← Chapters

ယွီပင်းက ငါတို့ကို စားသောက်ပွဲကြီးကို ဖိတ်ခေါ်တာလား

Vol. 10 Ch. 129

ယွီပင်းက ငါတို့ကို စားသောက်ပွဲကြီးကို ဖိတ်ခေါ်တာလား

Vol. 10 Ch. 129

မနက်စာစားခြင်းသည် လျင်မြန်စွာပြီးဆုံးသွားခဲ့သည်။ ချန်ကျဲ့သည် ချန်ရှောင်ဟူကို ခေါ်ယူလိုက်ပြီး ချန်ရှောင်ဟူအား ငါးဖမ်းကုန်သည်အဖွဲ့သားအချို့ကို စိမ့်တောကျွန်းသို့ ခေါ်သွားပြီး ပိုက်ကွန်များ ‌ထောင်ကြည့်ရန် စေခိုင်းလိုက်သည်။ ချန်ကျဲ့သည် နွားဦးချိုငါးကို ဖမ်းမိနိုင်ရန် မျှော်လင့်နေခဲ့၏။

သို့သော်ငြား အလုပ်များပြားသည့် တစ်နေ့တာအပြီးတွင်လည်း ဘာမျှဖမ်းမမိခဲ့ပေ။

သို့‌တိုင် ချန်ကျဲ့ စိတ်ဓာတ်ကျမသွားပါချေ။ လက်မလျှော့သ၍ အကျိုးရလဒ်ကို သေချာပေါက် ရိတ်သိမ်းနိုင်လိမ့်မည်ပင်။

ထိုသို့ မသိလိုက်မသိဘာသာဖြင့် အချိန်၄ရက် ကုန်ဆုံးသွားခဲ့သည်။

ထိုနေ့တွင် ထူးခြားသည့် ကိစ္စကြီးတစ်ရပ်ဖြစ်ပွားခဲ့ပြီး ရှန်းထောင်မြို့ကြီးတစ်မြို့လုံး လှုပ်လှုပ်ရွရွဖြစ်နေတော့သည်။

အကြောင်းအရာ အတိအကျမှာ: သခင်ကြီးယွီမှ တောဝက်ရိုင်းတစ်ကောင်ကို လက်ဝါးတစ်ချက်ဖြင့် သတ်ဖြတ်ခဲ့ခြင်းပင်!

ဟုတ်ပါ၏။ သခင်ကြီးယွီသည် တောဝက်ရိုင်းတစ်ကောင်ကို လက်ဝါးတစ်ချက်ဖြင့် သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

ပုံမှန်အားဖြင့် ဤသို့တောဝက်ရိုင်း‌တစ်ကောင်ကို သတ်ဖြတ်သည့်အကြောင်းအရာသည် ဝင့်ကြွားပြောဆိုနေရမည့်အရာ မဟုတ်ပါချေ။ ပုံမှန်အားဖြင့် မြား၊ လှံများနှင့် ပိုက်ကွန်များ စသဖြင့် လက်နက်အပြည့်အစုံပါရှိသည့် အမဲလိုက်သမား ၇ယောက်၊ ၈ယောက်ခန့်သည်လည်း တောဝက်ရိုင်းတစ်ကောင်ကို အမဲလိုက်နိုင်စွမ်းရှိပေသည်။

သို့သော် လက်ဝါးတစ်ချက်ဖြင့် သတ်ဖြတ်နိုင်ခြင်းမှာမူ သာမန်လူများ လုပ်ဆောင်နိုင်သည့်အရာ မဟုတ်ပေ။

သာမန်သိုင်းပညာရှင်တစ်ဦးပင်လျှင် ထိုသို့ စွမ်းဆောင်နိုင်စွမ်း မရှိပေ။

တောဝက်ရိုင်းများသည် သူတို့၏မာကြောသည့်အရေပြား၊ သန်မာသည့် အသွေးအသားနှင့် ကြောက်ခမန်းလိလိသော တိုက်ခိုက်စွမ်းရည်ကို ပိုင်ဆိုင်ထားကြသည်။

တောအုပ်အိုကြီးထဲ၌ “တောဝက်ရိုင်း၊ ဝက်ဝံ၊ ကျား”ဟူ၍ အဆင့်သတ်မှတ်ချက်ရှိသည်။

ထိုအဆင့်သတ်မှတ်ချက်သည် ထိုသားရဲကြီးများမှ လူကိုအန္တရာယ်ပြုနိုင်သည့် အဆင့်ကို ရည်ညွှန်းခြင်းဖြစ်သည်။

၎င်းတို့အထဲတွင် တောဝက်ရိုင်းသည် ကြောက်မက်ဖွယ်အကောင်းဆုံးဖြစ်၏။

အထူးသဖြင့် တောဝက်ရိုင်းတစ်ကောင်၏ အလေးချိန်သည် ပေါင်၈၀၀ကျော်ကာ တစ်မီတာခန့်ရှည်လျားသော သွားစွယ်ရှိသည်။ ထို့ပြင် ခန္ဓာကိုယ်ကို ထူထဲသိပ်သည်းသော အဆီပြင်ဖြင့် ဖုံးလွှမ်းထားသည့်– တောဝက်ရိုင်းနက်ကြီးဖြစ်သည်။

အန္တရာယ်ကြီးမားပြင်းထန်၏။

ဝူစုန့်မှ ကျားတစ်ကောင်ကို တိုက်ခိုက်၍ ဒဏ်ရာရသွားပါက ကျားသည် ဉာဏ်ကောင်းသောကြောင့် ထွက်ပြေးသွားပေလိမ့်မည်။

သို့သော် တောဝက်ရိုင်းများသည် အလွန်ကြမ်းကြုတ်၏။ သူတို့ကို ဒဏ်ရာရစေပါက အသေအကြေ တိုက်ခိုက်လိမ့်မည်ဖြစ်သည်။

ထို့ပြင် တောဝက်ရိုင်း၏ခန္ဓာကိုယ်မှာ ထူထဲသည့်အဆီပြင်တစ်လွှာ ဖုံးအုပ်နေလေရာ အမဲလိုက်ရိုင်ဖယ်ဖြင့်ပင် ထိုးဖောက်နိုင်စွမ်းမရှိပေ။ သို့သော် ၎င်း၏သွားစွယ်များသည်တော့ လူကို အလွယ်တကူ ထိုးဖောက်သွားနိုင်ပေသည်။

အထူးသဖြင့် ဤသို့ အလေးချိန်ပေါင်ရှစ်ရာရှိသည့် ကြီးမားသည့်သတ္တဝါကြီးကို ကျားများပင်လျှင် ပေါ့ပေါ့တန်တန် ရန်မစရဲကြပေ။

သို့သော် ယွီပင်းသည် လက်ဗလာဖြင့် သတ်ဖြတ်နိုင်ခဲ့သည်။

၎င်းသည် ကျားနှင့်တိုက်ခိုက်သည့် ဝူစုန့်အကြောင်းအရာ၏ သက်ရောက်မှုနှင့် ထပ်တူညီပေသည်။

တောဝက်ရိုင်းသည် ကျားတစ်ကောင်ကဲ့သို့ ကြောက်ရွံ့ထိတ်လန့်ဖွယ် ဂုဏ်သတင်းမရှိသော်ငြား ၎င်း၏တိုက်ခိုက်စွမ်းရည်သည် ကြောက်ခမန်းလိလိဖြစ်သည်။

သို့ဖြင့် ယွီပင်း၏ထိုအကြောင်းအရာသည် ဤသို့ ထုတ်ဖော်ပြောဆိုဆွေးနွေးခြင်း ခံရလေသည်။

ယွီပင်းသည် ဆုံးဖြတ်ချက်ချပြီးနောက် ယွီစန်းလျို့၏ဈာပနအခမ်းအနားသို့ တက်ရောက်ကာ ယွီစန်းလျို့အား သာ့ဟေးတောင်တန်း၏ ဖုန်းရွှေကောင်းမွန်သည့်နေရာ၊ သူတို့၏ဘိုးဘေးသင်္ချိုင်း၌ မြှုပ်နှံရန်ပြင်ဆင်သည်။

သာ့ဟေးတောင်တန်းသို့ ခြေချလိုက်သည်တွင် ယွီပင်းတို့မှာ တောဝက်ရိုင်းနှင့် ပက်ပင်းတိုးခဲ့သည်။

ဈာပနလှည့်လည်စီတန်းသူများသည် တောဝက်ရိုင်းကြောင့် ထိတ်လန့်တုန်လှုပ်ကုန်ကြ၏။ ၎င်း၏ ပေါင်ရှစ်ရာအလေးချိန်၊ ထူထဲသောအဆီပြင်တစ်လွှာနှင့် ထက်ရှလှသော သွားစွယ်တို့ကြောင့် လူသူအပေါင်းမှာ ကျောရိုးထိတိုင် အေးစိမ့်သွားကြရသည်။

ပုံမှန်ဆိုရင် ဒီလို‌တောရိုင်းတိရစ္ဆာန်တွေက လူကြောက်သင့်တာလေ။

သို့သော် ဤတောဝက်ရိုင်းသည် လူများကိုမြင်သည့်တိုင် နည်းနည်းလေးမှ ကြောက်မသွားပေ။ ဆန့်ကျင်ဘက်အနေဖြင့် စိတ်လှုပ်ရှားလာခဲ့ပြီး လူအုပ်ထံသို့ တစ်ဟုန်ထိုး ဦးတည်လာခဲ့သည်။

ကြောက်ရွံ့ကုန်ကြသော ဈာပနာအခမ်းအနားတက်ရောက်သူများသည် ဟိုဟိုသည်သည် ပြန့်ကျဲလူစုကွဲကုန်၏။ ယွီစန်းလျို့၏ခေါင်းတလားသည်လည်း ပစ်ချခံထားခဲ့ရလေရာ တောဝက်ရိုင်း၏ တက်နင်းခံလိုက်ရတော့သည်။ ရှစ်လက်မခန့်အထူရှိသော သစ်သားဘောင်ကြီး ကျိုးပဲ့ပျက်စီးသွားသည့် မြင်ကွင်းသည် မြင်တွေ့ရသူအပေါင်းကို ကြက်သီးမွေးညင်းထစေသည်။

ထို့နောက် တောဝက်ရိုင်းကြီးသည် ခေါင်းတလားကို တက်နင်းခြင်းမှ နာကျင်မှုကြောင့် မူးနောက်သွား၏။ သို့သော် ၎င်းသတ္တဝါသည် ဦးနှောက်မရှိဘဲ အဆက်မပြတ် လှုပ်ရှားနေလျက် နာကျင်မှုကြောင့် ဒေါသပိုကြီးလာခဲ့၏။

၎င်းသည် ခေါင်းတလားကို ဆက်တိုက် အားဖြင့် ဆောင့်နင်းနေခဲ့ရာ အတွင်းထဲရှိ အလောင်းကိုပါ မြင်ရလုနီးအထိ ခေါင်းတလားမှာ ကျိုးပဲ့သွားတော့သည်။

ထပ်မံ၍ သည်းမခံနိုင်တော့သည့် ယွီပင်းသည် ရှေ့သို့ တစ်ဟုန်ထိုး ပြေးတက်သွားခဲ့သည်။ လူတစ်ယောက်မှ ယွီပင်းကို ဓားကမ်းပေးလိုက်၏။ သို့သော် ၎င်းတောဝက်ရိုင်းကို ဓားဖြင့် အကြိမ်ပေါင်းများစွာ ခုတ်ဖြတ်ပြီးသည့်တိုင် တောဝက်ရိုင်း၏ခန္ဓာကိုယ်မှာ သိသာထင်ရှားသည့် ဒဏ်ရာတစ်စုံတစ်ရာ မရှိပါဘဲ ဓားသာလျှင် ပဲ့ထွက်သွားခဲ့သည်။

‌အဆီတစ်လွှာဖုံးအုပ်ထားသော တောဝက်ရိုင်း၏အရေပြားသည် ကျည်ဆန်ကိုပင် ခံနိုင်ရည်ရှိ၏: သို့ဖြစ်ရာ ဓားသွားသည် ခြစ်ရာထင်ကျန်ရန်ပင် မလွယ်ကူပေ။

နောက်ဆုံးတွင်‌တော့ ဓားကျိုးသွားခဲ့သည်။ ယွီပင်းလည်း အမှန်တကယ် ဒေါသထွက်လာခဲ့ကာ အခွင့်အရေးရသည်နှင့် နှလုံးကြွေလက်ဝါးသိုင်းဖြင့် တောဝက်ရိုင်းသတ္တဝါကြီးကို တိုက်ရိုက် ရိုက်ချလိုက်သည်။

နှလုံးကြွေလက်ဝါးသိုင်းသည် အလွန်အင်အားကြီးမား၏– ၎င်းသည် ‘တောင်တန်းကြီးအား လက်သီးထိုးခြင်း'နှင့် ဆင်တူပေသည်။ ရန်သူ၏သံချပ်ကာသည် ထူထဲခိုင်မာလျှင်သော်မှ ကိုယ်တွင်းအင်္ဂါများကို ထိခိုက်စေနိုင်စွမ်းသည်။

လက်ဝါးရိုက်ချက်တစ်ချက်သည် ပေါင်ရှစ်ရာ တောဝက်ရိုင်းကြီးကို နေရာတွင် တောင့်ခဲသွားစေခဲ့၏။ တောဝက်ရိုင်းကြီး၏ နှာ‌ေခါင်းပေါက်မှ သွေးများ စီးကျလာခဲ့သည်။

တဒင်္ဂလေးအတွင်း၌ပင် တောဝက်ရိုင်းကြီးသည် တောင်လုံးတစ်ခုကဲ့သို့ ပြိုလဲကျသွားတော့သည်။

ထိုလက်ဝါးရိုက်ချက်တစ်ချက်တွင် ကြည့်ရှုနေသူအပေါင်းသည် ယွီပင်းကို နတ်ဘုရားတစ်ပါးအလား တွေးမြင်ကြလေသည်။

တကယ် အံ့ချီးဖွယ်ပဲ!

ယွီပင်းမှ လက်ဝါးတစ်ချက်ဖြင့် တောဝက်ရိုင်းကို သတ်ဖြတ်ခဲ့သည့်သတင်းသည် ရုတ်ချည်း ပျံ့နှံ့သွား၏။

ယွီပင်း၏ဂုဏ်သတင်းသည်လည်း ရုတ်ချည်း မြင့်တက်သွားခဲ့သည်။

လက်ဝါးတစ်ချက်နဲ့ ပေါင်ရှစ်ရာတောဝက်ရိုင်းကြီးကို သတ်ခဲ့တယ်– ဒီဇာတ်လမ်းက ဘယ်နေရာကိုပဲ ရောက်သွားပါစေ အင်မတန်ကြီးကျယ်တဲ့ စွမ်းဆောင်မှုကြီးပဲ။

ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားခြင်းငှာ ထိုက်တန်သည့် အကြောင်းအရာပင် ဖြစ်ချေသည်။

ထိုနေ့ နေ့လယ်ခင်း၌ ယွီပင်းသည် နောက်နေ့တွင် ယွီမိသားစု လောင်းကစားရုံရှေ့၌ တောဝက်ရိုင်းသား စားသောက်ပွဲကြီးကို ပြင်ဆင်ရန်အတွက် အမိန့်ပေးစေခိုင်းခဲ့သည်။

ယွီပင်းသည် တစ်မြို့လုံးကို စားသောက်ပွဲကြီးသို့ တက်ရောက်ရန် ဖိတ်ခေါ်ခဲ့သည်။

ထိုသတင်းသည် ရှန်းထောင်တစ်မြို့လုံးကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေခဲ့သည်။

ဝက်သားတဲ့! ယွီပင်းက တကယ်ကြီး တစ်မြို့လုံးကို ဝက်သားစားပွဲတော်တည်ဖို့ ဖိတ်လိုက်တာပဲ– ဘယ်လိုတောင် မကြုံစဖူး ထူးဆန်းတာကြီးလဲ။

လူတစ်ယောက်မှ ထိုဝက်သားစားသောက်ပွဲတော်ကြီးအား အင်အားအာဏာနှင့် ကြောက်ရွံ့မှုတို့ ခိုင်မာစေရန်အတွက် ကျင်းပသည့် ပြောပွဲရွှင်ပွဲဟု အမည်တပ်ပြောဆိုသည်။

ရွာအကြီးအကဲ‌‌ရွေးချယ်ပွဲက မကြာခင် စတင်တော့မှာ။ ဒါက အင်အားအာဏာနဲ့အရှိန်အဝါ တည်ဆောက်ဖို့အတွက်ဆိုတာ ရှင်းနေတာပဲလေ!

ပြီးတော့လည်း ယွီပင်းက ဝူကျုံးနဲ့ ချန်ကျဲ့တို့မိသားစုတွေဆီကို လူကိုယ်တိုင် စေလွှတ်ပြီး မနက်ဖြန်ကို စားသောက်ပွဲတော်ကို လာရောက်ဖို့ ဖိတ်ခေါ်ခိုင်းလိုက်သေးတယ်။

ပိုင်မိသားစု၌

စားပွဲပေါ်တွင် ဖိတ်ကြားစာနှစ်ခုရှိနေသည်။

သမားတော်ပိုင်သည် ထိပ်ဆုံးထိုင်ခုံ‌တွင် ထိုင်နေကာ သူ၏ဘေးတွင် ဝူကျုံး၊ ဝူဟုန်နှင့် ချန်ကျဲ့တို့ ထိုင်နေသည်။

ပိုင်သခင်မနှင့် စူးယွင်ကျင်းတို့သည် မနီးမဝေးတွင်ထိုင်၍ ပန်းထိုးနေကြကာ ကလေးမလေးသည်တော့ ပုစဉ်းများကို လိုက်ဖမ်းရင်း ခြံဝင်းအနှံ့သို့ ပတ်ပြေးနေလေသည်။

ထိုသို့ စိုးရိမ်ပူပန်စရာမရှိသည့် ကလေးဘဝနေ့ရက်များမှာ အမှန်တကယ်ပင် အံ့ဩဖွယ်ကောင်းလှသည်။

“မင်းတို့ဘယ်လိုတွေးလဲ‌ ပြောကြည့်ပါဦး”

သမားတော်ပိုင်သည် ဖိတ်ကြားစာကိုတစ်စောင်ကိုဖွင့်၍ ဖတ်လိုက်သည်။

“ညီနောင်ဝူကျုံး၊ မင်းရဲ့နှိမ့်ချတတ်တဲ့ညီနောင် ကျွန်တော်က မနေ့တုန်းက တောဝက်ရိုင်းတစ်ကောင်ကို အမဲလိုက်ရရှိခဲ့တာကြောင့် ရွာသားတွေကို ကျေးဇူးပြန်ဆပ်ဖို့ရာ မနက်ဖြန်နေ့လယ်မှာ ဝက်သား စားသောက်ပွဲတော်ကြီး ကျင်းပလိုပါတယ်။ ကျေးဇူးပြုပြီး စားသောက်ပွဲတော် မိသားစုနဲ့အတူ လာရောက်ပျော်ပါးလှည့်ပါ၊ ယွီပင်း”

ဖိတ်ကြားစာနှစ်စောင်လုံးကို ဖတ်ပြီးနောက်

သမားတော်ပိုင်မှ ပြောသည်။

“ကျုံးအာ မင်းအရင်ပြော”

ထိုအခါ ဝူကျုံးမှ ပြောသည်။

“အဖေ သူက အခု အာဏာတည်ဆောက်ဖို့ ကြိုးစားနေတာပဲ!”

“ကျွန်တော်တို့ တစ်မိသားစုလုံးကို ဖိတ်တာက ကျွန်တော်တို့ မသွားရင် လူတွေက ပြောကြလိမ့်မယ်။ အလိုအလျောက်ပဲ ငါးဖမ်းကုန်သည်အဖွဲ့က ချောင်ကုန်သည်အဖွဲ့ထက် အားနည်းတဲ့ပုံပေါ်သွားလိမ့်မယ်။ နောက်ရက်နည်းနည်းကြာလို့ ရွာအကြီးအကဲရွေးချယ်ပွဲမှာ ကျွန်တော်တို့ သူ့ကို ထပ်ရှုံးသွားခဲ့ရင် သူပိုပြီး ဝင့်ကြွားနိုင်သွားမှာ။ ကျွန်တော်တို့ ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ ဂုဏ်သိက္ခာကတော့ ထိုးကျသွားရလိမ့်မယ်!”

သမားတော်ပိုင်မှ ပြောသည်။

“အင်း ကောင်းတယ်၊ အဓိပ္ပာယ်ရှိတယ်။ ဒါပေမဲ့ သူက ငါတို့ရဲ့ဂုဏ်သိက္ခာနဲ့ပတ်သက်ပြီး နှောင့်ယှက်ချင်ရုံပဲဆိုရင် မင်းတစ်ယောက်တည်းကို ဖိတ်ရင် လုံလောက်ပြီလေ။ ဘာလို့ ကျိုစစ်အတွက် ဖိတ်ကြားစာ သက်သက်ပို့လိုက်ရတာလဲ”

ခြုံငုံလိုက်သော် အရေးပါအရာရောက်သူများ၏ မျက်လုံးထဲတွင် ကျိုစစ်မှာ မည်သူမျှ မဟုတ်ပါလေ။

ထိုအခါ ဝူကျုံး မျက်မှောင်ကြုတ်သွား၏။ အချိန်ခဏမျှ တွေးတောပြီးနောက် ပြောလာ၏။

“အဖေ၊ အဲဒီနေ့က ကျွန်တော့်ကိုကယ်ပြီး သူ့သားကို သတ်ခဲ့တာက ကျိုစစ်ဆိုတာကို သူသိနေတယ်ထင်လား”

“အမ်း? မင်းပြောတာက ဟုန်မန်စားသောက်ပွဲကြီးလို ထောင်ချောက်လို့ ဆိုလိုချင်တာလား”

သမားတော်ပိုင်မှ စိတ်ဝင်စားသွားဟန်ဖြင့် မေးမြန်းခဲ့သည်။

(ဇာတ်ကွက်ကတော့ အခုမှ အသစ်ထွက်ထားတဲ့ မာဖီးယားဇာတ်လမ်း Mobland ထဲကလိုပဲဟေ့။ စာရှုသူများ မကြည့်ရသေးရင် ကြည့်ကြည့်ကြပါ။ ဂျိမ်းစ်ဘွန်းမင်းသားကြီးလို နာမည်ကြီးမင်းသား၊သမီးတွေပါ ပါတယ်)

All Chapters