← Chapters

ရတနာငါးကို ရရှိခြင်း၊ ကျင့်ကြံဆင့်တက်လှမ်း။

Vol. 10 Ch. 132

ရတနာငါးကို ရရှိခြင်း၊ ကျင့်ကြံဆင့်တက်လှမ်း။

Vol. 10 Ch. 132

နောက်တစ်နေ့မနက် ရှန်းထောင်မြို့၌ လေထုအတွင်း စည်သံ‌၊မောင်းသံများ ပြည့်နှက်နေခဲ့ကာ ပွဲလမ်းသဘင် ဂီတသံများမှာလည်း နေရာအနှံ့ပျံ့နှံ့နေပေသည်။

ယွီမိသားစု၏လောင်းကစားရုံရှေ့၌ မီးပုံးများ ချိတ်ဆွဲထားပြီး ပွဲတော်စားပွဲများကို အတန်းလိုက် ရာနှင့်ချီ၍ ခင်းကျင်းထားသည်။

ယွီပင်းသည် အဝင်ဝတွင် ရပ်၍ ဧည့်သည်များကို အပြုံးဖြင့် ယဉ်ကျေးပျူငှာစွာဖြင့် အားလုံးကို အရိုအသေပြုနှုတ်ဆက်နေသည်။

ပေါင်ရှစ်ရာတောဝက်ရိုင်းကြီးကို တုတ်တိုင်များတွင် ချည်နှောင်၍ အနီးအနားတွင် ခင်းကျင်းပြသထားသည်။

၎င်း၏ကြီးမားသည့်ကိုယ်ထည်၊ သန်မာသော အစွယ်များနှင့် သံချပ်ကာကဲ့သို့ ထူထဲသည့် အမွေးများသည် သားရဲတစ်ကောင်၏ ကြောက်မက်ဖွယ်ကောင်းမှုကို အပြည့်အဝ ဖော်ပြနေပေသည်။

တစ်ပြိုင်နက်တည်းပင် လူအများ၏ ယွီပင်းအပေါ် အမြင်သည်လည်း လေးစားမှုအပြည့်သို့ ပြောင်းလဲသွားခဲ့သည်။

…

ယွီပင်းသည် လူယုတ်မာတစ်ဦး‌ဖြစ်သော်ငြား အင်အားအာဏာရှိသောကြောင့် မြို့သူမြို့သားများသည် ယွီပင်းကို ရိုသေလေးစားကြရသည်။

အမှန်တကယ်တော့ လူယုတ်မာတစ်ဦးဖြစ်သောကြောင့်သာ မြို့သူမြို့သားများသည် သူ့ကို အထင်မသေးရဲ၊ အပြစ်မပြုရဲကြခြင်းဖြစ်သည်။

လူကြီးလူကောင်းများကို အနိုင်ကျင့်ရနိုင်သော်ငြား လူဆိုးလူညစ်များကိုမူ မရပေ– လူဆိုးလူညစ်များသည် အငြိုးအာဃာတ ထားတတ်၏။ လူဆိုးလူညစ်ကို အပြစ်ပြုမိပါက ဘယ်သောအခါမှ အေးအေးချမ်းချမ်း‌ နေထိုင်ရတော့မည် မဟုတ်ပေ။

ထို့ကြောင့် မြို့ထဲမှ ထင်ရှားကျော်ကြားသော မိသားစုအမြောက်အများသည် တန်ဖိုးကြီးလက်ဆောင်များ ယူလာကြကာ နှုတ်မှလည်း ချီးမွမ်းမြှောက်ပင့်စကားများ အလကားနေအလကား ထွက်လာကြပေသည်။

ယွီပင်းသည်တော့ ၎င်းတို့ကို အပြုံးဖြင့် လက်ခံနေခဲ့သည်။

ယွီပင်း ဧည့်သည်များကို လက်ခံကြိုဆိုနေစဉ် မနီးမဝေးနေရာမှ အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

“ငါးဖမ်းကုန်သည်အဖွဲ့ဦးစီးမှူး ဝူကျုံး ရောက်ရှိပါတယ်!”

ထိုအခါ တက်ရောက်သူအပေါင်းသည် အသံလာရာဘက်သို့ လှည့်ကြည့်လိုက်ကြသည်။

ရှန်းထောင်မြို့၏ နောက်ထပ် အရေးပါသောပုဂ္ဂိုလ်တစ်ဦး ရောက်ရှိလာလေပြီ။

ဝူကျုံးသည် ဒီနေ့ ကျန်းမာရေးအခြေအနေ ကောင်းမွန်နေသော်ငြား မျက်နှာမှာ အနည်းငယ် ဖျော့တော့နေခဲ့သည်။ ဝူကျုံး၏နောက်မှ လူသုံးယောက် လိုက်ပါလာ၏။ ဝူဟုန်၊ ချန်ကျဲ့နှင့် သင်္ဘောခေါင်းဆောင်၂ လီစန်းတင်းတို့ဖြစ်သည်။

ထိုလူလေးယောက် ရောက်လာသောအခါ ယွီပင်း၏နှုတ်ခမ်းလွှာများ အနည်းငယ် ကွေးညွှတ်တက်သွား၏။

အားနည်းချည့်နဲ့ပြီး နာမကျန်းဖြစ်နေတဲ့လူတွေက ဒီနေရာကို ထွက်လာရဲသေးတာပဲ။

သို့သော် ယွီပင်းသည် ရှေ့သို့ခြေလှမ်းလိုက်ရင်း သူ၏မျက်နှာအမူအရာသည်လည်း အပြုံးမျက်နှာအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

“ဟားဟားဟား ညီနောင်ဝူ၊ မင်းရောက်လာတာ တကယ့်ကိုဂုဏ်ယူစရာပဲ။ ကျုပ် မင်းကို စောစောထွက်လာတွေ့သင့်တာကိုဗျာ! ကျေးဇူးပြုပြီး ထိုင်ပါဦး”

ဝူကျုံးလည်း အပြုံးတုဖြင့် ပြန်တုံ့ပြန်လိုက်သည်။

“ညီနောင်ယွီက ကြင်နာလွန်းနေပါပြီ။ ကျုပ်ရောက်လာတာ နောက်မကျဖို့ပဲ မျှော်လင့်ပါတယ်”

“မဟုတ်တာ မဟုတ်တာ၊ အချိန်ကိုက်ပါပဲ”

ထိုသို့ပြောပြီးနောက် ဝူကျုံးသို့လှည့်လာ၏။

“အို ညီနောင်ဝူ မင်းဒီနေ့ ‌အတော်လေး ဖျော့တော့နေတယ်ရော။ ဘာဖြစ်လို့လဲဗျ”

ဝူကျုံး အပြုံးဖြင့် ပြန်လည်တုံ့ပြန်သည်။

“ဘာမှမဟုတ်ပါဘူး။ ဒဏ်ရာအသေးစားလေးပါပဲ။ မင်း သိမှာမဟုတ်ပါဘူး”

“အို ညီနောင်ရယ် ကျုပ်က ဘယ်လိုလုပ်သိနိုင်ပါ့မလဲ။ ကျုပ်သာ သိထားခဲ့ရင် သေချာပေါက် ညီနောင်ဝူဆီကို လာရောက်လည်ပတ်ခဲ့မှာပေါ့။ ကျုပ်တို့ ရင်းနှီးသိကျွမ်းလာခဲ့တာ နှစ်ပါင်းများစွာ ကြာမြင့်နေပြီလေဗျာ”

ဝူကျုံးလည်း ပြုံးရယ်လိုက်သည်။

“အင်း တကယ့်ကို နှစ်ပေါင်းများစွာကြာခဲ့ပြီ!”

ယွီပင်းသည် ပတ်ပတ်လည်မှ ကြည့်ရှုနေသူများကို တစ်ချက်ကြည့်လိုက်သည်။

“ညီနောင်ဝူ မင်းက ဒီလိုဒဏ်ရာရ‌နေတော့ ဘယ်လိုလုပ်ပါ့မလဲ။ ရွာအကြီးအကဲရွေးချယ်ပွဲက ရက်နည်းနည်းပဲ လိုတော့တာ။ ပြိုင်ပွဲမှာ ကျုပ်တို့နှစ်ယောက်က သိုင်းပညာယှဉ်ပြိုင်ရမှာလေ။ ညီနောင်ဝူက ဒီလိုဒဏ်ရာရနေတော့ ကျုပ်က ပြိုင်ဘက်မရှိဘဲ ဘယ်လိုလုပ်ရပါ့မလဲ”

“နှမြောစရာပဲ နှမြောစရာပဲ”

ပထမ ‘နှမြောစရာ’ကို ဝူကျုံးသို့ဦးတည်၍ နောက်တစ်ခွန်းကို လူအုပ်သို့ဦးတည်သည်။

လူအုပ်ကြီးသည် သဘောထားတူညီစွာ ပဲ့တင်ထပ်ထောက်ခံ၏။ ယွီပင်းသည် ဂုဏ်ယူဝံ့ကြွားစွာဖြင့် ရယ်မောသည်။

မိမိကိုယ်ကိုယ် အရမ်းကျေနပ်ပီတိဖြာနေသော ယွီပင်းကိုကြည့်လျက် လီစန်းတင်းသည် သည်းမခံနိုင်တော့ဘဲ ဒေါသတကြီးဖြင့် ပြောသည်။

“ဦးစီးမှူးယွီက ကိုယ့်ကိုယ်ကိုယ် အရမ်းတွေ ကျေနပ်နေရောပဲနော်– ဦးစီးမှူးယွီက ငါးဖမ်းကုန်သည်အဖွဲ့မှာ တခြားဘယ်သူမှ မရှိတော့ဘူးလို့ တွေးနေတာများလား။ ဦးစီးမှူးဝူ ဒဏ်ရာရထားပေမဲ့ ကျုပ်တို့သင်္ဘောခေါင်းဆောင်တွေက ဦးစီးမှူးရဲ့တာဝန်ကို အစားထမ်းဆောင်ပေးနိုင်ပါတယ်။ ကျုပ်တို့က ဦးစီးမှူးယွီကို စိတ်ပျက်စေမှာ မဟုတ်ပါဘူး”

“အို ဟားဟား… အဲဒီတော့ ညီနောင်လီ၊ မင်းက ရွာအကြီးအကဲရွေးချယ်ပွဲမှာ ယှဉ်ပြိုင်တိုက်ခိုက်ဖို့ ရည်ရွယ်ထားတယ်လို့ ဆိုလိုတာလား”

“ကုန်သည်အဖွဲ့က လိုအပ်ခဲ့ရင် ကျုပ်ကလည်း တာဝန်ကို ရှောင်လွှဲနေမှာ မဟုတ်ဘူး!”

လီစန်းတင်းမှ ကြေညာပြောဆိုသည်။ ယွီပင်းသည် ခေါင်းညိတ်၏။

“တကယ့်ကိုပဲ ညီနောင်လီ၊ မင်း သင်္ဘောခေါင်းဆောင်၂ဖြစ်တာ နှစ်ပေါင်းများစွာ ကြာနေပြီလေ၊ ရာထူးတိုးဖို့ အချိန်ကျလုပြီပေါ့”

“မင်း…”

လီစန်းတင်းသည် သူ၏ရည်ရွယ်ချက်အစစ်အမှန်ကို ‌ဖော်ထုတ်ခံလိုက်ရသောကြောင့် ရုတ်ချည်း ဒေါသထွက်သွားတော့သည်။

ထို့နောက် ယွီပင်း၏အကြည့်များသည် ဝူဟုန်ကို ဖြတ်သန်းသွား၍ ချန်ကျဲ့ထံတွင် ရပ်တန့်သွားပြီး မျက်လုံးအိမ်ကို အနည်းငယ်မှေးကျဥ်းလိုက်သည်။

“ကျိုစစ် ချန်ကျိုစစ်”

ချန်ကျဲ့ ရုတ်ချည်း လက်ယှက်အရိုအသေပြုလိုက်သည်။

“ဦးစီးမှူးယွီ”

ယွီပင်း ပြုံးလိုက်၏။

“ငါမင်းကိုသိတယ်။ ငါ့ရဲ့ကောင်းကျိုးမပေးတဲ့သားလေးက သူ မဆုံးခင်က မင်းအကြောင်း ပြောခဲ့ဖူးတယ်။ သူပြောတာ မင်းက စိတ်ဝင်စားဖို့ကောင်းတဲ့သူတစ်ယောက်တဲ့လေ”

“သခင်လေးယွီက ကျွန်တော့်ကို အမှတ်ရပေးတာ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါပဲ”

ချန်ကျဲ့ ကျိုးနွံစွာ ပြန်ဖြေသည်။ ထိုအခါ ယွီပင်းသည် ဘာမျှမပြောဘဲ မှတ်ချက်ပေးခဲ့၏။

“ငါ့သား‌ ပြောခဲ့တာ မင်းက လူငယ်သူရဲကောင်းတစ်ယောက်တဲ့။ မင်းနဲ့ လက်ရည်မယှဉ်လိုက်ရလို့ သူ အတော်လေး နှမြောတသဖြစ်နေခဲ့တာ။ ကြည့်ရတာတော့ ကျိုစစ်၊ မင်းလည်း သိုင်းပညာမှာ ထူးချွန်ပုံရတယ်!”

“ကျွန်တော် အစ်ကိုဟုန်ဆီကနေ သိုင်းကွက်အချို့ သင်ယူခဲ့ဖူးပါတယ်။ ဒါပေမဲ့ ကျွမ်းကျင်တယ်လို့တော့ မပြောနိုင်ပါဘူး”

“ဟုတ်လား”

“ဟုတ်ပါတယ်”

ချန်ကျဲ့ ယွီပင်းကို ပြန်ပြောလိုက်သည်။ ထို့နောက် ယွီပင်းသည် ကျားတစ်ကောင် ပြုံးရယ်နေခြင်းကဲ့သို့သော အမူအရာဖြင့် ချန်ကျဲ့ကို စူးစိုက်ကြည့်နေခဲ့သည်။

၎င်းကို မြင်တွေ့နေသော ဝူဟုန်သည် မျက်မှောင်ကြုတ်လိုက်ပြီး ယွီပင်း၏အကြည့်ကို ကြားဝင်နှောင့်ယှက်လိုက်သည်။

“ဦးလေးယွီ၊ ဦးလေးက တောဝက်ရိုင်းတစ်ကောင်ကို အလဲထိုးနိုင်ခဲ့လို့ ဒီစားသောက်ပွဲကို ကျင်းပတာဆိုပြီး ကြားသိခဲ့ရတာနဲ့ ကျွန်တော် ဖိတ်ခေါ်မခံရဘဲ လာခဲ့မိတယ်။ ဦးလေး ကျွန်တော့်ကို ကြိုဆိုမယ်လို့ မျှော်လင့်ပါတယ်”

ယွီပင်းသည် ဝူဟုန်မှ ချန်ကျိုစစ်ကို ကာကွယ်ပေးနေသည်အား သတိထားမိလိုက်သည်။ ယွီပင်းသည် အနည်းငယ် မကျေမနပ်ဖြစ်သွားသော်ငြား အမြန် ပြုံးလိုက်၏။

“ဝူဟုန် မင်းရောက်လာလို့ ငါဝမ်းသာပါတယ်။ ဘယ်လိုလုပ်ပြီး မင်းကို မကြိုဆိုဘဲနေပါ့မလဲ”

“လာ ဒီဘက်ကိုပါ”

ယွီပင်းသည် သူတို့ကို နေရာထိုင်ခင်းများဆီသို့ ‌ဦးဆောင်ခေါ်သွားပေးသည်။ သူ၏ စိတ်အားထက်သန်မှုမှာ ပြည့်လျှံနေပေသည်။

ဤသို့ အပေါ်ယံ ယဉ်ကျေးပျူငှာမှုအား လက်ခံပေးဖို့ရာ အလွန်တရာ ဆန္ဒရှိပါ၏။ ငါးဖမ်းကုန်သည်အဖွဲ့နှင့် ချောင်ကုန်သည်အဖွဲ့ နှစ်ဖွဲ့စလုံးသည် တရားရုံးတော်၏ ကြီးကြပ်မှုအောက်၌ ဒေသတွင်းကို စီမံခန့်ခွဲနေခြင်းဖြစ်ပြီး ပုန်ကန်ထကြွမှုများကို ကာကွယ်ရန် တာဝန်ရှိသောကြောင့် သူတို့၏အဓိကအချက်မှာ သဟဇာတရှိရန် ဖြစ်သည်။

ကုန်သည်အဖွဲ့များကြားတွင် ပေါ်ပေါ်တင်တင် ပဋိပက္ခများနှင့် လျှို့ဝှက်ပဋိပက္ခများ စသဖြင့် ဘာမဆိုရှိနိုင်သော်ငြား စည်းမျဉ်းများကိုတော့ လိုက်နာရပေမည်။

ဥပမာ- ‌နောက်သုံးရက်အတွင်း ကျင်းပမည့် ရွာအကြီးအကဲရွေးချယ်ပွဲမှာ ရှေးယခင်က သိုင်းလောကစည်းမျဉ်းများအရ နှစ်ဖက်အဖွဲ့စလုံးမှ ဓားလက်နက်ကိုင်ဆောင်သူ လူတစ်ရာစီ ခေါ်ဆောင်လာပြီး တစ်ဖက်နှင့်တစ်ဖက် ခုတ်လှဲစေကာ အနိုင်ရသည့်ဘက်မှ ရှန်းထောင်မြို့ကို သိမ်းပိုက်နိုင်သည်ဟူ၍ ဖြစ်သည်။

သို့သော် လက်ရှိအချိန်တွင် ထိုစည်းမျဉ်းကို မကျင့်သုံးတော့ပေ။ ခေါင်းဆောင်များ၏ တရားဝင်စိန်ခေါ်တိုက်ခိုက်ခြင်းကိုပဲ ခွင့်ပြုတော့သည်။

၎င်းသည် ထိခိုက်သေဆုံးမှုများကို အနည်းဆုံးဖြစ်အောင် ထိန်းချုပ်နိုင်၏။

ခြုံငုံကြည့်လိုက်သော် ငါးဖမ်းကုန်သည်အဖွဲ့သားများနှင့် ချောင်ကုန်သည်အဖွဲ့သားများ အားလုံးသည် တရားရုံးတော်၏ စာချုပ်အလုပ်သမားများ ဖြစ်ကြသည်။ ‌ဒေသတွင်း ပုန်ကန်သူများနှင့် ပုန်ကန်ထကြွမှုများနှင့်ပတ်သက်၍ ကုန်သည်အဖွဲ့များ၏ အကူအညီကို လိုအပ်သည်– လူအင်အား ထောက်ပံ့ပေးရခြင်းနှင့် အသက်ပေးဆပ်ရခြင်းမျိုးအထိ ရှိနိုင်ပေသည်။

ထို့ကြောင့် တရားရုံးတော်သည် ဒေသအဆင့်တွင် လူအမြောက်အများ အဆုံးရှုံးမခံလိုပေ။ အကြောင်းမှာ သူတို့သည် ပုန်ကန်ထကြွသူများကို နှိမ်နင်းရာ၌ အမြှောက်ဆန်များ ဖြစ်ကြသောကြောင့်ပင်။

သူတို့ကို ထိန်းသိမ်းထားရန် လိုအပ်၏။

ထို့ကြောင့် အတိတ်ကာလများ၌ မြို့တစ်မြို့ သို့မဟုတ် ဆိပ်ကမ်းတစ်ခုပိုင်ဆိုင်‌ေရးအတွက် အဖွဲ့အစည်းမှ လူရာချီကိုခေါ်ဆောင်ပြီး အသေအကြေ တိုက်ခိုက်ကြမည့်အစား ယခုအချိန်၌မူ သဟဇာတဖြစ်စေရန် ကြိုးပမ်းအားထုတ်ကြသည်။

ကုန်သည်အဖွဲ့နှစ်ဖွဲ့၏ ခေါင်းဆောင်များသည် ကုန်သည်အဖွဲ့နှစ်ခုစလုံးသည် ညီနောင်များကဲ့သို့အဖွဲ့အစည်းများ ဖြစ်ကြပြီး သွေးထွက်သံယိုမဖြစ်စေဘဲ သဟဇာတဖြစ်အောင် ထိန်းသိမ်းသင့်ကြောင်း တစ်ကြိမ်ထက်မက ပြော‌ဆိုခဲ့ပြီးဖြစ်သည်။

သို့ဖြင့် အထက်မှ အောက်ဆုံးအ‌ထိ‌သော ကုန်သည်အဖွဲ့သားများသည် လူအများရှေ့မှောက်တွင် အပေါ်ယံ ယဉ်ကျေးပျူငှာမှုနှင့် အပေါ်ယံ သဟဇာတဖြစ်မှုတို့ကို ပြသလာစေခဲ့ပြီး အချင်းချင်း ရိုသေလေးစားမှုရှိသော ညီနောင်များ၊ နာခံတတ်သော လက်အောက်ငယ်သားများအဖြစ် ဇာတ်ရုပ်တို့ကို စတင် သရုပ်ဆောင်စေခဲ့သည်။

အခန်း (၁၃၃) ရတနာငါးကို ရရှိခြင်း၊ ကျင့်ကြံဆင့်တက်လှမ်းခြင်း_ ၂

အားလုံးနေရာယူပြီးနောက် ယွီပင်းမှ လက်ဝှေ့ယမ်း၍ အချက်ပြလိုက်သည်။ ထိုအခါ သားသတ်သမားတစ်ဦး ရှေ့သို့ထွက်လာ၍ တောဝက်ရိုင်းကို စတင်ခုတ်ထစ်ပိုင်းဖြတ်‌သည်။

မကြာမီတွင် တောဝက်ရိုင်းကို ပိုင်းဖြတ်ပြီးသွားခဲ့ပြီး ချောင်ကုန်သည်အဖွဲ့၏ အဖွဲ့သားငယ်လေးများသည် သွေးများပေကျံနေသော ဝက်နှလုံးပါဝင်သည့် ဗန်းတစ်ချပ်ကို သယ်ယူလာသည်။

ထိုဝက်နှလုံးတွင် အလွန်ထင်ရှားသည့် စုတ်ပြဲရာကြီးကို မြင်တွေ့နိုင်၏။ ပေါင်ရှစ်ရာအလေးချိန်ရှိသော ဤတောဝက်ရိုင်းကြီးသည် ထိုစုတ်ပြဲရာကြောင့် အသက်ဆုံးရှုံးသွားရခြင်းဖြစ်သည်။

ထိုစုတ်ပြဲရာကြီးကို ဖန်တီးခဲ့သူမှာ ယွီပင်းဖြစ်သည်။

ယွီပင်းသည် စားပွဲများတွင် နေရာယူထားသူများကို ပြုံးရယ်လျက် ပြော၏။

“လူကြီးမင်းတို့ ဒီဝက်နှလုံးက အင်မတန်အားဖြည့်တင်းပေးနိုင်တဲ့အရာပါ။ ဒီနှလုံးကို တခြားသူတွေကို မဝေမျှတော့ဘူး၊ ကျုပ်တို့ပဲ စားကြတာပေါ့”

ထိုအခါ အားလုံး၏မျက်လုံးများသည် ဝက်နှလုံးမှ စုတ်ပြဲရာဆီသို့ ကျရောက်သွားကြသည်။

…

နှလုံးကြွေလက်ဝါးသိုင်း!

သူက ဒီဝက်နှလုံးကို ကြွားဝါချင်တာပဲ မဟုတ်လား။

အဲဒီဝက်နှလုံးပေါ်က နှလုံးကြွေလက်ဝါးသိုင်းရဲ့အင်အားကို ကြွားဝါချင်တာပဲ။

အားလုံးသည် မျက်နှာအမူအရာမပြောင်းလဲဘဲ လူအုပ်စုကြီးမှာ တိတ်ဆိတ်နေခဲ့သည်။ ယွီပင်းသည် တိတ်ဆိတ်နေသော်ငြား အနည်းငယ် ဘဝင်ခိုက်ဟန် ထင်ဟပ်နေ၏။

အထက်မက်မွန်ရွာ၏ ရွာသူကြီးလျိုမှ ပြောသည်။

“အာ ဘယ်လိုလုပ်ပြီး နှလုံးမှာ အက်ကွဲရာကြီးဖြစ်နေရတာလဲ”

ရွာသူကြီးလျို၏စကားအဆုံး၌ လူတစ်ယောက်မှ ရုတ်ချည်း သံယောင်လိုက်သည်။

“ခင်ဗျား ခင်ဗျားက အသိမကြွယ်လိုက်တာဗျာ၊ ခင်ဗျား သခင်ကြီးယွီရဲ့ နာမည်ကျော်အထူးသိုင်းပညာ နှလုံးကြွေလက်ဝါးသိုင်းကို မသိဘူးလား။ ဒီလက်ဝါးရိုက်ချက်ကို ကြည့်ပါဦး၊ ဒီလိုသန်မာတဲ့ တောဝက်ရိုင်းကိုတောင် သတ်ပစ်နိုင်တာ လူတစ်ယောက်သာဆိုရင် ကျစ် ကျစ်.. ပြောမနေပါနဲ့တော့”

“ဟုတ်ပဗျာ၊ တကယ့်ကို အံ့မခန်းပါပဲ၊ တကယ့်ကို အထင်ကြီးလောက်ပါပေတယ်”

လူအုပ်ကြီးသည် ချက်ချင်းပင် ချီးမွမ်းခန်းဖွင့်လာကြသည်။

ထို့နောက် ယွီပင်းသည် လက်နှစ်ဖက်ယှက်လျက် ပြော၏။

“အသေးအဖွဲ စွမ်းဆောင်ရည်လေးပါဗျာ၊ မပြောပလောက်ပါဘူး မပြောပလောက်ပါဘူး”

ဝူကျုံးသည် ယွီပင်း၏ဘဝင်ခိုက်နေဟန်ကို စူးစမ်းရုံမျှကြည့်နေခဲ့ပြီး ဘာမျှမပြောပေ။

ယွီပင်းလည်း ဝူကျုံးကို ကြည့်လာ၍ လက်ဝှေ့ယမ်းလိုက်ကာ သူ၏အဖွဲ့သားကို ဝက်နှလုံးကိုယူသွားရန် အချက်ပြလိုက်သည်။

ထိုအခိုက်အတန့်၌ ယွီပင်း၏အကြည့်များသည် ချန်ကျဲ့ဆီသို့ ရောက်ရှိလာ၏။

ချန်ကျဲ့သည် ထိတ်လန့်အံ့ဩခြင်းမရှိဘဲ ယွီပင်းကို တည်ငြိမ်စွာ ပြန်ကြည့်လိုက်သည်။

အပြန်အလှန် အကြည့်ချင်းဆုံသွားပြီးနောက် ယွီပင်းမှ ပြော၏။

“ညီနောင်ချန်ကျိုစစ်၊ မင်း ငါ့သားစန်းလျို့ရဲ့ကိစ္စကို သိလား”

ထိုစကားလုံးများထွက်လာသည်နှင့်တစ်ပြိုင်နက် အခန်းတစ်ခန်းလုံးမှာ တုန်လှုပ်သွား‌ရသည်။ လူအားလုံး တိတ်ဆိတ်သွားကြပြီး ချန်ကျဲ့ကို ကြည့်လာကြ၏။

ချန်ကျဲ့ ပြုံးလိုက်ပြီး ပြန်ပြောသည်။

“ကျွန်တော် မသိနိုင်ပါ့မလား။ ကျွန်တော် ရွာသားတွေဆီကနေ ညီနောင်စန်းလျို့ ရုတ်တရက် ဆုံးသွားခဲ့တယ်ဆိုတဲ့ သတင်းကို ကြားခဲ့ရတယ်။ တကယ့်ကို စိတ်မကောင်းစရာပါပဲ”

“စိတ်မကောင်းစရာ?”

ယွီပင်းမှ မေးမြန်းသည်။

“တကယ်လား။ ငါကြားတာတော့ မင်းတို့နှစ်ယောက်ကြားမှာ ဆိုးရွားတဲ့ဆက်ဆံရေး‌ရှိတယ်တဲ့လေ”

ချန်ကျဲ့ လက်ဝှေ့ယမ်းလျက် ပြောသည်။

“အထင်လွဲမှု သေးသေးလေးတွေပါပဲ။ ရန်ငြိုးလို့ခေါ်ဖို့ရာတောင် မထိုက်တန်ပါဘူးဗျာ”

“ဟုတ်လား ဒါပေမဲ့ ငါလူတွေပြောတာ ကြားခဲ့တာတော့ ငါ့ရဲ့ကောင်းကျိုးမပေးတဲ့သားက မင်းရဲ့ဇနီးကို အတင်းအကျပ် ရယူချင်နေတာတဲ့။ မင်းက အဲဒီလိုကိစ္စမျိုးကို သည်းခံနိုင်တယ်တဲ့လား”

ထိုစကားကိုကြားသောအခါ ချန်ကျဲ့၏မျက်နှာအမူအရာသည် အေးစက်သွားလျက် ပြန်ပြော၏။

“ဦးစီးမှူးယွီ တစ်ယောက်ယောက်က ခင်ဗျားရဲ့ဇနီးကို ကြံစည်‌မယ်ဆိုရင် ခင်ဗျား ဘယ်လိုတုံ့ပြန်မလဲ”

“သတ်ပစ်မယ်!”

ယွီပင်းမှ အေးစက်စွာ ဖြေသည်။

ချန်ကျဲ့ ပြုံးလိုက်ကာ ပြောလိုက်၏။

“ကျွန်တော်လည်း ဦီးစီးမှူးယွီလိုပဲ တစ်ထပ်တည်း ခံစားရပါတယ်”

“အို မင်းလည်း ငါ့သားကို သတ်ချင်ခဲ့တယ်လို့ ဆိုလိုတာလား”

ချန်ကျဲ့သည် ယွီပင်း၏မျက်လုံးများထဲသို့ တည့်တည့်ကြည့်၍ ပြော၏။

“ကျွန်တော် တွေးခဲ့ဖူးပါတယ်။ ဒါပေမဲ့ ကံဆိုးစွာနဲ့ အခွင့်အရေးမရခဲ့ဘူးလေ။ သူဒီလို ရုတ်တရက်ကြီး သေသွားမယ်လို့ ဘယ်သူက ထင်ထားမှာတဲ့လဲ!”

သူတို့နှစ်ဦးလုံး အကြည့်မလွှဲကြချေ။ ယွီပင်းမှာ ဒေါသထွက်လွန်းသောကြောင့် ထခုန်လုမတတ် ဖြစ်နေခဲ့၏။ ယွီပင်းသည် သူ့သားကိုသတ်ခဲ့သော လူသတ်သမားသည် ချန်ကျိုစစ်ဖြစ်သည်ဟု အတည်ပြုလုနီးပါးပင်။

ဒါပေမဲ့ ချန်ကျိုစစ်မှာ အဲဒီလိုအစွမ်းအစရှိလို့လား။

ယွီပင်းသည် ထိုသို့တွေးလိုက်ပြီးနောက် ဘေးရှိ လက်ဖက်ရည်အိုးကို ယူလိုက်ပြီး ထရပ်လိုက်သည်။ ထို့နောက် ချန်ကျဲ့ကို လက်ဖက်ရည်ငှဲ့ထည့်ပေး၏။

“ကျိုစစ် မင်းက တကယ့်ကိုပွင့်လင်းတာပဲ။ ငါသဘောကျတယ်။ ရော့ ငါမင်းကို လက်ဖက်ရည်တစ်ခွက်နဲ့ အသိအမှတ်ပြုတယ်”

ထိုသို့ပြောလျက် ယွီပင်းသည် ချန်ကျဲ့အား လက်ဖက်ရည်ခွက်ကို ကမ်းပေးသည်။

ထိုအခြေအနေအရ ချန်ကျဲ့သည် ယွီပင်းထံမှ လက်ဖက်ရည်ခွက်ကို လက်ခံယူရမည်ဖြစ်သည်။

ဒီလိုတုံ့ပြန်လူးလာအခြေအနေမှာ စစ်ဆေးဖို့ အခွင့်အရေးရှိတယ် မဟုတ်ပေဘူးလား။

ချန်ကျဲ့ ယွီပင်း၏ရည်ရွယ်ချက်ကို နားလည်သည်။ အနည်းငယ်တွေးတောကြည့်ပြီးနောက် ချန်ကျဲ့ လက်ဖက်ရည်ခွက်ကို လက်ခံယူလိုက်သည်။ အချို့အရာများသည် အချိန်ကြာကြာ ဖုံးကွယ်ထား၍ မရနိုင်ပေ။ အများဆုံးမှ သုံးရက်ဖြစ်၏။

ပေါ်ထွက်ရမည့်အရာဖြစ်ပါက ပေါ်ထွက်သွားရမည်ပင်။

ထိုသို့တွေးတောလျက် ချန်ကျဲ့သည် လက်ဖက်ရည်ခွက်ကို လက်ကမ်းလိုက်သည်။ သို့သော် ထိုအခိုက်အတန့်၌ ဝူဟုန်မှ ရယ်မောလျက် ရုတ်တရက် ထရပ်၍ ပြောလာသည်။

“လက်ဖက်ရည်ငှဲ့တယ်ဆိုတာ အသေးအဖွဲအလုပ်လေးပါပဲ။ ဘယ်လိုလုပ်ပြီး ဒီလိုအရာမျိုးအတွက် အကြီးကို အနှောင့်အယှက်ပေးလို့ ဖြစ်ပါ့မလဲ။ ကျွန်တော်လုပ်လိုက်မယ် ကျွန်တော်လုပ်လိုက်မယ်!”

ထိုသို့ပြောလျက် ဝူဟုန်သည် ယွီပင်းလက်ထဲမှ လက်ဖက်ရည်အိုးကို ‌ယူလိုက်သည်။

ယွီပင်းသည် လက်ဖက်ရည်အိုးကို လွှတ်မပေးချင်ပေ။ သို့သော် လက်ဖက်ရည်အိုးမှာ ဝူဟုန်၏ညာလက်မှ သာမန်ကာလျှံကာမျှသော လက်သည်းသိုင်းကွက်ဖြင့် လုယူခံလိုက်ရ၏။ ယွီပင်းသည် မိမိမှာ ထိုလက်ဖက်ရည်အိုးကို ထိန်းသိမ်းမထားနိုင်ကြောင်း သိရှိလိုက်ရသည်။ သူ၏လက်ဖက်ရည်အိုးကိုကိုင်ထားသည့် ညာဘက်လက်မှာလည်း စူးနင့်ထုံထိုင်းမှုကို ခံစားလိုက်ရ၏။

အရိုးအဆစ်လွဲသိုင်း!

ထိုသိုင်းပညာသည် စွမ်းအင်ပြောင်းလဲခြင်းအဆင့် အစောင့်အရှောက်ကြီး၁၃ဦးထဲမှ တစ်ဦးအပါအဝင်ဖြစ်သော အကြီးအကဲကျန်းလီယဲ့၏ သိုင်းပညာဖြစ်သောကြောင့် မျန့်ရွှေစီရင်စုတွင် ဂုဏ်သတင်းကြီးမားသည်။

၎င်းသည် အမှန်စင်စစ်သော စွမ်းအင်ပြောင်းလဲခြင်းအဆင့် တုနှိုင်းမဲ့သိုင်းပညာတစ်ခုဖြစ်‌ပေသည်။

ထို့ပြင် ၎င်းကို အသုံးပြုလိုက်သူမှာ ဝူဟုန်ဖြစ်၏။ ဝူဟုန်သည် အပြည့်အဝ ပြန်လည်မကောင်းမွန်သေးသော်ငြား အခြေခံအုတ်မြစ် ခိုင်မြဲ၏။ ယခုလည်း ဝူဟုန်သည် အရိုးအဆစ်လွဲသိုင်းကို အသုံးပြု၍ ယွီပင်း၏လက်ထဲမှ လက်ဖက်ရည်အိုးကို ယူသွားခဲ့ခြင်းဖြစ်သည်။

သွယ်ဝိုက်ဖော်ပြချက်မှာ ရှင်းလင်း၏– လက်ဖက်ရည်အိုးကို လုယူနိုင်စွမ်းရှိလေရာ ယွီပင်း၏လက်မောင်းကိုလည်း အဆစ်လွဲအောင် လုပ်နိုင်စွမ်းရှိလိမ့်မည်။ သို့ဖြစ်ရာ ကောင်းကောင်းမွန်မွန် ပြုမူတာ ပိုကောင်းလိမ့်မည်ဟူ၏။

ယွီပင်း ဝူဟုန်ကို ကြည့်လိုက်သည်။ ယွီပင်း၏စိတ်ထဲတွင် သူ့သားကို သတ်လိုက်သည့် လူသတ်သမားမှာ ချန်ကျိုစစ်ဖြစ်ကြောင်း ရုတ်ချည်း ပို၍သေချာလာခဲ့သည်။

ချန်ကျိုစစ်သာ လူသတ်သမား မဟုတ်ဘူးဆိုရင် ဘာလို့ အရမ်းခုခံကာကွယ်နေရတာလဲ။ ဝူဟုန် ကြားဝင်နှောင့်ယှက်ဖို့ လိုအပ်လောက်တဲ့အထိလေ?

ယွီပင်းသည် လက်နှစ်ဖက်ကို ‌ကျောနောက်သို့ ပြန်ရုတ်သိမ်းလိုက်သည်။ ချန်ကျဲ့သည် ယွီပင်းကို ပြုံးရယ်လျက် ပြော၏။

“ဦးစီးမှူးယွီ၊ တကယ်ပဲ ကျွန်တော်က ခင်ဗျားရဲ့သားကို သတ်လိုက်တာလို့ ထင်နေတာတော့ မဟုတ်ပါဘူးနော်။ ဒါက ထောင်ချောက်တစ်ခုတော့ မဟုတ်ဘူးမလား”

ယွီပင်းမှ မျက်လုံးအစုံကို မှေးကျုံ့လျက် ပြန်ပြောသည်။

“အို ငါ့ခန့်မှန်းချက်က မှားနေလို့လား”

ချန်ကျဲ့သည် မရိုးဖြောင့်သောအပြုံးဖြင့် ပြုံးလိုက်ပြီး ပြောသည်။

“သေချာပေါက် မှားနေတာပေါ့ဗျာ။ စန်းလျို့နဲ့ ကျွန်တော်နဲ့က နှစ်ယောက် စတင်တွေ့ဆုံတဲ့အချိန်ကတည်းက ဆက်ဆံရေး အဆင်ပြေကြတယ်။ တွဲသွားတွဲလာလုပ်လို့လည်း အရမ်းကောင်းတယ်။ ကျွန်တော်က သူ့ကို ဘာလို့သတ်ရမှာလဲ”

“ဦးစီးမှူးယွီပြောခဲ့တဲ့ သူ ကျွန်တော့်ဇနီးကို တပ်မက်တဲ့ကိစ္စကတော့ ကျွန်တော်လည်း သူ့ဇနီးကို လိုချင်တဲ့ဆန္ဒရှိခဲ့တာပါပဲ။ အားလုံးက အပျော်ရှာတာပါပဲ။ ဦးစီးမှူးယွီ အထင်လွဲနေပါပြီ!”

“အဲဒီလိုလား”

ယွီပင်းသည် လက်ရှိတွင် သူ၏စိတ်မှာ အကြမ်းဖျင်း ဆုံးဖြတ်ချက်ချထားပြီးဖြစ်၏။ ထိုစကားများကိုမူ သူ့ကို ရန်စနေသည်ဟုသာ ကြားမိပေသည်။

သို့သော် လက်ရှိအချိန်မှာ သူသည် ဒေါသတကြီး‌ သောင်းကျန်းနိုင်သည့် အခြေအနေမဟုတ်သေးပေ။ ဝူဟုန် မည်မျှပမာဏအထိ ပြန်လည်သက်သာပြီးကြောင်း သူ မသိ‌ထားရာ အဆင်အခြင်မဲ့ မလှုပ်ရှားရဲပေ။

ဝမ်းဗိုက်အပြည့် မကျေချမ်းမှုတို့ကို ဖိနှိပ်၍ ယွီပင်းသည် ချန်ကျဲ့ကို စူးရဲစွာစိုက်ကြည့်လျက် ပြောခဲ့၏။

“ကျိုစစ် ငါမင်းကို ပထမတွေ့ဆုံမှုမှာပဲ သဘောကျသွားမိပြီ။ ငါလည်း ငါ့သားနဲ့ပတ်သက်ပြီး နည်းနည်းလောက် ပြောပြပါရစေ– ငါသေချာပေါက် သူ့အတွက် လက်စားချေမှာ။ အဲဒီလူက ဘယ်သူပဲဖြစ်ပါစေ၊ သူ့ရဲ့ကျောထောက်နောက်ခံက ဘယ်လောက်ပဲ အင်အားကြီးမားပါစေ ငါသေချာပေါက် လက်စားချေမှာ!”

ချန်ကျဲ့ ရယ်မောလျက် ပြန်ပြောသည်။

“အာ ကျွန်တော် ခံစားချက်ကို နားလည်ပါတယ်။ ဒါပေမဲ့ ဦးစီးမှူးယွီ၊ တချို့လူတွေက ခင်ဗျားရဲ့အားလေးနဲ့ လက်စားချေလို့ရနိုင်တဲ့သူတွေ မဟုတ်ဘူးဗျ။ အဲဒါကြောင့်နဲ့ ခင်ဗျားအသက်ပါ ဆုံးရှုံးသွားရနိုင်တယ်။ ထိုက်တန်ရဲ့လား”

“ထိုက်တန်တယ်!”

ယွီပင်းမှ ထက်သန်ပြင်းပြစွာ ပြော၏။ ထို့နောက် ဆက်ပြောသည်။

“မင်း လူသတ်သမားနဲ့ ဆုံတွေ့ခဲ့ရင် သူ့ကို ဒီစကားလေးပါးပေးပါ။ အသက်ပေးဖို့အတွက် လည်ပင်းကို ပြင်ဆင်ထားလိုက်ပါလို့”

All Chapters