ကြာပန်းစိုက်ကွင်း
Vol. 4 Ch. 89
သတ္တမမြောက် လကုန်တွင် အိမ်နောက်ဘက် ချောင်းထဲသို့ ပစ်ချထားသော ကြာစေ့များသည် မထင်မှတ်ဘဲ အဖူးပွင့်လာခဲ့သည်။
ယင်းတို့သည် တစ်နေရာမှ လင်းစစ်ယောင် ရှာတွေ့ခဲ့သော ကြာစေ့များဖြစ်ပြီး အိမ်နောက်ဘက် ချောင်းထဲသို့ ပစ်ချထားခဲ့သည်။ နွေဦးရာသီတွင် အပင်ပေါက်သည်ကို မတွေ့ခဲ့ရပေ။ သူတို့သည် မည်သည့်ပန်းပွင့်ကိုမျှ မမျှော်လင့်ထားသောကြောင့် ၎င်းတို့နှစ်ဦးသည် ပျိုးပင်များကို အထူးဂရုမစိုက်ခဲ့ကြပေ။
မမျှော်လင့်ဘဲ နွေရာသီနေရောင် မြင့်လာသည်နှင့်အမျှ ကြာရွက်များက နေရာအနှံ့ ဖုံးလွှမ်းသွားခဲ့သည်။ အရွက်များဝိုင်းနေသော ပန်းရောင်ဖူးပွင့်များ ပွင့်ရန်အချိန်ကို စောင့်မျှော်နေကြသည်။
ကြာပန်းအရွက်များကြားမှ ငါးနှင့်ပုစွန်များသည် ရေကစားနေကြခြင်းမှာ စွဲမက်ဖွယ်ကောင်းသည့် မြင်ကွင်းတစ်ခုဖြစ်သည်။
စုရွှေလျန်သည် ကမ်းစပ်တွင် မတ်တပ်ရပ်ကာ အေးမြနေသေးသည့် နံနက်ခင်းအချိန်ကို သိမ်းပိုက်လိုက်သည်။ ရှုခင်းများကို ခံစားရင်း စုရွှေလျန်သည် လက်နှစ်ဖက်ကို ဖြန့်ပြီး လတ်ဆတ်သည့်လေကို ရှူရှိုက်ရင်း လေ့ကျင့်ခန်းလုပ်ခဲ့သည်။ ထို့နောက် သူမသည် ကြာပန်းနှင့်ကစားနေသည့် ငါးကြင်းနီများအားပုံရေးဆွဲရန် မှင်စုတ်တံကိုကိုင်ကာ စာကြည့်ခန်းထဲသို့ ဝင်သွားခဲ့သည်။
သူမ၏ စုတ်တံကို သန့်ရှင်းရေးလုပ်ပြီးသောအခါ စုရွှေလျန်သည် ပုံကြမ်းများကို လှိမ့်ကာ စားပွဲပေါ်ရှိ ပန်းအိုးကြီးထဲသို့ ထည့်လိုက်သည်။ ပန်းထိုးမှုအချို့ပြုလုပ်ရန် ၎င်းတို့ကို အသုံးပြုရန် စီစဉ်ခဲ့သည်။
အမှန်တော့ သူမစိတ်ထဲ စွဲသွားခဲ့သည်။ သူမသည် ဤပုံများကို သူ့ကလေးများ၏ dudou* တွင် ချည်ထိုးလိမ့်မည်ဖြစ်သည်။ လာမည့်နွေရာသီတွင် အမွှာများသည် တွားသွားနိုင်မည်ဖြစ်သည်။ ကြာပန်းများဖြင့် ကစားနေသော ငါးကြင်းနီများ ချယ်လှယ်ထားသည့် dudou ကို ဝတ်ထားလိုက်ကြလျှင် ဘယ်လောက်တောင်ချစ်စရာကောင်းလိုက်မလဲ။
(dùdōu – ရင်ဘတ်နှင့် ဝမ်းဗိုက်ကို ဖုံးအုပ်ထားသော အတွင်းခံ)
“မင်းကြိုက်ရင် အိမ်သစ်မှာ ရေကန်တူးပြီး ကြာပန်းတွေ စိုက်ကြမယ်လေ…” လင်းစစ်ယောင်က အနောက်မှ လှမ်းပြေလိုက်ာသည်။ သေးသွယ်မနေတော့သော သူမ၏ခါးကို ဖက်ထားရန် သူ့လက်များကို ဆန့်ထုတ်လိုက်သည်။ သူမ၏ ဗိုက်ဝိုင်းကို ပွတ်သပ်ရင်း ရယ်မောကာ အကြံပြုလိုက်သည်။
"ကျွန်မတို့လုပ်နိုင်ပါ့မလား" စုရွှေလျန်သည် သူမ၏ အနက်ရောင် အမွေးနှင့်တူသော မျက်တောင်များကို ခတ်လိုက်သည်။ သူမ၏ တောက်ပသော မျက်လုံးများသည် ပျော်ရွှင်မှုနှင့် အံ့သြမှုများဖြင့် ပြည့်နှက်နေသည်။
"မင်းကြိုက်ရင် ငါတို့ဘာလို့မလုပ်နိုင်ရမှာလဲ။" လင်းစစ်ယောင်က သူမ၏ ချစ်စဖွယ် နှာခေါင်းကို ညှပ်လိုက်သည်။ “ဒါ့အပြင် ငါတို့မှာ မြေနှစ်ဧကရှိတယ်။ အိမ်ဆောက်ဖို့ တစ်ဧကသုံးမယ်၊ တခြားဧကနဲ့ လုပ်ချင်သလို လုပ်လို့ရတယ်လေ”
"အင်း... ဒါဆို ကျွန်မတို့ ရေကန်လေးတစ်ခုထားရအောင်..." စုရွှေလျန်က သူ့ကို ကုလားထိုင်ပေါ်တွင် ထိုင်ခိုင်းပြီး သူ့ကို ဖက်ထားလိုက်သည်။
သူမ၏ယခင် စုအိမ်သည် သေးငယ်သော် လည်း ကောင်းမွန်သောကြာကန်တစ်ခုရှိသည်ကို သူမ သတိရမိသည်။ ပန်းရောင်နှင့် အဖြူရောင်ကြာပန်းများ၊ နီညိုရောင် ငါးကြင်းများနှင့် ပြည့်နေခဲ့သည်။
နွေရာသီတွင် ငါးကြင်းများသည် ၎င်းတို့၏ သန်စွမ်းသော ဘဝများကို ပြသကြသည်။ သူတို့သည် ဆောင်းဦးပေါက်သည်အထိ တည်ရှိနေပေလိမ့်မည်။ ကြာပန်းအားလုံး ပွင့်ပြီးနောက် ငြိမ်သက်နေသော ရေထဲတွင် အရွက်စိမ်းစိမ်းများသာ ကျန်ရှိတော့သည် ။ ဆောင်းဦးမိုးသည် နှလုံးသား၏ ပြတင်းပေါက်ကို လှုပ်ခတ်သွာခဲ့းသည်၊ ၎င်းသည် အခြားတိုင်းတစ်ပါးရှုခင်းဖြစ်လိမ့်မည်။
"မင်း အိမ်သစ်မှာ မြေအောက်ခန်း လိုချင်တယ်လို့ စစ်ထူယွင်ဆီကကြားခဲ့တယ်" လင်းစစ်ယောင်သည် သစ်ပင်ထိပ်များထက်မှ နေရောင်ကို ငေးကြည့်နေသည်။ သူက စားပွဲဘေးမှ ကုလားထိုင်တွင်ထိုင်ပြီး စုရွှေလျန်ကို သူ့ပေါင်ပေါ်တင်လိုက်သည်။ သူ့မေးစေ့ကို သူမပခုံးပေါ်တင်လိုက်ပြီး အိမ်အသစ်၏ ဒီဇိုင်းကို စတင်ဆွေးနွေးခဲ့သည်။
စစ်ထူယွင်အတွက် မြေလေးဧကကျော်တွင် ဆောက်ထားသည့် အိမ်သည် နောက်ဆုံးအဆင့်သို့ ရောက်လုနီးနေပြီဖြစ်သည်။
အိမ်အလှဆင်ရန်အတွက် ဝါး၊ မြက်နှင့် ပန်းပင်များ စိုက်ပျိုးခြင်းအပြင် အိမ်သုံးပစ္စည်းများကို ပုံမှန်အိမ်သုံးပစ္စည်းများဖြင့် သန့်စင်ရန် လိုအပ်ပါသည်။
ထို့ကြောင့် ဆောင်းဦးရာသီတွင် သူတို့၏အိမ်တံခါးဝတွင် ရာသီဥတုအေးလာပြီး လင်းစစ်ယောင်သည် ၎င်းတို့၏ နှစ်ဧကကျယ်သော အိမ်အသစ်ကို စတင်ဆောက်လုပ်ရန် ဆုံးဖြတ်ခဲ့သည်။ သူ့မိန်းမ မမွေးခင် သူတို့ အိမ်ဆောက်ခြင်းပြီးသွားနိုင်ပါသည်။ ထို့နောက် သူမ၏ ပင်ပန်းမှုနှင့် နာလန်ထမှုအတွက် ပြင်ဆင်ရန် အိမ်သစ်သို့ ပြောင်းရွှေ့နိုင်ကြမည်။ ပြီးတော့ သူက သူမနှင့် ကလေးများကို ဂရုစိုက်ရန် ပိုအာရုံစိုက်နိုင်ပါသည်။
မပြီးနိုင်လျှင်တောင် အနည်းဆုံးတော့ ဤနှစ်ကုန်တွင် ခုနစ်ဆယ်မှ ရှစ်ဆယ် ရာခိုင်နှုန်းလောက် ပြီးသွားမှာဖြစ်သည်။ နောက်နှစ် နွေဦးပေါက်လာသည့်အခါ ကျန်ရှိသော အစိတ်အပိုင်းများကို ပြီးအောင် သန့်ရှင်းရေးလုပ်ပြီး ရွှေ့ပြောင်းနိုင်ပါသည်။
"ရှင်ဘယ်လိုထင်လဲ မြေအောက်ခန်း တူးတာက အလုပ်နည်းနည်းများနေမလား” စုရွှေလျန်က သူ့ကို လှည့်ကြည့်လိုက်သည်။ မြေအောက်ခန်းထားခြင်းမှာ အကျိုးကျေးဇူးများ အများကြီးရှိပါသည်။ အသုံးမပြုရသေးသော အစားအစာများ သို့မဟုတ် အသုံးမပြုရသေးသောပစ္စည်းများ သိမ်းဆည်နိုင်ပြီး အများစုမှာ နွေရာသီကာလဖြစ်ပြီး သစ်သီးဝိုင်ပြုလုပ်ရန် အချဉ်ဖောက်နိုင်သည့် အသီးအနှံမျိုးစုံကို ရရှိခဲ့သည်။ သူတို့ကို စောင့်ရှောက်ရန် နေရာတစ်ခုရှိမည်ဖြစ်သည်။ ယွင်အာ ပြောခဲ့သလိုပင် သစ်ပင်များအောက်တွင် အိုးများကိုမြှုပ်ရန် မြေကိုဆက်တူးနေလျှင် အမြစ်များ ပျက်စီးသွားနိုင်သည်။
“အဆင်ပြေပါတယ်။ အလုပ်သမားတွေကို ဒီဇိုင်းတချို့ ပြင်ဆင်ခိုင်းထားတယ်။ မြေအောက်ခန်းနဲ့ အိမ်မဆောက်ရသေးပေမယ့်ပေါ့…” လင်းစစ်ယောင်က ငုံ့ပြီး သူမနှုတ်ခမ်းထောင့်ကို ပွတ်လိုက်သည်။ သူတို့ ရွေ့ပြောင်းရန်အလျင်စလို မဟုတ်ခဲ့ပါ။ မြေအောက်ခန်းတစ်ခုအတွက် တစ်လ သို့မဟုတ် နှစ်လသာ နောက်ကျလိမ့်မည်။ သူမကြိုက်သရွေ့တော့ သူ့အတွက် အဆင်ပြေပါသည်။
“ရှင် ဒါကိုကြည့်လိုက် ရှင်ကြိုက်ရဲ့လား" သူ့ကိုကြားသောအခါ စုရွှေလျန်က သူ့အံဆွဲထဲမှ မြေအောက်ခန်းဒီဇိုင်းကို ဆွဲထုတ်လိုက်သည်။ သူမသည် စိတ်ကူးတစ်ခုရှိခဲ့ပြီး လွန်ခဲ့သည့်ရက်အတော်ကြာက ၎င်းကိုဆွဲခဲ့သည်။ငယ်ငယ်က သူမအဘိုးအဘွားအိမ်မှ သူ့ဝမ်းကွဲနှင့် သွားလည်ဖူးသည့် မြေအောက်ခန်း၏ ပုံကြမ်းဖြစ်သည်။
“ဒါက…. ” လင်းစစ်ယောင်သည် ပန်းချီကားကို ဖွင့်ကာ ခဏလောက် လေ့လာခဲ့သည်။ ထို့နောက် သူမကို ပြုံးပြလိုက်သည်။ "ဒါဆို သူတို့ ဦးနှောက်ကို အများကြီး ညှစ်ထုတ်နေစရာမလိုတော့ဘူး..."
"တကယ် အဆင်ပြေရဲ့လား" စုရွှေလျန်သည် သူ့ကိုကြည့်ကာ မသေချာသလို ခံစားလိုက်ရသည်။ “ကျွန်မက ကျွမ်းကျင်တာ မဟုတ်ဘူး။ ဒီအတိုင်း ပေါ့ပေါ့ပါးပါးပဲ ဆွဲခဲ့တာ။ ”
"စိတ်မပူပါနဲ့၊ ဒါက အသေးစိတ်လောက်ပါပဲ…" လင်းစစ်ယောင်ထံမှ အနမ်းတစ်ခုကို ခိုးယူလိုက်ပြန်သည်။ ဝမ်းဗိုက်အောက်ပိုင်းရှိ သူ၏ဆန္ဒမီးတောက်ကို ဖိနှိပ်ရန် ကြိုးစားရင်း ကျယ်လောင်သောအသံဖြင့် “မင်းက ရတနာတွေကို ဖုံးကွယ်ထားတဲ့ သေတ္တာအစစ်ပဲ အချိန်မရွေး ပျော်ရွှင်မှုကို ပေးနိုင်တယ်။ ”
“မဟုတ်ပါဘူး…” စုရွှေလျန်က မျက်မှောင်ကြုတ်လိုက်သည်။ သူပြောသလောက် သူမသည် မကောင်းပါ။
သူမ၏ ကံကြမ္မာမှာ လုံလောက်ပါသည်။ ငယ်ငယ်ကတည်းက အကြောင်းအရာအများကြီး မလေ့လာခဲ့ရသော်လည်း သူဖတ်ဖူးသည့် စာအုပ်များနှင့် သူကြားခဲ့ရသော စိတ်ဝင်စားစရာများက တော်တော်များပါသည်။ အရင်းအမြစ်နှစ်ခုကို ပေါင်းစပ်ပြီး သူမသည် အသိပညာနှင့် အတွေ့အကြုံ အနှစ်နှစ်ဆယ်ရှိပါသည်။
သို့သော် လင်းစစ်ယောင်၏ ရိုးသားသော ချီးကျူးမှုကို ရင်ဆိုင်လိုက်ရသောအခါ သူမ အနည်းငယ် အပြစ်ရှိသလို ခံစားခဲ့ရသည်။ အရာအားလုံးမှာ သူမ ခိုးယူထားသည့် မှတ်ဉာဏ်များသာ ဖြစ်ပုံရသည်။ မတရားဘူး မဟုတ်လား။
"မင်း ဘာပဲဖြစ်ဖြစ် ငါက မင်းကိုမြင်နေရရုံနဲ့ လုံလောက်ပြီ…” လင်းစစ်ယောင်က သူ့အချစ်များကို မထိန်းနိုင်တော့ပေ။ ချိုမြကာ နီရဲနေသော နှုတ်ခမ်းများကို လေးလေးနက်နက် နမ်းလိုက်သည်။ သူမသည် သူ့အပိုင်ဖြစ်ပြီး သူမ၏ အလှတရားနှင့် ကောင်းမှုများက သူ့ တစ်ယောက်တည်းအတွက်သာဖြစ်သည်။
“အားယောင်…” သူမသည် သူဖန်တီးထားသော အပူဒဏ်ကို ခံနိုင်ရန် သူ့ပေါင်ပေါ်တွင် ထိုင်ကာ ခေါင်းကို စောင်းထားလိုက်သည်။
“ဘယ်သူမှ ဒီကိုလာမှာမဟုတ်ဘူး…” မကြာသေးမီရက်များစွာအတွင်း စစ်ထူယွင်သည် ၎င်း၏မစ်ရှင်ဆောင်ရွက်ရန်အတွက် မြို့သို့သွားခဲ့သည်။ ထျန်းတပေါင်သည် အိမ်ကြီး၏ ဆောက်လုပ်မှုကို စစ်ဆေးရန် သူ၏ ညွှန်ကြားချက်အောက်တွင် အလုပ်လုပ်နေသည်။ ပစ္စည်းတစ်ခုခုလိုလျှင် မြို့ကိုသွားရမည်ဖြစ်သည်။ သို့မှသာ တည်ဆောက်ချိန်ကို အများကြီး သက်သာစေမှာဖြစ်သည်။
ထို့ကြောင့် အိမ်ထဲသို့ဝင်ရန် နံရံကိုတက်မည့် သူတို့နှစ်ဦးမှလွဲ၍ လင်းစစ်ယောင် သည် တစ်ယောက်ယောက် သူ့အိမ်ထဲသို့ ဖောက်ဝင်လာမည်ကို စိတ်မပူခဲ့ပေ။
“ဒါပေမယ့်…” စုရွှေလျန်က သူမမျက်နှာကို သူ့လည်ပင်းမှာ မြှုပ်ထားလိုက်သည်။ သူမသည် ရှက်ရွံ့၍ သေသွားနိုင်ပါသည်။
“ဟား…” လှပသော နှုတ်ခမ်းများမှ ခွာလိုက်ကာ တိတ်ဆိတ်စွာ ရယ်မောလိုက်သည်။ သူမကို ချက်ချင်းပင် သူတို့အိပ်ခန်းထဲ ပြန်ခေါ်သွားခဲ့သည်။ မကြာသေးမီက သူမသည် ပို၍ စိတ်အားထက်သန်လာခဲ့သော်လည်း စာဖတ်ခန်းထဲတွင် သူနှင့်ချစ်ရည်လူးဖို့ရန် သတ္တိမရှိခဲ့ပေ။ ထို့အပြင် ကုတင်ပေါ်တွင် လှဲလျောင်းခြင်းက သူမကို ပိုမိုကောင်းမွန်စေပါသည်။ သူမနှင့်သူမ၏လေးလံသောခန္ဓာကိုယ်ကိုတစ်ချိန်တည်းတွင် ကိုင်တွယ်ရန်မလိုအပ်ပါ။
စုရွှေလျန်က သူမကို သူတို့၏ အိပ်ခန်းထဲ ပြန်ခေါ်သွားခိုင်းခဲ့သည်။ ပန်းရောင်တောက်နေသော ခန္ဓာကိုယ်က သူမ၏ရှက်ရွံ့မှုကို ထင်ရှားစေပါသည်။ သူမ ဤအဝတ်အစားများဝတ်ပြီး နှစ်နာရီပင် မပြည့်သေးဘဲ ယခု ချွတ်ရတော့မည်ဖြစ်သည်...
“အားယောင်…” သူမ မထိန်းနိုင်ဘဲ အနည်းငယ် ညည်းညူလိုက်သည်။
“နာခံလိုက်… စိတ်အေးအေးထား အဆင်ပြေသွားလိမ့်မယ်…” သူသည် သူမ၏ ချောမွေ့နူးညံ့သော အသားအရေကို ဆုပ်ကိုင်ထားသည်။ စုရွှေလျန်သည် ကိုယ်ဝန်ရပြီးနောက်တွင် ကိုယ်ဝန်ဆောင်အမျိုးသမီးအများစုကဲ့သို့ တင်းတိပ်များ မပေါက်လာပေ။ ဆန့်ကျင်ဘက်အားဖြင့် သူမ၏အသားအရေသည် ပိုမိုဖြူဝင်းလာကာ လင်းစစ်ယောင်က ၎င်းကို သဘောကျစွာ ကျီစယ်စေခဲ့သည်။
ယခင်က သွေးအေးသည့် လုပ်ကြံသတ်ဖြတ်သူသည် ချစ်မိသွားသည့်အခါ နားမလည်နိုင်လောက်အောင်ပင် ရူးသွပ်သွားခဲ့သည်။ သူ့ကိုယ်သူ မထိန်းနိုင်လောက်အောင် ဖြစ်နေခဲ့သည်။
အနှစ်နှစ်ဆယ်ကျော်ကြာအောင် သူ့နှလုံးသားအောက်ခြေတွင် နှိမ့်ချထားသည့် ချစ်ခြင်းမေတ္တာကို သူမက လောင်ကျွမ်းသွားစေသလိုပင်ဖြစ်သည်။ မီးလောင်ပြီးသည်နှင့် ထိုမီးမှာ ဘယ်တော့မှ မငြိမ်းတော့ပေ။
“ရွှေလျန်…” သူ နှုတ်ခမ်းကို အသုံးပြုကာ သူမ၏ နွေးထွေးသော တုံ့ပြန်မှုကို တောင်းဆိုရင်း ညည်းညူလိုက်သည်..။
အပြင်တွင် ပူလောင်နေသော နွေနေရောင်မှာ လွှမ်းမိုးနေပါသည်။ အခန်းအတွင်း၌ ကိလေသာအပူလှိုင်းများက သူတို့နှစ်ယောက်ကို လောင်ကျွမ်းစေခဲ့သည်။
ချွေးသီးများသည် ချောမောပြီး မာနကြီးသော မျက်နှာပေါ်မှ လှိမ့်ဆင်းကာ ဖြူဖွေးသော ရင်ဘတ်ပေါ် ကျဆင်းလာခဲ့သည်။ သူ၏ နက်နဲသော မျက်လုံးများက နားမလည်နိုင်သော အချစ်ပမာဏကို ပြသနေခဲ့သည်။
……….
"ရှစ်ဖူ၊ ကျွန်တော့်အဖေပြောတာတော့ အိမ်ပြီးသွားပြီတဲ့။ အဲဒီကိုသွားပြီး စစ်ဆေးချင်သေးလား။" အဋ္ဌမမြောက် လဆန်းတစ်ရက်နေ့ နေ့လည်ခင်းတွင် လင်းစစ်ယောင်သည် စုရွှေလျန်အား နေ့လည်စာအတွက်သွားခေါ်ခံနီးတွင် ထျန်းတပေါင်သည် သူ့ခြံထဲသို့ ပြေးလာခဲ့သည်။
"အိုး မြန်လှချည်လား" လင်းစစ်ယောင်က မျက်ခုံးပင့်လိုက်သည်။ အရာအားလုံး မပြီးခင် ဆယ်ရက်ခန့်သာ ကြာပါသည်။
“ဟုတ်တယ် အဖေက နှစ်ဧကကျယ်တဲ့ အိမ်လေးဆောက်ဖို့ ရာသီဥတုကောင်းတဲ့အချိန်ကို ဆုပ်ကိုင်ထားသင့်တယ်လို့ပြောတယ်…” သူ့အလုပ်သမားများအတွက် နှစ်သစ်ကူးအားလပ်ရက်တွင် သာယာလှပသော နှစ်သစ်ကူးအားလပ်ရက်လေး ပိုင်ဆိုင်ရန် အဆင်ပြေနိုင်ပါသည်။
အကယ်၍ ဤပရောဂျက်ကို ချောမွေ့စွာ ဆက်လက်လုပ်ဆောင်ပါက ၎င်းတို့သည် ပုံမှန်အားဖြင့် နှစ်နှစ်ကြာမြင့်မည့် လစာကို ရရှိနိုင်သည်။
ဟုတ်ပါသည်၊ ထျန်းတပေါင်က တခြားသူကို အကြောင်းပြချက်ပြောပြရန် သိပ်မိုက်မဲတာတော့ မဟုတ်ပါ။ အားလပ်ချိန်အတွင်း အလုပ်သမားများ၏ စကားပြောသံကို သူကြားခဲ့ရသည်။
“မင်းအဖေ အကြံပေးတဲ့အတိုင်း ငါတို့လုပ်သင့်တယ်…” ၎င်းသည် သူ့စိတ်ထဲတွင် စွဲနေသလိုဖြစ်ကာ လင်းစစ်ယောင်က ဘာမှမထူးခြားဘဲ ခေါင်းညိတ်လိုက်သည်။ “နောက်မှ သူ့ကို ပုံကြမ်းတွေ ပေးလိုက်မယ်။”
“ကောင်းပြီ…” ထျန်းတပေါင်က သူ့မျက်လုံးများကို မှိတ်ထားပြီး ခေါင်းညိတ်ပြသည်အထိ ပြုံးလိုက်သည်။ သူ့စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည့်အခါ ထျန်းတဖူကို သတင်းပို့ရန် သူပြန်သွားပါတော့သည်။ သူက လှည့်ပြီး "ရှစ်ဖူ၊ အခုတလော စစ်ထူ ဘယ်ရောက်နေတာလဲ" ဟု မေးလိုက်သည်။
စစ်ထူယွင်သည် အပြစ်မဲ့ ထျန်းတပေါင်နှင့် မိတ်ဖွဲ့ရန် အချိန်အတော်ကြာအောင် နေခဲ့ရပြီး ၎င်းတို့၏ ဆက်ဆံရေးသည် အလွန်နီးကပ်လွန်းသည်လည်းမဟုတ် အလွန်ဝေးလွန်းသည်လည်းမဟုတ်ဖြစ်သည်။
ခင်မင်ရင်းနှီးကြသော်လည်း အမှန်တကယ်တော့ သူတို့သည် အပေါင်းအဖော်များကဲ့သို့ပင်ဖြစ်သည်။ သူတို့သည် စုရွှေလျန်၊ လင်းစစ်ယောင်ကို ကာကွယ်ရန် လက်တွဲဖော်များက အမိန့်ပေးခဲ့သည်။
"သူ အလုပ်ကိစ္စတစ်ခုလုပ်ဖို့ မြို့ကိုသွားတယ်..." လင်းစစ်ယောင်က စုရွှေလျန်ကို အိပ်ရာပေါ်တင်ပြီး စောင်ပါးပါးလေးဆွဲကာ သူမကိုခြုံပေးကာ "ကောင်းကောင်းအနားယူလိုက် ကိုယ် ထျန်းအိမ်ကိုသွားလိုက်ဦးမယ်။ ငါပြန်လာခဲ့မယ်။”
“ကောင်းပြီ…” စုရွှေလျန် ခေါင်းညိတ်သည်။ “အချိန်ရရင် အနားယူသင့်တယ် ရှင်ကိုယ်တိုင် အလုပ်တွေအလွန်အကျွံမလုပ်နဲ့။”
နွေရာသီတွင် လယ်ကွင်းများနှင့် လုပ်စရာများအများကြီးရှိပါသည်။ မနက်အစောကြီးထပြီး အနားယူချိန်သိပ်မရှိပဲ ညဉ့်နက်သည့်အထိ အလုပ်ရှုပ်နေတာတွေ့သောအခါ သူ့အတွက် စိုးရိမ်မိသည်။
"သိပါတယ် အိပ်တော့…” လင်းစစ်ယောင်၏ နှုတ်ခမ်းထောင့်များက ကွေးညွတ်သွားခဲ့သည်။ အနားယူရန် တောင်းဆိုရင်း သူမနှုတ်ခမ်းကို ကိုက်လိုက်သည်။ ထို့နောက် ပင်မအိမ်တွင် လက်ဖက်ရည်သောက်နေသော ထျန်းတပေါင် ကို သွားခေါ်လိုက်သည်။ "သွားကြရအောင်။ မင်းအဖေကိုရှာရအောင် အိမ်သစ်အကြောင်းပြောမယ် ”
“ရှစ်ဖူ၊ အိမ်အသစ်ဆောက်ပြီးရင် ဒီအိမ်ကို ဘာလုပ်မှာလဲ" ဤအိမ်က သူ့အိမ်ထက် ပိုလှပါသည်။ ဤနေရာတွင် မည်သူမျှ မနေထိုင်ပါက အလဟဿဖြစ်လိမ့်မည်။
“ဖြိုချပြီး အသစ်ဆောက်မယ်…” လင်းစစ်ယောင်သည် ထျန်းတပေါင် ရှေ့မှ လျှောက်သွားပြီး ထျန်းမိသားစု၏ အိမ်ဆီသို့ လျှောက်သွားလိုက်သည်။
"ဘာ ဖြိုချပြီး... ပြန်ဆောက်မယ်ဟုတ်လား။ အိမ်တွေ ထပ်ဆောက်ချင်သေးတာလား…” ထျန်းတပေါင် ခဏကြာ အံ့သြသွားခဲ့သည်။ ထို့နောက် သူသည် မိုက်မဲစွာ အော်ဟစ်လိုက်သည်။ "အဖေနဲ့ဦးလေးဖန်က သွားတွေမကျွတ်မချင်း ပြုံးနေမှာပဲ"
နောက်နှစ်တွင် အလုပ်မလုပ်ခဲ့ဘူးဆိုရင်တောင် ဆောက်လုပ်ရေးလုပ်ငန်းကြီးသုံးခုကို အဆက်မပြတ်လုပ်နေရသောကြောင့် သူတို့၏ နေထိုင်စရိတ်အတွက် စိတ်ပူစရာလိုလိမ့်မည်မဟုတ်ပါ။ အခြားအရာများကို မပြောဘဲ အခြားမြို့နှစ်မြို့၌ အလုပ်မရသော လက်သမားနှင့် အလုပ်သမားများသည် မနာလိုစိတ်ဖြင့် မျက်လုံးများ နီရဲနေပေလိမ့်မည်။
သို့သော် ရှစ်ဖူနှင့် ရှစ်နျန်၊ နှင့်ကျန်လူများပေါင်းရင်တောင်... လေးယောက်သာ ရှိသေးသည်။ အိမ်နှစ်အိမ်တွင် ဘယ်လိုနေထိုင်ကြမလဲ။ ဟူး ရှစ်ဖူ၏ အတွေးများကို ဘယ်တော့မှ နားမလည်ခဲ့ပေ။ နာခံမှုရှိသည့် ဆောက်လုပ်ရေးကြီးကြပ်ရေးမှူးအဖြစ်သာ ဆက်နေသင့်ပါသည်...
***