← Chapters

အခန်း (၁၃၁)

Vol. 10 Ch. 131

အခန်း (၁၃၁)

Vol. 10 Ch. 131

ဝူကျုံးသည် ချန်ကျဲ့ကို ဖျောင်းဖျမရနိုင်ကြောင်း ခံစားမိ၏။ ဝူဟုန်မှ ကြားဖြတ်ပြောသည်။

“အဆင်ပြေပါတယ် အဖေရဲ့။ အဖိုး ဘာမှမစိုးရိမ်ပါနဲ့။ ကျွန်တော်လည်း အဖေနဲ့ ကျိုစစ်နဲ့ အတူလိုက်သွားမယ်။ ကျွန်တော် ဒီရက်ပိုင်းအတွင်းမှာ နည်းနည်းပဲ သက်သာလာသေးတာဆိုပေမဲ့ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် ကျွန်တော့်အတွက် အဖေတို့ကို ကာကွယ်ပေးဖို့ကတော့ မခက်ခဲနိုင်ပါဘူး”

ဝူဟုန်ပြောသည်မှာ မှန်ကန်၏။ ဝူဟုန်၏ဒဏ်ရာများမှာ အပြည့်အဝ မပျောက်ကင်းသေးသည့်တိုင် ဂယက်ရိုက်‌ခြင်းသော အကျိုးဆက်များကို မကြောက်ရွံ့ဘဲ အင်အားအကုန်အစင် ပေါက်ကွဲလိုက်ပါလျှင် ဝူဟုန်သည် ယွီပင်းကို သတ်ဖြတ်နိုင်လောက်၏။

ဝူဟုန်သည် လွန်ခဲ့သည့် ၅ရက်၊၆ရက်ခန့်က အခြေအနေမျိုး မဟုတ်တော့ပေ။

သွေးလင်ဇီးသည် သူ၏သွေးစွမ်းအင်များကို ပြန်လည်ဖြည့်တင်းပေးခဲ့ရာ အများအပြားမဟုတ်သည့်တိုင် သိုင်းကွက် တစ်ကွက်၊နှစ်ကွက်ခန့် ထုတ်သုံးရန်အတွက်မူ လုံလုံလောက်လောက် ထောက်ပံ့ပေးနိုင်ပါ၏။ မည်သို့ပင်ဖြစ်စေ အမှောင်စွမ်းအင်အဆင့် သိုင်းပညာရှင်တစ်ယောက်၏ သိုင်းကွက် တစ်ကွက်၊နှစ်ကွက်သည် မင်ကျင့်အဆင့်သိုင်းပညာရှင်တစ်ဦးကို တွေးတောဆင်ခြင်သွားစေရန် လုံလောက်ပါသည်။

ဝူဟုန်သည် ယွီပင်းနှင့် အချိန်ကြာရှည်စွာ မတိုက်ခိုက်နိုင်သော်ငြား အမျက်ဒေါသကို နိုးထစေခဲ့ပါက အလဲထိုးပစ်နိုင်စွမ်း၏!

ဤသည်မှာ ဝူဟုန်၏ လက်ရှိအခြေအနေဖြစ်သည်။

အချိန်ကြာမြင့်လာသည်နှင့်အမျှ ဝူဟုန်၏အခြေအနေသည် တိုးတက်လာရုံသာ ရှိသောကြောင့် ‌ဝူဟုန်သည် ခြိမ်းခြောက်မှုများကို ပို၍ ကြောက်ရွံ့မှုကင်းမဲ့လာခဲ့သည်။

ဝူဟုန်၏စကားတို့ကို နားထောင်ပြီးနောက် သမားတော်ပိုင်မှ ပြော၏။

“ဟုန်အာ မင်း အပြည့်အဝ ပြန်မကောင်းသေးဘူးလေ။ မင်းရဲ့အင်အားက အရမ်းလျော့နည်းနေတာ။ မတိုက်ခိုက်တာ မင်းအတွက် အကောင်းဆုံးပဲ”

ဝူဟုန်မှ ရယ်မော၏။

“မစိုးရိမ်ပါနဲ့ အဖိုး။ ကျွန်တော်က အဟန့်အနေနဲ့ပဲ လိုက်သွားတာပါ။ သူလည်း အဆင်အခြင်မဲ့ လှုပ်ရှားရဲမှာ မဟုတ်ပါဘူး”

ဝူဟုန်သည် အလွန်ယုံကြည်မှုပြည့်ဝနေခဲ့၏။

သူဘယ်လိုများ ယုံကြည်ချက်မရှိပါ့မလဲ။ အမှောင်စွမ်းအင်အဆင့် သိုင်းပညာရှင်တစ်ယောက်အနေနဲ့ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်တစ်ယောက်ကို ကြောက်နေဖို့မှ မလိုတာပဲ။ အခုအချိန်မှာ ငါက လမ်းလျှောက်ဖို့တောင် ရုန်းကန်နေရတဲ့ အပြင်းအထန်ဒဏ်ရာရထားတဲ့သူ မဟုတ်တော့ဘူးလေ။

ဝူဟုန်သည် အင်အားပြန်လည်ပြည့်ဝလာခြင်းနှင့်အတူ မိမိကိုယ်ကိုယ် ယုံကြည်ချက်လည်း တိုးပွားလာခဲ့သည်။

ဝူဟုန်၏စကားအဆုံး၌ ဝူကျုံးမှ ထပ်ပြောသည်။

“ဟုတ်တယ် အဖေ၊ ကျွန်တော် မနက်ဖြန်ကျ လီစန်းတင်းကိုလည်း ခေါ်သွားမယ်။ သူအနားမှာရှိနေရင် ယွီပင်းလည်း သူ့ရဲ့အပြုအမူတွေကို ချိန်ဆနေရလိမ့်မယ်”

ထိုအခါ သမားတော်ပိုင်သည် အဆင်ပြေနိုင်သည်ဟု တွေးလိုက်တော့သည်။

ခြုံငုံ‌လိုက်သော် သူတို့၏ရန်သူသည် လှုပ်ရှားမှုပြုလုပ်ခဲ့ပြီးဖြစ်၏။ သူတို့ဘက်မှ မလှုပ်မယှက်ဖြင့် ဆက်လက်ရှောင်တိမ်းနေပါက ကြောက်ရွံ့နေသည်ကဲ့သို့ ပုံရိပ်ထင်ဟပ်သွားပေလိမ့်မည်။

ထိုသို့နားလည်လိုက်ပြီးနောက် သမားတော်ပိုင်မှ ပြောသည်။

“ကောင်းပြီ၊ အဲဒါဆို မနက်ဖြန်ကျ မင်းနဲ့အတူ လီစန်းတင်းကို ခေါ်သွားလိုက်ပါ”

“ဟုတ်ကဲ့!”

ဆွေးနွေးဆုံးဖြတ်ပြီးနောက် အားလုံးသည် အသီးသီး စတင်ပြင်ဆင်ကြသည်။

ချန်ကျဲ့၏အကြည့်များသည် အာရုံစူးစိုက်နေခဲ့၏။

ကြည့်ရတာ ယွီပင်းက တကယ်ကြီး ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကို တက်လှမ်းသွားပုံပဲ– စနစ်ရဲ့အချက်အလက်က တိကျတာပဲ။ ယွီပင်းက အသွေးအသားပျစ်ခဲဆေးလုံးကို သောက်သုံးပြီး သုံးရက်အတွင်း ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကို တက်လှမ်းနိုင်လိမ့်မယ်လို့ အချက်အလက်များတွငိ ဖော်ပြခဲ့ပေသည်။

အာဏာလွှမ်းမိုးမှုကို တည်ဆောက်ပြသရန်အတွက် ဝက်သားသတ်ပွဲတော်ကြီးပင်။

ဟက်‌ အတော်လေးကောင်းမွန်တဲ့ အစီအစဉ်ပဲ။ ဒါပေမဲ့ ဒါလည်း ငါ့အတွက် အခွင့်အရေးတစ်မျိုး ရရှိစေတယ်။

ထိုသို့တွေးတောလျက် ချန်ကျဲ့သည် ‌ချန်ရှောင်ဟူကိုသွားရှာရန် လူတစ်ယောက် ချက်ချင်းစေလွှတ်လိုက်သည်။

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း၌ ချန်ကျဲ့သည် အချက်အလက်မျိုးစုံကို လက်ခံရရှိခဲ့သည်။ သို့သော် တိုက်ရိုက်အချက်အလက်ရနိုင်သည့် နံပါတ်၅အလျက်အလက်ကို နွားဦးချိုငါးအပေါ်တွင်သာ အရာအားလုံး ပုံအောထားခဲ့သည်။

၎င်းဖြစ်စဉ်အတွင်း ချန်ကျဲ့လည်း သတင်းအချက်အလက် အမြောက်အများ စုဆောင်းမိခဲ့သည်။

၎င်းအချက်အလက်များထဲတွင် နွားဦးချိုငါး၏ မူလဇာစ်မြစ်အကြောင်းလည်း ပါဝင်ပေသည်။

နွားဦးချိုငါးကို ရတနာငါးတစ်မျိုးဟု သတ်မှတ်နိုင်ပါ၏။ သို့သော် တစ်ကောင်၊နှစ်ကောင်သာလျှင် ရှာဖွေတွေ့ရှိခဲ့ဖူးပြီး ရှာတွေ့ဖူးသည့် ၎င်းတို့မှာ သားပေါက်လေးလည်း မဟုတ်သကဲ့သို့ အမလည်း မဟုတ်ပေ။

သို့ဖြစ်ရာ ဤရတနာငါးများသည် အဘယ်သို့ဖြစ်တည်လာခဲ့သနည်း။

နွားဦီးချိုငါးအကြောင်း ဖော်ပြသည့် စတင်အချက်အလက်၌– ၎င်းသည် ရွှေငါးမုတ်အထီးမှတစ်ဆင့် သ‌န္ဓေပြောင်းလဲခြင်းဖြစ်သည်။

ရွှေငါးမုတ်များသည် မျန့်ရွှေမြစ်တွင် အလွန်ရှားပါးအဖိုးတန်သည့် ငါးတစ်မျိုးဖြစ်သည်။ တစ်ကောင်လျှင် ပြား၅၀ဝန်းကျင်ခန့် ရောင်းဈေးရှိပြီး အရသာရှိသော အသားကြောင့် အမည်ကျော်ကြားသည်။

သို့သော် ရွှေငါးမုတ်များသည် ရှားပါးသော်ငြား ‌နွားဦးချိုငါးကဲ့သို့ ထူးခြားလှသည် မဟုတ်ပေ။ ယေဘုယျအားဖြင့် တစ်လလျှင် သုံးကောင်မှ ငါးကောင်အထိ ဖမ်းမိလေ့ရှိသည်။

သို့သော် ရွှေငါးမုတ် သန္ဓေပြောင်းလဲခြင်းကြောင့် ထွက်ပေါ်လာသည့် နွားဦးချိုငါးသည် ဈေးထဲတွင် ဈေးကောင်းကောင်းဖြင့် ရောင်းချသည့် ‌ဂဏန်းထောပတ်သည် ဂဏန်းအနှစ်၏ ဆင့်ကဲပြောင်းလဲ‌သည့် ဟင်းလျာဖြစ်နေခြင်းနှင့် ဆင်တူပေသည်။ သို့တိုင် ဈေးနှုန်းဆယ်ဆခန့် ပိုမြင့်၏။

နွားဦးချိုငါးသည်လည်း ထိုနည်းလမ်းဖြင့် ထွက်ပေါ်လာခဲ့ခြင်းပင်။

သန္ဓေပြောင်းလဲခြင်းကို ဖြစ်ပေါ်စေသည့် အချက်အလက်များကြောင့် ချန်ကျဲ့သည် မြောက်များစွာသော ကောင်းကင်ရတနာ၊ မြေရတနာများသည် ထိုနည်းလမ်းဖြင့် ပေါ်ထွက်လာခြင်းဟု သံသယဝင်မိ၏–

သို့သော် ၎င်းမှာ အရေးအကြီးဆုံးအပိုင်း မဟုတ်သေးပေ။ အရေးအကြီးဆုံးအပိုင်းမှာ နွားဦးချိုငါးသည် ရွှေငါးမုတ်မှ သန္ဓေပြောင်းလဲထားသည့် ငါးတစ်မျိုးဖြစ်ရာ ရွှေငါးမုတ်နှင့်တူညီသော အမူအကျင့်များ ရှိနေဆဲဟူသည့် အချက်ပင်။

ဤသဲလွန်စအပေါ် အခြေခံ၍ ရရှိထားသည့် သတင်းအချက်အလက်များနှင့် ပေါင်းလိုက်သောအခါ ချန်ကျဲ့သည် နောက်ဆုံးတွင်တော့ နွားဦးချိုငါး ပုန်းကွယ်နေသည့်နေရာကို အတိအကျဖော်ထုတ်နိုင်ခဲ့သည်။

သို့သော် ချန်ကျံ့သည် တစ်စုံတစ်ရာ လွဲချော်သွားမည်ကို စိုးရိမ်‌ေသာကြောင့် နွားဦးချိုငါးကိုဖမ်းရန် အလျင်မလိုပါချေ။ နွားဦးချိုငါးသည် သူ ဤတိုက်ပွဲကို အောင်နိုင်ရန်အတွက် တစ်ခုတည်းသောမျှော်လင့်ချက်ဖြစ်သည်။ တကယ့်ကို လွဲချော်မရနိုင်ပါချေ။ ထို့ပြင် အခုနောက်ပိုင်းတွင် ချောင်ကုန်သည်အဖွဲ့သားများသည် မျန့်ရွှေမြစ်ကို ကင်းလှည့်နေကြ၏။ အကယ်၍ နွားဦးချိူငါးကို ရှာဖွေ့တွေ့ရှိပါက ချောင်ကုန်သည်အဖွဲ့သားများ သတိထားမိခြင်းမှ ရှောင်တိမ်းရန် ခက်ခဲပေလိမ့်မည်။ ယွီပင်း၏ မြွေတစ်ကောင်ကဲ့သို့ အကျင့်စရိုက်အရ သေ‌ချာပေါက် နွားဦးချိုငါးကို သိမ်းယူရန် ကြိုးစားပေလိမ့်မည်။ ချန်ကျဲ့သည်လည်း လုံခြုံစိတ်ချရမည်ဟု အာမ,မခံနိုင်ပါချေ။

သို့သော် လာမည့် ဝက်သားစားပွဲတော်ကြီးသည် အထူးကောင်းမွန်သည့် အခွင့်အရေးကြီးဖြစ်၏။

ယွီပင်းသည် တစ်မြို့လုံးကို ဝက်သားကျွေးမွေးသည့် စားတော်ပွဲကြီးကို ကျင်းပခြင်းဖြစ်သည်။ အနည်းဆုံး မြို့သူမြို့သား ထောင်ချီတက်ရောက်ပေလိမ့်မည်။ ထိုမျှလူအုပ်ကြီးအတွက် စားပွဲတော်ကို စီမံခန့်ခွဲရခြင်းဖြစ်ရာ အနည်းဆုံး ချောင်ကုန်သည်အဖွဲ့သားတစ်ရာခန့်မှ စားသောက်ပွဲတော်ကို စီမံပြီး မတော်တဆမှုများကို ကာကွယ်ရလိမ့်မည်။ ဆိုလိုသည်မှာ သူ၏အင်အားအများစုမှာ စားပွဲတော်ကို အာရုံစိုက်နေရမည်ဟူ၍ပင်။

သို့ဖြစ်ရာ

မျန့်ရွှေမြစ်ကို စောင့်ကြည့်မည့်သူ မရှိနိုင်တော့ပေ။

အထူးသဖြင့် ထိုနေ့တွင် ချန်ကျဲ့ကိုယ်တိုင်လည်း စား‌ေသာက်ပွဲတွင် ရှိနေမည်ဖြစ်သောကြောင့် ယွီပင်းသည် သေချာပေါက် သူ့ကို အာရုံစိုက်ထားမည်ဖြစ်၏။

ထိုအချိန်တွင် ‌ချန်ရှောင်ဟူကို နွားဦးချိုငါးကို ဖမ်းဆီးရန် တိတ်တဆိတ် စေလွှတ်လိုက်ပေမည်။

ထိုအကြံအစည်ကို ရှာဖွေတွေ့ရှိသွားနိုင်မည့် ဖြစ်နိုင်ခြေမှာ အလွန်နည်းပါးပါ၏။

ဤသည်မှာ ချန်ချန်းမြို့ကို လျှို့ဝှက်ဖြတ်သန်းသွားစဉ် လမ်းကြမ်းခင်းကို ပြင်ဆင်ခြင်းပင် မဟုတ်ပါလော။

ပုံမှန်အားဖြင့် ဤသို့အခွင့်အရေးမျိုး ရောက်ရှိလာရန်မှာ ခက်ခဲ၏။ သို့သော် ယွီပင်းသည် ဤသို့ပွဲတော်ကြီးကို စီစဉ်လိုက်ရာ အခွင့်အရေးမှာ သူ့လက်ထဲသို့ ကွက်တိကျရောက်လာတော့သည်။

ထို့ကြောင့်ပင် ချန်ကျဲ့သည် စားသောက်ပွဲသို့ လိုက်ပါတက်ရောက်မည်ဟု ခုခံပြောဆိုခဲ့ခြင်းဖြစ်သည်။ စားသောက်ပွဲကို တက်ရောက်မှသာ ယွီပင်းကို အာရုံလွှဲနိုငိမည်ဖြစ်ပြီး အခြေအနေကို လျှော့တွက်မိစေနိုင်မည်။ သို့ဖြင့် မျန့်ရွှေမြစ်ကို စောင့်မကြည့်တော့ဘဲ လွှတ်ထားပေလိမ့်မည်။

သို့ဖြင့် ‌ချန်ရှောင်ဟူမှ နွားဦးချိုငါးကို ဖမ်းမိပြီးနောက် လုယူခံရနိုင်သည့် အခွင့်အရေးလည်း နည်းပါးသွားပေမည်။

အဲဒီတော့ ဒီစားသောက်ပွဲက ဘယ်လိုဝက်သားသတ်ပွဲတော်ကြီးတဲ့လဲ။ ဒါက ငါချန်ချန်းမြို့ကို လျှို့ဝှက်ဖြတ်သန်းတဲ့ ပြောင်မြောက်လှတဲ့ဖြစ်အင်ပဲ မဟုတ်ပေဘူးလား။

ထိုသို့အတွေးဖြင့် ချန်ကျဲ့ မထိန်းချုပ်နိုင်စွာ ရယ်မောလိုက်သည်။

ယွီပင်း အိုး ယွီပင်း၊ မင်းက မင်းရဲ့အာဏာလွှမ်မိုးမှုကို တည်ဆောက်ပြသပြီး ငါကတော့ ငါ့ရဲ့နွားဦးချိုငါးကို ဖမ်းဆီးမယ်။ နောက်ဆုံးရယ်မောနိုင်မယ့်သူက ဘယ်သူဆိုတာ ကြည့်ကြသေးတာပေါ့‌လေ!

All Chapters