← Chapters

အောင်သွယ်တော်လုပ်ရန် မလွယ်ကူပါ

Vol. 4 Ch. 93

အောင်သွယ်တော်လုပ်ရန် မလွယ်ကူပါ

Vol. 4 Ch. 93

ရက်အနည်းငယ်ကြာပြီးနောက် မကြာမီ အဋ္ဌမမြောက်လသို့ကျော်လွန်သွားခဲ့သည်။ ကျန်ရှိသောပန်းပွင့်များပေါ်တွင် ရွှေရောင်တောက်တောက်များ တောက်ပနေသဖြင့် ဖန်းဟွာမြို့သည် ယခုအခါ ရိတ်သိမ်းရာသီကို ကြိုဆိုရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

လျန်မော့မော့သည် လင်းစစ်ယောင်နှင့်အတူ ရိတ်သိမ်းရန် လယ်တောသို့သွားရန် ထက်မြက်သောအစေခံအချို့ကို ရွေးချယ်ခဲ့သည်။ သူမသည် တိုက်ရိုက်လုပ်ရန် လယ်သမားအချို့ကို ငှားရမ်းချင်ခဲ့သည်။ နောက်ဆုံတွင် မင်းသားစံအိမ်မှ ကုရယ်က ဤသို့ ပင်ပန်းသည့်အလုပ်မျိုးကို မလုပ်သင့်ပေ။ သို့သော် သူမ၏ အတွေးများကို အသံထွက်ခါနီးတွင် လင်းစစ်ယောင်က သူမကို အကြည့်တစ်ချက်ဖြင့် လှမ်းကြည့်လိုက်သည်။ သူမစကားများကို ချက်ချင်းပြန်မျိုချလိုက်သည်။

သူမသည် အစေခံများအား ကုရယ်ကို ဂရုစိုက်ရန် တောင်းဆိုပြီး လေးလံလွန်းသော အလုပ်များကို လုပ်ခွင့်မပြုရန်ပြောခဲ့သည်။ ဒါပေမယ့် လက်တွေ့မှာ ဘာဖြစ်သွားတာလဲ။ အစေခံသုံးယောက်မှာ လင်းစစ်ယောင် လောက် အလုပ်မလုပ်နိုင်ခဲ့ချေ။

ယောက်ျာများက လယ်များရိတ်သိမ်းနေစဥ် လျန်မော့မော့က အိမ်အကူများကို ပဲတီစိမ်းဟင်းချို၊ လက်ဖက်ရည်အေးနှင့် အစားအစာတချို့ ချက်ပြုတ်ရန်ညွှန်ကြားခဲ့သည်။ သူတို့ သည် အရသာရှိပြီး အာဟာရရှိသော အချိုပွဲများကိုလည်း ပြုလုပ်ကြပြီး ထိုပေါ့ပါးသော အကျွေးအမွေးများကို လယ်ကွင်းသို့ အချိန်မီ ယူဆောင်လာခဲ့ကြသည်။

စုရွှေလျန်သည် ချွမ်းလန်နှင့် ရိုးရိုးရှင်းရှင်းအရာအချို့ကို ချယ်လှယ်ခဲ့သည်။ သူမ မောပန်းနွမ်းနယ်လာသောအခါတွင် ပျော့ပျောင်းသော အခင်းကို မှီ၍နေ၏ ငြီးငွေ့လာသည့်အခါ ဖတ်ရန် စာအုပ်များရှာခဲ့သည်။ တစ်ခါတစ်ရံတွင် သူမသည် အိမ်တွင်းရေးကိစ္စများအကြောင်း ချွမ်းလန်နှင့် အနည်းငယ် စကားစမြည်ပြောတတ်သည်။

အိမ်အစေခံ ချွမ်းလန်က တကယ်ကို အဆင်ပြေသည်ဟု ပြောရမည်။ အချိုရည် သို့မဟုတ် အစားအသောက် နာမည်ကို ပြောပြရုံဖြင့် အားလုံးလုပ်ပေးနိုင်ပါသည်။ ပြီးတော့ သူမသည် မည်သည့်အဝတ်အစားမျိုးကိုမဆို ပြုလုပ်နိုင်သည်။ သူမ၏ပန်းထိုးမှုစွမ်းရည်သည် စုရွှေလျန် လောက်မထူးချွန်သော်လည်း သူမသည် အတွင်းအဝတ်အစားများ၊ တို့တို့၊ ခြေအိတ်များနှင့် ဖိနပ်အမျိုးမျိုးကို ဖန်တီးနိုင်သည်... ထို့အပြင်သူမ၏ ထုတ်ကုန်အားလုံးသည် လှပပြီး ပြီးပြည့်စုံသည်။ လျန်မော့မော့သည် ချွမ်းလန်အား စုရွှေလျန်ကို ကိုယ်တိုင်ကိုယ်ကျအစေခံရန် တာဝန်ပေးအပ်ခဲ့သည်မှာ အံ့သြစရာမဟုတ်ပေ။ ချွမ်းလန်၏ အရည်အချင်းမှာ စုအိမ်တွင် တာဝန်ထမ်းဆောင်ဖူးသည့် အိမ်အစေခံနှစ်ယောက်ထက် အဆပေါင်းများစွာ သာလွန်ပါသည်။

"ချွမ်းလန် အရင်မင်းသမီးက မင်းကို ဒီကို ပို့ခဲ့တာလား ” ဟု စုရွှေလျန်က မေးလိုက်သည်။ ချွမ်းလန်သည် လက်ရှိတွင် ကျားခေါင်းဖိနပ်တစ်ရံကို ဖန်တီးရန် အာရုံစိုက်နေလေသည်။ ဤနေရာသည် ဧကရာဇ်မြို့နှင့် မိုင်ပေါင်းများစွာကွာဝေးပါသည်။ အစေခံကျွန် သို့မဟုတ် အစေအပါးများသည် ဤကျေးလက်ဒေသသို့ မရောက်လိုသည်မှာ သေချာပါသည်။

 (ကျားခေါင်းဖိနပ်– ကျားခေါင်းဖိနပ်သည် ကလေးများအတွက် ဖိနပ်အဖြစ် အသုံးပြုသည့် တရုတ်ရိုးရာ လက်မှုပစ္စည်းဖြစ်သည်။)

"သခင်မလေး ချွမ်းလန်က သခင်မလေးကိုခစားဖို့လာခဲ့တာပါ" ချွမ်းလန်သည် စုရွှေလျန်တစ်ယောက် စာအုပ်ကိုပိတ်ကာ စားပွဲအနီးရှိ ကုလားထိုင်ပေါ်တွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။ သူမနှင့် စကားစမြည်ပြောချင်နေပုံရတာကြောင့် သူမ၏ အလုပ်ကို ရပ်တန့်လိုက်ပြီး မတ်တပ်ရပ်ကာ ကလေးများဖွံ့ဖြိုးဖို့ရန်အတွက် အထူးသင့်တော်သည့် တော်ဝင်မြို့မှ ယူလာသော ဆေးဖက်ဝင်အပင်များ လက်ဖက်ရည်တစ်ခွက်ကို ယူလိုက်သည်။

ယခုတစ်ကြိမ်တွင် ဝမ်ရယ်နှင့် ဝမ်ဖေးမှ ရှီမော့မော့နှင့် လျန်မော့မော့တို့အား နေ့စဉ်သုံးပစ္စည်းများသာမက ကုန်ပစ္စည်းများစွာကို ပြင်ဆင်ကာ ယူဆောင်လာရန် အမိန့်ပေးခဲ့သည်။ အရောင်များစွာဖြင့် အစားအသောက်များ၊ အဖိုးတန် အထည်အလိပ်များ၊ အရည်အသွေးကောင်းမွန်သော ဆေးများနှင့် လက်ဖက်ရည်များနှင့် ပြသရန်နှင့် အလှဆင်ရန်အတွက် အဖိုးတန်ပစ္စည်းများကိုပင် ယူဆောင်လာခဲ့သည်။ ယေဘုယျအားဖြင့် သူတို့သည် မြင်းလှည်းကြီးဆယ်စီးဖြင့် သယ်ဆောင်လာခဲ့ရသည်။ ကုန်ပစ္စည်းမလုံလောက်လျှင် များများဝယ်ရမည်ဖြစ်သည်။ ချွမ်းလန်သည် ရှီမော့မော့ လက်အောက်တွင် တိုက်ရိုက်အလုပ်လုပ်ဖူးသည်နှင့်အမျှ ဝမ်ရယ်နှင့် ဝမ်ဖေးတို့သည် စတုတ္ထသခင်မလေးကို မည်မျှဂရုစိုက်ကြောင်း သူမသိပါသည်။

သူတို့၏ စတုတ္တသခင်မလေးသည် ထိုနေရာတွင် အချိန်အကြာကြီးနေခဲ့ရသောကြောင့် ဝမ်ရယ် နှင့် ဝမ်ဖေးသည် စိတ်မကောင်းဖြစ်ပြီး ဝမ်းနည်းမိပါသည်။ သူတို့၏ သခင်မလေးသည် ယခု အိမ်ထောင်ကျပြီး ကိုယ်ဝန်ရှိနေပြီဖြစ်သော်လည်း အသက်ကြီးသည့် ဇနီးမောင်နှံက ပျော်ရွှင်တာထက် ပိုစိုးရိမ်နေတာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါသည်။

မည်သို့ပင်ဖြစ်ပါစေ ဝမ်ရယ်နှင့် ဝမ်ဖေးတို့၏ နှလုံးသားထဲတွင် စတုတ္ထမြောက်သခင်မလေးက အရေးကြီးသည့် နေရာကို ရယူထားတယ်ဆိုတာ သူတို့ သေချာပေါက် သိပါသည်။ တော်ဝင်ဘွဲ့ကို အမွေဆက်ခံခဲ့သော ဝမ်ရယ်အသစ်အပြင် စတုတ္ထမြောက်သခင်မလေးသည် ဝမ်ရယ်နှင့် ဝမ်ဖေးတို့၏စိတ်တွင် ဦးစားပေးခံခဲ့ရသည်။

သို့ဖြစ်ရာ အရွေးခံရသော အိမ်အကူ၊ အစေခံများ၊ အစောင့်များကြားတွင် မည်သူကများ ဆန္ဒမရှိဘဲနေပါမလဲ။ ဤနေရာသည် မင်းသား၏စံအိမ်နှင့် တော်တော်ဝေးကွာသော်လည်း ခဏအကြာတွင် သူတို့သည် လိုက်လျောညီထွေရှိကြပြီး ဤမြို့ငယ်လေး၏ အေးချမ်းသာယာသောလေထုကို နှစ်သက်လာကြသည်။ တစ်သက်လုံး ဤနေရာတွင်နေရန် တောင်းဆိုခံရလျှင် အားလုံးက သဘောတူမှာဖြစ်သည်။ အနည်းဆုံးတော့ ယခု သူတို့သည် သာမန်ပြည်သူများကဲ့သို့ နေထိုင်နိုင်ပြီဖြစ်သည်။ လွတ်လွတ်လပ်လပ် အိမ်မှလည်း ထွက်သွားနိုင်သည်။ အိမ်မှုကိစ္စလုပ်ရင်းဖြင့် လွတ်လွတ်လပ်လပ် စကားပြောနိုင်သည်၊ သို့မဟုတ် လေကောင်းလေသန့်ယူရန်လည်း အပြင်ထွက်နိုင်သည်။ ဤနေရာ၌ ပထမတန်း အိမ်အကူဖြစ်ရန် သို့မဟုတ် အပိုဆုအနည်းငယ်ရရှိရန် အချင်းချင်း ပြိုင်ဆိုင်မှုကဲ့သို့သော အရာများသည် မည်သည့်အခါမျှ ဖြစ်လာမည်မဟုတ်ပေ။

ဤနေရာတွင် သူတို့၏အလုပ်များမှာ ရိုးရှင်းလွယ်ကူလှသည်။ ကြီးလေးသောအလုပ်တစ်ခုမှ မရှိခဲ့ပါ။ သူတို့အလုပ်များပြီးသရွေ့ သူတို့အားလပ်ချိန်များတွင် လျန်မော့မော့က သူတို့ကိုယ်ပိုင်အသုံးအဆောင်များ သို့မဟုတ် အဝတ်အစားများလုပ်ရန်နှင့် စာအုပ်များကို ငှားခွင့်ပြုခဲ့သည်။ ကျေးလက်တွင်နေထိုင်သော ပန်းထိုးသမား၏ သာမန်ဘဝနှင့် ထပ်တူနီးပါးဖြစ်ခဲ့သည်။

ထို့အပြင် ချွမ်းလန်အတွက် သူမတွင် နောက်ထပ်အရေးကြီးသော အကြောင်းပြချက်တစ်ခုရှိခဲ့သည်။ 'သူ' လည်းလာသောကြောင့် ဤနေရာကို လာရန် သူမ မတွန့်ဆုတ်ခဲ့ပါ။

"သူက ဘယ်သူလဲ" စုရွှေလျန်က ပြုံးပြီး မေးလိုက်သည်။

အိုက် သူမ ပါးစပ်မှ ရုတ်တရက်လွတ်ထွက်သွားခဲ့သည်။ ချွမ်းလန်က ရှက်ရွံ့စွာဖြင့် ပါးစပ်ကို အုပ်လိုက်သည်။ "သခင်မလေး…"

"ငါ ခန့်မှန်းကြည့်ပါရစေ... အစောင့်ခေါင်းဆောင်ဟုတ်တယ်မလား" အစောင့်ခေါင်းဆောင်ရှောင်းကိုကြည့်လိုက်တိုင်း ချွမ်းလန်၏အကြည့်က မတူသောကြောင့်ဖြစ်သည်။

စုရွှေလျန်သည် ချွမ်းလန် အလွယ်တကူ ရှက်တတ်ကြောင်း တွေ့ရှိခဲ့သည်။ ဒါမှမဟုတ် မိန်းကလေးများ ချစ်မိသည့်အခါ ရှက်လွယ်သည်ဟု ပြောသင့်သည်။ ရုတ်တရတ် အပျော်သဘောဖြင့် အောင်သွယ်လုပ်ရန် ဆုံးဖြတ်ခဲ့သည်။ ဘာပဲဖြစ်ဖြစ် ကလေးကို ပြုစုပျိုးထောင်ပေးရမည့် သူမ၏ နေ့ရက်များမှာရှည်လျားပြီး ငြီးငွေ့စရာကောင်းလွန်းပါသည်။

"သခင်မလေး" ချွမ်းလန် ရှက်သွားပြီး လှည့်ကြည့်လိုက်သည်။ လှပပြီး နူးညံ့သိမ်မွေ့သော သခင်မလေးက ဘာကြောင့်များစနောက်နေရတာလဲ။ သူမ လမ်းပေါ်ကလူတွေကို ဘယ်လိုရင်ဆိုင်ရမှာလဲ။

"ချွမ်းလန်” စုရွှေလျန်က ခေါင်းခါကာ ရယ်မောရင်း “ငါ ဘယ်သူ့ကိုမှ မပြောပါဘူး။ သေချာတယ်၊ မင်းငါ့ကို ဒီအကြောင်း အစောင့်ခေါင်းဆောင်ရှောင်းကို ပြောပြစေချင်ရင်တော့ ငါပျော်ပျော်ကြီး ပြောပေးမှာနော်"

"သခင်မလေး မလုပ်ပါနဲ့" ချွမ်းလန်သည် ထိုစကားကိုကြားသည်နှင့် သူမ မရှက်ဘဲမနေနိုင်တော့ပေ။ ချက်ချင်းပင် သူမသည် လှည့်ကြည့်ကာ စုရွှေလျန်၏လက်ကို ဆွဲထုတ်ကာ ရှင်းပြခဲ့သည်။ "သခင်မလေး ခေါင်းဆောင်ရှောင်းက သူ့နှလုံးသားထဲမှာ တစ်စုံတစ်ယောက်ရှိနေတယ်၊ ​​ကျွန်မ... ကျွန်မ.. သူ့ကို ဘယ်တော့မှ မပြောသင့်ဘူး။"

"ကောင်းပြီ၊ ကောင်းပြီ၊ ငါနားလည်ပါတယ်..." စုရွှေလျန်က သူမ ထပ်ပြောသည့်အခါ သူမကို မနှောင့်ယှက်တော့ပေ။ သူမသည် ချွမ်းလန်၏လက်ကို ပွတ်သပ်ပြီးပြောနေသည် "ဒါပေမယ့် ချွမ်းလန်က သူ့နှလုံးသားထဲမှာ တစ်ယောက်ယောက်ရှိနေတယ်ဆိုတာ ဘယ်လိုသိတာလဲ"

"ကျွန်မ... တခြားအိမ်အစေခံတွေဆီက ကြားခဲ့တာ။ အရင်တုန်းကတော့ အစောင့်ရှောင်းက ရှန်းဝမ်ရယ်အိမ်တော်ရဲ့ အစောင့်ခေါင်းဆောင်ပေါ့။ ကျွန်မတို့မင်းသားနဲ့ ဆက်ဆံရေးကြောင့် သူက ကျွန်မတို့ ကျင်းဝမ်ရယ်အိမ်တော်အတွက် ပြောင်းရွှေ့ပြီး အလုပ်လုပ်ခဲ့တယ်။ ဒါပေမယ့် သူကြိုက်တဲ့လူက ရှန်းဝမ်ဖေးရဲ့ ပထမတန်းအစေခံလို့ ကျွန်မကြားခဲ့တယ်" ချွမ်းလန် သက်ပြင်းချလိုက်သည်။ ရှန်းဝမ်ဖေး၏ ပထမတန်းအိမ်အစေခံ၊ အစောင့်ရှောင်းသည် ဤအိမ်တော်မှအစေခံများကို တစ်ကြိမ်မျှပင် မျက်စိကျမည်မဟုတ်ကြောင်း သူမ ခန့်မှန်းနိုင်သည်။

"ချွမ်းလန် မင်းက တကယ်တော်တယ်လို့ ငါထင်တယ်။ အထက်တန်းစား ရုပ်ရည်၊ ပျော့ပျောင်းတဲ့ စိတ်ထားနဲ့ လက်ရာမြောက်လှတဲ့အရည်အချင်းတွေနဲ့ ဝမ်ဖေးရဲ့ ပထမတန်း အိမ်အစေခံဖြစ်ချင်တယ်ဆိုရင် မဖြစ်နိုင်ဘဲမနေပါဘူး။" စုရွှေလျန်က သူမကို ညင်သာစွာ နှစ်သိမ့်ပေးလိုက်သည်။ သူမ ရိုးရိုးသားသား ပြောနေခြင်းဖြစ်သည်။ ရက်အတော်ကြာ အတူနေထိုင်ပြီးနောက် ချွမ်းလန်၏ နူးညံ့သိမ်မွေ့မှုနှင့် သူမ၏ အပ်ချုပ်မှု၊ ပန်းထိုးနည်းစနစ်များသည် စုရွှေလျန် သူမအား နောက်တစ်ကြိမ်ထပ်ကြည့်မိစေသည်။ ဒါ့အပြင် သူမသည် ထျန်းတပေါင်နှင့် စစ်ထူယွင်တို့၏ အစာအိမ်များကိုလည်း အနိုင်ယူနိုင်ခဲ့သေးသည်။

"သခင်မလေး… သခင်မလေးက သိပ်သဘောကောင်းတာပဲ” ချွမ်းလန်က သူမပြောသည်ကို ကြားလိုက်သည်နှင့် သူမ ရှိုက်ကြီးတငင် ပြောလိုက်မိသည်။ မင်းသား၏စံအိမ်တွင် ငါးနှစ်ကျော်အလုပ်လုပ်ခဲ့ပြီး သူမအား မည်သည့်အရာအတွက်မျှ ချီးကျူးခြင်းမခံခဲ့ရပေ။ ယခုမူ သူမအား စတုတ္ထသခင်မလေးမှ ချီးကျူးလာခဲ့သည်။ ချောမောလှပပြီး လိမ္မာပါးနပ်သူလို့ ပြောခြင်းဖြင့် အိမ်အစေခံမိန်းကလေးကို ချီးမွမ်းမှာလားဟု တစ်စုံတစ်ယောက်က မေးလာပါက ဘယ်သူမှ ရှိမည်မဟုတ်ပါ။ ထို့ကြောင့် သူမသည် အလွန်ထိမိပြီး ငိုချင်လာခဲ့သည်။ 

"ဝူး.. ဝူး.. ဝူး"

"ချွမ်းလန်..." စုရွှေလျန်သည် ကောင်မလေး ငိုနေတာကို မြင်လိုက်ရသောအခါ အံ့ဩသွားခဲ့သည်။ ပိုးလက်ကိုင်ပုဝါတစ်ထည်ကို အမြန်ပေးလိုက်သည်။ "ချွမ်းလန် ငါပြောတာမှားသွားလို့လား ဒါမှမဟုတ် ငါမပြောသင့်တာတစ်ခုပြောလိုက်လို့လား မငိုနဲ့ မငိုနဲ့..."

ချွမ်းလန်က သူမကို နှစ်သိမ့်ပေးနေသည့် သခင်မလေးကိုမြင်သောကြောင့် ပိုထိတ်လန့်သွားခဲ့သည်။ ငါးနှစ်ကြာ မြှုပ်နှံထားခဲ့သော အိမ်လွမ်းဝေဒနာများနှင့် ဖိအားများ၊ မင်းသား၏စံအိမ်တွင် ဖိနှိပ်ချုပ်ချယ်ခံနေရသော ဘဝ၏ နာကျည်းမှုများသည် မျက်ရည်များအဖြစ်သို့ ပြောင်းလဲသွားကာ ပါးပြင်ပေါ်သို့ စီးကျလာခဲ့သည်။

"တောင်းပန်ပါတယ်၊ ဒါက ချွမ်းလန်ရဲ့အပြစ်ပါ သခင်မလေး၊ ကျွန်မအပြစ်ပါ။ ချွမ်းလန် သခင်မလေးရှေ့မှာ ဒီလို အပြုအမူမျိုး မလုပ်သင့်ဘူး။" ချွမ်းလန်က အလွန်ငိုနေပြီး မျက်ရည်များ မကျနိုင်တော့ပေ။ စိတ်ခံစားမှုများနှင့် မကျေမနပ်မှုများနှင့်အတူ ငိုယိုပြီးနောက်တွင် သူမသည် အတူတကွ ပေါင်းစည်းခဲ့ပြီး စတုတ္ထမြောက်သခင်မလေးရှေ့တွင် မဖွယ်မရာ ပြုမူမိသည်ကို တွေ့ရှိခဲ့ရသည်။ အိုးဘုရားရေ ငါ့မှာ ဒီလိုအမူအကျင့်မရှိပါဘူး။ အကယ်၍ သူမသည် အင်ပါယာမြို့တော်ရှိ မင်းသားကျင်း၏စံအိမ်တွင်သာရှိနေပါက သူမဘဝတစ်ဝက် ဆုံးရှုံးသွားပေလိမ့်မည်။

"အဆင်ပြေပါတယ် ငါတို့က လူသားတွေပဲ။ ဝမ်းနည်းစရာအခိုက်အတန့်တွေကို ရှောင်လွှဲလို့မရနိုင်ဘူး။ ဒါက မင်း ငါ့ကို သူစိမ်းတစ်ယောက်လို့ မထင်ဘူးလို့ ဆိုလိုတာပဲ" စုရွှေလျန်က မျက်လုံးများ မှေးကျဉ်းသွားသည့်အထိ ပြုံးပြီး တခြားလက်ဖက်ရည်မွှေး တစ်ခွက်ကို ပေးလိုက်သည်။ "ကောင်းပြီ မင်း ကျေနပ်တဲ့အထိ ငိုပြီးပြီဆိုတော့ ညစာ စားချိန်ရောက်ပြီ" စုရွှေလျန်သည် ပြတင်းပေါက် အပြင်ဘက်ရှိ နေရောင်ကို ညွှန်ပြပြီး အားယောင်နှင့် လျန်မော့မော့သည် လယ်ကွင်းမှ အိမ်သို့ ပြန်လာတော့မည်ဖြစ်သည်။

"ဟုတ်​တယ်​ သခင်​​မလေး အခုချက်​ပြုတ်​​လိုက်တော့မယ်​။ သခင်မလေး ဘာစားချင်​လဲ" ချွမ်းလန်သည် သူမ၏ ရောင်ရမ်းနေသော မျက်လုံးများကို ပွတ်သပ်ကာ သူမ၏ နူးညံ့သော စိတ်နေစိတ်ထားကို ပြန်လည်ရရှိခဲ့သည်။ ငိုရှိုက်နေသော မြင်ကွင်းသည် စုရွှေလျန်အတွက် အိပ်မက်တစ်ခုသာ ဖြစ်ပုံရသည်။ သို့သော်လည်း သူမ၏မျက်လုံးများသည် ဗာဒံသီးနှစ်လုံးကဲ့သို့ ရောင်ကိုင်းလာသည်ကို မြင်လိုက်ရတော့ စုရွှေလျန်သည် တစ်စုံတစ်ခုကို မျှော်လင့်လာသည်။ လင်းစစ်ယောင်၏ အမိန့်အောက်တွင် အလုပ်လုပ်ပြီး အပြင်တွင် စောင့်ကြပ်နေသော အစောင့်ခေါင်းဆောင်ရှောင်း နောက်ပိုင်းတွင် မည်သို့ခံစားရမည်ကို သူမ သိချင်မိသည်။

ဟူး၊ ငါ့ကို ခွင့်လွှတ်ပေးပါ၊ ငါအရမ်းပျင်းနေတော့ ရလဒ်ကိုမြင်ရဖို့ မျှော်လင့်နေမိတယ်။

"အင်း ဘာပဲဖြစ်​ဖြစ်​အဆင်ပြေတယ် ငါက ငါကအစားမရွေးဘူး" စုရွှေလျန်က သူမကို တံခါးဆီသို့ အမြန်သွားစေချင်ပြီး ခြံထဲမှ ချယ်ရီပင်ရိပ်တွင် မတ်တပ်ရပ်နေသော ခေါင်းဆောင်ရှောင်းကို တစ်ချက်ကြည့်လိုက်သည်။ ကောင်းပြီ၊ သူတုံ့ပြန်သားပဲ။ အနည်းဆုံးတော့ ချွမ်းလန်ကို တစ်ချက်ကြည့်လိုက်သည်။

သူမ၏ယခင်ငိုရှိုက်သံများနှင့် သူမ၏နီရဲရောင်ရမ်းနေသောမျက်လုံးများကို ပေါင်းစပ်လိုက်ခြင်းဖြင့် သူ့တွင်ခံစားချက်အချို့ရှိနေပါက ခေါင်းဆောင်ရှောင်းအပေါ် သက်ရောက်မှုရှိမည် မဟုတ်လား။ အနည်းဆုံးတော့ ချွမ်းလန်ကို ခဏလောက် နှစ်သိမ့်ရန် မီးဖိုချောင်ကို သူသွားမှာလား။

စုရွှေလျန်သည် ဗဟိုခန်းဆီသို့ လမ်းလျှောက်ပြန်လာစဉ် တွေးလိုက်မိသည်။ သူမသည် တစ်ရေးတစ်မောအိပ်ချင်သောကြောင့် ကုတင်ပေါ်ရှိ ပျော့ပြောင်းသောခေါင်းအုံးပေါ်တွင် ပျင်းရိစွာ အိပ်နေသည်။

"သခင်မလေး၊ ရှောင်းဟန် သခင်မလေးကိုတွေ့ဖို့ တောင်းဆိုနေတယ်" ခဏအကြာတွင် ဗဟိုခန်းတံခါးမှ နက်နဲသောအသံတစ်ခုထွက်လာခဲ့သည်။

စုရွှေလျန်သည် သူမ၏ ငိုက်မျဉ်းသော မျက်လုံးများကို ဖွင့်လိုက်သည်။ ရှောင်းဟန်  ခေါင်းဆောင်ရှောင်းလား။ သူမကို ဘာအတွက်​​တွေ့ချင်​ရတာလဲ။ ချွမ်းလန်ကို နှစ်သိမ့်ပေးရင်း မီးဖိုချောင်ထဲမှာ မနေသင့်ဘူးလား။

"အထဲဝင်ခဲ့ပါ" သူမသည် ငုံ့ကာ အဝတ်အစားများကို ချိန်ညှိကာ ကုတင်ပေါ်တွင် သပ်သပ်ရပ်ရပ်ထိုင်ကာ တောင်းဆိုချက်ကို ဖြေကြားခဲ့သည်။

ရှောင်းဟန်သည် ဤနေရာတွင် အပြောင်မြောက်ဆုံး အစောင့်ဖြစ်ပြီး သူသည် အလွန်ချောမောသည်။ ထိုမိန်းကလေးချွမ်းလန် အဘယ်ကြောင့် သူ့ကို လွန်စွာသဘောကျခဲ့သည်မှာ အံ့သြစရာမရှိပါ။ သို့ပေမယ့် အားယောင်နှင့်ယှဉ်လျှင် သူက နည်းနည်းနိမ့်နေပါသေးသည်။

စုရွှေလျန်သည် သူပြောမည့်စကားကို တိတ်တဆိတ် စောင့်ဆိုင်းနေချိန်တွင် ၎င်းတို့နှစ်ဦးကို အတွင်းကျကျ နှိုင်းယှဉ်ခဲ့သည်။

“သခင်မလေး… အဲ့ကလေးမက သခင်မလေးကို ဘယ်လိုပြောခဲ့မှန်း မသိပေမယ့်… သခင်မလေး သူ့ကို ဒီလောက်ကြီး ဆူပူကြိမ်းမောင်းရတဲ့ အမှားကို ချွမ်းလန်က လုပ်ခဲ့တာလား။" အစောင့်ရှောင်းသည် စုရွှေလျန်၏ ရှေ့တွင် ဒူးထောက်ကာ ရိုင်းစိုင်းသော၊ မာနကြီးသော လေသံဖြင့် မေးခဲ့သည်။

မှန်ပါသည်၊ သူက သူမကို မေးခွန်းထုတ်နေခြင်းဖြစ်သည်။ စုရွှေလျန် စိတ်ထဲတွင် တစ်ခုတည်းသော အရာမှာ ငါက ချွမ်းလန်ကို ကြိမ်းမောင်းခဲ့တယ်။ အဲ့တာ ဘယ်တုန်းက ဖြစ်ခဲ့တာလဲ။

စုရွှေလျန်သည် သူမရှေ့မှ ရှောင်းဟန်ကိုကြည့်ရင်း မျက်လုံးပြူးသွားခဲ့သည်။ အချိန်အတော်ကြာပြီးနောက် သူမ မျက်ခုံးပင့်လိုက်သည်။ "ငါ သူ့ကို ကြိမ်းမောင်းတယ်လို့ ဘယ်သူပြောလဲ ချွမ်းလန်က မင်းကိုပြောတာလား။"

"မဟုတ်ဘူး၊ ကျွန်တော် အဲဒါကိုကြားခဲ့တာပါ..." ရှောင်းဟန်က သူ့စာကြောင်း၏ တစ်ဝက်လောက်ကိုပဲ ပြောလိုက်သည်။ ထို့နောက် ခေါင်းငုံ့ကာ "သခင်မလေးက သူ့ကို မဆူခဲ့ဘူးလား"

"မဆူခဲ့ဘူး" စုရွှေလျန်က ဒေါသတကြီး ပြန်ပြောသည် ။ "မင်း သူ့ကို ဂရုစိုက်ရင် ဘာလို့ သူ့ကို တိုက်ရိုက်မမေးတာလဲ။ ဘာလို့ ငါ့ကို လာမေးနေရတာလဲ"

"ဒီအစေခံက သခင်မလေးကိုအပြစ်လုပ်မိပါတယ်၊ ဒီမိုက်မဲတဲ့ သူကို အပြစ်ပေးပါ။” ရှောင်းဟန်က စိတ်ရှုပ်ထွေးနေသော်လည်း သူ့အမှားကို လေးလေးနက်နက် ဝန်ခံနေဆဲဖြစ်သည်။

"အပြစ်ပေးပါတဲ့လား၊ ဒါဆို မင်းမီးဖိုချောင်ကိုသွားပြီး ငါကငါးဟင်းချိုချက်စားချင်တယ်လို့ ချွမ်းလန်ကိုသွားပြောပေး" စုရွှေလျန်က လေးလေးနက်နက်ဟန်ဆောင်ကာ လက်ဖက်ရည်သောက်လိုက်သည်။

"သခင်မလေး ဒီ... ဒီအစေခံ နားလည်ပါပြီ" ရှောင်းဟန်က လေးလေးစားစားဖြင့် ဗဟိုခန်းထဲမှ မထွက်ခင် သူ့ကို သံသယရှိသည့် အကြည့်တစ်ချက် ပေးလိုက်သည်။ စတုတ္ထမြောက်သခင်မလေးသည် သူတို့ပြောဖူးသည့် ကောလဟာလများနှင့် မတူပုံရသည်။

"ချွမ်းလန်က မျှော်လင့်ချက်မရှိဘူးလို့ မထင်ဘူး။ ဟားဟား... ဒါပေမယ့် ငါက ဘာလို့ အိမ်ဖော်တွေကို ညှဉ်းပန်းနှိပ်စက်တဲ့ သခင်ဖြစ်လာရတာလဲ။ အောင်သွယ်လုပ်ရတာ မလွယ်ပါလား" စုရွှေလျန် ခေါင်းယမ်းရင်း ပြုံးလိုက်သည်။ သူမသည် ကြီးမားလေးလံသော ဗိုက်ကိုသယ်ဆောင်ကာ လယ်ကွင်းမှအိမ်ပြန်လာမည့် လင်းစစ်ယောင်ကိုစောင့်ဆိုင်းရန် အိမ်ရှေ့တံခါးဆီသို့ လမ်းလျှောက်သွားခဲ့သည်။

***

All Chapters