← Chapters

ဒါက ကျွန်မမိသားစုပဲ

Vol. 4 Ch. 87

ဒါက ကျွန်မမိသားစုပဲ

Vol. 4 Ch. 87

~Warning~

"ရှီမော့မော့ အကြီးအကဲအန်း ရှင်တို့ရဲ့အကြံအစည်ကို ကျွန်မနားလည်ပါတယ်။ ဒါပေမယ့် အရင်ကဘာတွေဖြစ်ခဲ့လည်းသေချာမမှတ်မိပေမဲ့ အခု ကျွန်မက တစ်စုံတစ်ယောက်ရဲ ဇနီးဖြစ်နေပြီ။ နောက်ပြီး ကိုယ်ဝန်လည်းရှိနေပြီ၊ ဆွေမျိုးတွေဆီ သွားလည်ဖို့ အင်ပါယာမြို့တော်ကို မသွားသင့်ဘူး။ ကျေးဇူးပြုပြီး သူတို့ကို ပြောပြပေးပါ။" စုရွှေလျန် နူးညံ့စွာ ဦးညွှတ်သည်။ သို့သော်လည်း လင်းစစ်ယောင်က သူမ၏ ဦးညွှတ်ခြင်းကို ရပ်တန့်လိုက်သည်။

အကြီးအကဲ၊ ဘုရင်၊ သို့မဟုတ် ဘုရင်မဖြစ်သည်ကို မည်သူက ဂရုစိုက်မည်နည်း။ ဧကရာဇ်က ဤနေရာကိုလာရင်တောင် သူမကို ဦးမညွှတ်ခိုင်းသင့်ပေ။ ကိုယ်ဝန်ရှိနေသည့်တစ်စုံတစ်ဦးအနေနှင့် ဦးညွှတ်ဖို့ဆိုတာ သိပ်မသင့်တော်ဘူးမဟုတ်လား။

“ဒါပေမယ့်… စတုတ္ထသခင်မလေး…” သူမစကားကိုကြားသောအခါ အကြီးအကဲအန်းက သူမကို ဆွဲဆောင်ချင်သော်လည်း အဘွားကြီးက သူ့ကို မလုပ်ရန် အချက်ပြလိုက်သည်။

"ဟုတ်တာပေါ့ သခင်မလေးပြောတာ မှန်ပါတယ်။ ကျွန်မတို့ သေသေချာချာ မစဉ်းစားမိဘူး။ ဒါကြောင့် အကြီးအကဲအန်းနဲ့ ကျွန်မ အင်ပါယာမြို့တော်ကို အရင်ပြန်သွားလိုက်မယ်။ ရက်အတော်ကြာပြီးရင် ကလေးတွေအတွက် ပစ္စည်းတွေ ပို့ပေးမယ်။ ဘုရင်မင်းမြတ်က သခင်မလေးရဲ့ သတင်းကောင်းကို ကြားလိုက်တာနဲ့ မကြာခင် သူပြန်ကောင်းလာပါလိမ့်မယ်။" အဘွားကြီးမှာ ဝမ်ဖေး၏ဘက်မှ ရှားမိသားစုမှ အစေခံဖြစ်သည်။ သူမသည် စုရွှေလျန်၏လက်ကို သဘောကျစွာ ပွတ်သပ်ကာ ပြုံးလိုက်သည်။

"ရှင့်ရဲ့နားလည်မှုအတွက် ကျေးဇူးတင်ပါတယ် " စုရွှေလျန်က ပြုံးပြီး ခေါင်းညိတ်သည်။ သူမဝမ်းထဲမှ အမွှာများအတွက် ကံကောင်းပါသည်။ မဟုတ်လျှင် ဤတစ်ခါတွင် အင်ပါယာမြို့တော်ကို သူမသွားရမှာ မဟုတ်လား။ ယနေ့တွင် ဤခန္ဓာကိုယ်၏မိခင်သည် ကွယ်လွန်သွားပြီဖြစ်ကြောင်းနှင့် သူမ၏ အမှတ်တရကျောက်ပြားကို မင်းသား၏စံအိမ်မှ အသိအမှတ်ပြုကြောင်း သူမသိသည်။ သူမသည် ဤသာယာလှပသော ဖန်းဟွာမြို့လေးတွင် ပျော်ရွှင်စွာနေထိုင်ပြီး အားယောင်နှင့် သူမ၏မိသားစုလေး၏ ပျော်ရွှင်သောဘဝကို ပျော်ရွှင်စွာနေထိုင်သင့်သည်။

မင်းသားကျင်း၏အိမ်တော်မှ အကြီးဆုံးဝမ်ရယ်အတွက်မူ သူမ၏ဖခင်သည် ယခင်က သူမအဖေနှင့်တူနေပုံရသည်။ သူတို့အတွက် ဖြစ်နိုင်ချေရှိသည့် လေးစားမှုမှလွဲ၍ ခံစားချက်မှာတွယ်တာစရာမရှိပါ။ ဝမ်းနည်းပါသည်၊ စုရွှေလျန်သည် ဇနီးမယား မယားငယ်များနှင့် သားသမီးများရှိသော ဖခင်ကို မကြိုက်ပါ။ သူသည် သူမ၏ ချစ်ခြင်းမေတ္တာ၊ လေးစားမှုတို့  နှင့် မထိုက်တန်ပါ။

အဝေးသို့ တဟုန်ထိုး ရွေ့လျားနေသော မြင်းလေးစီးဖြင့် မြင်းလှည်းနှစ်စင်းကို ကြည့်ရင်း စုရွှေလျန် တံခါးကို ပိတ်လိုက်သည်။ ပင်မအိမ်ဘက်သို့ လှည့်ကြည့်လိုက်ချိန်မှာတော့ လင်းစစ်ယောင်သည် သူမနောက်တွင် ငြိမ်သက်စွာ ရပ်နေပြီး သူ့မျက်လုံးများက သူမ မမြင်နိုင်လောက်အောင် နက်နဲလှသည်။

"အားယောင်" သူမသည် ပြုံးကာ သူ့လက်ကိုဆွဲကာ သူ့လက်ဖဝါးပေါ်ကို ပွတ်သပ်ရင်း နူးညံ့စွာ မေးလိုက်သည်။ "အဆင်ပြေရဲ့လား" တော်ဝင်မြို့တော်ရှိ မင်းသားကျင်း၏ အိမ်ကြီးမှ အကြီးအကဲနှစ်ဦးနှင့် နေ့လည်စာစားပြီးချိန်မှစ၍ သူသည် ပျော်ရွှင်သောမျက်နှာကို ဘယ်သောအခါမှ မပြခဲ့ပေ။

"ရွှေလျန်..." သူ ခေါင်းငုံ့ကာ "မင်းက... မင်းကတကယ်ပဲ မင်းသားကျင်းရဲ့ စတုတ္ထမြောက်သခင်မလေးလား" သူမလက်လေးကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။ စူးရှသော နေရောင်ခြည်မှ သူမကို အရိပ်ရရန် မတ်တတ်ရပ်ကာ သူမကို ပိုအေးလာစေရန် ဧည့်ခန်းဆီသို့ ဖြည်းညှင်းစွာ ခေါ်သွားလိုက်သည်။ အချိန်အတော်ကြာအောင် သူ့နှလုံးသားတစ်ဝိုက်တွင် ဒဏ်ရာများကို နူးနူးညံ့ညံ့မေးရင်း ​ပေါင်ပေါ်ထိုင်ခိုင်းလိုက်သည်။

"ဟုတ်တော့လည်းဘာဖြစ်လဲ မဟုတ်တော့လည်းဘာဖြစ်လဲ အားယောင် ကျွန်မက ရှင့်ရဲ့မိန်းမပဲ၊ ဒါက ကျွန်မအိမ်​ပဲ။ ရှင် ကျွန်မကို မလိုအပ်​တော့ရင်​... အားယောင်"

လင်းစစ်ယောင်က သူမကို ပြီးအောင်မစောင့်ခဲ့ချေ။ ဆူညံနေသော ပါးစပ်လေးကို ရပ်တန့်ရန် သူ့နှုတ်ခမ်းကို အသုံးပြုခဲ့သည်။

"မလိုအပ်ဘူးဆိုတဲ့စကားကို ထပ်ပြီး မပြောသင့်ဘူး။" သူမ နှုတ်ခမ်းကို ခဏလောက် ငုံ့ထားရင်း အသက်ရှုရန် အချိန်ပေးလိုက်သည်။ သူတို့နဖူးချင်း ထိလိုက်သည်နှင့် သူမကို သတိပေးရန် သူ့အသံကို တိုးတိုးလေးပြောလိုက်သည်။

"ဟုတ်ပြီ" စုရွှေလျန်သည် လင်းစစ်ယောင်၏ မျက်နှာနှစ်ဖက်ပေါ်တွင် လက်နှစ်ဖက်ကို တင်လိုက်သည်။ သူမသည် ရှေ့သို့တွန်းကာ "ရှင်က ကျွန်မအပိုင်ပဲ... " ဟု ရေရွတ်လိုက်သည်။ သူသည် စုရွှေလျန် တစ်ယောက်တည်းအပိုင်ဖြစ်သည်။ အခြားအမျိုးသမီးများနှင့် သူ့ကို မခွဲပေးနိုင်ပါ။

"ငါတို့ အချင်းချင်းပိုင်တယ်" လင်းစစ်ယောင်က သူတို့ရဲ့ လျှာများကို နောက်တစ်ကြိမ် လိမ်လိုက်သည့်အခါ သူတို့ကြား ရင်းနှီးမှုကို တိုးလာစေသည်။ သူ့လက်နှစ်ဖက်စလုံးသည် သူမ၏ အင်္ကျီအတွင်းသို့ လျှောချကာ ကိုယ်ဝန်ရှိစဉ်အချိန်ကတည်းက ပိုကြီးလာခဲ့သည့် သူမ၏ပေါင်များကို နှိပ်နယ်ပေးခဲ့သည်။ ထို့နောက် ခေါင်းကို လည်ပင်း၏ လည်ကုပ်တွင် မြှုပ်လိုက်သည်။

"ငါတို့ချစ်ကြမလား" သူ့စိတ်အားထက်သန်မှုကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ကာ မေးလိုက်သည်။

"အင်း…." သူမက ရှက်ရွံ့စွာဖြေသည်။

ကိုယ်ဝန်ရပြီးနောက်တွင် သမားတော်က ၎င်းတို့သည် သတိဖြင့် ချစ်နေနိုင်ဆဲဟု ဆိုသော်လည်း သူမကို ပွေ့ဖက်ကာ အိပ်နေခဲ့သည်။ သူမကို မထိမိအောင် ကြိုးစားခဲ့သည်။

သူမ၏ သဘောတူညီချက်ကို ခံယူလိုက်သဖြင့် လင်းစစ်ယောင် သည်းမခံနိုင်တော့ပေ။ ချက်ချင်းပင် သူမကို အိပ်ခန်းထဲသို့ ခေါ်သွားကာ ကုတင်ကြီးပေါ်တွင် ညင်သာစွာ ချထားလိုက်သည်။ သူမ၏ အပြင်ဘက်အင်္ကျီနှင့် ပါးလွှာသော ၀တ်စုံကို ချွတ်လိုက်သည်။ သူ့အ၀တ်များကိုလည်း ချွတ်ထားပြီး သူမအပြင်က ကြီးထွားနေသည့် ဝမ်းဗိုက်ကိုလည်း ပွတ်သပ်ပေးခဲ့သည်။ ထို့နောက် စိုစွတ်နေသော အစွန်းအထင်းများကို စူးစမ်းရန် သူ့လက်ကို ဆန့်ထုတ်လိုက်သည်။ ပြုံးလျက် လင်းစစ်ယောင်သည် သူမ၏အမူအရာကို စစ်ဆေးရန် ခေါင်းကို မော့ကြည့်လိုက်ရာ သူမ ကိုယ်ဝန်ရှိစကတည်းကပင် သူမသည် ပို၍ စိတ်အားထက်သန်နေပုံပေါ်သည်။

ဤပြောင်းလဲမှုက သူ့ကို အံ့အားသင့်စေခဲ့သည်။ သူမသည် ကျွန်ုပ်အား ကျေနပ်အောင် မည်သို့တုံ့ပြန်ရမည်ကို လေ့လာရန် ကြိုးစားနေပါသည်။ သူမသည် ယခင်က သပ်ရပ်လှပပြီး လူရည်သန့်သော မိန်းမပျိုတစ်ဦးဖြစ်ခဲ့ပြီး ယခုတော့ သူ့ကြောင့် ရှက်ရွံ့မှုကို ဖယ်ရှားလိုက်ပြီဖြစ်သည်။ သူမကဲ့သို့ ဇနီးမယားမျိုးရှိမှတော့ ဘာကိုလိုတော့မှာလဲ။

“အားယောင်…” သူမက သူ့နာမည်ကို ညင်သာစွာ ခေါ်သည်။ ကလေးများကို ဖိအားမပေးရန် သူမခန္ဓာကိုယ်ကို ကွေးထားလိုက်သည်။ ရှက်ရွံ့စွာ ဖိတ်ခေါ်ရင်း ခေါင်းကို ခါယမ်းလိုက်သည်။

တင်းတင်းကြပ်ကြပ်နှင့် စိုစွတ်နေသည့် အထဲသို့ သူ့ခန္ဓာကိုယ်ကို မရွှေ့ခင် နက်ရှိုင်းစွာ အနမ်းပေးလိုက်သည်။ အကြိမ်ကြိမ် လှုပ်ရှားပြီးနောက်တွင် ပြင်းပြစွာ ညည်းတွားခြင်းမှတပါး ထူးထူးခြားခြား တုံ့ပြန်မှုမျိုး မတွေ့ရပေ။ ထို့ကြောင့် သူသည် အထိန်းအကွပ်ကို ရုတ်သိမ်းလိုက်ပြီး ဒူးထောက်ပြီး မျက်နှာမူကာ လှုပ်ရှားလာခဲ့သည်။

သူမ၏ ညည်းညူသံကို ထိန်းထားရန် သူမ သွားများကို အံကြိတ်ထားခဲ့သည်။ သူမသည် သူ့ကိုယ်သူ လက်နှစ်ဖက်ဖြင့် ထောက်ကာ သူ၏စည်းချက်ညီညီ လှုပ်ရှားနိုင်ရန် သူမ၏ ခန္ဓာကိုယ်ကို ကွေးထားခဲ့သည်။ သူ၏ လှုပ်ရှားမှုသည် နူးညံ့သော်လည်း သူ၏ အဆုံးမဲ့ အားမာန်ကို ဖုံးကွယ်ထားခဲ့သည်။

အချိန်အတော်ကြာ ချုပ်တည်းထားပြီးနောက် မီးပွားတစ်ခုသည် မြက်ခင်းပြင်မီးကို စတင်နိုင်သည်။ ဖုံးကွယ်ရန် ခက်ခက်ခဲခဲ ကြိုးစားခဲ့သော မီးတောက်ကို လောင်ကျွမ်းစေခဲ့သည်။ ပူလောင်သောအပူသည် သူမ မခံနိုင်လောက်အောင် ပူလောင်နေသည်...

…….

မြင်းလှည်းများသည် အရှေ့ဘက်သို့ တရွေ့ရွေ့ရွေ့လျားလာသည်။ ဖန်းလော့မြို့ရှိ အကြီးဆုံး တည်းခိုခန်းတွင်ရပ်ကာ အင်ပါယာမြို့သို့ ခရီးမပြန်မီ ပြန်လည်ကောင်းမွန်လာစေရန် တစ်ရက် အနားယူခဲ့ကြသည်။

“ဘာဖြစ်လို့လဲ…” ညစာစားရင်း နားမလည်သော လျန်အန်းသည် ရှီမော့မော့ကို ကြည့်လိုက်သည်။ သို့သော် သူဘာပြောရမည်ကို မသိချေ။

စတုတ္ထမြောက်သခင်မလေး၏ ကိုယ်ဝန်သည် ၎င်းတို့၏ ခန့်မှန်းချက်ထက် ကျော်လွန်သွားခဲ့သည်။

အိမ်ကြီးမှ ထွက်သွားပြီး နှစ်နှစ်တောင် မပြည့်သေးသော အေးချမ်းသာယာသော စတုတ္ထမြောက်သခင်မလေးသည် သူစိမ်းတစ်ယောက်နှင့် လက်ထပ်ခဲ့ကြောင်း သူတို့ တွေးထင်ခဲ့ဖူးသည် မဟုတ်ပေ။ ထို့အပြင် သူမမှာ ကိုယ်ဝန်ပါရှိနေခဲ့သည်။ ဖျားနေသောကုတင်ပေါ်ရှိ ဝမ်ရယ်အား ၎င်းတို့ မည်သို့ရှင်းပြနိုင်မည်နည်း။

ထို့ကြောင့် လျန်အန်းသည် စတုတ္ထသခင်မလေးကို သူတို့နှင့်အတူ အိမ်သို့ပြန်ခေါ်သွားလိုခဲ့သည်။ အနည်းဆုံးတော့ ဝမ်ရယ်က သူ့စိတ်ကို သက်သာရာရစေပြီး သူမကိုတွေ့ပြီးနောက် ကောင်းကောင်းအနားယူနိုင်ပါလိမ့်မည်။ ပြီးနောက် စတုထ္ထမြောက်သခင်မလေးက ဝမ်ရယ်ကို သူကိုယ်တိုင်ရှင်းပြနိုင်ခဲ့လျှင် ရှီမော့မော့နှင့် သူ့ကို နည်းနည်း အပြစ်ကလွတ်သွားစေမည် ဘာကြောင့်လဲဆိုတော့ ဤသတင်းမျိုးဟာ တကယ်ကို ကြောက်စရာကောင်းပါသည်။

"ရှင်က မိန်းကလေးမဟုတ်ဘူး…” ရှီမော့မော့က လျန်အန်းကို စိုက်ကြည့်ရင်း ဖြည်းညှင်းစွာပြောနေသည်။

"မင်း... မင်းဘာတွေပြောနေတာလဲ။ ဒါပေါ့ ငါက မိန်းကလေးမဟုတ်ဘူးလေ" လျန်အန်းသည် ဒေါသထွက်ကာ နှုတ်ခမ်းမွှေးရှည်များကို မှုတ်ထုတ်လိုက်သည်။

"အဲဒါကြောင့် ကိုယ်ဝန်ရှိဖို့ ဘယ်လောက်ခက်ခဲလဲဆိုတာ ရှင်မသိဘူး..." ရှီမော့မော့က အလျင်စလို မလုပ်ခဲ့ပါ။ သူမကဆက်ပြောခဲ့သည် "စတုတ္ထမြောက်သခင်မလေးကို ရှာတွေ့လိုက်မှတော့ ငါတို့ခရီးက အချည်းနှီးမဖြစ်ပါဘူး။ ပြီးတော့ မင်းသားရဲ့စံအိမ်ကို ပြန်ချင်သည်ဖြစ်စေ မပြန်ချင်သည်ဖြစ်စေပေါ့..." ရှီမော့မော့သည် မျက်လုံးများကို မှိတ်ထားပြီး အပြန်ပြန်အလှန်လှန်ကြည့်နေသော လူများကို ကြည့်နေသည်။ လမ်းမကြီးကို ပြုံးပြီးကြည့်ကာ "စတုတ္တသခင်မလေးက အိမ်ထောင်ကျပြီး ကိုယ်ဝန်ရှိမှန်းသိလို့ ဘုရင်ကြီးက ဒီကိုလာလည်ဖို့ စိတ်အားထက်သန်နေမယ်လို့ မထင်ဘူးလား"

"မင်းဆိုလိုတာက..." လျန်အန်း ရုတ်​တရက်​နားလည်​လိုက်​သည်​။ သူက ရှီမော့မော့ကို ခဏလောက် လေ့လာပြီးနောက် သက်ပြင်းချလိုက်သည်။ "မိန်းမတွေရဲ့ နှလုံးသားက အမြဲတမ်း ရှုပ်ထွေးနေတာပဲလား"

"ရှုပ်ထွေးနေတာ ကျွန်မပဲဖြစ်နိုင်တယ်..." ရှီမော့မော့က သူ့အတွေးများကို သဘောမတူဘဲ ပြန်ဖြေလိုက်သည်။

"ရုန်ချွမ်း မင်း ငါ့ကို အပြစ်တင်နေသေးတာလား..." မင်းသားအိမ်တော်မှ အကြီးအကဲဖြစ်ခြင်းက သူ တစ်ခါမှ မမြင်ဖူးသည့် ကိစ္စတစ်ခု ဖြစ်နိုင်ပါ့မလား။ သို့သော် သူ့ရှေ့က အမျိုးသမီးအတွက်မူ အဖြေရှာမရခဲ့ပါ။

"ရှင့်ကို ဘာအပြစ်တင်လို့လဲ၊ ရှင်နဲ့ကျွန်မက သင်္ချိုင်းထဲကို ခြေတစ်လှမ်းလှမ်းပြီး နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် အပြစ်ပြောစရာရှိသေးတာလား" ရှီမော့မော့က မသိချင်ယောင်ဆောင်ကာ ပြန်ဖြေသည်။ ထို့နောက် သူမသည် ထမင်းဆက်စားပြီး လက်ဖက်ရည်သောက်ကာ လျန်အန်းနှင့် စကားမပြောချင်တော့ကြောင်း ဖုံးကွယ်ရန် ကြိုးပမ်းခဲ့သည်။

လျန်အန်း သက်ပြင်းချလိုက်သည်။ သူမအတိတ်ကို လက်မလွှတ်ခဲ့ဘူးဆိုတာ သူသိပါသည်။ ဘာပဲဖြစ်ဖြစ် သူမပြောတာမှန်ပါသည်။ သူတို့သည် ယခု အသက်ကြီးနေပြီဖြစ်သည်။

သို့သော် ပုံပြင်ဟောင်းများကို ပြန်သတိရကာ သူ့ကိုယ်သူ ပြန်မေးရန် မတတ်နိုင်ပေ– ထိုနှစ်တွင် သူ၏ ဆုံးဖြတ်ချက် မှားသလား။

ရုန်ချွမ်းသည် ရှီမော့မော့၏ အပျိုအမည် ဖြစ်သည်။

သူမသည် အထီးကျန်ဒုက္ခသည်တစ်ဦးဖြစ်ကာ ရှားမိသားစု၏သခင်မှ ရှားကျီယင်းသည် ဘုရားဖူးခရီးစဉ်အတွင်း သူမကို ကယ်တင်ခဲ့သည်။

အသက်ကယ်ခြင်းအတွက် ကျေးဇူးပြန်ဆပ်ရန် ရုန်ချွမ်းသည် သခင်မကို ဝတ်ပြုရန်အတွက် ရှား၏အိမ်တွင်နေခဲ့သည်။ သူမသည် သခင်မနှင့် ရင်းနှီးသော အိမ်အကူတစ်ယောက်လို ဖြစ်နေသော်လည်း ရှားမိသားစုမှရှားကျီယင်းသည် သူမကို အိမ်အကူတစ်ဦးမဟုတ်ဘဲ ညီမတစ်ယောက်ဟု တစ်ခါမှ မယူဆခဲ့ပေ။ အလုပ်သမားစာချုပ် သို့မဟုတ် ကျွန်ပြုခြင်းစာချုပ်မပါဘဲ ရုန်ချွမ်းလိုချင်သည့်အခါတိုင်း သူမသည် ထွက်သွားနိုင်သည်။ သခင်မက အပြင်ထွက်ရန် သူမအတွက် ပိုက်ဆံများပြင်ဆင်ထားခဲ့သည်။

သို့သော် ရုန်ချွမ်းမှာ ပြန်စရာအိမ်မရှိတော့ပေ။ သူမသည် ရှားအိမ်တွင်နေထိုင်ပြီး သခင်မကိုအစေခံရန်ဆုံးဖြတ်ခဲ့သည်။

နောက်ဆုံးတွင် သူမသည် ခန်းဝင်အစေခံဖြစ်လာပြီး မင်းသားကျင်း၏အိမ်သို့ ရောက်လာခဲ့သည်။

အချိန်များကုန်လာပြီးနောက် တဖြည်းဖြည်းနှင့်မင်းသားကျင်းကို အမှုထမ်းခဲ့သည့် လျန်အန်းဟု အမည်ရသည့် အစေအပါးနှင့် မပြောနိုင်လောက်အောင် ချစ်ခင်တွယ်တာလာခဲ့သည်။

ဝမ်ဖေး သိသွားသောအခါ သူမသည် ရုန်ချွမ်းနှင့် လျန်အန်းတို့ကို ပေါင်းဖက်ပေးချင်ခဲ့သည်။ ကံမကောင်းစွာပဲ လျန်အန်းသည် လျန်မိသားစု၏ အမြဲတမ်းအစေခံဖြစ်သည်။ သူ့မိသားစု မျိုးဆက်များသည် လျန်မိသားစုကို တာဝန်ထမ်းဆောင်ခဲ့သည်။ ရုန်ချွမ်းသည်က ရှားအိမ်တော်၏အမြဲတမ်းအစေခံမဟုတ်ပေ။ သူမသည် လွတ်လပ်သောနိုင်ငံသားဖြစ်သည်။ လျန်အန်းသည် ဝမ်ဖေး၏ ကောင်းမွန်သော ရည်ရွယ်ချက်ကို ငြင်းပယ်ခဲ့ပြီး ရုန်ချွမ်း၏ ချစ်ခြင်းမေတ္တာကိုလည်း ငြင်းပယ်ခဲ့သည်။

လျန်အန်းက သူ့ကိုယ်သူ လျန်အိမ်ကြီး၏ အမြဲတမ်းအစေခံ၊ ဝမ်ရယ်၏အစေခံအဖြစ် တွေးခဲ့သည်။ သူသည် လျန်အိမ်ကြီး၏ အကြီးအကဲဖြစ်လာသော်လည်း သူသည် တစ်ကိုယ်တည်းနေခဲ့ပြီး နောက်ပိုင်းတွင် မည်သည့်ကြင်ဖက်ကိုမျှ မစဉ်းစားခဲ့ပေ။

ရုန်ချွမ်းသည် ထိုနေ့မှစပြီး သူမသည် လက်ထပ်မည့်အကြောင်းအရာကို တစ်ခါမျှ မပြောခဲ့တော့ပေ။ နှစ်များကြာပြီးနောက် သူမကို ခန်းဝင်ပစ္စည်းအစေခံမှ မင်းသမီး၏ မော့မော့အဖြစ် ရာထူးတိုးမြှင့်ခံခဲ့ရသည်။ သူမသည် မင်းသားအိမ်တော်၏ အတွင်းရေးကိစ္စအားလုံးကို ကိုင်တွယ်ဖြေရှင်းရန် ဝမ်ဖေးကို ကူညီပေးခဲ့သည်။ အကြီးဆုံးဝမ်ရယ် ရာထူးမှ အနားယူချိန်အထိ သူမသည် နောက်ဆုံးတွင် သူမ၏ အရေးကြီးသော အခန်းကဏ္ဍများကို ရုတ်သိမ်းလိုက်ပြီး ဝမ်ဖေးနှင့်အတူ အငြိမ်းစားယူခွင့်ရတော့သည်။

၎င်းကို သတိရတိုင်း လျန်အန်းသည် နာကျင်ဝမ်းနည်းမှု လှိုင်းတံပိုးများ ခံစားရလိမ့်မည်။ ရုန်ချွမ်း၊ မင်းအဲဒီလို ချုပ်နှောင်မထားသင့်ဘူး။ လွတ်လွတ်လပ်လပ် လက်ထပ်ပြီး အပြင်မှာ သာမန်မယားဖြစ်သင့်တယ်။ ဒီအိမ်ကြီးမှာ ကိုယ့်ကိုကိုယ် သံကြိုးနဲ့ချည်ပြီး မင်းတစ်သက်လုံး သော့ခတ်မနေသင့်ဘူး။

"ကောင်းပြီ ရှင်ဘာလို့ သက်ပြင်းချနေတာလဲ ဒီမှာပြီးသွားရင် ရှင်အခန်းထဲသွား အနားယူသင့်တယ်..." ရှည်လျားသည့်ခရီးရှည်ကြီးကြောင့် သူမ၏အဆစ်များ လျော့ရဲသွားသလို ခံစားလိုက်ရသည်။ ရှီမော့မော့သည် လျန်အန်းကို တစ်ချက်ကြည့်လိုက်သည်။ ထိုနှစ်တွင် သူ၏ဆုံးဖြတ်ချက်ကြောင့် ဤလူသည် နောင်တရနေသေးသည်။

သို့သော်လည်း သူ့ကိစ္စက သူမ အိမ်ထောင်မပြုချင်သော တစ်ခုတည်းသော အကြောင်းပြချက် မဟုတ်ပေ။ ထိုနောက်ပိုင်း သူမကြိုက်သည့်ယောက်ျားနှင့် မဆုံနိုင်လို့ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ အသက်သုံးဆယ်ရှိသောအခါ သူမစိတ်က ထိုကိစ္စကို မစဉ်းစားတော့ပေ။ အိမ်ကြီး၏အတွင်းရေးကိစ္စများက သူမအား အလုပ်များနေစေကာ သူမအတွက် အားလပ်ချိန်အနည်းငယ်မရှိပေ။ ထို့ကြောင့် သူမသည် ကိုယ်ပိုင်မိသားစုကို မလိုချင်တော့ပါ။ ဘာပဲဖြစ်ဖြစ် အကြီးဆုံးဝမ်ဖေးက သူမကို ပြုစုစောင့်ရှောက်ပေးမည်ဟု ကတိပေးခဲ့ပါသည်။ အဆုံးမှာတော့ သူမသည် ပျော်ရွှင်စွာဖြင့် အေးအေးဆေးဆေး နေနိုင်မှာဖြစ်သည်။

"ဟုတ်တယ်၊ ငါတို့ ပြန်လာတဲ့အချိန် ဘုရင်မင်းမြတ်က သူ့စိတ်ကို သက်သာရာရစေလိမ့်မယ်..." လျန်အန်းက စိုးရိမ်စိတ်များကို ဘေးဖယ်လိုက်ပြီး သူတို့၏ အကြောင်းအရာကို ပြန်မောင်းထုတ်လိုက်ပါသည်။

"စိတ်သက်သာရာရမယ်တဲ့လား? ကျွန်မကတော့မထင်ဘူး။ စတုတ္ထသခင်မလေးက မင်းသားရဲ့စံအိမ်ကို ပြန်မလာချင်ဘူး။ သူ့ဘာသာသူလက်ထပ်ပြီး ကိုယ်ဝန်ရသွားတယ်။ သူဘယ်လိုဖြေလျှော့နိုင်မှာလဲ..." ရှီမော့မော့က မျက်စောင်းထိုးလိုက်သည်။ 

"ရုန်ချွမ်း ဘုရင်ရဲ့ နောက်ကွယ်မှာ မင်းဘယ်လိုပြောလိုက်တာလဲ" လျန်အန်း က အော်ဟစ်ပြီး ရပ်တန့်စေလိုက်သည်။

"ကောင်းပြီ ကျွန်မတို့ထမင်းဆက်စားမယ်..." ရုန်ချွမ်းက သူ့ပန်းကန်ကို အာရုံစိုက်ပြီး ထိုလူကို ဂရုမစိုက်တော့ချေ။ သူမသည် အမြဲလိုလို ထိုကဲ့သို့ ဖြစ်နေသည်ကိုလည်း သူလည်း သိသည်။ အကြီးဆုံး ဝမ်ရယ်နှင့် ဝမ်ဖေးက ၎င်းကို စိတ်မ၀င်စားခဲ့ဘဲ သူဘာလို့ ဒီလောက် စိတ်ပူနေရတာလဲ။

***

All Chapters