← Chapters

နန်းတွင်းမှအပြောင်းအလဲ

Vol. 4 Ch. 119

နန်းတွင်းမှအပြောင်းအလဲ

Vol. 4 Ch. 119

စစ်ထူယွင်သည် တဖြည်းဖြည်းဖြင့် စုရွှေလျန်နှင့်အခြားသူများ၏ အင်တိုက်အားတိုက်တွန်းအားပေးမှုကြောင့် မောင်းထုတ်ခံလိုက်ရပေသည်။ သူသည် သူစိမ်းတစ်ခုဆီမှဖျက်ဆီးခံတော့မည့် လုံရှီရွှယ်၏အနာဂတ်အား ကယ်တင်ရန်ထွက်ခွာသွားပေတော့သည်။

လျန်အန်းဇိုင်သည်မူ မနက်စာကို နှစ်လုတ်သုံးလုတ်မျှသာစားကာ လတ်စသတ်လိုက်သည်။ ထို့နောက်တွင် တိတ်ဆိတ်စွာဖြင့် အပြင်သို့ လမ်းလျှောက်ထွက်သွားသည်။ သူမည်သို့ဦးတည်နေသည်ကို မည်သူမျှမသိပါ။

"အန်းဇိုင်...သူဒီရက်ပိုင်းထူးဆန်းနေတယ်။ သူ ရှီရွှယ်ကို ဂရုမစိုက်ဘူးဆိုတာ အမှန်မဟုတ်လောက်ဘူး"

ဖုန့်ချိုက်ယွင်သည် မေးစေ့ကိုပွတ်ကာ လျန်အန်းဇိုင်ပျောက်ကွယ်သွားသည်ကိုကြည့်ပြီး ရေရွတ်လိုက်သည်။

"အဲ့တာက သူစိတ်ပူတာကို ပြတဲ့နည်းလမ်းပဲလေ။ မင်းတို့မိန်းမတွေက ပန်းထိုးဘောလုံးဖမ်းပြီး လုံရှီရွှယ်ကို ကယ်တင်ဖို့ပဲ စဉ်းစားနေကြတာ။ အဲ့တာပြီးရင် ဘာဖြစ်လာမှာတဲ့တုန်း"

လျန်ရွှမ်ကျင်းသည် ခပ်ယဲ့ယဲ့ပြောလိုက်၏။ လျန်အန်းဇိုင်သည် သူ၏သားအရင်းမဟုတ်သော်လည်း (၁၇)နှစ်တာမျှ အတူတကွနေထိုင်လာရခြင်းကြောင့် မိဘအရင်းများထက် သူ့အား ပို၍နားလည်သေးသည်။

လျန်အန်းဇိုင်၏ခံစားချက်အစစ်အမှန်အား မသိဘဲ သမီးဖြစ်သူ၏တောင်းဆိုချက်အား လက်ခံခဲ့သည်မှာ ဖြစ်နိုင်မည်လော။

"ပြီးရင်ရော"

ဖုန့်ချိုက်ယွင်နှင့် စုရွှေလျန်သည် အကြည့်ချင်းဖလှယ်လိုက်ကြကာ ဦးရီးတော်ပြောသည်ကို နားမလည်နိုင်ဖြစ်နေကြသည်။

"အင်း ကောက်ကာငင်ကာ မလုပ်ခင် အကျိုးအကြောင်းကိုပိုပြီး စဉ်းစားသင့်တယ်။ မင်းကြီးက မင်းသမီးအစား လုံရှီရွှယ်က‌ဘောလုံးပစ်ရမယ်လို့ပဲပြောတာ။ သူလက်ထပ်ဖို့အတွက်ပစ်ရမယ်လို့ ပြောတာမဟုတ်ဘူး။ မင်းကြီးတွေးထားတာကို သိဖို့က မခဲယဉ်းပါဘူး။ ဘောလုံးဖမ်းမိတဲ့သူက ပညာတတ်ပြီး လူကောင်းဆိုရင် မင်းသမီးက သူ့ကိုလက်ထပ်ရမယ်။ ဒါပေမဲ့ ဖမ်းမိတဲ့သူက သာမန်ထက်မပိုပဲ စရိုက်လည်းမကောင်းဘူးဆိုရင်တော့ အဲ့လူကို မင်းသမီးက တစ်ချက်တောင်ကြည့်မှာမဟုတ်ဘဲ လုံရှီရွှယ်ကို အဲ့လူနဲ့လက်ထပ်ခိုင်းလိမ့်မယ်"

“ဘုရားရေ!” 

“မဖြစ်နိုင်တာ!”

ဖုန့်ချိုက်ယွင်နှင့် စုရွှေလျန်က အံ့အားမှင်သက်စွာဖြင့် အာမေဋိတ်ပြုမိကြသည်။

ထိုသို့ဆိုလျှင် သူတို့မည်သို့လုပ်သင့်ပါသနည်း။

အားလုံးက စစ်ထူယွင်ဘက်သို့ နောက်တစ်ကြိမ်ထပ်လှည့်သွားကြသည်။

"အဟင်း ကျွန်တော်ပြောချင်တာက ခင်ဗျားတို့ သူ့ကိုကယ်ချင်တယ်ဆိုရင် ဘာလို့သူ့ကိုကယ်ပြီး အဝေးကို ခေါ်မသွားရတာလဲ။ ဘာလို့ ကျွန်တော်က ဘောလုံးဖမ်းဖို့လိုတော့မှာလဲ"

စစ်ထူယွင်က မျက်နှာကိုလက်ဖြင့်သုတ်ကာ တောင်းတောင်းပန်ပန်ဖြင့် ပြောလိုက်သည်။

“ဒါပေမဲ့ သမားတော်အိုးရန်က...”

"သူက နန်းတော်အကျဉ်းထောင်ထဲမှာမလား။ သွားပြီး သူ့ကိုကယ်ချည်လေ။ ဘာလို့ကိစ္စတွေကို ရှုပ်ထွေးအောင်လုပ်နေရတာလဲ"

စစ်ထူယွင်သည် လင်းစစ်ယောင်ကိုကြည့်ကာ ပြောလိုက်သည်။ မမလှလှလေးသည် နားလည်သဘောမပေါက်သောကြောင့် ဦးလေးဖြစ်သူလည်း သဘောပေါက်မပေါက်သည်လော။ ဦးလေးသည် ပြဇာတ်အား နှစ်ခြိုက်စွာသာကြည့်နေခြင်းဖြစ်သည်။ လင်းစစ်ယောင်၏စိတ်ထဲတွင် ဒုက္ခရောက်သောသူမှာ မမလှလှလေးနှင့် အမြွှာနှစ်ယောက်သာမဟုတ်လျှင် မည်သူပင်ဖြစ်နေပါစေ သူ့အတွက်ကိစ္စမရှိပေ။ ထို့သို့သောဆရာဦးလေးမျိုးအားပိုင်ဆိုင်ထားရခြင်းသည် စစ်ထူယွင်အတွက် ကံဆိုးမိုးမှောင်ကျခြင်းပင်ဖြစ်သည်။

"ငါလည်းအဲ့အကြောင်းကိုစဉ်းစားပြီးပြီ။ နန်းတော်က သာမန်နေရာမဟုတ်ဘူး။ မြင်နိုင်တဲ့အစောင့်တွေရော မမြင်နိုင်တဲ့အစောင့်တွေရော အများကြီးရှိတယ်။ ငါတို့ကျရှုံးသွားရင် သမားတော်အိုးရန်တင်မကဘူး။ လုံရှီရွှယ်ပါ...."

လျန်ရွှမ်ကျင်းက စိတ်မပါတစ်ပါဖြင့် ခေါင်းခါကာပြောလိုက်သည်။ သူသည် အိုးရန်ရွှမ်အဖမ်းခံရသည့်အကြောင်း သတင်းကြားစဉ်ကပင် ထိုနည်းလမ်းအား စဉ်းစားပြီးဖြစ်သည်။ သို့သော်လည်း မည်သူမျှထိုသို့စွန့်စားမှုအား မလုပ်ရဲကြပေ။ အထူးသဖြင့် နန်းမြို့တော်တွင် နေသောသူများပင်ဖြစ်သည်။

"အဖေ နန်းတော်ထဲမှာ တစ်ခုခုဖြစ်သွားပြီ"

လျန်အန်းဇိုင်က အပြေးပြန်လာချေပြီ။ ထမင်းစားခန်းရှေ့ရှိတိုင်ကိုမှီနေသောသူ၏မျက်နှာပေါ်တွင် ခန့်မှန်း၍မရနိုင်သောအမူအရာမျိုးရှိနေသည်။

ဝမ်းမြောက်ဝမ်းသာဖြစ်နေပုံပေါ်သည်ဟု စုရွှေလျန်ထင်မိသည်။

တစ်ယောက်ယောက်ကများ အိုးရန်ရွှမ်အား ကယ်တင်ခဲ့သည်လော? 

မည်သူဖြစ်နိုင်မည်လော?

အားလုံးသည် အကြည့်ချင်းဖလှယ်လိုက်ကြ၏။

၎င်းတို့နှင့်အကြံချင်းတူနေသော်လည်း အကြံမျှသာဖြစ်သေးသည်။ ၎င်းတို့မလှုပ်ရှားခင်တွင် မည်သူသည် အိုးရန်ရွှမ်အား ကယ်ခဲ့ပါသနည်း။

လျန်ရွှမ်ကျင်းတစ်ယောက် ထမင်းစားခန်းတွင် တောင်လျှောက်မြောက်လျှောက်လုပ်နေသည်။ သူ၏တောက်ပသောမျက်လုံးများက လျန်အန်းဇိုင်အား ငေးကြည့်ကာဖြင့်..

"မင်းမဟုတ်တာသေချာတယ်မလား"

"မဟုတ်ပါဘူး"

လျန်အန်းဇိုင်က မျက်လုံးအပြူးသားဖြင့်ဖြေလိုက်သည်။ သူ့တွင်လည်း ထိုအကြံရှိသော်လည်း အခြေခံသဘောတရာအား ပြောပြထားပြီးဖြစ်သည်။

“အဲ့လိုဆို ရှီရွှယ်များ...”

“ပျောက်သွားတာ”

လျန်အန်းဇိုင်က သူ၏လက်ဖက်ရည်ခွက်အား နှစ်ခြိုက်စွာသောက်လိုက်ပြီး လူအများမှ သူ၏မျက်ဝန်းထဲမှခံစားချက်များရှာဖွေနေခြင်းအား ကာကွယ်လိုက်ပေသည်။

“ပျောက်သွားတယ်ဟုတ်လား? အဲ့လိုဆို…”

လျန်ရွှမ်ကျင်း ခေတ္တမျှရပ်လိုက်ပြီး

"ငါနန်းတော်ထဲဝင်မယ်"

"အဖေ အခုနန်းတော်ကိုပိတ်ထားလိုက်ပြီ။ လူကထွက်လို့ပဲရမယ်။ ဝင်လို့မရတော့ဘူး"

လျန်အန်းဇိုင်က လျန်ရွှမ်ကျင်းသွားမည်လမ်းကိုပိတ်ကာ ပြောလိုက်သည်။

“ပိတ်ထားတယ်လား?” 

လျန်ရွှမ်ကျင်းမျက်မှောင်ကြုတ်ကာ စဉ်းစားနေသည်။ သူမှန်းဆလိုက်သည်မှာ

"သွေးတပ်ဖွဲ့များဖြစ်နိုင်မလား"

"ကျွန်တော်လည်းမသိဘူး။ အဖေ...သမားတော် အိုးယန်ကို သွေးတပ်ဖွဲ့ရဲ့နန်းတွင်းမိသားစုကတစ်ယောက်ယောက်ကများ ကယ်သွားတာလား"

လျန်အန်းဇိုင်က လက်ထဲမှခွက်ကိုကြည့်ကာ ဖြည်းညှင်းစွာမေးလိုက်၏။

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ အိုးရန်ရွှမ်က...."

လျန်ရွှမ်ကျင်းက လက်ခါကာ လျန်အန်းဇိုင်၏ ကျိုးကြောင်းသင့်လျော်မှုမရှိသောမေးခွန်းအား ငြင်းဆန်လိုက်သည်။ သို့သော် လေထဲရှိသူ၏လက်သည်အေးစက်နေပေသည်။

အိုးရန်ရွှမ်… သွေးတပ်ဖွဲ့… မြတ်စွာဘုရား!

အိုးရန်ရွှမ်သည် သွေးတပ်ဖွဲ့ကပင်ဖြစ်ခဲ့သည်မဟုတ်လော။ ထိုနှစ်...တတိယမင်းသား စည်းရုံးသိမ်းသွင်းခြင်းမခံခဲ့စဉ်တွင် အကြီးဆုံးမင်းသားသည် ဆူးထိမိကာ အခြားသူမှခတ်လိုက်သော မီးပိုးမျှင်ကောင်အဆိပ်မိခဲ့သည်။ ထိုအချိန်က အိုးရန်ရွှမ်သည် သွေးတပ်ဖွဲ့မှခိုလှုံသူတစ်ယောက်ဖြစ်သည်။ သူသည် နန်းတွင်းထဲသို့ဝင်လာကာ လက်ရှိမင်းကြီးအား ကုသပေးခဲ့သည်။ ထိုသို့မှမဟုတ်လျှင် တဟွေ့တိုင်းပြည်တွင် အခြားအုပ်ချုပ်သူအသစ်တစ်ယောက်ရှိနေပေလိမ့်မည်။

ထိုနေ့မှစတင်၍ အိုးရန်ရွှမ်အား နန်းတွင်းမှသာခေါ်ထားခဲ့သည်။ လူများသည် သူ့အား တော်ဝင်သမားတော်ဟိသိကြသော်လည်း အမှန်တွင် သူသည် မင်းကြီးအဆိပ်မိခဲ့သောကိစ္စကပင် သူရှိနေခဲ့ခြင်းဖြစ်သည်။

ထို့နောက်တွင် အိုးရန်ရွှမ်သည် မည်သည့်အခါမျှ သွေးတပ်ဖွဲ့အကြောင်းအား ထပ်မပြောခဲ့တော့ပေ။ ယခုတွင် (၁၂)နှစ်တာမျှကြာပြီးနောက် လူများသည် အိုးရန်ရွှမ်သည် အမှန်ပင် သွေးတပ်ဖွဲ့မှဖြစ်ကြောင်းကို မေ့လျောသွားသည့်ဟန်တူသည်။

"သွေးတပ်ဖွဲ့ကသာ အိုးရန်ရွှမ်နှင့် လုံရှီရွှယ်ကို ကယ်ခဲ့ရင် မင်းကြီးကဘာလို့ နန်းတော်ကို ပိတ်ရမှာလဲ"

လျန်ရွှမ်ကျင်းသည် အမှန်ပင် နားလည်သဘောပေါက်နိုင်စွမ်းပျောက်ဆုံးနေလေပြီ။

"အန်းဇိုင် မင်းကိုဒီအကြောင်း ဘယ်သူပြောလဲ"

“ရှားအာ”

လျန်အန်းဇိုင်ပြန်ဖြေလိုက်သည်။

လျန်ရွှမ်ကျင်းတွေဝေသောအကြည့်များကြောင့် ရှင်းပြလိုက်ရပေသည်။

"သူက မယ်တော်ကြီးကိုတွေ့ဖို့ နန်းတွင်းကိုသွားခဲ့တာ။ အဲ့အချိန်မှာ နန်းတွင်းရဲ့ အမိန့်ပြန်တမ်းကို ဟွာယွေ့အဆောင်ဆီလာပို့တာ။ အဲ့လိုနဲ့ သတင်းကြားလာတာ"

"အဲ့လိုဆိုရင် သတင်းမမှားနိုင်ဘူး"

လျန်ရွှမ်ကျင်းသည် ဂနာမငြိမ်ဖြင့် နောက်တစ်ဖန်ထလိုက်ပြန်သည်။

"မဖြစ်ဘူး။ အဲ့ကိုသွားပြီး ကြည့်မှဖြစ်မယ်"

"အရှင်..."

ဖုန့်ချိုက်ယွင်သည် ထိုသို့သောအခြေအနေမျိုးဖြင့် နန်းတွင်းသို့ဝင်မည့် လျန်ရွှမ်ကျင်း၏အင်္ကျီလက်စအား ဆွဲလိုက်မိသည်။

"အရှင် အန်းဇိုင်က နန်းတွင်းကအခုပိတ်လိုက်ပြီလို့ပြောတယ်လေ။ ဘာကြောင့်များ..."

"မင်းမသိပါဘူး။ ငါ..."

"အဖေ ကျွန်တော်လည်း အဖေနဲ့အတူလိုက်ခဲ့မယ်"

လျန်အန်းဇိုင်မတ်တပ်ရပ်လိုက်သည်။

“အန်းဇိုင်!”

ဖုန့်ချိုက်ယွင်သည် လျန်အန်းဇိုင်အား မယုံမကြည်ဖြင့် ကြည့်လိုက်မိသည်။ ဖခင်ဖြစ်သူသွားခြင်းအား မတားမြစ်မပိတ်ပင်ယုံတင်မက သူကပါ လိုက်ပါသွားပေမည်။ ရူးနေပြီလော။

"စိတ်မပူပါနဲ့ အမေ။ သားအဖေ့ကို ကာကွယ်ပေးပါ့မယ်"

မိခင်ဖြစ်သူ ပြန်လည်ချေပမည့် အခွင့်အရေးမရှိခင်ပင် လျန်အန်းဇိုင်က ပြောလိုက်၏။

“ရှုအာ, မင်းအဖေက…” 

ဖုန့်ချိုက်ယွင်တစ်ယောက် စိုးရိမ်ကြောင့်ကြနေကာ ပြောစရာစကားပျောက်ဆုံးနေသည်။ မည်သို့လုပ်ရမည်မသိဖြစ်နေသည်။ ၎င်းတို့သည်သာ အမှန်ဟု လက်ခံလိုက်ပါလျှင် နန်းတွင်သို့သွားခြင်းသည် ဝံပုလွေခံတွင်းသို့ သက်ဆင်းသွားသည့်သိုးသူငယ်ဖြင့် မခြားရှိပေလိမ့်မည်။

“အဖေ… အားယောင်…”

စုရွှေလျန်သည် ၎င်းတို့ပြောဆိုနေသည်ကို နားမလည်သော်လည်း သမားတော် အိုးရန်ရွှမ်နှင့် ရှီရွှယ်တို့ ကယ်ဆယ်ခံလိုက်ရသည်ကိုမူ သိပေသည်။ သို့သော်လည်း မိခင်ဖြစ်သူ၏အပြုအမူမှ သူမလွန်စွာစိတ်ပူသွားမိသည်။ စုရွှေလျန်သည် လှည့်လိုက်ကာ သူမဘေးတွင်သာ အမြဲတစေတိတ်ဆိတ်စွာ ရပ်နေတတ်သည့် လင်းစစ်ယောင်အား အကူအညီတောင်းလိုက်သည်။

"ကိုယ်လည်းသွားမယ်"

လင်းစစ်ယောင်က စုရွှေလျန်အား ခေါင်းညိတ်ပြလိုက်သည်။ သူမ၏ဖခင်ဖြစ်သူနှင့် အစ်ကိုဖြစ်သူ သွားလျှင် သူသည်လည်း နေခဲ့စရာအကြောင်းမရှိပေ။

“ဒါပေမဲ့…”

စုရွှေလျန်က လျင်မြန်စွာ သူ၏အင်္ကျီလက်စအား ဆွဲထားလိုက်သည်။ သူမသည် သူ၏အကူအညီကိုလိုချင်ပါသော်လည်း သူပါသွားရန်ဆိုလိုခြင်းမဟုတ်ပေ။ အခြားနှစ်ဦးသွားမည်ကိုတားရန် နည်းလမ်းစဉ်းစားစေရန်သာဖြစ်သည်။

“အဆင်ပြေပါတယ်”

လင်းစစ်ယောင်ကပြုံးကာ သူမအား နှစ်သိမ့်ပေးလိုက်သည်။ လျန်ရွှမ်ကျင်း နှင့် လျန်အန်းဇိုင်သည်လည်း အရှုံးပေးလိမ့်မည်မဟုတ်ကြောင်း ပြသနေသေည်။ ယခုတွင် သူသည် ၎င်းတို့အား မသွားရန် တောင်းဆိုလိုက်လျှင် ၎င်းတို့၏အရာရှိများအဖြစ် တာဝန်သိစိတ်အား အထင်အမြင်သေးရာကျပေမည်။ နန်းတွင်းမိသားစုဒုက္ခဖြစ်လျှင် ၎င်းတို့သည် မည်သို့ရပ်ကာကြည့်နေနိုင်မည်နည်း။

“အင်း အခုဘယ်လိုလဲ"

ဖုန့်ချိုက်ယွင်က သွားတော့မည့်သုံးဦးသားကို ကြည့်နေသည်။ သူမသက်ပြင်းသာချလိုက်မိသည်။

"အဲ့တာကြောင့် သူတို့ကို နန်းတွင်းမိသားစုနဲ့ပက်သက်တဲ့ကိစ္စတွေနဲ့ ကင်းကင်းရှင်းရှင်းနေဖို့ပြောတာ"

လပြက္ခဒိန် သုံးလပိုင်း ခြောက်ရက်မြောက်နေ့ အရုဏ်တက်အချိန် Feng Qingမင်းဆက် (၁၂)နှစ်မြောက် တဟွေ့အင်ပါယာအရှင်သခင်၏ နှစ်ငါးဆယ်မြောက်မွေးနေ့။ တတိယမင်းသမီးက ပန်းထိုးဘောလုံးပစ်ကာ သတို့သားရွေးချယ်မည့်နေ့။ မြို့တော်သည် သက်ဝင်လှုပ်ရှားကာ လူအများဖြင့် ပျားပန်းခတ်နေရမည့်အစား ထုထည်ကြီးမားလှသောမုန်တိုင်းတိမ်မည်းတို့ဖြင့် ဖုံးလွှမ်းနေကာ သေစေနိုင်သည်အထိ တိတ်ဆိတ်ငြိမ်သက်နေသည်။

လွန်ခဲ့သောနှစ်နာရီခန့်က တဟွေ့နန်းတော်မှ အရေးပေါ်ထုတ်ပြန်ကြေညာချက်တစ်ခု ပျံ့နှံ့လာသည်။ မင်းကြီး၏မွေးနေ့အခမ်းအနား၊ တတိယမင်းသမီး၏သတို့သားလောင်းရွေးချယ်ပွဲအား ပယ်ဖျက်လိုက်ကြောင်း ကြေညာခြင်းပင်။ အရေးပေါ်ထုတ်ပြန်ကြေညာချက်သုံးခုအား ဆက်တိုက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ထိုသတင်းသည် လမ်းပေါ်တွင် စုရုံးနေကြသောသူများအား လွန်စွာအံ့အားသင့်သွားစေသည်။

ဖုန်းချန်ရုံးမှ အစောင့်များအုပ်ချုပ်မှုအောက်တွင် လူများသည် နာခံစွာဖြင့် လမ်းမကြီးပေါ်မှထွက်ခွာသွားကြကာ မိမိအိမ်များဆီသို့ ပြန်သွားကြသည်။ နန်းမြို့တော်ရင်ပြင်၊ အန်းပေါင်လမ်း၊ အန်းယို့လမ်းနှင့် ပိုင်ဟုပွဲကြည့်စင်သည်ပင် လူကင်းရှင်းနေသည်။ လှည့်လည်ကင်းပတ်နေသောအစောင့်များသာရှိ၏။

"ဘာပဲဖြစ်ဖြစ်လာ။ ဝင်နိုင်မဲ့နည်းလမ်းမရှိတော့ဘူးလား"

လျန်ရွှမ်ကျင်းနှင့် လျန်အန်းဇိုင်တို့သည် ချည်းကပ်လာကြာ အလောတကြီးမေးလိုက်သည်။

"အင်း။ နံရံတွေကို နေရာအနှံ့ပိတ်ထားတာ။ တံခါးအကုန်လုံးကလည်း ပိတ်ထားတာ တစ်နာရီလောက်ရှိပြီ"

သားဖြစ်သူက မျက်မှောင်ကြုတ်ကာဖြေလိုက်သည်။

"ဒါက...."

လျန်ရွှမ်ကျင်းသည် သားဖြစ်သူပြောသည်ကို စိတ်ရှုပ်ထွေးစွာနားထောင်နေပေသည်။ သူသည် အချိန်ကြာမြင့်စွာ စဉ်းစားနေမိသည်။ နန်းတော်အား လေးဖက်လေးလံမှ ပိတ်ဆို့ထားသည်။ ဂိတ်တံခါးအားလုံးကိုလည်း ပိတ်ထားသည်။ မည်သူမျှ ဝင်၍မရသကဲ့သို့ မည်သူမျှလည်း ထွက်၍မရ။

မင်းကြီးသည် ထိုသို့အမိန့်မျိုးအာ မည်သည့်အခါမျှ မထုတ်ပြန်ခဲ့ဖူးပေ။

"ဘာပဲဖြစ်ဖြစ် ငါရအောင်ဝင်မယ်"

လျန်ရွှမ်ကျင်းက စိတ်ပိုင်းဖြတ်လိုက်သည်။ ထိုသို့မှမဟုတ်လျှင် အထဲတွင်ဖြစ်နေသောအမှန်တရာအား သိရမည်မဟုတ်ပေ။ အရာအားလုံးသည် မင်းကြီး၏အမိန့်ဖြစ်လျှင် သူသည် အမိန့်ကိုလွန်ဆန်ကာ ချိုးဖောက်ဝင်ရောက်လာခြင်းအတွက် ရလဒ်အား လက်ခံနိုင်ရပေမည်။ ထိုအရာသည် ဘာမျှမလုပ်ဘဲနေခြင်းထက်ကောင်းပေသည်။

"အဖေ"

လျန်အန်းဇိုင်က အလောတကြီးချမည့်ဆုံးဖြတ်ချက်အား ပြန်လည်စဉ်းစားရန် သိမ်းသွင်းချင်နေသည်။ အထဲတွင်ဖြစ်နေသည်များကို မည်သူမျှမသိပေ။ နန်းတော်ထဲရှိလူသည်သာ မင်းမျိုးနွယ်များနှင့် အရာရှိများအား ထောင်ချောက်ဆင်ပါလျှင် အထဲသို့ဝင်လာသောမည်သူမဆို ချက်ချင်းအဖမ်းခံရနိုင်ပေသည်။

သို့သော်လည်း ဖခင်ဖြစ်သူ၏စိုးရိမ်ပူပန်နေသောမျက်နှာကိုကြည့်ကာ လျန်အန်းဇိုင်တစ်ယောက် သူ၏အကြံအား မျိုချထားရသည်။ ဖခင်ဖြစ်သူအား သူနားလည်ပေသည်။ သူသည် ဟန်လုပ်ရခြင်းနှင့် ဉာဏ်ဆင်ရခြင်းအား မကြိုက်သောတည့်တိုးဆန့်ကာဖြောင့်မတ်သောသူဖြစ်သည်။ သံသယရှင်းရန် တိုက်ရိုက်ဆန်သောနည်းလမ်းကိုသာသုံးပေမည်။

ထို့အပြင် ဖခင်ဖြစ်သူ အစိုးရိမ်ဆုံးသူမှာ တဟွေ့ဧကရာဇ်သာဖြစ်သည်။ သွေးတပ်ဖွဲ့သည်သာ အမှန်တကယ် နန်းတွင်းကို ထိုးဖောက်ဝင်ရောက်လာပါလျှင် အချိန်မှီမည်သူမျှမတားနိုင်ပါလျှင် တဟွေ့သည် နှစ်ရာချီကြာရှည်မည့် တိုက်ပွဲအား ရင်ဆိုင်ရမည်ဟု ဆိုလိုခြင်းပင်ဖြစ်သည်။

စဉ်းစားဆုံးဖြတ်ပြီးနောက်တွင် လျန်အန်းဇိုင်သက်ပြင်းချလိုက်မိသည်။

"အဖေ ကျွန်တော်သွားမယ်"

"မင်းသွားဖို့ကို ငါခွင့်မပြုဘူး"

ဖခင်က ဒေါသသံဖြင့်ပြောလိုက်သည်။

"ဒါပေမဲ့ အဖေ..."

လျန်အန်းဇိုင်က ဖခင်၏ စိတ်ခိုင်မာနေသောမျက်နှာအား ကြည့်လိုက်သည်။

"မင်းကသိုင်းပညာမတတ်ဘူး။ မင်းသွားတယ်ဆိုရင်တောင်မှ...."

အစောင့်များသည် ခြေလှမ်းအနည်းငယ်အတွင်း သူ့အား ဖမ်းမိသွားနိုင်ပေသည်။

"သိုင်းပညာမတတ်တာက ဘာဖြစ်လို့လဲ။ ကျွန်တော်က တိုက်ခိုက်ဖို့သွားတာမှမဟုတ်တာ"

လျန်ရွှမ်ကျင်းက မျက်လုံးပင့်ကြည့်လိုက်သည်။ သူသည် သားဖြစ်သူက သူ့အား အထင်အမြင်မသေးသည်ကို သိသော်လည်း စိုးရိမ်ပူပန်မှုကို ပြသလိုက်ခြင်းဖြစ်ကာ စကားလုံးများက အခွင့်အရေးအား မထိပါးပေ။

“...”

လျန်အန်းဇိုင်တစ်ယောက် ရယ်ရခက်ငိုရခက်ဖြစ်နေသည်။ သူသည် ဘေးတွင်တိတ်ဆိတ်စွာရပ်နေသာ လင်းစစ်ယောင်အား ကြည့်ကာ ဖခင်ဖြစ်သူအား အဝေးသို့ခေါ်သွားရန် အချက်ပြလိုက်သည်။ ထိုသို့မှမဟုတ်လျှင် အစောင့်များသည် သူ့အား နံရံပေါ်သို့ကျော်တက်လာသည့်သူခိုးဟုသံသယဝင်ကာ ဖမ်းပေလိမ့်မည်။

“ကျွန်တော်သွားမယ်”

လင်းစစ်ယောင်၏ခပ်ပြတ်ပြတ် ခွန်းတုံ့ပြန်သံက မမျှော်လင့်ဘဲ ထွက်ပေါ်လာကာ သူသည် ချက်ချင်းပင် ပျောက်ကွယ်သွား၏။

“သား…”

လျန်ရွှမ်ကျင်းက လျန်အန်းဇိုင်ကိုကြည့်လိုက်သည်။

"ငါ့သားမက်က ဒီလောက်ပြောင်မြောက်တဲ့သိုင်းပညာမျိုးတတ်ထားတာလား။ နံရံပေါ်ဘယ်လိုတက်သွားတယ်ဆိုတာတောင် အခြားသူတွေ မမြင်လိုက်ရဘူး"

"အဖေ အိမ်ပြန်ပြီး သူ့သတင်းဘဲစောင့်နေရအောင်"

လျန်အန်းဇိုင်က အကြည့်ရုပ်လိုက်ကာ ဖခင်အား ပြန်ဖြေလိုက်သည်။ သူသည် လင်းစစ်ယောင်အား အကူအညီတောင်းခံချင်ပါသော်လည်း ယနေ့တွင်မဟုတ်ခဲ့ပေ။ ယခုတစ်ခေါက်တွင် ညီမဖြစ်သူသည် မျက်ရည်ဖြင့် သူ့အားနှစ်သတ်ပေတော့မည်။

လင်းစစ်ယောင်သည်သာ သူနှင့်အတူရှိနေနိုင်တော့သည်။ ယခုတွင် သူသည် ၎င်းတို့နှစ်ဦးအစား နန်းတွင်းသို့ ဝင်ပေးခဲ့သည်။ မျှော်လင့်ချက်ကြီးစွာဖြင့်ပင် လင်းစစ်ယောင်ပြန်အလာကိုသာ စောင့်ဆိုင်းနေရပေတော့မည်။

***

All Chapters