတ်ကောင်းတဲ့ ဝိညာဉ် မဟုတ်ဘူး။ငါ အလိုအပ်ဆုံးအရာကို အရင် ရှာသင့်တယ်။

“ ကောင်းပြီလေ။ ”

ချန်လွေ့ သက်ပြင်းချလိုက်သည်။

“ ဒေလီယာ။အရင်ဆုံး မင်းရဲ့မိသားစုရတမာကို သွားယူလိုက်။ရိုမန်။မင်းလိုချင်တစ်ခုခု သွားယူ။ ”

ဒေလီယာ၏မျက်လုံးများ အရောင်တောက်သွားပြီး ချက်ချင်းပင် [ နတ်မိစ္ဆာမျက်လုံး ] ကို အသက်သွင်းကာ အချက်ပြရာနေရာသို့ လမ်းလျှေက်သွားသည်။ရိုမန်လည်း ချန်လွေ့ကို ခေါင်းညိတ်ပြလိုက်သည်။ သူက ဘယ်ဇီဘတ်ပဲဖြစ်ဖြစ်၊ လူသားပဲဖြစ်ဖြစ် ငါနဲ့ဘာမှ မဆိုင်ဘူး။သူက ငါ့ရဲ့ အပေါင်းအဖော်ဆိုတာကို ငါ သိဖို့ပဲလိုတယ်။

“ ဂူရာဒန်။ခင်ဗျားက ဒီနေရာနဲ့ တော်တော်လေး ရင်းနှီးမှာပဲ။ကျုပ် ပထမဆုံး လိုတဲ့အရာက ပြိဿတွေရဲ့ လျို့ဝှက်ရတနာပဲ.... ”

ချန်လွေ့သည် ဆော်ရွန်မျက်လုံး၏ပုံသဏ္ဍာန်ကို ဖော်ပြလိုက်သည်။ဂူရာဒန်သည် နှစ်ပေါင်းများစွာကြာအောင် ထိုရတနာများကို လှန်လှောခဲ့ပြီးပြီ ဖြစ်သည်။သူသည် ချန်လွေ့အား လိုချင်သည့်အရာယူပြီး မြန်မြန်ထွက်သွားစေချင်သည်။ထို့ကြောင့် သူခဏစဉ်းစားပြီး ညာဘက်ရှိတတိယမြောက် သေတ္တာ၌ရှိကြောင်း ချန်လွေ့အား ပြောလိုက်သည်။

ချန်လွေ့ လမ်းလျှောက်သွားပြီး သေတ္တာကို ဖွင့်လိုက်သည်။ထိုအထဲ၌ အမျိုးမျိုးသော ပစ္စည်းဆန်းများရှိနေသည်။ခဏအကြာ၌ ဆော်ရွန်မျက်လုံးကို ချန်လွေ့ ရှာတွေ့သွားသည်။ထိုလက်သီးအရွယ် အနီရောင်သလင်းကျောက်သည် မျက်လုံးတစ်လုံးနှင့် ဆင်တူသည်။သူငယ်အိမ်သည် အသက်ရှိနေပုံရပြီး ပြောင်းလဲမှုအချို့ ရှိနေပုံရသည်။

ထိုအရာဖြင့် ချန်လွေ့သည် ပါ့(ဂ်)လီအိုအား [ အလင်းအမှောင်သော့ခလောက် ] မှ လွတ်မြောက်အောင် ပြုလုပ်ပေးနိုင်ပြီ ဖြစ်သည်။ထို့အပြင် ရှီလန်တောင်၏ မြေအောက်လောကရှိ ပြိဿများ၏ အမည်မသိကျိန်စာကိုလည်း ပယ်ဖျက်နိုင်ပြီ ဖြစ်သည်။ချန်လွေ့သည် ဆော်ရွန်မျက်လုံးအား သိုလှောင်ခန်းထဲ ချက်ချင်းပင် ထည့်လိုက်သည်။

“ ဒုတိယက ငွေသေတ္တာ ”

ထိုငွေသေတ္တာ၏ ပုံစံအကြောင်း ချန်လွေ့ ပြောလိုက်သည့်အခါ ဂူရာဒန် ချက်ချင်းပင် မစဉ်းစားဘဲ ပြောချလိုက်သည်။

“ မရဘူး။ ”

All Chapters