← Chapters

ယွီပင်း : ငါ ချန်ကျိုစစ်ကို စိန်ခေါ်တယ်၊ တိုက်ခိုက်ရဲသလား_ ၂

Vol. 10 Ch. 139

ယွီပင်း : ငါ ချန်ကျိုစစ်ကို စိန်ခေါ်တယ်၊ တိုက်ခိုက်ရဲသလား_ ၂

Vol. 10 Ch. 139

“အရိုးသန်မာဆေး!”

ချန်ကျဲ့ နားမလည်နိုင်စွာ ရေရွတ်လိုက်သည်။ သမားတော်ပိုင်သည် ချန်ကျဲ့၏ စကားသံကို ကြားလိုက်သောအခါ အသာအယာခေါင်းညိတ်၍ ပြောသည်။

“ဟုတ်တယ် အမှန်ပဲ၊ အရိုးသန်မာဆေး”

“မင်ကျင့်အဆင့်က အရေပြားနဲ့ အသွေးအသားတွေကို သွေးတဲ့အဆင့်ပဲ။ အမှောင်စွမ်းအင်အဆင့်က အရိုးနဲ့ အရွတ်တွေကို သန်မာစေတယ်။ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ပြီးရင် ကျင့်ကြံသူက ခန္ဓာကိုယ်ရဲ့ အဓိက အရွတ်ကြီး၁၂ခုကို လေ့ကျင့်ဖို့လိုအပ်တယ်။ အဲဒီလိုလေ့ကျင့်တာက အရွတ်ရှည်တွေကို နွဲ့လျပျော့ပျောင်းစေနိုင်တယ်။ အဲဒါက မင်ကျင့်အဆင့်ပြီးတော့ နောက်ထပ်ကျင့်ကြံဆင့်ဖြစ်တဲ့ လျိုကျင့်နယ်ပယ်အဆင့်ရဲ့ ကျင့်ကြံမှုရည်မှန်းချက်ပဲ”

“လျိုကျင့်အဆင့်ပြီးရင် ကျင့်ကြံသူရဲ့ ခန္ဓာကိုယ်အတွင်း အရိုးတွေအားလုံး သန်မာသွားလိမ့်မယ်။ အရိုးတွေအားလုံး သံမဏိလို ပြုပြင်မွမ်းမံပြီး ဖြစ်လာပြီး ကျင့်ကြံသူဟာ လေးခုမြောက်နယ်ပယ်အဆင့်ဖြစ်တဲ့ သံမဏိအရိုးအဆင့်ကို ရောက်ရှိလိမ့်မယ်”

“အဲဒီလျိုကျင့်အဆင့်ကနေ သံမဏိအရိုးအဆင့်ကို တက်လှမ်းစေနိုင်ဖို့အတွက် ကူညီထောက်ပံ့ပေးနိုင်မယ့် ဆေးလုံးက အရိုးသန်မာဆေးလုံးပဲ။ သူ့ရဲ့လုပ်ဆောင်ချက် အရေပြားသန့်စင်ဆေးရည်၊ သွေးအားဖြည့်ဆေးရည်တွေနဲ့ အတူတူပဲ”

“ဒီနွားဦးချိုငါးရဲ့ အရိုးတွေကို အခြောက်ခံပြီး အမှုန့်ကြိတ်လိုက်မယ်ဆိုရင် အဲဒီဆေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ရေနဂါးအရိုးဆေးမှုန့်ဖြစ်လာမယ်။ အတိအကျပြောရရင် ဒီငါးရဲ့ အဖိုးအတန်ဆုံး အစိတ်အပိုင်းက ဦးချိုတွေပဲ။ အသားကတော့ အရိုးသန်မာဆေးထက်စာရင် နည်းနည်းသာမန်ဆန်တဲ့ သွေးအားဖြည့်ဆေးရည် ဖော်စပ်လို့ရတာပေါ့လေ”

…

ချန်ကျဲ့ သမားတော်ပိုင်၏ ဆိုလိုရင်းကို နားလည်ပါ၏။ နွားဦးချိုငါး၏ အမှန်တကယ် အသုံးပြုပုံသည် အရိုးသန်မာဆေးလုံးအတွက် အဓိက ထောက်ကူဆေးမှုန့်အဖြစ် အသုံးပြုရန်ဖြစ်သည်။ သွေးအားဖြည့်ဆေးရည်အတွက် အသုံးပြုခြင်းသည် ဆင့်ပွားအသုံးပြုနည်းတစ်ခုသာ ဖြစ်ပေသည်။

ပြန်တွေးကြည့်လိုက်သော် ၎င်းမှာ အမှန်တကယ် အဓိပ္ပာယ်ရှိပါ၏။ အသုံးပြုနည်းတစ်ခုသည် အမှောင်စွမ်းအင်နှောင်းပိုင်း သံမဏိအရိုးအဆင့်အတွက်ဖြစ်ပြီး ကျန်အသုံးပြုနည်းတစ်ခုမှာ မင်ကျင့်နှောင်းပိုင်း ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်အတွက် ဖြစ်လေသည်။ ၎င်းတို့နှစ်ခုကြား ကွာခြားချက်သည် တစ်ချက်ကြည့်ရုံဖြင့်ပင် သိသာထင်ရှားပေသည်။

သို့သော် ချန်ကျဲ့အတွက်မူ ‌သွေးအားဖြည့်ဆေးရည်၏ အကျိုးအာနိသင်သည် အရိုးသန်မာဆေးလုံးထက် ပို၍ သိသာထင်ရှားစွာ အသုံးဝင်နိုင်၏။

သမားတော်ပိုင်မှ ဆက်ပြောသည်။

“ဒါနဲ့ နွားဦးချိုငါးရဲ့ကြေးခွံတွေကို ဖယ်ပစ်ဖို့ မလိုဘူးနော်။ သူတို့က အရမ်းအာဟာရ‌ဖြစ်စေတယ်။ ဒါပေမဲ့ သွေးအားဖြည့်ဆေးရည်ဖော်စပ်ရင် ငါးရဲ့နှလုံးကိုတော့ ဖယ်ရမယ်။ ဒီနွားဦးချိုငါးက ယင်‌ဓာတ် အတော်လေး များပြီး ယန်ဓာတ်ကို မကြိုက်ဘူး။ အဲဒါကြောင့် သူ့ရဲ့နှလုံးက ယင်သဘာဝရှိပြီး ယင်ဓာတ်အားဖြည့်ဖို့အတွက် အရမ်းကောင်းမွန်တယ်။ ဒါပေမဲ့ ယန်ဓာတ်ကို ပျက်စီးစေနိုင်တာကြောင့် အမျိုးသားတွေ စားသုံးဖို့ မသင့်တော်ဘူး။ အမျိုးသမီး‌တွေအတွက်တော့ အလှအပပိုင်းဆိုင်ရာ၊ မျက်နှာအသားအရေနဲ့ ခန္ဓာကိုယ်ရဲ့ပုံမှန်လည်ပတ်မှုတွေအတွက် အတော်လေး ကောင်းကျိုးဖြစ်စေနိုင်တယ်”

“ယွင်ကျင်း အဲဒီကောင်မလေး အခုနောက်ပိုင်း မျက်နှာအသားအရေတွေ မှိုင်းညို့နေတာ ငါသတိထားမိတယ်။ ကြည့်ရတာ‌တော့ ညနက်တွေအထိ အိပ်ရေးပျက်ရလို့ အသည်းချီ ထိခိုက်‌သွားပုံပဲ။ မင်း နွားဦးချိုငါးရဲ့နှလုံးကို ပွေးကိုင်း‌စေ့နဲ့ ရွှေနွယ်ပင်ကို ပေါင်းထည့်‌ဖော်စပ်ပြီး ယွင်ကျင်းအတွက် အသည်းအားဖြည့်ဆေးနဲ့ ချီစွမ်းအင်ထိန်းဆေးရည် တစ်ခွက်လုပ်ပေးလိုက်ပါ။ ယောက်ျားတွေဆိုတာ ကိုယ့်ရဲ့အလုပ်အကိုင်ကိုချည်းပဲ အာရုံစိုက်နေလို့ မဖြစ်ဘူး။ ရံဖန်ရံခါ ကိုယ်ချစ်တဲ့သူကိုလည်း ပြန်ကြည့်ပေးရမယ်။ အလုပ်အကိုင်ကတော့ မထိမခိုက် ပြီးဆုံးသွားပြီး ကိုယ့်မိသားစုကို ဆုံးရှုံးသွားတာမျိုး မဖြစ်ရလေအောင်ပေါ့…”

ချန်ကျဲ့သည် ရိုကျိုးစွာဖြင့် သမားတော်ပိုင် ပို့ချပေးသည့် သင်ခန်းစာကို နားထောင်သည်။

အသက်အရွယ်ကြီးရင့်လေလေ အကြောင်းအရာများကို ရှင်းရှင်းလင်းလင်း နားလည်လေဖြစ်သည်။ ၎င်းသည် စကားအပိုများ မကြာခဏ ပြောဆိုရခြင်းကို မနှစ်ခြိုက်သော်ငြား သူ၏အတွေ့အကြုံမှ ရရှိလာခဲ့သော ဘဝသင်ခန်းစာများကို မကြာခဏ ‌သင်ပြပေးတတ်သည့် သမားတော်ပိုင်အတွက် မှန်ကန်ပေသည်။

သမားတော်ပိုင်သည် ငယ်ရွယ်စဉ်က ယှဉ်ပြိုင်လိုစိတ် အလွန်ကြီးမားခဲ့ကာ ဆေးပညာအပေါ် စွဲလမ်းရူးသွပ်ခဲ့ပြီး မိမိ၏အနီးဝန်းကျင်ရှိ လူများကို လျစ်လျူရှုခဲ့သည်။

ပြန်လှည့်ကြည့်လိုက်သော် သူ့အနီးတွင်ရှိပေးခဲ့သော ထိုလူများသည် ယခုအချိန်တွင် မရှိကြတော့ပေ။ အကြောင်းကိစ္စများသည် ယခင်အချိန်နှင့် မတူညီတော့ပေ။ ဤနှစ်ပေါင်းများစွာအတွင်း သမားတော်ပိုင်သည် ခက်ခဲသည့်အချိန်များတွင် သူနှင့် အမြဲအတူ ရှိနေပေးခဲ့သော ပိုင်သခင်မကြီး(ဇနီးဖြစ်သူ)ကို ကျေးဇူးတင်နေခဲ့သည်။ သို့သော် အချိန်ကောင်းများကို ခံစားရန်အတွက်မူ သူမသည် ရှိမနေခဲ့တော့ပေ။ မျက်တောင်တစ်ခတ်မျှသော အချိန်လေးအတွင်း၌ သူမမှာ ပျောက်ကွယ်သွားခဲ့လေပြီ။

မည်မျှပြန်လည်ပြင်ဆင်ဖြည့်စွက်လိုပါသည့်တိုင် မဖြစ်နိုင်တော့ပေ။ ကျန်ရှိသည့် ဘဝသက်တမ်းတစ်လျှောက်လုံး၌ နောင်တများဖြင့် ရှင်သန်သွားရုံသာ တတ်နိုင်ပေသည်။

သမားတော်ပိုင်သည် ထိုသို့ပြောခဲ့ပြီးနောက် အခန်းထဲသို့ ပြန်သွားခဲ့သည်။ အသက်အရွယ်ကြီးရင့်နေပြီဖြစ်ရာ ညနက်ချိန်အထိ မနေချင်တော့ပေ။

သို့သော် ချန်ကျဲ့သည် အိပ်မပျော်နိုင်သေးဘဲ နွားဦးချိုငါးကိုကြည့်နေရင်း ညသန်းခေါင်အချိန်ရောက်လာမည်အား စောင့်ဆိုင်းနေခဲ့သည်။

နောက်ဆုံးတွင်တော့ ညသန်းခေါင်အချိန် ရောက်ရှိလာခဲ့ပြီး ရင်းနှီးနေသော စနစ်၏အချက်ပေးသံ ထွက်ပေါ်လာခဲ့သည်။

[ဒီနေ့အတွက် သတင်းအချက်အလက်များကို မြှင့်တင်ပြီးပါပြီ]

[၁၊ သင်ဒီနေ့ ယွီပင်းနဲ့တွေ့ခဲ့ပြီး ယွီပင်းက သင့်က ယွီစန်းလျို့ကို သတ်ခဲ့တဲ့ လူသတ်သမားဖြစ်ကြောင်းကို စစ်ဆေးအတည်ပြုခဲ့ပါတယ်။ အခုတော့ မင်းကိုသတ်ဖို့ ရည်ရွယ်ချက် ရှိနေပါတယ်]

[၂၊ သင်ဒီနေ့ လီစန်းတင်းကိုတွေ့ခဲ့ပြီး ရရှိခဲ့တဲ့အချက်အလက်ဖြစ်ပါတယ်။ လီစန်းတင်းက နှစ်ပေါင်းများစွာ စုဆောင်းခဲ့တဲ့ ငွေကြေးတွေကို မှောင်ခိုဈေးကွက်မှာ အသွေးအသားဆေးလုံးကို ဝယ်ယူဖို့အတွက် အသုံးပြုခဲ့ပါတယ်။ အဲဒီဆေးလုံးကို အဆိပ်ရှိတဲ့ ပိုးမွှားတစ်မျိုးဖြစ်တဲ့ အဆိပ်သွေးပိုးကောင်မှ ထုတ်လုပ်ထားခြင်းဖြစ်ပြီး ကျင့်ကြံသူရဲ့ ကျင့်ကြံဆင့်ကို ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကို ရောက်ရှိအောင် အတင်းအကျပ် လုပ်ဆောင်ပေးနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီလိုလုပ်လိုက်ခြင်းအားဖြင့် ကျင့်ကြံသူရဲ့ ကျင့်စဉ်လမ်းကြောင်းကို နောက်ထပ်တိုးတက်မှုမရှိတော့ဘဲ ရပ်တန့်သွားစေနိုင်ပါတယ်]

[၃၊ သင်ဒီနေ့ ရွာအကြီးအကဲရွေးချယ်ပွဲအကြောင်း ဆွေးနွေးခဲ့ခြင်းကြောင့် ရရှိခဲ့တဲ့အချက်အလက် ဖြစ်ပါတယ်။ ငါးဖမ်းကုန်သည်အဖွဲ့နဲ့ ချောင်ကုန်သည်အဖွဲ့ နှစ်ဖွဲ့စလုံးက ရွာအကြီးအကဲရွေးချယ်ပွဲကို အလွန်အလေးထားကြပြီး ကုန်သည်အဖွဲ့နှစ်ခုလုံးရဲ့ ခေါင်းဆောင်တွေက ပြိုင်ပွဲအကြောင်းကို စုံစမ်းမေးမြန်းခဲ့ပါတယ်]

[၄၊ သင်ဒီနေ့ ရေထိန်းချုပ်လက်ဝါးသိုင်းကို လေ့ကျင့်ခဲ့ပါတယ်။ သင့်ရဲ့ လုံ့လဝီရိယရှိစွာ လေ့ကျင့်မှုက သင့်ရဲ့သိုင်းပညာကျွမ်းကျင်မှုကို သိသိသာသာ တိုးတက်စေခဲ့တာကြောင့် တတ်မြောက်မှုအဆင့်ကို ရောက်လုနီးပါး ဖြစ်နေခဲ့ပါပြီ]

‌[၅၊ သင့်ရဲ့ပြင်းပြတဲ့ယုံကြည်မှုကြောင့် သွေးအားဖြည့်ဆေးရည်နဲ့ သက်ဆိုင်တဲ့အချက်အလက်တွေကို ရရှိခဲ့ပါတယ်။ ‌ထန်ခေတ်ဟောင်း ဆေးညွှန်းတစ်ခုမှာ နွားဦးချိုငါးရဲ့ အသားကို အဓိကအသုံးပြုပြီး ဂျင်ဆင်း၊ မွန်ဂိုပဲရိုင်းပင်၊ ပွေးကိုင်းစေ့နှင့် အခြားဆေးဖက်ဝင်အပင်များကို ထည့်သွင်းပြီး သွေးအားဖြည့်ဆေးရည်ကို ဖော်စပ်ပါတယ်။ အဲဒီဆေးညွှန်းက အတော်လေး ပြီးပြည့်စုံပြီးသား ဆေးညွှန်းဖြစ်တာကြောင့် ထပ်မံတိုးတက်စရာ အနည်းငယ်မျှသာ ရှိပါတယ်။ ဒါပေမဲ့ ဆေးရည်ကျိုတဲ့အခါ ကြွေအိုးကို အသုံးမပြုပါနဲ့။ သံအိုးကို ပြောင်းလဲအသုံးပြုရင် ပိုကောင်းမွန်တဲ့ အကျိုးအာနိသင်ကို ရရှိနိုင်ပါလိမ့်မယ်]

ချန်ကျဲ့သည် အချက်အလက်ဇယားကိုကြည့်၍ တစ်ချက်ချင်း စီစစ်နေခဲ့သည်။

နံပါတ်တစ်အချက်သည် အများကြီး တွေးတောနေရန် မလိုအပ်ပေ။ သူနှင့် ယွီပင်းတို့နှစ်ဦးမှာ ကမ္ဘာမကြေရန်သူများ ဖြစ်နေပြီဖြစ်ကြောင်းကို သူသိပါ၏။ အခွင့်အရေးရသည်နှင့်တစ်ပြိုင်နက် နှစ်ဦးစလုံးမှာ တစ်ယောက်နှင့်တစ်ယောက် သတ်ဖြတ်နိုင်ရန်အတွက် စိုးစဉ်းသော်မျှ အလျှော့ပေးကြလိမ့်မည် မဟုတ်ပေ။ တစ်ဦးသည် လက်စားချေရန်အတွက် ဖြစ်ပြီး တစ်ဦးမှာ အနာဂတ် ပြဿနာများကို ကြိုတင်ကာကွယ်ရန်အတွက် ဖြစ်သည်။

နံပါတ်နှစ်အချက်သည် အတော်လေး စိတ်ဝင်စားဖို့ကောင်း၏။

သင်္ဘောခေါင်းဆောင်၂ လီစန်းတင်းက တကယ်ကြီး မှောင်ခို‌ဈေးကွက်မှာ အဆိပ်သင့်နိုင်တဲ့ အသွေးအသားဆေးလုံးကို ဝယ်ခဲ့တယ်ပေါ့လေ။ မတန်တဆ ဈေးကြီးပေးရတဲ့အပြင် ကျင့်ကြံဆင့်တိုးတက်မှုလည်း ရပ်တန့်သွားစေမယ့် ဆေးလုံးကိုလေ?

သူက ယွီပင်းနဲ့ ရင်ဆိုင်တိုက်ခိုက်ဖို့အတွက် ဒီအခွင့်အရေးကို အသည်းအသန် လိုအပ်နေခဲ့တာပါလား။

လီစန်းတင်းသည် အမှန်တကယ်ပင် ထိုသို့ ကျူးလွန်နိုင်လောက်ပါ၏။ ထို့ပြင် ဤတစ်ကြိမ် အခွင့်အရေးကိုလည်း အမှန်တကယ် လိုအပ်နေပါသည်။

လီစန်းတင်းသည် ဘဝတိုးတက်ရေးအတွက် အလွန်တရာ စိတ်အားထက်သန်နေခဲ့သည်။

သိုင်းလောကသည် ကျင့်ကြံဆင့်ကို ကူညီထောက်ပံ့ပေးနိုင်သည့် ဆေးဝါးများ ပြည့်နှက်တည်ရှိနေကြောင်း ချန်ကျဲ့ သိရှိလိုက်ရ၏။ ၎င်းဆေးဝါးများထဲတွင် အထူးအာနိသင်များဖြင့် ဆေးဝါးအချို့လည်း ပါဝင်ပေသည်။

သိုင်းပညာရှင်တစ်ဦးအနေဖြင့် ကျင့်ကြံဆင့်တိုးတက်လိုပါက ကျင့်ကြံဆင့်ကို တိုးတက်စေနိုင်မည့် အာနိသင်ကောင်းမွန်သော ဆေးဝါးများကို အမြဲမပြတ် သိုမှီးရန် လိုအပ်သည်။ ကျင့်ကြံမှုတစ်မျိုးတည်းအပေါ်၌သာ မှီခိုခြင်းသည် ဘဝသက်တမ်းတစ်ဝက်အတွင်း ကျင့်ကြံဆင့် တစ်ဆင့်၊နှစ်ဆင့်မျှ တိုးတက်ခြင်းသော ရလဒ်ကိုသာ ရရှိစေနိုင်ပေလိမ့်မည်။

ဥပမာ ကျင့်ကြံခြင်းတစ်ခုတည်းကိုသာ မှီခိုနေသော ကျင့်ကြံသူတစ်ဦး အရေပြားသန့်စင်ခြင်းအဆင့်သို့ တက်လှမ်းရန်အတွက် သုံးနှစ်မှ ငါးနှစ်အထိ ကြာမြင့်နိုင်သည်။ သို့သော် ငွေတုံးတစ်ရာကျော်ခန့်ကို အသုံးပြု၍ အရေပြားသန့်စင်ဆေးရည်ကို သုံးကြိမ်တိတိ အသုံးပြုလိုက်ပါလျှင် အချိန်တိုအတွင်း ကျင့်ကြံဆင်တက်လှမ်းပြီး ဖြစ်သွားပေလိမ့်မည်။

တစ်နည်းဆိုရသော် အရေပြားသန့်စင်ဆေး‌ရည် သုံးကြိမ်သည် ကျင့်ကြံသူ၏ အချိန်၅နှစ်တာကို ချွေတာပေးလိုက်ခြင်းပင်။

ဘာလို့များ “လူချမ်းသာတွေက သိုင်းပညာကျင့်ကြံပြီး ဆင်းရဲသားတွေက စာပေလေ့လာတယ်”ဆိုတာ မသိသာလွန်းပေဘူးလား။

အရေပြားသန့်စင်ခြင်းအဆင့်ကနေ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကို တက်လှမ်းဖို့ဆိုတာလည်း ဆယ်စုနှစ်တစ်ခုစာလောက် အချိန်ယူကျင့်ကြံရမှာ။ ဒါပေမဲ့ တစ်ဖက်မှာကျတော့လည်း လိုအပ်တာက သွေးအားဖြည့်ဆေးရည်လေး တစ်ကြိမ်စာပဲ ဖြစ်နေပြန်ရောလေ။

စာစဉ်ပြီး၏

All Chapters