← Chapters

အစီအစဉ်နှစ်ခု

Vol. 4 Ch. 100

အစီအစဉ်နှစ်ခု

Vol. 4 Ch. 100

“အား…” မွေးဖွားခန်းအဖြစ် အသုံးပြုနေသော အနောက်တောင်ပံအိပ်ခန်းမှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ စူးရှသော အော်သံကြောင့် အပြင်မှာ စောင့်ဆိုင်းနေရသော လင်းစစ်ယောင်သည် တံခါးကို တွန်းဖွင့်ကာ အခန်းထဲသို့ တိုးဝင်လုနီးပါး ဖြစ်သွားခဲ့သည်။

သို့သော်လည်း သူဘယ်လောက်ပဲ ဝင်ချင်နေပါစေ ဖြူဖပ်ဖြူရော်မျက်နှာဖြင့် အပြင်မှာ စောင့်နေရဆဲဖြစ်သည်။ လျန်မော့မော့က သူ့ကို တင်းတင်းကျပ်ကျပ် တားမြစ်ထားပြီး ယောက်ျားဖြစ်သူက ဝေဒနာခံစားနေရသည့် အမျိုးသမီးဖြစ်သူ၏သွေးကိုမြင်ခဲ့လျှင် သူတို့ နှစ်ယောက်စလုံးမှာ ကံကြမ္မာဆိုးနှင့် ကြုံရလိမ့်မည်ဟု ပြောခဲ့သည်။

ကံကြမ္မာဆိုးလား? ယခင်အခြေအနေမျိုးဆိုလျှင် ဤစကားများကို သူဘယ်တော့မှ မေ့မှာမဟုတ်ပါ။ သူ့လက်များတွင် သွေးများအများကြီးပေနေခဲ့သည်မဟုတ်လား ။

ယခုမူကား သူတစ်ယောက်တည်း မဟုတ်ပေ။ သူ့တွင် ဝေဒနာကြောင့် နာကျင်စွာ ငိုကြွေးနေသော အမျိုးသမီး ရှိပါသည်။ သူမ အမွှာများကို ဘေးကင်းစွာ ကယ်တင်ရန်အတွက် သူ့ကိုယ်သူ ထိန်းထားရလေသည်။

“ဦးလေး…” တော်၀င်သမားတော်ကို ခေါ်ယူရန် အင်ပါယာမြို့သို့ စေလွှတ်ခံရသော စစ်ထူယွင်သည် နောက်ဆုံးတွင် ရောက်လာခဲ့သည်။ အိမ်အကူများ၊ အစေခံများနှင့် အစောင့်များ၏ မျက်ရည်ကျသော မျက်လုံးများဖြင့် နှုတ်ဆက်ခံလိုက်ရပြီး အိမ်ထဲသို့ ပြေးဝင်ကာ လင်းစစ်ယောင်အား ပြောလိုက်သည်။ “ဦးလေး၊ တော်၀င်သမားတော်… သမားတော်က ဒီမှာရောက်နေပြီ။ သူ့အလုပ်သင်လည်း ဒီမှာပဲ။ ကလေးမွေးဖွားရာမှာ အမှားအယွင်းမရှိလို့ နာမည်ကြီးတဲ့ မိန်းကလေး ရှီယွဲ့ ပါ။ ”

"သူတို့ဘယ်မှာလဲ" လင်းစစ်ယောင်က သူ့ကို စိုက်ကြည့်လိုက်သည်။ ဤကလေးစုတ်သည် ရွှေလျန် မွေးပြီး ခဏအကြာမှလာဝံ့လျှင် သို့မဟုတ်... သူ အချိန်မီမလာဘူးဆိုလျှင် သူတို့ ဘာလုပ်ကြမလဲ။ လင်းစစ်ယောင်သည် ဆက်မတွေးဝံ့တော့ပေ။

"အင်း… မမျှော်လင့်ထားတဲ့အရာတစ်ခုတော့ရှိတယ်… ဦးလေး နောက်မှရှင်းပြမယ်။ ဒါပေမယ့် အခု အဟမ်း…မိန်းကလေးရှီယွဲ့ကို အရင်ဝင်ခွင့်ပြုလို့ရမလား” စစ်ထူယွင်က ခေါင်းကုတ်ပြီး ဘယ်လိုရှင်းပြရမှန်းမသိချေ။

"ဘာလို့ မြန်မြန်မလုပ်တာလဲ ဒီမှာရပ်ပြီးပေါက်ကရတွေပြောနေတယ်။ သူမဘယ်မှာလဲ?" လင်းစစ်ယောင် လန့်သွားခဲ့သည်။ ကောင်မလေးကို ဖမ်းဆွဲပြီး အခန်းထဲ တွန်းချလို့မရတာကို သူမုန်းမိသည်။ သူသည် အမြဲတမ်း ရဲရင့်ပြီး အကြောက်တရားကင်းမဲ့သူ တစ်ဦးဖြစ်သော်လည်း ယခုအခါ မွေးခန်းမှ အော်သံကို ကြားလိုက်ရတော့ သူသည် ခွန်အားမရှိသလို ခံစားလိုက်ရသည်။

“အင်း၊ ဟုတ်တယ် သမားတော် အိုးရန်… မိန်းကလေး ရှီယွဲ့…” စစ်ထူယွင်က ခြံဝင်းထဲတွင် လမ်းလျှောက်နေသော လူနှစ်ယောက်ဖြစ်သည့် အသက်ကြီးသည့်တစ်ယောက်နှင့် လူငယ်မိန်းကလေးတစ်ယောက်ဆီ ပြန်လှည့်သွားခဲ့သည်။ အဘိုးအိုသည် ခေါင်းဖြူသော်လည်း သန်စွမ်းနေပုံရသည်။ မိန်းကလေးသည် သူမ၏ ဝမ်းဗိုက်ကို ဆုပ်ကိုင်ထားပြီး တုန်လှုပ်ချောက်ချားနေသည်။

"မိန်းကလေး ရှီယွဲ့ အဆင်ပြေရဲ့လား" စစ်ထူယွင်က ရှီယွဲ့ကို မေးလိုက်သည်၊ သူ့အကြည့်များက သနားခြင်း ၊ရယ်မောခြင်းများဖြင့် ပြည့်နှက်နေသည်။

ကိုယ်ဝန်ဆောင်အမျိုးသမီးများ ဝေဒနာကို ကူညီပေးရာတွင် အစွမ်းထက်သည်ဟု ကောလာဟလသတင်းများထွက်ပေါ်နေသည့် လုံရှီရွှယ်သည် အမှန်တကယ်ပင် လှည်းမူးဒဏ်ကို ခံစားနေရသည်။ မြင်းလှည်းကို အရှိန်လျှော့မောင်းနေခဲ့ပြီး လမ်းပေါ်တွင် အချိန်နှစ်ဆတိုးသွားခဲ့သည်။ သို့သော်လည်း သူမ အရမ်းမူးနေသဖြင့် သူမ ဆက်တိုက် အော့အန်နေခဲ့သည်။ သူမစားသမျှ အကုန်ထုတ်အန်ပစ်လိုက်ရသည်။

“မဟုတ်ဘူး… ကျွန်မအဆင်ပြေပါတယ်… အိုး…” ကောင်မလေးက စကားစပြောပြီးနောက် ဝပ်တွားကာ ဗိုက်ကို ဆုပ်ကိုင်ထားကာ ပြန်အန်လာပြန်သည်။

“ဟူး၊ ငါတို့ မထွက်ခင် ဆေးလုံးတွေယူလာဖို့ ပြောထားခဲ့တယ်လေ။ မင်းကလေ ငါ့စကားကိုဆိုနားမထောင်ဘူး။ကြည့်စမ်း၊ မင်း အခု ဒုက္ခရောက်နေပြီ။” အဖိုးအိုက ခေါင်းယမ်းလိုက်ပြီး သူ့လက်ထောက်ကို သူ့ဆေးသေတ္တာထဲမှ စိတ်ကြည်ဆေးကို ယူခိုင်းလိုက်သည်။

"မလိုပါဘူး…” လုံရှီရွှယ်က သူမလက်ကို အဆက်မပြတ် ဝှေ့ယမ်းပြသည်။ ကြမ်းတမ်းသည့်လမ်းတစ်လျှောက်တွင် သူမရောဂါကို နှိမ်နင်းရန် ကြိုးစားခဲ့သည်။ သူမရောက်နေပြီဖြစ်သောကြောင့် စက်ဆုပ်ရွံရှာဖွယ်ကောင်းသော ဆေးလုံးလေးများကို မျိုမချချင်ခဲ့ပေ။

"မင်းရဲ့ ဒီအခြေအနေနဲ့ မွေးဖွားမဲ့ကိစ္စမှာ မင်းကူညီနိုင်တာ သေချာရဲ့လား" အိုးရန်ရွှမ်သည် ဆေးပညာတွင် ထူးချွန်သူဟု မှတ်ယူနိုင်သည့် သူ၏ အလုပ်သင်ကလေးအား ကြည့်ပြီး ခေါင်းခါကာ ကူကယ်ရာမဲ့ ဖြစ်နေသည်။ ငယ်စဉ်ကတည်းက သူမသည် ကြောက်စရာကောင်းသော သွေးထွက်သံယို မြင်ကွင်းများကို ကျင့်သုံးခဲ့သည်။ သူမသည် ဘာမှမကြောက်ခဲ့ပေ။ သို့ပေမယ့် တစ်နည်းနည်းဖြင့် သူမတွင် ကြောက်စရာကောင်းသည့် ခရီးသွားရောဂါရှိနေသည်။

ယခုတစ်ကြိမ်တွင် မင်းသားကျင်းသည် ပြန်လည်ကောင်းမွန်လာကာ အနားယူရန် ထပ်မံလိုအပ်သော်လည်း သူ၏ အလုပ်သင်လေးကို တောင်းဆိုရန် အင်ပါယာနန်းတော်သို့ ဝင်ရောက်ခဲ့သည်။ နှစ်ရှည်လများ ဆုံးရှုံးခဲ့ရသော သမီးလေးအား ပြုစုစောင့်ရှောက်ရန် သူမကို သူနှင့်အတူခေါ်သွားပေးရန် တောင်းဆိုခဲ့သည်။ ထို့ကြောင့် သူတို့သည် အင်ပါယာမြို့နှင့် မိုင်ထောင်ချီဝေးသော ဤဝေးလံခေါင်သီသော ဆင်းရဲနွမ်းပါးသော ဖန်းဟွာ မြို့သို့ ရောက်လာကြသည်။ မဟုတ်လျှင် သူ့အလုပ်သင်၏ ဒေါသနှင့်မြင်းလှည်းများကို မုန်းတီးမှုနှင့်အတူ သူသည် တော်ဝင်မြို့ကို ဘယ်တော့မှထွက်ခွာမှာ မဟုတ်ပါ။

“အား…!” သနားစရာကောင်းသည့် နာကျင်စွာအော်သံက မွေးဖွားခန်းထဲမှ ပြန်ထွက်လာခဲ့သည်။

"ဟိုမှာ ဘာလုပ်နေတာလဲ သူမွေးတော့မယ်မကြားဘူးလား" လင်းစစ်ယောင်၏ မျက်နှာသည် အေးခဲနေသည်။ သူသည် မတ်တပ်ရပ်နေသည့်သူနှင့် ဝပ်တွားနေသည့်တစ်စုံတစ်ယောက်ကို ငေးကြည့်ရင်း သူ ဒေါသဖြစ်သွားခဲ့သည်။ ၎င်းတို့နှစ်ဦးသည် ဧကရာဇ်မြို့၌ နာမည်ကြီးဖြစ်ပြီး တစ်ယောက်မှာ တော်၀င်သမားတော်နှင့် နောက်တစ်ဦးမှာ ထင်ရှားသော သားဖွားဆရာမဖြစ်ကြောင်း ပြောခဲ့သည်။ သို့ပေမယ့်​ ယခု ဘယ်​လိုအ​ခြေအ​နေဖြစ်​နေတာလဲ။ ပျင်းရိဖွယ် စကားဝိုင်းတစ်ခု ရှိနေတာလား။

သူတို့ဆက်နေမည်ဆိုပါက ဤနေရာတွင် ရပ်ပြီး ရွှေလျန်၏အော်သံကို နားထောင်ရန် သူစိတ်ရှည်သည်းခံနိုင်မည်မဟုတ်ပေ။ ရွှေလျန် လုံခြုံပြီး ကျန်းမာနေတာကို သူမမြင်ရသရွေ့ သူ ရပ်ကြည့်မနေနိုင်တော့ပေ။

"ကောင်းပြီ၊ ကောင်းပြီ။ ကျွန်မ အခုဝင်တော့မယ်။ သူမ တော်တော် နာကျင်နေပုံရပေမယ့် ကလေးလေးတွေက မထွက်သေးပါဘူး ။ ရှင်အရမ်းစိုးရိမ်​​လွန်နေပြီ" လုံရှီရွှယ်သည် လင်းစစ်ယောင်၏ ဒေါသမျက်နှာကို စိတ်မ၀င်စားခဲ့ပေ။ သူမ လက်ကို ဝှေ့ယမ်းရင်း ခေါင်းကို ဆုပ်ကိုင်လိုက်သည်။ သူမ ထလာကာ သူမ၏ တုန်လှုပ်ချောက်ချားသော တွန်းအားကို ဖိနှိပ်ရန် ကြိုးစားရင်း မွေးဖွားခန်းဆီသို့ လျှောက်သွားလိုက်သည်။ ဝမ်ရယ် သို့မဟုတ် ဧကရာဇ်မင်းမြတ်၏ မိန့်ကြားမှုနှင့် ရှားရှားပါးပါး အမွှာများတွေ့ဆုံခြင်းအတွက်သာမဟုတ်လျှင် သူမသည် ဤနေရာကို လာချင်မည်မဟုတ်ပါ။ ဤမြင်းလှည်းကြီးက သူမကို မြေအောက်ကမ္ဘာကို ပို့လုနီးပါးပင်ဖြစ်သည်။

"မင်း ကောင်းကောင်းလုပ်တာပိုကောင်းမယ်။ မဟုတ်ရင် အမျိုးသမီးတစ်ယောက်ရဲ့အသက်မွေး၀မ်းကြောင်းအလုပ်ကို ဖျက်ဆီးဖို့ ၀န်မလေးဘူး။ ” လင်းစစ်ယောင်သည် အေးစက်စွာ အဝေးကို လှမ်းကြည့်ကာ မွေးဖွားခန်းဆီသို့ သူ့အာရုံကို ပြန်လည် အာရုံစိုက်လိုက်သည်။

"အသက်မွေး၀မ်းပညာဟုတ်လား ကျေးဇူးပြုပြီး ဒီကျွမ်းကျင်မှုကြောင့်ပဲ ကျွန်မက ငါးရက်လုံးလုံး သေမလိုဖြစ်နေခဲ့တာ ” လုံရှီရွှယ်က နှုတ်ခမ်းကိုစူပြီး သူမကိုကျောပေးနေသော လင်းစစ်ယောင်ကို ကြည့်လိုက်သည်။ သူမကိုယ်သူမ ဆုပ်ကိုင်ထားမိသည် ။ သူမသည် မွေးခန်းထဲသို့ ဝင်သွားကာ အိုးရန်ရွှမ်ကိုနောက်တွင် ထားခဲ့သည်။ “မင်းက ရေနွေးအိုးယူလာပေး။ အနည်းဆုံးတော့ မျက်နှာကို ဆေးကြောရမယ်။ အနံ့အသက်တွေ ရှူရှိုက်နေမိမယ်။ ” လုံရှီရွှယ်သည် မွေးဖွားခန်းအပြင်ဘက်တွင် ရပ်နေသော အိမ်အအစေခံကို ညွှန်ပြပြီး အမိန့်ပေးလိုက်သည်။

ထိုအမျိုးသမီးက လင်းစစ်ယောင်ကို ကြည့်လိုက်သည်။ သူတို့၏ ကုရယ်က မကန့်ကွက်တာကိုမြင်တော့မှ ခေါင်းညိတ်ပြပြီး ရေယူရန်မီးဖိုချောင်ကို သွားလိုက်သည်။ ထိုမိန်းကလေးသည် ငယ်ရွယ်နုပျိုနေသေးသော်လည်း တကယ်ကို တော်ပါသလား။ သူမသည် သခင်မလေး နှင့် သူမ၏သခင်လေးများကို ကယ်တင်ရန် လူဖြစ်နိုင်ပါသလား။

"ထွက်ခါနီးနေပြီ လက်ခြောက်ချောင်းလောက်ကျယ်နေပြီ…သခင်မလေး နောက်နည်းနည်းလောက်ထပ်ညစ်လိုက်။ နည်းနည်းကြာရင် ကလေးတွေ ထွက်လာနိုင်တယ်…” အခန်းထဲရှိ သားဖွားဆရာမ နှစ်ယောက်က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။ လုံရှီရွှယ်မှလွဲ၍ စောင့်ဆိုင်းခန်းမှ အပြင်ဘက်ရှိလူတိုင်း သက်သာရာရသွားကြသည်။ မျက်နှာနှင့် လက်များကို ဆေးကြောရင်း “လက်ခြောက်ချောင်းလား သွားရမယ့်လမ်းက ရှည်နေသေးတယ်…” ငါဖြတ်သင့်သလား။ သူမ စိတ်ထဲတွင် အတွေးများ လွင့်စင်နေကာ စီးဆင်းနေသော ရေများကို ကြည့်နေသည် ။ ဟူး၊ ခွဲစိတ်မွေးဖွားရန် သေသေချာချာ စဉ်းစားရန် လိုအပ်သည်။ ရှေးခေတ်မှလူများက တကယ်ရှေးရိုးဆန်တာ သူမသိပါသည်။ ထိုအကြောင်းပြောပြလိုက်လျှင် သူမကို အရူးတစ်ယောက်ဟု ထင်ကောင်းထင်နိုင်ပါသည်။

သို့သော်… သူမ မျက်မှောင်ကြုတ်သွားပြန်သည်။ အမွှာများသည် မွေးလာရန် တစ်လပင် လိုသေးပါသည်။ သူတို့အမေ ဗိုက်ထဲက ရုန်းထွက်ဖို့ လုံလောက်ပါ့မလား။ ထို့အပြင် အမေဖြစ်သူသည် သူတို့ကို ကယ်တင်ရန် ခံနိုင်ရည်ရှိမည်လား။

ဘာပဲဖြစ်ဖြစ် အခြေအနေကို ကြည့်ပြီးတော့ ဆုံးဖြတ်ရမည်ဖြစ်သည်။

လုံရှီရွှယ် သည် အိမ်အစေခံအတွက်သုံးသော မျက်နှာသုတ်ပုဝါကို ပစ်ချပြီး အခန်းထဲသို့ လျှောက်သွားလိုက်သည်။

“ကျွန်မအတွက် ရေနွေးအများကြီး ပြင်ဆင်ပေးဖို့ မီးဖိုချောင်ကို ညွှန်ကြားပေးပါ။ ပြီးတော့ မီးလည်း ပြင်ထားပေးပါ။ ချင်လန် ငါယူလာတဲ့အိတ်ထဲမှာ ငါ့ကိရိယာတွေ သွားယူလာခဲ့။ ” အိမ်အစေခံများကို အမိန့်ပေးပြီးသည်နှင့် အိတ်ကြီးတစ်လုံးကို ကိုင်ရင်း သူတို့ဆီ ပြေးလာသည့် ချင်လန်ကို လှည့်ပြီး မေးလိုက်သည်။ ထို့နောက် သူမ လှည့်၍ ပို့ခန်းထဲသို့ ဝင်သွားခဲ့သည် ။

"ဟုတ်ကဲ့" ချင်လန်သည် လုံရှီရွှယ်ကို မွေးခန်းသို့ ခေါ်သွားခဲ့သည်။ ပြီးနောက် ရေဇလုံကိုကိုင်ထား သည့် အိမ်အစေခံက ညီညီညွတ်ညွတ်နှင့် မီးဖိုခန်းဆီ ပြေးသွားပြီး ထိုအိမ်အစေခံများကို ရေနွေးကျိုခိုင်းပြီး မီးလင်းဖိုကို ပြင်ဆင်ခိုင်းခဲ့သည်။ ကလေးမွေးဖွားနေစဉ်အတွင်း သူတို့ဘာကြောင့် မီးလင်းဖိုကို လိုအပ်တာလဲ။

"ဘယ်လိုခံစားရလဲ" လုံရှီရွှယ်သည် အထူးအဆန်းများကို စိတ်မ၀င်စားဘဲ သားဖွားဆရာမနှစ်ယောက်ကို အပြစ်တင်သည့်အကြည့်ဖြင့်ကြည့်ကာ စုရွှေလျန်ထံ တည့်တည့်လျှောက်သွားပြီး သူမ၏အခြေအနေကို အတည်ပြုရန် တောင်းဆိုလိုက်သည်။

“အား…နာတယ်… အရမ်းနာတယ် ကျွန်မမှာ ခွန်အားသိပ်မရှိတော့ဘူး… ကလေးတွေကလည်း… မထွက်သေးဘူး။ ” စုရွှေလျန်၏ ချွေးများက သူ့ဆံပင်ကို စိုစွတ်စေသည် ။ မျက်လုံးဖွင့်ပြီး စကားပြောရန် ကြိုးစားနေခဲ့သည်။ ခဏတာ ဝေဒနာကို ခံနိုင်ရည်ရှိပြီးနောက် ကလေးများကို မွေးဖွားနိုင်မည်ဟု သူမ တွေးခဲ့သည်။ သို့သော် သူမသည် အကောင်းမြင်လွန်းခဲ့သည်။ သူမသည် နှစ်နာရီခန့် နာကျင်မှုကို ခံနိုင်ရည်ရှိခဲ့ပြီး သားဖွားဆရာမက လက်ခြောက်ချောင်းသာ ဖွင့်ထားသည်ဟု ဆိုသည်။ ဤဝေဒနာကို နှစ်နာရီကြာအောင် ခံနိုင်ရည်ရှိရမည်ဆိုသော အဓိပ္ပါယ်မှာ ကလေးလေးများထွက်လာရန်ဖြစ်သည်။ သူမ မောပန်းသွားခဲ့ပြီဖြစ်သည်။ နောက်ထပ် နှစ်နာရီကြာအောင် ပြင်းထန်စွာ နာကျင်မှုကို မခံနိုင်မှာကို သူမ ကြောက်နေမိသည်။

“အနည်းဆုံးတော့ နောက်ထပ် တစ်နာရီလောက် ကြာလိမ့်မယ်။ သခင်မလေး သည်းခံနိုင်တယ်မလား" လုံရှီရွှယ်သည် သူမ၏ မွေးလမ်းကြောင်းကို စစ်ဆေးပြီး မေးလိုက်သည်။

“ရပါတယ်၊ ဒါပေမယ့် ကျွန်မ…”

“ဘာမှမဖြစ်ဘူး၊ အခု နာကျင်မှုတွေ ပြင်းထန်မလာခင် အနားယူပြီး ခွန်အားကို ချွေတာသင့်တယ်။ မင်း သခင်မလေးအတွက် စားစရာတစ်ခုခု သွားပြင်သွား။ သံသယမဖြစ်နဲ့။ သူမ သန်မာနေဖို့ အရေးကြီးတယ်။ ” လုံရှီရွှယ်က စုရွှေလျန် နားတွင် တချိန်လုံးရှိနေသည့် ချွမ်းလန်ကို ပြောလိုက်သည်။ ထို့နောက် သူမ လှည့်၍ စုရွှေလျန်နှင့် စကားပြောသည်။ “ကလေးတွေက အပြင်ထွက်ဖို့ တောင့်တနေပေမယ့် သခင်မလေးမှာ ခွန်အားမရှိရင် နောက်ဆုံးရလဒ်ကို သိသင့်တယ်…”

စုရွှေလျန်သည် အသက်ဆယ့်ခုနစ်နှစ် သို့မဟုတ် ဆယ့်ရှစ်နှစ်သာရှိသေးသော လုံရှီရွှယ်ကိုကြည့်သော်လည်း ခေါင်းညိတ်ပြခြင်းမပြုမီတွင် သူမသည် လူများကို မသိလိုက်ဘဲ နှစ်သိမ့်နိုင်ခဲ့သည်။ သူမက ချွမ်းလန်ကိုမေးလိုက်သည်။ “သူမ မှန်တယ်။ ချွမ်းလန် ငါ တစ်ခုခုစားသင့်တယ်ထင်တယ် အဲဒီနာကျင်မှုက ငါ့ရဲ့ ခွန်အားကို ဆုံးရှုံးစေတယ်။ ”

"ဟုတ်ကဲ့ ချွမ်းလန်က သခင်မလေးကြိုက်တဲ့ အစားအစာတချို့ ယူလာခိုင်းလိုက်ပါ့မယ်။ ” ချွမ်းလန်သည် လုံရှီရွှယ်အား ကျေးဇူးတင်သောအကြည့်ဖြင့် ကြည့်လိုက်ပြီး ထွက်ခွာသွားခဲ့သည်။

"စိတ်မပူပါနဲ့ အဆင်ပြေသွားမှာပါ သခင်မလေး အဆင်ပြေမယ်လို့ ကျွန်မအာမခံပါတယ် ” လုံရှီရွှယ်သည် စုရွှေလျန်ကို တည်ငြိမ်စွာ ကတိပေးခဲ့သည်။ ဤသည်မှာ ဤကမ္ဘာသို့ရောက်ကတည်းက သူမတွေ့ဖူးသော အမွှာများနှင့် ပထမဆုံးသော အမျိုးသမီးဖြစ်သည်။ သူမသည် နာကျင်လွန်းနေသော်လည်း သူမ၏အလှသည် ခမ်းနားနေဆဲဖြစ်သည်။ သေခြင်းတရားက ဤချောမောလှပသည့်မိန်းကလေးတစ်ယောက်ကို ခေါ်သွားမှာကိုသူမ ဘယ်လိုလက်ခံနိုင်မှာလဲ။ ထို့အပြင် အဆိုပါအမျိုးသမီးသည် အပြစ်ကင်းစင်ပြီး ကံကောင်းသောအမွှာများကို မွေးဖွားခဲ့သည်။

လုံရှီရွှယ်က နှုတ်ခမ်းကိုကွေးလိုက်ပြီး သူ့မျက်နှာမှာ စိတ်လှုပ်ရှားနေခဲ့သည်။ "သခင်မလေး ကျွန်မကိုယုံကြည်နေသမျှ ကျွန်မကို အရာအားလုံးကို ဆုံးဖြတ်ခွင့်ပေးလိုက်ပါ။ ဒါမှ သခင်မလေးနဲ့ သခင်မလေးရဲ့ ရင်သွေးလေးတွေ ဘေးကင်းပြီး ကျန်းမာစေမယ်လို့ ကျွန်မကတိပေးတယ်။ “သူမ စိတ်ရှည်ရှည်ဖြင့် လမ်းပြခဲ့သည်။

“ကောင်းပြီ” စုရွှေလျန်က သိပ်ပြီးမတွေးတော့ပေ။ သူမရင်သွေးလေးနှစ်ယောက်ကို ဘေးကင်းစွာ မွေးဖွားနိုင်သရွေ့ ဤတောက်ပပြီး ထက်မြက်ကာ လန်းဆန်းနေသည့် မိန်းကလေးက ဘာကိုလုပ်ချင်သည်ဖြစ်စေ မလုပ်ချင်သည်ဖြစ်စေ သူမအနေဖြင့် ဝင်ရောက်စွက်ဖက်မှာ မဟုတ်ပါ။ တကယ်တော့ သူမတွင် ဝင်ရောက်စွက်ဖက်ရန် ခွန်အားလည်းမရှိခဲ့ပေ။

"ကောင်းပြီ အရာအားလုံးအဆင်ပြေသွားလိမ့်မယ်။ ကျွန်မကတိကို မတည်နိုင်ခဲ့ရင် ကျွန်မနာမည်ကို ပြောင်းပြန်ရေးပစ်မယ်။ ” လုံရှီရွှယ်က ပြုံးပြီး ရိုးရိုးသားသားပြောခဲ့သည်။ ပထမဦးစွာ သူမသည် သားဖွားဆရာမ နှစ်ယောက်ကို အခန်းတွင်း နှောင့်ယှက်မှုနှစ်ခုအဖြစ် နှင်ထုတ်ခဲ့သည်။ ထို့နောက် သူမသည် လျန်မော့မော့နှင့် ချွမ်းလန်ကို အခန်းအပြင်သို့ တွန်းထုတ်လိုက်သည်။ သူမ လက်ထောက် ချင်လန်ကိုသာ ဤအခန်းထဲတွင် ထားလိုက်သည်။

ဆန္ဒပြနေသည့် အမျိုးသမီးငယ်များကို မွေးဖွားခန်းမှ ရှင်းထုတ်ပြီးနောက် လုံရှီရွှယ်သည် သူမ၏ ကိရိယာအိတ်ကိုဖွင့်ကာ သူမ အလွန်ဂရုတစိုက်သိမ်းဆည်းထားသည့် ခွဲစိတ်ကိရိယာအစုံအလင်ကို ထုတ်ယူလိုက်သည်။

"မင်္ဂလာပါ အဖိုးတန်လေးတွေ မင်တို့ကိုမသုံးခဲ့တာ အချိန်တော်တော်ကြာနေတော့ ယားယံနေပြီ မဟုတ်လား? ဟားဟား အလျင်စလိုမလုပ်ပါနဲ့။ ဒီနေ့ မင်းတို့အတွက်အခွင့်အရေးရလိမ့်မယ်။ ငါ့ကို မျက်နှာမပျက်စေနဲ့။ ဘာပဲဖြစ်​ဖြစ်​ ​အနောက်တိုင်းနည်း​က ကိုယ်ဝန်​ဆောင်​အမျိုးသမီးကို သူ့ရဲ့​ဝေဒနာကိုကူညီ​ပေးဖို့ ဒါပထမဦးဆုံးအကြိမ်​ပဲ။ ငါမအောင်မြင်ရင် မင်းတို့အားလုံး ပျောက်ကွယ်သွားရုံမက မင်းရဲ့ပိုင်ရှင် ငါလည်း သေသွားလိမ့်မယ်။ ဒါကြောင့် နင်တို့တွေ ကောင်းကောင်းလုပ်သင့်တယ်ဟုတ်ပြီလား” လုံရှီရွှယ်သည် တောက်ပနေသော ခွဲစိတ်ကိရိယာများရှေ့တွင် ထိုင်ချလိုက်ပြီး သူ့ကိုယ်သူ တိုးတိုးလေး ပြောလိုက်သည်။ စုရွှေလျန် စားသောက်ပြီးသည့်အခါ ဒုတိယလှိုင်းက သူမကို တိုက်ခိုက်ခဲ့ပြီး နာကျင်မှုကို ခံနိုင်ရည်ရှိကာ အော်ဟစ်ငိုကြွေးနေသည့်အချိန်ဖြစ်သည်။ လုံရှီရွှယ် မတ်တပ်ထရပ်ပြီး စုရွှေလျန်ဆီသို့ လျှောက်သွားလိုက်သည်။ သူမသည် အမျိုးသမီး၏ မွေးလမ်းကြောင်းကို စစ်ဆေးပြီး မေ့ဆေးကို ပြင်ဆင်ရန် ချင်လန်ကို သတိပေးခဲ့သည်။ ထို့နောက် ခွဲစိတ်ဓားကို မီးသွေးဖိုပေါ်တွင် အပူပေးလိုက်သည်။

ထိုအချိန်တွင် တံခါးခေါက်သံကြားလိုက်ရသည်။ ရေနွေးသယ်လာသည့် အိမ်အစေခံဖြစ်သည်။ ချင်လန်သည် ရေနွေးအိုးကို လက်ခံရရှိပြီးနောက် အိမ်အစေခံအား ချောင်းကြည့်ခြင်းမှ တားဆီးရန် တံခါးကို ပိတ်လိုက်သည်။ သူမသည် ရေနွေးကို အင်တုံနှစ်ခုထဲသို့ လောင်းထည့်လိုက်ပြီး ကုတင်ဘေးတွင် ထားလိုက်သည်။

“အား…”

"သေစမ်း" အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် လင်းစစ်ယောင်မှာ အော်ဟစ်သံကို ထပ်မံကြားလိုက်ရသည်။ သူသည် လက်သီးများကို ဆုပ်ထားခဲ့သည်။ သားဖွားဆရာမနှစ်ယောက်နှင့် အိမ်အကူများကို အခန်းအပြင်ကို ကန်ထုတ်ခဲ့သော မိန်းကလေးကို ယုံလို့ရပါ့မလား။

“အစ်မ မွေးလမ်းကြောင်းက လုံးဝပွင့်သွားပြီ။ " ချင်လန်ကို လုံရှီရွှယ်မှ ခေတ်မီဝေါဟာရများနှင့် မိတ်ဆက်ပေးခဲ့သည်။ မွေးလမ်းကြောင်းကို စစ်ဆေးပြီးနောက်တွင် ကိုယ်ဝန်ဆောင်အမျိုးသမီးအား ကူညီရန် ပြင်ဆင်နေသော လုံရှီရွှယ်အား နောက်ဆုံးအခြေအနေအား အစီရင်ခံခဲ့သည်။

“ဟုတ်တယ်၊ တော်တော်မြန်တယ်။ သခင်မလေး သခင်မလေးရဲ့ ခွန်အားကို ထိန်းပြီးညစ်ထုတ်လိုက် အဆင်ပြေရဲ့လား” လုံရှီရွှယ်က စုရွှေလျန်ကို မေးလိုက်သည်။ အကယ်၍ အမျိုးသမီးသည် သဘာဝအတိုင်း မွေးဖွားနိုင်ပါက သူမ၏ ခွဲစိတ်မှုနည်းလမ်းကို ကျင့်သုံးမည်မဟုတ်ပေ။ အမှားမဖြစ်အောင် သူမသည် အစီအစဉ်နှစ်ခုကို ပြင်ဆင်ထားသင့်သည်။

လုံရှီရွှယ်သည် စုရွှေလျန်၏ ခြေထောက်များကိုဖြန့်ရန် ချင်လန်ကို အချက်ပြခဲ့သည်။ ပွင့်နေသော မွေးလမ်းကြောင်းကို ကြည့်ရင်း သူမ အာရုံစိုက်ပြီး ရေတွက်လိုက်သည်။ “တစ်…နှစ်…သုံး…” သုံးကြိမ်မြောက်တွင် စုရွှေလျန်သည် သူမ၏ခွန်အားအားလုံးကို အသုံးပြု၍ ညစ်ထုတ်လိုက်သည်။ နောက်ဆုံးတွင် ကလေးခေါင်းကို တွေ့လိုက်ရသည်။ 

"ဆက်လုပ်မယ်" လုံရှီရွှယ်သည် သူမအား ဒုတိယအကြိမ် တွန်းအားပေးရန်အတွက် သူမ၏ခွန်အားကို စုဆောင်းရန်အတွက် ခဏတာ ပြန်လည်သက်သာလာစေခဲ့သည်။

“ကလေးရဲ့ခေါင်းကို မြင်နေရတယ်။ သခင်မလေး ကလေးငိုသံကြားနေရတယ်မလား ပိုကြိုးစားရမယ်။ သုံးထိရေပြီးကို ခွန်အားအပြည့်နဲ့ ညစ်ထုတ်လိုက် ” လုံရှီရွှယ်က စုရွှေလျန်ကို နှစ်သိမ့်ကာ ခေါင်းညိတ်ပြလိုက်သည်။

စုရွှေလျန်မှာ ချွေးများရွှဲနေခဲ့သည်။ အောက်ခံ ကုတင်ပေါ်လက်ကို တင်းတင်းဆုပ်ရင်း ခေါင်းညိတ်လိုက်သည်။ သူမ စိတ်လျှော့လိုက်ပြီး လုံရှီရွှယ်၏ နောက်တစ်ကြိမ် ရေတွက်ခြင်းကို အာရုံစိုက်လိုက်သည်။

ကလေးဘယ်လောက်ထွက်လာပြီး သူတို့၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ပတ်သက်ပြီး လုံရှီရွှယ်၏ အားပေးစကားများနှင့်အတူ စုရွှေလျန်သည် သူမ၏နာကျင်မှုကို ခေတ္တမေ့သွားခဲ့သည်။ သူမနာကျင်မှုကို သူမ သတိမထားမိတော့ချေ။

“အူဝဲ…” လုံရှီရွှယ်သည် သွေးများဖြင့် ဖုံးလွှမ်းနေသော ကလေးငယ်ကို လှန်လိုက်ပြီး သူ့တင်ပါးကို ပုတ်လိုက်သည်။ ကလေးအသံမှာ ကျယ်လောင်စွာထွက်လာပြီး အခန်းအပြင်တွင် စောင့်နေသောလူများကို လန့်သွားစေခဲ့သည်။ ပင်ပန်းလုနီးပါးဖြစ်နေသော မိခင်ကိုလည်း ရွှင်လန်းစေခဲ့သည်။

"မျက်လုံးမမှိတ်လိုက်နဲ့ နောက်ထပ်တစ်ယောက် မွေးရဦးမယ်။ ” ချင်လန်က ပထမကလေးကို ရေချိုးပြီး နူးညံ့သည့်အဝတ်စနှင့် ပတ်ပေးပြီး အပြင်တွင်စိုးရိမ်နေသည့် လူအုပ်စုကို ပေးလိုက်သည်။ လုံရှီရွှယ်သည် မျက်လုံးမှိတ်ကာ အော်နေသော စုရွှေလျန်ကို ကြည့်လိုက်သည်။ အန္တရာယ်အရှိဆုံးအချိန်ဖြစ်ခဲ့သည်။ သူသည် ကလေးတစ်ယောက်ကို ခွဲစိတ်ပြီး နောက်ကလေးတစ်ဦးကို သဘာဝအတိုင်း မမွေးချင်ခဲ့ပါ။

သူမအသံကိုကြားသောအခါ စုရွှေလျန်သည် ပင်ပန်းနေသော မျက်လုံးများကို အမြန်ဖွင့်လိုက်သည်။ "ကျွန်မ ခုနကလုပ်ခဲ့သလိုမျိုးလား" လုံရှီရွှယ်ရဲ့ရေတွက်ပေးခြင်းနဲ့အတူ ခွန်အားအပြည့်နဲ့ တွန်းအားပေးတာလား။

လုံရှီရွှယ်က ခေါင်းညိတ်ပြီး သူမကို အတွင်းကျကျ ချီးမွမ်းခဲ့သည်။ ဤအမျိုးသမီးမှာ ပိန်ပါးသောလည်း သူမတွင် ပြင်းထန်သော ခံနိုင်ရည်ရှိပါသည်။ ဂုဏ်သိက္ခာရှိသောမိခင်ဖြစ်မှုသည် သာမန်ကိစ္စများတွင် အမျိုးသမီးများကို ၎င်းတို့မလုပ်နိုင်သောအရာကို ပြီးမြောက်အောင်ပြုလုပ်ရန် လုံလောက်ပါသည်။

သုံးထိရေပြီးဆက်၍ တွန်းလိုက်ရာ စုရွှေလျန်သည် သူမ၏ ခန္ဓာကိုယ်အောက်ပိုင်းကို အပူဒဏ်ကြောင့် စုတ်ပြဲသွားသလို ခံစားလိုက်ရသည်။ သူ့ခန္ဓာကိုယ်ထဲမှ တစ်ခုခု ချော်ထွက်သွားသလိုဖြစ်သည်။ သူမဗိုက်ထဲတွင် အခန်းထဲမှာ သိမ်းပိုက်ထားသည့် အရာများပျောက်ကွယ်သွားသလို ခံစားလိုက်ရသည်။ ခဏကြာသောအခါ သူမ ပိုသက်တောင့်သက်သာ ခံစားခဲ့ရသည် ။ ထို့နောက်တွင်မူ ယခင်ကဲ့သို့ ကျယ်လောင်စွာ ပဲ့တင်ထပ်သော အော်သံကို ကြားလိုက်ရသည်။ ထို့နောက် သေချာသောစိတ်ဖြင့် မျက်လုံးကိုမှိတ်လိုက်တော့သည်။

ကလေးနှစ်ယောက်စလုံးကို ဘေးကင်းစွာ မွေးဖွားခဲ့ကြောင်း သူမသိခဲ့ပြီး သမားတော်က ခန့်မှန်းထားသလိုမျိုး သူမ သွေးမဆင်းခဲ့ပါ။ ထို့အပြင် သူမ အလွန်အိပ်ငိုက်နေခဲ့သည်။ သူမ သက်တောင့်သက်သာ အိပ်ချင်နေခဲ့သည်။ သူမ လုံလုံလောက်လောက် မအိပ်ခင် သူမကို ဘယ်သူမှ မနှောင့်ယှက်သင့်ပေ...

***

All Chapters