← Chapters

ရုတ်တရက်ရောက်ရှိလာမှု

Vol. 4 Ch. 91

ရုတ်တရက်ရောက်ရှိလာမှု

Vol. 4 Ch. 91

စုရွှေလျန်သည် လင်းစစ်ယောင်၏ အိမ်ဟောင်းကို ကျောင်းအဖြစ် ပြန်လည်တည်ဆောက်ရန် စိတ်ကူးကို မကန့်ကွက်ခဲ့ပေ။

အိမ်သစ်၏ ဒီဇိုင်းကို အတည်ပြုပြီးနောက်တွင် အိမ်ဟောင်းကို ကျောင်းအဖြစ် ပြန်လည်တည်ဆောက်ရန် အခြားပုံကြမ်းတစ်ခုပြုလုပ်ရန် သူမသည် စာကြည့်ခန်းထဲတွင် ချုပ်နှောင်ထားရန် ဆုံးဖြတ်ခဲ့သည်။ သူ့အိမ်နှင့် ကျောင်းကြားတွင် ပေါင်းကူးတံထားတစ်ခုကိုပင် ထည့်ထားမည်ဖြစ်သည်။ နောက်ပိုင်းတွင် ကလေးများ ကျောင်းတက်ရတာ ပိုအဆင်ပြေမည်ဖြစ်သည်။

ကလေးများကို ပြုစုပျိုးထောင်ရသည့် နေ့ရက်များသည် မူလက အနည်းငယ် မှုန်မှိုင်းနေခဲ့သည်။ သို့သော် အိမ်သစ်၏ ဒီဇိုင်းနှင့် ဆောက်လုပ်မှုနှင့် အိမ်ဟောင်းကို ပြန်လည်မွမ်းမံခြင်းကြောင့် စုရွှေလျန်သည် အလုပ်များလာခဲ့သည်။ ဟုတ်ပါသည်၊ သူမ၏ အလုပ်ရှုပ်မှုမှာ တခြားသူများနှင့် မတူခဲ့ပါ။ သူမလုပ်သမျှမှာ လက်သမားများအလုပ်ရှုပ်စေသော အိမ်အလှဆင်ခြင်းဆိုင်ရာ ဆန်းသစ်သောစိတ်ကူးစိတ်သန်းများ ထွက်ပေါ်လာခဲ့သည်။

အဋ္ဌမလအလယ်သို့ ရောက်လာပြန်သည်။ ဆောင်းဦးနှောင်းပိုင်းတွင် ကောင်းကင်သည် ကြည်လင်အေးမြပါသည်။

နံနက်စောစောတွင် ထျန်းတပေါင်နှင့် စစ်ထူယွင်တို့သည် ဆောင်းဦးအလယ်ပိုင်းပွဲတော်အတွက် အစားအသောက်နှင့် ပစ္စည်းများဝယ်ယူရန် အစောပိုင်းလူစည်ကားသောဈေးကို အမီလိုက်နိုင်ရန် ဖန်းလော့မြို့သို့ သွားရောက်ခဲ့ကြသည်။ သူမ၏ကိုယ်၀န်ကြောင့် စုရွှေလျန်က သူတို့နှင့် မလိုက်နိုင်ခဲ့ပါ။

မနက်မိုးလင်းသောအခါ သူမနိုးလာပြီးနောက် စုရွှေလျန်သည် ပန်းသီးယိုပေါင်း ပေါင်းထားသော ကြက်သားဂျုံ ပန်းကန်လုံးတစ်လုံးကို ယူဆောင်လာခဲ့သည်။ ထို့နောက် စာသင်ခန်းသို့ မပြန်မီ ခြံဝန်းအတွင်း လမ်းလျှောက်ထွက်ခဲ့သည်။ သူမသည် လက်တင်ကုလားထိုင်ကြီးပေါ်တွင် ထိုင်ကာ တဟွေ့အင်ပါယာရှိ လက်ရှိနာမည်ကြီးကဗျာများကို သူမ၏ဗိုက်ထဲက ကလေးငယ်များကို ဖတ်ပြနေသည်။

 ………

လင်းစစ်ယောင်သည် နံနက်စောစောတွင် ၎င်းတို့၏ အိမ်သစ်ဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ သွားခဲ့ပြီး နေ့လည်မတိုင်မီ အိမ်သို့ ပြန်လာခဲ့သည်။

စစ်ထူယွင်သည် ညစာစားပွဲကြီးတစ်ခုကို ချက်ပြုတ်မည်ဟု သတိပြုမိသဖြင့် နေ့လည်စာအတွက် ဟင်းရွက်ဟင်းရည်နှင့် ပုဇွန်ခေါက်ဆွဲပြုတ် နှစ်ပန်းကန်သာ ချက်ထားခဲ့သည်။ စုရွှေလျန်အတွက် ကြက်ဥပြုတ်နှင့် ရှာလကာရည်သခွားသီးပန်းကန် တစ်လုံးကိုလည်း ချက်ပေးခဲ့သည်။

နေ့လည်စာစားပြီးနောက် လင်းစစ်ယောင်သည် ပန်းကန်များကို သန့်စင်ပေးခဲ့သည်။ စုရွှေလျန် တစ်ရေးတစ်မောအိပ်ခါနီးတွင်တစ်စုံတစ်ယောက်၏ တံခါးလာခေါက်သံကို သူကြားလိုက်ရသည်။

"အားယောင် ဘာဖြစ်နေတာလဲ ဘယ်သူလဲ"

လင်းစစ်ယောင်သည် တံခါးမှပြန်မလာသေးသဖြင့် စုရွှေလျန်သည် သူမ၏ဗိုက်ကြီးအား ထောက်ကာ တံခါးအပြင်ကိုကြည့်ရန် လင်းစစ်ယောင်ဆီကို စူးစမ်းလိုစိတ်ဖြင့် လျှောက်သွားခဲ့သည်။

ပထမတစ်ချက်တွင် ၎င်းသည် ပြဿနာဖြစ်မည်ကို သူမသိပါသည်။ သူတို့အိမ်အပြင်ဘက်တွင် မြင်းလှည်းဆယ်စီးလောက်က ရွာလမ်းပေါ်တွင် တန်းစီနေခဲ့သည်။ လက်ထဲတွင် ဓားတစ်ချောင်းကိုင်ထားသော အစောင့်တစ်ယောက်သည် မြင်းလှည်းတစ်စင်းစီတွင် ရပ်နေခဲ့သည်။

ဤလမ်းတလျှောက်တွင် ဤမြင်းလှည်းတွဲများက လူတော်တော်များများကို ဆွဲဆောင်ခဲ့သည်။ အဝေးမှကြည့်ရန် ရပ်လိုက်ကြသည် သို့မဟုတ် ဝိုင်းဖွဲ့ကာ အသံတိုးတိုးဖြင့် စကားစမြည်ပြောနေကြသည်။ တခါတရံတွင် သူတို့သည် ကြည်နူးစရာကောင်းသည့် အကြည့်များဖြင့် ငေးကြည့်နေကြသည်။

စုရွှေလျန် သည် ဤအဖြစ်အပျက်ပြီးနောက်တွင် သူမ၏မိသားစုသည် ငြိမ်းချမ်းသောဘဝသို့ရောက်လိမ့်မည်မဟုတ်ကြောင်း သိလိုက်ရသည်။ ဟူး၊ သူမသာရွေးချယ်နိုင်ခဲ့လျှင် ဤမင်းသားကျင်း၏ စတုတ္ထမြောက်သခင်မလေးဆိုသည့် အထောက်အထားကို သူမ မလိုချင်ခဲ့ပါ။

ဤအခိုက်အတန့်တွင် အသက်လေးဆယ်ကျော် အမျိုးသမီးတစ်ဦးသည် မြင်းလှည်းပေါ်မှဆင်းကာ အခြားမြင်းလှည်းတွဲမှ အစေခံခုနစ်ယောက်သည် စုရွှေလျန် ထံသို့လာ၍ "မင်္ဂလာပါ စတုတ္ထသခင်မလေး"

"သခင်မလေး ကျွန်မမိသားစုနာမည်က လျန်ပါ။ ဝမ်ရယ်နဲ့ ဝမ်ဖေးက သခင်မလေးကို အလုပ်အကျွေးပြုဖို့ ကျွန်မကို ဒီကို ပို့လိုက်တာပါ။ သခင်မလေး ကိုယ်ဝန်ရှိနေပြီဆိုတာ သိတော့ အရမ်းပျော်နေကြတယ်။ မင်းသမီးသာ နေမကောင်းမဖြစ်နေခဲ့ရင် သခင်မလေးဆီလာလည်ပါလိမ့်မယ်။" ရှေ့မှအမျိုးသမီးက သူမကို ပြုံးပြုံးရွှင်ရွှင် ရှင်းပြခဲ့သည်။

"မော့မော့… လျန်မော့မော့ ..." စုရွှေလျန်က ဘာပြန်ပြောရမှန်းမသိတော့ချေ။

"မြင်းလှည်းတွဲတွေမှာ သခင်မလေးအတွက် ပစ္စည်းတွေပါတယ်။ မင်းသမီးက သခင်မလေးအတွက် သူတို့ကို ပြင်ဆင်ခိုင်းထားတယ်။ သခင်မလေး တစ်စုံတစ်ရာလိုအပ်ရင် ကျွန်မကို ပြောပြနိုင်ပါတယ် ကျွန်မ ချက်ချင်း ဝယ်ခိုင်းလိုက်မယ်။" လျန်မော့မော့က ပြုံးပြီး မြင်းလှည်းအတွဲလိုက်ကြီးကို စုရွှေလျန် ငေးမောနေတာကို မြင်လိုက်ရပြီးနောက် ထပ်ရှင်းပြလိုက်သည်။

မင်းသားကျင်းစံအိမ်၏ စတုတ္ထမြောက်သခင်မလေးသည် ယခု သူမ၏ ရှေ့တွင် ရပ်နေသော မင်းသား၏ စံအိမ်သို့ လွန်ခဲ့သော နှစ်နှစ်ခန့်က တရားမဝင် သမီးတော်အဖြစ် ရောက်ရှိလာခဲ့သည်။ နောက်နွေဦးပေါက်တွင် သူမသည် စာတစ်စောင်ရေးပြီး အိမ်ကြီးမှ ထွက်ပြေးသွားခဲ့သည်။ ထိုအချိန်တွင် အိမ်ကြီးတစ်ခုလုံးသည် အကြီးအကဲဝမ်ရယ်အတွက် သူမမည်မျှအရေးကြီးကြောင်း သိရှိလာခဲ့သည်။

မဟုတ်လျှင် သူ့နှလုံးသားမှာ အလွန်နာကျင်နေမှာ မဟုတ်ပေ။ သူမကိုရှာရန် သူ့လူများကို စေလွှတ်ပြီး ပဉ္စမမြောက်သခင်မလေးကိုပင် သူမ လက်မထပ်မီ တစ်နှစ်လောက် စကားမပြောရန် အမိန့်ထုတ်ခဲ့သည်။ ထို့အပြင် ဝမ်ရယ်သည် သူမ၏တောင်းဆိုမှုအရ မင်းသားစံအိမ်တော်၏ ဘိုးဘွားခန်းမထဲသို့ သူမမိခင်၏ အမှတ်တရတက်ကျောက်တိုင်ကို ယူဆောင်လာခဲ့သည်။

လျန်ရှီ* က ဤအမျိုးသမီးသည် ပျော့ပျောင်းပြီး အရိုးမဲ့ပုံပန်းသဏ္ဍာန်နှင့်ရှုပ်ယှက်ခတ်နေချိန်တွင် သူမသည် ဝမ်ရယ်နှင့် အလွန်ဆင်တူသည်ဟု ယုံကြည်ခဲ့သည်။

 ဝမ်ဖေးတွင် ကလေးမရှိခဲ့ပေ၊ သို့ပေမယ့် သူမက တခြားမိန်းမများနှင့်ရသော ဝမ်ရယ်၏ သားနှင့်သမီးများကို အမြဲတမ်းချစ်ပြီး ရက်ရောတက်ပါသည်။ အထူးသဖြင့် မင်းသမီး၏ ဝမ်းကွဲတော်စပ်ခဲ့သော စတုတ္ထသခင်မလေး၏အမေဖြစ်သည်။ ထိုနှစ်တွင် ခွဲခွာခြင်းမှာ ဘုရားသခင်၏ အလိုတော်ဖြစ်သည်။ ပြန်ဆုံတွေ့ကြသောအခါတွင် သူမ၏ဝမ်းကွဲသည် သနားစရာကလေးမလေးကို ပြုစုစောင့်ရှောက်ထားခဲ့ပြီး ကွယ်လွန်သွားခဲ့သည်။

ကံမကောင်းစွာပင် အခြားဇနီးသည်များမှ သခင်မလေးများက သူမကို မနာလိုဖြစ်ခဲ့ကြသည်။

အထူးသဖြင့် အသက်တူသော်လည်း သူ့ထက် လပေါင်းများစွာငယ်သော ပဉ္စမသခင်မလေးဖြစ်သည်။ သူမကို နှောင့်ယှက်ရန်၊ လှောင်ပြောင်ရန်၊ အထင်ကြီးအောင် အမြဲကြိုးစားခဲ့သည်။ သူတို့ကဲ့သို့ အစေခံများပင် သည်းမခံနိုင်သည့် အကြိမ်များလည်း ရှိခဲ့ဖူးသည်။ သို့သော်လည်း သူတို့သည် သူမ၏ အဆင့်အတန်းကို ကြောက်ရွံ့ကြပြီး ဘာမှ မပြောနိုင်ဘဲ ဝမ်ရယ်နှင့် ဝမ်ဖေးအား သတင်းမပို့ဝံ့ပေ။

စတုထ္ထမြောက်သခင်မလေး ကိုယ်တိုင်ကိုယ်ကျ သွားပြီး တိုင်တန်းမည်ဟု တွေးထားခဲ့ကြသည်၊ နောက်တော့ ဒီစော်ကားမှုတွေကို ဘယ်သူက ဘယ်လိုခံရပ်နိုင်မလဲ။

ခံနိုင်ရည်မရှိသော စတုတ္ထသခင်မလေးက ဘာမှပြန်မပြောသည်ကို မည်သူမျှ မမျှော်လင့်ထားခဲ့ကြသော်လည်း သူမစကားပြောသောအခါတွင် သူမက သူတို့ကိုနှုတ်ဆက်ခဲ့သည်။

အစေခံများသည် သူမစာထဲတွင် သူမရေးထားသည်ကို မသိသော်လည်း ဝမ်ရယ်နှင့် ဝမ်ဖေးတို့က အရေးယူဆောင်ရွက်နေသည်ကို တွေ့လိုက်ရသဖြင့် အကြောင်းအရာကို ခန့်မှန်းနိုင်သည်- စတုတ္ထသခင်မလေးက ကျင်းဝမ်ရယ်က သူ့မိခင်အမည်ကို စာရင်းသွင်းခွင့်ပြုရန် သဘောတူရန် တောင်းဆိုခဲ့သည်။ ထို့နောက် ထွက်သွားပြီး ဘယ်တော့မှ ပြန်မလာတော့ချေ။

လျန်မော့မော့သည် သူမ၏ အတွေးရထားကို ရပ်လိုက်ပြီး သူမ၏ ခံစားချက်ကို ချိန်ညှိကာ စုရွှေလျန်အား ဝမ်ဖေး၏ သတင်းစကားကို ပြောပြခဲ့သည်။ "သခင်မလေး ဝမ်ဖေးက ကျွန်မတို့ကို သခင်မလေးရဲ့လူဖြစ်လာဖို့ အမိန့်ပေးထားတယ်။ သခင်မလေးရဲ့အမိန့်ကို ကျွန်မတို့နားထောင်ပါ့မယ်။"

"ဟင်" စုရွှေလျန် အံသြသွားခဲ့သည်။ သူမ ခေါင်းကို မော့ကြည့်ရင်း လင်းစစ်ယောင် ၏ မျက်နှာသည် မည်းမှောင်လာခဲ့သည် ။ "ဒါပေမယ့်... လျန်မော့မော့ ကျွန်မက လက်ထပ်ပြီးပြီလေ"

"ဒါက ကျွန်​​မအမှားပါ။ ကုရယ်" လျန်မော့မော့သည် စုရွှေလျန်၏ အကြည့်နောက်သို့ လိုက်ကာ တစ်ချိန်လုံး မတ်တပ်ရပ်နေသော လင်းစစ်ယောင်ကို ကြည့်လိုက်သည်။ သို့တိုင် သူ့ထံမှ အေးစက်သောဖိအားကို သူမ ခံစားနိုင်ပါသည်။ ဤယောက်ျားသည် စတုတ္ထသခင်မလေး၏ခင်ပွန်းဖြစ်ပြီး စိတ်နှလုံးအကြွင်းမဲ့ ထမ်းဆောင်ရမည့်သူဖြစ်ကြောင်း သူမက အတည်ပြုခဲ့သည်။ သူမနောက်မှ အိမ်ဖော်များနှင့်အစေခံများက လင်းစစ်ယောင်ကို တလေးတစား နှုတ်ဆက်လိုက်သည်။

 (ကုရယ်: သားမက်၊ အမျိုးကောင်းသမီး၏ခင်ပွန်းကို ရည်ညွှန်းပြောဆိုလေ့ရှိသော အစေခံစကား)

"အာ… မဟုတ်ဘူး… လျန်မော့မော့ ကျွန်မအဲ့လိုဆိုလို​တာမဟုတ်ဘူး။ အားယောင်နဲ့ ကျွန်မ ဒီမှာပဲနေဖို့ ဆုံးဖြတ်လိုက်ပြီ။ ကျွန်​​မတို့က ကျွန်​​မတို့ကို ခစားဖို့အစေခံတွေကို ဘယ်​တုန်းကမှ မ​လိုခဲ့ပါဘူး.." စုရွှေလျန်က တုံ့ဆိုင်းသွားပြီး ရှင်းပြချက်​ကို ပို​သေချာ​အောင်​လုပ်​လိုက်​သည်​။

"သခင်မလေး၊ အဲဒါက ကျွန်မတို့ရဲ့ ဝမ်ရယ်နဲ့ ဝမ်ဖေးရဲ့ စေတနာပါ။ သူတို့က သခင်မလေး ကိုယ်ဝန်ကြောင့် အရမ်းခက်ခဲမှာကို ကြောက်နေတယ်။ ကျွန်မတို့က သခင်မလေးကို ပိုဒုက္ခမပေးပါဘူး။" လျန်မော့မော့က အိမ်အကူ၊ အစေခံများနှင့် မြင်းလှည်းပေါ်ရှိ ပစ္စည်းအားလုံးကို လက်ခံသင့်သည်ဟု အခိုင်အမာပြောခဲ့သည်။

“ဒါပေမယ့်…” စုရွှေလျန်သည် သူမ၏အိမ်ငယ်လေးကို လှည့်ကြည့်လိုက်သည်။ "လျန်မော့မော့ လည်းမြင်သားပဲ၊ ကျွန်မတို့အိမ်မှာ အခန်းအများကြီးမရှိဘူး... ရှင်တို့မပြောနဲ့ ကျွန်မတို့မှာ ပစ္စည်းတွေထားဖို့ နေရာတောင် မရှိဘူး၊ ကျွန်မ ဝမ်ရယ်နဲ့ ဝမ်ဖေးရဲ့ ကျေးဇူးကို လက်ခံပါတယ်၊ ဒါပေမယ့် ဒါတွေက... “

"သခင်မလေး၊ ကျွန်မတို့က ဒီမှာလာပြီးတော့ သခင်မလေးနဲ့ ကုရယ်ကို ခစားဖို့ ဝမ်ရယ်နဲ့ ဝမ်ဖေးရဲ့ အမိန့်ကို လိုက်နာနေတာပါ။ သခင်မလေးသာလက်မခံရင် မင်းသားရဲ့စံအိမ်ကို ကျွန်မတို့ဘယ်လိုပြန်ရမှာလဲ၊" လျန်မော့မော့ ပြောပြီးသည်နှင့် သူမ ငြင်းရန်နေရာမရှိပေ။

နောက်ပိုင်းတွင် ဝမ်ရယ်၏ တင်းကျပ်သောမေးခွန်းများကို မည်သို့ရင်ဆိုင်ရမည်နည်းဟု တွေးကာ သူမနှင့် အတူမနေချင်ဟု ယူဆပါက အလုပ်ထုတ်ခံရမည်ဖြစ်သည်။ ထိုကြောင့် သူတို့သည် ဤနေရာတွင်နေပြီး စတုတ္ထသခင်မလေးကို တောင်းဆိုခြင်းမှာ ပိုကောင်းမည်ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် ဤတစ်ကြိမ်တွင် ဝမ်ဖေးက သူတို့ ပုံမှန်အားဖြင့် တစ်နှစ်ခွဲလောက် အလုပ်လုပ်ရမည့် အပိုဆုကြေးကို ပေးခဲ့ပါသည်။ သူတို့ပြန်လာခဲ့လျှင် အပိုဆုကြေးများမရရှိရုံသာမက ဝမ်ရယ်ထံမှလည်း အပြစ်ပေးခံရမှာဖြစ်သည်။

ထိုအကြောင်းကိုတွေးရင်း လျန်မော့မော့ တုန်လှုပ်ခြောက်ခြားသွားခဲ့သည်။ သူမသည် သူ့သားအတွက် ဇနီးကောင်းရှာရန် ဝမ်ဖေးအား အကူအညီတောင်းချင်သောကြောင့် မင်းသား၏အိမ်တော်သို့ မပြန်ချင်ခဲ့ပါ။

"ဒါပေမယ့်….တကယ်တော့ ကျွန်မတို့မှာ ရှင်တို့အတွက် နေရာမရှိဘူး" စုရွှေလျန် ရင်တွင်းထဲ သက်ပြင်းချလိုက်သည်။ သူမအိမ်တွင်အခန်းသုံးခန်းပင်ရှိသည်။ သူတို့ ဘယ်လောက်ပဲ ခက်ခက်ခဲခဲ ညှစ်နိုင်ပါစေ အစောင့်ရှစ်ယောက်၊ အိမ်အစေခံရှစ်ယောက်နှင့် မော့မော့တစ်ယောက်အတွက် အခန်းကို မစီစဉ်နိုင်ခဲ့ပေ။

“သခင်မလေး ဒီနေ့ ကျွန်မတို့နဲ့ မြင်းလှည်းပေါ်က ပစ္စည်းတွေကို သခင်မလေးရဲ့ အစီအစဉ်အတိုင်း လိုက်လုပ်ပါ့မယ်။ အခန်းမလုံလောက်ရင် ဒီရွာမှာ အိမ်ဝယ်လို့ရနိုင်မလားဆိုတာ မေးကြည့်လိုက်မယ်။ သခင်မလေးရဲ့ နေ့စဉ်ဘဝကို မသက်ရောက်စေရပါဘူး” လျန်မော့မော့က စုရွှေလျန်ကို ပြတ်ပြတ်သားသားပြောခဲ့သည်။

သူတို့မထွက်ခင်မှာ ဝမ်ဖေးက သူမကို သုံးရန် ပိုက်ဆံပေးခဲ့သည်။ စတုတ္တသခင်မလေးနှင့် ပတ်သက်သည့် အသုံးစရိတ်များ ရှိနေသမျှ ထိုပိုက်ဆံကို သူမသုံးနိုင်ပါသည်။ထို့ကြောင့် ယခု သူမသည် အစေခံများနှင့် ပစ္စည်းများကို စီစဉ်ရန် အိမ်တစ်လုံးရှာရန် အသုံးပြုနိုင်ပြီဖြစ်သည်။

"... လျန်မော့မော့..." စုရွှေလျန် အံ့သြသွားခဲ့သည်။ လျန်မော့မော့ကိုကြည့်ပြီး ဘာပြောရမှန်းမသိတော့ချေ။

"သခင်မလေး စိတ်မပူပါနဲ့။ သခင်မလေးကို နေ့စဉ် လာခစားဖို့ ကျွန်မစီစဉ်ပေးမယ်၊ သခင်မလေးရဲ့ ပို့ဆောင်မှုအတွက် ပြင်ဆင်မှု ပစ္စည်းတွေ အားလုံးကိုလည်း ကျွန်မ ပြင်ဆင်ပေးမယ်။ သခင်မလေးရဲ့ မွေးဖွားမှုနဲ့ ပြန်လည်ထူတောင်မှုအတွက် လိုအပ်တာမှန်သမျှ ကျွန်မသေချာ စီစဉ်ပေးပါ့မယ်။ သခင်မလေး ကျွန်မတို့ကို အားကိုးလို့ရပါတယ်" လျန်မော့မော့က အလွန်အံ့အားသင့်နေသေးသော စုရွှေလျန်ကို စိတ်ချလက်ချ ပြုံးပြလိုက်သည်။

ကိုယ်ဝန်ဖြင့် စတုတ္ထသခင်မလေးသည် အခြားနေ့ရက်များနှင့် အလွန်ကွာခြားပုံပေါက်သည်။ သူမ၏ မျက်နှာသည် လှပပြေပြစ်နေသေးသော်လည်း မာနကြီးပြီး အေးစက်နေဟန် မရှိတော့ပေ။ ယခု သူမသည် နူးညံ့သိမ်မွေ့မှုနှင့် ကျေးဇူးတရားများရှိသည်။ ၎င်းသည် သူတို့ ကုရယ်၏ ကုသိုလ်ဖြစ်ကောင်းဖြစ်နိုင်ပါသည်။

လျန်မော့မော့ ဆုံးဖြတ်လိုက်သည်။ သူတို့သည် ဤစတုတ္ထသခင်မလေးကို အတတ်နိုင်ဆုံး လေးစားပြီး ဆောင်ရွက်ပေးပါမည်။

"ဒါဆိုရင် စစ်ထိုရဲ့အိမ်က လွတ်နေသေးတယ်။ ခင်ဗျားတို့ အဲဒီကို ရွှေ့ပြီး အဲဒီပစ္စည်းတွေကို ခင်ဗျားတို့နဲ့အတူ ယူသွားနိုင်တယ်။ လောလောဆယ်တော့ ဟိုမှာနေလိုက်" လင်းစစ်ယောင် နောက်ဆုံးတော့ တိတ်ဆိတ်နေခြင်းကို ဖြိုခွင်းလိုက်သည်။ "စစ်ထူ မင်း ကြည့်လို့၀ပြီဆိုရင် သူတို့ကို အဲဒီကို လိုက်ပို့ပေးလိုက်"

ချက်ခြင်းပင် စစ်ထူယွင်သည် မြေပြင်ကို ညှစ်လိုက်သည်။ သူက လင်းစစ်ယောင်နှင့် စုရွှေလျန် တို့ကို ရှက်ရွံ့စွာ 'ဟီးဟီး' ရယ်မောလိုက်သည်။ ထို့နောက် လျန်မော့မော့ထံသို့ လှည့်ကာ "ခင်ဗျားတို့ ကျွန်တော့်နောက်ကို လိုက်ခဲ့ကြ"

လင်းစစ်ယောင်၏ အေးစက်သောအမိန့်နှင့် စစ်ထူယွင်၏ စကားသည် လျန်မော့မော့နှင့် တွဲဖက်၏ နားထဲတွင် နတ်သမီးလေး၏ အသံနှင့်တူသည်။

"ခွင့်ပြုပေးတဲ့အတွက် ကုရယ်နဲ့ သခင်မလေးကိုကျေးဇူးတင်ပါတယ်" လျန်မော့မော့က သူတို့ကို ကျေးဇူးတင်ပြီးနောက် သူ့နောက်မှ အစေခံများနှင့် အိမ်ဖော်များကို ဝှေ့ယမ်းပြလိုက်သည်။

အစောင့်များနှင့်အတူ မြင်းလှည်းပေါ်သို့ တက်ခဲ့ကြသည်။ မြင်းလှည်းမောင်းသူများသည် အနောက်ဘက်ရှိ လေးဧကကျယ်သော အိမ်ဆီသို့ မြင်းလှည်းတွဲများကို ဖြည်းညှင်းစွာ မောင်းနှင်ခဲ့ကြသည်။

မြင်းလှည်းဆယ်စီး ထွက်ခွာသွားသည်ကို ဘေးမှကြည့်နေကြသည်။ လင်းစစ်ယောင်၏ အေးစိမ့်စိမ့်အကြည့်ကြောင့် စိတ်ကို ထိန်းထားကာ သူတို့၏ သိချင်စိတ်ကို ထိန်းပြီး အိမ်ပြန်ခဲ့သည်။ ဤအဖြစ်အပျက်ကို ​မေးရန် တခြားနည်းလမ်းတွေ ရှိနေတုန်းပဲ မဟုတ်ဘူးလား။

"အားယောင် ရှင်ဘယ်လိုထင်လဲ" စုရွှေလျန်သည် လင်းစစ်ယောင်ကို မှီကာ သူမကို ပင်မခန်းသို့ ခေါ်သွားခိုင်းလိုက်သည်။ စူးရှသော နေရောင်ခြည်အောက်တွင် အပြင်ဘက်တွင် ရပ်နေခြင်းက သူမကို ပင်ပန်းစေသည်။

"ငါတို့ သူတို့ကို စောင့်ရှောက်ရမယ်။ နောက်ကျရင် လိုအပ်လာလိမ့်မယ်" လင်းစစ်ယောင်က ငုံ့ကြည့်လိုက်သည်။ သူမ ဘယ်လောက်တောင် ပင်ပန်းနွမ်းနယ်နေလဲဆိုတာကို သတိထားမိပြီး သူမကို ကောက်ချီလိုက်ပြီး သူတို့၏ အိပ်ခန်းထဲကို ခေါ်သွားလိုက်သည်။

"မင်း ပင်ပန်းနေပြီလား။ အရင် တစ်ရေးတစ်မော အိပ်လိုက်၊ နိုးတော့မှ စကားပြောကြတာပေါ့။"

"အင်း ကောင်းပြီ" စုရွှေလျန်မှာ ခေါင်းအုံးကို ထိလိုက်သည်နှင့် တပြိုင်နက် သူမ အိပ်ပျော်သွားခဲ့သည် ။

လျန်မော့မော့နှင့် အတူနေခွင့်ရရန် လင်းစစ်ယောင် ဆုံးဖြတ်ချက်ကို သူမ အပြည့်အဝယုံကြည်ခဲ့သည်။ သူလိုအပ်လိမ့်မည်ဟု ပြောလျှင် နောက်တွင် သေချာပေါက်လိုအပ်မည်ဖြစ်သည်။ ထို့ကြောင့် သူမသည် ရိုးရှင်းသော တွေးခေါ်မှုဖြင့် ပျော်ရွှင်သော ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးဖြစ်ရန် လိုအပ်ပြီး နေသာသောဆောင်းဦးရာသီ၏ နေ့လည်ခင်းတွင် အေးချမ်းစွာ အိပ်စက်အနားယူရန် လိုအပ်ပါသည်။

***

All Chapters