← Chapters

စူးယွင်ကျင်း : ယောက်ျား ဒီလိုမလုပ်ပါနဲ့

Vol. 10 Ch. 126

စူးယွင်ကျင်း : ယောက်ျား ဒီလိုမလုပ်ပါနဲ့

Vol. 10 Ch. 126

နောက်ဆုံးရအချက်အလက်များကိုကြည့်၍ ချန်ကျဲ့ အတွေးထဲ နစ်မြုပ်သွားခဲ့သည်။

ဒီနေ့၏သတင်းအချက်အလက်များမှာ ကုံလုံပေသည်။ ကနဦး၌ အခွန်ငွေများ ခိုးယူသွားသော သင်္ဘောကြီးခေါင်း‌ဆောင် ကျောင်းရွှမ်သည် စီရင်စုမြို့တော်သို့ ထွက်ပြေးခဲ့ပြီး ငါးဖမ်းကုန်သည်အဖွဲ့သို့ သွား၍ ယောက်ဖဖြစ်သူကို ရှာသည်။

သို့သော် ဦးစီးမှူးသည် ကျောင်းရွှမ်၏အရှုပ်ထုပ်များကို မရင်ဆိုင်လိုပေ။ သို့သော် ကျောင်းရွှမ်၏အစ်မမှ ကြားဝင်နှောင့်ယှက်သည်။

ဦးစီးမှူးသည် ကျောင်းရွှမ်၏အစ်မဖြစ်သူကို အလွန်တရာ ချစ်မြတ်နိုး၏။ ထို့ကြောင့် ဦးစီးမှူးကို ကျောင်းရွှမ်ကို ကာကွယ်ပေးလိုခဲ့သည်။

သို့သော် ချန်ကျဲ့သည် ထိုဦးစီးမှူးမှ ကျောင်းရွှမ်ကို ကာကွယ်ပေးလိမ့်မည်ဟု မယုံကြည်ပေ။ ဝူကျုံးသည် သာမန်လူတစ်ယောက် မဟုတ်ပေ။ ငါးဖမ်းကုန်သည်အဖွဲ့တွင် ကိုယ်ပိုင်အဆင့်အတန်းရှိသော သမားတော်ပိုင်၏ သားမက်ဖြစ်၏။

ဤအမှုထမ်းဟောင်းကြီးသည် ငါးဖမ်းကုန်သည်အဖွဲ့တွင် အဆက်အသွယ်များ ကျယ်ကျယ်ပြန့်ပြန့်ရှိသော အရင်မျိုးဆက်၏ ပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်သည်။ ထိုသို့ပုဂ္ဂိုလ်၏ သားမက်ဖြစ်သူကို သွားရှုပ်မိပါက အလွယ်တကူ ရှောင်ထွက်သွား၍ ရနိုင်ပါမည်လော။

…

ဝူကျုံးမှ ဤကိစ္စကို ဆက်လက် မလိုက်တော့ခြင်းမှအပ ၎င်းမှာ မဖြစ်နိုင်လောက်ပေ။ သို့သော် ဝူကျုံးကရော ဆက်မလိုက်ဘဲ အလွတ်ပေးပါမည်လော။

ချန်ကျဲ့ ဖြစ်နိုင်ခြေမရှိဟု တွေးလိုက်သည်။

နံပါတ်၂အချက်အလက်သည် သင်္ဘောခေါင်းဆောင်၂ လီစန်းတင်းအကြောင်း ဖြစ်သည်။ လီစန်းတင်းသည် ဝူကျုံးနှင့် အသက်အရွယ် မတိမ်းမယိမ်းရှိသူဖြစ်ပြီး အံ့အားသင့်ဖွယ်ကောင်းလှစွာဖြင့် သူသည်လည်း လာမည့် ရွာအကြီးအကဲ‌‌ရွေးချယ်ပွဲတွင် ဝူကျုံးအစား တိုက်ခိုက်ပေးလိုနေသည်။ ထိုအခွင့်အရေးကို အသုံးချ၍ အဆင့်အတန်းမြင့်မားသူများမှ သူ၏တည်ရှိမှုကို သိရှိသွားကြစေရန် မျှော်လင့်နေပေသည်။

လီစန်းတင်း၏ စိတ်ကူးသည် ချန်ကျဲ့၏ရည်မှန်းချက်များဖြင့် ထပ်တူညီနေခဲ့သည်။ “ဤလောက၌ တုံးအသူဟူသည် မရှိ၊ လူအားလုံးမှာ ဆန္ဒပြင်းပြသော နှလုံးသားရှိကြသည်”ဟူသော အဆိုအား ငြင်းဆန်၍ မရနိုင်ပါချေ။

အခွင့်အရေးရှိလာခဲ့ပါက မည်သူကများ အမြင့်သို့ မတက်လှမ်းလိုဘဲ ရှိပါအံ့နည်း။ သူသည်လည်း ထိုသို့ပင် တွေးနေခဲ့ရာ သင်္ဘောခေါင်းဆောင်၂တွင်လည်း တူညီသော အတွေးရှိသည်။

သို့သော် ယွီပင်းသည် ရင်ဆိုင်ရလွယ်ကူသူ မဟုတ်ပေ။

နံပါတ်၃အချက်အလက်မှာ ယွီပင်းသည် ယွီစန်းလျို့အတွက် ‌အထိမ််းအမှတ်ကမ္ပည်း‌ပြား ခန်းမ စီစဉ်ထားရှိပြီး ဖြစ်နိုင်ခြေရှိသည့် သံသယရှိသူများကို လျှော့ချနေခဲ့သည်။ ထိုသံသယရှိသူများထံ၌ ချန်ကျဲ့လည်း ပါဝင်နေသည်။ သို့သော် ချန်ကျဲ့ အံ့ဩမသွားခဲ့ပေ။ သူကိုယ်တိုင်လည်း ကြာကြာဖုံးကွယ်နိုင်မည်ဟု မျှော်လင့်မထားခဲ့ချေ။

သို့မဟုတ် ဘယ်တုန်းကမှ ကြာကြာဖုံးကွယ်လိုသည့်ဆန္ဒ မရှိခဲ့ခြင်းလည်း ဖြစ်နိုင်ပါ၏။ ရွာအကြီးအကဲရွေးချယ်ပွဲ၌ ချန်ကျဲ့မှ မိမိ၏အရည်အချင်း အနည်းငယ်မျှကို ထုတ်ဖော်ပြသလိုက်သည်နှင့်တစ်ပြိုင်နက် ယွီစန်းလျို့ကို သတ်ခဲ့သူမှာ ချန်ကျဲ့ဖြစ်ကြောင်း ယွီပင်း ‌ချက်ချင်းသိသွားလိမ့်မည် ဖြစ်၏။

ထို့နောက်တွင်မူ အသေအကြေ တိုက်ခိုက်ကြရလိမ့်မည်။

ထို့ကြောင့် ချန်ကျဲ့အနေဖြင့် ထိုပြိုင်ပွဲအတွင်း၌ ယွီပင်းကို အနိုင်ရနိုင်မည့်နည်းလမ်းကို ရှာဖွေရပေမည်။ အဘယ်ကြောင့်ဆိုသော် အဆိပ်ရှိမြွေသည် ကွင်းပြင်ထဲမှ ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် သူ့ကိုစောင့်ဆိုင်းနေမည့်အရာများမှာ မြင်တွေ့နိုင်စွမ်းသည့် နည်းဗျူဟာများသာ မဟုတ်နိုင်တော့ပေ။

ထို့ပြင် နံပါတ်၄အချက်အလက်အရ ယွီပင်းသည် ချောင်ကုန်သည်အဖွဲ့၏ အတွင်းခန်းမတပည့်‌တစ်ယောက်ထံမှ အသွေးအသားကျစ်လျစ်ဆေးလုံးကို လဲလှယ်ရယူနိုင်ပြီး သုံးရက်အတွင်း ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်သို့ တက်လှမ်းသွားတော့မည်ဖြစ်သည်။

၎င်းမှာ လက်ရှိအချိန်တွင် အရေးအကြီးဆုံးအချက်အလက် ဖြစ်သည်။ ယွီပင်း ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်သို့ တက်လှမ်းသွားပါက ချန်ကျဲ့မှာ အန္တရာယ်များသွားပေတော့မည်။

ချန်ကျဲ့၏လက်ရှိအင်အားဖြင့် ရေထိန်းချုပ်လက်ဝါးသိုင်းနှင့် ယန်ချွမ်ကျင့်စဉ်ကို ပေါင်းစည်းအသုံးပြုခြင်းမှာ ယွီပင်းနှင့် ယှဉ်နိုင်မည်ဖြစ်သည်။ သေချာပေါက် အနိုင်ရမည်ဟု မပြောနိုင်သော်ငြား အနည်းဆုံးတော့ အလွန်ဆိုးဆိုးရွားရွား ရှုံးလိမ့်မည် မဟုတ်ပေ။ သို့သော် ယခုတွင်မူ ယွီပင်းသည် အဆင့်တက်လှမ်းသွားပြီး သူကိုယ်တိုင်မှာ အရေပြားသန့်စင်ခြင်းအဆင့်သာ ဖြစ်နေသည်။

ယွီပင်းကို အနိုင်ရနိုင်ခြေမှာ အလွန်နည်းပါး၏။

ထို့ပြင် ချန်ကျဲ့သည် ရေထိန်းချုပ်လက်ဝါးသိုင်းကို ပေါ်ပေါ်ထင်ထင် အသုံးမပြုရဲဘဲ လှိုင်းတံပိုးလက်ဝါးသိုင်းထဲတွင် ဖုံးကွယ်၍ အသုံးပြုရဦးမည်ဖြစ်သည်။ ဆိုလိုသည်မှာ မိမိ၏ အမှန်တကယ်တိုက်ခိုက်စွမ်းရည်၏ ၆၀ရာခိုင်နှုန်းခန့်ကိုသာ အသုံးပြုနိုင်မည်ဟု ဆိုလိုပေသည်။

ဤမျှအဆင့်ရှိ ရေထိန်းချုပ်လက်ဝါးသိုင်းသည် ယွီပင်း၏ နှလုံးကြွေလက်ဝါးသိုင်းထက် အနည်းငယ်မျှသာ ပိုကောင်းမွန်ပြီး အနိုင်အရှုံးကို အဆုံးအဖြတ်ပေးနိုင်လောက်မည့်‌ ကောင်းကျိုးမရှိပေ။

အတွင်းအားကျင့်စဉ်ဖြစ်သည့် ယန်ချွမ်ကျင့်စဉ်ကို ပေါင်းထည့်အသုံးပြုခြင်းသည် ပြိုင်ဘက်ထက် သိုင်းပညာအရာတွင်သာ သာလွန်ခြင်းဖြစ်ပြီး ပြိုင်ဘက်၏ကျင့်ကြံဆင့်မှာ မိမိထက် အဆင့်မြင့်နေပြီဖြစ်သည်။

“အင်အားတစ်ခုသည် သိုင်းကွက်၁၀ကွက်ကို အနိုင်ရသည်”ဟူသော ဆိုရိုးစကားလည်း ရှိပေသည်။ ပြိုင်ဘက်ထက် ကျင့်ကြံဆင့် သာလွန်နေသူဖြစ်ပါက ၎င်းမှာ သိုင်းကွက်ဖြင့် အလွယ်တကူ ဖာထေးနိုင်တော့မည် မဟုတ်ပေ။

သို့ဖြစ်ရာ ယွီပင်းကို ပြိုင်ပွဲအတွင်း အနိုင်ရရှိရန်ဖြစ်စေ၊ သို့သော် မိမိ၏အရည်အချင်းများကို ဖုံးကွယ်ရင်းဖြင့်ပင် ယွီပင်းကို နေရာတွင် သတ်ပစ်ရန်ဖြစ်စေ၊ ချန်ကျဲ့သည်လည်း ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်သို့ ရောက်ရှိရန် လိုအပ်၏။ သို့မှာ အနိုင်ရရှိနိုင်ကြောင်း သေချာမည့် အခွင့်အရေးတစ်ခု ရှိပေလိမ့်မည်။

ထိုသို့တွေးလျက် ချန်ကျဲ့သည် နံပါတ်၅အချက်အလက်ကို အာရုံစိုက်လိုက်သည်။

သတင်းအချက်အလက်စနစ် အဆင့်မြင့်သွားချိန်မှ စတင်၍ ချန်ကျဲ့သည် စနစ်၏လုပ်ဆောင်ချက် အသစ်တစ်ခုကို ရရှိခဲ့သည်။ ၎င်းလုပ်ဆောင်ချက်သည် သူ၏ အချက်အလက်တစ်ခုကို ရရှိရန်လိုလားသည့် ပြင်းပြသည့်ဆန္ဒကို အသုံးပြုခြင်းဖြစ်သည်။

၎င်းမှာ “ဆန္ဒရှိပါက နည်းလမ်းရှိသည်”ဟူသော အဆိုကို ကိုယ်စားပြုခြင်း ဖြစ်လောက်ပေမည်။

သို့ဖြစ်ရာ ချန်ကျဲ့သည် ထိုအခွင့်အရေးအား ယွီပင်း မဖမ်းနိုင်သေးသော နွားဦးချိုငါးအပေါ်တွင် အသုံးပြုခဲ့သည်။

သိုင်းပညာ၌ အဓိက နိယာမကြီး လေးခုရှိသည်။ ချမ်းသာကြွယ်ဝမှု၊ တွဲဖက်၊ နည်းလမ်းနှင့် ပတ်ဝန်းကျင်တို့ဖြစ်သည်။

ချမ်းသာကြွယ်ဝမှု : ၎င်းသည် ငွေကြေးပိုင်းဆိုင်ရာ အထောက်အပံ့လိုအပ်ခြင်းကို ဆိုလိုသည်။ မိမိ၏ အသက်စွမ်းအင်ကို ထိန်းသိမ်းလိုသည့် သိုင်းပညာရှင်များသည် အသားများ၊ သို့မဟုတ် ဆေးအာနိသင်ပြင်းသော ဆေးများကို စားသုံးကြသည်။

ဤခေတ်ကာလ၌ အသားစားသုံးနိုင်ရန်နှင့် ဆေးသုံးစွဲနိုင်ရန်အတွက် ငွေကြေးပမာဏ အများအပြား လိုအပ်ပေသည်။

တွဲဖက် : ၎င်းသည် ဇနီးမယားကို ရည်ညွှန်းခြင်းမဟုတ်ပါ။ သိုင်းပညာလေ့ကျင့်မှုတွင် ကူညီပေးသူကို ရည်ညွှန်းခြင်းဖြစ်သည်။ မကြာခဏ အပြန်အလှန်ပြောဆိုဆွေးနွေး၍ အတွေးအမြင်များ ‌ ဝေမျှနိုင်သည့် နည်းပြ၊ ‌နောက်လိုက်တပည့် စသဖြင့်ကို ဆိုလိုခြင်းဖြစ်သည်။

ကျင့်စဉ် : ၎င်းမှာ နားလည်သိရှိရန် လွယ်ကူပါ၏။ အရေးပါ အဖိုးတန်သော လျှို့ဝှက်သိုင်းကျမ်းများကို ရည်ညွှန်းခြင်းဖြစ်သည်။ ဥပမာ ရေထိန်းချုပ်လက်ဝါးသိုင်းကို သိရှိထားသည့် ချန်ကျဲ့နှင့် ဘိုးဘေးကြီးလက်သီးသိုင်းကိုသာ သိရှိထားသော ချန်ကျဲ့သည် လုံးဝ မတူညီသည့်လူနှစ်ဦးကဲ့သို့ ဖြစ်ပေလိမ့်မည်။

ပတ်ဝန်းကျင် : ၎င်းကို သွင်ပြင်နှစ်မျိုးဖြင့် ပတ်ဝန်းကျင်များဟု နားလည်နိုင်သည်။ ဆိုလိုသည်မှာ လူအားလုံး သိုင်းပညာလေ့ကျင့်သည့် ပတ်ဝန်းကျင်ဖြစ်ပါက ပို၍လျင်မြန်စွာ တိုးတက်နိုင်လိမ့်မည် ဟူ၍ပင်။

စာလေ့လာခြင်းနှင့် အလားတူပင် မိမိ၏ပတ်ဝန်းကျင်၏ လွှမ်းမိုးမှုကို ခံရနိုင်သည်။

ဒုတိယပတ်ဝန်းကျင်သွင်ပြင်သည် စိတ်စွမ်းအင်များ စုဝေးနေသည့်နေရာကဲ့သို့ အထူးတလည် ပတ်ဝန်းကျင်နေရာများကို ဆိုလိုခြင်းဖြစ်သည်။ ယင်စွမ်းအင်များစွာ စုဝေးသောနေရာများ၊ ယန်စွမ်းအင်များစွာ စုဝေးသောနေရာများ စသည်တို့သည် သိုင်းပညာရှင်ကြီးများအတွက် ပြင်ဆင်ထားခြင်း ဖြစ်သည်။ ချန်ကျဲ့၏ လက်ရှိအဆင့်မျှသော သိုင်းပညာရှင်များသည် ၎င်းနေရာများနှင့် ထိတွေ့ခြင်း မရှိနိုင်ပေ။

ထို့ကြောင့် လက်ရှိအခြေအနေ၏ ချန်ကျဲ့မှာ တွဲဖက်နှင့် ကျင့်စဉ်ဟူသည့် ကောင်းကျိုးများရှိသည်။

တွဲဖက် : ယခင်က သူ့ကို လမ်းညွှန်သင်ပြပေးသည့် နီဝမ့်ကျွင်းရှိခဲ့သည်။ နောက်ပိုင်းတွင် ပြည့်ပြည့်ဝဝ လမ်းညွှန်သင်ပြပေးနေသည့် ဝူဟုန်ရှိသည်။

ကျင့်စဉ် : ယန်ချွန်ကျင့်စဉ်၊ ရေထိန်းချုပ်လက်ဝါးသိုင်း နှစ်ခုစလုံးသည် စွမ်းအင်ပြောင်းလဲခြင်းအဆင့်ရှိသော ထိပ်တန်းအဆင့် လျှို့ဝှက်သိုင်းပညာများ ဖြစ်ကြသည်။

ပတ်ဝန်းကျင် : လက်ရှိတွင်တော့ ၎င်းသည် ချန်ကျဲ့အပေါ် အကျိုးသက်ရောက်မှု အနည်းငယ်ရှိပေသည်။

သို့ဖြစ်ရာ ချန်ကျဲ့အနေဖြင့် လျင်မြန်စွာ တိုးတက်လိုပါက အားဖြည့်တင်းရန်အတွက် ချမ်းသာကြွယ်ဝမှု၌ အားစိုက်ထုတ်ရန်သာ လိုအပ်ပေသည်။

လက်ရှိအချိန်တွင် ချန်ကျဲ့အတွက် အကောင်းဆုံး အားဖြည့်ဆေးမှာ ‌အရင်ဆုံး အဆင့်မြင့်ပစ္စည်းတစ်ခုဖြစ်သည့် သွေးလင်ဇီးဖြစ်သည်။ သို့သော် ၎င်းကို ဦးလေးကျုံးသည် အသက်ကယ်တင်ရန်အတွက် အသုံးပြုရပြီး အစ်ကိုဝူဟုန်သည် ဒဏ်ရာကုသရန်အတွက် အသုံးပြုနေရသည်။ ထို့ကြောင့် ချန်ကျဲ့မှာ ဝင်စွက်ဖက်၍ မရပေ။

ထို့ကြောင့် ချန်ကျဲ့မှာ ထိုပုန်းအောင်းနေသည့် နွားဦးချိုငါးအပေါ် အာရုံစိုက်ရန်သာ တတ်နိုင်ပေသည်။

သို့သော် ဤသတင်းအချက်အလက်သည် အလွန်အဆင့်နိမ့်နေသေး၏။ ပေးပို့လာသော အချက်အလက်တွင် စိမ့်တောကျွန်းအနီးဟုသာ ပါရှိပြီး တည်နေရာအတိအကျ မပါဝင်ပေ။

စိမ့်တောကျွန်းသည် ကြီးမား၏။ သူတစ်ယောက်တည်းနှင့် ရှာဖွေရန် မလွယ်ကူပေ။

အင်း.. စောင့်ကြည့်ဖို့ပဲ တတ်နိုင်တော့မယ်။ ဒီည အချက်အလက်ကို စောင့်ပြီး နွားဦးချိုငါးရဲ့တည်နေရာကျယ်ပြန့်မှုကို လျှော့ချပေးနိုင်မလား ကြည့်ရမယ်။

ဒါမှမဟုတ် နွားဦီးချိုငါးရဲ့ အချက်အလက်ကို ဒီထက်ပိုများများ သိရမလားပေါ့။

စိုးရိမ်ပူပန်နေခြင်းမှာ အသုံးမဝင်လေရာ ယခုအချိန်တွင် အလျင်မလိုသင့်ကြောင်း ချန်ကျဲ့ ကောင်းစွာသိ၏။ ယွီပင်း၏ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်သို့ တက်လှမ်းနိုင်ခြင်းမှာ သေချာနေပြီဖြစ်သည်။ ၎င်းကိုလည်း ပြောင်းလဲနိုင်စွမ်းမရှိရာ မိမိကိုယ်ကိုယ် ပြင်ဆင်၍ သင့်တော်မည့်အချိန်ကို‌ စောင့်ဆိုင်းရန်သာ တတ်နိုင်ပေသည်။

ထိုသို့တွေးတောလိုက်ပြီး ချန်ကျဲ့ အိပ်ရာထလိုက်သည်။ ခြံဝင်းထဲတွင် အကြောလျှော့ လေ့ကျင့်ခန်းလုပ်၍ သိုင်း‌ေလ့ကျင့်ရန် တွေးလိုက်သည်။

သို့သော် သူ၏လှုပ်ရှားမှုသည် သူ၏လက်‌မောင်းပေါ်တွင် ခေါင်းအုံးအိပ်နေသော စူးယွင်ကျင်းကို လန့်နိုးသွားစေခဲ့သည်။

စူးယွင်ကျင်းသည် မျက်လုံးပွင့်လာ၍ အိပ်ရာထရန်ပြင်နေသော ချန်ကျဲ့ကို ကြည့်လိုက်သည်။

“ယောက်ျား…”

“ကိုယ့်ကြောင့် နိုးသွားပြီလား”

“ယောက်ျား ရှင်ဘယ်သွားမလို့လဲ”

“အိပ်မပျော်လို့ အပြင်ထွက်ပြီး သိုင်းလေ့ကျင့်မလို့”

ထိုအခါ စူးယွင်ကျင်းသည် ဖြည်းဖြည်းချင်း ထလာကာ ချန်ကျဲ့ကို ကြည့်သည်။

“ယောက်ျား…”

“ဟမ်”

ချန်ကျဲ့ သူမကိုကြည့်လိုက်သည်။ အချိန်တစ်ခုကြာ တိတ်ဆိတ်နေခဲ့ပြီးနောက် စူးယွင်ကျင်းမှ ပြောသည်။

“ရှင် ကိုယ့်ကိုယ်ကိုယ် အလွန်အကျွံ ပင်ပန်းအောင် မလုပ်သင့်ဘူး”

ချန်ကျဲ့သည် ဇနီးလေး၏ နဖူးကို တည်ငြိမ်စေလိုက်ကာ ဖွဖွနမ်းလိုက်သည်။

“ယောက်ျား!”

ချန်ကျဲ့ တစ်ဖက်သို့လှည့်သွားရာ စူးယွင်ကျင်းသည် နောက်ဘက်မှ ဖက်တွယ်လာသည်။ ချန်ကျဲ့သည် နောက်ကျောဘက်မှ နွေးထွေးမှုကို ခံစားလျက် သူမ၏ခေါင်းလေးကို ‌ဖွဖွပုတ်ပေးလိုက်သည်။

“အဆင်ပြေပါတယ်၊ ‌ကိုယ် အဆင်ပြေပါတယ်”

All Chapters