အချိန်မတန်မီမွေးဖွားခြင်းသည် လျှို့ဝှက်ချက်ကို ထုတ်ပြခဲ့သည်
Vol. 4 Ch. 99
"အားယောင်" သူ့ဆီသို့ ယုယစွာ ခေါ်သံတစ်ခုရောက်လာပြီး သူ့အတွေးများကို ချိုးဖျက်ပစ်လိုက်သည်။
“ဘာမှမဟုတ်ဘူး။ မင်း ပိုစားသင့်တယ်။ ကလေးမွေးတဲ့အခါ ခံနိုင်ရည်ရှိဖို့ လိုတယ် ” နူးညံ့ဖြူဖွေးသောငါးအသားများကို ပန်းကန်လုံးထဲသို့မထည့်မီ သူမအတွက် ငါးအရိုးများကို စေ့စေ့စပ်စပ်ဖယ်ပေးလိုက်သည်။
“ကောင်းပြီ” သူမ ပြုံးကာ ခေါင်းညိတ်လိုက်သည်။ စုရွှေလျန်က သူ့စိတ်ထဲမှာ ဘာတွေရှိနေလဲဆိုတာကို ဘယ်လိုသိနိုင်မလဲ။ ယခုအချိန်တွင် သူမဗိုက်ထဲမှ ကလေးနှစ်ယောက် နှင့် ချောချောမွေ့မွေ့ မွေးဖွားနိုင်သည်ဖြစ်စေ မမွေးနိုင်သည်ဖြစ်စေမှလွဲ၍ သူ့စိတ်ထဲတွင် ဘာကိုမှ သိမ်းပိုက်ထားနိုင်မည်မဟုတ်ပေ။
စုရွှေလျန်သည် အမွှာများကို ဘေးကင်းစွာ မွေးဖွားနိုင်မည်ဖြစ်ကြောင်း သေချာခဲ့သည်။
အထူးသဖြင့် သမားတော်၏ ပြင်းထန်သောသတိပေးချက်ကို နားထောင်ပြီးနောက်ဖြစ်သည်။
မှန်ပါသည်။ ထိုနေ့တွင် သမားတော်နှင့် သူမ၏ ကျန်းမာရေး စစ်ဆေးပြီးနောက်တွင် သူနှင့် အားယောင်အကြား စကားပြောဆိုမှုကို မတော်တဆ ကြားလိုက်ရသည်၊ သူမသည် မွေးဖွားစဉ်တွင် အန္တရာယ်နှင့် ကြုံတွေ့ရဖွယ်ရှိသည်။
ရှေးခေတ်က အမွှာမွေးခြင်းတွင် မိခင်သွေးသွန်ခြင်းဖြစ်နိုင်ချေ ကြီးမားသည်။ မိခင်၏ ခန္ဓာကိုယ်ပျက်စီးလိမ့်မည်ဖြစ်သည်။ အချို့သော ပြင်းထန်သော အခြေအနေများတွင် မိခင်သည် မွေးဖွားစဉ်အတွင်း သေဆုံးသွားနိုင်ပါသည်။
သို့သော်လည်း သူမ၏ ခန္ဓာကိုယ်သည် ဤဝေဒနာကို ခံနိုင်ရည်မရှိဟု သူမ မထင်ခဲ့ပေ။ သူမ၏ကိုယ်ဝန်ပထမသုံးလအတွင်းတွင် ကျောက်စိမ်းအမြုတေနတ်ဆေးရည်ကို နေ့တိုင်းလိုလို ရေတစ်ဖန်ခွက်ဖြင့်သောက်ခဲ့သည်။ အာဟာရဖြည့်ပြီး တစ်လခွဲကြာသောအခါ သူမခန္ဓာကိုယ်တွင် ဘာတစ်ခုမှ ပုံမှန်မဖြစ်တာမျိုး မခံစားခဲ့ရပေ။
ဆန့်ကျင်ဘက်အနေဖြင့် သူမ၏ ခံနိုင်ရည်ဟာ တစ်နေ့ပြီးတစ်နေ့ ပိုကောင်းလာသည်ဟု ခံစားခဲ့ရသည်။ ထို့ကြောင့် သူမသည် လျင်မြန်စွာ လမ်းလျှောက်နေသော်လည်း လေးလံသောဗိုက်ကို မခံစားရပေ။ လှုပ်ရှားမှုအနည်းငယ်ခက်ခဲစေသော ဗိုက်ကြီးမှလွဲ၍ သူမသည် ယခင်က (ကိုယ်ဝန်မရှိချိန်) နှင့် ကွာခြားမှုမရှိကြောင်း သူမခံစားရပါသည်။
သူမကလေးငယ်များ၏ လှုပ်ရှားမှများမှာလည်း ပုံမှန်ပင်ဖြစ်သည်။ နေ့တိုင်း မနက်စာ၊ နေ့လယ်စာ၊ ညစာ တို့ကို ပုံမှန်စားခဲ့သည်။ ထို့အပြင် တစ်ခါတစ်ရံတွင် သူတို့သည် သူမအား ကန်ကျောက်ပေးတတ်သည်။ ထိုပြင်းထန်သောအပြုအမူလေးများမှ သူမသည် ယောက်ျားလေးများ မွေးဖွားလိမ့်မည်ဟု သူမ ထင်မြင်ခဲသည်။ သူတို့သည် အားယောင် ကဲ့သို့ ကျန်းမာသန်စွမ်းပြီး သတ္တိရှိသော ကောင်လေးများဖြစ်ရမည်။
ထို့ကြောင့် သူမသည် သမားတော်သတိပေးချက်ကို လုံးဝစိတ်မ၀င်စားခဲ့ပေ။ ကျောက်စိမ်းအမြုတေနတ်ဆေးရည်ကို သူမ မယုံရင်တောင် သူ့ကိုယ်ပိုင် ပင်ကိုယ်ကို ယုံကြည်သင့်ပါသည်။ သူမသည် သူတို့ကို ဘေးကင်းပြီး လုံခြုံအောင် ကယ်တင်နိုင်မည်ဟု သူမသေချာပါသည်။
သူမကိုယ်သူမ အတွင်းကျကျပြောပြီးနောက် ဗိုက်ထဲမှအမွှာများက သူမကို ပေါ့ပေါ့ပါးပါး ကန်ကျောက်ပေးခဲ့သည်။
ဟားဟား၊ သူတို့က သူမနဲ့ သဘောတူခဲ့တယ် မဟုတ်လား။
ထို့ကြောင့် စုရွှေလျန်သည် သူမ၏ အာရုံကြောများကို ဖြေလျှော့လိုက်သည်။ သူမသည် နေ့တိုင်း မြစ်ကမ်းပါးတစ်လျှောက် လမ်းလျှောက်ထွက်ခဲ့သည်။ မအိပ်ခင်တွင် သူမနှင့် အားယောင်တို့သည် ဗိုက်ထဲမှ ကလေးများနှင့် စကားပြောဖြစ်ကြသည်။ ဖယ်ထားခဲ့သော အပ်ချုပ်လုပ်ငန်းကိုပင် ဆက်လက်လုပ်ကိုင်ခဲ့သည်။ သူမသည် လ ပြည့်နှစ်အတွက် အားယောင်အတွက် ၀တ်စုံများစွာကို အတွင်းရှပ်နှစ်ထည်အပြင် အလယ်အလတ်ရှပ်အထူအချို့ဖြင့် ပြုလုပ်ခဲ့သည်။ အားယောင်သည် ထူထဲပြီး လေးလံသော ဆောင်းရာသီအဝတ်အစားကို မကြိုက်သောကြောင့်ဖြစ်သည်။
သေချာသည်မှာ သူမမျက်လုံးများကို မထိမိအောင် အမြဲသတိထားခဲ့သည်။ အနားယူခြင်း၊ လမ်းလျှောက်ခြင်း၊ ရေသောက်ခြင်း၊ အဆာပြေစားခြင်းတို့ ပုံမှန်လုပ်ဖြစ်ခဲ့သည်။ ထို့အပြင် နေမဝင်မီတွင် သူမသည် အလုပ်မလုပ်တော့ပေ။
အားယောင်သည် သူမကို ရပ်တန့်ရန် ဘယ်တုန်းကမှ မတောင်းဆိုခဲ့ဖူးပေ။ သို့ပေမယ့် စုရွှေလျန်၏ မှန်းဆချက်သာဖြစ်ပါသည်။ သူမ၏လှုပ်ရှားမှုများကို အားယောင်က လွဲမှားစွာ အဓိပ္ပါယ်ဖော်နေသည်ဟု ဘယ်တုန်းကမှ မတွေးခဲ့မိပေ။
အချိန်များမှာ မြန်မြန်ကုန်ဆုံးသွားကာ ဆောင်းရာသီမှာ မကြာခင် ရောက်လာပါတော့သည်။
စုရွှေလျန် သည် တော်၀င်သမားတော်ကို ဖိတ်ကြားရန် မင်းသားကျင်း စံအိမ်သို့ စစ်ထူယွင်သည် တော်ဝင်မြို့သို့သွားကြောင်း သိလိုက်ရသောအခါ သူမစိတ်မ၀င်စားခဲ့ပေ။
အားယောင်၏စိတ်ကို သက်သာရာရစေမည်ဆိုပါက လျန်မော့မော့ ဖိတ်ကြားထားသော အတွေ့အကြုံရှိ သားဖွားဆရာမနှစ်ဦး အပါအဝင် ၎င်း၏ အစီအစဉ်များကို သဘောတူမည်ဖြစ်သည်။ သူတို့နှစ်ဦးသည် ဗဟိုအိမ်နောက်ဘက်ရှိ အိမ်ဖော်များအတွက် အခန်းထဲတွင် တည်းခိုနေကြသည်။ ၎င်းသည် လမစေ့ဘဲ မွေးဖွာလာနိုင်ခြေကို ကြောက်သောကြောင့်ဖြစ်သည်။
ပြီးနောက် ဤအမွှာလေးများကို ဘေးကင်းစွာ မွေးဖွားနိုင်မည်ဟု သူမ မျှော်လင့်ခဲ့သည်။ သူ့မိဘများက တော်၀င်သမားတော်ကို ဤဝေးလံခေါင်သီသော ဖန်းဟွာမြို့ကို ဖိတ်ခေါ်နိုင်လျှင် ပိုကောင်းလိမ့်မည်ဖြစ်သည်။
ထို့အပြင် ဖန်းဟွာမြို့သည် ကြီးကြီးမားမားမဟုတ်ပါ၊ မည်မျှပင်ပင်ပန်းပန်းရေတွက်နေပါစေ သမားတော်များစွာရှိသည့် ဆေးခန်းနှစ်ခုသာရှိသည်။ မွေးဖွားစဉ်အတွင်း မမျှော်လင့်ထားတဲ့အရာတစ်ခုဖြစ်ခဲ့သောကြောင့် သမားတော်က အချိန်မီမလာနိုင်ဘူးဆိုလျှင် ၎င်းသည် လုံးဝစိတ်ရှုပ်စရာဖြစ်ပါလိမ့်မည်။
အမှန်တော့ သူတို့သည် တော်၀င်သမားတော်ကို မဖိတ်ခေါ်နိုင်ပါက သူမ၏ဝေဒနာကို ထမ်းဆောင်စဉ်တွင် သမားတော်လိုအပ်မည်ဟု သူမ မထင်ခဲ့ပေ။
………
“သခင်မလေး လေက ပိုပြင်းလာပြီ။ သတိထားပါ အအေးမမိစေနဲ့ ” ချွမ်းလန်သည် စုရွှေလျန်ကို ခြုံရန်အပေါ်၀တ်ရုံရှည်ကို ယူဆောင်လာခဲ့သည်။ ထိုအချိန်တွင် အားလုံးက သူမကို စိတ်ပူနေကြသည်။ မထင်မှတ်ပဲ တစ်ခုခုဖြစ်သွားမှာကို စိုးရိမ်နေကြသည်။
"ဟုတ်တယ် ငါတို့အထဲကို ပြန်ဝင်ရမယ်။ အားယောင် ပြန်လာတော့မယ် ” စုရွှေလျန်က သူ့၀တ်ရုံကို တင်းကျပ်စွာကိုင်ထားခဲ့သည်။ သူ့အိမ်အစေခံ၏စေတနာကို သူမ မငြင်းခဲ့ပါ။
ဝေ့ရှီ ကုန်ဆုံးခါနီး (၁-၃)နာရီဖြစ်သည်။ လွန်ခဲ့သည့်နှစ်နာရီက စစ်ရှန်းသည် အားယောင်ကို ကိုယ်ပိုင်ကိစ္စများ ဆွေးနွေးရန် ဖန်းလော့မြို့ရှိ ကွမ်းချီ အိမ်သို့ ဆွဲခေါ်သွားခဲ့သည်။ ယခုအချိန်တွင် သူ ပြန်လာသင့်ပါသည်။ နှစ်နာရီအတွင်း ပြန်လာမည်ဟု သူပြောခဲ့သည်။ ထို့ကြောင့် သူသည် အချိန်မှန်နေပေလိမ့်မည်။
ချွမ်းလန်က တစ်ခုခုပြောချင်နေသောလည်း အိမ်ရှေ့တံခါးမှ အသံထွက်လာတာကို ကြားလိုက်ရသည်။ အမြဲတမ်း ငြိမ်သက်နေသော အစောင့်ရှောင်းပင်လျှင် ကောင်းကင်ကြီး ပြိုလဲသွားသလိုပင် အိမ်ရှေ့တံခါးမှ ပြေးဝင်လာခဲ့သည်။ သူ့မျက်နှာပေါ်မှ အမူအရာက မိန်းကလေးနှစ်ယောက်ကို စိတ်ရှုပ်ထွေးစေခဲ့သည်။
“စတုတ္ထသခင်မလေး ဝမ်ရယ်နဲ့ ဝမ်ဖေးတို့ ဖန်းလော့မြို့ကိုရောက်ရှိနေပြီ သူတို့ အခု ဒီလမ်းကို ရောက်နေပြီ။ ”
အိုး ~ ဘုရားရေ ! စုရွှေလျန်သည် အံ့အားသင့်စွာဖြင့် မျက်တောင်ခတ်လိုက်သည်။ ဝမ်ရယ်သည် ကျန်းမားရေးမကောင်းသောကြောင့် ထတောင်မထနိုင်ဘူးဟု သူတို့ မပြောခဲ့ဘူးလား။ သူတို့နှစ်ယောက်သည် ယခုကဲ့သို့ ချမ်းအေးလှသော ဆောင်းရာသီတွင် တဟွေ့အင်ပါယာ၏ အနောက်တောင်ဘက်မှာရှိသော ဝေးလွန်းလှသည့် ဤနေရာလေးကို ဘာကြောင့် ဖြတ်ကျော်လာခဲ့ကြတာလဲ။
စုရွှေလျန်သည် သူမ၏ ဗိုက်ထဲတွင် ရုတ်တရက် ကျုံ့သွားသည်ကို ခံစားရသောအခါ တစ်စုံတစ်ခု ပေါက်ကွဲတော့မည်ကဲ့သို့ ပြင်းထန်စွာ နာကျင်လာသဖြင့် မေးချင်ခဲ့သည်။
“ချွမ်း… ချွမ်းလန်…” စုရွှေလျန်သည် သူမဘေးတွင် ရပ်နေသော အိမ်အစေခံကို ဆွဲခေါ်လိုက်သည်။
"သခင်မလေး အဆင်ပြေရဲ့လား" ချွမ်းလန်သည် အဆွဲခံလိုက်ရပြီး ဝမ်ရယ်နှင့် ဝမ်ဖေး တို့၏ ရုတ်တရက်သတင်းကြောင့် ကြောင်မှိန်းနေသော သူမကို နှိုးလိုက်သည်။ စုရွှေလျန်၏ ဖြူဖျော့ဖျော့မျက်နှာကို သူမမြင်လိုက်ရသောအခါ ချွမ်းလန်မှာ ထိတ်လန့်သွားခဲ့သည်။
"သခင်မလေး... မွေးတော့မှာလား" ရှောင်းဟန် တုန်လှုပ်သွားခဲ့သည်။ သူသည် ချက်ချင်းပင် မီးဖိုချောင်ကြီးဆီ ပြေးသွားပြီး ဤနေရာတွင် ရာထူးအမြင့်ဆုံးရထားသော လျန်မော့မော့ကို သတင်းပို့လိုက်သည်။ " ချွမ်းလန်၊ သခင်မလေးကို အိမ်ထဲ ခေါ်သွားလိုက် လျန်မော့မော့နဲ့ သားဖွားဆရာမတွေကို သွားပြောလိုက်ဦးမယ်။ ” သူသည် ကြောင်နေသော ချွမ်းလန်ကို အော်လိုက်သည်။
“အာ…ဟုတ်ကဲ့…” ချွမ်းလန်သည် နောက်ဆုံးတွင် သူမနှင့် အတူ ပေါင်းဖက်ခဲ့သည်။ သူမသည် စုရွှေလျန်ကိုကူထိန်းပေးခဲ့သည်။ "သခင်မလေး လမ်းလျှောက်နိုင်ရဲ့လား"
“ငါ အဆင်ပြေတယ်…” စုရွှေလျန်သည် နာကျင်မှုကို ခံနိုင်ရည်ရှိအောင် ကြိုးစားခဲ့သည်။ သူမ ပါးစပ်ကို ဖွင့်လိုက်သည်နှင့်ပင် သူမ၏ အတွင်းခံဘောင်းဘီ အတွင်းမှ အရည်များ စိမ့်ထွက်နေသည်ကို ခံစားလိုက်ရသည်။ "ချွမ်း...လန်...ကြည့်ရတာ...ငါမွေးတော့မယ်ထင်တယ်..."
"ရွှေလျန်…” ရုတ်တရက် အရိပ်တစ်ခုက တံခါးမှ ခေါ်သံနှင့်အတူ လိုက်ပါလာသည်။ စုရွှေလျန်ဆီသို့ အပြေးအလွှားသွားရင်း လင်းစစ်ယောင်က သူမကို သူ့ရင်ခွင်ထဲ ပွေ့ချီလိုက်သည်။ "ချွမ်းလန် မြန်မြန် ရေနွေးပြင်ထား"
စုရွှေလျန်သည် လင်းစစ်ယောင်ကိုတွေ့သောအခါ အနည်းငယ် စိတ်လျော့သွားခဲ့သည်။ သူမကို ချီ၍ ပင်မအိပ်ခန်းဆီသို့ ခေါ်သွားသည်ကို ခံစားလိုက်ရသည်။
အိမ်ထဲမှာပဲဖြစ်ဖြစ် အပြင်မှာပဲဖြစ်ဖြစ်၊ ၎င်းသည် ကြီးမားသောရန်ပွဲဖြစ်သည်။
ကံကောင်းစွာဖြင့် ဟွေ့ချွမ်ဆေးခန်းရှိ သမားတော်နှင့် ချိန်းဆိုထားခဲ့သည်။ သူတို့လုပ်စရာရှိသည်မှာ သူ့ကိုခေါ်ရန် မြို့ကိုသွားရမည်ဖြစ်သည်။
ထို့ကြောင့် ရှောင်းဟန်နှင့် အခြားအစောင့်တို့သည် အချိန်အတော်ကြာ အသုံးမပြုနိုင်သော မြင်းလှည်းကို မောင်းနှင်ကာ မြို့ဆီသို့ ပြေးသွားခဲ့ကြသည်။
သို့ပေမယ့် သူတို့သည် ဝမ်ရယ်နှင့် ဝမ်ဖေး ရောက်လာသည့်အကြောင်းကို လင်းစစ်ယောင်နှင့် လျန်မော့မော့ကို ပြောရန်မေ့သွားခဲ့ကြသည်။
၎င်းကို သူတို့ အမှတ်တမဲ့သတိရလိုက်သည်နှင့် မြင်းလှည်းမှာ ဖန်းလော့မြို့လမ်းမကြီးပေါ်တွင် ပြေးနေခဲ့သည်။
ရှောင်းဟန် မျက်မှောင်ကြုတ်လိုက်ပြီး ချွမ်းလန်က ၎င်းကိုမှတ်မိပြီး တခြားသူများကို ပြောပြမည်ဟု မျှော်လင့်ခဲ့သည်။ အားလုံးပြီးလျှင် ၎င်းသည် ကြီးမားသည့်ပွဲဖြစ်ခဲ့ပါသည်။ ဝမ်ရယ်နှင့် ဝမ်ဖေးတို့သည် ဤမျှလောက်ဝေးကွာသော ခရီးကို အဘယ်ကြောင့်လာခဲ့လဲဆိုတာ သူမသိခဲ့ပါ။ စတုတ္ထသခင်မလေးဆီ အလည်လာရုံပဲမဟုတ်လောက်ဘူး။
ရှောင်းဟန်က ခေါင်းခါပြီး ဤယူဆချက်ကို ဖျောက်ပစ်လိုက်သည်။
စတုထ္ထမြောက် သခင်မလေးသည် ဝမ်ဖေး၏သမီးအရင်းမဟုတ်ကြောင်းနှင့် ဝမ်ရယ်၏အလှမ်းဝေးပြီး အေးစက်သောစိတ်ထားဖြင့် ဝမ်ဖေးသည် ဝေးလံခေါင်သီသောဒေသသို့ မရင်းနှီးသောသမီးတစ်ယောက်အတွက် ထိုကဲ့သို့သောဝေးလံခေါင်သီသောဒေသသို့ ခရီးသွားရန် မဖြစ်နိုင်ပေ။
မင်းသားကျင်း၏စံအိမ်တွင် အစဥ်မပြက်ရှိသောအရာမှာ သခင်မလေးများဆိုတာ လူတိုင်းသိကြပါသည်။
ဝမ်ရယ်တွင် ကိုယ်လုပ်တော်ခုနစ်ပါးနှင့် အခြားအမည်မဖော်လိုသူ သခင်မများ သို့မဟုတ် အခန်းတွင်း အိမ်အစေခံများစွာ ရှိသည်ဟု ဆိုကြသည်။ စုစုပေါင်း သခင်လေးသုံးဦးနှင့် အမျိုးသမီးငယ် ကိုးဦးရှိခဲ့သည်။ တော်ဝင်ဘွဲ့ကို အမွေဆက်ခံခဲ့သော အသက်အကြီးဆုံး သခင်လေးများအပြင် အခြားသခင်လေးနှစ်ဦးမှာလည်း ငယ်ရွယ်စဉ်တွင် ကွယ်လွန်သွားခဲ့သည်။ သခင်မလေးကိုးယောက်သည် ကျန်းမာသန်စွမ်းသော ကိုယ်ခန္ဓာဖြင့် သန်စွမ်းကြသည်။ တကယ်တော့ ယခု သူ ကာကွယ်ရန် တာဝန်ပေးခံရသည့် စတုတ္ထသခင်မလေး မပါဝင်ခဲ့ပါ။ လွန်ခဲ့သည့်နှစ်နှစ်က ယခင်မင်းသားက သူမကို အိမ်ကြီးသို့ ခေါ်သွားခဲ့သည်။ သူမအသက်အရွယ်အရ သူမသည် သခင်မလေးများတွင် စတုတ္ထအဖြစ် ရပ်တည်ခဲ့သည်။
စတုတ္ထမြောက် သခင်မလေးသည် နှစ်ပေါင်းများစွာ လျစ်လျူရှုခံခဲ့ရသော်လည်း သူမကို တွေ့ရှိပြီးနောက် ဝမ်ရယ်သည် အရာအားလုံးကို စနစ်တကျ စီစဉ်ပြီး သူမကို ဂရုစိုက်ခဲ့သည်။ သူမအမေ၏ အောက်မေ့ဖွယ်ကျောက်တိုင်ကို ဘိုးဘွားကန်တော့ခန်းကိုပင် ယူသွားခဲ့သည်။ ထိုသို့သော ဆက်ဆံမှုများသည် အခြားသော သခင်မလေးများ ခံယူထားသည်ထက် များစွာ ပိုမိုကောင်းမွန်ပါသည်။ သူမဆီ အလည်လာရန် ဤလောက်ခရီးဝေးကို သူတို့လာခဲ့တာဖြစ်နိုင်ပါသည်။
ရှောင်းဟန်က မြင်းကို မြန်မြန်ပြေးရန် တိုက်တွန်းရင်း စဉ်းစားလိုက်သည်။ သူတို့သည် သမားတော်ကိုခေါ်ကာ ဖန်းဟွာမြို့သို့ အမြန်ပို့ဆောင်ရန် လိုအပ်သည်။
အကယ်၍ သူနှေးကွေးပြီး စတုတ္ထမြောက်သခင်မလေးအတွက် တစ်ခုခုဖြစ်ခဲ့ပါက ဝမ်ရယ်သည် သူ့အသက်ကို နှမြောမည်မဟုတ်သလို သူ့ကိုယ်သူလည်း ခွင့်မလွှတ်နိုင်ပေ။
ဖုန်ထူသည့်လမ်းကိုဖြတ်ပြီးနောက် မြင်းလှည်းက ဆေးခန်းကိုရောက်ရှိခဲ့သည်။ ရှောင်းဟန်သည် မြင်းလှည်းပေါ်မှ ခုန်ဆင်းကာ သမားတော်ကို သွားခေါ်စဉ်တွင် ဇိမ်ခံမြင်းရှစ်ကောင်လှည်းကို လမ်းအလယ်တွင် ရပ်ထားသည်ကို တွေ့လိုက်ရသည်။
"အစောင့်တပ်မှူးရှောင်း မင်းဘာလို့ဒီကိုရောက်နေတာလဲ" ဝမ်ဖေး၏ ပထမတန်းအိမ်အကူ သုန့်မိန်သည် မြင်းလှည်း၏ ကန့်လန့်ကာကို ရုတ်လိုက်ပြီး မေးလိုက်သည်။
အခြားအစောင့်များသည် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ သူတို့သည် ချက်ချင်းမြင်းပေါ်မှ ဆင်းကာ ဇိမ်ခံမြင်းလှည်းဆီသို့ လျှောက်သွားကြသည်။ မြင်းလှည်းပေါ်မှ သူများကို ဒူးထောက် နှုတ်ဆက်လိုက်သည်။
“လူမြင်ကွင်းမှာ တရားဝင် နှုတ်ဆက်စရာ မလိုဘူး ” မြင်းလှည်းပေါ်မှ ပင်ပန်းနွမ်းနယ်နေသော အမျိုးသားအသံတစ်ခု ထွက်ပေါ်လာပြီး ရှောင်းဟန်နှင့် အခြားတစ်ယောက်၏ လှုပ်ရှားမှုကို ရပ်တန့်စေလိုက်သည်။
“သခင်မလေးကို အကာအကွယ်မပေးဘဲ မင်းတို့ဘာလို့ ဒီမှာလာနေတာလဲ”
“အရှင် ကျွန်တော်တို့ရဲ့ သခင်မလေး မွေးဖွားပါတော့မယ်။ ကျွန်တော်တို့က သမားတော်ကို ခေါ်ဖို့ ဒီကို ရောက်နေတာပါ။"
"ဒါဆို မင်တို့းဘာလို့ဒီမှာရှိနေတာလဲ။ မြန်မြန်သွားတော့လေ" မြင်းလှည်းပေါ်မှ တိုးတိုးတိတ်တိတ် အော်သံတစ်ခု ထွက်ပေါ်လာပြီး နောက်တွင် အလျင်အမြန် တွန်းအားပေးမှုအချို့ ထွက်ပေါ်လာခဲ့သည်။ "မြန်မြန် ဖန်းဟွာမြို့ကို အမြန်သွားတော့။ နောက်နှစ်လမှမွေးမယ်လို့ မင်းတို့ ပြောခဲ့တာမဟုတ်လား”
ရှောင်းဟန်နှင့် အခြားအစောင့်သည် ဆေးခန်းထဲသို့ ဝင်သွားသောအခါ ဇိမ်ခံမြင်းလှည်းသည် ဖန်းဟွာမြို့ဆီသို့ စတင်ထွက်ခွာနေပြီဖြစ်သည်။
ရှောင်းဟန်ဆီမှ ယခုလေးတင် ထွက်ပေါ်လာသည့် သတင်းကြောင့် အမျိုးသမီးတစ်ယောက်၏ ငြိမ်သက်ညင်သာသည့်အသံတစ်ခု ထွက်ပေါ်လာပြီး မြင်းလှည်းထဲတွင် တင်းမာနေသည့် လေကို ချိုးဖျက်လိုက်ပါသည်။
"စိတ်အေးအေးထားလိုက်တာ အကောင်းဆုံးပဲ။ လူကြီးမင်းအိုးရန်က အဲ့ကလေး စစ်ထူနဲ့ ငါတို့ရှေ့က ထွက်သွားတာ မဟုတ်ဘူးလား"
"အိုးရန် သူက တော်၀င်သမားတော်ဖြစ်နေရင်တောင် သူက ယောက်ျားလေးပဲ။ သူ ဘယ်လိုလုပ် မွေးခန်းထဲဝင်သွားနိုင်မလဲ ”
"အိုးရန် မှာလည်း အလုပ်သင် အမျိုးသမီးတစ်ယောက်ရှိပါတယ်။ သူမက နန်းတော်က အမျိုးသမီးတွေကို တစ်ကြိမ်မက အလုပ်အတွက် ကူညီပေးခဲ့ဖူးတယ်။”
"အင်း အပျိုဖော်မဝင်သေးတဲ့ ကလေးမလေးတစ်ယောက်ပဲ၊ အိုးရန်ရဲ့စကားကိုယုံရင် ငါတို့သေလိမ့်မယ်”
"လျန်ရွှမ်ကျင်း! ရှင် ကျွန်မကိုဆန့်ကျင်ဖို့ကြိုးစားနေတာလား။ အန်းရှုလည်း ကျွန်မသမီးပါပဲ။ ရှင့်ရဲ့ အငယ်အနှောင်းကြောင့်သာ မဟုတ်ရင် ကျွန်မသမီးနဲ့ ၁၅ နှစ်ကြာအောင် ဘယ်လိုလုပ်ခွဲနေမှာလဲ"
"ရပ်လိုက်တော့ အကြွေးတွေကို အခုချက်ချင်း တွက်ချက်နေမှာလား”
"ဟုတ်တယ် အန်းရှု သာတစ်ခုခုဖြစ်သွားခဲ့ရင် ကျွန်မသူမနဲ့အတူ ဒီကမ္ဘာကနေ ထွက်သွားမယ် ဝူး ဝူး ဝူး... ရှင်ဘာလုပ်ခဲ့တာလဲ"
"ပေါက်ကရတွေမပြောနဲ့တော့ ဒါဆို သူတို့က အမွှာတွေဆိုတော့ကော။ အိုးရန်ရဲ့ ဆေးဘက်ဆိုင်ရာကျွမ်းကျင်မှုအရ ဘာမဆို ပျောက်ကင်းနိုင်တယ်”
"ဒါဆို ရှင်ဘာတွေ စိတ်ပူနေတာလဲ"
“ငါ… ငါက ဒီအတိုင်းပါပဲ။ အဲဒီလူကြီးကို ဘယ်လို ချီးကျူးနိုင်ရတာလဲ။ သူက ပိုကောင်းရင်တောင် မင်းက ငါ့ရဲ့ ဝမ်ဖေး ပဲ။ ပြီးတော့ မင်းကငါ့ကိုပဲကြည့်လို့ရတယ်။ ”
"ဟမ့် အသက်ကြီးနေတာတောင် ပေါက်ကရတွေပြောဖို့ကြိုးစားနေတုန်းပဲ”
"အရင်က နားလည်မှုလွဲခဲ့တာ မဟုတ်ဘူးလား ငါ့အပြစ်မဟုတ်တောင် မင်းက သမီးကိုသေစေခဲ့တဲ့အတွက် ငါ့ကိုအပြစ်တင်ခဲ့တယ်။ ငါတို့ရဲ့ မကျေမနပ်တွေကို ပြေလည်အောင် ဖြေရှင်းသင့်ပြီ၊ ဘာပြောစရာရှိသေးလဲ”
"အို ဟုတ်တာပေါ့ မောင်းမမိဿံများစွာနဲ့ လက်ထပ်ခဲ့တဲ့သူက ဘယ်သူလဲ။ အခန်းထဲက အိပ်ဖော်တွေကလည်း မရေမတွက်နိုင်အောင်ပဲ။ "
" ချိုက်ယွင် မင်းကို ငါရှင်းပြပြီးပြီလေ ငါ မင်းကို နှောင့်ယှက်ချင်တာကြောင့် လုပ်ခဲ့တာပါလို့"
"ကောင်းပြီ ရှင်က ကျွန်မကို နှောင့်ယှက်လိုက်တာ ကျွန်မ ဆယ့်ခုနစ်နှစ်ကျော်တောင် ကလေးမမွေးနိုင်တော့ဘူး။ တကယ်လို့ အန်းရှုသာအသက်မရှင်ခဲ့ရင် သနားစရာကောင်းပြီး အထီးကျန်ဆန်တဲ့ အဘွားကြီးအဖြစ်နဲ့ ကျွန်မသေသွားနိုင်တယ်။”
“မင်းမှာငါရှိသေးတယ်လေ…”
"အိုး တောင်းပန်ပါတယ်။ ကိုယ်လုပ်တော်ခုနစ်ယောက်က ကျားကြီးတစ်ကောင်လို စိုက်ကြည့်နေတဲ့ ရှင့်ကို ကျွန်မ မပတ်သက်ချင်ဘူး ရူးသွားနိုင်တယ်”
"ဖုန့်ချိုက်ယွင်! အရမ်းကြီးလွန်ကဲမလာနဲ့။ ငါ မင်းကို ခွင့်လွှတ်နိုင်ပေမယ့် မင်းကို ကြောက်တယ်လို့ မဆိုလိုဘူး။ ”
"ဟမ့် ကျွန်မကရော ရှင့်ကို ကြောက်နေတဲ့ပုံပေါက်နေလို့လား? ဘာပဲဖြစ်ဖြစ် ကျွန်မသမီးကို ရှာတွေ့ခဲ့ပြီ။ ကျွန်မ သူမနဲ့ပဲအတူနေတော့မယ် အဲ့လှောင်အိမ်ထဲ ဘယ်သူကပြန်သွားချင်မှာလဲ"
“မင်း…”
"ဘာလဲ"
“…”
***