← Chapters

ယွီပင်း : ချန်ကျိုစစ် မင်းတိုက်ခိုက်ရဲလား

Vol. 10 Ch. 138

ယွီပင်း : ချန်ကျိုစစ် မင်းတိုက်ခိုက်ရဲလား

Vol. 10 Ch. 138

သွေးအားဖြည့်ဆေးရည်သည် ခန္ဓာကိုယ်ကို ပူနွေးစေ၍ ချီစွမ်းအင်နှင့် သွေးတို့ကို အာဟာရဖြစ်စေနိုင်သည့် ထိပ်တန်းအဆင့် အားဖြည့်ဆေးညွှန်းဖြစ်သည်။

သိုင်းပညာအဆင့် စွမ်းအင်ပြောင်းလဲခြင်းအဆင့် မတိုင်မီ၌ အရေးအကြီးဆုံးအချက်မှာ ခန္ဓာကိုယ်အား ထင်ရှူးပင်ကဲ့သို့ ခန္ဓာကိုယ်မျိုးရရှိသည်အထိ ချီစွမ်းအင်နှင့်သွေးတို့ကို အားဖြည့်ရန်ဖြစ်သည်– ၎င်းသည် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် သိုင်းပညာရှင်များအတွက် စံသတ်မှတ်ချက်တစ်ခုဖြစ်သည်။

ပြီးပြည့်စုံသော ချီစွမ်းအင်နှင့် သွေးအမြောက်အများရရှိပြီး ထင်ရှူးပင်ကဲ့သို့ ပျော့ပျောင်းသန်မာသောခန္ဓာကိုယ်တစ်ခု ဖြစ်ရန်အတွက် လိုအပ်ချက်များစွာရှိပေသည်။

သို့သော် အနှစ်ချုပ်လိုက်သော် လေ့ကျင့်မှုနှင့် အားဖြည့်တင်းမှု နှစ်မျိုးစလုံး လိုအပ်ပေသည်။

လေ့ကျင့်မှုအား ခန္ဓာကိုယ်နှင့် ချီစွမ်းအင်နှင့် သွေးတို့ကို ကြံ့ခိုင်သန်မာစေခြင်းဖြင့် အချိုးကျရောစပ်ခြင်းဟု နားလည်နိုင်သည်။

အားဖြည့်တင်းမှုသည်လည်း ထိုနည်းတူစွာ အရေးကြီးသည်။ အားဖြည့်တင်းမှု မရှိဘဲ လေ့ကျင့်မှုတစ်ခုတည်းဖြစ်ပါက ချီစွမ်းအင်နှင့်သွေး အားနည်းချိုု့တဲ့စေပြီး မူလရင်းမြစ်ကို ထိခိုက်စေနိုင်သည်။

…

“ဆင်းရဲနွမ်းပါးသူတို့သည် စာရေးအတတ်ကို ကျွမ်းကျင်နိုင်၍ လူချမ်းသာတို့သည် ဓားရေးကျွမ်းကျင်နိုင်သည်”ဟူသော အဆိုရှိ၏။ ဆိုလိုသည်မှာ သိုင်းပညာလေ့ကျင့်ရာ၌ ဖြည့်စွက်စာများ မဖြစ်မနေ လိုအပ်သည်ဟူ၍ပင်။

ချန်ကျဲ့၏ လက်ရှိအခြေအနေမှာ သိသာထင်ရှားသည့် အာနိသင်ရှိနိုင်မည့် ဖြည့်စွက်ဆေး ချို့တဲ့နေခြင်းဖြစ်သည်။ သို့သော် ယခု၌ နွားဦးချိုငါးနှင့် သမားတော်ပိုင်၏ဆေးညွှန်းဖြစ်သော ချီစွမ်းအင်တိုးပွားစေမည့် ဂျင်ဆင်း၊ မွန်ဂိုပဲရိုင်းပင်နှင့် အခြားဆေးဖက်ဝင်ဆေးပင်များကို ပေါင်းစပ်၍ သွေးအားဖြည့်ဆေးရည်တစ်ပန်းကန် ဖော်စပ်နိုင်ပြီဖြစ်၏။

သမားတော်ပိုင်သည် နွားဦးချိုငါးကို အကြည့်မလွှဲဘဲ ကြည့်နေလျက် ပြောသည်။

“ကျိုုစစ် ငါနဲ့လိုက်ခဲ့”

ထိုအခါ ချန်ကျဲ့သည် သမားတော်ပိုင်နှင့်အတူ ဆေးခန်းထဲသို့ လိုက်ဝင်သွားခဲ့သည်။

သမားတော်ပိုင်သည် ချန်ကျဲ့အား ဆေးရည်အတွက် ဆေးညွှန်းကိုပေးသည်။

၎င်းဆေးညွှန်းတွင် တရုတ်ဆေးဖက်ဝင်ဆေးဝါးများစွာနှင့်အတူ အဓိကပါဝင်ပစ္စည်းဖြစ်သည့် နွားဦးချိုငါးတို့ ပါဝင်သည်။

သမားတော်ပိုင်မှ ပြောသည်။

“ကျိုစစ် ဒီဆေးညွှန်းကိုမှတ်ထား၊ ဒါက သွေးအားဖြည့်ဆေးရည်ပဲ။ အတော်လေးကောင်းမွန်တဲ့ ဆေးးညွှန်းလို့လည််း သတ်မှတ်လို့ရတယ်။ မင်းကို ဒီဆေးညွှန်းကို သင်ပြခွင့်ရတာက ငါ့အတွက် အခွင့်အရေးကောင်းတစ်ခုပါပဲ”

ချန်ကျဲ့သည် ဆေးညွှန်း၏တန်ဖိုးကို နားလည်သည်။ ဤသို့ သိုင်းပညာရှင်များ၏ ကျင့်ကြံဆင့်နှင့် အင်အားတို့ကို တိုးတက်စေနိုင်သည့် ဆေးညွှန်းများသည် သမားတော်တစ်ယောက်အတွက် အခြေခံဖြစ်၏။

အရင်တစ်ခေါက်က အရေပြားသန့်စင်ဆေးရည်ဖြစ်စေ၊ ဤတစ်ကြိမ် သွေးအားဖြည့်ဆေးရည်ဖြစ်စေ နှစ်မျိုးလုံးသည် အလွန်တရာ တန်ဖိုးရှိသော ဆေးညွှန်းများဖြစ်ကြသည်။ ထိုဆေးညွှန်းနှစ်မျိုးဖြင့်ပင် ချန်ကျဲ့သည် လူချမ်းသာအိမ်တော်များ၌ သမားတော်တစ်ယောက်အဖြစ် ရပ်တည်၍ စားဝတ်နေရေးအတွက် လုံခြုံစိတ်ချစွာ နေနိုင်ပေသည်။

သမားတော်ပိုင်သည် ချန်ကျဲ့အား သူ၏အတတ်ပညာလျှို့ဝှက်ချက်များကို ပေးအပ်နေသည်ဟုပင် ဆိုနိုင်ပေသည်။

ချန်ကျဲ့ သမားတော်ပိုင်ကို ချက်ချင်း ကျေးဇူးတင်စကားပြောခဲ့သည်။

သမားတော်ပိုင်သည် ဆေးပင်များကို ဂရုတစိုက် ရှာဖွေသည်။ ထို့နောက် ၁၀နှစ်သက်တမ်းရှိ ဂျင်ဆင်းမြစ်လစ်လပ်နေကြောင်း မှတ်သားလိုက်သည်။

ဤရက်ပိုင်းအတွင်း၌ ဝူဟုန်နှင့် ဝူကျုံးတို့နှစ်ဦးလုံး ဒဏ်ရာရခဲ့ကြပြီး ချီစွမ်းအင်နှင့်သွေးများ ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်။ ထို့ကြောင့် သမားတော်ပိုင်သည် နှစ်ပေါင်းများစွာ စုဆောင်းထားခဲ့သော ဂျင်ဆင်း၊ မွန်ဂိုပဲရိုင်းပင်နှင့် နတ်သမီးဖူးစသည့် ဆေးပင်အများစုကို အသုံးပြုခဲ့ပြီးဖြစ်သည်။

ထို့ကြောင့် ဤတစ်ကြိမ်သွေးအားဖြည့်ဆေးရည်ကို ဖော်စပ်ရန်မှာ အနည်းငယ် ခက်ခဲမှုရှိ၏။

ခဏမျှစဉ်းစားနေခဲ့ပြီးနောက် သမားတော်ပိုင်သည် ချန်ကျဲ့ကို ပြောသည်။

“ဒီဂျင်ဆင်းက အရေးကြီးတယ်။ ဂျင်ဆင်းမရှိရင် ဆေးအာနိသင်ကို အတော်လေး လျော့နည်းသွားစေလိမ့်မယ်။ တခြားဆေးဖက်ဝင်ဆေးပင်တွေတော့ သိုလှောင်ထားတာရှိနေသေးတယ်။ ကြည့်ရတာ ငါတစ်ယောက်ယောက်ဆီက ဂျင်းဆင်းမြစ် ချေးလို့ရတဲ့အထိ ကျိုစစ် မင်းစောင့်ပေးရလိမ့်မယ်”

ထိုသို့ပြောလျက် သမားတော်ပိုင်သည် ဝူကျုံးကို ချက်ချင်း ညွှန်ကြား၏။ သွမ့်ကွေကျစ်ချန်မှ စန်းဖူတန့်မြို့ရှိ သမားတော်လီထံမှ နှစ်၂၀သက်တမ်းဂျင်ဆင်းကို ရယူနိုင်မလားဟု သွားမေးမြန်းစေခဲ့သည်။

ဝူကျုံးသည်လည်း ချက်ချင်းပဲ ထိုကိစ္စကိုလုပ်ဆောင်ရန် ထွက်ခွာလာခဲ့သည်။

ချန်ကျဲ့သည် သမားတော်ပိုင်၏ ထိုသို့အပြုအမူအတွက် အလွန်ကျေးဇူးတင်မိရသည်။ ဆေးချေးငှားပါရန် တောင်းဆိုခြင်းသည် နောက်ပိုင်းတွင် ကျေးဇူးတုံ့ပြန်လက်ဆောင်များ ပို့ဆောင်၍ ပြန်ပေးဆပ်ရမည့် ကျေးဇူးတစ်ရပ်ဖြစ်သည်။

ချန်ကျဲ့မှ ပြောသည်။

“ဆရာ ဒီကျေးဇူးတရားက..”

သမားတော်ပိုင်သည် လက်ဝှေ့ရမ်းလိုက်ပြီး ပြော၏။

“တော်ပြီ၊ ငါက မင်းရဲ့ဆရာပဲ။ ငါအသက်ရှင်နေတုန်းမှာ မင်းအတွက် ဒီလိုအရာတွေကို စီစဉ်ဆောင်ရွက်ပေးရမှာပေါ့။ မင်းတို့ လုံးလုံးလျားလျား ကြီးပြင်းသွားပြီဆိုရင် ငါလည်း ထပ်ပြီး စိတ်ပူနေဖို့ မလိုတော့ဘူး။ အဲဒီအခါကျ ငါလည်း အေးအေးဆေးဆေး အနားယူနိုင်ပြီလေ”

ထိုအခါ ချန်ကျဲ့မှာ နက်နက်ရှိုင်းရှိုင်းခံစားလိုက်ရပြီး “ဆရာ တစ်ကြိမ်ဖြစ်ဖူးပါက ထာဝရ အဖေဖြစ်ရာ၏”ဟူသော ဆိုရိုးစကားကိုပင် နားလည်လာခဲ့ရသည်။

ရှေးခေတ်အချိန်ကာလများ၏ ဆရာနှင့်တပည့်ကြား ဆက်ဆံရေးသည် ဖခင်နှင့်သား၏ ဆက်ဆံရေးနှင့် ထပ်တူကျလုနီးပါး ဖြစ်လေသည်။

၎င်းသည် ပညာရေးစနစ်နှင့်လည်း သက်ဆိုင်မှုရှိနိုင်၏။ ရှေးခေတ်အချိန်ကာလများ၌ ဆရာတစ်ဦးသည် သူ၏တစ်သက်တာလုံးတွင် တပည့်တစ်ယောက်၊နှစ်ယောက်ခန့်သာ သင်ကြားပေးနိုင်ပြီး ထိုတပည့်များကို သားများကဲ့သို့ ဆက်ဆံသည်။

ဆန့်ကျင်ဘက်အနေဖြင့် မျက်မှောက်ခေတ်၏ ပညာရေးစနစ်သည် ဆရာတစ်ယောက်၏ သာလွန်ထူးခြားမှုကို သာမန်ဆရာတစ်ယောက်အဖြစ် လျှော့ချလိုက်ကာ ဆရာတစ်ဦးသည် ကျောင်းသားထောင်ချီကို သင်ကြားနိုင်ပေသည်။ ထိုမျှများပြားလွန်းသည့် အရေအတွက်အား အဘယ်သို့များ စိတ်ရင်းစေတနာထားပြီး သင်ကြားနိုင်ပါအံ့နည်း။

ထိုအရာတို့ကိုနားလည်ထားသည့် ချန်ကျဲ့မှာ စိတ်ခံစားချက်များ ပြည့်လျှံသွားရပေသည်။

ဝူကျုံးစေလွှတ်လိုက်သော ငါးဖမ်းကုန်သည်အဖွဲ့သားသည် ပြန်လာချိန် နောက်ကျနိုင်လောက်၏။

ရှန်းထောင်မြို့နှင့် စန်းဖူတန့်မြို့ကြား အကွာအဝေးအပြင် တောင်ပိုင်းတွင် မြင်းမရှိသောကြောင့် ‌ခြေလျင်သွားရမည်ဖြစ်ရာ အချိန်အနည်းငယ် ကြာမြင့်နိုင်ပေသည်။

ထိုအချိန်အတွင်း၌ သမားတော်ပိုင်သည် ချန်ကျဲ့အား နွားဦးချိုငါးကို ရေဇလုံတစ်လုံးထဲတွင် သိမ်းဆည်းထားစေသည်။

ချန်ကျဲ့သည် နေ့လယ်ခင်းမှ ညနေအထိ အခြားလုပ်စရာ အလုပ်တာဝန်မရှိသောကြောင့် ခြံဝင်းထဲတွင် သိုင်းလေ့ကျင့်နေခဲ့သည်။

ကလေးမလေးသည် မည်သည့်အကြောင်းကြောင့် မသိချေ၊ နွားဦးချိုငါးကို စွဲလမ်းနေကာ မကြာခဏ ရေဇလုံနားတွင် ထိုင်ကြည့်နေတတ်သည်။ စူးယွင်ကျင်းသည်တော့ ကလေးမလေးမှ သူမ၏အစားမက်သည့်စိတ်ကြောင့် နွားဦးချိုငါးကို ထိခိုက်စေလိုက်မည်အား စိုးရိမ်နေရလေသည်။

ထို့ကြောင့် စူးယွင်ကျင်းသည် ကလေးမလေးကို အလွတ်မပေးတမ်း စောင့်ကြည့်နေခဲ့သည်။

တစ်နေ့တာသည် လျင်မြန်စွာ ကုန်ဆုံးသွား၏။

ည၈နာရီခန့်တွင် ငါးဖမ်းကုန်သည်အဖွဲ့သားသည် သမားတော်ပိုင်အတွက် တောဂျင်ဆင်းကိုသယ်ဆောင်၍ ပြန်လာခဲ့သည်။

ဤဂျင်ဆင်းသည် ချန်ကျဲ့ ရှာတွေ့ခဲ့ဖူးသော ဂျင်ဆင်းထက် တစ်လက်မခန့် ပိုရှည်လျားပြီး ထိုတစ်လက်မခန့်သည်ပင် အနည်းဆုံး ၁၀နှစ်ထက် ပိုမိုရှည်ကြာသော သက်တမ်းကို ညွှန်ပြနေပေသည်။ တန်ဖိုးသည်လည်း ၁၀ဆပိုမိုတိုးသွား၏။

ဤတောဂျင်ဆင်း၏ တန်ဖိုးသည် အနည်းဆုံး ငွေတုံးသုံးဆယ်ကျော် တန်ကြေးရှိပေသည်။

ချန်ကျဲ့၏ အိမ်ခြံမြေတစ်ခုလုံးပင်လျှင် ထိုမျှ တန်ကြေးမရှိပေ။

ထိုစဉ် သမားတော်ပိုင်သည် ချန်ကျဲ့အား ဆေးကို ချက်ချင်း စတင်ဖော်စပ်ချင်သလားဟု မေး၏။

ချန်ကျဲ့ ခဏမျှစဉ်းစားလိုက်ပြီး ပြောသည်။

“နည်းနည်းလောက် ထပ်စောင့်ချင်ပါတယ်”

နေ့တစ်ဝက်ခန့် စောင့်ဆိုင်းပြီးပြီဖြစ်ရာ အနည်းငယ်မျှ ထပ်မံစောင့်ဆိုင်းရုံဖြင့် ဘာမှမဖြစ်နိုင်ပေ။ အရေးကြိးသည့်အချက်မှာ ယခုအချိန်သည် ညသန်းခေါင်အချိန်နှင့် နီးကပ်နေပြီဖြစ်ပြီး စနစ်၏ သတင်းအချက်အလက်သည် ဒီနေ့အတွက် ပေးပို့လာတော့မည်ဖြစ်သည်။

သမားတော်ပိုင်၏ သွေးအားနည်းဆေးရည်သည် အမှန်တကယ်ပင် အလွန်တရာကောင်းမွန်ပါ၏။ သို့သော် ထိုထက်ပို၍ တိုးတက်နိုင်မည့် အလားအလာရှိ၊မရှိကို ချန်ကျဲ့ သိလိုသည်။

ချန်ကျဲ့သည် စနစ်၏သတင်းအချက်အလက်ကို အသုံးပြု၍ ဆေးအာနိသင်ကို ပို၍တိုးတက်အောင် ကြိုးစားကြည့်ချင်သည်။

လွန်ခဲ့သည့်တစ်ခေါက်က အရေပြားသန့်စင်ဆေးရည်ကိုလည်း စနစ်၏သတင်းအချက်အလက် အကူအညီဖြင့် ဆေးအာနိသင်ကို သိသိသာသာ တိုးတက်စေနိုင်ခဲ့သည် မဟုတ်ပါလော။

သမားတော်ပိုင်သည် ဘာမျှမပြောဘဲ နွားဦးချိုငါးကို ညွှန်ပြ၍ပြောသည်။

“ဒီသွေးအားဖြည့်ဆေးရည်မှာ နွားဦးချိုငါးတစ်ကောင်လုံးကို မလိုအပ်ဘူး။ ဒါပေမဲ့ သူ့ရဲ့ အစိတ်အပိုင်းတစ်ခုချင်းစီတိုင်းက အရမ်းအဖိုးတန်တယ်။ မဖြုန်းတီးပစ်လိုက်နဲ့ဦး”

“ဒီမှာကြည့်၊ ဒီနွားဦးချိုငါးရဲ့ အရိုးတွေ အထူးသဖြင့် ဒီဦးချိုတွေ.. အဲဒါတွေကို သေချာသိမ်းဆည်းရမယ်။ အခြောက်ခံပြီး အမှုန့်ကြိတ်လိုက်ရင် တန်ဖိုးကြီးမားတဲ့ အဖိုးတန်ဆေးတစ်လက်ဖြစ်တဲ့ ရေနဂါးအရိုးဆေးမှုန့်ဖြစ်သွားနိုင်တယ်။ အဲဒါက အရိုးသန်မာမွမ်းမံဆေးလုံးတွေ ဖော်စပ်ရာမှာ အထောက်အကူဖြစ်စေမယ့် ဆေးတစ်မျိုးပဲ”

All Chapters